• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘောဒီးယားနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
September 3, 2019
Reading Time: 3min read
0
ကမ္ဘောဒီးယားနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၏ တရားဝင်အမည်မှာ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ(Kingdom of Cambodia) ဖြစ်သည်။ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ တောင်ဘက်ပိုင်းတွင်တည်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၆၉၈၉၈ ကျယ်ဝန်းသည်။ အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ဘက်တွင် လာအိုနိုင်ငံ ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ ၊ အနောက်တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိသည်။

ကမ္ဘောဒီးယား ဆိုသော နာမည်မှာ ပြည်သစ်ဘာသာစကား ကမ်ဘိုဒေ့ (Cambodge) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားလူမျိုးများသည် သူတို့၏ နိုင်ငံကို “ဆော့ခမာ” ဟု ညွှန်းဆိုလေ့ရှိသည်။ အဓိပ္ပါယ်မှာ “ခမာတို့၏မြေ” ဖြစ်သည်။ သို့သော် ရုံးသုံးအနေနဲ့ “ကမ္ဘောဒီးယားနိုင်ငံ” ဟုသာ ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိသည်။ အရှေ့ဘက်ပိုင်းနိုင်ငံများတွင် ကမ္ဘောဒီးယား အစား ကမ်ပူချီးယား (သို့) ကမ်းပူးချား ဟူ၍ အသံထွက်လေ့ရှိသည်။

ရှေးဟောင်းသမိုင်း ကျောက်ခေတ်ယဉ်ကျေးမှုသည် ဘီစီ ၁၅၀၀ က အာရှအရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ဟိန်းဂဲလဒန်ခေါ် အရှေ့တိုင်း သမိုင်းပါရဂူ တစ်ဦးက ယူဆခဲ့သည်။ ထိုခေတ်က လူမျိုး၏ ယုံကြည်ကိုးကွယ်မှုနှင့် ယဉ်ကျေးမှုအချက်အလက်တို့သည် ခရစ်နှစ်အစလောက်တွင် ဤဒေသတွင် ကြေးဝါခေတ် ပေါ်ပေါက်လာသည့်တိုင်အောင် အစဉ်အဆက်ပါလာခဲ့လေသည်။ ထိုခေတ်က ဤဒေသတွင် နေထိုင်သူတို့မှာ အင်ဒိုနီးရှင်းများ ဖြစ်ကြ၏။

အေဒီ ၃ရာစုခန့်တွင် ယခုကမ္ဗောဇပြည်ဒေသတွင် ကြီးကျယ်ခမ်းနားသော ဖူနန်ပြည် ရှိခဲ့ပြီး ၅ ရာစုနှစ် ၆ ရာစုနှစ်များလောက်တွင် ဖူနန်နိုင်ငံ တန်ခိုးမှိန်ခဲ့၍ မဲခေါင်မြစ်ဝှမ်းတွင် ချန်လပြည်သစ် ပေါ်ပေါက်လာခဲ့သည်။ ထိုပြည်သစ်မှာ ခမာတို့၏ ပြည်ဖြစ်၍ ခမာတို့ရောက်ရှိ တန်ခိုးကြီးလာခြင်း၏ အစပင် ဖြစ်သည်။  ချန်လမှာ ဖူနန်၏ မြောက်ဖက် မဲခေါင်မြစ်ပေါ်၌ တည်ရှိ၍ ယခု ဗဆက်ဒေသလောက်တွင် ရှိသည်ဟု သိရသည်။ မြို့တော်မှာ ဣသျှာနပုရ ဖြစ်၏။ ခရစ် ၆၇၀ ပြည်နှစ်လောက်တွင် ချန်လမှာ ရေချန်လ၊ ကုန်းချန်လဟု တောင်ပိုင်း မြောက်ပိုင်း ၂ ပိုင်းကွဲခဲ့၏။ မြောက်ပိုင်းကုန်းချန်လမှာ ယခုကမ္ဘောဒီးယားနိုင်ငံပင် ဖြစ်သည်။

ဤကဲ့သို့ ကွဲပြားခဲ့သဖြင့် အင်အား နည်းကာ ဆူမတြားကျွန်းနှင့် ဂျားဗားကျွန်းတို့ အခြေပြု၍ တန်ခိုးကြီးလာသော သီရိဝိဇယနိုင်ငံ၏ လွှမ်းမိုးမှုကို ခေတ္တအားဖြင့် ခံခဲရလေသည်။ ထိုနိုင်ငံနှင့် အဆက်အသွယ်ရှိသော ဒုတိယမြောက် ဇဝရမန်သည် ၈၀၂ ခုနှစ်တွင် ကွဲပြားနေသော ချန်လပြည်တို့ကို စုစည်း၍ ကမ္ဗုဇာ (ကမ္ဗု၏သားများ) အမည်ဖြင့် ကမ္ဗောဇနိုင်ငံကို စတင်ထူထောင်ခဲ့သည်။ စီးပွားရေး ကောင်းစွာတိုးတက်၍ တန်ခိုးကြီးချက်ရှိသော သီရိဝိဇယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော ကမ္ဗောဇနိုင်ငံကို အုပ်ချုပ်လာခဲ့သော ထိုမင်းဆက်၏ မင်းများသည် နှစ်ပေါင်း ၇၅ နှစ်မျှ ဆက်လက်အုပ်ချုပ်ခဲ့ကြ၏။

၉ ရာစုနှစ်များ ကုန်သောအခါတွင် ခမာတို့၏နိုင်ငံမှာ မြောက်ဖက် တရုတ်ပြည်၊ အရှေ့မြောက်ဘက် နန်ချို၊ အနောက်ဖက် မြန်မာပြည်ရှိ ပျူနိုင်ငံတို့အထိ ဩဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်။  ဇယဝရမန်မင်းဆက်ကို ဣန္ဒဝါရမန်မင်းဆက်က ဆက်ခံခဲ့၏။ ပထမမြောက် ဣန္ဒဝါရမန်မင်းသည် ကမ္ဘာပေါ်၌ ထင်ပေါ်သော အင်းကော(အန်ကော ဟုလည်း ခေါ်သည်)မြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ ထိုမင်းဆက်မှာ ၁၂၅ နှစ်မျှတန်ခိုးကြီးခဲ့ကြ၍ ဘုရားကျောင်းကန်များ များပြားလှသော အင်းကောမြို့ကြီးကို အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။

