(Unicode)
ဂျွန်ဟော့ကင်းတက္ကသိုလ် ဝဘ်ဆိုဒ်ရဲ့စာရင်းအရ လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်နိုင်တင်း ကူးစက်ခံထားရသူပေါင်း ၇သန်းကျော်(၇၂၅၇၅၁၉ဦး) ရှိသွားပြီဖြစ်ကာ သေဆုံးသူပေါင်းကလည်း ၄၁၁၆၈၁ ဦးအထိရှိနေပြီဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ပြန်လည်ကျန်းမာလာသူပေါင်းကတော့ ၃.၄သန်းနီးပါး(၃၃၈၇၈၉၁ဦး) ရှိနေပြီဖြစ်ပါတယ်။
အခုအချိန်ထိ ဆိုရင် ၆လကျော် ကြာမြင့်ခဲ့ပြီးဖြစ်ပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုက လျှော့ကျမလာပဲ နိုင်ငံအချို့မှာ ပြင်းပြင်းထန်ထန် ကူးစက်လျက်ရှိနေဆဲဖြစ်ပါတယ်။ ကူးစက်ခံရသူအများဆုံးကတော့ အမေရိကန်ဖြစ်ပြီး အမေရိကန်မှာ ကိုဗစ်နိုင်တင်းကူးစက်ခံထားရသူပေါင်း ၂သန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ နောက်မှာတော့ ဘရာဇီးက ကူးစက်ခံရသူ ၇၃၉၅၀၃ ဦး ၊ ရုရှားက ၄၉၃၀၂၃ဦး ၊ ယူကေ က ၂၉၀၅၈၁ဦး ၊ အိန္ဒိယက ၂၇၆၅၈၃ ဦးနဲ့ ကူးစက်မှုအများဆုံးနိုင်ငံတွေ ဖြစ်နေပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံကိုတော့ ကိုဗစ်နိုင်တင်းဟာ မတ်လ ၂၃ ရက်နေ့မှာ စတင်ရောက်ရှိခဲ့ပြီး အခုဇွန်လ ၁၀ ရက်နေ့အထိဆိုရင် ကူးစက်ခံရသူပေါင်း ၂၄၆ ဦး ၊ သေဆုံးသူ ၆ဦး အထိရှိခဲ့ပါတယ်။ ဝမ်းသာစရာကောင်းတာကတော့ ပိုးတွေ့လူနာတွေထဲက တဝက်ကျော် ၁၅၉ဦးဟာ ရောဂါပျောက်ကင်းသက်သာခဲ့ပြီဖြစ်သလို အခုနောက်ပိုင်းရက်တွေရဲ့ ဓာတ်ခွဲခန်းအဖြေတွေမှာလည်း လူနာသစ်မတွေ့ရှိတဲ့နေ့တွေ ရှိလာတာပါ။ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှားကို ပျံ့နှံ့ခဲ့ပြီးဖြစ်ပေမယ့် တချို့နိုင်ငံတွေကတော့ ကူးစက်မှုကိုရပ်တန့်နိုင်ခဲ့သလို ကူးစက်ခံရသူအားလုံးကလည်း ပျောက်ကင်းသွားပြီဖြစ်တာကြောင့် ဗိုင်းရပ်စ်ကင်းစင်သွားတဲ့ နိုင်ငံတွေဖြစ်လာခဲ့ပါတယ်။ ဒီနိုင်ငံတွေကတော့
၉။ ဗာတီကန်စီးတီး
ဗိုင်းရပ်စ်ကူးစက်ခံရမှု အပြင်းထန်ဆုံးနိုင်ငံဖြစ်ခဲ့တဲ့ အီတလီနိုင်ငံထဲမှာရှိတဲ့ ဗာတီကန်နိုင်ငံဟာလည်း ဒီစာရင်းမှာ ပါဝင်လာပါတယ်။ လူဦးရေ ၁၀၀၀ မပြည့်တဲ့နိုင်ငံဖြစ်တဲ့အပြင် မတ်လ ၁၀ ရက်နေ့ကတည်းက စလို့ အီတလီနိုင်ငံ နဲ့ အဝင်အထွက်ပိတ်ပင်တားမြစ်လိုက်တာကြောင့် ကူးစက်သူပေါင်း ၁၂ ဦးပဲ ရှိခဲ့ကာ သေဆုံးသူမရှိခဲ့ပါဘူး။ ဇွန်လ ၆ ရက်နေ့ ဆေးစစ်မှုအရ ကူးစက်ခံလူနာအားလုံးမှာ အဖြေ Negatvie ထွက်ခဲ့ပြီဖြစ်ပါတယ်။
