Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ချီလီနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
October 3, 2020
Reading Time: 2min read
0
ချီလီနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ချီလီနိုင်ငံရဲ့ တရားဝင်အမည်ကတော့ ချီလီသမ္မတနိုင်ငံဖြစ်ပြီး ပါလီမန် သမ္မတ စနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက်ကမ်းရိုး တန်းတစ်လျှောက် ပစိဖိတ်သဒ္ဒရာနဲ့အင်ဒီးတောင်တန်းတွေ အကြားရှိတဲ့ချီလီနိုင်ငံဟာ ရှည်လျားကျဉ်းမြောင်းတဲ့ ကုန်းမြေကိုလည်းပိုင်ဆိုင်ထားပြီး နိုင်ငံရဲ့မြောက် ဘက်ပိုင်းမှာ ပီရူးနိုင်ငံ၊အရှေ့မြောက်ဘက်မှာတော့ ဘိုလီဗီးယားနိုင်ငံ၊ အရှေ့ဘက် မှာအာဂျင်တီးနားနိုင်ငံ၊တောက်ဘက်စွန်းပိုင်းမှာတော့ ပစိဖိတ်သမုဒ္ဒရာရဲ့ Darke Passage တည်ရှိပါတယ်။

ပစိဖိတ်သမုဒ္ဒရာအတွင်းကကျွန်းတွေဖြစ်တဲ့ Juan Fernandez, Salas y Gomez, Desventuradas , Easter ကျွန်းတွေဟာလည်း ချီလီနိုင်ငံရဲ့ ပိုင်နက်နယ်မြေထဲကိုပါဝင်နေပြီး စတုရန်းမိုင်(၂၉၁၉၃၀)မိုင်အထိ ကျယ်ဝန်းပါတယ်။
ချီလီနိုင်ငံရဲ့မြို့တော်ကတော့ ဆန်တီယာဂိုဖြစ်ပြီး ချီလီနိုင်ငံရဲ့အကြီးဆုံးမြို့တော်ဖြစ်တဲ့ အပြင် အမေရိကတိုက်မှာလည်း အကြီးဆုံးမြို့တော်ကြီးတွေအနက်က တစ်ခုဖြစ်ပါ တယ်။ ဆန်တီယာဂိုဟာချီလီအလယ်ပိုင်းရဲ့ အကြီးဆုံးနဲ့လူနေအထူထပ်ဆုံးအပိုင်းဖြစ်တဲ့ Santiago Metropolitian Region မှာတည်ရှိပြီး လူဦးရေစုစုပေါင်း(၇)သန်း လောက် နေထိုင်ကြပါတယ်။

ချီလီနိုင်ငံမြောက်ဘက်စွန်းပိုင်းမှာတော့ ကြေးနီနဲ့ လီသီယံ သတ္ထုထွက်ရှိတဲ့ Atacam သဲကန ္တာရ တည်ရှိပြီးနိုင်ငံရဲ့အကျယ်ဆုံးအပိုင်းတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ ချီလီရဲ့ အလယ်ပိုင်းဒေသတွေကတော့ ဧရိယာအကျယ်အဝန်းသေးငယ်ပေမဲ့ စိုက်ပျိုးမြေ ကောင်းမွန်တာကြောင့် လူဦးရေထူထပ်ပြီး နိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေတည် ရှိရာဒေသတွေဖြစ်ပါတယ်။ ချီလီနိုင်ငံရဲ့နိုင်ငံရေး၊ယဉ်ကျေးမှုဆိုင်ရာ ဗဟိုချက်မတွေဖြစ် တဲ့ဒီဒေသဟာ (၁၉)ရာစုနှောင်းပိုင်းကာလကနေ စတင်ပြီးနိုင်ငံရဲ့တောင်နဲ့မြောက် ဒေသတွေကိုပေါင်းစည်းစေပြီး နိုင်ငံရေးအရရော ယဉ်ကျေးမှုအရပါ လွှမ်းမိုးချုပ်ကိုင် လာမှုတွေရှိလာခဲ့ တာလည်းဖြစ်ပါတယ်။

