ကရဝိတ်ငှက်ကို မြန်မာ့စွယ်စုံကျမ်းမှာတော့ ဒီလိုဖော်ပြပါတယ်။”ကရဝိတ်ငှက်သည် ဟိမဝန္တာဥသြတမျိုးဖြစ်သည်ဟုဆိုသည်။ အလွန်သာယာသော အသံများကို ကရဝိတ်သံ ၊ ကြိုးကြာသံများနှင့် နှိုင်းယှဉ်လေ့ရှိခြင်းကိုထောက်သော် ကရဝိတ်ငှက်သည် အလွန်အသံသာသော ငှက်မျိုးဖြစ်ဟန်တူပေသည်။ ကရဝိတ်ဖောင် ဟုခေါ်သော ရေယာဉ်တွင်ကရဝိတ်ငှက်သဏ္ဍာန်တည်ဆောက်လေ့ရှိကြသော်လည်း ၊ နှုတ်သီး ရင်အုပ် အတောင်နှစ်ဖက်နှင့် ငှက်တစ်ကောင်ဖြစ်သည်ဟု သာမန်အားဖြင့် သိကြရ၍ အမှတ်အသား အတိအကျမရှိချေ။ ဤငှက်၏ ဥ ၊ အသိုက် နှင့် အလေ့အထများကိုလည်း မည်သူမျှတပ်အပ်သေချာစွာ မသိကြချေ။”
(အောက်ကစာကတော့ ကရဝိတ်ငှက် နဲ့ ပတ်သက်လို့ ဆရာကြီးဒေါက်တာသန်းထွန်း ရေးခဲ့တဲ့ဆောင်းပါးကနေ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်)
“ကရဝိတ်ဆိုတာဥသြ(သို့)ဆက်ရက်ပါ”လို့အားမနာတမ်းပြောလာရင် ကျွန်တော်မငြင်းရဲပါဘူး။ ကရဝိတ် ၊ စာမရီ ၊ ကိန္နရီ ၊ ကိန္နရာ ၊ ဂဠုန် ၊ ဟင်္သာ၊ နဂါး ၊ နယား၊ မကန်းဆိုတာတွေဟာ ပန်းချီဆရာက ဉာဏ်ရှိသလိုခြယ် လှယ်ခဲ့တဲ့သဘာဝတောကောင်တွေဖြစ်သလို ပဒေသရာဇ်ပုံစံ တွေးတောခြယ်လှယ်ခဲ့တယ်လို့ပြောသင့်ပါတယ်။
အဝတ်အစားအသုံးအဆောင်တွေက အစ သာမန်လူတွေနဲ့ ကွဲပြားအောင် အချွန်အတက်တွေ မကိုဋ် ၊ ဘယက်၊ ဒွါဒရာဆိုတာတွေဝေနေအောင် ဆင်မြန်းတဲ့ တော်ဝင်အဆင်တန်ဆာတွေလိုပဲ အချွန်အတက်၊ အခွေအလိပ်တွေတပ်လိုက်တော့ဥသြပဲဖြစ်ဖြစ်ဆက်ရက်ပဲဖြစ်ဖြစ်ပန်းချီဆရာခြယ်လှယ်ပေးတဲ့အဆင်တန်ဆာတွေနဲ့ ကရဝိတ်ဆိုပြီး မင်းအမျိုးထဲက တမျိုးဖြစ်တဲ့ ငှက်ဆန်းဆန်းတကောင်ပေါ်လာရတယ်။
စာထဲမှာကရဝိတ်ကို ဘယ်လိုဖော်ပြခဲ့သလဲ သိချင်လို့ ဂျပ်ဆင်မြန်မာအဘိဓာန်ကိုလှန်ကြည့်တော့”ဗိဿ နိုး နတ်မင်း၏ စီးတော်ကျွန်”တဲ့။ တခါ ဦးဟုတ်စိန်ပါဠိမြန်မာအဘိဓာန်မှာကြည့်တော့”ကရဝီ၊ကရဝီရ ကရဝိတ်ငှက်”လို့တွေ့ရတယ်။ ဘာမှကွဲပြားအောင်ပြောမထားဘူး။ တက္ကသိုလ်မြန်မာအဘိဓာန်ကမှ နည်းနည်းဆက်စဉ်းစားစရာ ရှိသေးတယ်သူ့အပြောက”ဟိမဝန္တာဥသြဟုခေါ်သောအသံသာသည့် ငှက်တမျိုး”လို့ဖော်ပြထားတယ်။
