Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုရိုနာဗိုင်းရပ်စ်စတင်ရာ ဝူဟန်ကို လော့ဒေါင်းပြန်ဖွင့်ပေးလိုက်ပြီ

by Thutamm
April 8, 2020
Reading Time: 1min read
0
ကိုရိုနာဗိုင်းရပ်စ်စတင်ရာ ဝူဟန်ကို လော့ဒေါင်းပြန်ဖွင့်ပေးလိုက်ပြီ
Share on FacebookShare on Twitter

(Uni)

လက်ရှိကမ္ဘာအနှံ့မှာ ကူးစက်မှုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့အတွက် ဝူဟန်ဗိုင်းရပ်စ်လို့တောင် နာမည်ကျော်ပါတယ်။ အခုတော့ တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ရဲ့အစ ဝူဟန်မြို့ကို လော့ဒေါင်းချထားရာကနေ ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ဝူဟန်မြို့ကိုလော့ဒေါင်းချအပြီး ၇၆ရက်အကြာမှာ ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီး နေရာအချို့မှာတော့ သတိပေးမှုတွေနဲ့အတူ ကန့်သတ်မှုတွေကို ဆက်ထားနေဆဲဖြစ်ပါတယ်။

လူဦးရေ ၁၁သန်းကျော်နေထိုင်တဲ့ ဝူဟန်မြို့မှာ ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူကို ဒီဇင်ဘာလမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ကူးစက်ရောဂါပျံနှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဇန်နဝါရီလ ၂၃ ရက်နေ့ကစလို့ ဒီမြို့ကို လော့ဒေါင်းချထားခဲ့ပါတယ်။

ယခု ဗုဒ္ဓဟူးနေ့မှာတော့ ကျန်းမာရေးကောင်းမွန်တဲ့ ဒေသခံတွေနဲ့ ခရီးသွားတွေကို ဝူဟန်မြို့ကနေ ထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်သလို ရထား ၊ လေယာဉ်လိုင်းတွေ နဲ့ အမြန်လမ်းတွေကိုပါ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ဝူဟန်မီးရထားဌာနရဲ့ခန့်မှန်းမှုအရ ခရီးသွားပေါင်း ၅၅၀၀၀ ခန့်ဟာ ဗုဒ္ဓဟူးနေ့မှာပဲ ဝူဟန်မြို့ကနေ ရထားခရီးစဉ်နဲ့ ထွက်ခွာမယ်လို့ သိရပြီး စုစုပေါင်း ခရီးသွားဦးရေထဲက ၄၀% ခန့်ဟာ ပုလဲမြစ်ဝကျွန်းပေါ်ဒေသက တရုတ်နိုင်ငံရဲ့ အဓိကစက်မှုဇုန်တွေဆီကို ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကထဲက ဒီဒေသတဝိုက်မှာ ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ မရှိသလောက်နည်းပါးနေပြီလို့ ကြေငြာခဲ့ပြီးနောက် အခုလို ခရီးသွားမှုတွေကို ဖြေလျော့ပေးလိုက်တာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ရာမှာ တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတရပ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Luo Ping က စီးပွားရေး နဲ့ ခရီးသွားလာရေးတွေကို မကြာမီပြန်လည်စတင်နိုင်တော့မယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားပြန်တွေကနေ တဆင့် ဒေသခံတွေကိုပြန်လည်ကူးစက်မှာကိုတော့ သူစိုးရိမ်နေကြောင်း ဆိုပါတယ်။

အလုပ်တွေ နဲ့ ကုန်ထုတ်လုပ်ရေးတွေကို ပြန်လည်ဖွင့်ပေးလိုက်သလို လူတွေဟာလည်း သွားလာနိုင်ပြီလို့ ဆိုပေမယ့် လူစုလူဝေးတွေမလုပ်ဖို့ နဲ့ နှာခေါင်းစည်းတွေကို ဆက်လက်တပ်ဆင်ထားဖို့လိုသေးကြောင်း ၊ တချို့ဒေသခံတွေက ဒီအချက်တွေကို မလိုက်နာကြကြောင်း ၊ ပြန်ဖွင့်ပေးလိုက်ပြီဆိုပေမယ့် ဗိုင်းရပ်စ်ကင်းစင်သွားပြီလို့ ဆိုခြင်းမဟုတ်ပဲ ထိန်းချုပ်ထားတဲ့အခြေအနေကနေ အနည်းငယ်သာ ဖြေလျော့ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။