ချီလီနိုင်ငံတောင်ဘက်ပိုင်းဟာ သစ်တောများစွာပေါက်ရောက်တည်ရှိတဲ့အပြင် ကျွဲ၊နွား တွေအတွက် ကြီးမားကျယ်ပြန့်တဲ့စားကျက်ကြီးတွေ၊ အတန်းလိုက်တည်ရှိနေတဲ့ မီးတောင်ကြီးတွေ၊ရေကန်ကျယ်ကြီးတွေပိုင်ဆိုင်ထားပါတယ်။ ဒါအပြင်တောင်ဘက် ကမ်းခြေတစ်လျှောက်မှာတော့ ဝင်္ကဘာတောင်ကြားကြီးတွေ၊မြစ်စွယ်ချောင်းစွယ်တွေ၊ တူးမြောင်းကြီးတွေအပြင် ကမ်းလွန်ပင်လယ်ပြင်မှာတော့ ကျွန်းကြီး၊ကျွန်းငယ် အများ အပြားတည်ရှိနေပါတယ်။ ချီလီနိုင်ငံအတွင်းမှာပဲ မီးတောင်ရှင်အရေအတွက်ဟာ (၅၀၀) လောက်တည်ရှိနေပါတယ်။

ချီလီနိုင်ငံဟာစပိန်ရဲ့ကိုလိုနီပြုခြင်းကို (၁၆)ရာစုအလယ်ကတည်းကခံခဲ့ရပြီး စပိန်တွေ ချီလီအလယ်ပိုင်းနဲ့မြောက်ပိုင်းကို အင်ကာတွေကိုပဲခေါင်းဆောင်ထားပြီး အုပ်ချုပ်ခဲ့တာကိုတွေ့ရပါတယ်။ (၁၈၁၈)ခုနှစ်မှာတော့ ချီလီဟာ စပိန်ထံကနေလွတ်လပ်ရေးရယူနိုင်ခဲ့ပြီး ပြည်တွင်းစစ် ပွဲတွေကြောင့် (၁၈၃၀)ရောက်ချိန်မှသာ အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်ခဲ့ပါတယ်။ (၁၉)ရာစုရောက်ချိန်မှာတော့ ချီလီရဲ့ စီးပွားရေးဟာဖွံဖြိုးလာတဲ့ အပြင် တောရိုင်းသာသာဖြစ်နေတဲ့နိုင်ငံရဲ့ဧရိယာအတော်များများကို မြို့သစ်ဖော်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

(၁၈၈၀)ခုနှစ်မှာတော့ချီလီဟာ အိမ်နီးချင်း နိုင်ငံ တွေဖြစ်တဲ့ ပီရူး နဲ့ဘိုလီဗီးယားနိုင်ငံတွေနဲ့ စစ်ဖြစ်ပွားခဲ့ပါတယ်။ (၁၈၇၉ ခုနှစ်ကနေ ၁၈၈၃) ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ War of the Pacific တိုက်ပွဲအပြီးမှာတော့ ချီလီသားတွေဟာ အနိုင်ရခဲ့ပြီး လက်ရှိချီလီနိုင်ငံရဲ့ မြောက်ဘက်ပိုင်းဒေသတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

ယနေ့ချီလီနိုင်ငံဟာ တောင်အမေရိကဒေသတွင်းမှာတော့ စီးပွားရေးနဲ့လူနေမှု အဆင့် အတန်းအမြင့်ဆုံး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် ချီလီနိုင်ငံရဲ့ ဒေသအချို့ကတော့ ယနေ့တိုင်လူသူအရောက်အပေါက်မရှိသေးတဲ့ နေရာတွေအဖြစ်ရှိနေသေးတာကိုတွေ့နိုင်ပါတယ်။ ချီလီဟာ လက်တင်အမေရိကနိုင်ငံအားလုံးရဲ့လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍ၊ ဒေသတွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူအခွင့်အရေးရရှိရေးကဏ္ဍ ၊နိုင်ငံသားတစ်ဦးချင်းစီအလိုက်နှစ်စဉ် ဝင်ငွေရရှိရေးကဏ္ဍ၊ပညာရေးကျန်းမာရေးဖွံဖြိုးတိုးတက်ရေးကဏ္ဍစတဲ့ နယ်ပယ်အသီး သီးမှာ ဦးဆောင်သူနိုင်ငံအဖြစ်လည်းရပ်တည်နေတာကိုတွေ့ရပါတယ်။

