Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုဗစ်နိုင်တင်း တိုက်ပွဲမှာ ကျရှုံးလာနေပြီ ဖြစ်တဲ့ ဘရာဇီး

by Thutamm
June 2, 2020
Reading Time: 1min read
0
ကိုဗစ်နိုင်တင်း တိုက်ပွဲမှာ ကျရှုံးလာနေပြီ ဖြစ်တဲ့ ဘရာဇီး
Share on FacebookShare on Twitter

(Unicode)

ရေးသားသူ – ကိုလှစိုးဝေ

ကိုဗစ်-၁၉ သည် မတ်လ ၁၃ ရက်နေ့တွင် အမေဇုန် ရပ်ဝန်းတွင် ရှိသော လူဦးရေ နှစ်သန်းခန့်ရှိ မနာအူး မြို့ မှ တဆင့် ဘရာဇီး သို့ စတင်ကူးစက်လာခဲ့ပါတယ်။ ယခု နှစ်လ ခွဲ ကြာ မေလ ၂၈ ရက်နေ့ စာရင်းဇယားများအရ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၁၁,၈၂၁ ဦး နှင့် သေဆုံးသူ ၂၅,၅၉၈ ရှိနေပြီ ဖြစ်ပါတယ်။ ကံအားလျှော်စွာ အမေရိကန် ရှိနေတဲ့ အတွက် ကူးစက်ခံရသူ အများဆုံး နိုင်ငံစာရင်းမှာ ဒုတိယနေရာ ရရှိသွားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကတော့ တောင်အမေရိက ၏ ရောဂါကူးစက်မှု ဗဟိုချက်မ အဖြစ် ကြေငြာပြီး အဆိုးဝါးဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ (ယခုအချိန်မှာတော့ ကူးစက်ခံရသူ ၅၂၆၄၇၇ ယောက်ရှိနေပြီး သေဆုံးသူ ကတော့ ၅ရက်အတွင်း ၄ထောင်ကျော်ထပ်တိုးကာ ၂၉၉၃၇ ယောက်အထိရှိလာပါပြီ)

ထိုသို့ နှစ်လခွဲ အတွင်း ကူးစက်ခံရသူ လေးသိန်းကျော် အထိ အဘယ်ကြောင့် ဖြစ်ခဲ့ရသနည်း။

ဘရာဇီးသည် အမေရိကန်လိုပဲ ဖက်ဒရယ် စနစ်ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်တာကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ နဲ့ မြို့တော်ဝန်တွေမှာ လော့ဒေါင်း အပါအဝင် မိမိတို့ ကိုယ်ပိုင် အစီအစဉ်များ နဲ့ အုပ်ချုပ်ခွင့်ရနေကြပါတယ်။ ဘရာဇီး၏ ကျန်းမာရေး စောင့်ရှောက်ပေးမှုသည် ဗြိတိန်၏ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ကို အတုယူ ပြုလုပ်ထားတာ ကြောင့် လူဦးရေ ၈၀% ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် H1N1 နဲ့ ၂၀၁၅ ဇီကာ ဗိုင်းရပ်တွေ တုန်းက မြို့တော်ဝန်တွေ၊ ပြည်နယ် အုပ်ချုပ်ရေးမှူး တွေ၊ ကျန်းမာရေး ပိုင်းက တာဝန်ရှိသူတွေ နဲ့ ဗဟိုအစိုးရတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။

ယခုအခါတော့ H1N1 ထက် ပိုပြီး ကူးစက်မြန်တဲ့ ကိုဗစ်-၁၉ သည်က ဘရာဇီး ရဲ့ အားနည်းချက်ကို ကောင်းကောင်း အသုံးချပြီး ထိုးနှက်တိုက်ခိုက်လာနေပြီ ဖြစ်ပါတယ်။ လူချမ်းသာ အသိုက်အဝန်းရှိ ခရီးသွားများမှ တဆင့် ရောဂါပိုး သယ်ဆောင်လာခဲ့တာ ဖြစ်ပေမယ့် ယခုအခါ စုပြုံ နေထိုင်ကြရပြီး အလုပ်အကိုင် အတည်တကျမရှိတဲ့ ဆင်းရဲသား ရပ်ကွက်များ မှာ အဆိုးဝါးဆုံး ကူးစက်ခံနေရပြီ ဖြစ်ပါတယ်။ ဒီလို ရပ်ကွက်တွေမှာ လူချင်းခွာ နေဖို့ က မဖြစ်နိုင်သလောက် ရှိနေပါတယ်။ အစိုးရ မှ ၎င်းတို့ရဲ့ စားဝတ်နေရေး အတွက် တလကို ဒေါ်လာ ၁၁၀ ခန့် ထောက်ပံ့ပေးလာခဲ့ပေမယ့် ဒါကို ထုတ်ယူရန် ဘဏ်တွေမှာ လူတန်းရှည်ကြီး ဖြစ်လာခဲ့ရပြန်ပါတယ်။

