Comoros နိုင်ငံဟာဆိုရင် အိန္ဒိယသမုဒ္ဒရာအတွင်းမှာတည်ရှိနေတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပြီး အာဖရိကတိုက်အရှေဘက်စွန်းကမ်းခြေဒေသနဲ့ မန်ဒါဂက်စတာ(Madagascar) ကျွန်းအကြားမှာတည်ရှိနေပါတယ်။ နိုင်ငံရဲ့တရားဝင်အမည်ကတော့ Comoros ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ တန်ဇန်းနီးယား ၊ ဆေချယ်လ်စ်၊ မိုဇမ်ဘစ် နဲ့ မန်ဒါဂတ်စကာ တို့ဖြစ်ကြပါတယ်။ Comoros ဆိုတာကတော့ အာရေဗီစကား qamar ကနေ ဆင်းသက်လာတာဖြစ်ပြီး “လ(Moon)” လို့ အဓိပ္ပါယ်ရပါတယ်။ Comoros နိုင်ငံရဲ့တရားဝင်ဘာသာစကား(၃)မျိုးကတော့ ဒေသခံ Comoros ဘာသာစကား၊အင်္ဂလိပ်နဲ့ အာရေဗီဘာသာစကားတွြေ့ဖစ်ကြ ပါတယ်။
(၂၀၁၈)ခုနှစ် စာရင်းအရ Comoros နိုင်ငံရဲ့လူဦးရေဟာ (၈၅၀,၆၈၈)ဦး နိုင်ငံအကျယ်အဝန်းကတော့ စတုရန်းမိုင် (၇၈၅)မိုင်ဖြစ်ပါတယ်။ ယင်းအကျယ်အဝန်းကြောင့်လည်း Comoros ဟာအာဖရိကတိုက်ရဲ့စတုတ္ထမြောက်အသေးဆုံးနိုင်ငံအဖြစ် လည်းမှတ်တမ်းဝင်ထားပါတယ်။ Moroni မြို့တော်ဟာဆိုရင် နိုင်ငံရဲ့အကြီးဆုံးမြို့တော်အဖြစ်သာမက အစိုးရရုံးစိုက်ရာမြို့တော်အဖြစ်ရှိနေပြီး Comoros နိုင်ငံရဲ့အဓိက ကျွန်းမကြီး(၃)ခုအနက် အကြီးဆုံးဖြစ်တဲ့ Grande Comore ကျွန်းပေါ်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ Comoros နိုင်ငံသားတွေကတော့ မြို့တော်ဟာ မီးတောင်ရှင်ကြီးတစ်ခုဖြစ် တဲ့ Mount Karthala ရဲ့တောင်ခြေမှာရှိနေတဲ့အချက်ကြောင့် Monori မြို့တော်ကို မီးတောင်ရဲ့နှလုံးသားလို့တင်စားခေါ်ဆိုလေ့ရှိကြပါတယ်။
Comoros နိုင်ငံဟာဆိုရင်အဓိကကျွန်းမကြီး(၃)ခုအပြင် ကျွန်းပေါင်းများစွာနဲ့ စုစည်းတည်ဆောက်ထားတဲ့နိုင်ငံတစ်ခုအဖြစ်တည်ရှိနေပြီး ကျွန်းတိုင်းလိုလိုမှ ာမီးတောင်ရှင်တွေတည်ရှိနေပါတယ်။ ပြင်သစ်လိုနာမည်ပေးထားတဲ့အဓိကကျွန်းမကြီး(၃)ခုရဲ့အမည်တွေကတော့ အနောက်မြောက်ဘက်စွန်းအရပ်မှာတည်ရှိနေတဲ့ Grande Comore ၊ Mohell နဲ့ Anjouan ကျွန်းတွေဖြစ်ကြပါတယ်။
Comoros နိုင်ငံတွင်းကကျွန်းအများစုရဲ့အတွင်းပိုင်းဟာဆိုရင် အလွန်မတ်စောက်ပြီး ဖြေးဖြေးချင်းပြေဆင်းလာတဲ့တောင်ကုန်း တောင်တန်းတွေကိုပိုင်ဆိုင်ထားပါတယ်။ Comoros နိုင်ငံရဲ့အမြင့်ဆုံးအပိုင်းကတော့ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၂၃၆၁)ပေအထိမြင့်မားတဲ့ Mount Karthaka မီးတောင်ပဲဖြစ်ပါတယ်။ ယင်းမီးတောင်ဟာ (၁၉)ရာစုကာလကနေစတင်ပြီးယနေ့လိုကာလအထိအကြိမ်ပေါင်း (၂၀)လောက်ပေါက်ကွဲခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