ဒါအပြင် ချီလီနိုင်ငံဟာ (၂၀၁၀)ခုနှစ်မှာတော့ (OECD)လို့သိကြတဲ့ Organisation for Economic Co-operation and Development ရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ချီလီဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သလို တောင်အမေရိကနိုင်ငံများအသင်း( UNASUR) နဲ့လက်တင်အမေရိကနဲ့ကာရေဘီယံနိုင်ငံများအဖွဲ့ (CELAC) နဲ့ လက်တင်အမေရိက ကုန်သွယ်ရေးအကျိုးတူပူပေါင်းတဲ့နိုင်ငံများအဖွဲ့ Pacific Alliance ရဲ့ဦးဆောင်နိင်ငံ လည်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တောင်အမေရိကတိုက်ဟာ မူးယစ်၊လက်နက် မှောင်ခိုမှုတွေပေါများပြီး လူသတ်မှုဖြစ်ပွားနှုန်းနှစ်စဉ်မြင့်တက်နေပေမယ့် ယနေ့ကာလ မှတ်တမ်းတွေအရတော့ ချီလီဟာ အမေရိကမှာ ကနေဒါနိုင်ငံပြီးတဲ့ နောက် လူသတ်မှုဖြစ်ပွားနှုန်းအနည်းဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။

ချီလီနိုင်ငံ Monte Verde တောင်ကြားမှာတူးဖော်တွေ့ရှိခဲ့တဲ့ ရှေးခေတ်ကျောက်လက် နက်ပစ္စည်းကိရိယာတွေကြောင့် ချီလီနိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၈၅၀၀) လောက်ကတည်းက လူသားမျိုးနွယ်တွေနေထိုင်ခဲ့ကြကြောင်းသိရှိခဲ့ရပါတယ်။ ယင်းက နေနှစ်ပေါင်း(၁၀၀၀၀)လောက်ကြာမြင့်ပြီးချိန်မှာတော့ဒေသခံအင်ကာ တိုင်းရင်းသား မျိုးနွယ်စုတွေဟာ မြေသြဇာကောင်းမွန်တဲ့ တောင်ကြားနဲ့ကမ်းရိုးတန်းဒေသ (ယနေ့ချီလီနိုင်ငံ) ကိုပြောင်းရွေ့နေထိုင်လာခဲ့ကြပါတယ်။

အင်ကာတွေရဲ့အင်ပါယာ တဖြေးဖြေးကြီးထွားလာတဲ့နောက်မှာတော့ နယ်မြေချဲ့ထွင်ရေးစစ်ပွဲတွေဆင်နွဲခဲ့ကြရာ ကနေ နောက်ဆုံးမှာတော့ ယခုချီလီမြောက်ပိုင်းက Mapuche မျိုးနွယ်စုတွေနဲ့ တိုက် ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ Maule တိုက်ပွဲအပြီးမှာ တော့ အင်ကာတွေဟာ Mapucheတွေအပေါ်အပြတ်သတ်အနိုင်ရခဲ့ပြီး ချီလီနိုင်ငံတွင်း နယ်မြေအားလုံးကို ထိန်းချုပ်ခွင်ရခဲ့ပါတယ်။ အင်ကာတွေဟာ ချီလီကို Inca Rule ဆို တဲ့ဥပဒေအတိုင်းအုပ်ချုပ်ခဲ့ကြပါတယ်။

