Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား အန္တရာယ်အများဆုံးသော ကမ်းခြေများ

by Thutamm
August 6, 2019
Reading Time: 1min read
0
ကမ္ဘာတလွှား  အန္တရာယ်အများဆုံးသော ကမ်းခြေများ
Share on FacebookShare on Twitter

ရေးသားသူ – TMK(သမန်းကျား)
ရတနာပုံ

ကမ်းခြေဟေ့လို့ပြောလိုက်တာနဲ့ လူတွေရဲ့ရင်ထဲမှာ လွတ်လပ်ပျော်ရွှင်မှု၊ ဆန်းသစ်လှပမှု၊ စိတ်လက် အပန်းပြေမှုတွေနဲ့ ပြည့်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကမ်းခြေတွေဟာ အမြင်မှာလှသလောက် အန္တရာယ် ပေးနိုင်တဲ့အချိန်တွေ ရှိနိုင်သေးတယ်ဆိုတာ ဂရုစိုက်ရပါမယ်။

 ၈။ Hanakapiai ကမ်းခြေ၊ ဟာဝိုင်အီ

ကမ်းခြေအရှည် ၂ မိုင်ရှိပါတယ်။ ရေကလည်း စိမ်းကြည်နေတာပါပဲ။ ဒါပေမယ့် အဲဒီပင်လယ်ရေဟာ Rip Current လို့ခေါ်တဲ့ ဆွဲလှိုင်းတွေ အားအလွန်ပြင်းပါတယ်။ ဆွဲလှိုင်း ဆိုတာ ဒီရေအတက်နဲ့အကျမှာ သာမန်လှိုင်းတွေထဲမှာပဲရှိနေပြီး သာမန်လှိုင်းတွေလိုမဟုတ်ဘဲ လူကို ရေနက်ပိုင်းထိရောက်အောင် တမုဟုတ်ခြင်း ဆွဲသွားနိုင်တဲ့လှိုင်းတွေ ဖြစ်ပါတယ်။

ကမ်းခြေပတ်ဝန်းကျင် မှာ ရေစီးကိုတားဖို့သန္တာကျောက်တန်းတွေကလည်းမရှိတော့ ဆွဲလှိုင်းဟာ လူကို ပင်လယ်ထဲထိ တစ်ခါ ထဲ ဆွဲသွားနိုင်လို့ လူအသေအပျောက်များလှပါတယ်။ ကမ်းခြေတွေမှာ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ ရေကစားခြင်း၊ ရေနက်ပိုင်းအထိမသွားဘဲနေခြင်းတို့နဲ့ မိမိကိုယ်ကိုယ် ကာကွယ်ပါ။

၇။ New Smyrna ကမ်းခြေ၊ ဖလော်ရီဒါ

ကမ္ဘာပေါ်မှာ ငါးမန်းအကိုက်ဆုံးကမ်းခြေအဖြစ် နာမည်ကြီးပါတယ်။ ၂၀၁၇ တစ်နှစ်ထဲမှာ ငါးမန်းကိုက်ခံရတာ ၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ တုန်းက ၁၅ ကြိမ်တောင်မှပါ။ ကမ္ဘာပေါ်မှာ ကမ်းခြေမှာရေဆင်းကစားတုန်း ငါးမန်းအကိုက်ခံရနိုင်ခြေ အမြင့်ဆုံးရှိတဲ့ New Smyrna ကမ်းခြေ ဖြစ်ပါတယ်။

၆။ Gansbaai ကမ်းခြေ၊ တောင်အာဖရိက

တည်ရှိနေတဲ့ကမ်းရိုးတန်းကို ငါးမန်းချောင်လို့ခေါ်သတဲ့။ ငါးမန်း တွေကလည်း တကယ်ပေါပါတယ်။ ဧည့်သည်တွေက လှောင်အိမ်လေးထဲဝင်ပြီးတော့ ရေအောက်ထဲဆင်းပြီး ငါးမန်းကိုအနီးကပ်ကြည့်ကြတာပေါ့။ အသည်းယားစရာကြီးပါ။ ငါးမန်းတွေအဲဒီလိုများများလာအောင် လည်း လှေသမားတွေက ပင်လယ်ရေထဲကို သွေးတွေ၊ အကျိအချွဲတွေ အလွန်အကျွံသွန်ချကြလို့ ကမ်းခြေကြီးတစ်ခုလုံးလည်း ညစ်ပတ်ပျက်စီးနေပါပြီ။

၅။ Tribulation အငူ၊ သြစတြေးလျ

ရေဆင်းကူးမယ်ဆိုရင် ဂျယ်လီငါးတွေကိုက်တာခံနိုင်ရည်ရှိမယ့် အထူးဝတ်စုံ ဝတ်ဖို့လိုပါတယ်။ ရေငံမိချောင်းတွေလည်း ပေါမှပေါ။ မြစ်ဝမှာရေမကူးဖို့ဧည့်သည်တွေကို အမြဲ တားနေရတယ်။ ဒါ့အပြင် Cassowary လို့ခေါ်တဲ့ မပျံနိုင်တဲ့ငှက်ကြီးတွေရှိတယ်။ ခြေသည်းတွေက ဓါးမြှောင်တွေအတိုင်းပဲ။

