မရွှေမိုး ကိုရီးယား ရေးသားသည်။
ကိုယ့် ခန္ဓာကိုယ်ထဲကို ကိုရိုနာဗိုင်းရပ်စ် ဝင်ဖူးခဲ့လေသလား သိချင်ရင် antibody-based test လုပ်ရပါတယ်။ COVID-19 antibody test စစ်ဆေးမှုကိုသောကြာနေ့ နဲ့ စနေနေ့တွေမှာ အမေရိကန် ( Los Angeles ဘက်) မှာ စတင်ခဲ့ပါပြီ..။ လူပေါင်း ၃၆,၀၀၀ ကိုစမ်းသပ်သွားမှာဖြစ်တယ်။
လူမသိ သူမသိ ဗိုင်းရပ်စ်ကူးစက်ခံထားပြီး လူမသိ၊ သူမသိ ပြန်ကောင်းလာတဲ့ သူ အရေအတွက်သိနိုင်ဖို့ပေါ့..။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား ပဋိပစ္စည်းတွေထဲက ပရိုတိန်းတစ်ချို့ဟာ COVID-19 ရောဂါကူးစက်မှုကို တုန့်ပြန်တိုက်ခိုက်နိုင်တယ်တဲ့..။ အဲဒီ ပရိုတင်းတချို့ကို COVID-19 ရောဂါ ရပြီးခဲ့သူရဲ့ သွေးနဲ့ တစ်ရှူးတစ်ချို့မှာ တွေ့ရတယ်လို့ဆိုပါတယ်..။ အဲဒါကို စမ်းတဲ့ test ဖြစ်ပါတယ်။
ရောဂါရပြီး COVID-19 ကိုတိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအားရှိပြီးသားလူတွေ အလုပ်ထွက်လုပ်နိုင်ရင် စီးပွါးရေးပြဿနာကို အနည်းနဲ့ အများဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အဲဒီ test ကို မြန်မာပြည်ကနေ ဝယ်ရ/ မရတော့ မသိပါ။ ကျမ်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဆိုင်/ ဆေးရုံတွေမှာ စုံစမ်းရမှာဖြစ်ပါတယ်။
antibody-based test ဆိုတာဘာလဲ..?
တစ်စုံတစ်ဦးက သူ့ကိုယ်သူ ကိုရိုနာဗိုင်းရပ်စ် ဝင်လို့ ဝင်ပြီးမှန်းမသိ၊ တုပ်ကွေးလိုလို ဘာလိုလိုနဲ့ နေပြန်ကောင်းသွားတယ်ဆိုပါစို့..။ ဒါဆို အဲဒီလူရဲ့ ကိုယ်ခံအားစနစ်ဟာ ကိုရိုနာ ဗိုင်းရပ်စ်တိုက်ခိုက်ဖို့အတွက် ပဋိပစ္စည်း (antibodies) တွေထုတ်လုပ်နိုင်လို့ နေပြန်ကောင်းသွားတာဖြစ်တယ်..။
တစ်စုံတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပြန်တိုက်ခိုက်တဲ့ ပဋိပစ္စည်းတွေ( coronavirus-specific antibodies) တွေ ရှိပြီးပြီးလား၊ မရှိသေးဘူးလား စစ်ဆေးတဲ့ test ကိုခေါ်တယ်..။ အလွယ်ပြောရရင် လူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်ထဲ ကိုရိုနာဗိုင်းရပ်စ် ဝင်ဖူးလား၊ မဝင်ဖူးဘူးလား စစ်တဲ့ test ဖြစ်ပါတယ်..။
antibody-based test က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို တိုက်ပွဲဝင်တဲ့နေရာမှာအရေးကြီးတဲ့ ကိရိယာတစ်ခုတဲ့။ ဘာလို့အရေးကြီးတာလဲဆိုတော့ ကိုရိုနာဗိုင်းရပ်ကို ပြန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းတွေ ကိုယ့်ခန္ဓာကိုယ်ထဲရှိပြီးသားလို့ သိရရင် မိမိကိုယ်မိမိ နဲ့ မိသားစုအတွက် စိတ်လုံခြုံရတယ်..။
အလုပ်ထွက်လုပ်နိုင်တယ်..။ နေမကောင်းတဲ့သူကို ကူနိုင်တယ်..။ ဒါကြောင့် ကျန်းမာရေးအလုပ်သမားတွေအတွက် လိုအပ်တယ်..။ ကိုယ့်ခန္ဓာကိုယ်မှာ အဲဒီ ပဋိပစ္စည်းတွေ မရှိသေးရင် အနေအထိုင် သတိပြုဆင်ခြင်နိုင်မယ်ပေါ့..။
ဒါဆို ကိုရိုနာဗိုင်းရပ်စ် တစ်ခါဝင်ဖူးတဲ့သူက ထပ်မဝင်တော့ဘူးလား..။ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ ထပ်ဖြစ်တာ ရာခိုင်နှုန်း နည်းတယ်တဲ့..။ အကယ်၍ ထပ်ဖြစ်ခဲ့ရင်လည်းပထမတစ်ခါလောက် မပြင်းထန်ဘူးလို့ဆိုကြတယ်..။
FDA က ဘယ်ကုမ္ပဏီတွေမဆို မှတ်ပုံတင်တင်၊ မတင်တင် COVID-19 အတွက် antibody စစ်ဆေးမှုတွေ ပြုလုပ်ခွင့်နှင့်၊ ဖြန့်ဖြူးခွင့် ပြုထားပြီးဖြစ်တယ်.။ ဒါပေမဲ့ FDA က ပထမဆုံး အသိအမှတ်ပြုခံရတဲ့ ကုမ္ပဏီက Cellex ဆိုတဲ့ ဇီဝနည်းပညာကုမ္ပဏီ ဖြစ်တယ်..။
သွေးဖောက်စစ်ရင် ၁၅ မိနစ် ကနေ ၂၀ မိနစ်အတွင်း သိရပြီ..။ ကိုယ့်အိမ်မှာနေရင်းစစ်လို့ရတော့ ဆေးရုံသွားစရာမလိုတော့ဘူးပေါ့..။ ဒီ test ကလည်း တိကျဖို့ အရေးကြီးတယ်။ ကိုယ့်မှာ ကိုရိုနာဗိုင်းရပ်ကို ပြန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းတွေ မရှိပဲရှိတယ်ဆိုပြီး အဖြေမှားထွက်လာရင် ဒုက္ခရောက်နိုင်တယ်လေ..။
CBS ရေဒီယို ရဲ့ တွေ့ဆုံမေးမြန်း အခန်းကဏ္ဍမှာ FDA က ကော်မရှင်နာ စတီဗင်ဟန်း(FDA commissioner Stephen Hahn, MD) က အတည်ပြုတယ်လို့ပြောသွားပါတယ်..။
Test အမည် – qSARS-CoV-2 IgG/IgM RapidTest
ပြီးခဲ့တဲ့လတွေက တစ်ပတ်၊ နှစ်ပတ်လောက် ဖျားဖူးတယ်။ ပြန်ကောင်းသွားတယ်။ COVID-19 ရောဂါလက္ခဏာတွေနဲ့လည်း တူနေသလိုပဲ ဆိုတဲ့ သူတွေ အတွက် အသုံးဝင်တာပေါ့..။
VIDEO
မရွှေမိုး ( ကိုရီးယား )
Discussion about this post