(၁၅၂၀)ခုနှစ်မှာတော့ ကမ္ဘာကိုရေကြောင်းခရီးနဲ့ပတ်ဖို့ကြိုးစားခဲ့တဲ့ ပေါ်တူဂီလူမျိုး စူစမ်းရှာဖွေရေးသမား ဖာဒီနန်မက်ဂလန်ဆိုသူဟာ ချီလီနိုင်ငံဖြစ်လာမဲ့အရပ်ကို စတင် ခြေချနိုင်ခဲ့ပါတယ်။ (၁၅၃၅)ခုနှစ်မှာတော့ စပိန်လူမျိုး Diego de Almagro နဲ့သူရဲ့ နောက်လိုက်တွေဟာ အိမ်နီးချင်းပီရှုးနိုင်ငံနေတစ်ဆင့် ရွှေရှာရန်ရည်ရွယ်ချက်နဲ့ ချီလီနိုင်ငံကိုရောက်ရှိလာခဲ့ပြန်ပါတယ်။ စပိန်တွေဟာ ချီလီနိုင်ငံရဲ့သဘာဝပတ်ဝန်း ကျင်သယံဇာတတွေကို အလွန်ပဲသဘောတွေ့ခဲ့ပြီး လိုအပ်တဲ့မှတ်တမ်းတွေကို စပိန်ဘု ရင်ထံပေးပို့ခဲ့ပါတယ်။ (၁၅၄၀)ရောက်ချိန်မှာတော့စပိန်စစ်ဗိုလ် Pedro de Valdivia ဦးဆောင်ပြီးစပိန်တွေဟာ ချီလီနိုင်ငံကို ကိုလိုနီပြုခဲ့ပါတယ်။ ချီလီဟာ စပိန်နိုင်ငံရဲ့ကျွန် အဖြစ် နှစ်ပေါင်း (၃၀၀)ကျော်လောက်နေခဲ့ရပြီး (၁၈၁၈)ခုနှစ်ရောက်မှသာ လွတ်လပ် ရေးရယူနိုင်ခဲ့ပါတယ်။

ချီလီနိုင်ငံမြောက်ပိုင်းမှာအဓိကထွက်ရှိတဲ့တွင်းထွက်ကတော့ ဓာတ်မြေသြဇာပြုလုပ်တဲ့ နိုက်ထရိတ်ဖြစ်ပြီး အန်တိုဖာဂါးစတားနဲ့တားရာပါးကားနယ်(၂)ခုကတင် တစ်ကမ္ဘာလုံး မှာထွက်ရှိတဲ့ နိုက်ထရိုက်(၉၅)ရာခိုင်နှုန်းလောက်ကိုထွက်ရှိပါတယ်။ အိုဒီယမ်နိုက်ထ ရိတ်ထုတ်ယူရာမှာ ဘေးထွက်ပစ္စည်းအဖြစ်ရရှိတဲ့ အိုင်အိုဒင်း ပမာဏကြောင့်လည်း ကမ္ဘာမှာထွက်ရှိတဲ့ အိုင်အိုဒင်း(၇၀)ရာခိုင်နှုန်းလောက်ကို ချီလီနိုင်ငံကပဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါအပြင်ချီလီဟာကမ္ဘာပေါ်မှာ ဒုတိယမြောက်ကြေးနီအထွက်ဆုံးနိုင်ငံ ဖြစ်ပြီး ဗယ်လပရိုက်မြို့တောင်ပိုင်းကကျောက်မီးသွေးတွင်းတွေကတင် တစ်နှစ်လျှင် ကျောက်မီးသွေးတန်ချိန် (၂၀၀၀၀၀၀)ကျော်ထွက်ရှိပါတယ်။ ချီလီရဲ့အခြားသောတွင်း ထွက်တွေကတော့ ရွှေ၊ငွေ၊သွပ်၊သံ၊တန်စတင်၊မန်ဂနိ၊ကိုဗော့၊ဗိုရိတ်တို့ဖြစ်ကြပြီး ယင်း ကနေနှစ်စဉ် အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ချီလီအစိုးရအတွက်ဝင်ငွေရရှိနေတာကို တွေ့ရပါတယ်။