Comoros နိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်းအရှည်မိုင်(၂၁၁)မိုင်လောက်အထိရှည်လျားပြီး အပြာရောင်ရေပြင်နဲ့အဖြူရောင်သဲသောင်တွေနဲ့အတူ ကမ္ဘာအလှဆုံးသောသဲသောင်ပြင် စာရင်းဝင်သဘာဝအမွေအနှစ်တွေကိုပိုင်ဆိုင်ထားပါတယ်။ ကမ်းရိုးတန်းနေရာတော်တော်များများဟာဆိုရင် လူသားတွေလာရောက်မှုနည်းပါးတဲ့ သဘာဝအတိုင်းသာကျန်ရှိနေဆဲ ဖြစ်တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီနိုင်ငံဟာဆိုရင်ကမ္ဘာပေါ်ကအကြီးဆုံး atoll( အလယ်တွင်ရေငန်အိုင်ရှိသောသန ္တာကျောက်ကျွန်း) တွေအနက်ကတစ်ခုကိုပိုင်ဆိုင်ထားပြီး ယင်းအတွင်းမှာဆိုရင်ထောင်နဲ့ ချီတဲ့ငါးမျိုးစိတ်တွေ၊ခရုနဲ့သန ္တာကောင်မျိုးစိတ်တွေတည်ရှိနေပါတယ်။ ဒါအပြင်အလွန်ကြီးမားတဲ့ပင်လယ်လိပ်တွေ၊ Manta ray ၊ဝေလငါး၊ ငါးမန်းစတဲ့ ရေနေသတ္တဝါတွေကို သဘာဝအတိုင်းကြည့်ရှု့နိုင်ဖို့အတွက် ကမ္ဘာတလွှားက ခရီးသွားတွေ လာရောက်လေ့ရှိကြပါတယ်။
Comoros ရဲ့နောက်ထပ်နာမည်ကျော်သဘာဝရေကန်ရဲ့နာမည်ကတော့ Lac Sale ဖြစ်ပါတယ်။ ယင်းကန်ဟာမီးတောင်ပေါက်ဝတစ်ခုမှာဖြစ်တည်နေတာဖြစ်ပြီး ဆာလဖာပေါများစွာ ပါဝင်နေတဲ့ဆားရေကန်တစ်ခုဖြစ်ပါတယ်။ တည်ရှိရာနေရာကတော့ Grand Comore ကျွန်းမကြီးအတွင်းက Mytsamiouli ရဲ့အလွန်ကမ်းခြေနဲ့ကပ်လျက်အနေအထားမှာတည်ရှိနေ တာဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာအတွင်းက Comoros ပြည်ထောင်စုသမ္မတနိုင်ငံတော်ရဲ့ထင်ရှားတဲ့ဗလီကတော့ Nouvelle Mosquee de Vendredi ဖြစ်ပြီးမြို့တော် Moroni မှာတည်ရှိနေပါတယ်။ အထူးထင်ရှားတဲ့ဗိသုကာလက်ရာတွေနဲ့အတူ Vendredi Mosquee ဟာ Comoros နိုင်ငံရဲ့အထင်ကရဘာသာရေးအဆောက်အအုံတစ်ခုအဖြစ်တည်ရှိနေပါတယ်။ စုစုပေါင်းလူဦးရေရဲ့ ၉၉% ဟာ အစ္စလာမ်ဘာသာကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူ အနည်းငယ်ရှိပါတယ်။
(၆)ရာစုကာလလောက်ကတည်းကComoros နိုင်ငံကို ပထမဆုံးသောအခြေချနေထိုင်ခဲ့သူတွေကတော့ Polynesian နဲ့ Melanesian မျိုးနွယ်စုတွေဖြစ်တယ်လို့သိရပြီး နောက်ပိုင်းမှာတော့ မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံကတွေ ပင်လယ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသူတွေလည်း ပြောင်းရွေအခြေချ နေထိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ ယင်းတို့မတိုင်ခင်ကာလက Comoros မှာအခြေချနေထိုင်ခဲ့ကြသူတွေကတော့ Nzwani မျိုးနွယ်စုတွေဖြစ်ပြီး (၁)ရာစုကာလအတွင်းစတင် အခြေချနေထိုင်ခဲ့ကြတယ်လို့ တူးဖော်တွေ့ရှိတဲ့သမိုင်းအချက်အလက်တွေအရ သမိုင်းပညာရှင်တွေကခန့်မှန်းထားကြတာရှိပါတယ်။
