Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ခဲတံတွေရဲ့ လူသိနည်းတဲ့ သမိုင်းကြောင်း

by Thutamm
August 14, 2019
Reading Time: 1min read
0
ခဲတံတွေရဲ့ လူသိနည်းတဲ့ သမိုင်းကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – TMK(သမန်းကျား)
ရတနာပုံနေ့စဉ်။

ပထမဆုံးထုတ်လုပ်ခဲ့တဲ့ခဲတံတွေက ဘာဖြစ်လို့အဝါရောင်ဖြစ်နေရတာလဲ။ ခဲတံတစ်ချောင်းခိုးမိလို့ထောင်ခုနှစ်နှစ် ကျခဲ့သူတွေရှိတယ်ဆိုရင်ကော သင် ယုံနိုင်ပါ့မလား။ ခဲချွန်စက်လက်ဝယ်ထားရှိမှုနဲ့ထောင်ဒဏ်ကျခံရနိုင်တယ်လို့ပြောရင်ကော မဖြစ်နိုင်ဘူးလို့ပဲ ငြင်းကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ ခဲတံဆိုတဲ့ ရိုးရှင်းတဲ့အရာရဲ့သမိုင်းနောက်ခံဟာ အတော်လေးစိတ်ဝင်စားဖို့ကောင်းသလို ရယ်စရာကောင်းတာတွေလည်း ပါဝင်နေပါတယ်။

ခဲတံတီထွင်သူအဖြစ် ၁၅၆၅ခုနှစ်မှ ခဲ့တံကိ စတင်သုံးစွဲခဲ့တဲ့ ဆွစ်လူမျိုးစွယ်စုံပညာရှင် Conrad Gessner ကို ညွှန်းဆိုကြပါတယ်။  ၁၈၅၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှာ တီထွင်သူ Hymen L. Lipman ဟာ ခဲဖျက်တွဲလျက်ပါဝင်တဲ့ ပထမဆုံးခဲတံ ကို မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပါတယ်။

အဲဒီနောက်မှာ ခဲတံမူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နဲ့ ရောင်းချခဲ့ပါ တယ်။ အဲဒီခေတ်၊ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၁ သိန်းဆိုတာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲစေနိုင်တဲ့ ငွေကြေးပမာဏဖြစ်ပါတယ်။ ဂရပ်ဖိုက်အနည်းငယ်နဲ့သစ်သားအနည်းငယ်နဲ့ပြုလုပ်ထားတဲ့ ခဲတံဆိုတဲ့အရာကို ဒီလောက်ပိုက်ဆံတွေပေးပြီးဝယ်သွားတာ အံ့သြစရာပါပဲ။ အဲဒီထက်အံ့သြစရာကောင်းတာတွေ ရှိနေပါသေးတယ်။

၁။ ခဲတံတွေဘာဖြစ်လို့အဝါရောင်ဖြစ်နေရတာလဲ။

တရုတ်ဧကရာဇ်မင်းမြတ်ကိုပဲ မေးရတော့မှာပဲ။ ၁၈၀၀ ဝန်းကျင် မှ ကမ္ဘာ့အကောင်းဆုံးဂရပ်ဖိုက် တရုတ်နိုင်ငံမှာထွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဂရပ်ဖိုက်နဲ့ပြုလုပ်ထားတဲ့ခဲတံလို့ လူတွေအလွယ်တကူသဘောပေါက်အောင် တရုတ်ဧကရာဇ်တွေအသုံးပြုတဲ့ အဝါရောင်ကို အသုံးပြုခဲ့ခြင်းဖြစ်ပါ တယ်။

