Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျောင်းစာကို လက်တွေ့အသုံးချကာ လူပေါင်း ၁၀၀ ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ၁၀ နှစ် သမီး

by Thutamm
January 21, 2020
Reading Time: 1min read
0
ကျောင်းစာကို လက်တွေ့အသုံးချကာ လူပေါင်း ၁၀၀ ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ၁၀ နှစ် သမီး
Share on FacebookShare on Twitter

(၂၀၀၄)ခုနှစ်ဒီဇင်ဘာ(၂၆)ရက်နေ့က အိန္ဒိယသမုဒ္ဒရာတွင်းပါဝင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းဒေသ ကိုဗဟိုပြုပြီး ရစ်ချာစကေးပြင်းအား (၉.၁) ကနေ (၉.၃ )အကြား ရှိပြင်းထန်တဲ့ငလျင်ဒဏ် ကြောင့်အလွန်ကြီးမားတဲ့ ဆူနာမီလို့သိကြတဲ့အမြင့်ပေ(၅၀) ကနေ (၁၀၀)အကြား၊ အချို့နေရာတွေမှာဆိုရင် (၁၆၇)ပေလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းလှိုင်းလုံးကြီးတွေဟာ အင်ဒိုနီးရှား၊ ထိုင်း၊မြန်မာ၊အိန္ဒိယ၊မော်လဒိုက်၊သိရိလင်္ကာစတဲ့နိုင်ငံကမ်းခြေတွေကို ဝင်ရောက်ရိုက်ခတ် ခဲ့တာကြောင့် ယင်းကမ်းခြေတွေမှာလာရောက်အပန်းဖြေနေတဲ့ ဥရောပနိုင်ငံသားတွေ အပါအဝင် လူပေါင်း (၂၃၀၀၀၀)နီးပါးသေဆုံးခဲ့ရပါတဲ့အပြင် စုစုပေါင်းအဆောက်အအုံ ပစ္စည်းပျက်စီးမှုတန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာ (၁၅)ဘီလီယံလောက်ကိုရှိခဲ့ပါ တယ်။

သေဆုံးသူအားလုံးရဲ့ (၃)ပုံ(၂)ပုံလောက်ဟာ ကလေးများဖြစ်တယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေကနေ တစ်ဆင့်သိခဲ့ရပြီး အချို့နယ်မြေများမှာတော့ သေဆုံးတဲ့အမျိုးသမီးဦးရေဟာ အမျိုးသားတွေထက် (၄)ဆလောက်ပိုခဲ့တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံနဲ့အင်ဒိုနီးရှားကမ်းခြေတွေမှာသေဆုံးသူအများစုဟာ ဥရောပတိုက်သားတွေဖြစ်တယ်လို့သိရပြီး အထူးသဖြင့် စကင်ဒီနေဗီးယားနိုင်ငံများမှဖြစ်တယ်လို့သိရပါတယ်။

ခရစ်စမတ်လို အားလပ်ရက်ကာလအတွင်းနဲ့သွားရောက်တိုက်ဆိုင်ခဲ့တာကြောင့်နိုင်ငံခြားသားသေဆုံးမှုဟာ များပြားခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်မှာကျွန်တော်တို့မြန်မာနိုင်ငံလည်းပါဝင်ခဲ့ရပြီး စာရင်းတွေအရတော့ သေဆုံးသူ(၆၁)ယောက် (အတည်ပြုနိုင်)၊ ဒဏ်ရာရသူ (၄၅) ယောက်၊ပျောက်ဆုံးသူ အယောက် (၂၀၀)နဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သူ (၃၂၀၀)အထိရှိခဲ့တယ် လို့သိရပါတယ်။ အများစုကတော့ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ် နဲ့တနင်္သာရီတိုင်းတွင်း က ပင်လယ်ကမ်းခြေနေအိမ်ထောင်စုဝင်တွေဖြစ်ပါတယ်။

ယင်းဖြစ်စဉ်အတွင်းမှာပဲ Tilly Smith လို့အမည်ရတဲ့အင်္ဂလိပ်ကလေးငယ်တစ်ယောက်ရဲ့ သတိပေးမှုကြောင့် ထိုင်းနိုင်ငံ Maikhao ကမ်းခြေမှာအပန်းဖြေနေကြတဲ့နိုင်ငံခြားသား တွေအပါအဝင်လူ(၁၀၀)နီးပါးလောက်ဟာ အသက်ချမ်းသာရာရခဲ့ပါတယ်။ ယင်းအချိန် ကအသက်(၁၀)နှစ်အရွယ်သာရှိသေးတဲ့ Tilly Smith ဟာသူမရဲ့ပထဝီဝင်သင်ခန်းစာမှာ သင်ကြားခဲ့ရတဲ့ ငလျင်ကြီးတွေရဲ့နောက်ဆက်တွဲကနေ ပင်လယ်ရေပြင်အောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်ကာ လှိုင်းလုံးကြီးတွေဖြစ်ပေါ်ပြီးနီးစပ်ရာကမ်းခြေဒေသ တွေကိုဖုံးလွှမ်းသွားတတ်တယ်ဆိုတဲ့ အသိကြောင့် အလျှင်အမြန်သတိပေးခဲ့တဲ့အတွက် ဆူနာမီလှိုင်းတွေကမ်းခြေကိုမဖုံးလွှမ်းခင် မိနစ်ပိုင်းအလိုမှာပဲ ခရီးသည်တစ်ရာနီးပါးဟာ ဘေးလွတ်ရာကိုသွားရောက်ကာ အသက်ရှင်ခွင့်ရခဲ့ပါတယ်။