အင်းကောဝတ်ကျောင်းကိုမူ ထိုမင်းဆက်ကို ဆက်ခံသော မင်းဆက်၏ ဒုတိယမြောက် မင်းလက်ထက် ၁၁၁၅ ခုတွင် တည်ဆောက်ခဲ့သည်။ အင်းကောတွင် တွေ့ရသည့် ဆန်းကြယ်လှသော ဗိသုကာပညာ ကျော်ဆစ်လက်ရာ ပန်းပုပညာ စသည်တို့တွင် ဗြာဟ္မဏအယူဝါဒ ဗုဒ္ဓအယူဝါဒတို့နှင့် သက်ဆိုင်သည့် အချက်အလက်တို့ကို တွေ့ရပေသည်။ ကမ္ဗောဇပြည်မှာ ၁၃ ရာစုနှစ် အလယ်လောက်ထိအောင် အင်ဒိုချိုင်းနားတွင် ပြိုင်ဖက်မရှိ ကြီးကျယ်တန်းခိုး ထွားခဲ့လေသည်။

၁၅ ရာစုမှ စ၍ ကမ္ဗောဇပြည်၏ တန်ခိုးအာဏာမှာ ကျဆင်းခဲ့ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းဘုရင်နိုင်ငံ နှင့် ဗီယက်နမ်တို့၏ အကြိမ်ကြိမ်ကျူးကျော်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ကမ္ဗောဇပြည်၏ တန်ခိုးအာဏာ ၊ စီးပွားရေး ၊ ယဉ်ကျေးမှု အဘက်ဘက်မှ မှေးမှိန်ခဲ့သော ၁၅ ရာစုမှ ၁၉ရာစုကြားကာလကို ကမ္ဘောဒီးယား၏ အမှောင်ခေတ်(Dark ages of Cambodia) ဟုခေါ်လေ့ရှိသည်။ အန်ကောသိမ်းပိုက်ခံရပြီးနောက် မြို့တော်ကို Longvek သို့ရွှေ့ခဲ့သော်လည်း ၁၆ရာစုအကုန်တွင် ထိုင်းဘုရင် နရဲစွမ်၏ ဖျက်စီးခြင်းကိုခံခဲ့ရသဖြင့် မြို့တော်ကို Oudong သို့ ထပ်မံပြောင်းရွှေ့ခဲ့ရပြန်သည်။ ၁၅ရာစုကတည်းက မြို့တော်ဖြစ်ဖူးခဲ့သည့် လက်ရှိမြို့တော်ဖနွမ်ပင်ကိုမူ ၁၈၆၅ခုနှစ်တွင်မှ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

၁၈၅၀ ခန့်တွင် ပြင်သစ်သာသနာပြုအဖွဲ့သည် ကမ္ဘောဒီးယားသို့ ရောက်ရှိလာခဲ့သည်။ ၁၈၆၅ခုနှစ်တွင် ကမ္ဘောဒီးယားဘုရင် Norodom က ထိုင်း နှင့် ဗီယက်နမ်တို့၏ ရန်ကိုကာကွယ်ရန် ပြင်သစ်၏အကူအညီကိုယူခဲ့ပြီးနောက် ပြင်သစ်ပြည်၏ အထိမ်းသိမ်းခံနိုင်ငံဖြစ်လာခဲ့သည်။ နှစ်ပေါင်းများစွာ ပြင်သစ်တို့၏ လက်အောက်တွင်ရှိခဲ့ပြီး ၁၉၄၁ခုနှစ်တွင် ဂျပန်တို့က ကမ္ဘောဒီးယားကို သိမ်းပိုက်ခဲ့ပြန်သည်။ ထိုအချိန်တွင် ပြင်သစ်တို့က ကမ္ဘောဒီးယားအား လွတ်လပ်ရေးပေးလိုက်ပြီဟု ကြေငြာခဲ့သော်လည်း ၁၉၄၅ခုနှစ် ဂျပန်တို့ ပြန်လည်ဆုတ်ခွာသွားချိန်တွင်မူ ပြန်လည်သိမ်းပိုက်ခဲ့သည်။ ၁၉၅၃ခုနှစ်တွင်မှ ပြင်သစ်တို့ထံမှ အပြည့်အဝလွတ်လပ်ရေးရပြီး လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။

၁၉၅၅ ခုနှစ်မှ ၁၉၇၀ ကာလကို ဘုရင့်သားတော်ဖြစ်သည့် သီဟာနု က နိုင်ငံတော်အကြီးအကဲရာထူးဖြင့် အုပ်ချုပ်ခဲ့သည်။ Sihanouk ၏ အုပ်ချုပ်မှုကို မကျေနပ်ကြသဖြင့် ၁၉၆၈ မှ စ၍ ပြည်တွင်းစစ်များဖြစ်ပွားခဲ့သည်။ ၁၉၇၀ တွင် စစ်တပ်မှ ပြည်ပခရီးထွက်နေသော သီဟာနုအား ရာထူးမှဖယ်ရှားခဲ့ပြီးနောက် ဝန်ကြီးချုပ် Lon Nol ဦးဆောင်သော ခမာပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် တရုတ်ပြည်တွင် တိမ်းရှောင်နေသည့် သီဟာနုသည် ဗီယက်နမ်ကွန်မြူနစ်အစိုးရနှင့် ညှိနှိုင်းကာ ဗီယက်နမ်တပ်ဖွဲ့များသည် ကမ္ဘောဒီးယားနိုင်ငံတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လာပြီး နိုင်ငံအရှေ့ဖက်ခြမ်းအား သိမ်းယူထားလိုက်သည်။ သို့ဖြင့် အစိုးရမှာ ပြည်တွင်းကွန်မြူနစ်၊ အိမ်နီးချင်း ဗီယက်နမ်ကွန်မြူနစ်နှင့် အဝေးရောက်ဘုရင် သီဟာနု စသဖြင့် ရန်သူပတ်လည်ဝိုင်းသွားခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ဆလို့တ်ဆာဦးဆောင်သော ခမာနီတို့သည် မြို့တော်ဖနွမ်းပင်အား သိမ်းပိုက်လိုက်ပြီးနောက် အစိုးရအဖွဲ့ဖွဲ့စည်းကာ တိုင်းပြည်အား “ဒီမိုကရက်တစ် ကမ်ပူးချား” ဟုခေါ်တွင်စေသည်။ ဘုရင်သီဟာနုအား အကျဉ်းချပြီး ဆလို့တ်ဆာသည် မိမိကိုယ်ကို ကွန်မြူနစ်အပေါင်းတို့၏ ပိုပေါ့ ဟုကြေညာသည်။ ပိုပေါ့ဆိုသည်မှာ ပြင်သစ်တို့က တရုတ်ကွန်မြူနစ်ခေါင်းဆောင်များအား ခေါ်သည့်အမည်အတိုကောက်ဖြစ်သည်။ အစိုးရအဖွဲ့အစည်းအဝေးများ ကျင်းပပြီးနောက် သုညခုနှစ်(Year Zero) ကိုစတင်ကြောင်း ကြေညာပြီး ပါတီမူဝါဒများအတိုင်း တိုင်းပြည်အား ပြုပြင်ပြောင်းလဲတော့သည်။