ပထမထောင်စုနှစ်ကာလအတွင်း အာဖရိကတိုက်တစ်လွှားနယ်မြေချဲ့ထွင်ခဲ့တဲ့ Bantu မျိုးနွယ်တွေရဲ့ဖြစ်စဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့လည်း Comoros ကျွန်းနိုင်ငံတွင်းကို Bantu ဘာသာစကားပြောလူသားမျိုးနွယ်စုတွေအခြေချနေထိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ (၁၅၀၅)ခုနှစ်ရောက်ချိန်မှာတော့ ပေါ်တူဂီနယ်မြေသစ်ရှာဖွေသူတွေက Comoros နိုင်ငံ ကိုစတင်တွေ့ရှိခဲ့ကြပါတယ်။ (၁၈၄၃)ခုနှစ်ရောက်ချိန်မှာတော့ Comoros နိုင်ငံရဲ့ Mayotte ဟာပြင်သစ်တွေရဲ့ကိုလိုနီနယ်မြေဖြစ်သွားခဲ့ပြီး (၁၉၀၄)ခုနှစ်ရောက်ချိန်မှာတော့ Comoros တစ်နိုင်ငံလုံးဟာ ပြင်သစ်တွေရဲ့ထိန်းချုပ်မှုအောက်ကိုလုံးဝရောက်ရှိသွားခဲ့ပါတော့တယ်။
(၁၉၇၄)ခုနှစ်ရောက်ချိန်မှာတော့ Comoros နိုင်ငံလူဦးရေရဲ့(၉၅)ရာခိုင်နှုန်းခန့်ဟာ နိုင်ငံလွတ်လပ်ရေးအတွက်ဆန္ဒပြုခဲ့ပါတယ်။ ကျန်(၅)ရာခိုင်နှုန်းကတော့ Mayotte ဒေသခံတွေဖြစ်ကြပြီး ပြင်သစ်တွေပျိုးထောင်ပေးတဲ့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်နေတာ ကြောင့် အစ္စလာမ်ဘာသာဝင်အများစုပါနေတဲ့ Comoros ရဲ့အခြားနယ်မြေတွေနဲ့ ပေါင်းစည်းလိုခြင်းမရှိတာဖြစ်ပါတယ်။ ယနေ့အထိလည်း Mayotte ဟာပြင်သစ်နိုင်ငံရဲ့အုပ်ချုပ်မှု အောက်မှာသာတည်ရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် ကျန်ကျွန်းမကြီး(၃)ခုနဲ့ပဲ (၁၉၇၅)ခုနှစ်မှာ Comoros ဟာတရားဝင်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက Comoros နိုင်ငံဟာပြည်တွင်းမငြိမ်သက်မှုဖြစ်စဉ်တွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးအာဏာသိမ်းမှုဖြစ်စဉ် အကြိမ်(၂၀)ကျော်လောက်ကိုဖြစ်ခဲ့တာကိုတွေ့ရပါ တယ်။ ပြည်တွင်းမငြိမ်သက်မှုဖြစ်စဉ်တွေကပဲ Comoros နိုင်ငံရဲ့ကဏ္ဍမျိုးစုံကိုရိုက်ခတ်ခဲ့ရာယနေ့အထိ ကမ္ဘာအဆင်းရဲဆုံးသောနိုင်ငံစာရင်းမှာပါဝင်နေတာကိုလည်းတွေ့ရပါတယ်။ နိုင်ငံသားအများစုကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ငါးဖမ်းလုပ်ငန်းကိုလုပ်ကိုင်ကြပါတယ်။
Comoros ဟာဆိုရင်သဘာဝသယံဇာတ နည်းပါးလွန်းတဲ့နိုင်ငံတစ်ခုသာဖြစ်ပြီး အဓိကပို့ကုန်တွေကတော့ သစ်ခွပန်း၊ လေညှင်းပွင့်၊ရေမွှေးစတာတွေကိုဈေးနှုန်းပြောင်းလဲမှုများစွာပြု လုပ်တင်ပို့လေ့ရှိပြီး အရွယ်ရောက်သူတိုင်းနိုင်ငံရပ်ခြားကိုသွားရောက်လုပ်ကိုင်လေ့ရှိကာ ယင်းကနေပဲမိသားစုထံငွေပို့တဲ့နည်းဟာလည်းနိုင်ငံရဲ့အဓိကနိုင်ငံခြားဝင်ငွေရနေတဲ့နေရာ အဖြစ်ရှိနေပါတယ်။ ၂၀၂၀ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ နိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၂၈၉၈ ဖြစ်ပါတယ်။ ငွေကြေးစနစ်အနေနဲ့တော့ Comorian franc (KMF) ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၄၁၈ KMF နဲ့ ညီမျှပါတယ်။