၈။ ဖီဂျီ
ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီကတော့ ဇွန်လ ပထမအပတ်မှာကတည်းက ဗိုင်းရပ်စ်ကင်းစင်သွားပြီ လို့ ကြေငြာခဲ့တာဖြစ်ပါတယ်။ ကူးစက်ခံရသူ ၁၈ဦးစလုံး ရောဂါပျောက်ကင်းကာ ဆေးရုံဆင်းသွားကြပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဖြစ်သူ Frank Bainimarama က သူ့ရဲ့တွစ်တာလူမှုကွန်ယက်စာမျက်နှာမှာ ကျွန်တော်တို့ နေ့စဉ် အရေအတွက် တိုးစစ်ခဲ့ပေမယ့် ဒီနေ့အထိဆိုရင် ပိုးတွေ့တဲ့လူနာကို မတွေ့ရှိတာ ၄၅ရက်တောင် ရှိပါပြီ။ ကူးစက်ခံရသူအားလုံးဟာလည်း သေဆုံးမှုမရှိပဲ ပြန်လည်ကျန်းမာသွားခဲ့ပြီ လို့ ရေးသားခဲ့ပါတယ်။ ဖီဂျီဟာ ဧပြီလက စလို့ လော့ဒေါင်းချခဲ့တာ ဖြစ်ပါတယ်။
၇။ မွန်တီနီဂရိုး
ဥရောပ အရှေ့တောင်ပိုင်းက မွန်တီနီဂရိုးနိုင်ငံမှာတော့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကို ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မေလ ၄ ရက်နေ့အထိ ဆိုရင် ကူးစက်ခံရသူပေါင်း ၃၂၄ဦးရှိခဲ့ကာ သေဆုံးသူပေါင်းကတော့ ၉ဦး ရှိခဲ့ပါတယ်။ ပထမဆုံး ပိုးတွေ့မှုဖြစ်ပြီး ၆၈ရက်အကြာ မေလ ၂၄ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူအားလုံး ပြန်လည်ကျန်းမာလာခဲ့ပြီဖြစ်ကာ ဥရောပရဲ့ ပထမဆုံး ကိုဗစ်နိုင်တင်းကင်းစင်တဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
၆ ။ ဆေရှဲ
အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ဆေရှဲမှာတော့ မတ်လ ၈ ရက်နေ့မှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့ပါတယ်။ အီတလီကနေ ကူးစက်ခဲ့တာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့အထိ ဆိုရင် ကိုဗစ်နိုင်တင်းကူးစက်ခံရသူပေါင်း ၁၁ဦး အထိရှိခဲ့ပါတယ်။ ၁ ဦးမှသေဆုံးခြင်းမရှိပဲ အားလုံးပြန်လည်ကျန်းမာလာပြီးတဲ့နောက် မေလ ၁၈ရက်နေ့မှာတော့ ဗိုင်းရပ်စ်ကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေငြာခဲ့ပါတယ်။
၅။ ထရီနီဒတ် နဲ့ တိုဘာဂို