ထိုနောက်တွင် ပါတီမူအတိုင်း မြို့ပေါ်လူတန်းစားများအား လူတန်းစား တန်းညှိရေးအတွက် လယ်ယာမြေလုပ်ငန်းခွင်အတွင်းသို့ ပို့သည်။ များစွာသော ပြည်သူများမှာ အမေရိကန်လေယာဉ်များဗုံးကျဲခြင်းမှ ရှောင်တိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် ရွေ့ပြောင်းစေခိုင်းခြင်း ခံရသည်။ မြို့ကြီးများမှာ တစ်စစဖြင့် လူသူကင်းမဲ့သည့် မြို့ကြီးများဖြစ်လာကြသည်။ လယ်မြေလုပ်ငန်းခွင်များတွင် ဘုံစနစ်ဖြင့် နေထိုင်စေသည်။ တစ်နပ်စာအတွက် အစာနှစ်ပန်းကန် (သို့) ပေါင်မုန့်နှစ်ခု ကိုသာရသည်။ ကလေးငယ်များကို ဘုံစနစ်အကြောင်း နားလည်စေရန် အတွက် ဘုံစနစ်ကျောင်းများတွင် စာသင်ကြားစေသည်။ တရုတ်တို့၏ ယဉ်ကျေးမှုတော်လှန်ရေးပုံစံကို ပုံတူကူးချသည်ဟုဆိုကြသည်။

နောက်ပိုင်းတွင် ဘာသာရေးကိုးကွယ်မှုများကို တားမြစ်သည်။ “မည်သည့်အရာကိုမျှ ပိုင်ဆိုင်မထားလျှင် မည်သူကမှ မဖျက်ဆီးနိုင်” ဟူသည့် သဘောတရားကို တွင်တွင်ကြွေးကြော်ပြီး အခြားတစ်ဖက်မှလည်း ခမာလူမျိုး သန်းပေါင်းများစွာတို့သည် လက်ယာကွန်မြူနစ်နိုင်ငံထူထောင်နိုင်ရန်အတွက် တက်တက်ကြွကြွ လှုပ်ရှားနေကြကြောင်းကို ရေဒီယိုများမှ ဝါဒဖြန့်ခဲ့သည်။ အရင်းရှင်၊ ပညာတတ်လူတန်းစားကို ဖိဖိစီးစီးနှိပ်ကွပ်တော့သည်။ S-21 ကဲ့သို့နှိပ်စက်သက်ဖြတ်ရေး စခန်းများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်များ၊ မွတ်စလင်များအပါအဝင်၊ နိုင်ငံရေးသမား၊ စီပွားရေးလုပ်ငန်းပိုင်ဆိုင်ဖူးသူများနှင့် တရုတ်၊ဗီယက်နမ်၊လာအို အနွယ်များကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။

“ကျည်ဆံမဖြုန်းရ” ဟူသည့်အမိန့်ဖြင့် အရှင်လတ်လတ်မီးရှို့သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ ထုတ်တန်းတွင် တွဲလောင်းချည်၍ အရေခွံခွာခြင်း၊ လက်သည်းခွံများအား ပလာယာဖြင့်ခွာခြင်း၊ ဦးခေါင်းအား ဝါးလုံးဖြင့်ရိုက်ခြင်း၊ လည်မျိုတွင် တံစို့ရိုက်သွင်းခြင်း စသဖြင့် လူမဆန်ဆုံးနည်းလမ်းများကိုသုံးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်ကွင်း(Killing Field)အဖြစ် ကျော်ကြားလာသည်။ ပို့ပေါ့၏ လက်ထက် ၃နှ်စတာကာလအတွင်း အပြစ်မဲ့ပြည်သူပေါင်း ၁.၅သန်းမှ ၂သန်းခန့်သည် ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခြင်းကို ခံခဲ့ရသည်။

၁၉၇၈တွင် ဗီယက်နမ်တပ်များက ခမာနယ်မြေများအတွင်း အကြီးအကျယ်ထိုးစစ်ဆင်ပြီး ခမာနီများ ဆက်တိုက်ရှုံးနှိမ့်ကာ ပိုပေါ့လည်း ထိုင်းနယ်စပ်သို့ ထွက်ပြေးရသည်။ ဗီယက်နမ်တို့က ဟန်ဆမ်ရင် ဦးဆောင်သည့် အစိုးရသစ်ဖွဲ့စည်းပေးသလို ပိုပေါ့ကလည်း ထိုင်းနယ်စပ်တွင် တဖန်ပြန်လည်၍ အင်အားစုစည်းခဲ့သည်။ ၁၉၈၅ခုနှစ် ဒီဇင်ဘာအရောက်တွင် ဗီယက်နမ်တပ်များ၏ ထိုးစစ်ကိုရင်ဆိုင်ရကာ ခမာနီတပ်များ မရှုမလှရှုံးနှိမ့်ခဲ့ကြသည်။ ၁၉၉၃ခုနှစ်တွင် ဘုရင်သီဟာနုက ကမ္ဘောဒီးယားဘုရင့်နိုင်ငံကိုပြန်လည် ထူထောင်ခဲ့သည်။ သို့သော် အုပ်ချုပ်မှုအာဏာသည် အစိုးရအဖွဲ့တွင်သာ ရှိတော့သည်။ လက်ရှိအချိန်တွင် ပါတီစုံ ပါလီမန် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် အုပ်ချုပ်နေပြီး အစိုးရအဖွဲ့၏ အကြီးအကဲမှာ ဝန်ကြီးချုပ် Hun Sen ဖြစ်သည်။