Tilly Smith ဟာထိုင်းနိုင်ငံဖူးခက်ကျွန်းကို မိသားစုနဲ့အတူခရစ်စမတ် အားလပ်ရပ်ကာလအတွက် အပန်းဖြေခရီးထွက်လာခဲ့တာဖြစ်ပါတယ်။ ခရီးမထွက်ခင်(၂)ပတ် လောက်က သူမနေထိုင်ရာ အင်္ဂလန်နိုင်ငံ Oxshott မြို့က Danes Hill School မှာဆူနာမီရေလှိုင်းတွေနဲ့ပတ်သက်တဲ့ ပထဝီဝင် ဘာသာရပ်ကို ဆရာဖြစ်သူ Andrew Kearney ထံကနေသင်ယူလေ့လာခွင့်ရခဲ့ပါတယ်။ သင်ခန်းစာအတွင်းပါဝင်တဲ့ ဆူနာမီရေလှိုင်းကမ်းခြေကို ဝင်ရောက်မတိုက်ခတ်ခင်ရှေ့ပြေး ဖြစ်ပေါ်လေ့ရှိတဲ့ပင်လယ်ရေမျက်နှာပြင် အံသြလောက်အောင် ထိုးကျသွားတာတွေ၊ ငါးတွေသေတာတွေ၊ ရေမျက်နှာပြင်ပေါ်မှာ ပူစီဖောင်းတွေထလာတဲ့တာတွေကို မြင်တွေ့ပြီးတဲ့နောက် (၁၀)နှစ်သမီးလေး Tilly Smith ဟာ ဒီနေရာမှာတော့ ဆူနာမီလှိုင်းတွေကျရောက်တော့မယ်အမေရေ သမီးတို့ ဒီနေရာကနေခွာမှရတော့မယ် အချိန်မီမသွားရင် သမီးတို့အသက်ရှင်နိုင်မှာမဟုတ်တဲ့အကြောင်း အော်ဟစ်ပြောကြားခဲ့ပါတယ်။

မိဘတွေကတစ်ဆင့်အခြားသောအပန်းဖြေသူတွေကို ဆက်လက် သတိပေးခဲ့ပြီးနောက်မှာတော့ Tilly Smith တို့မိသားစုအပါအဝင် အခြားအပန်းဖြေသူ (၁၀၀)လောက်ဟာဘေးလွတ်ရာကို ဆူနာမီလှိုင်းမကျရောက်ခင် မိနစ်ပိုင်းအလိုမှာပဲ ရွေပြောင်းနိုင်ခဲ့ကြပါတယ်။  ဟိုတယ်ရဲ့အမြင့်ဆုံးနေရာကို တက်ရောက်ခဲ့ကြတာကြောင့် ဆူနာမီလှိုင်းကြီးတွေရောက်လာတဲ့အခါ လူရာနဲ့ချီပြီး အသက်ဘေးက လွတ်သွားခဲ့တယ်။ Tilly Smith တို့မိသားစုအပန်းဖြေနေတဲ့ ဖူးခက်ကျွန်းအတွင်းက Maikhao Beach ဟာဆူနာမီလှိုင်းရိုက်ခတ်မှုကြောင့် လူသေဆုံးမှုနည်းပါးတဲ့ ကမ်းခြေတွေအနက်က တစ်ခုဖြစ်ခဲ့ပါတယ်။

ယင်းသတင်းဟာ ကမ္ဘာကျော်သတင်းတစ်ခုဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးက (၁၀)နှစ်အရွယ် ကလေးမလေး Tilly Smith ကိုဝိုင်းဝန်းချီးကျူးခဲ့ကြသလို ကမ္ဘာမီဒီယာတွေကလည်း Tilly Smithကို ကမ်းခြေစောင့်နတ်သမီးဆိုတဲ့အမည်ကို ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ Tilly Smith ရဲ့မိဘတွေကတော့သူတို့ရဲ့ ကလေးကို စီးပွားရေးဆိုင်ရာမီဒီယာတွေသတင်းယူခွင့်၊အင်တာဗျူးခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။

(၂၀၀၅)ခုနှစ်၊နိုဝင်ဘာရောက်ချိန်မှသာ Tilly Smith ဟာ UN ရဲ့ဆူနာမီပြန်လည်ထူထောင်ရေးဆိုင်ရာသံတမန် Bill Clinton နဲ့ ဖူးခတ်မှာကျင်းပတဲ့ဆူနာမီအောင်းမေ့ဖွယ် နေ့ပထမဆုံးအခမ်းအနားမှာတွေ့ဆုံကာ ပညာရေးကဏ္ဍရဲ့အရေးပါပုံသရုပ်ကိုဖော်ဆောင်ခဲ့ပါတယ်။ သူမဟာ (၂၀၀၅)ခုနှစ်၊ဒီဇင်ဘာမှာတော့ ပြင်သစ်မဂ္ဂဇင်း Mon Quotidiean ကနေပေး အပ်တဲ့ Child of the Year ဆုအပြင်များစွာသောဂုဏ်ပြုဆုတံဆိပ်များကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ယခု သူမအသက် ၂၅ နှစ်ပြည့်တဲ့အခါ ထိုင်းနိုင်ငံကို နောက်ထပ်တခေါက်လည်ပတ်ရင်း အသိပညာရဲ့တန်ဖိုးဟာ အလွန်ကြီးမားပါတယ်လို့ ပြောခဲ့ပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ကာ့ဒ်လူမျိုးတွေအကြောင်း သိကောင်းစရာ

ကာ့ဒ်လူမျိုးတွေအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!