ကာရစ်ဘီယံပင်လယ်ရဲ့ တောင်ဘက်အကျဆုံးဖြစ်တဲ့ ဒီကျွန်းနိုင်ငံကိုတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ မတ်လ ၁၂ရက်နေ့မှာ စတင်ရောက်ရှိခဲ့ပါတယ်။ ဆွစ်ဇာလန်ကနေ ပြန်လာတဲ့ အသက် ၅၂နှစ်အရွယ် လူတဦးဆီကနေ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မေလ ၁၅ ရက်နေ့အထိဆိုရင် ကူးစက်ခံရသူပေါင်း ၁၁၆ ဦးအထိ တွေ့ရှိခဲ့ပြီး ၈ ဦးကတော့ သေဆုံးခဲ့ပါတယ်။ ထပ်တိုးတွေ့ရှိမှုမရှိတဲ့အပြင် ကူးစက်ထားရသူ ၁၀၈ဦး စလုံး ရောဂါပျောက်ကင်းသွားပြီးတဲ့နောက် Active Case မရှိတော့ပဲ ဗိုင်းရပ်စ်ကင်းစင်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
၄။ အီထရီးယား
အီထရီးယားကတော့ အာဖရိကအရှေ့ပိုင်းနိုင်ငံဖြစ်ပြီး ဆူဒန် ၊ အီသီယိုးပီးယားတို့ နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၆သန်းခန့်သာ နေထိုင်တဲ့ နိုင်ငံလေးဖြစ်ပါတယ်။ ဒီနိုင်ငံကိုတော့ ကိုဗစ်နိုင်တင်းဟာ မတ်လ ၂၁ ရက်နေ့မှာ စရောက်ခဲ့ပါတယ်။ နော်ဝေကိုသွားခဲ့တဲ့ နိုင်ငံသားတဦးဆီကနေ စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဧပြီလ ၂ရက်နေ့ကနေစလို့ နယ်မြေတွေကိုလော့ဒေါင်းချပစ်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၉ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ၃၉ဦးမြောက်လူနာ ရောဂါပျောက်ကင်းပြီး ဆေးရုံက ဆင်းသွားပြီးတဲ့နောက် မေလ ၁၅ ရက်နေ့မှတော့ ကူးစက်ခံထားရသူ မရှိတော့တဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
၃။ အရှေ့တီမော
အရှေ့တောင်အာရှက ကျွန်းနိုင်ငံဖြစ်တဲ့ အရှေ့တီမောကိုတော့ မတ်လ ၂၁ရက်နေ့မှာ ပထမဆုံးကိုဗစ်ကူးစက်ခံထားရသူကို စတင်တွေ့ရှိခဲ့ပါတယ်။ ကူးစက်ခံရသူ မတွေ့မီကတည်းက ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့မှာ အင်ဒိုနီးရှားနဲ့ နယ်စပ်ကိုပါ ပိတ်ခဲ့ပါတယ်။ အရှေ့တီမောမှာ ဧပြီလ ၂၄ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၄ဦးအထိ တွေ့ရှိခဲ့ပါတယ်။ ဧပြီလ ၂၅ ရက်နေ့ကတည်းက ထပ်တိုး တွေ့ရှိမှုမရှိတော့တဲ့အပြင် မေလ ၁၅ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူအားလုံး သက်သာပျောက်ကင်းသွားပြီဖြစ်တာကြောင့် ဗိုင်းရပ်စ်ကင်းစင်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။
၂။ လာအို