၂၀၁၉ ခုနှစ်စာရင်းအရ ကမ္ဘောဒီးယားနိုင်ငံ၏ လူဦးရေမှာ ၁၅.၂၈ သန်းဖြစ်ပြီး ၁စတုရန်းမိုင်တွင် ၂၂၂ဦးခန့်နေထိုင်သည်။ လူဦးရေ စုစုပေါင်း၏ ၉၈% ခန့်မှာ ခမာလူမျိုးများဖြစ်ပြီး Chamsလူမျိုး ၁.၂% ၊ ဗီယက်နမ် နှင့် တရုတ်လူမျိုးအနည်းငယ် နေထိုင်ကြသည်။ ထေရဝါရဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းထားပြီး ဗုဒ္ဓဘာသာ ၉၆.၉% ၊ အစ္စလာမ် ၂% ၊ ရိုးရာနတ်ကိုးကွယ်သူ ဝ.၅% ၊ ခရစ်ယာန် နှင့် အခြားဘာသာကိုးကွယ်သူ အနည်းငယ်ရှိသည်။ ခမာဘာသာစကားသည် ရုံးသုံးဘာသာစကားဖြစ်သော်လည်း အင်္ဂလိပ် နှင့် ပြင်သစ်ဘာသာ စကားများကိုလည်း သုံးစွဲကြသည်။

မြို့တော် နှင့် အကြီးဆုံးမြို့မှာ ဖနွမ်းပင်ဖြစ်ပြီး လူဦးရေ ၂သန်းကျော်နေထိုင်သည်။ လူဦးရေ ၁သိန်းအထက်နေထိုင်သည့် အခြားထင်ရှားသောမြို့ကြီးများမှာ  Ta Khmau ၊ Battambang ၊ Serei Saophoan ၊ Siem Reap နှင့် Kampong Cham တို့ဖြစ်သည်။ စီးပွားရေး အနေနှင့်မူ ဟိုတယ်နှင့်ခရီးသွားလာရေး ၊ ဆောက်လုပ်ရေး ၊ ဆန်စပါးစိုက်ပျိုးရေး ၊ သစ်ထုတ်လုပ်ရေး ၊ ရာဘာ ၊ လက်ဝတ်ရတနာ ၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ နိုင်ငံ၏ အများဆုံးဝင်ငွေကို အထည်လုပ်ငန်းမှ ရရှိပြီး ဒုတိယအများဆုံးဝင်ငွေရရှိသည့်လုပ်ငန်းမှာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖြစ်သည်။ အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံစာရင်းတွင် ပါဝင်ပြီး ၂၀၁၈ ခုနှစ်စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ၄၀၀၂ ဒေါ်လာဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၄၀ ဖြစ်သည်။

ကမ္ဘောဒီးယားရဲ့ စိတ်ဝင်စားစရာ အချက်များ

၁။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးဆိုင်ရာ အဆောက်အအုံဖြစ်သည့် အန်ကောဝပ် သည် Siem Reap ပြည်နယ်တွင် တည်ရှိပြီး ၄၀၂ဧက ကျယ်ဝန်းသည်။ အစောပိုင်းက ဟိန္ဒူဘာသာရေး အဆောက်အအုံဖြစ်ခဲ့ပြီး ၁၂ရာစု အဆုံးတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခု ဖြစ်လာခဲ့သည်။  အန်ကောဝပ်ကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ၏ နောက်ထပ်ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုမှာ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်သည့် Preah Vihear ဘုရားကျောင်း ဖြစ်သည်။

၂။ ကမ္ဘောဒီးယားနိုင်ငံ၏ အလံမှာ အပြာအစင်း နှစ်ခုကြားတွင် အနီအစင်းကို ခြယ်ထားပြီး အလယ်တွင် အဖြူရောင် အန်ကောဝပ်အဆောက်အအုံကို ထည့်သွင်းထားသည်။ အနီရောင်မှာ ရဲရင့်ခြင်းကို ကိုယ်စားပြုပြီး ၊ အပြာရောင်မှာ လွတ်လပ်ခြင်း နှင့် စည်းလုံးညီညွတ်ခြင်းတို့ကို ကိုယ်စားပြုကာ အန်ကောဝပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အမှတ်အသားအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆောက်အအုံကို အလံတွင်ထည်သွင်းထားသည်မှာ ကမ္ဘောဒီးယားတစ်နိုင်ငံသာ ရှိသည်။

၃။ ကမ္ဘောဒီးယားနိုင်ငံ၏ အမြင့်ဆုံးနေရာမှာ နိုင်ငံ၏အရှေ့ပိုင်းတွင်တည်ရှိသည့် Phnom Aural တောင်ထွတ်ဖြစ်ပြီး အမြင့်ပေ ၅၉၄၈ပေ မြင့်မားသည်။

၄။ ကမ္ဘောဒီးယား၏ ကမ်းရိုးတန်းအရှည်မှာ ၂၇၅ မိုင်ဖြစ်သည်။ အလွန်လှပသော ကျွန်း နှင့် ကမ်းခြေအမြောက်အများရှိသော်လည်း ထိုင်းနိုင်ငံက ကမ်းခြေများကဲ့သို့ နာမည်မကြီးချေ။ ကမ္ဘောဒီးယားတွင် အမျိုးသားဥယျာဉ် ၇ ခုလည်း ရှိနေသည်။

၅။ ကမ္ဘောဒီးယား၏ နှစ်သစ်ကူးရက်မှာ ဧပြီလလယ်တွင်ကျရောက်ပြီး ၃ရက် ကျင်းပလေ့ရှိသည်။ ထိုပွဲတော်ကို ခမာဘာသာစကားဖြင့် Choul Chnam Thmey ဟုခေါ်ပြီး ကမ္ဘောဒီးယား၏ အကြီးဆုံးပွဲတော်လည်းဖြစ်သည်။

၆။ ကမ္ဘောဒီးယားနိုင်ငံသည် ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါထိခိုက်မှု အများဆုံး နိုင်ငံစာရင်းတွင်ပါဝင်သည်။ ၁လလျှင် ကမ္ဘောဒီးယားနိုင်ငံသား ၃၀၀ မှ ၇၀၀ သည် ခြေလက်ပြတ်တောက်လျှက်ရှိသည်။ အကြောင်းရင်းမှာ နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့သော ကမ္ဘောဒီးယားစစ်ပွဲအတွင်း ခမာနီအစိုးရ၊ ဗီယက်နမ်နှင့် သီဟာနုထောက်ခံသူများ ထောင်ခဲ့သည့် မြေမြုပ်မိုင်းများကြောင့် ဖြစ်သည်။ မြေမြုပ်မိုင်းအရေအတွက်မှာ ၈သန်းမှ ၁၀သန်းအထိရှိနိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိနေသည့် မိုင်းများကို ရှင်းလင်းရန် နှစ် ၁၀၀ အချိန်ယူရဖွယ်ရှိသည်။

၇။ လက်ရှိကမ္ဘောဒီးယားဘုရင်ဖြစ်သူ Norodom Sihamoni သည် လက်ထပ်ထားခြင်းမရှိသလို ကလေးလည်းမရှိသဖြင့် သူမရှိတော့လျှင် သူ့ကိုဆက်ခံမည့် မျိုးဆက်ပြတ်တော့မည်ဖြစ်သည်။ သူသည် ယူနက်စကို၏ သံအမတ်တစ်ယောက်ဖြစ်သလို ရိုးရာအက သင်တန်းဆရာ တစ်ယောက်လည်းဖြစ်သည်။

