Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား အံသြဖွယ် ရှေးဟောင်း ဇာတ်ရုံကြီးများ

by Thutamm
July 31, 2019
Reading Time: 2min read
0
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ကမ္ဘာ့နိုင်ငံအသီးသီးဝယ် လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက ထင်ရှားသော ပြဇာတ် ကဇာတ်ရုံများ ရှိခဲ့ကြသည်။ ယဉ်ကျေးမှု နှင့် နည်းပညာ တိုးတက်ဖွံ့ဖြိုးသော ယခုခေတ်တွင် ကမ္ဘာ့နေရာအနှံ့ ၌ရှိနေသည့် ကဇာတ်ရုံများသည် လူတို့အား အနုပညာ ဖန်တီး လှုံ့ဆော်ရာ နေရာများဖြစ်လာကြပေသည်။ နယူး ယောက် မှ ဘရော့ဝေး ကဇာတ်ရုံ၊ မော်စကိုမှ ဘိုလ်ရှိုအီ ဇာတ်ရုံ၊ မီလန်မှ လာစကာလာ ကဇာတ်ရုံ၊ ဆစ်ဒနီမှ အော်ပရာ ဟောက်စ် တို့သည် ယနေ့ခေတ်တွင် လူတိုင်း နီးပါး သိကြသော ကဇာတ်ရုံများ ပင်ဖြစ်ကြသည်။

ရှေးဟောင်းဂရိတို့၏ အေသင် တွင် ကဇာတ်ရုံများကို အထူးခြား အဆန်းသစ်ဆုံး အနုပညာပုံစံများဟု ယူဆခဲ့ကြသည်။ လူ အများရှေ့တွင် တင်ဆက်ပြသသော ဇာတ်လမ်းဇာတ်ကွက်များသည် ကဗျာ၊ အက၊ ဂီတ နှင့် သရုပ်ဆောင်ခြင်းတို့ ပေါင်းစပ်ထား ခြင်း ဖြစ်သည့်အတွက် လူများက နှစ်သက် သဘောကျကြသည်။ရှေးခေတ်ဟောင်းကာလများ ကတည်းက တည်ရှိခဲ့သည့် ပြဇာတ်ရုံ ကဇာတ် ရုံများအနက် အကောင်းဆုံး ထိန်းသိမ်း ထား နိုင်မှုကြောင့် ယနေ့တိုင်သွားရောက်လည်ပတ်ကြည့်ရှုနိုင်သော ဂရိ နှင့် ရောမ အနုလက်ရာ ထူးခြားလှသည့် ဇာတ်ရုံများ သည် အလွန် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

ရောမ ဆိုဒ် ကဇာတ်ရုံ (The Roman ruins of Side)

ဘုရားကျောင်းတစ်ခု၊မြို့ဝင်ပေါက် တစ်ခု၊လူ ( ၁၅၀၀၀) ဆန့် ကြီးမားသော ကဇာတ်ရုံ တစ်ရုံတို့ကို ရောမ ဆိုဒ်(Side) မြို့ ဟောင်း တွင် ယနေ့တိုင် ကောင်းစွာ ထိန်းသိမ်းထားရှိသည်။ ဆိုဒ် သည် တူရကီ နိုင်ငံတောင်ပိုင်း၊ မြေထဲပင်လယ် ကမ်းရိုးတန်း တွင် တည်ရှိပြီး ထင်ရှားသော အပမ်းဖြေ မြို့ငယ်လေး တစ်ခုဖြစ်သည်။ ဆိုဒ် မြို့ဟောင်းကို ဘီစီ (၇) ရာစုတွင် ဂရိ အခြေချနေ ထိုင်သူ များက ဦးစွာတွေ့ရှိခဲ့သည်။ ဆိုဒ်သည် ဒေသ၏ ကုန်သွယ်မှု ဗဟိုချက်မနေရာ တစ်ခု ဖြစ်ခဲ့သည်။