Comoros နိုင်ငံဟာကမ္ဘာပေါ်မှာစကားဝါပန်းထုတ်လုပ်ရောင်းချမှုအများဆုံးနိုင်ငံအဖြစ်လည်း ရပ်တည်နေတာကိုတွေ့ရမှာဖြစ်ပြီး ယင်းကနေရေမွှေးထုတ်လုပ် ရောင်းချလေ့ရှိပါတယ်။ Comoros နိုင်ငံရဲ့ Mammalian diversty (နို့တိုက်သတ္တဝါထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေ)တွေကိုတော့ သက်တမ်းနုမီးတောင်ကျွန်းဒေသတွေမှာတွေ့ ရပြီးယင်းဒေသအတွင်းက ကုန်းနေ၊ရေနေရှားပါးမျိုးစိတ်တွေအတွက် စည်းမျဉ်း၊စည်းကမ်းတွေထုတ်ပြန်ပြီးကန့်သတ်ထားပါတယ်။
မူလက Madagascar မှာအများဆုံးတွေ့ရတဲ့ Mongoose Lemur တွေကိုလည်း Comoros နိုင်ငံရဲ့ကျွန်း(၂)ကျွန်းလောက်မှာ ယနေ့အချိန်မှာတွေ့မြင်နေပြီလည်းဖြစ်ပါတယ်။ Comoros နိုင်ငံကျွန်းတွေအတွင်းမှာတော့ ငှက်မျိူးစိတ်ပေါင်း (၁၄၆)မျိုးလောက်နေထိုင်ကြပြီး ယင်းအနက်ကပညာရှင်တွေသတ်မှတ်ထားတဲ့ရှားပါးငှက်မျိုးစိတ်(၁၄)ခုမှာဆိုရင် (၆)ခုလောက်ဟာ လူသားတွေလုံးဝမသိကြသေးတဲ့ငှက်မျိုးစိတ်တွေဖြစ်တယ်လို့ိသိရပါတယ်။
(၂၀၀၁)ခုနှစ်၊ဧပြီလ(၁၉)ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တဲ့ Moheli Marine Park က တော့ Comoros နိုင်ငံရဲ့ပထမဆုံးသော သဘာဝတောရိုင်းဥယျာဉ်အဖြစ်လူသိများပါတယ်။ Comoros နိုင်ငံရဲ့ပုံမှန်ရာသီဥတုကတော့ အပူပိုင်းမိုးသစ်တောရာသီဥတုမျိုးဖြစ်ပြီး နွေနဲ့ မိုး(၂)ခုသာအများအားဖြင့်ဖြစ်ပါတယ်။ အပူဆုံးလဖြစ်တဲ့မတ်လအတွင်းမှာဆိုရင် အပူချိန်ဟာ (၂၉)ဒီဂရီကနေ(၃၀)ဒီဂရီဆဲစီးယပ်စ်အထိရှိနိုင်ပြီးမိုးရာသီကာလကတော့နှစ်စဉ် ဒီဇင်ဘာလကနေဧပြီလအကြားမှာဖြစ်ပါတယ်။ယင်းကာလတွေမှာဆိုရင်တော့ Comoros ရဲ့ပျှမ်းမျှအပူချိန်ဟာ (၁၉)ဒီဂရီစင်ဆဲစီးယပ်စ်အထိရှိနေနိုင်ပါတယ်။
နေထိုင်သူလူဦးရေတစ်သန်းအောက်သာရှိတာကြောင့် Comoros ဟာ ကမ္ဘာလူဦးရေအနည်းဆုံးနိုင်ငံစာရင်းမှာပါဝင်နေပါတယ်။ ဒါပေမဲ့ဦးရေသိပ်သည်းဆမှာတော့ Comoros ဟာ ကမ္ဘာထိပ်တန်းလူဦးရေသိပ်သည်းဆအများဆုံးဖြစ်ပြီး (၁)စတုရန်းမိုင်တွင်းမှာနေထိုင်သူ (၇၁၀)ယောက်အထိရှိနေတာကိုလည်းတွေ့ရပါတယ်။
ဆင်းရဲတဲ့နိုင်ငံဖြစ်တာနဲ့ အညီ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိပါဘူး။ အချိုးကျကြည့်ပါက လူပေါင်း ၁သိန်းအတွက် ဆရာဝန် ၁၅ယောက်သာ ရှိပါတယ်။ ဒီနိုင်ငံရဲ့ ပျမ်းမျှသက်တမ်းကတော့ အမျိုးသား ၆၂ နှစ် နဲ့ အမျိုးသမီး ၆၇နှစ် ဖြစ်ပါတယ်။ ကလေးငယ်အားလုံးနီးပါးဟာ ကိုရမ်ကျောင်းတွေမှာ သင်ကြားကြရပါတယ်။ ပထမဆုံးတက္ကသိုလ်ကို ၂၀၀၀နှစ် အစောပိုင်းမှ တည်ထောင်နိုင်ခဲ့ပါတယ်။ အရွယ်ရောက်ပြီးသူ စုစုပေါင်းရဲ့ ၅၇%က လက်တင်ဘာသာစကားတတ်မြောက်ပြီး ၉၀% ကတော့ အာရေဗီဘာသာစကား တတ်မြောက်ကြပါတယ်။