မြန်မာ့စွယ်စုံကျမ်းကရောဘယ်လိုပြောမလဲစပ်စုရပြန်တယ်။”ဥသြ”လို့ပဲဆိုတယ်ဒါပေမယ့်”အမှတ်အသားအတိအကျမရှိချေ”လို့ရိုးရိုးဝန်ခံတယ်။ ကရဝိတ်ဖောင်ကိုဓါတ်ပုံနဲ့ ဖော်ပြထားတယ်။ ရစ်စဒေဗစ် ပါဠိအင်္ဂလိပ်အဘိဓာန်ကို ကြည့်တော့”ကရဝီ-အိန္ဒိယဥသြ”(Indian Cuckoo)လို့အနက်ပေးတယ်။ပြီးတော့ သက္ကတလို “ကလကဏ္ဍ”လို့ခေါ်တယ်တဲ့။
ဒါနဲ့ မောနိယဝိလိယမ် သက္ကတအင်္ဂလိပ်အဘိဓာန်ကိုလှန်ရပြန်ရော။ “ကလကဏ္ဍဟာ အိန္ဒိယဥသြ”ဖြစ်ပြီး နှစ်လိုဖွယ်အသံလို့လည်း ဆိုလိုတယ်။ အချုပ်ကတော့ ကရဝိတ်ဟာ ဥသြပါပဲ။ ပုရပိုဒ်ထဲမှာရော ကရဝိတ်ကို ဘယ်လိုပုံဖော်ခဲ့သလဲ ကြည့်ချင်မိပြန်တယ်။ ပုဂံခေတ်ဆံထုံး ငါးဆယ့်ငါးမျိုး၊ အန်ချင်းလင်္ကာပါ ဆံထုံးတွေကိုရေးဆွဲပြတဲ့အခါ ဆံထုံးပုံအမျိုးအစား၂၂ဟာ ကရဝိတ်နှုတ်သီး လို့ဖော်ပြထားတယ်။
ဒါပေမယ့် ပုံကြည့်ရတာ ငှက်ခေါင်း ငှက်နှုတ်သီးပုံပေါ်တယ်လို့မထင်မိဘူး။ ရွှေနန်းလက်သုံးပုရပိုဒ်ပုံတွေ ရေးဆွဲတဲ့အခါ ကြီးကြပ်ရတဲ့ ဝက်မစွပ်ဝန်ထောက်မင်းက အကြံပေးတဲ့အတိုင်း ရေးဆွဲထားပုံရတယ်။ရွှေနန်းလက်သုံးပုံဟာဆာရစ်ချက်တန်ပယ် Sir Richard Temple မေးတဲ့ အမေးတွေကို ပုံနဲ့တကွဖြေတဲ့ ပုရပိုက်ဖြူကြီးဖြစ်ပါတယ်ဒီအထဲကရတနာမြိတ်ဖြူနဲ့ရတနာစည်းပုံတော်ဆံထုံးပုံတွေက ငှက်နှုတ်သီးနဲ့အင်မတန်နီးစပ်တဲ့ပုံတွေဖြစ်နေတယ်။
ဒါ့ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ဘကြီးတော်ဘုရား(စစ်ကိုင်းမင်း အေဒီ ၁၈၁၉-၁၈၃၆)လက်ထက်မှာ ကရဝိတ်ငှက်အသေကောင်ကို အာသံမဏိပူရ ဂေါ်ရခေါင်မြို့မှာ အမှု့ထမ်းနေတဲ့ ဗိုလ်မှုးမဟာသီလဝ က ရလို့နန်းတော်အရောက် ဆက်သခဲ့လို့ပန်းချီတော်တို့ကပုံတူရေးဆွဲထားတဲ့ပုံကိုဆေးရေးပုရပိုက်ဖြူ ကြီးမှာဖော်ပြထားတယ်။အခုတော့ လန်ဒန်မြို့ဓနသဟာယရုံး စာကြည့်တိုက် မြန်မာမှတ်တမ်းအမှတ်၉၉ အဖြစ် ပြသထားတယ်။