ဘီစီ (၂၅) ခုတွင် ဂလာရှာ၊ ရောမပြည်နယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ သံလွင်ဆီနှင့် ကျွန်ရောင်းယ်မှုလုပ်ငန်းကြောင့် ကြွယ်၀ ချမ်းသာလာခဲ့သည်။ ဆိုဒ် မြို့ဟောင်းရှိ ကဇာတ်ရုံ သည် နှစ်ပေါင်းများစွာတိုင် မြို့တော်၏ ပင်မ ယဉ်ကျေးမှုဌာနတစ်ခုအဖြစ်တည်ရှိခဲ့ပြီး မြေထဲ ပင်လယ်ဒေသတစ်ခုလုံးမှ ထင်ရှား အရေးပါသော ပုဂ္ဂိုလ်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ကဇာတ်ရုံ၏ ကြွင်းကျန်နေသော အစိတ်အပိုင်း များအား ရောမခေတ် လူနှင့် တိရိစ္ဆာန် သတ်ကွင်းအဖြစ် အသုံးပြုခဲ့ကြသည်။ထို့အတူပင် ခရစ်ယာန်ဝါဒ ကြီးစိုးလာချိန်တွင် ခရစ်ယာန် ဝတ်ကျောင်းတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြသည်။


ဘိုစရာ ရှေးဟောင်းမြို့ (Ancient City Bosra)

ဘိုစရာသည် ယခုခေတ် ဆီရီးယားနိုင်ငံ ဒမတ်စ်စကတ်စ် မြို့တော် တောင်ပိုင်းတွင် ရှိပြီး အီဂျစ် အရုပ်စာများအရ ဘီစီ (၁၄) ရာစုနှစ်တွင်တည်ထောင်ခဲ့သည်ဟု ယူဆကြသည်။ရှေး အကျဆုံးသော မြို့တော် တစ်ခုဖြစ်သည့် ဘိုစရာ ကို အေဒီ (၁၀၆) ခုနှစ်တွင် ရောမ တို့က တိုက်ခိုက် အနိုင်ယူခဲ့ပြီး ရောမ အာရေဗျ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ ရောမတို့ တိုက်ခိုက် အပြီး မကြာမီ ပရိတ်သတ်(၁၅၀၀၀) ဆန့်သည့် ဘိုစရာ ကဇာတ်ရုံကို တည်ဆောက်ခဲ့သည်။

ကဇာတ်ရုံ ၏ ပတ်ပတ်လည်တွင် မြို့ရိုးတစ်ခုကို အိုင်ယူဘစ် (Ayyubid ) မင်းဆက်လက်ထက်တွင် တည်ဆောက်ခဲ့သည်။ ယခုအခါတွင် ဘိုစရာ သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ခဲ့သော ရှေးဟောင်း ရောမ ကဇာတ်ရုံတစ်ခုအဖြစ် ရပ်တည်နေပေသည်။ ဘိုစရာ ကဇာတ်ရုံတွင် အံ့သြဖွယ် အသံစနစ် နှင့် အတူ သုံးထပ်ရှိသော ပြည်ဖုံးကားစင်မြင့် နှင့် ထိုင်ခုံတန် (၃၅) တန်းကို မြင်တွေ့နိုင် ကြပေသည်။


ဒယ်လ်ဖီ (Delphi)

လူအများသိရှိထားကြသည့် အတိုင်း ဒယ်လ်ဖီသည်ရှေးဟောင်းဂရိတို့၏ ဘာသာရေးနှင့် သက်ဆိုင်သောအရေးအကြီးဆုံး နေရာတစ်ခုဖြစ်သည်။အပိုလို နတ်ကွန်း နှင့် ဂရိတို့၏ အထွဋ်အမြတ်နေရာ တစ်ခု ဟု ယူဆထားကြသည်။ ဒယ်လ်ဖီရှိ အပိုလို နတ်ကွန်း သည်ဘီစီ (၈) ရာစုကို ရည်ညွှန်းပြီး ဒယ်လ်ဖီတွင်နေခဲ့ကြသူများ၏ အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်သော နေရာတစ်ခုဖြစ်သည်။ ဒယ်လ်ဖီတွင်မြင်တွေ့ကြရသည့် ဗိသုကာ လက်ရာ အပိုင်းအစများတွင် အပိုလို နတ်ကွန်း ၊ အေသင်သားတို့၏ ဘဏ္ဍာတိုက်၊ အားကစား ကွင်း နှင့် ကဇာတ်ရုံတို့ပါဝင်သည်။