အရှေ့တောင်အာရှက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းလာအိုနိုင်ငံကိုတော့ ကိုဗစ်နိုင်တင်းဟာ မတ်လ ၂၄ ရက်နေ့က စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ နောက်ဆုံးမှ ဗိုင်းရပ်စ်ရောက်ရှိခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ လာအိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စတင်မတွေ့ရှိမီ မတ်လ ၁၃ ရက်နေ့ကတည်းက နယ်စပ်သွားလာမှုတွေကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၂ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၁၉ ဦးကို တွေ့ရှိခဲ့ပါတယ်။ ဇွန်လ ၉ ရက်နေ့မှာတော့ နောက်ဆုံးလူနာဟာ ဆေးရုံက ဆင်းသွားပြီဖြစ်တဲ့အတွက် လာအိုနိုင်ငံဟာလည်း ဗိုင်းရပ်စ်ကင်းစင်တဲ့ နိုင်ငံစာရင်းထဲ ပါဝင်သွားခဲ့တာဖြစ်ပါတယ်။
၁။ နယူးဇီလန်
ဇွန်လ ၈ရက်နေ့မှာတော့ နယူးဇီလန်ဟာ နိုင်ငံရဲ့နောက်ဆုံးကိုဗစ်နိုင်တင်းလူနာ ဆေးရုံက ဆင်းလာပြီးတဲ့နောက် အတားအဆီးတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း လက်ရှိကူးစက်ခံထားရသူ တစ်ဦးမှ မရှိတော့လို့ ကြေငြာခဲ့ပါတယ်။ နယူးဇီလန်မှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၀၀ ခန့်ရှိခဲ့ပြီး ၂၂ဦးကတော့ သေဆုံးခဲ့ပါတယ်။
မရှိမဖြစ်ဆိုင်တွေကလွဲလို့ စီးပွားရေးလုပ်ငန်းအားလုံးနီးပါးကို ၇ပတ်ကြာ ပိတ်ချခဲ့တာဖြစ်ပြီး ဇွန်လ ၉ရက်နေ့မှာ နိုင်ငံတွင်း ပိတ်ပင်မှုအားလုံးကို ဖယ်ရှားပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် နယ်စပ်ဖြတ်ကျော်သွားလာမှုတွေကိုတော့ တားဆီးပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
အပေါ်မှာ ဖော်ပြထားတဲ့ နိုင်ငံတွေအပြင် အခြားနိုင်ငံနဲ့ နယ်မြေတွေဖြစ်တဲ့ ပါပူအာနယူးဂီနီ ၊ ဖာရိုးကျွန်းစု ၊ အစ်ဆဲအော့ဖ်မန်း ၊ အာရူဘား ၊ ဖရန့်ပိုလီနီးရှား ၊ မကာအို ၊ စိန့်ကစ် နဲ့ နီးဗစ် ၊ ဖောက်ကလန်ကျွန်းစု ၊ ဂရင်းလန် ၊ မွန်ဆဲရတ် ၊ ဗြိတိန်ဗာဂျင်ကျွန်းစု ၊ ကာရစ်ဘီယံနယ်သာလန် ၊ စိန့်ဘာသ့် ၊ အန်ဂွဲလာ နဲ့ စိန့်ပီယာမစ်ကလွန် စတာတွေမှာလည်း ကိုဗစ်နိုင်တင်း Active Case မရှိတော့ပါဘူး။
ဗိုင်းရပ်စ်ကင်းစင်သွားတဲ့ နိုင်ငံတွေအားလုံးဟာ လူဦးရေနည်းပါးတဲ့နိုင်ငံတွေ ၊ ကျွန်းစုနိုင်ငံတွေဖြစ်တဲ့အတွက် ကန့်သတ်ပိတ်ပင်ဖို့ရာ လွယ်ကူတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို ထပ်မံမပြန့်ပွားဖို့ တားဆီးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ လူဦးရေများတဲ့ နိုင်ငံကြီးတွေမှာတော့ ပိတ်ပင်မှုတွေပြုလုပ်ဖို့ရာ မလွယ်ကူတဲ့အပြင် တခြားနိုင်ငံကနေ ဝင်လာသူတွေလည်း ရှိနေဆဲဖြစ်တာကြောင့် တနေ့တခြား ကူးစက်မှုတွေ ထပ်တိုးနေရဆဲဖြစ်ပါတယ်။