ဒီပုရပိုက်ကြီးကို မင်းတုန်းမင်းလက်ထက်ကတိုင်းတားမင်းကြီး ဦးကြီး(သီပေါမင်းလက်ထက်ကတိုင်တားမင်းကြီး ဦးဘိုးမဟုတ်ပါ)က ရှေးအစဉ်အဆက်မင်းအသုံးအဆောင်တွေ မင်းခမ်းမင်းနား တွေနဲ့ နန်းတွင်း အထူးဖြစ်သမျှတွေကို မှတ်ပြီး ပန်းချီတော်တွေကို ပုံဆွဲခိုင်းခဲ့တယ်။ ဒီရုပ်စုံပုရပိုက်ကြီးကို တဆင့်တဆင့်ကူးရေးမှတ်တမ်းတင်ခဲ့ကြရာအင်္ဂလိပ်တွေမန္တလေးသိမ်းပိုက်ပြီးနောက် ဘိလပ်ကိုရောက်သွားခဲ့ပါတော့တယ်။
တခါ အရုပ်ထွင်းထုထားတဲ့ကရဝိတ်ပုံဟာ ဘယ်လိုနေမလဲ ရှာကြည့်တော့ ခရစ်နှစ် ၁၆၂၅ ဝန်းကျင်အင်းဝခေတ်ဦးက ရှင်ကရဝိက ရေးသားတဲ့ဆေးတံအကြောင်း ကဗျာတပုဒ်မှာတွေ့ရတယ်။
“မျက်စိရေးရေး ကွေးလေးအမောက် လည်ရောက်တောင်ပံ ခါးဆံသွယ်ဝေ တူစုံနေသည် မကွေကြင်စိတ် ကရဝိတ်ငှက် ကြာဆေးခွက်ကို ဆစ်မျက်ပြေစွာ နီလာညွတ်ကော့ ဆေးတံကြော့နှင့် သောက်သောအခါ အငွေ့လာမူ ရသာအတိ ထောင်ကြောထိမျှ”လို့ဖတ်ရပါတယ်။ကရဝိတ်ကိုယ်ပေါ်မှာတင်ထားတဲ့ မြေဆေးတံအိုးကို ဖွဲ့ဆိုထားတာပါ။
ဒီလိုဆေးတံမျိုးတွေတော့နေရာ အတော်များများကနေ ရခဲ့ဖူးပါတယ်။ ဒါပေမယ့်ရှေးပန်းပုဆရာရဲ့အမြင်ကိုသိလိုတာကြောင့်ပါ။ဒီတော့ ကရဝိတ် ရှေးမှတ်တမ်းပုံတွေစပ်ဆက်ကြည့်ရင်းကောက်ချက်ချရရင် ကရဝိတ်ဆိုတာ ကျွန်တော့်မျက်စိထဲမှာတော့ ရစ်(Phesant)ပုံလို့ပဲမြင်တယ်။ ကြက်မျိုးနွယ် ရစ်ငှက်ပုံကို အတွန့် အတက် ထည့်ဆွဲသလိုပဲ ၊ ကရဝိတ်ငှက်ကိုပုံဖော်လို့ရပါတယ်။
ဒေါက်တာသန်းထွန်း ၊ ကရဝိတ် ဆောင်းပါး ၃၀၊ဇူလှိုင်၊၁၉၇၂ ၊ ဟံသာဝတီ (အချပ်ပို)အမှတ်၁၄၈ မှ ကောက်နှုတ်ဖော်ပြပါသည်။
#ထက်အောင်
—— ——- ——-
(Zawgyi)