တစ်ချက်ကုတ်လိုက်ရင် ဗိုက်ပွင့်ပြီးအူတွေအခွေလိုက်ထွက်သွားနိုင်တယ်။ အဲဒါတင်မက သစ်ပင်တွေနားသွားရင် သတိထားရဦးမှာ။ အရွက်တွေက အထစ်အထစ်တွေနဲ့ လွှသွားလို ထက်တယ်။ ပွတ်မိတာနဲ့ရှပြီးသားပဲ။ ဒါလည်း လူတွေ လာကြတာပဲ။

၄။ Playa Zipolite ကမ်းခြေ၊ မက္ကဆီကို

သေမင်းတမန်ကမ်းခြေလို့လည်း ခေါ်ကြတယ်။ ရေကကြည့်လိုက်ရင်စိမ်းကြည်နေပေမယ့် undercurrent လို့ခေါ်တဲ့ မြင်နေရတဲ့ရေစီးကြောင်းအတိုင်းမဟုတ်ဘဲ ပြောင်းပြန် စီးနေတဲ့ ရေအောက်စီးကြောင်းတွေရှိတယ်။

ဒီတော့ အမြင်မှာ ရေက ကိုယ့်ဆီလာနေပေမယ့် အောက်ကနေ စွေ့ခနဲဆွဲခေါ်သွားနိုင်တယ်။ ကမ်းခြေစောင့်အဖွဲ့က အမြဲစောင့်ကျပ်ပေးနေရတယ်။

၃။ Morecambe ပင်လယ်အော်၊ UK

ဒီမှာ quick sand လို့ခေါ်တဲ့ သဲရှင်၊သဲဗွက်တွေရှိတယ်။ ရေကြောင်းကလည်း အမြဲပြောင်းနေတယ်။ မြစ်ရေစီးကြောင်းကလည်း တောက်လျှောက်စီးဝင်နေလေတော့ ရေပြင်ဟာ ဘယ်ဘက်ကိုစီးနေတယ်၊ ဘယ်လိုလှုပ်ရှားနေတယ်ဆိုတာ ခန့်မှန်းဖို့အတော့်ကိုခက်တယ်။

သဲရှင် ဆိုတာကလည်း စက်ယန္တရားကြီးတွေကိုပါ စုပ်ယူမြုပ်ပစ်လိုက်တာ၊ ဘယ်တော့မှပြန်မတွေ့တော့ဘူး။ ကမ်းခြေပေါ်မှာ မြင်းလှည်းတွေလောက်ပဲ ဖြတ်ရဲတယ်။ ဒါလည်း လူတွေ လာကြတာပဲ။

၂။ Myrtle ကမ်းခြေ၊ တောင်ပိုင်းကာရိုလိုင်းနား

အမေရိကားမှာ တတိယအန္တရာယ်အများဆုံးကမ်းခြေပါ။ သူ ကတော့ ကမ်းခြေကြောင့် အန္တရာယ်များတာမဟုတ်ဘဲ လူတွေကြောင့်ပေါ့။ ပြစ်မှုဖြစ်ပွားမှု အလွန်များတယ်လို့ သိရပါတယ်။

၁။ ချောင်ပတီကမ်းခြေ၊ မွန်ဘိုင်း

သူကတော့ ညစ်ပတ်တာပေါ့။ လူတွေများလွန်းပြီး အမှိုက်တွေစွန့်ပစ်လွန်းကြတော့ ကမ်းခြေကြီးတစ်ခုလုံးက အမှိုက်ပုံကြီးနဲ့တူနေပါတယ်။ ပိုဆိုးတာက ၂၀၁၁ တုန်းက ကျောက် မီးသွေးတင်သင်္ဘော ကမ်းခြေမှာပဲမြုပ်သွားတော့ ကျောက်မီးသွေး မက်ထရစ်တန် ၆၀၀၀၀ ထက်မနည်း ရေထဲရောက်သွားပြီး ရေအရောင်ကြီးကလည်း မဲညစ်နေပါတယ်။

လူတွေကလည်း ရေကစားဖို့မလာကြ ပါဘူး။ အပေါ့အပါးသွားမယ်၊ အမှိုက်စွန့်မယ်၊ အိမ်ခြေမဲ့တွေနေမယ်နဲ့ တကယ့်ပျက်စီးနေတဲ့ကမ်းခြေဖြစ် ပါတယ်။

ကမ်းခြေတွေဆိုတာ အပန်းဖြေခရီးသွားလာသူများ နှစ်သက်ကြတဲ့နေရာတွေဖြစ်ပေမယ့် မျှော်လင့်မထား တဲ့အန္တရာယ်တွေနဲ့ ကြုံရနိုင်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

TMK(သမန်းကျား)
ရတနာပုံ

Tags: world places
Next Post
ဘာကြောင့် သင့်ရဲ့ အရည်အချင်းတွေ မတိုးတက်ပဲ ရပ်တန့်နေရတာလဲ

ဘာကြောင့် သင့်ရဲ့ အရည်အချင်းတွေ မတိုးတက်ပဲ ရပ်တန့်နေရတာလဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!