——- ——- ——-
(Zawgyi)
ကုိဗစ္-၁၉ ကင္းစင္သြားၿပီျဖစ္တဲ့ ႏုိင္ငံ ၉ ႏုိင္ငံ
ဂြ်န္ေဟာ့ကင္းတကၠသုိလ္ ၀ဘ္ဆုိဒ္ရဲ႕စာရင္းအရ လက္ရွိအခ်ိန္အထိ ကမာၻေပၚမွာ ကိုဗစ္ႏုိင္တင္း ကူးစက္ခံထားရသူေပါင္း ၇သန္းေက်ာ္(၇၂၅၇၅၁၉ဦး) ရွိသြားၿပီျဖစ္ကာ ေသဆုံးသူေပါင္းကလည္း ၄၁၁၆၈၁ ဦးအထိရွိေနၿပီျဖစ္ပါတယ္။ တကမာၻလုံးမွာ ျပန္လည္က်န္းမာလာသူေပါင္းကေတာ့ ၃.၄သန္းနီးပါး(၃၃၈၇၈၉၁ဦး) ရွိေနၿပီျဖစ္ပါတယ္။
အခုအခ်ိန္ထိ ဆုိရင္ ၆လေက်ာ္ ၾကာျမင့္ခဲ့ၿပီးျဖစ္ေပမယ့္ ဗုိင္းရပ္စ္ကူးစက္မႈက ေလွ်ာ့က်မလာပဲ ႏုိင္ငံအခ်ဳိ႕မွာ ျပင္းျပင္းထန္ထန္ ကူးစက္လ်က္ရွိေနဆဲျဖစ္ပါတယ္။ ကူးစက္ခံရသူအမ်ားဆုံးကေတာ့ အေမရိကန္ျဖစ္ၿပီး အေမရိကန္မွာ ကုိဗစ္ႏုိင္တင္းကူးစက္ခံထားရသူေပါင္း ၂သန္းနီးပါးရွိေနၿပီျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ေနာက္မွာေတာ့ ဘရာဇီးက ကူးစက္ခံရသူ ၇၃၉၅၀၃ ဦး ၊ ရုရွားက ၄၉၃၀၂၃ဦး ၊ ယူေက က ၂၉၀၅၈၁ဦး ၊ အိႏၵိယက ၂၇၆၅၈၃ ဦးနဲ႔ ကူးစက္မႈအမ်ားဆုံးႏုိင္ငံေတြ ျဖစ္ေနပါတယ္။
ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံကိုေတာ့ ကိုဗစ္ႏုိင္တင္းဟာ မတ္လ ၂၃ ရက္ေန႔မွာ စတင္ေရာက္ရွိခဲ့ၿပီး အခုဇြန္လ ၁၀ ရက္ေန႔အထိဆုိရင္ ကူးစက္ခံရသူေပါင္း ၂၄၆ ဦး ၊ ေသဆုံးသူ ၆ဦး အထိရွိခဲ့ပါတယ္။ ၀မ္းသာစရာေကာင္းတာကေတာ့ ပိုးေတြ႔လူနာေတြထဲက တ၀က္ေက်ာ္ ၁၅၉ဦးဟာ ေရာဂါေပ်ာက္ကင္းသက္သာခဲ့ၿပီျဖစ္သလုိ အခုေနာက္ပုိင္းရက္ေတြရဲ႕ ဓာတ္ခြဲခန္းအေျဖေတြမွာလည္း လူနာသစ္မေတြ႔ရွိတဲ့ေန႔ေတြ ရွိလာတာပါ။ ဒီဗုိင္းရပ္စ္ဟာ ကမာၻတလႊားကို ပ်ံ႔ႏွံ႔ခဲ့ၿပီးျဖစ္ေပမယ့္ တခ်ဳိ႕ႏုိင္ငံေတြကေတာ့ ကူးစက္မႈကိုရပ္တန္႔ႏုိင္ခဲ့သလုိ ကူးစက္ခံရသူအားလုံးကလည္း ေပ်ာက္ကင္းသြားၿပီျဖစ္တာေၾကာင့္ ဗုိိင္းရပ္စ္ကင္းစင္သြားတဲ့ ႏုိင္ငံေတြျဖစ္လာခဲ့ပါတယ္။ ဒီႏုိင္ငံေတြကေတာ့
၉။ ဗာတီကန္စီးတီး
