Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုဗစ်ကာလအတွင်း ဟိမဝန္တာတောင်ကို ၁၂၅မိုင် အကွာမှ နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ် ပြန်မြင်ကြရ

by Thutamm
April 10, 2020
Reading Time: 1min read
0
ကိုဗစ်ကာလအတွင်း ဟိမဝန္တာတောင်ကို ၁၂၅မိုင် အကွာမှ နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ် ပြန်မြင်ကြရ
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လော့ဒေါင်းချထားတဲ့အချိန်အတွင်း အိန္ဒိယဒေသတော်တော်များများကနေ ဟိမဝန္တာတောင်ကို တဖန်ပြန်မြင်ကြရပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ပြန်မြင်ကြရတာဖြစ်ပြီး ၁၂၅မိုင်အကွာအဝေးကတောင် မြင်နိုင်နေပါပြီ။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က လူတွေဟာ မိုင်ပေါင်း ၁၂၅မိုင်အကွာအဝေးကနေ ဟိမဝန္တာတောင်တန်းကို အခုလိုပြန်မြင်ခဲ့ရကြောင်း ဆိုရှယ်နက်ဝက်မှာ ဓာတ်ပုံတွေရိုက်ကူးပြီး အပြိုင်အဆိုင်တင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုပြန်မြင်ရခြင်းရဲ့ အဓိက အကြောင်းကတော့ ကိုရိုနာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် စက်ရုံ အလုပ်ရုံအားလုံးနီးပါးကို ပိတ်သိမ်းလိုက်ပြီးနောက် လေထုညစ်ညမ်းမှုလျှော့ကျသွားခြင်းကြောင့် ဖြစ်ပါတယ်။

လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်နေထိုင်တဲ့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ၂၁ရက်ကြာ လော့ဒေါင်းချထားခဲ့တာဖြစ်ပြီး လုပ်ငန်းအားလုံးနီးပါး ပိတ်သိမ်းလိုက်သလို လမ်းတွေပေါ်မှာလည်း လူတွေမရှိသလောက် ရှင်းနေတယ်လို့ သိရပါတယ်။

Jalandhar မှာနေထိုင်သူ အိန္ဒိယရဲ့ နာမည်ကျော်ခရစ်ကတ်ကစားသမား Harbhajan Singh ကလည်း ငါ့အိမ်ကနေ အခုလိုမြင်ကွင်းကို မြင်ရဖို့ အတွေးထဲမှာတောင် မဖြစ်နိုင်ဘူးလို့ထင်ခဲ့တယ်။ အခုတော့ လေထုညစ်ညမ်းမှုတွေမရှိတော့တဲ့ မိခင်ကမ္ဘာကို သူ့ရဲ့နဂိုမြင်ကွင်းအတိုင်း ပြန်မြင်ရပြီ လို့ သူ့ရဲ့စာမျက်နှာမှာ ဟိမဝန္တာတောင်ကို လှမ်းမြင်ရတဲ့ဓာတ်ပုံတင်ရင်း ရေးသားခဲ့ပါတယ်။

အခြားဒေသခံ တစ်ယောက်ကလည်း အခုလိုမြင်ကွင်းမျိုးကို စက်ရုံတွေဆောက်လို့ လေထုညစ်ညမ်းပြီး မမြင်ရတော့တာ နှစ်ပေါင်း ၃၀ ရှိပြီ။ အခုမြင်ရတဲ့တောင်က ဟိမဝန္တာတောင်စဉ်တန်းထဲက Dhauladhar ဆိုတဲ့တောင်ပါ။ ဒီကနေ ၂၀၀ ကီလိုမီတာလောက်ဝေးပါတယ်။ လေထုညစ်ညမ်းမှု အနိမ့်ဆုံးဖြစ်သွားတဲ့အတွက် အခုလိုပြန်မြင်ရတာ လို့ ရေးသားခဲ့ပါတယ်။

အိန္ဒိယဟာ လူနေထူထပ်လွန်းပြီး စက်ရုံအလုပ်ရုံပေါများလွန်းတာကြောင့် လူပေါင်းများစွာဟာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေရပါတယ်။ WHO ရဲ့ ၂၀၁၂ ခုနှစ်စာရင်းအရ လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယမှာ သေဆုံးသူပေါင်း ၁.၂သန်း နီးပါးရှိခဲ့တယ် လို့ သိရပါတယ်။

ကိုရိုနာကူးစက်မှုကပ်ဘေး အတွင်းမှာ အိန္ဒိယသာမကပဲ ဥရောပ နဲ့ အမေရိက နိုင်ငံတွေမှာလည်း လော့ဒေါင်းချကာ စက်ရုံလုပ်ငန်းအများစု ရပ်ထားတာကြောင့် လေထုညစ်ညမ်းမှု အလွန်လျှော့ကျခဲ့တယ်လို့ ဂြိုဟ်တုပုံရိပ်တွေအရ သိရှိရပါတယ်။

လက်ရှိအချိန်ထိ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၆၇၇၁ဦး ရှိနေပြီး ၂၂၈ ဦး သေဆုံးခဲ့ကာ ၆၃၅ဦးကတော့ ပြန်လည်ကျန်းမာလာခဲ့ပြီ လို့ သိရပါတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!