ရှေးဟောင်းဒယ်လ်ဖီ ဇာတ်ရုံကို တောင်ကုန်းပေါ်တွင် တည်ဆောက်ထားပြီးပွဲကြည့်ပရိတ်သတ်က ကွင်းတစ်ကွင်းလုံးနှင့် ဘေး ပတ်ဝန်းကျင် မြင်ကွင်းအားလုံးကို မြင်နိုင်ရန် စီစဉ်ဆောက်လုပ်ထားသည်။ ဘီစီ (၄) ရာစုတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လူ ( ၅၀၀၀ ) ခန့် ပွဲကြည့်နိုင်သည်။ဇာတ်ရုံကို တူးဖော် ထိန်းသိမ်းခဲ့သော်လည်းကဇာတ်ရုံ၏ အခြေအနေမှာ မကောင်းလှပါချေ။ ထုံးကျောက်တုံးများ က ကွဲအက်နေပြီး အဖတ်လိုက်ကွာကျနေသည်။ ရှေးဗိသုကာ လက်ရာများသည်လည်း ဇာတ်ရုံနေရာ အနှံ့တွင် ပြန့်ကြဲနေကြပေသည်။


ဂျော်ဒန် ကဇာတ်ရုံ

ယနေ့ ဂျော်ဒန်နိုင်ငံတွင်မြင်တွေ့နေရသည့် အထင်ကြီးလောက်အောင် ခမ်းနားလှသည့် အဆောက်အအုံကြီးသည် အန်တိုနီး ယပ်စ် ပိုင်းယပ်စ်(Antoninus Pius) လက်ထက်တွင် တည်ဆောက်ခဲ့သော လူ (၆၀၀၀) ဆန့် ကဇာတ်ရုံဖြစ်နိုင်သည်ဟု ယုံကြည်ကြ သည်။ ကဇာတ်ရုံနှင့် အဆောက်အဦကြီးသည် တိုင်လုံးများဖြင့် ပြုလုပ်ထားသော စုဝေးခန်းမ နှစ်ဘက်တွင် ရှိနေကြသည်။ သို့သော် လည်း ယခုအခါတွင် ထိုစုဝေးခန်းမသည် အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိတော့သည်။

ဂျော်ဒန်ကဇာတ်ရုံသည် မူလက စမ်းချောင်းတစ်ခုနှင့် Decumanus Maximus အမည်ရှိ အဓိက လမ်းမ တစ်ခုဘေးတွင်ရှိနေခဲ့ ဖြစ်သည်။ ယခုအချိန်တွင် စမ်းချောင်းသည် မြေအောက်ရေမြောင်း တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး လမ်းမကြီးမှာမူ စတင်ဖောက်လုပ် ပြီးခဲ့စဉ်က အတိုင်းရှည်လျားစွာရှိနေသည်။ စုဝေးခန်းမ၏ မြောက်ဘက် အဝင်တွင်ရှိခဲ့သော တြိဂံခုံး ဂိတ်ပေါက်မှာ ပျောက်ကွယ်ခဲ့ပြီ ဖြစ်သည်။ ၁၉၀၀ ပြည့်နှစ်များတွင် ထိုနေရာသို့ ရောက်ရှိခဲ့သူများက အဆိုပါ ဂိတ်ဝသည် မျှော်စင်သို့ တက်နိုင်သည့် အဆင့်ဆင့်သော လှေကားထစ်များသို့ ဝင်ရောက်ရာ အပေါက်ဖြစ်သည်ဟု မှတ်တမ်းတင်ခဲ့ကြသည်။

