• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုရိုနာကြောင့် အီတလီနိုင်ငံသားအားလုံး အိမ်မှာပဲ နေကြဖို့ ဝန်ကြီးချုပ်ပြော

by Thutamm
March 10, 2020
Reading Time: 1min read
0
ကိုရိုနာကြောင့် အီတလီနိုင်ငံသားအားလုံး အိမ်မှာပဲ နေကြဖို့ ဝန်ကြီးချုပ်ပြော
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ တနင်္လာနေ့(မတ်၉) က အီတလီဝန်ကြီးချုပ်ဖြစ်သူ Giuseppe Conte က ကိုရိုနာဗိုင်းရပ်စ်ပိုး အီတလီတနိုင်ငံလုံး မပျံ့နှံ့သွားစေဖို့အတွက် ဘယ်မှမသွားပဲ ကိုယ့်အိမ်မှာပဲနေကြဖို့ ပြည်သူတွေကို ပြောကြားလိုက်တဲ့အပြင် လူစုလူဝေး အခမ်းအနားတွေကို ပိတ်ပစ်လိုက်ပါတယ်။ စီးရီးအေ အပါအဝင် အားကစားပြိုင်ပွဲအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလ ၃ရက်နေ့အထိ မကျင်းပဖို့ ပိတ်ပင်လိုက်ပါတယ်။

လူပေါင်း သန်း ၆၀နေထိုင်ရာ ဒီ မြေထဲပင်လယ်နိုင်ငံဟာ အရင်တခါမှ မကြုံဖူးတဲ့ ဆိုးဝါးလွန်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ တနေ့ထက် တနေ့ပိုမိုဆိုးရွားလာတဲ့ အီတလီနိုင်ငံဟာ လက်ရှိအချိန်မှာတော့ လူပေါင်း ၉၂၀၀ နီးပါး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသလို ဒီအထဲက ၄၆၃ဦးဟာ သေဆုံးသွားခဲ့ရပါပြီ။ ဒါကြောင့် အီတလီဟာ တရုတ်နိုင်ငံပြီးရင် ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံးနိုင်ငံ ဖြစ်လာပါတယ်။

တိုင်းပြည်အတွင်းမှာပဲ တနေရာနဲ့ တနေရာ ခရီးသွားခွင့်ကို ပိတ်ပင်ထားလိုက်သလို လက်ထပ်ပွဲတွေ ၊ အသုဘအခမ်းအနားတွေပြုလုပ်ဖို့ကိုလည်း ၃ပတ်ထက် မနည်းပိတ်ပင်ထားလိုက်ပါပြီ။ အီတလီတနိုင်ငံလုံးမှာလည်း ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ ကဇတ်ရုံတွေ အားကစားကွင်းတွေအပါအဝင် လူစုလူဝေးဖြစ်မယ့်နေရာတွေအားလုံးကို ပိတ်ထားဖို့လည်း အမိန့်ထုတ်ထားသလို စားသောက်ဆိုင်တွေ ၊ ဘားတွေဟာလည်း ညနေ ၆နာရီ အထိသာ ဖွင့်ခွင့်ရတော့မှာပါ။

သွားလာခွင့်တွေကို ပိတ်ပင်လိုက်ပြီဆိုပေမယ့် အလုပ် နဲ့ ကျန်းမာရေးလို အရေးပေါ်အခြေအနေအတွက်တော့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် အပြင်ထွက်တဲ့သူတွေဟာ ရဲဝန်ထမ်းတွေ ဒါမှမဟုတ် အစိုးရတာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းတဲ့အခါမှာ လုံလောက်တဲ့ အကြောင်းပြချက် နဲ့ ဖြေရှင်းပြနိုင်ဖို့ လိုပါတယ်။

ကျောင်းတွေ နဲ့ တက္ကသိုလ်တွေကိုလည်း ချက်ချင်းပိတ်ထားလိုက်ပြီးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဝန်ထမ်းတွေကိုခွင့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘာသာရေးဆိုင်ရာ ဘုရားကျောင်းတွေကို ဖွင့်ပေးထားပေမယ့် အဲဒီကိုလာတဲ့သူတွေဟာ တစ်ယောက် နဲ့ တစ်ယောက် သင့်တော်တဲ့အကွာအဝေးမှာ ခပ်ခွာခွာနေရမှာဖြစ်ပါတယ်။

အီတလီမြောက်ပိုင်းဒေသ Lombardy နဲ့ ထိစပ်နေတဲ့ ပြည်နယ် ၁၄ ခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက သီးခြားကန့်သတ်ထားခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာတော့ တနိုင်ငံလုံးက လူပေါင်း သန်း ၆၀ ကို ခရီးမသွားဖို့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ Wuhan မြို့က စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လက်ရှိအချိန်ထိ ကမ္ဘာအနှံ့မှာ လူပေါင်း ၁၁၄၀၀၀ကျော်ကို ကူးစက်ပြီးဖြစ်သလို လူပေါင်း ၄၀၂၄ယောက်ကို သေဆုံးစေခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် လူပေါင်း ၆၄၀၀၀ကျော်ဟာ ပြန်လည်ကျန်းမာလာတဲ့အတွက် သေဆုံးမှုနှုန်းဟာ ၁၀၀မှာ ၃.၅၇ယောက် ရှိနေတာဖြစ်ပါတယ်။

Ref:
Channel News Asia : All of Italy to be placed under lockdown, says PM
Business Insider : Italy’s prime minister just placed the entire country on lockdown in a nationwide extension

Tags: world news
Next Post
မဟူရာကို ရွှေအဖြစ် ပြောင်းပစ်ခဲ့သူ

မဟူရာကို ရွှေအဖြစ် ပြောင်းပစ်ခဲ့သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!