ဘရာဇီး သမ္မတ ဖြစ်သူ ဂျာယား ဘော်ဆိုနာယို ကြောင့်လည်း လူချင်းခွာ နေရမယ် ဆိုတဲ့ ကျန်းမာရေး ဌာနရဲ့ သတိပေးချက်တွေကို ပြက်ရယ် ပြုခဲ့ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ခဲ့ချိန်မှ ယခုအထိ ကျန်းမာရေး ဝန်ကြီး ကို ထုတ်ပြစ်ခဲ့တာ နှစ်ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်နယ် ထရန့်လိုပဲ ကလိုရိုကွင်းဆေးသည် အစွမ်းထက်ကြောင်း ပြောခဲ့သူလည်း ဖြစ်ပါတယ်။ အဆိုပါ ဆေးသည် မည်သို့မျှ အသုံးမတည့်သည့်အပြင် အန္တရာယ်ရှိကြောင်းလည်း ဆေးပညာ လောကမှ ဩဇာတက္ကိမ ရှိတဲ့ Lancet ဂျာနယ် မှာ အထူးသုတေသန လုပ်ကာ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါတယ်။

ထိုကဲ့သို့သော သူ၏ သဘောထားတွေကြောင့် ဘရာဇီး အဖို့ ပိုပြီး အထိနာခဲ့ရတာလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ စတင် ဖြစ်ပွားလာချိန်မှစပြီး ကျန်းမာရေး ဝန်ကြီး လုစ် မင်ဒက်တာ မှ ပြည်နယ် နှင့် မြို့တော် ကျန်းမာရေး တာဝန်ခံတွေနဲ့ နေ့စဉ်လို အစည်းအဝေး ကျင်းပပြီး စမ်းသပ်မှုတွေ၊ လိုအပ်တဲ့ အထောက်အကူပြု ပစ္စည်းတွေ၊ နဲ့ ရံပုံငွေ ရရှိရေး ကိစ္စတွေကို နေ့စဉ်လို ဆွေးနွေးခဲ့ပါတယ်။ သို့သော်လည်း ဧပြီလ ၁၆ ရက်နေ့မှာ သမ္မတ က သူ့ကို ရာထူးကနေ ထုတ်ပယ် ပြစ်ခဲ့ပါတယ်။ အဓိက အကြောင်းကတော့ သူရဲ့ လုပ်ဆောင်မှုတွေကြောင့် တိုင်းပြည် စီးပွားရေး ထိခိုက်လာတယ်ဆိုပြီးတော့ ဖြစ်ပါတယ်။

ဘရာဇီး ရဲ့ သိသိသာသာ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြောင့် ကပ်ရောဂါကို ပိုပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်အောင် ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ လူနာတွေ ကုသနိုင်ဖို့ ဆေးရုံကုတင်တွေ တိုးချဲ့ နိုင်ခဲ့တဲ့ အပြင် အားကစားကွင်းများ နဲ့ ကွန်ဗင်းရှင်း စင်တာ တွေ မှာလည်း ထားရှိနိုင်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒီလို အခြေအနေမှာတောင် မှ မနိုင်မနင်း ဖြစ်လာနေပါတယ်။

ကျေးလက်ဒေသတွေ မှာ အခြေအနေတွေက ပိုဆိုးနေပြီး အချို့ တောရွာတွေကနေ မြို့ကို စက်လှေနဲ့ ခေါ်လာတုန်းမှာပဲ လမ်းတွင် သေဆုံးသွားသူတွေ ရှိလာပါတယ်။ အစုလိုက် အပြုံလိုက် မြုပ်နှံခဲ့ကြရတဲ့ အဆင့် ရောက်လာခဲ့ပါတယ်။