အုပ်ချုပ်ရေးစနစ်အနေနဲ့ ဖက်ဒရယ်ပြည်သူ့သမ္မတ အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးပြီး လက်ရှိသမ္မတကတော့ Azali Assoumani ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍမှာတော့ Comoros ဟာအားအနည်းဆုံးသောကာကွယ်ရေးတပ်အင်အားကိုပိုင်ဆိုင်ထားပြီးတရားဝင်စာရင်းတွေအရ ရဲတပ်ဖွဲ့ဝင်(၅၀၀)နဲ့ စစ်သည်အင်အား(၅၀၀)လောက်ကိုသာပိုင်ဆိုင်ထားပါတယ်။
——— —— ————
(Zawgyi)
ကုိမုိရုိစ္ႏုိင္ငံ အေၾကာင္း သိေကာင္းစရာ
Comoros နိုင္ငံဟာဆိုရင္ အိႏၵိယသမုဒၵရာအတြင္းမွာတည္ရွိေနတဲ့ ကြ်န္းနိုင္ငံေလးတစ္ခုျဖစ္ျပီး အာဖရိကတိုက္အေရွဘက္စြန္းကမ္းေျခေဒသနဲ႔ မန္ဒါဂက္စတာ(Madagascar) ကြ်န္းအၾကားမွာတည္ရွိေနပါတယ္။ နိုင္ငံရဲ့တရားဝင္အမည္ကေတာ့ Comoros ျပည္ေထာင္စုသမၼတနိုင္ငံျဖစ္ျပီး အိမ္နီးခ်င္းႏုိင္ငံေတြကေတာ့ တန္ဇန္းနီးယား ၊ ေဆခ်ယ္လ္စ္၊ မုိဇမ္ဘစ္ နဲ႔ မန္ဒါဂတ္စကာ တုိ႔ျဖစ္ၾကပါတယ္။ Comoros ဆုိတာကေတာ့ အာေရဗီစကား qamar ကေန ဆင္းသက္လာတာျဖစ္ၿပီး “လ(Moon)” လုိ႔ အဓိပၸါယ္ရပါတယ္။ Comoros နိုင္ငံရဲ့တရားဝင္ဘာသာစကား(၃)မ်ိဳးကေတာ့ ေဒသခံ Comoros ဘာသာစကား၊အဂၤလိပ္နဲ႔ အာေရဗီဘာသာစကားေတြျ့ဖစ္ၾက ပါတယ္။
(၂၀၁၈)ခုႏွစ္ စာရင္းအရ Comoros နိုင္ငံရဲ့လူဦးေရဟာ (၈၅၀,၆၈၈)ဦး ႏုိင္ငံအက်ယ္အ၀န္းကေတာ့ စတုရန္းမိုင္ (၇၈၅)မိုင္ျဖစ္ပါတယ္။ ယင္းအက်ယ္အဝန္းေၾကာင့္လည္း Comoros ဟာအာဖရိကတိုက္ရဲ့စတုတၳေျမာက္အေသးဆံုးနိုင္ငံအျဖစ္ လည္းမွတ္တမ္းဝင္ထားပါတယ္။ Moroni ျမိဳ႕ေတာ္ဟာဆိုရင္ နိုင္ငံရဲ့အၾကီးဆံုးျမိဳ႕ေတာ္အျဖစ္သာမက အစိုးရရံုးစိုက္ရာျမိဳ႕ေတာ္အျဖစ္ရွိေနျပီး Comoros နိုင္ငံရဲ့အဓိက ကၽြန္းမၾကီး(၃)ခုအနက္ အၾကီးဆံုးျဖစ္တဲ့ Grande Comore ကၽြန္းေပၚမွာတည္ရွိေနတာလည္းျဖစ္ပါတယ္။ Comoros နိုင္ငံသားေတြကေတာ့ ျမိဳ႕ေတာ္ဟာ မီးေတာင္ရွင္ၾကီးတစ္ခုျဖစ္ တဲ့ Mount Karthala ရဲ့ေတာင္ေျခမွာရွိေနတဲ့အခ်က္ေၾကာင့္ Monori ျမိဳ႕ေတာ္ကို မီးေတာင္ရဲ့နွလံုးသားလို႔တင္စားေခၚဆိုေလ့ရွိၾကပါတယ္။
Comoros နိုင္ငံဟာဆိုရင္အဓိကကၽြန္းမၾကီး(၃)ခုအျပင္ ကၽြန္းေပါင္းမ်ားစြာနဲ႔ စုစည္းတည္ေဆာက္ထားတဲ့နိုင္ငံတစ္ခုအျဖစ္တည္ရွိေနျပီး ကၽြန္းတိုင္းလိုလိုမွ ာမီးေတာင္ရွင္ေတြတည္ရွိေနပါတယ္။ ျပင္သစ္လိုနာမည္ေပးထားတဲ့အဓိကကၽြန္းမၾကီး(၃)ခုရဲ့အမည္ေတြကေတာ့ အေနာက္ေျမာက္ဘက္စြန္းအရပ္မွာတည္ရွိေနတဲ့ Grande Comore ၊ Mohell နဲ႔ Anjouan ကၽြန္းေတြျဖစ္ၾကပါတယ္။
Comoros နိုင္ငံတြင္းကကၽြန္းအမ်ားစုရဲ့အတြင္းပိုင္းဟာဆိုရင္ အလြန္မတ္ေစာက္ျပီး ေျဖးေျဖးခ်င္းေျပဆင္းလာတဲ့ေတာင္ကုန္း ေတာင္တန္းေတြကိုပိုင္ဆိုင္ထားပါတယ္။ Comoros နိုင္ငံရဲ့အျမင့္ဆံုးအပိုင္းကေတာ့ ပင္လယ္ေရမ်က္နွာျပင္အထက္ေပေပါင္း (၂၃၆၁)ေပအထိျမင့္မားတဲ့ Mount Karthaka မီးေတာင္ပဲျဖစ္ပါတယ္။ ယင္းမီးေတာင္ဟာ (၁၉)ရာစုကာလကေနစတင္ျပီးယေန႕လိုကာလအထိအၾကိမ္ေပါင္း (၂၀)ေလာက္ေပါက္ကြဲခဲ့ျပီးျဖစ္တယ္လို႔လည္းသိရပါတယ္။