၁၉၄၈ ခုနှစ်တွင် အစ္စရေးနှင့် စစ်ဖြစ်ခဲ့သည့် အတွက် မိမိတို့အရပ်ဒေသများမှ ထွက်ပြေးလာခဲ့ကြရသည့် ပါလက်စတိုင်း ဒုက္ခသည် ထောင်ပေါင်းများစွာတို့သည် ဤ ကဇာတ်ရုံတွင် လုံခြုံစွာ နားခိုနိုင်ခဲ့ကြသည်။ ဒုက္ခသည်များ အများအပြား ဝင်ရောက်လာခြင်း ကြောင့် ရက်သတ္တပတ် နှစ်ပတ်အတွင်းမှပင် ဂျော်ဒန် နိုင်ငံ မြို့တော် အမ္မန်၏ လူဦးရေသည် နှစ်ဆဖြစ်သွားခဲ့ပေသည်။

တာအိုမီနား ဇာတ်ရုံ (Taomina)

တာအိုမီးနားသည် စီလီစီကျွန်း၏ ကမ်းခြေ အရှေ့ပိုင်းတွင်ရှိသော ဂရိကိုလိုနီ နယ်မြေတစ်ခုဖြစ်သည်။ထိုဒေသတွင် ဂရိတို့က ဘီစီ (၂) ရာစုတွင် ကဇာတ်ရုံကြီး တစ်ခုကို တည်ဆောက်ခဲ့ကြရာ ကြည်လင်သော မြေထဲပင်လယ်၊ နာစို့စ်(Naxos) ပင်လယ်အော် တို့အနီးဝန်းကျင်နေရာတွင် အလွန်လှပသော ရှုခင်း နေရာတစ်ခုဖြစ်လာခဲ့ပေသည်။ ကဇာတ်ရုံကို ရောမတို့က ပြန်လည် ပြင်ဆင် မွမ်းမံခဲ့သည်။

တာအိုမီးနားသည် ယခုအခါတွင် စီလီစီကျွန်းနယ်မြေတွင် အကြီးမားဆုံးသော ရှေးဟောင်း ကဇာတ်ရုံတစ်ရုံအဖြစ် ထင်ရှားလျက်ရှိနေသည်။ ခမ်းနား အံ့သြဖွယ် ကဇာတ်ရုံကြီးတွင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ၊ဇာတ်ပွဲများ၊ကပွဲသဘင်များ ကိုကျင်းပ ပေးလျက်ရှိနေပေသည်။

မီရိဒါ ဇာတ်ရုံ(Mérida)

မိရိဒါ ဒေသ တွင် ထူးခြားသော အဆောက်အအုံများစွာရှိနေသော်လည်း ကောင်စစ်ဝန် မာကပ်စ် အဂရစ်ပါ ဆောက်လုပ်ခဲ့ သော ကဇာတ်ရုံက မြို့တော်တွင် အခမ်းနားဆုံးဖြစ်သည်။ မိရီဒါသည် အီဘာရီယန်ကျွန်းဆွယ် တစ်ခုလုံးတွင် အကြီးကျယ်ဆုံးဟူသည်မှာ သံသယ ဖြစ်ဖွယ်မရှိပါချေ။ မိရီဒါ ဇာတ်ရုံ သည် ဂန္ထဝင် ရောမ ဇာတ်ပွဲရုံ ဒီဇိုင်းများ၏ အကောင်းဆုံး ပုစံတစ်ခု ဖြစ်သည်။ မျဉ်းပြိုင် ထိုင်ခုံတန်း သုံးဆင့်ရှိ သည်။ ပွဲကြည့်လာသူတို့၏ လူမှု အဆင့်ပေါ် မူတည်ကာ သုံးဆင့် ခွဲခြားထားခြင်းဖြစ်ပေသည်။

ဇာတ်ရုံအတွင်း ပွဲကြည့်ပရိတ်သတ် ( ၅၅၀၀) ခန့် ဝင်ဆန့်သည်ဟု ခန့်မှန်းရသည်။ နောက်ပိုင်းရာစုနှစ်များတွင် မီရိဒါ ဇာတ်ရုံကို ဗိသုကာ ပုံစံဒီဇိုင်းအသစ်များ၊ ပြင်ဆင် မွမ်းမံမှု အသစ်များကို အကြိမ်များစွာ ဆောင်ရွက်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဇာတ်ရုံကို ထပ်မံ ပြင်ဆင်ခဲ့ပြီး ယင်းအကြိမ် ပြင်ဆင် မွမ်းမံမှု သည် နောက်ဆုံး အကြိမ်ဖြစ်ပေသည်။ ဂန္ထဝင်မြောက် မီရိဒါ ဇာတ်ရုံတွင် ယနေ့တိုင် ဖျော်ဖြေတင်ဆက်ပွဲများ ကျင်းပပြုလုပ် လျက်ရှိပြီး ဇာတ်ရုံ၏ နှစ်ပတ်လည်ပွဲတော်ကိုလည်း ကျင်းပလေ့ရှိပေသည်။