ထိုသို့သော အနေအထားကို ကာကွယ်ရန် လော့ဒေါင်းကို တင်းတင်းကျပ်ကျပ် လုပ်ဖို့ လိုပေမယ့် ဒီလို လုပ်ဖို့ကို သမ္မတ မှ ကြားကနေ သပ်လျို လာခဲ့ပါတယ်။ မြို့တော် ဘရာစီလီယာ မှာ ကွာရန်တင်း ကို ဆန့်ကျင် တဲ့ ဆန္ဒပြပွဲတွေကိုပင် သမ္မတ က လာပြီး အားပေးခဲ့ပါတယ်။ မည်သူကမျှလည်း ကျန်းမာရေး ဝန်ထမ်းတွေကို ချီးကျူး ထောပနာ ပေးရကောင်းမှန်းလည်း မသိခဲ့ကြပါဘူး။ သမ္မတ တခုခု ပြောပြီးတိုင်း ထောက်ခံသူတွေ မှ ကားတွေ ဟွန်းတီးခဲ့ကြသလို ရှုတ်ချသူတွေက အိုးတွေ ခွက်တွေ တီးပြီး ကန့်ကွက်ခဲ့ကြလို့ အမြဲလို ဆူညံနေပါတယ်။

သမ္မတသည် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့တော်ဝန်တွေ ထုတ်ပြန်ထားတဲ့ ကွာရန်တင်း အမိန့်တွေကို အကျုံးမဝင်ကြောင်း ဗဟိုတရားရုံးချုပ်ကို အယူခံ တင်သွင်းခဲ့ပေမယ့် ဧပြီလ ၁၅ ရက်နေ့မှာ သူရဲ့ အယူခံမှုမှာ ပယ်ချခံခဲ့ရပါတယ်။ နိုင်ငံသားတွေဘက်ကလည်း သမ္မတ၏စကား နားထောင်ရမည်လား၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ၏ စကားကို နားထောင်ရမည်လား ဝေခွဲမရ ဖြစ်လာခဲ့ကြပါတယ်။ ဒီအတွက် ဆော ပါလို မြို့ကြီးမှာ လော့ဒေါင်းကို တဝက်လောက်ကပဲ လိုက်နာပါတယ်။ ပညာရှင်တွေကတော့ ရောဂါ မပျံ့ပွားအောင် အနည်းဆုံး ၇၀% လောက် လိုက်နာကြမှ ဖြစ်မယ်လို့ ဆိုပါတယ်။

နှစ်နာရီ ကြာ ကျင်းပခဲ့တဲ့ ကက်ဘိနက် အစည်းအဝေး အစအဆုံးကို ဗဟိုတရားရုံးချုပ်က ထုတ်လွှင့်ပေးခဲ့တဲ့ အတွက် သန်းပေါင်းများစွာသော ဘရာဇီး နိုင်ငံသားတွေ ကြည့်ရှုခွင့် ရခဲ့ပါတယ်။ အစည်းအဝေးသည် နှစ်နာရီ နီးပါး ကြာမြင့်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသော ကော်ရိုနာဗိုင်းရပ်စ် အန္တရာယ်ကြီးမှ နိုင်ငံသားများကို မည်သို့ မည်ပုံ ကာကွယ်ရမည် ဆိုသည့် အရေးအား မိနစ် အနည်းငယ်လောက်သာ ပြောပြီး တချိန်လုံး သူရဲ့ သားတွေကို ရဲအဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ အပေါ် မကျေနပ်ကြောင်း ဆူပူ ဆဲဆိုနေတာတွေနဲ့ ပြည့်နှက်နေတာ ကို နိုင်ငံသားများ တအံ့တဩတွေ့ရှိခဲ့ကြရပါတယ်။

နိုင်ငံအတွင်း ရောဂါကူးစက်မှု ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နိုင်ရေး၊ လော့ဒေါင်းကို လုံခြုံစိတ်ချရအောင် မည်သို့ မည်ပုံ တဆင့်ခြင်း ဖြေလျော့ရေးဆိုတဲ့ စီမံ ဆောင်ရွက်မှုတွေ ဖြစ်မလာခဲ့ပါဘူး။ ဘရာဇီး လူဦးရေသည် သန်း ၂၁၀ ခန့် ရှိပေမယ့် မေလ ၂၆ ရက်နေ့အထိ စမ်းသပ်မှု ငါးသိန်းခန့်လောက်သာ ပြုလုပ်နိုင်ပါသေးတယ်။ ကျန်းမာရေး ဝန်ကြီးဌာနမှ လုပ်ဖို့ လိုအပ်တယ်လို့ ပြောနေတဲ့ အရည်အတွက်ရဲ့ ဆယ်ပုံတပုံသာ ရှိပါသေးတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေထက်လည်း အပုံကြီး လျော့နည်းနေဆဲ ဖြစ်ပါတယ်။