Comoros နိုင္ငံဟာ ပင္လယ္ကမ္းရိုးတန္းအရွည္မို္င္(၂၁၁)မိုင္ေလာက္အထိရွည္လ်ားျပီး အျပာေရာင္ေရျပင္နဲ႔အျဖဴေရာင္သဲေသာင္ေတြနဲ႔အတူ ကမာၻအလွဆံုးေသာသဲေသာင္ျပင္ စာရင္းဝင္သဘာဝအေမြအနွစ္ေတြကိုပိုင္ဆိုင္ထားပါတယ္။ ကမ္းရိုးတန္းေနရာေတာ္ေတာ္မ်ားမ်ားဟာဆိုရင္ လူသားေတြလာေရာက္မႈနည္းပါးတဲ့ သဘာဝအတိုင္းသာက်န္ရွိေနဆဲ ျဖစ္တာကိုလည္းေတြ႔ျမင္ရမွာျဖစ္ပါတယ္။
ဒီနိုင္ငံဟာဆိုရင္ကမာၻေပၚကအၾကီးဆံုး atoll( အလယ္တြင္ေရငန္အိုင္ရွိေသာသႏ ၱာေက်ာက္ကၽြန္း) ေတြအနက္ကတစ္ခုကိုပိုင္ဆိုင္ထားျပီး ယင္းအတြင္းမွာဆိုရင္ေထာင္နဲ႔ ခ်ီတဲ့ငါးမ်ိဳးစိတ္ေတြ၊ခရုနဲ႔သႏ ၱာေကာင္မ်ိဳးစိတ္ေတြတည္ရွိေနပါတယ္။ ဒါအျပင္အလြန္ၾကီးမားတဲ့ပင္လယ္လိပ္ေတြ၊ Manta ray ၊ေဝလငါး၊ ငါးမန္းစတဲ့ ေရေနသတၱဝါေတြကို သဘာဝအတိုင္းၾကည့္ရႈ႕ႏုိင္ဖုိ႔အတြက္ ကမာၻတလႊားက ခရီးသြားေတြ လာေရာက္ေလ့ရွိၾကပါတယ္။
Comoros ရဲ့ေနာက္ထပ္နာမည္ေက်ာ္သဘာဝေရကန္ရဲ့နာမည္ကေတာ့ Lac Sale ျဖစ္ပါတယ္။ ယင္းကန္ဟာမီးေတာင္ေပါက္ဝတစ္ခုမွာျဖစ္တည္ေနတာျဖစ္ျပီး ဆာလဖာေပါမ်ားစြာ ပါဝင္ေနတဲ့ဆားေရကန္တစ္ခုျဖစ္ပါတယ္။ တည္ရွိရာေနရာကေတာ့ Grand Comore ကၽြန္းမၾကီးအတြင္းက Mytsamiouli ရဲ့အလြန္ကမ္းေျခနဲ႔ကပ္လ်က္အေနအထားမွာတည္ရွိေန တာျဖစ္ပါတယ္။
အိႏၵိယသမုဒၵရာအတြင္းက Comoros ျပည္ေထာင္စုသမၼတနိုင္ငံေတာ္ရဲ့ထင္ရွားတဲ့ဗလီကေတာ့ Nouvelle Mosquee de Vendredi ျဖစ္ျပီးျမိဳ႕ေတာ္ Moroni မွာတည္ရိွေနပါတယ္။ အထူးထင္ရွားတဲ့ဗိသုကာလက္ရာေတြနဲ႔အတူ Vendredi Mosquee ဟာ Comoros နိုင္ငံရဲ့အထင္ကရဘာသာေရးအေဆာက္အအံုတစ္ခုအျဖစ္တည္ရွိေနပါတယ္။ စုစုေပါင္းလူဦးေရရဲ႕ ၉၉% ဟာ အစၥလာမ္ဘာသာကုိးကြယ္ၾကၿပီး ခရစ္ယာန္ဘာသာကုိးကြယ္သူ အနည္းငယ္ရွိပါတယ္။
(၆)ရာစုကာလေလာက္ကတည္းကComoros နိုင္ငံကို ပထမဆံုးေသာအေျခခ်ေနထိုင္ခဲ့သူေတြကေတာ့ Polynesian နဲ႔ Melanesian မ်ိဳးႏြယ္စုေတြျဖစ္တယ္လို႔သိရျပီး ေနာက္ပိုင္းမွာေတာ့ မေလးရွားနဲ႔အင္ဒိုနီးရွားနိုင္ငံကေတြ ပင္လယ္ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ၾကသူေတြလည္း ေျပာင္းေရြအေျခခ် ေနထိုင္ခဲ့ၾကတယ္လို႔လည္းသိရပါတယ္။ ယင္းတို႔မတို္င္ခင္ကာလက Comoros မွာအေျခခ်ေနထိုင္ခဲ့ၾကသူေတြကေတာ့ Nzwani မ်ိဳးႏြယ္စုေတြျဖစ္ျပီး (၁)ရာစုကာလအတြင္းစတင္ အေျခခ်ေနထိုင္ခဲ့ၾကတယ္လို႔ တူးေဖာ္ေတြ႔ရွိတဲ့သမိုင္းအခ်က္အလက္ေတြအရ သမိုင္းပညာရွင္ေတြကခန္႔မွန္းထားၾကတာရွိပါတယ္။
