Succulent ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာက sucus ကနေ ဆင်းသက်လာတာဖြစ်ပြီး အရည်ရွှမ်းသော အရွက်ရှိသော အပင်များ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီအပင်တွေရဲ့ အစိတ်အပိုင်းတွေဟာ အသားထူပြီး သစ်ရည်ပြည့်နေတတ်လေ့ရှိပါတယ်။
ဒီအပင်တွေဟာ သူတို့အပင်ရဲ့ တစ်ရှုးတွေထဲမှာ ရေကို သိုလှောင်ထားနိုင်ပြီး ရေပုံမှန်မရရှိတဲ့ ၊ ပူပြင်းခြောက်သွေ့တဲ့ ကန္တာရလို နေရာတွေမှာပါ ရှင်သန်နိုင်တဲ့အတွက် သူတို့ကို ကန္တာရပင်တွေလို့လည်း ခေါ်တတ်ကြပါတယ်။ ကျွန်တော်တို့သိပြီးဖြစ်တဲ့ ရှားစောင်းလက်ပတ် တို့ ဇောင်းကြမ်းပင်တို့ဟာ ဒီအပင် အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
ကမ္ဘာပေါ်မှာ Succulent ပင် မျိုးစိတ်ပေါင်းများစွာ ရှိနေပြီး လှပလွန်းတာကြောင့် အိမ် ရုံးတွေမှာ အလှအနေနဲ့ အိမ်တွင်း အိမ်ပြင် စိုက်ပျိုးထားလေ့ရှိပါတယ်။ ထိန်းသိမ်းရလွယ်ကူတဲ့အပင်မျိုးဖြစ်ပေမယ့် နည်းလမ်းမမှန်ရင်တော့ ဒီအပင်လေးတွေဟာ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
ဒီတခါတော့ တမူထူးခြားပြီး ချစ်စရာ ကောင်းလှတဲ့ ဒီအပင်မျိုးစိတ်တွေရဲ့ ဓာတ်ပုံတွေကို Bored Panda က နေတဆင့် ပြန်လည်ဝေမျှလိုက်ပါတယ်။
Discussion about this post