၈။ Royal Cambodian Armed Forces ဟုခေါ်သည့် ကမ္ဘောဒီးယားလက်နက်ကိုင် တပ်ဖွဲ့ဝင်အင်အား ၁၂၅၀၀၀ ခန့်ရှိပြီး တပ်မတော်၏ အမြင့်ဆုံးရာထူးဖြစ်သည့် Supreme Commander သည် ဘုရင် Norodom Sihamoni ပင်ဖြစ်သည်။ တော်ဝင်ကမ္ဘောဒီးယားစစ်တပ်သည် နိုင်ငံကို ဒေသ ၅ ခုနှင့် အထူးဒေသ ၁ခု ခွဲကာ ဖြန့်ကျက်ထားသည်။

၉။ ရီယယ် ကမ္ဘောဒီးယား၏ ငွေကြေးစနစ်ဖြစ်ပြီး အမေရိကန် ၁ဒေါ်လာသည် ရီယယ် ၄၀၀၀ ခန့်နှင့် ညီမျှသည်။

၁၀။ ကမ္ဘောဒီးယားရှိ Tonlé Sap ကန်သည် အရှေ့တောင်အာရှတွင် အကြီးဆုံး ရေချိုကန်ဖြစ်ပြီး အလျား ၁၆၀မိုင်ရှိကာ အနံ ၆၂မိုင်ရှိသည်။ ရေအများဆုံးအချိန်တွင် စတုရန်းမိုင် ၆၂၀၀ ထိကျယ်ဝန်းပြီး အနက်ဆုံးနေရာသည် ၃၃ပေ အထိရှိသည်။ ထိုကန်ထဲတွင် မြန်မာနိုင်ငံရှိ အင်းလေးကန်ကဲ့သို့ပင် အိမ်ကလေးများ ဆောက်လုပ်နေထိုင်ကြသည်။

၁၁။ ကမ္ဘောဒီးယားကိုရောက်လျှင် နေရာမရွေးတွေ့ရမည့် အရာမှာ မော်တော်ဆိုင်ကယ်ဖြစ်သည်။ လူဦးရေ ၁၅သန်းကျော်တွင် လိုင်စင်ရှိပြီးသား မော်တော်ဆိုင်ကယ်ပေါင်း ၂.၇သန်းကျော် ရှိနေပြီး လူ ၅.၅ယောက်တိုင်း မော်တော်ဆိုင်ကယ် ၁စီးပိုင်သည့် နှုန်းဖြစ်သည်။

Myanmar Wikipedia
Eng Wikipedia
Amazing facts of cambodia

(Zawgyi)

ကေမာၻဒီးယားႏုိင္ငံ အေၾကာင္း သိေကာင္းစရာ

အေရွ႕ေတာင္အာရွႏုိင္ငံ တစ္ႏုိင္ငံျဖစ္ေသာ ကေမာၻဒီးယားႏုိင္ငံ၏ တရား၀င္အမည္မွာ ကေမာၻဒီးယားဘုရင့္ႏုိင္ငံ(Kingdom of Cambodia) ျဖစ္သည္။ အင္ဒုိခ်ဳိင္းနားကြ်န္းဆြယ္၏ ေတာင္ဘက္ပုိင္းတြင္တည္ရွိၿပီး ဧရိယာစတုရန္းမုိင္ေပါင္း ၆၉၈၉၈ က်ယ္၀န္းသည္။ အေနာက္ေျမာက္ဘက္တြင္ ထုိင္းႏုိင္ငံ ၊ အေရွ႕ေျမာက္ဘက္တြင္ လာအုိႏုိင္ငံ ၊ အေရွ႕ဘက္တြင္ ဗီယက္နမ္ႏုိင္ငံ ၊ အေနာက္ေတာင္ဘက္တြင္ ထုိင္းပင္လယ္ေကြ႔တုိ႔ႏွင့္ နယ္နိမိတ္ျခင္း ထိစပ္လွ်က္ရွိသည္။

ကေမာၻဒီးယား ဆိုေသာ နာမည္မွာ ျပည္သစ္ဘာသာစကား ကမ္ဘိုေဒ့ (Cambodge) မွ ဆင္းသက္လာျခင္း ျဖစ္သည္။ ကေမာၻဒီးယားလူမ်ိဳးမ်ားသည္ သူတို႔၏ ႏိုင္ငံကို “ေဆာ့ခမာ” ဟု ၫႊန္းဆိုေလ့ရွိသည္။ အဓိပၸါယ္မွာ “ခမာတို႔၏ေျမ” ျဖစ္သည္။ သို႔ေသာ္ ႐ုံးသုံးအေနနဲ႔ “ကေမာၻဒီးယားႏိုင္ငံ” ဟုသာ ေခၚေဝၚသုံးႏႈန္းေလ့ ရွိသည္။ အေရွ႕ဘက္ပိုင္းႏိုင္ငံမ်ားတြင္ ကေမာၻဒီးယား အစား ကမ္ပူခ်ီးယား (သုိ႔) ကမ္းပူးခ်ား ဟူ၍ အသံထြက္ေလ့ရွိသည္။

ေရွးေဟာင္းသမိုင္း ေက်ာက္ေခတ္ယဥ္ေက်းမႈသည္ ဘီစီ ၁၅၀၀ က အာရွအေရွ႕ေတာင္ပိုင္းသို႔ ေရာက္ရွိခဲ့ေၾကာင္းႏွင့္ ဟိန္းဂဲလဒန္ေခၚ အေရွ႕တိုင္း သမိုင္းပါရဂူ တစ္ဦးက ယူဆခဲ့သည္။ ထိုေခတ္က လူမ်ိဳး၏ ယုံၾကည္ကိုးကြယ္မႈႏွင့္ ယဥ္ေက်းမႈအခ်က္အလက္တို႔သည္ ခရစ္ႏွစ္အစေလာက္တြင္ ဤေဒသတြင္ ေၾကးဝါေခတ္ ေပၚေပါက္လာသည့္တိုင္ေအာင္ အစဥ္အဆက္ပါလာခဲ့ေလသည္။ ထိုေခတ္က ဤေဒသတြင္ ေနထိုင္သူတို႔မွာ အင္ဒိုနီးရွင္းမ်ား ျဖစ္ၾက၏။