ချီလီနိုင်ငံဟာမြေမျက်နှာသွင်ပြင်အမျိုးမျိုး၊ရာသီဥတုအမျိုးမျိုးကိုပိုင်ဆိုင်ထားသလို နိုင်ငံ ရဲ့ကျေးလက်နဲ့မြို့ပြဒေသတွေဟာ ကွာခြားမှုကြီးမားလှပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း ဟာချီလီနိုင်ငံရဲ့ အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဂျုံ၊မုယော၊မြင်းစားဂျုံ၊ ပဲအမျိုးမျိုး၊သစ်တော်သီး၊ဖရဲသီး၊စပျစ်သီး၊မက်မုံသီး၊ဆီးသီးနဲ့အာလူးတို့ကို အများအပြား စိုက်ပျိုးကြပါတယ်။ဒါအပြင်တောင်သူတွေအနဲ့ ကျွဲ၊နွား၊ဆိတ်မွေးမြူရေး လုပ်ငန်းတွေ ကိုလည်း တွဲဖက်လုပ်ကိုင်လေ့ရှိကြပြီး ချီလီဟာတောင်အမေရိကတိုက်ရဲ့ နွားနို့ထုတ် လုပ်မှုထိပ်တန်းနိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို တော့မြေထဲပင်လယ်ရာသီဥတုမျိုးရှိတဲ့ချီလီနိုင်ငံအလယ်ပိုင်းဒေသတွေမှာသာ အများ ဆုံးတွေ့ရလေ့ရှိပါတယ်။ချီလီရဲ့မြောက်ဘက်ပိုင်းဟာ ပူအိုက်တဲ့သဲကန္တာရ ရာသီဥတု ဖြစ်ပြီးတောင်ဘက်ပိုင်းမှာတော့သစ်တောမျာစွာရှိတာကြောင့် ချမ်းအေးပြီး မိုးများ လေ့ရှိပါတယ်။ စက်မှုလုပ်ငန်းပိုင်းမှာတော့ချီလီဟာ အခြား တောင် အမေရိက နိုင်ငံတွေနည်းတူ တိုးတက်ဖွံဖြိုးမှု နှေးကွေးတယ်ဆိုပေမဲ့ ကမ္ဘာထိပ်တန်း အရက်ထုတ်လုပ်တဲ့နိုင်ငံအဖြစ်တော့ရပ်တည်နေပါတယ်။

ချီလီနိုင်ငံရဲ့အသုံးပြုတဲ့ငွေကြေးကတော့ ချီလီပီဆို(CLP)ဖြစ်ပြီး တောင်အမေရိကရဲ့ ထိပ်တန်းဓနရှင်နိုင်ငံလည်းဖြစ်ပါတယ်။ (၂၀၀၆)ခုနှစ်မှာတော့ ချီလီဟာလက်တင်အမေရိကနိုင်ငံအားလုံးထဲမှာနှစ်စဉ် GDP တိုးတက်မှုအမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ ချီလီရဲ့GDPတိုးတက်မှု (၂၀)ရာခိုင်နှုန်း ကိုတော့ ကြေးနီတူးဖော်ခြင်းလုပ်ငန်းကနေ ရရှိပြီး (၆၀)ရာခိုင်နှုန်းကတော့ ပို့ကုန်တင်ပို့မှုကနေရရှိခဲ့ကာ ကျန်(၂၀)ရာခိုင်နှုန်းကတော့ ဟိုတယ်နဲ့ခရီးသွားလာရေး လုပ်ငန်းနဲ့ပြည်ပရင်းနှီးမြုပ်နှံမှုတွေကနေရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ ချီလီနိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၄၀၈၅ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအဆင့် ၅၆ ဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ်ကကောက်ခံရရှိတဲ့စာရင်းအရ ချီလီရဲ့လူဦးရေဟာ ၁၇.၆သန်း ဖြစ်ပါ တယ်။ (၈၅)ရာခိုင်နှုန်းဟာ လူဖြူ နဲ့ Mestizo(စပိန်+လက်တင်အမေရိက)တွေ ဖြစ်ကြပြီး ကျန်(၁၅)ရာခိုင်နှုန်းဟာ လူဖြူနဲ့တိုင်းရင်းသား မျိုးနွယ်စုတွေကပေါက်ပွားတဲ့ ကပြားတွေဖြစ်ကြပါတယ်။ ချီလီနိုင်ငံသားအများစုက တော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပြီး နိုင်ငံရဲ့လူဦးရေ (၆၈)ရာခိုင်နှုန်း အထိ ကိုးကွယ်ကြပါတယ်။ ဗုဒ္ဓဘာသာ၊ဟိန္ဒုနဲ့အစ္စလာမ်ဘာသာဝင်အနည်းငယ်ရှိသလို ဘာသာမဲ့ (၂၅) ရာခိုင်နှုန်းအထိရှိနေတာကိုတွေ့ရပါတယ်။ ချီလီနိုင်ငံသားအများစု ကတော့ စပိန်ဘာသာစကားကိုပြောဆိုလေ့ရှိကြပြီး ရုံးသုံးဘာသာစကားကလည်း စပိန် ဘာသာစကားပဲ ဖြစ်ပါတယ်။

