Via: Mr. Myanmar Travel & Tours
ဒီလိုအံမခန်းတဲ့ စစ်သည်တော်တွေဟာ တရုတ်နိုင်ငံ ရှီအန်းမြို့ လီရှန်းတောင်ပေါ်မှာရှိတဲ့ ပထမဆုံးတရုတ်အင်ပါယာရဲ့ ချင်ဧကရာဇ် Qin Shi Huang ရဲ့ ဂူသင်္ချိုင်းမှာရှိပါတယ်။ ချင်ဧကရာဇ် တမလွန်ဘဝမှာ အစောင့်အရှောက်တွေနဲ့ စစ်သည်တော်တွေနဲ့ ပြည့်စုံစေဖို့ သူ့ရဲ့အုတ်ဂူဘေးမှာ ဒီစစ်သည်တော်ရုပ်တွေကို မြုပ်နှံထားခဲ့ကြတာဖြစ်ပါတယ်။
ချင်စီဟွင် (Qin Shihuang) ဘုရင်ဟာ ကွဲပြားနေသောတိုင်းပြည် အသီးသီးကို သိမ်းပိုက်စည်းရုံးနိုင်ပြီး တရုတ်ပြညရဲ့ပထမအင်ပါယာ ချင်မင်းဆက်ခေတ် Qin Dynasty (221–207 BC) ကိုစတင်တည်ထောင်ခဲ့သော ဘုရင်လည်းဖြစ်ပါတယ်။
အင်အားကြီးမားတဲ့ ချင်မင်းဆက်ရဲ့ တာရာကိုတာစစ်သည်တော်(Terracotta Army) ရုပ်တွေကို ရွံ့တွေနဲ့စီမံဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ စစ်သည်များ ၊ သူရဲကောင်းများ ၊ စစ်တပ်ဖွဲ့စည်းပုံ ၊ စစ်ယာဉ်များ အစရှိတာတွေကို ဖန်တီးထားခဲ့တာပါ။
ဒီလိုဆောက်လုပ်ဖန်တီးရာမှာ လူအင်အား ၇သိန်းကျော်ကို သုံးခဲ့ရပြီး အချိန် နှစ်ပေါင်း ၄၀တောင်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တည်ဆောက်ခဲ့သည့်အကြောင်းရင်း
ပထမအင်ပါယာကြီးချင်မင်းဆက်သည် သူ့၏တမလွန်ဘဝတွင် ဘုန်းတခိုး အခြံအရံ စစ်သည်တော်များနှင့်ပြည့်စုံလိုသောကြောင့် ယခုရှိသော စစ်သည်စစ်တပ်အတိုင်း တည်ဆောက်ကာ သူ၏အုတ်သချိုင်းအနားတွင် မြှုပ်နှံရန်အမိန့်ပေးခဲ့သည်။
သူ၏အင်ပါယာ ကြီးကျယ်ခမ်းနားမှု နှင့် ဘုန်းတခိုးကြီးမားမှုကို ဖော်ပြလိုသောကြောင့် တည်ဆောက်ခဲ့သည်။ စစ်ပွဲများစွာကိုအောင်မြင်ပြီး တရုတ်ပြည်ကြီးကို စည်းရုံးနိုင်သော ချင်ဘုရင်၏ စစ်တပ်ကြီး နှင့် စစ်ပွဲထဲတွင် အသက်ပေါင်းများစွာ စတေးခဲ့သည် စစ်သည်တော်၊ အစေအပါး နှင့် မှူးမတ်အရာရှိများ တို့ကို အမှတ်ရစေလိုသောကြောင့် ဂုဏ်ပြုအစားထိုး တည်ဆောက်ထားခဲ့သည်။
ရုပ်ထုများထဲတွင် ထူးရှားသော မြင်းစစ်ရထားတွဲကြေးရုပ်ထု ၂ ခုရှိသည်။ ချင်ဘုရင် အုတ်ဂူ၏ အနောက်ဖက် မီတာ ၂၀ ခန့် ၁၉၈၀ ဒီဇင်ဘာလတွင် အားသွင်ခွန်စိုက်ကာ တူးဖော်ခဲ့ကြသည်။ ရထားတွဲသည် အစိတ်အပိုင်းပေါင်း ၃၄၀၀ကျော်ခန့် ဖွဲ့စည်းထားပြီး မြင်းလေးကောင်းမှ ပြေးဆွဲထားသည်။ ရထားတွဲသည် အလျား ၃.၁၇ မီတာ၊ အနံ ၁.၀၆ မီတာ ရှည်သည်။
မြင်းရုပ်ထုမှာ ၆၅ မှ ၆၇ စင်တီမီတာ ခန့်မြင့်ပြီး ၁၂၀ စင်တီမီတာ ရှည်လျားသည်။ စစ်ရထားတွဲတစ်ခုလုံး၏ ကြေးတန်ချိန်မှာ ၁၂၃၄ ဂရမ် ( ၂၇၂၀.၅ ပေါင် ) အလေးချိန် ရှိသည်။ ကြေးရုပ်ထုလိုထင်ရပေမဲ့ တချို့သောအစိတ်အပိုင်းကို ရွှေ၊ငွေများဖြင့် ပြုလုပ်ထားပြီး အလေးချိန်အားဖြင့် ၇ ပေါင်ခန့်ရှိသည်။