ေအဒီ ၃ရာစုခန္႔တြင္ ယခုကေမၺာဇျပည္ေဒသတြင္ ၾကီးက်ယ္ခမ္းနားေသာ ဖူနန္ျပည္ ရွိခဲ့ၿပီး ၅ ရာစုႏွစ္ ၆ ရာစုႏွစ္မ်ားေလာက္တြင္ ဖူနန္ႏိုင္ငံ တန္ခိုးမွိန္ခဲ့၍ မဲေခါင္ျမစ္ဝွမ္းတြင္ ခ်န္လျပည္သစ္ ေပၚေပါက္လာခဲ့သည္။ ထိုျပည္သစ္မွာ ခမာတို႔၏ ျပည္ျဖစ္၍ ခမာတို႔ေရာက္ရွိ တန္ခိုးႀကီးလာျခင္း၏ အစပင္ ျဖစ္သည္။  ခ်န္လမွာ ဖူနန္၏ ေျမာက္ဖက္ မဲေခါင္ျမစ္ေပၚ၌ တည္ရွိ၍ ယခု ဗဆက္ေဒသေလာက္တြင္ ရွိသည္ဟု သိရသည္။ ၿမိဳ႕ေတာ္မွာ ဣသွ်ာနပုရ ျဖစ္၏။ ခရစ္ ၆၇၀ ျပည္ႏွစ္ေလာက္တြင္ ခ်န္လမွာ ေရခ်န္လ၊ ကုန္းခ်န္လဟု ေတာင္ပိုင္း ေျမာက္ပိုင္း ၂ ပိုင္းကြဲခဲ့၏။ ေျမာက္ပိုင္းကုန္းခ်န္လမွာ ယခုကေမာၻဒီးယားႏိုင္ငံပင္ ျဖစ္သည္။

ဤကဲ့သို႔ ကြဲျပားခဲ့သျဖင့္ အင္အား နည္းကာ ဆူမၾတားကြၽန္းႏွင့္ ဂ်ားဗားကြၽန္းတို႔ အေျချပဳ၍ တန္ခိုးႀကီးလာေသာ သီရိဝိဇယႏိုင္ငံ၏ လႊမ္းမိုးမႈကို ေခတၱအားျဖင့္ ခံခဲရေလသည္။ ထိုႏိုင္ငံႏွင့္ အဆက္အသြယ္ရွိေသာ ဒုတိယေျမာက္ ဇဝရမန္သည္ ၈၀၂ ခုႏွစ္တြင္ ကြဲျပားေနေသာ ခ်န္လျပည္တို႔ကို စုစည္း၍ ကမၺဳဇာ (ကမၺဳ၏သားမ်ား) အမည္ျဖင့္ ကေမၺာဇႏိုင္ငံကို စတင္ထူေထာင္ခဲ့သည္။ စီးပြားေရး ေကာင္းစြာတိုးတက္၍ တန္ခိုးႀကီးခ်က္ရွိေသာ သီရိဝိဇယႏိုင္ငံႏွင့္ မဟာမိတ္ျဖစ္ေသာ ကေမၺာဇႏိုင္ငံကို အုပ္ခ်ဳပ္လာခဲ့ေသာ ထိုမင္းဆက္၏ မင္းမ်ားသည္ ႏွစ္ေပါင္း ၇၅ ႏွစ္မွ် ဆက္လက္အုပ္ခ်ဳပ္ခဲ့ၾက၏။

၉ ရာစုႏွစ္မ်ား ကုန္ေသာအခါတြင္ ခမာတို႔၏ႏိုင္ငံမွာ ေျမာက္ဖက္ တ႐ုတ္ျပည္၊ အေရွ႕ေျမာက္ဘက္ နန္ခ်ိဳ၊ အေနာက္ဖက္ ျမန္မာျပည္ရွိ ပ်ဴႏိုင္ငံတို႔အထိ ဩဇာလႊမ္းမိုးက်ယ္ျပန႔္ခဲ့သည္။  ဇယဝရမန္မင္းဆက္ကို ဣႏၵဝါရမန္မင္းဆက္က ဆက္ခံခဲ့၏။ ပထမေျမာက္ ဣႏၵဝါရမန္မင္းသည္ ကမာၻေပၚ၌ ထင္ေပၚေသာ အင္းေကာ(အန္ေကာ ဟုလည္း ေခၚသည္)ၿမိဳ႕ေတာ္ကို စတင္တည္ေထာင္ခဲ့သည္။ ထိုမင္းဆက္မွာ ၁၂၅ ႏွစ္မွ်တန္ခိုးႀကီးခဲ့ၾက၍ ဘုရားေက်ာင္းကန္မ်ား မ်ားျပားလွေသာ အင္းေကာၿမိဳ႕ႀကီးကို အင္ဒိုခ်ိဳင္းနား ကြၽန္းဆြယ္တြင္ အခမ္းနားအႀကီးက်ယ္ဆုံးျဖစ္ေအာင္ ဖန္တီးခဲ့ၾကေလသည္။

အင္းေကာဝတ္ေက်ာင္းကိုမူ ထိုမင္းဆက္ကို ဆက္ခံေသာ မင္းဆက္၏ ဒုတိယေျမာက္ မင္းလက္ထက္ ၁၁၁၅ ခုတြင္ တည္ေဆာက္ခဲ့သည္။ အင္းေကာတြင္ ေတြ႕ရသည့္ ဆန္းၾကယ္လွေသာ ဗိသုကာပညာ ေက်ာ္ဆစ္လက္ရာ ပန္းပုပညာ စသည္တို႔တြင္ ျဗာဟၼဏအယူဝါဒ ဗုဒၶအယူဝါဒတို႔ႏွင့္ သက္ဆိုင္သည့္ အခ်က္အလက္တို႔ကို ေတြ႕ရေပသည္။ ကေမၺာဇျပည္မွာ ၁၃ ရာစုႏွစ္ အလယ္ေလာက္ထိေအာင္ အင္ဒိုခ်ိဳင္းနားတြင္ ၿပိဳင္ဖက္မရွိ ႀကီးက်ယ္တန္းခိုး ထြားခဲ့ေလသည္။