ကရဝိတ္ငွက္ ဆိုသည္မွာ
ကရဝိတ္ငွက္ကို ျမန္မာ့စြယ္စုံက်မ္းမွာေတာ့ ဒီလိုေဖာ္ျပပါတယ္။”ကရဝိတ္ငွက္သည္ ဟိမဝႏၲာဥၾသတမ်ိဳးျဖစ္သည္ဟုဆိုသည္။ အလြန္သာယာေသာ အသံမ်ားကို ကရဝိတ္သံ ၊ ႀကိဳးၾကာသံမ်ားႏွင့္ ႏႈိင္းယွဥ္ေလ့ရွိျခင္းကိုေထာက္ေသာ္ ကရဝိတ္ငွက္သည္ အလြန္အသံသာေသာ ငွက္မ်ိဳးျဖစ္ဟန္တူေပသည္။ ကရဝိတ္ေဖာင္ ဟုေခၚေသာ ေရယာဥ္တြင္ကရဝိတ္ငွက္သ႑ာန္တည္ေဆာက္ေလ့ရွိၾကေသာ္လည္း ၊ ႏႈတ္သီး ရင္အုပ္ အေတာင္ႏွစ္ဖက္ႏွင့္ ငွက္တစ္ေကာင္ျဖစ္သည္ဟု သာမန္အားျဖင့္ သိၾကရ၍ အမွတ္အသား အတိအက်မရွိေခ်။ ဤငွက္၏ ဥ ၊ အသိုက္ ႏွင့္ အေလ့အထမ်ားကိုလည္း မည္သူမွ်တပ္အပ္ေသခ်ာစြာ မသိၾကေခ်။”
(ေအာက္ကစာကေတာ့ ကရဝိတ္ငွက္ နဲ႔ ပတ္သက္လို႔ ဆရာႀကီးေဒါက္တာသန္းထြန္း ေရးခဲ့တဲ့ေဆာင္းပါးကေန ေကာက္ႏႈတ္ေဖာ္ျပထားျခင္း ျဖစ္ပါတယ္)
“ကရဝိတ္ဆိုတာဥၾသ(သို႔)ဆက္ရက္ပါ”လို႔အားမနာတမ္းေျပာလာရင္ ကြၽန္ေတာ္မျငင္းရဲပါဘူး။ ကရဝိတ္ ၊ စာမရီ ၊ ကိႏၷရီ ၊ ကိႏၷရာ ၊ ဂဠဳန္ ၊ ဟသၤာ၊ နဂါး ၊ နယား၊ မကန္းဆိုတာေတြဟာ ပန္းခ်ီဆရာက ဉာဏ္ရွိသလိုျခယ္ လွယ္ခဲ့တဲ့သဘာဝေတာေကာင္ေတြျဖစ္သလို ပေဒသရာဇ္ပုံစံ ေတြးေတာျခယ္လွယ္ခဲ့တယ္လို႔ေျပာသင့္ပါတယ္။
အဝတ္အစားအသုံးအေဆာင္ေတြက အစ သာမန္လူေတြနဲ႔ ကြဲျပားေအာင္ အခြၽန္အတက္ေတြ မကိုဋ္ ၊ ဘယက္၊ ဒြါဒရာဆိုတာေတြေဝေနေအာင္ ဆင္ျမန္းတဲ့ ေတာ္ဝင္အဆင္တန္ဆာေတြလိုပဲ အခြၽန္အတက္၊ အေခြအလိပ္ေတြတပ္လိုက္ေတာ့ဥၾသပဲျဖစ္ျဖစ္ဆက္ရက္ပဲျဖစ္ျဖစ္ပန္းခ်ီဆရာျခယ္လွယ္ေပးတဲ့အဆင္တန္ဆာေတြနဲ႔ ကရဝိတ္ဆိုၿပီး မင္းအမ်ိဳးထဲက တမ်ိဳးျဖစ္တဲ့ ငွက္ဆန္းဆန္းတေကာင္ေပၚလာရတယ္။
စာထဲမွာကရဝိတ္ကို ဘယ္လိုေဖာ္ျပခဲ့သလဲ သိခ်င္လို႔ ဂ်ပ္ဆင္ျမန္မာအဘိဓာန္ကိုလွန္ၾကည့္ေတာ့”ဗိႆ ႏိုး နတ္မင္း၏ စီးေတာ္ကြၽန္”တဲ့။ တခါ ဦးဟုတ္စိန္ပါဠိျမန္မာအဘိဓာန္မွာၾကည့္ေတာ့”ကရဝီ၊ကရဝီရ ကရဝိတ္ငွက္”လို႔ေတြ႕ရတယ္။ ဘာမွကြဲျပားေအာင္ေျပာမထားဘူး။ တကၠသိုလ္ျမန္မာအဘိဓာန္ကမွ နည္းနည္းဆက္စဥ္းစားစရာ ရွိေသးတယ္သူ႔အေျပာက”ဟိမဝႏၲာဥၾသဟုေခၚေသာအသံသာသည့္ ငွက္တမ်ိဳး”လို႔ေဖာ္ျပထားတယ္။