ဒိုင်အို နီးစပ်စ် ကဇာတ်ရုံ (The Theater of Dionysus)

ဂရိနိုင်ငံ ၊ အေသင်မြို့ရှိ လေဟာပြင်ကဇာတ်ရုံ ဒိုင်အို နီးစပ်စ်သည်လည်း ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကဇာတ်ရုံ တစ်ခုဖြစ်ပြီး အက်ခရိုပိုလီစ်(Acropolis) ယဉ်ကျေးမှု လွှမ်း မိုးထားသည့် အရိပ်အောက်ဝယ် တည်ရှိခဲ့သည်။ ရှေးခေတ်ဟောင်းကာလများအတွင်း မြို့တော်၏ အဓိက ဘာသာ ရေးပွဲတော် တစ်ခု ဖြစ်သည့် ဂရိနတ်ဘုရား ဒိုင်အိုနီရှားပွဲတော် အခမ်းအနားကြီးတွင် အေသင်ပြဇာတ်များကို ဒိုင်အိုနီးစပ်စ် ကဇာတ်ရုံတွင် တင်ဆက်လေ့ရှိခဲ့သည်။

ဒိုင်အို နီးစပ်စ် ကို အာဏာရှင် Peisistratos ၏သားစဉ်မြေးဆက်များက ပြုပြင် ခဲ့ကြပြီး များစွာသော နောက်ဆက်တွဲပြင်ဆင် ပြောင်းလဲမှုများစွာ ကို လုပ်ဆောင်ခဲ့ကြသည်။ ထိုပြင်ဆင်မှုများ၏ ဗိသုကာ ပုံစံများ ဆင့်ကဲ ပြောင်းလဲလာမှုကို ဆန်းကြယ်စွာ မြင်နိုင်ကြပေသည်။ ယနေ့မြင် တွေ့နေကြရသည် အစိတ်အပိုင်း အကြွင်းအကျန်များသည် ရောမ ခေတ်နှောင်းပိုင်းလက်ရာများမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကဇာတ်ရုံ၏ ထိုင်ခုံတန်း များသည် ဂန္ထဝင် ဂရိခေတ်ကာလ လက်ရာ များ ဖြစ်ကြပေသည်။

ဒိုင်အို နီးစပ်စ် ကဇာတ်ရုံ ကို ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇာတ်ရုံ အနီး ဝန်းကျင်တွင် ယနေ့တိုင် ပြန့်ကြဲ လျက်ရှိနေသည့် မူလ ဇာတ်ရုံကို တည်ဆောက်ရာတွင် အသုံးပြုခဲ့သော Corinthian ကျောက်တုံး အပိုင်းအစများကို ပြန်လည် အသုံး ပြုခဲ့ပေသည်။ဒိုင်အို နီးစပ်စ် ကဇာတ်ရုံသည် ပရိတ်သတ် (၁၇၀၀၀) ခန့် ဆန့်သည့် ကဇာတ်ရုံကြီးတစ်ခု လည်းဖြစ်သည်။

လိမ္မော်ရောင် ရောမ ကဇာတ်ရုံ (Roman theater of Orange)

ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ၊ အေဒီ (၁) ရာစုနှစ် ရောမဘုရင် သြဂတ်စ်တတ်စ် လက်ထက်တွင် တည်ဆောက်ခဲ့သည့် မူလ လိမ်မော်ရောင် ရောမ ကဇာတ်ရုံ ကို အေဒီ (၃၉၁) ခုနှစ်တွင် တရားဝင် အမိန့်ပြန်တမ်းထုတ်ကာ ပိတ်ခဲ့သည်။ ထိုစဉ်က တန်ခိုး အာဏာကြီးထွားနေသော ခရစ်ယာန် ဘုရား ကျောင်းက ထိုကဇာတ်ရုံတွင် မယဉ်ကျေးသော တပြဖျော်ဖြေ တင်ဆက်မှုများပြုလုပ် နေသည်ဟု အကြောင်းပြကာ ဆန့်ကျင်ခဲ့သဖြင့် ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ပေသည်။