လက်ရှိကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၄သိန်းကျော်သွားသလို ကူးစက်ခံပြီးနောက် သေဆုံးခဲ့သူပေါင်းကလည်း ၈၂၁၄၅ဦးရှိပြီ ဖြစ်တဲ့အချိန်မှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာတော့ ကူးစက်သူ ၈၂၀၀၀ ကျော်မှာ အနည်းငယ်သာ ထပ်တိုးပြီး သေဆုံးသူပေါင်း ၃၃၀၀ကျော်ရှိကာ ပြန်လည်ကျန်းမာလာသူပေါင်းကတော့ ၇၇၀၀၀ကျော်ဖြစ်တဲ့အတွက် လက်ရှိကူးစက်နေဆဲ လူနာ ၂၀၀၀ ဝန်းကျင်သာ ကျန်ရှိတော့ပါတယ်။

Ref :
CNN : China lifts 76-day lockdown on Wuhan as city reemerges from coronavirus crisis

——— ——— ——

(Zawgyi)

ကို႐ိုနာဗိုင္းရပ္စ္စတင္ရာ ဝူဟန္ကို ေလာ့ေဒါင္းျပန္ဖြင့္ေပးလိုက္ၿပီ

လက္ရွိကမာၻအႏွံ႔မွာ ကူးစက္မႈျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ခဲ့တဲ့အတြက္ ဝူဟန္ဗိုင္းရပ္စ္လို႔ေတာင္ နာမည္ေက်ာ္ပါတယ္။ အခုေတာ့ တ႐ုတ္ႏိုင္ငံဟာ ဗိုင္းရပ္စ္ရဲ႕အစ ဝူဟန္ၿမိဳ႕ကို ေလာ့ေဒါင္းခ်ထားရာကေန ျပန္လည္ဖြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။

ဝူဟန္ၿမိဳ႕ကိုေလာ့ေဒါင္းခ်အၿပီး ၇၆ရက္အၾကာမွာ ျပန္လည္ဖြင့္လွစ္ေပးလိုက္တာျဖစ္ၿပီး ေနရာအခ်ိဳ႕မွာေတာ့ သတိေပးမႈေတြနဲ႔အတူ ကန႔္သတ္မႈေတြကို ဆက္ထားေနဆဲျဖစ္ပါတယ္။

လူဦးေရ ၁၁သန္းေက်ာ္ေနထိုင္တဲ့ ဝူဟန္ၿမိဳ႕မွာ ပထမဆုံးကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူကို ဒီဇင္ဘာလမွာ စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ၿပီး ကူးစက္ေရာဂါပ်ံႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဇန္နဝါရီလ ၂၃ ရက္ေန႔ကစလို႔ ဒီၿမိဳ႕ကို ေလာ့ေဒါင္းခ်ထားခဲ့ပါတယ္။

ယခု ဗုဒၶဟူးေန႔မွာေတာ့ က်န္းမာေရးေကာင္းမြန္တဲ့ ေဒသခံေတြနဲ႔ ခရီးသြားေတြကို ဝူဟန္ၿမိဳ႕ကေန ထြက္ခြာခြင့္ေပးလိုက္ၿပီျဖစ္သလို ရထား ၊ ေလယာဥ္လိုင္းေတြ နဲ႔ အျမန္လမ္းေတြကိုပါ ျပန္ဖြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။