ျမန္မာ့စြယ္စုံက်မ္းကေရာဘယ္လိုေျပာမလဲစပ္စုရျပန္တယ္။”ဥၾသ”လို႔ပဲဆိုတယ္ဒါေပမယ့္”အမွတ္အသားအတိအက်မရွိေခ်”လို႔႐ိုး႐ိုးဝန္ခံတယ္။ ကရဝိတ္ေဖာင္ကိုဓါတ္ပုံနဲ႔ ေဖာ္ျပထားတယ္။ ရစ္စေဒဗစ္ ပါဠိအဂၤလိပ္အဘိဓာန္ကို ၾကည့္ေတာ့”ကရဝီ-အိႏၵိယဥၾသ”(Indian Cuckoo)လို႔အနက္ေပးတယ္။ၿပီးေတာ့ သကၠတလို “ကလက႑”လို႔ေခၚတယ္တဲ့။
ဒါနဲ႔ ေမာနိယဝိလိယမ္ သကၠတအဂၤလိပ္အဘိဓာန္ကိုလွန္ရျပန္ေရာ။ “ကလက႑ဟာ အိႏၵိယဥၾသ”ျဖစ္ၿပီး ႏွစ္လိုဖြယ္အသံလို႔လည္း ဆိုလိုတယ္။ အခ်ဳပ္ကေတာ့ ကရဝိတ္ဟာ ဥၾသပါပဲ။ ပုရပိုဒ္ထဲမွာေရာ ကရဝိတ္ကို ဘယ္လိုပုံေဖာ္ခဲ့သလဲ ၾကည့္ခ်င္မိျပန္တယ္။ ပုဂံေခတ္ဆံထုံး ငါးဆယ့္ငါးမ်ိဳး၊ အန္ခ်င္းလကၤာပါ ဆံထုံးေတြကိုေရးဆြဲျပတဲ့အခါ ဆံထုံးပုံအမ်ိဳးအစား၂၂ဟာ ကရဝိတ္ႏႈတ္သီး လို႔ေဖာ္ျပထားတယ္။
ဒါေပမယ့္ ပုံၾကည့္ရတာ ငွက္ေခါင္း ငွက္ႏႈတ္သီးပုံေပၚတယ္လို႔မထင္မိဘူး။ ေ႐ႊနန္းလက္သုံးပုရပိုဒ္ပုံေတြ ေရးဆြဲတဲ့အခါ ႀကီးၾကပ္ရတဲ့ ဝက္မစြပ္ဝန္ေထာက္မင္းက အႀကံေပးတဲ့အတိုင္း ေရးဆြဲထားပုံရတယ္။ေ႐ႊနန္းလက္သုံးပုံဟာဆာရစ္ခ်က္တန္ပယ္ Sir Richard Temple ေမးတဲ့ အေမးေတြကို ပုံနဲ႔တကြေျဖတဲ့ ပုရပိုက္ျဖဴႀကီးျဖစ္ပါတယ္ဒီအထဲကရတနာၿမိတ္ျဖဴနဲ႔ရတနာစည္းပုံေတာ္ဆံထုံးပုံေတြက ငွက္ႏႈတ္သီးနဲ႔အင္မတန္နီးစပ္တဲ့ပုံေတြျဖစ္ေနတယ္။
ဒါ့ထက္ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက ဘႀကီးေတာ္ဘုရား(စစ္ကိုင္းမင္း ေအဒီ ၁၈၁၉-၁၈၃၆)လက္ထက္မွာ ကရဝိတ္ငွက္အေသေကာင္ကို အာသံမဏိပူရ ေဂၚရေခါင္ၿမိဳ႕မွာ အမႈ႕ထမ္းေနတဲ့ ဗိုလ္မႈးမဟာသီလဝ က ရလို႔နန္းေတာ္အေရာက္ ဆက္သခဲ့လို႔ပန္းခ်ီေတာ္တို႔ကပုံတူေရးဆြဲထားတဲ့ပုံကိုေဆးေရးပုရပိုက္ျဖဴ ႀကီးမွာေဖာ္ျပထားတယ္။အခုေတာ့ လန္ဒန္ၿမိဳ႕ဓနသဟာယ႐ုံး စာၾကည့္တိုက္ ျမန္မာမွတ္တမ္းအမွတ္၉၉ အျဖစ္ ျပသထားတယ္။