၂။ ခဲဖျက်ကို မတော်တဆတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၁၆၁၂ ခုကနေ ၁၇၇၀ အတွင်းမှာ ပေါင်မုန့်အနား သားတွေကိုလုံးပြီး ခဲဖျက်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့သုံးနေကြတဲ့ ရော်ဘာနဲ့ပြုလုပ်ထားတဲ့ခဲဖျက်ဆိုတာ မတော်တဆကနေ အတော်ဟန်ကျသွားတဲ့တီထွင်မှုတစ်ရပ် ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက စာရေးဆရာတစ်ယောက်က စကားတပြောပြောနဲ့ လုံးထားတဲ့ ပေါင်မုန့်အနားသားကိုလှမ်းယူပြီး ခဲတံနဲ့ရေးထားတာကိုဖျက်တာ တစ်ကယ်တော့ ပေါင်မုန့်မဟုတ်ဘဲ ရော်ဘာတုံးလေးတစ်ခုကို ယူမိရဲ့သားဖြစ်နေတာပေါ့။ ငုံ့ကြည့်လိုက်တော့ ပိုပြီးပြောင်နေတာကိုတွေ့လိုက်ရတဲ့နောက် ရော်ဘာကို ခဲဖျက်အဖြစ်သုံးရကောင်းမှန်း သိလာကြတာဖြစ်ပါတယ်။

၃။ ခဲတံကို နာဆာကလည်း စိတ်ဝင်စားခဲ့ပါတယ်။

ရေအောက်မှာရေးလို့ရတာ ခဲတံပဲရှိပါတယ်။ ဇောက်ထိုးထားပြီး ရေးလို့ရပါတယ်။ ဆွဲငင်အားမဲ့တဲ့လေဟာနယ်မှာလည်း ရေးလို့ရပါတယ်။ ဒါကြောင့် နာဆာဟာ ၁၉၆၅ မှာ ဟူစတန်အခြေစိုက် Tycam အင်ဂျင်နီယာပစ္စည်းထုတ်လုပ်ရေးကော်ပိုရေးရှင်းကြီးကို Mechanical Pencil လို့ခေါ်တဲ့ အထူးခဲတံ ၃၄ ချောင်း မှာယူခဲ့ပါတယ်။ အဲဒီခဲတံတစ်ချောင်းကို အမေရိကန် ၁၂၉.၈၉ ဒေါ်လာ ပေးခဲ့ရ ပါတယ်။ သို့သော် ၁၉၆၇ ခုနှစ်မှာ Apollo 1 အာကာယာဉ်စက်ခန်းထဲ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တရားခံဟာ အဲဒီ မီးလောင်လွယ်လှတဲ့ Mechanical Pencil တွေဖြစ်နေတာကိုတွေ့ရှိခဲ့ရတဲ့အတွက် နောက်ဘယ်တော့မှမသုံး တော့တာပါ။ ( နာဆာဟာ ဘော့ပင်အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံခဲ့တယ် ဆိုတာကတော့ ချဲ့ထွင်ပြောကြတဲ့စကားသာ ဖြစ်ပါတယ်)

၄။ ကမ္ဘာကျော်စာရေးဆရာကြီး ဟဲမင်းဝေး စာရေးကောင်းရတဲ့ လျှို့ဝှက်ချက်က စာကိုခဲတံနဲ့ရေးလို့ပါတဲ့။

ပုံမှန်ခဲတံတစ်ချောင်းမှာပါတဲ့ ဂရပ်ဖိုက်နဲ့မျဉ်းကြောင်းအရှည်ကြီးဆွဲကြည့်မယ်ဆိုရင် ၃၅ မိုင်အထိဆွဲနိုင်ပါတယ်။ စာလုံးရေအားဖြင့် အလုံးရေ ၄၅၀၀၀ ရေးနိုင်ပါတယ်။ ဟဲမင်းဝေးရဲ့ ကမ္ဘာကျော် The old man and the sea မှာ အလုံးရေ ၂၇၀၀၀ ပဲ ရှိတာပါ။ သူ့ကမ္ဘာကျော်စာအုပ်ကြီးကိုရေးဖို့ ခဲတံတစ်ချောင်းတောင် မကုန်ခဲ့တဲ့သဘောပေါ့။ ခဲတံနဲ့ရေးထားတာကို စာပြန်ရိုက်တော့ ပိုကောင်းအောင်ပြင်ဖို့အခွင့်အရေးရတာပေါ့။ ရေးတုန်းမှာတစ်ကြိမ်၊ စာရိုက်တဲ့အချိန်မှာတစ်ချိန်၊ အဲဒီစာကို proof ပြန်ဖတ်တဲ့အခါမှာတစ်ကြိမ်၊ အကြိမ်ကြိမ်ပြန်ပြင်လို့ရတာမို့ ကျွန်တော်ဟာ စာရေးရင် ခဲတံနဲ့ပဲရေးပါတယ်လို့ဟဲမင်းဝေး က ပြောပြဖူးပါတယ်။