ဝူဟန္မီးရထားဌာနရဲ႕ခန႔္မွန္းမႈအရ ခရီးသြားေပါင္း ၅၅၀၀၀ ခန႔္ဟာ ဗုဒၶဟူးေန႔မွာပဲ ဝူဟန္ၿမိဳ႕ကေန ရထားခရီးစဥ္နဲ႔ ထြက္ခြာမယ္လို႔ သိရၿပီး စုစုေပါင္း ခရီးသြားဦးေရထဲက ၄၀% ခန႔္ဟာ ပုလဲျမစ္ဝကြၽန္းေပၚေဒသက တ႐ုတ္ႏိုင္ငံရဲ႕ အဓိကစက္မႈဇုန္ေတြဆီကို ထြက္ခြာမွာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြကထဲက ဒီေဒသတဝိုက္မွာ ဗိုင္းရပ္စ္ထပ္မံကူးစက္ခံရသူ မရွိသေလာက္နည္းပါးေနၿပီလို႔ ေၾကျငာခဲ့ၿပီးေနာက္ အခုလို ခရီးသြားမႈေတြကို ေျဖေလ်ာ့ေပးလိုက္တာ ကို႐ိုနာဗိုင္းရပ္စ္ကို တြန္းလွန္ရာမွာ တ႐ုတ္ႏိုင္ငံရဲ႕ ေအာင္ျမင္မႈတရပ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာနက တာဝန္ရွိသူတစ္ေယာက္ျဖစ္တဲ့ Luo Ping က စီးပြားေရး နဲ႔ ခရီးသြားလာေရးေတြကို မၾကာမီျပန္လည္စတင္ႏိုင္ေတာ့မယ္လို႔ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကတည္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ႏိုင္ငံျခားျပန္ေတြကေန တဆင့္ ေဒသခံေတြကိုျပန္လည္ကူးစက္မွာကိုေတာ့ သူစိုးရိမ္ေနေၾကာင္း ဆိုပါတယ္။

အလုပ္ေတြ နဲ႔ ကုန္ထုတ္လုပ္ေရးေတြကို ျပန္လည္ဖြင့္ေပးလိုက္သလို လူေတြဟာလည္း သြားလာႏိုင္ၿပီလို႔ ဆိုေပမယ့္ လူစုလူေဝးေတြမလုပ္ဖို႔ နဲ႔ ႏွာေခါင္းစည္းေတြကို ဆက္လက္တပ္ဆင္ထားဖို႔လိုေသးေၾကာင္း ၊ တခ်ိဳ႕ေဒသခံေတြက ဒီအခ်က္ေတြကို မလိုက္နာၾကေၾကာင္း ၊ ျပန္ဖြင့္ေပးလိုက္ၿပီဆိုေပမယ့္ ဗိုင္းရပ္စ္ကင္းစင္သြားၿပီလို႔ ဆိုျခင္းမဟုတ္ပဲ ထိန္းခ်ဳပ္ထားတဲ့အေျခအေနကေန အနည္းငယ္သာ ေျဖေလ်ာ့ေပးလိုက္ျခင္းသာ ျဖစ္ေၾကာင္း အသံလႊင့္ဌာနကို ေျပာၾကားခဲ့ပါတယ္။

လက္ရွိကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၁၄သိန္းေက်ာ္သြားသလို ကူးစက္ခံၿပီးေနာက္ ေသဆုံးခဲ့သူေပါင္းကလည္း ၈၂၁၄၅ဦးရွိၿပီ ျဖစ္တဲ့အခ်ိန္မွာ ဗိုင္းရပ္စ္စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံမွာေတာ့ ကူးစက္သူ ၈၂၀၀၀ ေက်ာ္မွာ အနည္းငယ္သာ ထပ္တိုးၿပီး ေသဆုံးသူေပါင္း ၃၃၀၀ေက်ာ္ရွိကာ ျပန္လည္က်န္းမာလာသူေပါင္းကေတာ့ ၇၇၀၀၀ေက်ာ္ျဖစ္တဲ့အတြက္ လက္ရွိကူးစက္ေနဆဲ လူနာ ၂၀၀၀ ဝန္းက်င္သာ က်န္ရွိေတာ့ပါတယ္။

Ref :
CNN : China lifts 76-day lockdown on Wuhan as city reemerges from coronavirus crisis

 

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Next Post
၁၁ယောက် ကိုဗစ်နိုင်တင်းအကူးခံရပြီး ၁၁ယောက်လုံး ပြန်လည်ကျန်းမာလာခဲ့တဲ့ ဂရင်းလန်

၁၁ယောက် ကိုဗစ်နိုင်တင်းအကူးခံရပြီး ၁၁ယောက်လုံး ပြန်လည်ကျန်းမာလာခဲ့တဲ့ ဂရင်းလန်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!