Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကားတွေရဲ့ Blind Spot ပြဿနာကို ဖြေရှင်းပေးခဲ့တဲ့ ၁၄နှစ် သမီး

by Thutamm
December 30, 2019
Reading Time: 1min read
0
ကားတွေရဲ့ Blind Spot ပြဿနာကို ဖြေရှင်းပေးခဲ့တဲ့ ၁၄နှစ် သမီး
Share on FacebookShare on Twitter

ကားမောင်းနှင်သူအများစုကတော့ Blind Spot ကို သိကြပါလိမ့်မယ်။ Blind Spot ဆိုတာ ယာဉ်တိုင်းမှာ အနည်းအများရှိနေနိုင်ပြီး ယာဉ်မောင်းသူကနေ မမြင်နိုင်တဲ့နေရာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကားသမားတစ်ယောက်ဟာ ရှေ့ကိုမြင်တယ် ၊ နောက်ဘက်ကိုလည်း နောက်ကြည့်မှန်ကမြင်တယ် ၊ ဒါပေမယ့် ထောင့်လိုနေရာတွေကိုတော့ မမြင်နိုင်တဲ့အခါရှိတတ်ပါတယ်။

ဒီအခါမျိုးမှာ ယာဉ်မတော်တဆမှုတွေ ဖြစ်တော့တာပါပဲ။ Blind Spot ဟာ ကားသမားတွေအတွက်တော့ အတော်လေးစိတ်ရှုပ်စရာကောင်းတဲ့ အရာလို့ ဆိုရမှာပါ။ Blind Spot ကြောင့် နှစ်စဉ်ယာဉ်တိုက်မှုပေါင်း ၈၄၀၀၀၀ လောက်ဖြစ်နေပြီး ဒီအထဲက အချို့မတော်တဆမှုတွေဟာ လူတွေပါသေစေခဲ့တဲ့ အထိပြင်းထန်တယ်လို့ နိုင်ငံတကာ အဝေးပြေးအဖွဲ့ကြီးက ဆိုပါတယ်။

နောက်ကြည့်မှန်တွေအပြင် ရှေ့ အောက် ဝဲ ယာ နေရာတွေကို မြင်နိုင်တဲ့ မှန်များတပ်ဆင်ခြင်းဖြင့် blind spot နေရာကို နည်းနိုင်သမျှနည်းအောင် လျှော့ချလေ့ရှိကြပါတယ်။ တချို့ကားတွေမှာ မှန်တွေအများကြီးတပ်ဆင်ထားတာ ဒီပြဿနာအတွက်ဖြစ်ပါတယ်။ နည်းပညာ ကုမ္ပဏီကြီးတွေကလည်း GPS, CCTV ကင်မရာ ၊ ရေဒါ စတဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုကာ ဒီပြဿနာကို အမျိုးမျိုး ဖြေရှင်းနေကြပါတယ်။

အဲဒီ Blind Spot ပြဿနာကို ကားမောင်းလိုင်စင်တောင် မရှိသေးတဲ့ အသက် ၁၄နှစ်အရွယ် ကောင်မလေးတစ်ယောက်က ပိုမိုကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းပြခဲ့ပါတယ်။ သူမနာမည်က Alaina Gassler ဖြစ်ပြီး အမေရိကန် Pennsylvania ပြည်နယ် West Grove မှာနေထိုင်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Broadcom MASTERS ကနေ ပြုလုပ်ခဲ့တဲ့ နည်းပညာပြိုင်ပွဲတစ်ခုမှာ သူမရဲ့တီထွင်မှုကို ချပြခဲ့တာဖြစ်ပါတယ်။

သူမရဲ့ပရောဂျက်ကို Blind Spot များလျှော့ချပြီး ယာဉ်တွေပိုမိုလုံခြုံစေရေး (Improving Automobile Safety by Removing Blind Spots) လို့ အမည်ပေးထားပါတယ်။ ကားတစ်စီးရဲ့ အရှေ့ဘက်ထောင့်မှာရှိတဲ့ Blind Spot ကို သူမက ရိုးရိုးလေးဖြေရှင်းပြခဲ့တာပါ။ အဲဒီအရှေ့ဘက်မှာကင်မရာကို ထားလိုက်ပြီးတဲ့နောက် ကင်မရာကတိုက်ရိုက် ရိုက်ယူထားတဲ့မြင်ကွင်းဗီဒီယိုကို ပရောဂျက်တာကို ပို့ပေးပါတယ်။ အဲဒီ ပရောဂျက်တာကို 3D printed လုပ်ကာ ကားထောင့်မှာ ကပ်လိုက်တဲ့အခါမှာတော့ ပုံမှန်မမြင်ရတဲ့နေရာကို အတားအဆီးမရှိဖောက်ထွင်းမြင်ရသလို မျိုးဖြစ်သွားပါတော့တယ်။

Blind Spot ကြောင့် မကြာခဏ အခက်အခဲဖြစ်နေတတ်တဲ့ မိခင်ဖြစ်သူကို မြင်ပြီးတဲ့နောက်မှာ ဒီစိတ်ကူးကိုရခဲ့တာလို့ သူမက ဆိုပါတယ်။ ပုံမှန်ဆိုရင်တော့ Blind Spot နေရာတွေကို monitor က တဆင့်ကြည့်ရှု့နေရပေမယ့် ဒီမိန်းကလေး ဖန်တီးလိုက်တဲ့နည်းပညာနဲ့ဆိုရင် အပြင်မှာ တိုက်ရိုက်ကြည့်နိုင်သွားပြီဖြစ်ပါတယ်။ သူမဟာ ဒီတီထွင်မှုအတွက် webcam တစ်လုံး, projector တစ်ခု နဲ့ 3D ပုံနှိပ်ပစ္စည်းတချို့ကိုသာ သုံးသွားခြင်းဖြစ်ပါတယ်။

သူမရဲ့ တီထွင်မှုဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးတီထွင်မှုဖြစ်ခဲ့ပြီး ဆုအနေနဲ့ Samueli Foundation ကပေးအပ်တဲ့ ဒေါ်လာ ၂၅၀၀၀ ကို ရရှိခဲ့ပါတယ်။ သူမရဲ့ ဒီတီထွင်မှုဟာ လက်ရှိမော်တော်ကားတွေမှာ Standard safety feature တစ်ခုအဖြစ် အသုံးပြုနိုင်လောက်အောင် ကောင်းမွန်နေတယ်လို့ သိရပါတယ်။


အောက်ကဗီဒီယိုမှာ ဒီနည်းပညာ စမ်းသပ်ထားတာကို ကြည့်ရှု့နိုင်ပါတယ်။

Tags: tech
Next Post
၄၃ နှစ်ဆက်တိုက် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ညီအစ်မ ၄ယောက်

၄၃ နှစ်ဆက်တိုက် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ညီအစ်မ ၄ယောက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!