မေလ ၁၈ ရက်နေ့တွင် ဘရာဇီး၏ အကြီးဆုံး မြို့ကြီး ဖြစ်သည့် ဆော ပါလို မြို့တော်ဝန်သည် ၎င်း၏ မြို့တွင် တနိုင်ငံလုံး ရောဂါ ကူးစက်ခံရသူ အများဆုံး ရှိနေတဲ့ ဒေသ ဖြစ်လာနေတာကြောင့် နိုင်ငံသားများ အပြင်မထွက်အောင် အားပေးတဲ့ အနေနဲ့ ငါးရက်ကြာ ရုံးပိတ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ထိုသတင်းကြောင့် ဆော ပါလို မြို့ တော် တောင်ပိုင်းရှိ လူဦးရေ တသိန်း ကျော် နေထိုင်ရာ ရပ်ကွက်ကြီး အတွင်းတွင် ပွဲတော်ကြီး အလား လမ်းဘေးဈေးဆိုင် လေးတွေ လာဖွင့်ကြပြီး စည်ကားလာနေပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ တွေ အဆက်မပြတ် ရောက်လာနေတဲ့ ဆေးခန်း ဆေးရုံတွေ၏ရှေ့မှာ ဈေးဆိုင် လေးတွေနဲ့ ပိုပြီးတောင် စည်ကားနေတယ်လို့ဆိုပါတယ်။ တိုက်ခေါင်မိုး တွေ ပေါ်ရှိ လေသာ ဆောင်များ မှာလည်း ပါတီပွဲတွေ နဲ့ စွန် လွှတ်နေကြတဲ့ ကလေးတွေလည်း အများအပြားတွေ့နေရပါတယ်။

ဒီအတွက်လည်း ဆော ပါလို မြို့တော်ရှိ ဆော လူးဝစ် သင်္ချိုင်းမြေတွင် ကျင်းပေါင်း သုံးထောင်ကို အသင့်တူးထားပြီး သေဆုံးသူတွေကို စောင့်နေပါတယ်။ အရင်က တနေ့ကို ၁၁ ကျင်း လောက်သာ သုံးခဲ့ရပေမယ့် ယခုအခါ ၄၀ လောက်အထိ ဖြစ်လာနေတယ်လို့ သုဘရာဇာများက ပြောပါတယ်။ ကျင်းတွေ ပေါ်မှာ လောလောဆယ် ပန်းတွေ သာ ချထားပေးနိုင်ပြီး ဆိုင်းဘုတ်တွေ လုပ်ဖို့ အလျဉ်မမှီ ဖြစ်နေပါတယ်။

Hla Soe Wai
ကိုးကား၊ ၊ ‘Brazil’s losing battle against covid-19’ from The Economist (May 28th, 2020)

———- ——- ———

(Zawgyi)

ကိုဗစ္ႏိုင္တင္း တိုက္ပြဲမွာ က်ရႈံးလာေနၿပီ ျဖစ္တဲ့ ဘရာဇီး

ေရးသားသူ – ကိုလွစိုးေဝ

ကိုဗစ္-၁၉ သည္ မတ္လ ၁၃ ရက္ေန႔တြင္ အေမဇုန္ ရပ္ဝန္းတြင္ ရွိေသာ လူဦးေရ ႏွစ္သန္းခန႔္ရွိ မနာအူး ၿမိဳ႕ မွ တဆင့္ ဘရာဇီး သို႔ စတင္ကူးစက္လာခဲ့ပါတယ္။ ယခု ႏွစ္လ ခြဲ ၾကာ ေမလ ၂၈ ရက္ေန႔ စာရင္းဇယားမ်ားအရ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၄၁၁,၈၂၁ ဦး ႏွင့္ ေသဆုံးသူ ၂၅,၅၉၈ ရွိေနၿပီ ျဖစ္ပါတယ္။ ကံအားေလွ်ာ္စြာ အေမရိကန္ ရွိေနတဲ့ အတြက္ ကူးစက္ခံရသူ အမ်ားဆုံး ႏိုင္ငံစာရင္းမွာ ဒုတိယေနရာ ရရွိသြားခဲ့ပါတယ္။ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး ကေတာ့ ေတာင္အေမရိက ၏ ေရာဂါကူးစက္မႈ ဗဟိုခ်က္မ အျဖစ္ ေၾကျငာၿပီး အဆိုးဝါးဆုံး ကူးစက္ခံရတဲ့ ႏိုင္ငံျဖစ္တယ္လို႔ ဆိုပါတယ္။ (ယခုအခ်ိန္မွာေတာ့ ကူးစက္ခံရသူ ၅၂၆၄၇၇ ေယာက္ရွိေနၿပီး ေသဆုံးသူ ကေတာ့ ၅ရက္အတြင္း ၄ေထာင္ေက်ာ္ထပ္တုိးကာ ၂၉၉၃၇ ေယာက္အထိရွိလာပါၿပီ)

