• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျွန်းနိုင်ငံလေး မော်လ်ဒိုက်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်သူ ၂ဦး စတင်တွေ့ရှိ

by Thutamm
March 8, 2020
Reading Time: 1min read
0
ကျွန်းနိုင်ငံလေး မော်လ်ဒိုက်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်သူ ၂ဦး စတင်တွေ့ရှိ
Share on FacebookShare on Twitter

မော်လ်ဒိုက်(မော်ဒိဗ်၊ Maldives) ဟာ ကျွန်းစုနိုင်ငံဖြစ်ပြီး တောင်အာရှမှာတည်ရှိပါတယ်။ အာရှတိုက်မကြီးနဲ့ မိုင်ပေါင်း ၆၂၀ အကွာအဝေးမှာ တသီးတခြားတည်ရှိနေတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့(မတ် ၇) မှာတော့ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်သူ ၂ဦးကို စတင်တွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ အပန်းဖြေစခန်း ၂ခုကို ပိတ်ထားလိုက်ပါတယ်။ ရောဂါကူးစက်ခံရသူ ၂ဦးဟာ အီတလီလူမျိုး ခရီးသွားတွေဖြစ်ပြီး ရောဂါတွေ့ရှိမှုပြီးမှာတော့ အီတလီနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

“အခု ကိုဗစ်ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိတဲ့ ခရီးသွားနှစ်ယောက်က အပန်းဖြေစခန်းတစ်ခုမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ အခု အဲဒီအပန်းဖြေစခန်းက ဝန်ထမ်းအားလုံးကို သီးသန့်ထားပြီး အခြေအနေကို စစ်ဆေးစောင့်ကြည့်လျှက်ရှိပါတယ်”လို့ နိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဖြစ်သူ Ali Waheed က ဆိုပါတယ်။

စနေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ “ပြင်သစ်နိုင်ငံသား ၂ဦးမှာလည်း ဒီရောဂါပိုး လက္ခဏာတွေ တွေ့ရှိတဲ့အတွက် သံသယလူနာအဖြစ် သီးသန့်ထားစောင့်ကြည့်နေရသေးတယ်”လို့ မော်လ်ဒိုက်ကျန်းမာရေး နှင့် ကာကွယ်စောင့်ရှောက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ဒီတွေ့ရှိမှုတွေကြောင့် မော်လ်ဒိုက်မှာရှိတဲ့ Kuredu ကျွန်းအပန်းဖြေစခန်း နဲ့  Summer ကျွန်းအပန်းဖြေစခန်းတွေကို လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ထပ်ပြောခဲ့ပါတယ်။

ဒါပေမယ့် အပန်းဖြေစခန်းတွေမှာ ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားရှိနေဆဲဖြစ်တာကြောင့် ချက်ချင်းပိတ်ချဖို့တော့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

Summer ကျွန်းမှာတော့ ခရီးသွား ၂ ဦးအ နဲ့ အပန်းဖြေစခန်းဆရာဝန်ဖြစ်တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦး တို့ကို သီးခြားထားကာ စောင့်ကြည့်လျှက်ရှိပါတယ်။ Kuredu ကျွန်းအပန်းဖြေစခန်းရဲ့ အခြေအနေကိုတော့ ပြောကြားသွားခြင်း မရှိပါဘူး။

အီတလီကနေလာတဲ့ ၊ ဒါမှမဟုတ် အီတလီမှာ တထောက်နားခဲ့တဲ့ ခရီးသွားတွေကို အရင်ဆုံး ၁၄ရက် စောင့်ကြည့်ပြီးမှ နိုင်ငံတွင်းကို ဝန်ခွင့်ပြုမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

မော်လ်ဒိုက်နိုင်ငံရဲ့ အဓိက စီးပွားရေး ကမ္ဘာလှည့်ခရီးသွားတွေအပေါ်ကို အဓိကမှီခိုနေတာဖြစ်တဲ့အတွက် အခုလို အပန်းဖြေစခန်းတွေကို ပိတ်ပင်လိုက်ခြင်းဟာ နိုင်ငံရဲ့စီးပွားရေးကို အတော်လေး ထိခိုက်သွားစေမှာ ဖြစ်ပါတယ်။

Ref:
ChannelNewsAsia : Maldives confirms first two cases of coronavirus

Tags: world news
Next Post
အလည်အပတ်သွားသင့်တဲ့ ကမ္ဘာ့အလှဆုံးနေရာ ၄၀

အလည်အပတ်သွားသင့်တဲ့ ကမ္ဘာ့အလှဆုံးနေရာ ၄၀

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!