ပထမေထာင္စုနွစ္ကာလအတြင္း အာဖရိကတိုက္တစ္လႊားနယ္ေျမခ်ဲ႔ထြင္ခဲ့တဲ့ Bantu မ်ိဳးႏြယ္ေတြရဲ့ျဖစ္စဥ္တစ္စိတ္တစ္ပိုင္းအေနနဲ႔လည္း Comoros ကၽြန္းနိုင္ငံတြင္းကို Bantu ဘာသာစကားေျပာလူသားမ်ိဳးႏြယ္စုေတြအေျခခ်ေနထိုင္ခဲ့ၾကတယ္လို႕လည္းသိရပါတယ္။ (၁၅၀၅)ခုနွစ္ေရာက္ခ်ိန္မွာေတာ့ ေပၚတူဂီနယ္ေျမသစ္ရွာေဖြသူေတြက Comoros နိုင္ငံ ကိုစတင္ေတြ႔ရိွခဲ့ၾကပါတယ္။ (၁၈၄၃)ခုနွစ္ေရာက္ခ်ိန္မွာေတာ့ Comoros နိုင္ငံရဲ့ Mayotte ဟာျပင္သစ္ေတြရဲ့ကိုလိုနီနယ္ေျမျဖစ္သြားခ့ဲ့ျပီး (၁၉၀၄)ခုနွစ္ေရာက္ခ်ိန္မွာေတာ့ Comoros တစ္နိုင္ငံလံုးဟာ ျပင္သစ္ေတြရဲ့ထိန္းခ်ဳပ္မႈေအာက္ကိုလံုးဝေရာက္ရွိသြားခဲ့ပါေတာ့တယ္။
(၁၉၇၄)ခုနွစ္ေရာက္ခ်ိန္မွာေတာ့ Comoros နိုင္ငံလူဦးေရရဲ့(၉၅)ရာခိုင္နႈန္းခန္႔ဟာ နိုင္ငံလြတ္လပ္ေရးအတြက္ဆႏၵျပဳခဲ့ပါတယ္။ က်န္(၅)ရာခိုင္နႈန္းကေတာ့ Mayotte ေဒသခံေတြျဖစ္ၾကျပီး ျပင္သစ္ေတြပ်ိဳးေထာင္ေပးတ့ဲ့ ခရစ္ယာန္ဘာသာဝင္အမ်ားစုျဖစ္ေနတာ ေၾကာင့္ အစၥလာမ္ဘာသာဝင္အမ်ားစုပါေနတဲ့ Comoros ရဲ့အျခားနယ္ေျမေတြနဲ႔ ေပါင္းစည္းလိုျခင္းမရွိတာျဖစ္ပါတယ္။ ယေန႔အထိလည္း Mayotte ဟာျပင္သစ္နိုင္ငံရဲ့အုပ္ခ်ုပ္မႈ ေအာက္မွာသာတည္ရွိေနဆဲျဖစ္ပါတယ္။
ဒါေၾကာင့္ က်န္ကၽြန္းမၾကီး(၃)ခုနဲ႔ပဲ (၁၉၇၅)ခုနွစ္မွာ Comoros ဟာတရားဝင္အခ်ဳပ္အျခာအာဏာပိုင္နိုင္ငံတစ္ခုျဖစ္လာခဲ့ပါတယ္။ လြတ္လပ္ေရးရျပီးကတည္းက Comoros နိုင္ငံဟာျပည္တြင္းမျငိမ္သက္မႈျဖစ္စဥ္ေတြဆက္တိုက္ျဖစ္ေပၚခဲ့ျပီးအာဏာသိမ္းမႈျဖစ္စဥ္ အၾကိမ္(၂၀)ေက်ာ္ေလာက္ကိုျဖစ္ခဲ့တာကိုေတြ႔ရပါ တယ္။ ျပည္တြင္းမျငိမ္သက္မႈျဖစ္စဥ္ေတြကပဲ Comoros နိုင္ငံရဲ့က႑မ်ိဳးစံုကိုရိုက္ခတ္ခဲ့ရာယေန႔အထိ ကမာၻအဆင္းရဲဆံုးေသာနုိင္ငံစာရင္းမွာပါဝင္ေနတာကိုလည္းေတြ႔ရပါတယ္။ နိုင္ငံသားအမ်ားစုကေတာ့ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္း၊ငါးဖမ္းလုပ္ငန္းကိုလုပ္ကိုင္ၾကပါတယ္။
Comoros ဟာဆိုရင္သဘာဝသယံဇာတ နည္းပါးလြန္းတဲ့နိုင္ငံတစ္ခုသာျဖစ္ျပီး အဓိကပို႔ကုန္ေတြကေတာ့ သစ္ခြပန္း၊ ေလညွင္းပြင့္၊ေရေမႊးစတာေတြကိုေစ်းနႈန္းေျပာင္းလဲမႈမ်ားစြာျပဳ လုပ္တင္ပို႔ေလ့ရွိျပီး အရြယ္ေရာက္သူတိုင္းနိုင္ငံရပ္ျခားကိုသြားေရာက္လုပ္ကိုင္ေလ့ရွိကာ ယင္းကေနပဲမိသားစုထံေငြပို႔တဲ့နည္းဟာလည္းနိုင္ငံရဲ့အဓိကနိုင္ငံျခားဝင္ေငြရေနတဲ့ေနရာ အျဖစ္ရွိေနပါတယ္။ ၂၀၂၀ ခုႏွစ္ ကမာၻ႔ေငြေၾကးအဖြဲ႔အစည္းရဲ႕ စာရင္းအရ ႏုိင္ငံသားတဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြက အေမရိကန္ေဒၚလာ ၂၈၉၈ ျဖစ္ပါတယ္။ ေငြေၾကးစနစ္အေနနဲ႔ေတာ့ Comorian franc (KMF) ကိုသုံးစြဲၿပီး အေမရိကန္ ၁ေဒၚလာဟာ ၄၁၈ KMF နဲ႔ ညီမွ်ပါတယ္။
Comoros နိုင္ငံဟာကမာၻေပၚမွာစကားဝါပန္းထုတ္လုပ္္ေရာင္းခ်မႈအမ်ားဆံုးနိုင္ငံအျဖစ္လည္း ရပ္တည္ေနတာကိုေတြ႔ရမွာျဖစ္ျပီး ယင္းကေနေရေမႊးထုတ္လုပ္ ေရာင္းခ်ေလ့ရွိပါတယ္။ Comoros နိုင္ငံရဲ့ Mammalian diversty (နုိ႔တိုက္သတၱဝါထိန္းသိမ္းေစာင့္ေရွာက္ေရးနယ္ေျမ)ေတြကိုေတာ့ သက္တမ္းနုမီးေတာင္ကၽြန္းေဒသေတြမွာေတြ႕ ရျပီးယင္းေဒသအတြင္းက ကုန္းေန၊ေရေနရွားပါးမ်ိဳးစိတ္ေတြအတြက္ စည္းမ်ဥ္း၊စည္းကမ္းေတြထုတ္ျပန္ျပီးကန္႔သတ္ထားပါတယ္။