၁၅ ရာစုမွ စ၍ ကေမၺာဇျပည္၏ တန္ခုိးအာဏာမွာ က်ဆင္းခဲ့ၿပီး အိမ္နီးခ်င္းႏုိင္ငံမ်ားျဖစ္သည့္ ထုိင္းဘုရင္ႏုိင္ငံ ႏွင့္ ဗီယက္နမ္တုိ႔၏ အႀကိမ္ႀကိမ္က်ဴးေက်ာ္တုိက္ခုိက္ျခင္းကို ခံခဲ့ရသည္။ ကေမၺာဇျပည္၏ တန္ခုိးအာဏာ ၊ စီးပြားေရး ၊ ယဥ္ေက်းမႈ အဘက္ဘက္မွ ေမွးမွိန္ခဲ့ေသာ ၁၅ ရာစုမွ ၁၉ရာစုၾကားကာလကို ကေမာၻဒီးယား၏ အေမွာင္ေခတ္(Dark ages of Cambodia) ဟုေခၚေလ့ရွိသည္။ အန္ေကာသိမ္းပိုက္ခံရၿပီးေနာက္ ၿမုိ႕ေတာ္ကို Longvek သုိ႔ေရႊ႕ခဲ့ေသာ္လည္း ၁၆ရာစုအကုန္တြင္ ထုိင္းဘုရင္ နရဲစြမ္၏ ဖ်က္စီးျခင္းကုိခံခဲ့ရသျဖင့္ ၿမုိ႕ေတာ္ကုိ Oudong သို႔ ထပ္မံေျပာင္းေရႊ႕ခဲ့ရျပန္သည္။ ၁၅ရာစုကတည္းက ၿမဳိ႕ေတာ္ျဖစ္ဖူးခဲ့သည့္ လက္ရွိၿမဳိ႕ေတာ္ဖႏြမ္ပင္ကုိမူ ၁၈၆၅ခုႏွစ္တြင္မွ ျပန္လည္ေျပာင္းေရႊ႕ခဲ့ျခင္းျဖစ္သည္။

၁၈၅၀ ခန္႔တြင္ ျပင္သစ္သာသနာျပဳအဖြဲ႔သည္ ကေမာၻဒီးယားသုိ႔ ေရာက္ရွိလာခဲ့သည္။ ၁၈၆၅ခုႏွစ္တြင္ ကေမာၻဒီးယားဘုရင္ Norodom က ထုိင္း ႏွင့္ ဗီယက္နမ္တုိ႔၏ ရန္ကုိကာကြယ္ရန္ ျပင္သစ္၏အကူအညီကုိယူခဲ့ၿပီးေနာက္ ျပင္သစ္ျပည္၏ အထိမ္းသိမ္းခံႏုိင္ငံျဖစ္လာခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာ ျပင္သစ္တုိ႔၏ လက္ေအာက္တြင္ရွိခဲ့ၿပီး ၁၉၄၁ခုႏွစ္တြင္ ဂ်ပန္တုိ႔က ကေမာၻဒီးယားကို သိမ္းပိုက္ခဲ့ျပန္သည္။ ထုိအခ်ိန္တြင္ ျပင္သစ္တုိ႔က ကေမာၻဒီးယားအား လြတ္လပ္ေရးေပးလုိက္ၿပီဟု ေၾကျငာခဲ့ေသာ္လည္း ၁၉၄၅ခုႏွစ္ ဂ်ပန္တုိ႔ ျပန္လည္ဆုတ္ခြာသြားခ်ိန္တြင္မူ ျပန္လည္သိမ္းပုိက္ခဲ့သည္။ ၁၉၅၃ခုႏွစ္တြင္မွ ျပင္သစ္တုိ႔ထံမွ အျပည့္အ၀လြတ္လပ္ေရးရၿပီး လြတ္လပ္ေသာႏုိင္ငံတစ္ႏုိင္ငံ ျဖစ္လာခဲ့သည္။

၁၉၅၅ ခုႏွစ္မွ ၁၉၇၀ ကာလကုိ ဘုရင့္သားေတာ္ျဖစ္သည့္ သီဟာႏု က ႏုိင္ငံေတာ္အႀကီးအကဲရာထူးျဖင့္ အုပ္ခ်ဳပ္ခဲ့သည္။ Sihanouk ၏ အုပ္ခ်ဳပ္မႈကို မေက်နပ္ၾကသျဖင့္ ၁၉၆၈ မွ စ၍ ျပည္တြင္းစစ္မ်ားျဖစ္ပြားခဲ့သည္။ ၁၉၇၀ တြင္ စစ္တပ္မွ ျပည္ပခရီးထြက္ေနေသာ သီဟာႏုအား ရာထူးမွဖယ္ရွားခဲ့ၿပီးေနာက္ ၀န္ႀကီးခ်ဳပ္ Lon Nol ဦးေဆာင္ေသာ ခမာျပည္သူ႔သမၼတႏုိင္ငံ ျဖစ္လာခဲ့သည္။ သုိ႔ေသာ္ တ႐ုတ္ျပည္တြင္ တိမ္းေရွာင္ေနသည့္ သီဟာႏုသည္ ဗီယက္နမ္ကြန္ျမဴနစ္အစိုးရႏွင့္ ညႇိႏႈိင္းကာ ဗီယက္နမ္တပ္ဖြဲ႕မ်ားသည္ ကေမာၻဒီးယားႏိုင္ငံတြင္းသို႔ လွ်င္ျမန္စြာ ဝင္ေရာက္လာၿပီး ႏိုင္ငံအေရွ႕ဖက္ျခမ္းအား သိမ္းယူထားလိုက္သည္။ သို႔ျဖင့္ အစိုးရမွာ ျပည္တြင္းကြန္ျမဴနစ္၊ အိမ္နီးခ်င္း ဗီယက္နမ္ကြန္ျမဴနစ္ႏွင့္ အေဝးေရာက္ဘုရင္ သီဟာႏု စသျဖင့္ ရန္သူပတ္လည္ဝိုင္းသြားခဲ့သည္။

၁၉၇၃ ခုႏွစ္တြင္ ဆလုိ႔တ္ဆာဦးေဆာင္ေသာ ခမာနီတုိ႔သည္ ၿမဳိ႕ေတာ္ဖႏြမ္းပင္အား သိမ္းပိုက္လုိက္ၿပီးေနာက္ အစိုးရအဖြဲ႕ဖြဲ႕စည္းကာ တိုင္းျပည္အား “ဒီမိုကရက္တစ္ ကမ္ပူးခ်ား” ဟုေခၚတြင္ေစသည္။ ဘုရင္သီဟာႏုအား အက်ဥ္းခ်ၿပီး ဆလို႔တ္ဆာသည္ မိမိကိုယ္ကို ကြန္ျမဴနစ္အေပါင္းတို႔၏ ပိုေပါ့ ဟုေၾကညာသည္။ ပိုေပါ့ဆိုသည္မွာ ျပင္သစ္တို႔က တ႐ုတ္ကြန္ျမဴနစ္ေခါင္းေဆာင္မ်ားအား ေခၚသည့္အမည္အတိုေကာက္ျဖစ္သည္။ အစိုးရအဖြဲ႕အစည္းအေဝးမ်ား က်င္းပၿပီးေနာက္ သုညခုႏွစ္(Year Zero) ကိုစတင္ေၾကာင္း ေၾကညာၿပီး ပါတီမူဝါဒမ်ားအတိုင္း တိုင္းျပည္အား ျပဳျပင္ေျပာင္းလဲေတာ့သည္။

