Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက် (သို့) “ပိန်းနိုက်”

by Thutamm
October 19, 2020
Reading Time: 1min read
0
ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက် (သို့) “ပိန်းနိုက်”
Share on FacebookShare on Twitter

Post By Ko Kyel Sin(ဗဟုသုတကြယ်စင်ဂရု)

မြန်မာနိုင်ငံတွင်သာ ထွက်သည့် ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက်မှာ ပိန်းနိုက် (Painite) ဖြစ်ပါသည်။ ပိန်းနိုက်ကျောက်များကို ရှာဖွေစုဆောင်း စီးပွားဖြစ်လာခဲ့သော မစ္စတာလာဆင် (Bill Larson)၏ မှတ်တမ်းကို တင်ပြပါမည်။

၁၉၇၀ ပြည့်နှစ်က ကျွန်တော် ဗြိတိသျှ သဘာဝသမိုင်းပြတိုက်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်ခဲ့သည်။ တာဝန်ကျအရာရှိ ဒေါက်တာ ပီတာ (Dr. Peter Embrey) က မစ္စတာပိန်း (A. C. D Pain) စုဆောင်းထားသော မြန်မာ့ပတ္တမြား အပါအဝင် ၁ ဒသမ ၇ ဂရမ် နှင့် ၂ ဒသမ ၁ ဂရမ်သာရှိသော အနီရင့်ရောင်ရှိ ကျောက်အရိုင်းနှစ်ခုကို ပြပြီး ပိန်းနိုက်ကျောက်ဟု ခေါ်ကြောင်း၊ ကမ္ဘာတွင် နှစ်ပွင့်သာ တွေ့ရသေးကြောင်း ပြောခဲ့ပါသည်။ ၁၉၅၄ ခုနှစ်မှ စတင် တွေ့ရှိခဲ့သော မစ္စတာပိန်း (မိုးကုတ်အခေါ် ဗိုလ်ပိန်း)ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

၁၉၉၃ ခုနှစ်တွင် ဒေါက်တာဂူဗလင် (Dr. E. Giibelin)က ရတနာမြေ မိုးကုတ်သို့ အတူသွားရန် ဖိတ်ကြားခဲ့ပါသည်။ ထိုအချိန်တွင် တတိယကျောက်တစ်ပွင့်ကို အမေရိကန် ကျောက်မျက်အတတ်ပညာဌာန G.I.A – Gemological Institute of America ကို ၁၉၇၉ ခုနှစ်တွင် မစ္စတာစွဘိုဒါ (Ed. Swoboda)က လှူဒါန်းပြီးဖြစ်၍ ကမ္ဘာတွင် ပိန်းနိုက်ကျောက် သုံးပွင့် ရှိလာသော ကာလ ဖြစ်ပါသည်။

၁၉၉၅ ခုနှစ်တွင် ကျွန်တော် မိုးကုတ်သို့ ဒုတိယအကြိမ် သွားခဲ့ပါသည်။ ကျွန်တော် လိုက်ရှာနေသော ပိန်းနိုက်ကျောက်ကို ဓာတ်ပုံရိုက်ကာ မိုးအမာနှုန်း ၈ လောက်ရှိသည်ကို ရွာသားများအား ရှင်းပြခဲ့သည်။ မစ္စတာပိန်း စတင်တွေ့ရှိသော အုံးကိုင်းကျေးရွာအနီး၌ အထူးသဖြင့် ရှာဖွေစေခဲ့သည်။ ၁၀ နှစ်အတွင်း ကျွန်တော် မိုးကုတ်သို့ အခေါက် ၂၀ ခန့် သွားသော်လည်း ပိန်းနိုက်ကျောက် တစ်ပွင့်မျှ မရရှိခဲ့ပါ။