အဆိုပါ ရှေးဟောင်းကဇာတ်ရုံကြီးအား (၁၉) ရာစုတွင် ပြန်လည် ထိန်းသိမ်းပြုပြင်ခဲ့ရာ ယခုအခါတွင် နွေရာသီ အော်ပရာ ပွဲတော်များကျင်းပရာ နေရာ တစ်ခုအဖြစ်ထင်ရှားစွာ ရပ်တည်လျက်ရှိနေပေသည်။ Chorégies d’Orange ဟု ထင်ရှားသည့် ယင်း ကဇာတ်ရုံ တွင်ရောမခေတ် မြို့တော်ဟောင်းမှ လူနေမှု ဘဝများ နှင့် ပြပွဲသဘင် များ ကို ပွဲကြည့် ပရိတ်သတ် စိတ်ဝင်စားအောင် ရှင်းလင်း ပြောပြလေ့ရှိသည်။၁၉၈၁ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စ်ကို အဖွဲ့က ရှေးဟောင်းအမွေအနှစ်နယ်မြေ အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

အက်ပီ ဒေါရပ်စ် ဇာတ်ရုံ (Epidaurus Theater)

အက်ပီ ဒေါရပ်စ်သည် ရှေးဟောင်းဂရိနယ်မြေ၊ ဆာရိုနစ် ပင်လယ်ကွေ့တွင် ရှိသော မြို့ငယ်လေး တစ်မြို့ဖြစ်သည်။အက်ပီ ဒေါရပ်စ် တွင် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးနှင့် ထိန်းသိမ်းမှု အကောင်းဆုံး ဇာတ်ရုံတစ်ခုရှိသည်။ယင်းဇာတ်ရုံသည် အက်ပီ ဒေါရပ်စ်မြို့ ၏ ဘာသာရေး နှင့် နိုင်ငံရေး အခမ်းအနားများ ကျင်းပရာ နေရာ တစ်ခုဖြစ်သည်။၁၈၈၀ ပြည့်နှစ်တွင် တူးဖော်မှုများ စတင်ပြုလုပ်ခဲ့ရာ ၂၀ ရာစုတွင် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြီးဆုံးခဲ့ပြီး ရှေးဟောင်းဂရိတို့၏ အပြည့်စုံဆုံး ကဇာတ်ရုံကြီး အဖြစ် ကြေညာ နိုင် ခဲ့သည်။

အက်ပီ ဒေါရပ်စ် ဇာတ်ရုံတွင် ပရိတ်သတ်များ ပွဲကြည့်ရန် ထိုင်ခုံတန်း ( ၅၅ )တန်းမျှ ရှိသည်။ယင်းခုံတန်းများကို အောက်ခြေ ပိုင်းတွင် အဆင့် (၁၂) ဆင့် နှင့် အထက်ပိုင်းတွင် အဆင့်(၂၂) ဆင့် ပိုင်းခြားထားသည်။ပရိတ်သတ် (၂၀၀၀၀) ကြည့်ရှုနိုင်သည့် ကဇာတ် ရုံကြီးဖြစ်ပေသည်။ယဉ်ကျေးမှု နှင့် သမိုင်း သက်ရောက်မှုများဖြင့် ချိန်ထိုးကြည့်ပါက အက်ပီ ဒေါရပ်စ် သည် ကမ္ဘာ့ ရှေးဟောင်းအကျဆုံး ကဇာတ်ရုံ ပင်ဖြစ်ပေသည်။

ဟီရိုဒက်စ် အက်တီကပ်စ် (Herodes Atticus)