မူလက Madagascar မွာအမ်ားဆံုးေတြ႔ရတဲ့ Mongoose Lemur ေတြကိုလည္း Comoros နိုင္ငံရဲ့ကၽြန္း(၂)ကၽြန္းေလာက္မွာ ယေန႔အခ်ိန္မွာေတြ႔ျမင္ေနျပီလည္းျဖစ္ပါတယ္။ Comoros နိုင္ငံကၽြန္းေတြအတြင္းမွာေတာ့ ငွက္မ်ိဴးစိတ္ေပါင္း (၁၄၆)မ်ိဳးေလာက္ေနထို္င္ၾကျပီး ယင္းအနက္ကပညာရွင္ေတြသတ္မွတ္ထားတဲ့ရွားပါးငွက္မ်ိဳးစိတ္(၁၄)ခုမွာဆိုရင္ (၆)ခုေလာက္ဟာ လူသားေတြလံုးဝမသိၾကေသးတဲ့ငွက္မ်ိဳးစိတ္ေတြျဖစ္တယ္လို႔ိသိရပါတယ္။
(၂၀၀၁)ခုနွစ္၊ဧျပီလ(၁၉)ရက္ေန႔ကစတင္ဖြင့္လွစ္ခဲ့တဲ့ Moheli Marine Park က ေတာ့ Comoros နိုင္ငံရဲ့ပထမဆံုးေသာ သဘာဝေတာရိုင္းဥယ်ာဥ္အျဖစ္လူသိမ်ားပါတယ္။ Comoros နိုင္ငံရဲ့ပံုမွန္ရာသီဥတုကေတာ့ အပူပိုင္းမိုးသစ္ေတာရာသီဥတုမ်ိဳးျဖစ္ျပီး ေႏြနဲ႔ မိုး(၂)ခုသာအမ်ားအားျဖင့္ျဖစ္ပါတယ္။ အပူဆံုးလျဖစ္တဲ့မတ္လအတြင္းမွာဆိုရင္ အပူခ်ိန္ဟာ (၂၉)ဒီဂရီကေန(၃၀)ဒီဂရီဆဲစီးယပ္စ္အထိရွိနိုင္ျပီးမိုးရာသီကာလကေတာ့နွစ္စဥ္ ဒီဇင္ဘာလကေနဧျပီလအၾကားမွာျဖစ္ပါတယ္။ယင္းကာလေတြမွာဆိုရင္ေတာ့ Comoros ရဲ့ပ်ွမ္းမ်ွအပူခ်ိန္ဟာ (၁၉)ဒီဂရီစင္ဆဲစီးယပ္စ္အထိရွိေနနိုင္ပါတယ္။
ေနထုိင္သူလူဦးေရတစ္သန္းေအာက္သာရွိတာေၾကာင့္ Comoros ဟာ ကမာၻလူဦးေရအနည္းဆံုးနိုင္ငံစာရင္းမွာပါဝင္ေနပါတယ္။ ဒါေပမဲ့ဦးေရသိပ္သည္းဆမွာေတာ့ Comoros ဟာ ကမာၻထိပ္တန္းလူဦးေရသိပ္သည္းဆအမ်ားဆံုးျဖစ္ျပီး (၁)စတုရန္းမိုင္တြင္းမွာေနထိုင္သူ (၇၁၀)ေယာက္အထိရိွေနတာကိုလည္းေတြ႔ရပါတယ္။
ဆင္းရဲတဲ့ႏုိင္ငံျဖစ္တာနဲ႔ အညီ ေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈလည္း မရွိပါဘူး။ အခ်ဳိးက်ၾကည့္ပါက လူေပါင္း ၁သိန္းအတြက္ ဆရာ၀န္ ၁၅ေယာက္သာ ရွိပါတယ္။ ဒီႏုိင္ငံရဲ႕ ပ်မ္းမွ်သက္တမ္းကေတာ့ အမ်ဳိးသား ၆၂ ႏွစ္ နဲ႔ အမ်ဳိးသမီး ၆၇ႏွစ္ ျဖစ္ပါတယ္။
ကေလးငယ္အားလုံးနီးပါးဟာ ကုိရမ္ေက်ာင္းေတြမွာ သင္ၾကားၾကရပါတယ္။ ပထမဆုံးတကၠသုိလ္ကို ၂၀၀၀ႏွစ္ အေစာပုိင္းမွ တည္ေထာင္ႏုိင္ခဲ့ပါတယ္။ အရြယ္ေရာက္ၿပီးသူ စုစုေပါင္းရဲ႕ ၅၇%က လက္တင္ဘာသာစကားတတ္ေျမာက္ၿပီး ၉၀% ကေတာ့ အာေရဗီဘာသာစကား တတ္ေျမာက္ၾကပါတယ္။
အုပ္ခ်ဳပ္ေရးစနစ္အေနနဲ႔ ဖက္ဒရယ္ျပည္သူ႔သမၼတ အုပ္ခ်ဳပ္ေရးစနစ္ကိုက်င့္သုံးၿပီး လက္ရွိသမၼတကေတာ့ Azali Assoumani ျဖစ္ပါတယ္။ နိုင္ငံေတာ္ကာကြယ္ေရးက႑မွာေတာ့ Comoros ဟာအားအနည္းဆံုးေသာကာကြယ္ေရးတပ္အင္အားကိုပိုင္ဆိုင္ထားျပီးတရားဝင္စာရင္းေတြအရ ရဲတပ္ဖြဲ႕ဝင္(၅၀၀)နဲ႔ စစ္သည္အင္အား(၅၀၀)ေလာက္ကိုသာပိုင္ဆိုင္ထားပါတယ္။
Discussion about this post