ဒီပုရပိုက္ႀကီးကို မင္းတုန္းမင္းလက္ထက္ကတိုင္းတားမင္းႀကီး ဦးႀကီး(သီေပါမင္းလက္ထက္ကတိုင္တားမင္းႀကီး ဦးဘိုးမဟုတ္ပါ)က ေရွးအစဥ္အဆက္မင္းအသုံးအေဆာင္ေတြ မင္းခမ္းမင္းနား ေတြနဲ႔ နန္းတြင္း အထူးျဖစ္သမွ်ေတြကို မွတ္ၿပီး ပန္းခ်ီေတာ္ေတြကို ပုံဆြဲခိုင္းခဲ့တယ္။ ဒီ႐ုပ္စုံပုရပိုက္ႀကီးကို တဆင့္တဆင့္ကူးေရးမွတ္တမ္းတင္ခဲ့ၾကရာအဂၤလိပ္ေတြမႏၲေလးသိမ္းပိုက္ၿပီးေနာက္ ဘိလပ္ကိုေရာက္သြားခဲ့ပါေတာ့တယ္။
တခါ အ႐ုပ္ထြင္းထုထားတဲ့ကရဝိတ္ပုံဟာ ဘယ္လိုေနမလဲ ရွာၾကည့္ေတာ့ ခရစ္ႏွစ္ ၁၆၂၅ ဝန္းက်င္အင္းဝေခတ္ဦးက ရွင္ကရဝိက ေရးသားတဲ့ေဆးတံအေၾကာင္း ကဗ်ာတပုဒ္မွာေတြ႕ရတယ္။
“မ်က္စိေရးေရး ေကြးေလးအေမာက္ လည္ေရာက္ေတာင္ပံ ခါးဆံသြယ္ေဝ တူစုံေနသည္ မေကြၾကင္စိတ္ ကရဝိတ္ငွက္ ၾကာေဆးခြက္ကို ဆစ္မ်က္ေျပစြာ နီလာၫြတ္ေကာ့ ေဆးတံေၾကာ့ႏွင့္ ေသာက္ေသာအခါ အေငြ႕လာမူ ရသာအတိ ေထာင္ေၾကာထိမွ်”လို႔ဖတ္ရပါတယ္။ကရဝိတ္ကိုယ္ေပၚမွာတင္ထားတဲ့ ေျမေဆးတံအိုးကို ဖြဲ႕ဆိုထားတာပါ။
ဒီလိုေဆးတံမ်ိဳးေတြေတာ့ေနရာ အေတာ္မ်ားမ်ားကေန ရခဲ့ဖူးပါတယ္။ ဒါေပမယ့္ေရွးပန္းပုဆရာရဲ႕အျမင္ကိုသိလိုတာေၾကာင့္ပါ။ဒီေတာ့ ကရဝိတ္ ေရွးမွတ္တမ္းပုံေတြစပ္ဆက္ၾကည့္ရင္းေကာက္ခ်က္ခ်ရရင္ ကရဝိတ္ဆိုတာ ကြၽန္ေတာ့္မ်က္စိထဲမွာေတာ့ ရစ္(Phesant)ပုံလို႔ပဲျမင္တယ္။ ၾကက္မ်ိဳးႏြယ္ ရစ္ငွက္ပုံကို အတြန႔္ အတက္ ထည့္ဆြဲသလိုပဲ ၊ ကရဝိတ္ငွက္ကိုပုံေဖာ္လို႔ရပါတယ္။
ေဒါက္တာသန္းထြန္း ၊ ကရဝိတ္ ေဆာင္းပါး ၃၀၊ဇူလႈိင္၊၁၉၇၂ ၊ ဟံသာဝတီ (အခ်ပ္ပို)အမွတ္၁၄၈ မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။
#ထက္ေအာင္
Discussion about this post