ချီလီဟာ(၁၉၂၀)ခုနှစ်ကတည်းက မသင်မနေရပညာရေးစနစ်ကို အကောင်အထည် ဖော်ခဲ့ပြီး နာမည်ကျော်တက္ကသိုလ်အများစုဟာ မြို့တော်ဆန်တီယာဂို၊ကွန်ဆက်ရု နဲ့ ဗယ်လကရိုက်မြို့တွေမှာတည်ရှိပါတယ်။ ဒါအပြင်အရွယ်ရောက်သူတိုင်း စစ်ပညာ မသင်မနေရစနစ်ကို ကျင့်သုံးတဲ့နိုင်ငံအဖြစ်လည်းရှိနေပါတယ်။ ချီလီတွေကတော့သူတို့ ရဲ့နိုင်ငံကို တောင်အမေရိကရဲ့ Country of poets အဖြစ်ညွှန်းဆိုကြပြီး အဲဒီစကားနဲ့ ကိုက်ညီစွာပဲ ချီလီနိုင်ငံသူ Gabriels Mistral နဲ့ Pablo Neruda တို့ဟာ ဟာစာပေ ဆိုင်ရာနိုဗယ်ဆုတွေကို (၁၉၄၅)ခုနှစ်နဲ့ (၁၉၇၁)ခုနှစ်တို့မှာ ချီးမြှင့်ခြင်းကိုခံခဲ့ရပါ တယ်။

ချီလီနိုင်ငံရဲ့ စိတ်ဝင်စားစရာ အချက်များ

၁။ ချီလီနိုင်ငံဟာ မြောက်ဘက်ကနေ တောင်ဘက်အထိ တိုင်းတာလျှင် ကမ္ဘာ့အရှည်ဆုံးနိုင်ငံဖြစ်ပါတယ်။ ချီလီနိုင်ငံရဲ့ တောင်မြောက် အလျားက ၂၆၄၇ မိုင်ဖြစ်ပါတယ်။

၂။ အင်ဒီးစ်တောင်တန်းကြီးဟာ ချီလီနိုင်ငံစုစုပေါင်း ဧရိယာရဲ့ ၈၀% ကို ဖုံးလွှမ်းထားပါတယ်။ ဒါကြောင့် ချီလီနိုင်ငံရဲ့ စိုက်ပျိုးနိုင်တဲ့ဧရိယာဟာ ၃.၈% ပဲ ရှိပါတယ်။

၃။ ချီလီလို့ ဆိုလိုက်တာနဲ့ လူတွေစိတ်အဝင်စားဆုံး အရာက ကမ္ဘာမြေကြီးရဲ့ချက်လို့ခေါ်ကြတဲ့ အီစတာကျွန်းဖြစ်ပါတယ်။ ဒီကျွန်းဟာ ချီလီနိုင်ငံ Concepcion မြို့ရဲ့တောင်ဘက်ပိုင်းမှာ ရှိပြီး တြိဂံ ပုံသဏ္ဍာန် ရှိ မီးတောင် ကျွန်းလေးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပါ်တွင် အခြားနေရာများ နှင့် အလွန် ကွာဝေးကာ အလွန်ပင် အထီးကျန် ဆန်လှသောနေရာဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသွားများ မကြာခဏလာရောက်လေ့ရှိကြပါတယ်။ ဒီကျွန်းရဲ့ထူးခြားချက်ကတော့ ရှေးပဝေသဏီ က အသိရ ခက်သော မျိုးနွယ်စု တစ်စုသည် တန် ၉၀ ကျော်လေးသော ကျောက်သား ကြီးများကို ထူးဆန်းသော ပုံပန်းသဏ္ဍာန်ရှိသော ရုပ်ထုကြီးများ ထုဆစ်ကာ ထားရှိခဲ့ပြီး ဒီပဟေဋ္ဌိကို ယနေ့တိုင် အဖြေမရှာနိုင်ကြသေးပါဘူး။

၄။ ချီလီနိုင်ငံရဲ့ အမြင့်ဆုံးနေရာကတော့ ကမ္ဘာ့အမြင့်ဆုံးမီးတောင်ရှင်ဖြစ်တဲ့ Ojos del Salado မီးတောင်ဖြစ်ပြီး အမြင့်ပေ ၂၂၆၀၈ပေ မြင့်ပါတယ်။ အနိမ့်ဆုံးနေရာကတော့ ပစိဖိတ်သမုဒ္ဒရာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် ၀ မီတာ ဖြစ်ပါတယ်။