ထိုသို႔ ႏွစ္လခြဲ အတြင္း ကူးစက္ခံရသူ ေလးသိန္းေက်ာ္ အထိ အဘယ္ေၾကာင့္ ျဖစ္ခဲ့ရသနည္း။

ဘရာဇီးသည္ အေမရိကန္လိုပဲ ဖက္ဒရယ္ စနစ္က်င့္သုံးတဲ့ ႏိုင္ငံ ျဖစ္တာေၾကာင့္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေတြ နဲ႔ ၿမိဳ႕ေတာ္ဝန္ေတြမွာ ေလာ့ေဒါင္း အပါအဝင္ မိမိတို႔ ကိုယ္ပိုင္ အစီအစဥ္မ်ား နဲ႔ အုပ္ခ်ဳပ္ခြင့္ရေနၾကပါတယ္။ ဘရာဇီး၏ က်န္းမာေရး ေစာင့္ေရွာက္ေပးမႈသည္ ၿဗိတိန္၏ အမ်ိဳးသား က်န္းမာေရး ဝန္ေဆာင္မႈ ကို အတုယူ ျပဳလုပ္ထားတာ ေၾကာင့္ လူဦးေရ ၈၀% ကို ပံ့ပိုးေပးႏိုင္ခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္ H1N1 နဲ႔ ၂၀၁၅ ဇီကာ ဗိုင္းရပ္ေတြ တုန္းက ၿမိဳ႕ေတာ္ဝန္ေတြ၊ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ေတြ၊ က်န္းမာေရး ပိုင္းက တာဝန္ရွိသူေတြ နဲ႔ ဗဟိုအစိုးရတို႔ တက္ညီလက္ညီ ပူးေပါင္းေဆာင္႐ြက္ႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

ယခုအခါေတာ့ H1N1 ထက္ ပိုၿပီး ကူးစက္ျမန္တဲ့ ကိုဗစ္-၁၉ သည္က ဘရာဇီး ရဲ႕ အားနည္းခ်က္ကို ေကာင္းေကာင္း အသုံးခ်ၿပီး ထိုးႏွက္တိုက္ခိုက္လာေနၿပီ ျဖစ္ပါတယ္။ လူခ်မ္းသာ အသိုက္အဝန္းရွိ ခရီးသြားမ်ားမွ တဆင့္ ေရာဂါပိုး သယ္ေဆာင္လာခဲ့တာ ျဖစ္ေပမယ့္ ယခုအခါ စုၿပဳံ ေနထိုင္ၾကရၿပီး အလုပ္အကိုင္ အတည္တက်မရွိတဲ့ ဆင္းရဲသား ရပ္ကြက္မ်ား မွာ အဆိုးဝါးဆုံး ကူးစက္ခံေနရၿပီ ျဖစ္ပါတယ္။ ဒီလို ရပ္ကြက္ေတြမွာ လူခ်င္းခြာ ေနဖို႔ က မျဖစ္ႏိုင္သေလာက္ ရွိေနပါတယ္။ အစိုးရ မွ ၎တို႔ရဲ႕ စားဝတ္ေနေရး အတြက္ တလကို ေဒၚလာ ၁၁၀ ခန႔္ ေထာက္ပံ့ေပးလာခဲ့ေပမယ့္ ဒါကို ထုတ္ယူရန္ ဘဏ္ေတြမွာ လူတန္းရွည္ႀကီး ျဖစ္လာခဲ့ရျပန္ပါတယ္။

