ယနေ့ကာလလို ကိုရိုနာဗိုင်းရပ်စ်ကို တကမ္ဘာလုံးကကာကွယ်နေရတဲ့အချိန်မှာ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေအတွင်းမှာပဲ ပြောင်းလဲမှုအချို့ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။ အကြောင်းအရင်းကတော့ လူကိုလူချင်းကူးစက်နှုန်းမြင့်နေတဲ့ဗိုင်းရပ်စ်ရန်ကြောင့် လူစုလူဝေး အခမ်းအနားတွေကို နိုင်ငံအသီးသီးမှာ တားမြစ်ပိတ်ပင်ခဲ့လို့ ဖြစ်ပါတယ်။
လူစုလူဝေးနဲ့ ကျင်းပရတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွေဟာလည်း ဒီလိုပိတ်ပင်တားမြစ်ထားတဲ့အထဲမှာ ပါဝင်ခဲ့ပေမယ့် ဂျပန်က တက္ကသိုလ်တခုကတော့ နည်းပညာနဲ့ ကျော်ဖြတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို မဖြစ်ဖြစ်အောင်ကျင်းပခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဂျပန်နိုင်ငံမှာ လူပေါင်း ၃၉၀၀ခန့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဒီကြားထဲကနေ ယခုဘွဲ့နှင်းသဘင်စီစဉ်သူတွေရဲ့ အိုင်ဒီယာကို တကမ္ဘာလုံးက ချီးကျူးနေကြပါတယ်။
ဂျပန်တက္ကသိုလ် ရဲ့ယင်းအစီအစဉ်တွေအတွင်းမှာဆိုရင် ယခုကာလအတွင်းဘွဲ့ရသူတွေကိုလူကိုယ်တိုင် လာရောက်မယူစေပဲ စက်ရုပ်တွေကိုအသုံးပြုယူစေခဲ့တာဖြစ်ပါတယ်။ ဂျပန်နိင်ငံက BTT တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်မှာဆိုရင် ယင်းနည်းလမ်းကိုပထမဆုံးကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။
ဒါဟာကိုရိုနာဗိုင်းရပ်စ်ကာလကို ဖြတ်သန်းနေတဲ့နိုင်ငံတနိုင်ငံရဲ့ပြောင်မြောက်တဲ့ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းစဉ်တခုဖြစ်ပြီး ပုံမှန်လူနေမှုစနစ်တွင်းက နေခွဲထွက်ထားတဲ့ ယင်းနည်းလမ်းဟာ ကမ္ဘာတဝှမ်းက တက္ကသိုလ်၊ကောလိပ်တွေရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွေအတွက်စံပြဖြစ်လာဖို့ရှိနေပါတယ်။
BTT တက္ကသိုလ်ကျောင်းရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားဟာဆိုရင် မတ်လ(၂၈)ရက်နေ့က တိုကျိုမြို့တော်ရဲ့ Chiyoda က Hotel Grand Palace မှာကျင်းပခဲ့တာဖြစ်ပြီး သက်ဆိုင် ရာဘွဲ့ရကျောင်းသား/သူတွေအတွက် မမျှော်လင့်တဲ့ဘွဲ့နှင်းသဘင်တခုဆိုပေမယ့် အောင်အောင်မြင်မြင်ပဲပြီးဆုံးသွားခဲ့ပါတယ်။ ကျောင်းသားတွေကိုယ်တိုင်မတက်ရောက်စရာမလိုပဲ နည်းပညာအကူအညီနဲ့ အချိန်နဲ့တပြေးညီ ကွဲပြားတွေနေရာတွေ ကနေတော့ ဘွဲ့ရကျောင်းသား/သူအားလုံး ဒီအခမ်းအနားမှာ ပါဝင်နိုင်ခဲ့ကြပါတယ်။
Business Breakthrough University (BBT) ဟာဆိုရင် ဂျပန်နိုင်ငံတွင်းကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ်သတိပေးမှုထုတ်ပြန်နေတဲ့ကြားကတင် နည်းပညာပလက်ဖောင်း ကနေပြီး လူစုလူဝေးဖြစ်ပေါ်မယ့် ဘွဲ့နှင်းသဘင်ကျင်းမှုကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။ တက္ကသိုလ်တာဝန်ရှိသူတွေဟာ သတ်မှတ်ထားတဲ့ရက်မှာပဲ ဘွဲ့နှင်းသဘင်ကိုဆက် လက်ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလမ်းကြောင်းကို ထိထိမိမိအကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
BBT ရဲ့ဘွဲ့ရမောင်/မယ်တွေအစား စက်ရုပ်တွေကသာမတ်လ(၂၈)ရက်နေ့က တိုကျို Hotel Grand Palace ကဘွဲ့နှင်းသဘင်ကိုတက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ BBT ရဲ့ဘာသာရပ်(၂)ခုကဘွဲ့ရကျောင်းသား(၄)ဦးကိုဘွဲ့လက်မှတ်အပ်နှင်းတဲ့ကာလမှာဆိုရင် newme အမည်ရစက်ရုံတွေကိုအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ANA Holdings ကနေထုတ်လုပ်တဲ့ ယင်းစက်ရုပ်တွေမှာဆိုရင် သက်ဆိုင်ရာကျောင်း/သားသူတဦးရဲ့ မျက်နှာပြင် ပါဝင်နေတဲ့မှန်သားပြင် နဲ့အဝေးကနေပဲကာယကံရှင်ကိုယ်တိုင်ထိတွေ့သလို ခံစားရမယ့်လက်တွေပါဝင်နေပါတယ်။
ဒါကြောင့်အဝေးကနေဘွဲ့ယူရမယ့် ကျောင်းသားအနေနဲ့ မိမိတို့ဘွဲ့ရလက်မှတ်ပေးအပ်မယ့်တက္ကသိုလ်ဆရာကြီး/ဆရာမကြီးတွေကိုမျက်နှာချင်းဆိုင် တွေ့ခွင့်၊စကားပြောခွင့်သာမက မိမိတို့ပိုင်ဆိုင်မယ့်ဘွဲ့လက်မှတ်ရရှိမှုကိုအဝေးထိန်းစနစ်နဲ့ လက်ထဲရောက်ကြောင်းကိုလည်း အချိန်ကိုက်ခံစားမိမှာဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ပြီး ဘွဲ့လက်မှတ်ယူသလို ခံစားနိုင်ဖို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။
ဘွဲ့ပေးအပ်မယ့် BBT ကသက်ဆိုင်ရာပါမောက္ခ၊ ဌာနမှူးတွေကိုတော့ အခမ်းအနားမှာစုံလင်စွာတွေ့ရမှာဖြစ်ပြီး ကိုယ်စားဘွဲ့ယူမယ့်စက်ရုပ်တွေမှာလည်း သက်ဆိုင်ရာဘာသာရပ်အလိုက်ဘွဲ့ဝတ်စုံတွေကို ဆင်မြန်းထားကြမှာဖြစ်ပါတယ်။ အွန်လိုင်းကနေပဲ သက်ဆိုင်ရာဘွဲ့ရကျောင်းသား/ သူတွေက ယင်းအခမ်းအနားကိုစောင့်ကြည့်နေခဲ့ကြပြီး သူတို့ရဲ့ခံစားချက်တွေကို ယင်းအခမ်းအနားမှာရှိတဲ့ ပရိုဂျက်တာကနေတိုက်ရိုက်ပြောကြားခဲ့ပါတယ်။
Discussion about this post