ဗုိင္းရပ္စ္ကူးစက္ခံရမႈ အျပင္းထန္ဆုံးႏုိင္ငံျဖစ္ခဲ့တဲ့ အီတလီႏုိင္ငံထဲမွာရွိတဲ့ ဗာတီကန္ႏုိင္ငံဟာလည္း ဒီစာရင္းမွာ ပါ၀င္လာပါတယ္။ လူဦးေရ ၁၀၀၀ မျပည့္တဲ့ႏုိင္ငံျဖစ္တဲ့အျပင္ မတ္လ ၁၀ ရက္ေန႔ကတည္းက စလုိ႔ အီတလီႏုိင္ငံ နဲ႔ အ၀င္အထြက္ပိတ္ပင္တားျမစ္လုိက္တာေၾကာင့္ ကူးစက္သူေပါင္း ၁၂ ဦးပဲ ရွိခဲ့ကာ ေသဆုံးသူမရွိခဲ့ပါဘူး။ ဇြန္လ ၆ ရက္ေန႔ ေဆးစစ္မႈအရ ကူးစက္ခံလူနာအားလုံးမွာ အေျဖ Negatvie ထြက္ခဲ့ၿပီျဖစ္ပါတယ္။
၈။ ဖီဂ်ီ
ပစိဖိတ္ကြ်န္းႏုိင္ငံျဖစ္တဲ့ ဖီဂ်ီကေတာ့ ဇြန္လ ပထမအပတ္မွာကတည္းက ဗုိင္းရပ္စ္ကင္းစင္သြားၿပီ လုိ႔ ေၾကျငာခဲ့တာျဖစ္ပါတယ္။ ကူးစက္ခံရသူ ၁၈ဦးစလုံး ေရာဂါေပ်ာက္ကင္းကာ ေဆးရုံဆင္းသြားၾကၿပီ ျဖစ္ပါတယ္။ ၀န္ႀကီးခ်ဳပ္ျဖစ္သူ Frank Bainimarama က သူ႔ရဲ႕တြစ္တာလူမႈကြန္ယက္စာမ်က္ႏွာမွာ ကြ်န္ေတာ္တုိ႔ ေန႔စဥ္ အေရအတြက္ တုိးစစ္ခဲ့ေပမယ့္ ဒီေန႔အထိဆုိရင္ ပုိးေတြ႔တဲ့လူနာကို မေတြ႔ရွိတာ ၄၅ရက္ေတာင္ ရွိပါၿပီ။ ကူးစက္ခံရသူအားလုံးဟာလည္း ေသဆုံးမႈမရွိပဲ ျပန္လည္က်န္းမာသြားခဲ့ၿပီ လုိ႔ ေရးသားခဲ့ပါတယ္။ ဖီဂ်ီဟာ ဧၿပီလက စလုိ႔ ေလာ့ေဒါင္းခ်ခဲ့တာ ျဖစ္ပါတယ္။
၇။ မြန္တီနီဂရုိး
ဥေရာပ အေရွ႕ေတာင္ပုိင္းက မြန္တီနီဂရုိးႏုိင္ငံမွာေတာ့ ပထမဆုံး ကုိရုိနာဗုိင္းရပ္စ္ကူးစက္ခံရသူကို ၂၀၂၀ ခုႏွစ္ မတ္လ ၁၇ ရက္ေန႔မွာ စတင္ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ေမလ ၄ ရက္ေန႔အထိ ဆုိရင္ ကူးစက္ခံရသူေပါင္း ၃၂၄ဦးရွိခဲ့ကာ ေသဆုံးသူေပါင္းကေတာ့ ၉ဦး ရွိခဲ့ပါတယ္။ ပထမဆုံး ပုိးေတြ႔မႈျဖစ္ၿပီး ၆၈ရက္အၾကာ ေမလ ၂၄ ရက္ေန႔မွာေတာ့ ဗုိင္းရပ္စ္ကူးစက္ခံထားရသူအားလုံး ျပန္လည္က်န္းမာလာခဲ့ၿပီျဖစ္ကာ ဥေရာပရဲ႕ ပထမဆုံး ကုိဗစ္ႏုိင္တင္းကင္းစင္တဲ့ ႏုိင္ငံ ျဖစ္လာခဲ့ပါတယ္။
၆ ။ ေဆရွဲ
အိႏၵိယသမုဒၵရာထဲက ကြ်န္းႏုိင္ငံ တႏုိင္ငံျဖစ္တဲ့ေဆရွဲမွာေတာ့ မတ္လ ၈ ရက္ေန႔မွာ ပထမဆုံး ဗုိင္းရပ္စ္ကူးစက္ခံရသူကို စတင္ေတြ႔ရွိခဲ့ပါတယ္။ အီတလီကေန ကူးစက္ခဲ့တာျဖစ္ၿပီး ဧၿပီလ ၆ ရက္ေန႔အထိ ဆုိရင္ ကိုဗစ္ႏုိင္တင္းကူးစက္ခံရသူေပါင္း ၁၁ဦး အထိရွိခဲ့ပါတယ္။ ၁ ဦးမွေသဆုံးျခင္းမရွိပဲ အားလုံးျပန္လည္က်န္းမာလာၿပီးတဲ့ေနာက္ ေမလ ၁၈ရက္ေန႔မွာေတာ့ ဗုိင္းရပ္စ္ကင္းစင္တဲ့ ႏုိင္ငံအျဖစ္ ေၾကျငာခဲ့ပါတယ္။
၅။ ထရီနီဒတ္ နဲ႔ တုိဘာဂုိ