ဘရာဇီး သမၼတ ျဖစ္သူ ဂ်ာယား ေဘာ္ဆိုနာယို ေၾကာင့္လည္း လူခ်င္းခြာ ေနရမယ္ ဆိုတဲ့ က်န္းမာေရး ဌာနရဲ႕ သတိေပးခ်က္ေတြကို ျပက္ရယ္ ျပဳခဲ့ပါတယ္။ ကိုဗစ္-၁၉ စတင္ျဖစ္ခဲ့ခ်ိန္မွ ယခုအထိ က်န္းမာေရး ဝန္ႀကီး ကို ထုတ္ျပစ္ခဲ့တာ ႏွစ္ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒၚနယ္ ထရန႔္လိုပဲ ကလို႐ိုကြင္းေဆးသည္ အစြမ္းထက္ေၾကာင္း ေျပာခဲ့သူလည္း ျဖစ္ပါတယ္။ အဆိုပါ ေဆးသည္ မည္သို႔မွ် အသုံးမတည့္သည့္အျပင္ အႏၲရာယ္ရွိေၾကာင္းလည္း ေဆးပညာ ေလာကမွ ဩဇာတကၠိမ ရွိတဲ့ Lancet ဂ်ာနယ္ မွာ အထူးသုေတသန လုပ္ကာ ထုတ္ျပန္ထားခဲ့ၿပီး ျဖစ္ပါတယ္။

ထိုကဲ့သို႔ေသာ သူ၏ သေဘာထားေတြေၾကာင့္ ဘရာဇီး အဖို႔ ပိုၿပီး အထိနာခဲ့ရတာလည္း ျဖစ္ပါတယ္။ ကိုဗစ္-၁၉ စတင္ ျဖစ္ပြားလာခ်ိန္မွစၿပီး က်န္းမာေရး ဝန္ႀကီး လုစ္ မင္ဒက္တာ မွ ျပည္နယ္ ႏွင့္ ၿမိဳ႕ေတာ္ က်န္းမာေရး တာဝန္ခံေတြနဲ႔ ေန႔စဥ္လို အစည္းအေဝး က်င္းပၿပီး စမ္းသပ္မႈေတြ၊ လိုအပ္တဲ့ အေထာက္အကူျပဳ ပစၥည္းေတြ၊ နဲ႔ ရံပုံေငြ ရရွိေရး ကိစၥေတြကို ေန႔စဥ္လို ေဆြးေႏြးခဲ့ပါတယ္။ သို႔ေသာ္လည္း ဧၿပီလ ၁၆ ရက္ေန႔မွာ သမၼတ က သူ႔ကို ရာထူးကေန ထုတ္ပယ္ ျပစ္ခဲ့ပါတယ္။ အဓိက အေၾကာင္းကေတာ့ သူရဲ႕ လုပ္ေဆာင္မႈေတြေၾကာင့္ တိုင္းျပည္ စီးပြားေရး ထိခိုက္လာတယ္ဆိုၿပီးေတာ့ ျဖစ္ပါတယ္။

ဘရာဇီး ရဲ႕ သိသိသာသာ ေကာင္းမြန္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ေၾကာင့္ ကပ္ေရာဂါကို ပိုၿပီး ႏိုင္ႏိုင္နင္းနင္း ကိုင္တြယ္ႏိုင္ေအာင္ ျပင္ဆင္ထားႏိုင္ခဲ့ပါတယ္။ လူနာေတြ ကုသႏိုင္ဖို႔ ေဆး႐ုံကုတင္ေတြ တိုးခ်ဲ႕ ႏိုင္ခဲ့တဲ့ အျပင္ အားကစားကြင္းမ်ား နဲ႔ ကြန္ဗင္းရွင္း စင္တာ ေတြ မွာလည္း ထားရွိႏိုင္ဖို႔ ျပင္ဆင္ထားခဲ့ပါတယ္။ ဒီလို အေျခအေနမွာေတာင္ မွ မႏိုင္မနင္း ျဖစ္လာေနပါတယ္။

ေက်းလက္ေဒသေတြ မွာ အေျခအေနေတြက ပိုဆိုးေနၿပီး အခ်ိဳ႕ ေတာ႐ြာေတြကေန ၿမိဳ႕ကို စက္ေလွနဲ႔ ေခၚလာတုန္းမွာပဲ လမ္းတြင္ ေသဆုံးသြားသူေတြ ရွိလာပါတယ္။ အစုလိုက္ အၿပဳံလိုက္ ျမဳပ္ႏွံခဲ့ၾကရတဲ့ အဆင့္ ေရာက္လာခဲ့ပါတယ္။