၅။ ခဲတံထဲမှာ ခဲသတ္တိမပါပါဘူး။ အဲဒါတွေက ဂရပ်ဖိုက်နဲ့ကြွေနဲ့ ရောထားတာပါ။

အပူချိန် ၈၀၀ ဒီဂရီဆဲလ်စီးယပ် ထက်မနည်းပေးပြီးလုပ်ထားတာပါ။ ဒါဖြစ်ရင် ဘာဖြစ်လို့ ‘ခဲ’ လို့ခေါ်တာပါလိမ့်။ ၁၅၆၄ မှာ အင်္ဂလန်ကနွားကျောင်း သားတွေဟာ မိုးသက်လေပြင်းထဲမှာပျောက်သွားတဲ့နွားတွေကိုလိုက်ရှာရင်း မိုးကြိုးမှန်ထားတဲ့သစ်ပင်တစ်ပင် အောက်မှာ တောက်ပနေတဲ့ဂရပ်ဖိုက်အပုံကြီးကိုတွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒါကိုခဲလို့ထင်ပြီး ခဲလို့ပဲခေါ်ခဲ့ပါ တယ်။ အဲဒီဂရပ်ဖိုက်တုံးကြီးတွေကိုဖဲ့ယူပြီး သိုးတွေကိုယ်လုံးပေါ်မှာ အမှတ်အသားတွေလုပ်ခဲ့ကြပါတယ်။ အိမ်ရှင်မ တွေက သံချေးချွတ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ဂရပ်ဖိုက်တံကြီးလည်း ခဲတံဖြစ်သွားတာပါပဲ။

၆။ ခဲတံတစ်ချောင်းခိုးမိရင် အနည်းဆုံးထောင်တန် ၇-နှစ် ချမှတ်ခဲ့ကြပါတယ်။

ပထမတော့ ဂရပ်ဖိုက်ကို တစ်တန်လျှင် ပေါင် ၁၀၀ နှုန်းဖြင့်သာ ရောင်းချခဲ့ကြပါတယ်။ ဒါပေမယ့် အမြှောက်ဆံ တွေကိုလည်း ဒီဂရပ်ဖိုက်နဲ့လုံးထားရင် ပိုပြီးအရည်အသွေးကောင်းမွန်တယ်ဆိုတာကိုသိခဲ့ပြီးတဲ့နောက် ၁၈၃၀ မှာ ဂရပ်ဖိုက်ရဲ့ ဈေးနှုန်းသည်လည်း တစ်တန်ကို ပေါင် ၅၀၀၀ အထိ ခုန်တက်သွားခဲ့ပါတယ်။ အဲဒီတုန်းက ခဲတံတစ်ချောင်းခိုးမိရင် အနည်းဆုံးထောင်တန် ၇-နှစ် ချမှတ်ခဲ့ကြပါတယ်။ ရုံးအလုပ်လုပ်ရင်း ခဲတံအမှတ်တမဲ့ယူ သွားမိကြတဲ့ဝန်ထမ်းတွေအများအပြား ထောင်နန်းစံခဲ့ရပါတယ်။