ကာရစ္ဘီယံပင္လယ္ရဲ႕ ေတာင္ဘက္အက်ဆုံးျဖစ္တဲ့ ဒီကြ်န္းႏုိင္ငံကိုေတာ့ ကုိရုိနာဗုိင္းရပ္စ္ဟာ မတ္လ ၁၂ရက္ေန႔မွာ စတင္ေရာက္ရွိခဲ့ပါတယ္။ ဆြစ္ဇာလန္ကေန ျပန္လာတဲ့ အသက္ ၅၂ႏွစ္အရြယ္ လူတဦးဆီကေန စစ္ေဆးေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ေမလ ၁၅ ရက္ေန႔အထိဆုိရင္ ကူးစက္ခံရသူေပါင္း ၁၁၆ ဦးအထိ ေတြ႔ရွိခဲ့ၿပီး ၈ ဦးကေတာ့ ေသဆုံးခဲ့ပါတယ္။ ထပ္တုိးေတြ႔ရွိမႈမရွိတဲ့အျပင္ ကူးစက္ထားရသူ ၁၀၈ဦး စလုံး ေရာဂါေပ်ာက္ကင္းသြားၿပီးတဲ့ေနာက္ Active Case မရွိေတာ့ပဲ ဗုိင္းရပ္စ္ကင္းစင္တဲ့ႏုိင္ငံ ျဖစ္လာခဲ့ပါတယ္။
၄။ အီထရီးယား
အီထရီးယားကေတာ့ အာဖရိကအေရွ႕ပုိင္းႏုိင္ငံျဖစ္ၿပီး ဆူဒန္ ၊ အီသီယုိးပီးယားတုိ႔ နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ႏုိင္ငံျဖစ္ပါတယ္။ လူဦးေရ ၆သန္းခန္႔သာ ေနထုိင္တဲ့ ႏုိင္ငံေလးျဖစ္ပါတယ္။ ဒီႏုိင္ငံကိုေတာ့ ကိုဗစ္ႏုိင္တင္းဟာ မတ္လ ၂၁ ရက္ေန႔မွာ စေရာက္ခဲ့ပါတယ္။ ေနာ္ေ၀ကုိသြားခဲ့တဲ့ ႏုိင္ငံသားတဦးဆီကေန စစ္ေဆးေတြ႔ရွိခဲ့တာပါ။ ဧၿပီလ ၂ရက္ေန႔ကေနစလုိ႔ နယ္ေျမေတြကိုေလာ့ေဒါင္းခ်ပစ္ခဲ့ၿပီး ဧၿပီလ ၉ ရက္ေန႔အထိ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၃၉ဦးအထိ စစ္ေဆးေတြ႔ရွိခဲ့ပါတယ္။ ၃၉ဦးေျမာက္လူနာ ေရာဂါေပ်ာက္ကင္းၿပီး ေဆးရုံက ဆင္းသြားၿပီးတဲ့ေနာက္ ေမလ ၁၅ ရက္ေန႔မွေတာ့ ကူးစက္ခံထားရသူ မရွိေတာ့တဲ့ ႏုိင္ငံ ျဖစ္လာခဲ့ပါတယ္။
၃။ အေရွ႕တီေမာ
အေရွ႕ေတာင္အာရွက ကြ်န္းႏုိင္ငံျဖစ္တဲ့ အေရွ႕တီေမာကိုေတာ့ မတ္လ ၂၁ရက္ေန႔မွာ ပထမဆုံးကိုဗစ္ကူးစက္ခံထားရသူကို စတင္ေတြ႔ရွိခဲ့ပါတယ္။ ကူးစက္ခံရသူ မေတြ႔မီကတည္းက ပိတ္ပင္မႈေတြျပဳလုပ္ခဲ့ၿပီး မတ္လ ၁၉ ရက္ေန႔မွာ အင္ဒုိနီးရွားနဲ႔ နယ္စပ္ကုိပါ ပိတ္ခဲ့ပါတယ္။ အေရွ႕တီေမာမွာ ဧၿပီလ ၂၄ ရက္ေန႔အထိ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၂၄ဦးအထိ ေတြ႔ရွိခဲ့ပါတယ္။ ဧၿပီလ ၂၅ ရက္ေန႔ကတည္းက ထပ္တုိး ေတြ႔ရွိမႈမရွိေတာ့တဲ့အျပင္ ေမလ ၁၅ ရက္ေန႔မွာေတာ့ ဗုိင္းရပ္စ္ကူးစက္ခံထားရသူအားလုံး သက္သာေပ်ာက္ကင္းသြားၿပီျဖစ္တာေၾကာင့္ ဗုိင္းရပ္စ္ကင္းစင္တဲ့ ႏုိင္ငံ ျဖစ္လာပါတယ္။
၂။ လာအုိ