ထိုသို႔ေသာ အေနအထားကို ကာကြယ္ရန္ ေလာ့ေဒါင္းကို တင္းတင္းက်ပ္က်ပ္ လုပ္ဖို႔ လိုေပမယ့္ ဒီလို လုပ္ဖို႔ကို သမၼတ မွ ၾကားကေန သပ္လ်ိဳ လာခဲ့ပါတယ္။ ၿမိဳ႕ေတာ္ ဘရာစီလီယာ မွာ ကြာရန္တင္း ကို ဆန႔္က်င္ တဲ့ ဆႏၵျပပြဲေတြကိုပင္ သမၼတ က လာၿပီး အားေပးခဲ့ပါတယ္။ မည္သူကမွ်လည္း က်န္းမာေရး ဝန္ထမ္းေတြကို ခ်ီးက်ဴး ေထာပနာ ေပးရေကာင္းမွန္းလည္း မသိခဲ့ၾကပါဘူး။ သမၼတ တခုခု ေျပာၿပီးတိုင္း ေထာက္ခံသူေတြ မွ ကားေတြ ဟြန္းတီးခဲ့ၾကသလို ရႈတ္ခ်သူေတြက အိုးေတြ ခြက္ေတြ တီးၿပီး ကန႔္ကြက္ခဲ့ၾကလို႔ အၿမဲလို ဆူညံေနပါတယ္။

သမၼတသည္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ ၿမိဳ႕ေတာ္ဝန္ေတြ ထုတ္ျပန္ထားတဲ့ ကြာရန္တင္း အမိန႔္ေတြကို အက်ဳံးမဝင္ေၾကာင္း ဗဟိုတရား႐ုံးခ်ဳပ္ကို အယူခံ တင္သြင္းခဲ့ေပမယ့္ ဧၿပီလ ၁၅ ရက္ေန႔မွာ သူရဲ႕ အယူခံမႈမွာ ပယ္ခ်ခံခဲ့ရပါတယ္။ ႏိုင္ငံသားေတြဘက္ကလည္း သမၼတ၏စကား နားေထာင္ရမည္လား၊ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေတြ၏ စကားကို နားေထာင္ရမည္လား ေဝခြဲမရ ျဖစ္လာခဲ့ၾကပါတယ္။ ဒီအတြက္ ေဆာ ပါလို ၿမိဳ႕ႀကီးမွာ ေလာ့ေဒါင္းကို တဝက္ေလာက္ကပဲ လိုက္နာပါတယ္။ ပညာရွင္ေတြကေတာ့ ေရာဂါ မပ်ံ႕ပြားေအာင္ အနည္းဆုံး ၇၀% ေလာက္ လိုက္နာၾကမွ ျဖစ္မယ္လို႔ ဆိုပါတယ္။

ႏွစ္နာရီ ၾကာ က်င္းပခဲ့တဲ့ ကက္ဘိနက္ အစည္းအေဝး အစအဆုံးကို ဗဟိုတရား႐ုံးခ်ဳပ္က ထုတ္လႊင့္ေပးခဲ့တဲ့ အတြက္ သန္းေပါင္းမ်ားစြာေသာ ဘရာဇီး ႏိုင္ငံသားေတြ ၾကည့္ရႈခြင့္ ရခဲ့ပါတယ္။ အစည္းအေဝးသည္ ႏွစ္နာရီ နီးပါး ၾကာျမင့္ခဲ့ေသာ္လည္း လက္ရွိျဖစ္ပြားေနေသာ ေကာ္႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ႀကီးမွ ႏိုင္ငံသားမ်ားကို မည္သို႔ မည္ပုံ ကာကြယ္ရမည္ ဆိုသည့္ အေရးအား မိနစ္ အနည္းငယ္ေလာက္သာ ေျပာၿပီး တခ်ိန္လုံး သူရဲ႕ သားေတြကို ရဲအဖြဲ႕က စုံစမ္းစစ္ေဆးေနတဲ့ အေပၚ မေက်နပ္ေၾကာင္း ဆူပူ ဆဲဆိုေနတာေတြနဲ႔ ျပည့္ႏွက္ေနတာ ကို ႏိုင္ငံသားမ်ား တအံ့တဩေတြ႕ရွိခဲ့ၾကရပါတယ္။