အေဒီ (၁၆၁) ခုနှစ်တွင် ဂရိနိုင်ငံ အေသင်၊ အက်ခရိုပေါလိစ် တောင်တန်း၏ တောင်ဘက် တောင်စောင်းတွင် ဂရိနိုင်ငံတွင် သြဇာကြီးမားသော ဟီရိုဒက်စ် အက်တီကပ်စ်က သူ၏ ဇနီးဖြစ်သူအား အမှတ်ရသည့် အထိမ်းအမှတ်အဖြစ် ကျောက်သားများကို ထွင်းထုကာ ကဇာတ်ရုံကြီး တစ်ရုံကို ဆောက်လုပ်ခဲ့သည်။မူလ အဆောက်အအုံသည် သုံးထပ်ရှိသော ကျောက်သားအဆောက် အအုံ ဖြစ်ပြီး သစ်သား အမိုးဖြင့် မိုးထားခဲ့သည်။လူ(၅၀၀၀) ဆန့်သည့် ပွဲသဘင်ကျင်းပရောနေရာ ဖြစ်ခဲ့ပြီး ဂီတ ဖျော်ဖြေ တင်ဆက်မှုများကို ပြုလုပ်ရာ နေရာ တစ်ခုလည်း ဖြစ်သည်။

ဟီရိုဒက်စ်သည် ထိုအချိန်က အေသင်တွင် အချမ်းသာဆုံး ဂရိလူမျိုး တစ်ဦးဖြစ်သည်။ရောမ တို့က ဟီရိုဒက်စ်အား ရောမ နိုင်ငံ၏ ဂုဏ်ထူး ဆောင် နိုင်ငံသား အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ရောမဘုရင် နှစ်ပးါကို စာသင်ပေးခဲ့သည့် တွေးခေါ်ပညာ ရှင်တစ်ဦး ဖြစ်သော ဟီရိုဒက်စ်၏ ကြွယ်၀ ချမ်းသာမှု နှင့် ပညာဂုဏ်ရှိန်တို့ကြောင့် အေသင် တော်ဝင် မိသားစု အသိုင်းအဝန်းကြားတွင် ထင်ရှား သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့သည်။ဂရိ လူမျိုးဖြစ်သော်လည်း ဟီရိုဒက်စ်သည် ရောမ လူနေမှု ထုံးစံအတိုင်းသာ နေထိုင်ခဲ့ပြီး အယ်နီယာ ရီဂယ်လာအမည်ရှိ လှပသော ရောမသူတစ် ယောက်နှင့် လက်ထပ်ခဲ့သည်။

သို့သော်လည်း ရီဂယ်လာသည် ကံမကောင်း စွာပင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့သည်။ဇနီးဖြစ်သူ ကွယ်လွန်ပြီးနောက် ဒီရိုဒက်စ်သည် သူ၏ အိမ် နံရံများအားလုံးကို အနက်ရောင် ဆေးသုတ်ခဲ့ပြီးတစ်နှစ်ပတ်လုံး အိမ်ထဲမှ မထွက်ဘဲနေခဲ့သည်။ နောက်ပိုင်းတွင် ဇနီးသည် ကွယ်လွန်ခဲ့ရခြင်းကို ကုစားသော အားဖြင့် ကျောက်သားများကို ထွင်းထုထားသည့် ကဇာတ်ရုံကြီး ကို တည်ဆောက်ကာ ရီဂယ်လာ ကဇာတ်ရုံဟု အမည်ပေးခဲ့သည်။အေဒီ (၂၆၇) ခုနှစ် တွင် ဖျက်ဆီးခံမခဲ့ရမီ ဟီရိုဒက်စ် အက်တီကပ်စ် ကဇာတ်ရုံဟု အမည်ပြောင်းခဲ့သည်။ အဖျက်ဆီးခံရသည် ဆိုသည့်တိုင် ဟီရိုဒက်စ် အက်တီကပ်စ် ကဇာတ်ရုံကို ယနေ့တိုင် မြင်တွေ့ နိုင်ကြပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

Tags: world places
Next Post
လင်းယုန်ငှက်အကြောင်း နဲ့ ကမ္ဘာ့အကြီးဆုံး လင်းယုန်ကြီးများ

လင်းယုန်ငှက်အကြောင်း နဲ့ ကမ္ဘာ့အကြီးဆုံး လင်းယုန်ကြီးများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!