ကြေးမြင်းစစ်ရထားတွဲရုပ်ထုသည် တရုတ်ပြည်၏ရှေ့အကျဆုံးသော ကြေးရုပ်ကလာပ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံးရှေးဟောင်း ကြေးထည်ပစ္စည်း ဟု သတ်မှတ်ခဲ့သည်။
ရုပ်ထုများတည်ဆောက်ပုံ
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်တွင် ခေတ်မီလက်နက်ပစ္စည်းများ မရှိသောကြောင့် လူ့လက်ဗလာဖြင့်သာ ပြုလုပ်ခဲ့သည်။ ယခုရှာဖွေတွေ့ရှိထားသော ရုပ်ထုမှာ ၈၀၀၀ ကျော်ခန့် ရှိပြီး ၎င်းရုပ်ထုများကို လူပေါင်း ၇ သိန်းကျော်ခန့် လုပ်အားကိုသုံးကာ နှစ်ပေါင်း ၄၀ ကြာ ပြုလုပ်တည်ဆောက်ခဲ့သည်။ ရုပ်ထုတစ်ခုစီအောက်တွင် ပန်းပုဆရာများ၏ နာမည်ကို ထွင်းထုထားခဲ့သည်။
ပြုလုပ်ပုံမှာ အဆင့်ဆင့် ရှိပြီး ရုပ်ထုကို အပိုင်းအပိုင်းလိုက် ဦးစွာပြုလုပ်ပြီးမှ တပ်ဆင်သည်။ တပ်ဆင်ပြီးနောက် ပန်းပုဆရာ စိတ်ကြိုက် အချောပြန်လည်မွန်မံကာ ကြာရှည်စွာတည်တံခိုင်မြဲအောင် မီးဖုတ်သည်။ နောက်ဆုံးတွင် ဆေးရောင်ပန်းချီခြယ်သ သည်။
ရှာဖွေတွေ့ရှိပုံ
တာရာဂိုဒါရုပ်ထုကြီးကိုရှာဖွေတွေ့ရှိခြင်းသည် ၂၀ရာစု ရှေ့ဟောင်းသုတေသနရှာဖွေမှု၏ အကြီးမားဆုံးသော အောင်မြင်မှုကြီးတစ်ရပ်ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် လယ်သမားတစ်ဦးက ရေတွင်းတူးရာမှ တွေ့ရှိခဲ့သည်။ နှစ်ပေါင်း၂၀၀၀ကျော် မြေကြီးထဲတွင် မြှုပ်နှံထားသော တာရာဂိုဒါရုပ်ထုများကို ၁၉၇၆ တွင် ရှာဖွေမှုများကို အပိုင်း ၃ ပိုင်းခွဲကာ တူးဖော်ဆောင်ရွက်သည်။
တူးဖော်တွေ့ရှိမှုသည် တရုတ်လူမျိုးများနှင် တစ်ကမ္ဘာလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော အမွှေအနှစ်ကြီးဖြစ်သည်။ ထို့ကြောင့် ၁၉၈၇ ခုနှစ်တွင် UNESCO မှ World Cultural Heritage Site ကမ္ဘာ့ယဉ်ကျေးမှုအမွှေအနှစ်ထိန်းသိမ်းရေးနေရာ အဖြစ် သတ်မှတ်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းသုတေသနပညာရပ်ဆိုင်ရာ လေ့လာရေးဆိုဒ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ သို့သော် ချင်ဘုရင်၏ ဂူသချိုင်းကိုမူ ယခုအထိ တူးဖော်ဖွင့်လှစ်ခြင်းမရှိသေးပေ။ အကြောင်းရင်းမှာ ကြေးဝါးရောင် စစ်သားရုပ်များမှာ တူဖော်ပြီး များမကြာမီပင် အရောင်များမှေးမှိန်ကုန်သောကြောင့် ရေရှည်ထိန်းသိမ်းခြင့်အလို့ငှာ အချိုနေရာများအား မတူးဖော်ခြင်းဖြစ်ပါတယ်။
ဘီစီ ၂၀၀ ဝန်းကျင် ချင်မင်းဆက်လက်ထက်က ဝတ်စားဆင်ယင်ပုံတွေကို ဒီရုပ်တုတွေမှာမြင်ရမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ တူးဖော်ရရှိတဲ့နေရာမှာပဲ ပြတိုက်အဖြစ်ဖွင့်လှစ်ထားရှိပါတယ်။ ဒီနေရာကိုရောက်ရင် စစ်သားရုပ်တုပေါင်း ၈၀၀၀ကျော် ၊ မြင်းစစ်သည်ပေါင်း ၅၂၀ကျော် နဲ့ မြင်းရထားပေါင်း ၁၅၀ ကိုတွေ့ရမှာပဲဖြစ်ပါတယ်။
Via: Mr. Myanmar Travel & Tours
သုတဇုန်
Discussion about this post