ႏိုင္ငံအတြင္း ေရာဂါကူးစက္မႈ ရွိမရွိ က်ယ္က်ယ္ျပန႔္ျပန႔္ စမ္းသပ္ႏိုင္ေရး၊ ေလာ့ေဒါင္းကို လုံၿခဳံစိတ္ခ်ရေအာင္ မည္သို႔ မည္ပုံ တဆင့္ျခင္း ေျဖေလ်ာ့ေရးဆိုတဲ့ စီမံ ေဆာင္႐ြက္မႈေတြ ျဖစ္မလာခဲ့ပါဘူး။ ဘရာဇီး လူဦးေရသည္ သန္း ၂၁၀ ခန႔္ ရွိေပမယ့္ ေမလ ၂၆ ရက္ေန႔အထိ စမ္းသပ္မႈ ငါးသိန္းခန႔္ေလာက္သာ ျပဳလုပ္ႏိုင္ပါေသးတယ္။ က်န္းမာေရး ဝန္ႀကီးဌာနမွ လုပ္ဖို႔ လိုအပ္တယ္လို႔ ေျပာေနတဲ့ အရည္အတြက္ရဲ႕ ဆယ္ပုံတပုံသာ ရွိပါေသးတယ္။ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြထက္လည္း အပုံႀကီး ေလ်ာ့နည္းေနဆဲ ျဖစ္ပါတယ္။

ေမလ ၁၈ ရက္ေန႔တြင္ ဘရာဇီး၏ အႀကီးဆုံး ၿမိဳ႕ႀကီး ျဖစ္သည့္ ေဆာ ပါလို ၿမိဳ႕ေတာ္ဝန္သည္ ၎၏ ၿမိဳ႕တြင္ တႏိုင္ငံလုံး ေရာဂါ ကူးစက္ခံရသူ အမ်ားဆုံး ရွိေနတဲ့ ေဒသ ျဖစ္လာေနတာေၾကာင့္ ႏိုင္ငံသားမ်ား အျပင္မထြက္ေအာင္ အားေပးတဲ့ အေနနဲ႔ ငါးရက္ၾကာ ႐ုံးပိတ္တယ္လို႔ ေၾကျငာခဲ့ပါတယ္။ ထိုသတင္းေၾကာင့္ ေဆာ ပါလို ၿမိဳ႕ ေတာ္ ေတာင္ပိုင္းရွိ လူဦးေရ တသိန္း ေက်ာ္ ေနထိုင္ရာ ရပ္ကြက္ႀကီး အတြင္းတြင္ ပြဲေတာ္ႀကီး အလား လမ္းေဘးေဈးဆိုင္ ေလးေတြ လာဖြင့္ၾကၿပီး စည္ကားလာေနပါတယ္။ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရသူ ေတြ အဆက္မျပတ္ ေရာက္လာေနတဲ့ ေဆးခန္း ေဆး႐ုံေတြ၏ေရွ႕မွာ ေဈးဆိုင္ ေလးေတြနဲ႔ ပိုၿပီးေတာင္ စည္ကားေနတယ္လို႔ဆိုပါတယ္။ တိုက္ေခါင္မိုး ေတြ ေပၚရွိ ေလသာ ေဆာင္မ်ား မွာလည္း ပါတီပြဲေတြ နဲ႔ စြန္ လႊတ္ေနၾကတဲ့ ကေလးေတြလည္း အမ်ားအျပားေတြ႕ေနရပါတယ္။

ဒီအတြက္လည္း ေဆာ ပါလို ၿမိဳ႕ေတာ္ရွိ ေဆာ လူးဝစ္ သခ်ႋဳင္းေျမတြင္ က်င္းေပါင္း သုံးေထာင္ကို အသင့္တူးထားၿပီး ေသဆုံးသူေတြကို ေစာင့္ေနပါတယ္။ အရင္က တေန႔ကို ၁၁ က်င္း ေလာက္သာ သုံးခဲ့ရေပမယ့္ ယခုအခါ ၄၀ ေလာက္အထိ ျဖစ္လာေနတယ္လို႔ သုဘရာဇာမ်ားက ေျပာပါတယ္။ က်င္းေတြ ေပၚမွာ ေလာေလာဆယ္ ပန္းေတြ သာ ခ်ထားေပးႏိုင္ၿပီး ဆိုင္းဘုတ္ေတြ လုပ္ဖို႔ အလ်ဥ္မမွီ ျဖစ္ေနပါတယ္။

Hla Soe Wai
ကိုးကား၊ ၊ ‘Brazil’s losing battle against covid-19’ from The Economist (May 28th, 2020)

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!