၅။ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေကူးကန်ကြီးဖြစ်တဲ့  San Alfonso del Mar ရေကူးကန်ဟာ ချီလီနိုင်ငံ Algarrobo မြို့မှာတည်ရှိနေပါတယ်။ အကျယ်အဝန်းအားဖြင့် ၂၀ဧက ကျယ်ဝန်းတဲ့ ဒီရေကူးကန်ကြီးဟာ အလျား ၃၃၂၃ပေ အနက် ၁၁.၅ပေ ရှိပြီး တစ်နှစ်ကို ထိမ်းသိမ်းစရိတ်တင် ဒေါ်လာ ၃သန်းခန့်ရှိနေပါတယ်။

၆။ လူသားတို့ဖန်တီးထားတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး မံမီရုပ်အလောင်းဟာ အီဂျစ်က မဟုတ်ပါဘူး။ ချီလီမှာဖြစ်ပါတယ်။ ချီလီ က Chinchorro မံမီဟာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၀၀၀ ခန့်က ဖန်တီးထားခဲ့တာဖြစ်ပြီး ဒါဟာ အီဂျစ်တွေမံမီဖန်တီးတာထက် နှစ်ပေါင်း ၂ထောင်ခန့်ပိုစောပါတယ်။

၇။ ကမ္ဘာပေါ်က အခြောက်သွေ့ဆုံး သဲကန္တာရဟာ ချီလီက  Atacama သဲကန္တာရ ဖြစ်ပါတယ်။ ဒီသဲကန္တာရဲ့ နှစ်စဉ်ပျမ်းမျှမိုးရေချိန်က ဝ.၆လက်မသာ ရှိပြီး နေရာအများစုဟာ နှစ်ပေါင်းများစွာ မိုးလုံးဝရွာခြင်း မရှိပါဘူး။

၈။ ကမ္ဘာ့တောင်ဘက်အစွန်ဆုံးမြို့လို့ ဆိုလိုက်ရင် အများစုသိကြတာက အာဂျင်တီးနားရဲ့ Ushuaia မြို့ပါ။ ဒါပေမယ့် တကယ့်အမှန်က ချီလီနိုင်ငံ Navarino ကျွန်းပေါ်မှာရှိတဲ့ Puerto Williams မြို့ဖြစ်ပါတယ်။ အဲဒီမြို့ဟာ အန္တာတိကတိုက်ကို သွားရာမှာအသုံးပြုတဲ့ အဓိက ဆိပ်ကမ်းမြို့လည်းဖြစ်ပါတယ်။

၉။ ချီလီဟာ ငလျှင်အလှုပ်ဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်းနီးပါး ငလျှင်ငယ်တွေ လှုပ်လေ့ရှိပါတယ်။ သမိုင်းတလျှောက်အပြင်းထန်ဆုံးငလျှင်ကတော့ (၁၉၆၀) ခုနှစ် ကဖြစ်ပွားခဲ့တဲ့ ရစ်ချက်စတာစကေး (၉.၅) ပြင်းအားရှိတဲ့ငလျင်ကြီးဖြစ်ပြီး လူပေါင်း(၁၅၀၀)ကျော် လောက်သေဆုံးခဲ့ရကာ လူ(၂၀၀၀)လောက်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

၁၀။ ချီလီနိုင်ငံတစ်ခုတည်းမှာပဲ ယူနက်စကိုက ကမ္ဘာ့အမွှေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ နေရာ ၅ ခု ရှိနေပါတယ်။ အဲဒါတွေကတော့ အီစတာကျွန်း ၊ ၁၈ရာစု ဗိသုကာလက်ရာ Chiloé ဘုရားကျောင်းများ ၊ သင်္ဘောဆိပ်ကမ်းမြို့ Valparaíso မှာရှိတဲ့ ၁၉ရာစုဗိသုကာလက်ရာ အဆောက်အအုံများရှိရာ Historic Quarter ၊ အင်ဒီးစ်တောင်စောင်းမှာရှိတဲ့ Sewell သတ္တုတွင်းမြို့ဟောင်း နဲ့ ၂၀ရာစု ယမ်းစိမ်းအလုပ်ရုံပေါင်း ၂၀၀ကျော်ရှိရာ Humberstone နဲ့ Santa Laura ဒေသတွေဖြစ်ပါတယ်။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု

လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!