၂၀၀၁ ခုနှစ်တွင် ပိန်းနိုက်ကျောက်ဟု ဆိုသော ၅၅ ဂရမ်ရှိ ကျောက်အရိုင်း တစ်ပွင့် ကျွန်တော့်ထံ ရောက်လာသည်။ ပြင်ပအသွင်အပြင် ကြည့်ရသည်မှာ ပိန်းနိုက်ကျောက်နှင့် တူသဖြင့် ဝယ်ခဲ့သည်။ နှစ် ၃၀ ခန့် မိတ်ဆွေဖြစ်သော ပညာရှင် ဒေါက်တာရိုစမင် (Dr. G. Rossmen)ထံ ပေးပို့ခဲ့ရာတွင် “ခင်ဗျားရဲ့ ကျောက်ထဲမှာ ကယ်လ်ဆီယမ်၊ ဇာလွန်နီယမ်နှင့် ဘိုဂွန်ဓာတ်တွေ တွေ့ရတယ်”ဟု ပညာရှင်ဆန်ဆန် ပြောခဲ့သည်။ ကျွန်တော်၏ ကျောက်သည် ကျွန်တော်ရှာနေသော ပိန်းနိုက်ကျောက်ပင် ဖြစ်နေလေသည်။

နှစ် ၃၀ ကျော် ကြာခဲ့ပြီး ငွေများစွာ အကုန်အကျခံ ရှာဖွေပြီးနောက် ကမ္ဘာ့စတုတ္ထမြောက် ကျောက်ကို ကျွန်တော် ရရှိခဲ့ပြီဖြစ်သည်။ ထိုနှစ်၌ပင် မိတ်ဆွေကြီး ဒေါက်တာရိုးစမင်၊ အမေရိကန် သဘာဝသမိုင်းပြတိုက်မှ ဒေါက်တာဟာရို (Dr. G. Harlow) တို့နှင့်အတူ မိုးကုတ်ကိုသွားရန် စီစဉ်ခဲ့ကြသည်။ သို့သော် ကျွန်တော်တို့ကို သွားခွင့်မပြုခဲ့ပါ။

ဒေါက်တာရိုစမင်ကမူ ပညာရှိပီပီ ကျောက်အဖြုန်း တစ်ထုပ်လောက် ရအောင်ဝယ်ခဲ့သည်။ ပြီးနောက် အမေရိကန်သို့ ပြန်လာပြီး စမ်းကြည့်လိုက်တော့မှ အထဲမှ နှစ်ပွင့်မှာ ပိန်းနိုက်ကျောက်များ ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းမှာ မူလကျောက်ကို စတင်တွေ့ရှိခဲ့ရာ ဒေသမှ မိုင်ရာချီ ဝေးကွာသည့် ဒေသတွင် ပထမဦးစွာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာတစ်ဦးကို ထိုဒေသသို့ ထပ်မံစေလွှတ်ပြီး စုဆောင်းစေရာ ပိန်းနိုက်ကျောက် အပိုင်းအစငယ်များကို ထပ်မံတွေ့ရှိရပြန်ပါသည်။

၂၀၀၅ ခုနှစ်တွင် ပိန်းနိုက်ကျောက် ဖြစ်ပွားစေခဲ့သော ဘူမိဖြစ်စဉ်ကို သုတေသီတို့ သိရှိလာသည်။ မြန်မာလူငယ်အချို့၏ ကူညီမှုကြောင့် မိုးကုတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်ကွာသော ဝက်လူးဒေသနှင့် သူရိယတောင် ဒေသများမှာလည်း ထပ်မံတွေ့ရှိလာပြန်ပါသည်။ ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်ကို အများဆုံး ပိုင်ဆိုင်သူမှာ ကျွန်တော် ဖြစ်လာပါသည်။ ရသမျှများကို စိတ်ဝင်စားသော လူများထံ (အထူးသဖြင့်) စမစ်ဆိုနီယမ်နှင့် အမေရိကန်ပြတိုက်သို့ ရောင်းချခဲ့ပါသည်။

Bill Larson ရေးသားသော Painite Come to Pala ကို မှီငြမ်းဖော်ပြအပ်ပါသည်။
ဦးမြင့်ဝေ (ကြို့ပင်ကောက်)

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
တကယ့်စစ်ပွဲအတွင်းက စစ်သားဝက်ဝံကြီး Voytek

တကယ့်စစ်ပွဲအတွင်းက စစ်သားဝက်ဝံကြီး Voytek

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!