အေရွ႕ေတာင္အာရွက ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံရဲ႕ အိမ္နီးခ်င္းလာအုိႏုိင္ငံကိုေတာ့ ကိုဗစ္ႏုိင္တင္းဟာ မတ္လ ၂၄ ရက္ေန႔က စတင္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွႏုိင္ငံေတြထဲမွာ ေနာက္ဆုံးမွ ဗုိင္းရပ္စ္ေရာက္ရွိခဲ့တဲ့ ႏုိင္ငံလည္းျဖစ္ပါတယ္။ လာအုိဟာ ဗုိင္းရပ္စ္ကူးစက္ခံရသူ စတင္မေတြ႔ရွိမီ မတ္လ ၁၃ ရက္ေန႔ကတည္းက နယ္စပ္သြားလာမႈေတြကို ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။ ဧၿပီလ ၁၂ ရက္ေန႔အထိ ဗုိင္းရပ္စ္ကူးစက္ခံထားရသူ စုစုေပါင္း ၁၉ ဦးကို ေတြ႔ရွိခဲ့ပါတယ္။ ဇြန္လ ၉ ရက္ေန႔မွာေတာ့ ေနာက္ဆုံးလူနာဟာ ေဆးရုံက ဆင္းသြားၿပီျဖစ္တဲ့အတြက္ လာအုိႏုိင္ငံဟာလည္း ဗုိင္းရပ္စ္ကင္းစင္တဲ့ ႏုိင္ငံစာရင္းထဲ ပါ၀င္သြားခဲ့တာျဖစ္ပါတယ္။
၁။ နယူးဇီလန္
ဇြန္လ ၈ရက္ေန႔မွာေတာ့ နယူးဇီလန္ဟာ ႏုိင္ငံရဲ႕ေနာက္ဆုံးကုိဗစ္ႏုိင္တင္းလူနာ ေဆးရုံက ဆင္းလာၿပီးတဲ့ေနာက္ အတားအဆီးေတြကို ျပန္လည္ဖြင့္လွစ္ေပးခဲ့ပါတယ္။ က်န္းမာေရး၀န္ႀကီးဌာနကလည္း လက္ရွိကူးစက္ခံထားရသူ တစ္ဦးမွ မရွိေတာ့လုိ႔ ေၾကျငာခဲ့ပါတယ္။ နယူးဇီလန္မွာ စုစုေပါင္း ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁၅၀၀ ခန္႔ရွိခဲ့ၿပီး ၂၂ဦးကေတာ့ ေသဆုံးခဲ့ပါတယ္။
မရွိမျဖစ္ဆုိင္ေတြကလြဲလုိ႔ စီးပြားေရးလုပ္ငန္းအားလုံးနီးပါးကို ၇ပတ္ၾကာ ပိတ္ခ်ခဲ့တာျဖစ္ၿပီး ဇြန္လ ၉ရက္ေန႔မွာ ႏုိင္ငံတြင္း ပိတ္ပင္မႈအားလုံးကို ဖယ္ရွားေပးလုိက္ၿပီျဖစ္ပါတယ္။ ဒါေပမယ့္ နယ္စပ္ျဖတ္ေက်ာ္သြားလာမႈေတြကုိေတာ့ တားဆီးပိတ္ပင္ထားဆဲ ျဖစ္ပါတယ္။
အေပၚမွာ ေဖာ္ျပထားတဲ့ ႏုိင္ငံေတြအျပင္ အျခားႏုိင္ငံနဲ႔ နယ္ေျမေတြျဖစ္တဲ့ ပါပူအာနယူးဂီနီ ၊ ဖာရုိးကြ်န္းစု ၊ အစ္ဆဲေအာ့ဖ္မန္း ၊ အာရူဘား ၊ ဖရန္႔ပုိလီနီးရွား ၊ မကာအုိ ၊ စိန္႔ကစ္ နဲ႔ နီးဗစ္ ၊ ေဖာက္ကလန္ကြ်န္းစု ၊ ဂရင္းလန္ ၊ မြန္ဆဲရတ္ ၊ ၿဗိတိန္ဗာဂ်င္ကြ်န္းစု ၊ ကာရစ္ဘီယံနယ္သာလန္ ၊ စိန္႔ဘာသ့္ ၊ အန္ဂြဲလာ နဲ႔ စိန္႔ပီယာမစ္ကလြန္ စတာေတြမွာလည္း ကိုဗစ္ႏုိင္တင္း Active Case မရွိေတာ့ပါဘူး။
ဗုိင္းရပ္စ္ကင္းစင္သြားတဲ့ ႏုိင္ငံေတြအားလုံးဟာ လူဦးေရနည္းပါးတဲ့ႏုိင္ငံေတြ ၊ ကြ်န္းစုႏုိင္ငံေတြျဖစ္တဲ့အတြက္ ကန္႔သတ္ပိတ္ပင္ဖုိ႔ရာ လြယ္ကူတဲ့အတြက္ ကိုရုိနာဗုိင္းရပ္စ္ကုိ ထပ္မံမျပန္႔ပြားဖုိ႔ တားဆီးႏုိင္ခဲ့ၾကတာျဖစ္ပါတယ္။ လူဦးေရမ်ားတဲ့ ႏုိင္ငံႀကီးေတြမွာေတာ့ ပိတ္ပင္မႈေတြျပဳလုပ္ဖုိ႔ရာ မလြယ္ကူတဲ့အျပင္ တျခားႏုိင္ငံကေန ၀င္လာသူေတြလည္း ရွိေနဆဲျဖစ္တာေၾကာင့္ တေန႔တျခား ကူးစက္မႈေတြ ထပ္တုိးေနရဆဲျဖစ္ပါတယ္။
Discussion about this post