၇။ ဒါတင်မက နောက်ပိုင်းမှာ ခဲချွန်စက်ကိုပါ တားမြစ်ကန့်သတ်လိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလက အင်္ဂလန်မှာ လက်လှည့် ခဲတံချွန်စက်တွေကြောင့် သစ်သားနဲ့ဂရပ်ဖိုက်ဆုံးရှုံးမှုများလွန်းတယ်ဆိုပြီး ခဲတံချွန်စက်တွေကို တားမြစ် ကန့်သတ်လိုက်ပါတယ်။ ခဲတံချွန်ဖို့ဓါးခပ်တုံးတုံးလေးကိုပဲအသုံးပြုခွင့်ပေးခဲ့ပါတယ်။ ခဲချွန်စက်ကိုလက်ဝယ်ထားရှိသူတွေကိုတော့ ထောင်ချတဲ့အထိ အပြစ်ပေးခဲ့ပါတယ်။

၈။ ပြင်သစ်စစ်ဘုရင်နပိုလီယံဟာ အင်္ဂလန်နိုင်ငံရဲ့ခဲတံကို အရူးအမူးလိုချင်ခဲ့ပါတယ်။

၁၇၉၀ မှာ စစ်စဖြစ်ခဲ့ကြပြီး ၁၇၉၅ မှာ ခဲတံဆိုတာ ရှားပါးပစ္စည်းဖြစ်နေပါပြီ။ စစ်မှတ်တမ်းရေးဖို့တောင် ခဲတံမရှိခဲ့တဲ့အတွက် နပိုလီယံရဲ့ စစ်ဖက်ရေးရာဝန်ကြီးက ခဲတံမဖြစ်ဖြစ်အောင်လုပ်ပေးရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။ တီထွင်ဉာဏ်ရှိတဲ့ ရဲဘော်လေးတစ်ယောက်က ဂရပ်ဖိုက်ရည်နဲ့ကြွေကိုအပူပေးပြီးဖုတ်လိုက်ရာကနေ ခဲဆံကိုပြန်လည်ထုတ်လုပ်နိုင်ခဲ့ ပါတယ်။ ဒီနေ့အချိန်အထိ ခဲဆံကို ဂရပ်ဖိုက်နဲ့ကြွေနဲ့ပေါင်းပြီး အပူပေးပြီး လုပ်နေကြဆဲပါ။

၉။ #2 ခဲတံအစ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။

ထင်းရှူးသားနဲ့ပြုလုပ်ထားတဲ့ခဲတံအဝါရောင်တွေရဲ့ အနံ့ကိုလူတွေကြိုက်လွန်းတော့ ထင်းရှူးတောတွေကုန်ခမ်းတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာ အမွှေးနံ့ ထွက်တဲ့ထင်းရှူးသားနောက် တစ်မျိုးနဲ့ခဲတံကိုထုတ်လုပ်ခဲ့ကြပါတယ်။ ခဲတံအရောင်ကိုလည်း အနီရောင် သုတ်လိမ်းခဲ့ပါတယ်။ တစ်လက်စတည်း ခဲဆံကိုလည်း အထူအပါး(၄)မျိုးသတ်မှတ်လိုက်ပါတယ်။ အပါးဆုံး #1 ကနေ အထူဆုံး #4 ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအသုံးအများဆုံးကတော့ #2 ဒါမှမဟုတ် *2* ဒါမှမဟုတ် 2B ဖြစ်ပါတယ်လို့ ခဲတံအကြောင်း လူသိနည်းနေတာလေးတွေကို လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

TMK(သမန်းကျား)
ရတနာပုံနေ့စဉ်။

Tags: world knowledge
Next Post
နွေရာသီမှာတောင် အရည်မပျော်တဲ့ ရေခဲလိုဏ်ဂူ

နွေရာသီမှာတောင် အရည်မပျော်တဲ့ ရေခဲလိုဏ်ဂူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!