ထိုေနာက္တြင္ ပါတီမူအတိုင္း ၿမိဳ႕ေပၚလူတန္းစားမ်ားအား လူတန္းစား တန္းညႇိေရးအတြက္ လယ္ယာေျမလုပ္ငန္းခြင္အတြင္းသို႔ ပို႔သည္။ မ်ားစြာေသာ ျပည္သူမ်ားမွာ အေမရိကန္ေလယာဥ္မ်ားဗုံးက်ဲျခင္းမွ ေရွာင္တိမ္းရန္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ေ႐ြ႕ေျပာင္းေစခိုင္းျခင္း ခံရသည္။ ၿမိဳ႕ႀကီးမ်ားမွာ တစ္စစျဖင့္ လူသူကင္းမဲ့သည့္ ၿမိဳ႕ႀကီးမ်ားျဖစ္လာၾကသည္။ လယ္ေျမလုပ္ငန္းခြင္မ်ားတြင္ ဘုံစနစ္ျဖင့္ ေနထိုင္ေစသည္။ တစ္နပ္စာအတြက္ အစာႏွစ္ပန္းကန္ (သို႔) ေပါင္မုန႔္ႏွစ္ခု ကိုသာရသည္။ ကေလးငယ္မ်ားကို ဘုံစနစ္အေၾကာင္း နားလည္ေစရန္ အတြက္ ဘုံစနစ္ေက်ာင္းမ်ားတြင္ စာသင္ၾကားေစသည္။ တ႐ုတ္တို႔၏ ယဥ္ေက်းမႈေတာ္လွန္ေရးပုံစံကို ပုံတူကူးခ်သည္ဟုဆိုၾကသည္။

ေနာက္ပိုင္းတြင္ ဘာသာေရးကိုးကြယ္မႈမ်ားကို တားျမစ္သည္။ “မည္သည့္အရာကိုမွ် ပိုင္ဆိုင္မထားလွ်င္ မည္သူကမွ မဖ်က္ဆီးႏိုင္” ဟူသည့္ သေဘာတရားကို တြင္တြင္ေႂကြးေၾကာ္ၿပီး အျခားတစ္ဖက္မွလည္း ခမာလူမ်ိဳး သန္းေပါင္းမ်ားစြာတို႔သည္ လက္ယာကြန္ျမဴနစ္ႏိုင္ငံထူေထာင္ႏိုင္ရန္အတြက္ တက္တက္ႂကြႂကြ လႈပ္ရွားေနၾကေၾကာင္းကို ေရဒီယိုမ်ားမွ ဝါဒျဖန႔္ခဲ့သည္။ အရင္းရွင္၊ ပညာတတ္လူတန္းစားကို ဖိဖိစီးစီးႏွိပ္ကြပ္ေတာ့သည္။ S-21 ကဲ့သို႔ႏွိပ္စက္သက္ျဖတ္ေရး စခန္းမ်ားတြင္ ဗုဒၶဘာသာဘုန္းေတာ္ႀကီးမ်ား၊ ခရစ္ယာန္မ်ား၊ မြတ္စလင္မ်ားအပါအဝင္၊ ႏိုင္ငံေရးသမား၊ စီပြားေရးလုပ္ငန္းပိုင္ဆိုင္ဖူးသူမ်ားႏွင့္ တ႐ုတ္၊ဗီယက္နမ္၊လာအို အႏြယ္မ်ားကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့သည္။

“က်ည္ဆံမျဖဳန္းရ” ဟူသည့္အမိန႔္ျဖင့္ အရွင္လတ္လတ္မီးရႈိ႕သတ္ျခင္း၊ ေရႏွစ္သတ္ျခင္း၊ ထုတ္တန္းတြင္ တြဲေလာင္းခ်ည္၍ အေရခြံခြာျခင္း၊ လက္သည္းခြံမ်ားအား ပလာယာျဖင့္ခြာျခင္း၊ ဦးေခါင္းအား ဝါးလုံးျဖင့္႐ိုက္ျခင္း၊ လည္မ်ိဳတြင္ တံစို႔႐ိုက္သြင္းျခင္း စသျဖင့္ လူမဆန္ဆုံးနည္းလမ္းမ်ားကိုသုံးကာ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့ျခင္းျဖင့္ လူသတ္ကြင္း(Killing Field)အျဖစ္ ေက်ာ္ၾကားလာသည္။ ပို႔ေပါ့၏ လက္ထက္ ၃ႏွ္စတာကာလအတြင္း အျပစ္မဲ့ျပည္သူေပါင္း ၁.၅သန္းမွ ၂သန္းခန္႔သည္ ရက္ရက္စက္စက္သတ္ျဖတ္ပစ္ျခင္းကို ခံခဲ့ရသည္။

၁၉၇၈တြင္ ဗီယက္နမ္တပ္မ်ားက ခမာနယ္ေျမမ်ားအတြင္း အႀကီးအက်ယ္ထိုးစစ္ဆင္ၿပီး ခမာနီမ်ား ဆက္တိုက္ရႈံးႏွိမ့္ကာ ပိုေပါ့လည္း ထိုင္းနယ္စပ္သို႔ ထြက္ေျပးရသည္။ ဗီယက္နမ္တို႔က ဟန္ဆမ္ရင္ ဦးေဆာင္သည့္ အစိုးရသစ္ဖြဲ႕စည္းေပးသလို ပိုေပါ့ကလည္း ထိုင္းနယ္စပ္တြင္ တဖန္ျပန္လည္၍ အင္အားစုစည္းခဲ့သည္။ ၁၉၈၅ခုႏွစ္ ဒီဇင္ဘာအေရာက္တြင္ ဗီယက္နမ္တပ္မ်ား၏ ထိုးစစ္ကိုရင္ဆိုင္ရကာ ခမာနီတပ္မ်ား မရႈမလွရႈံးႏွိမ့္ခဲ့ၾကသည္။ ၁၉၉၃ခုႏွစ္တြင္ ဘုရင္သီဟာႏုက ကေမာၻဒီးယားဘုရင့္ႏုိင္ငံကိုျပန္လည္ ထူေထာင္ခဲ့သည္။ သို႔ေသာ္ အုပ္ခ်ဳပ္မႈအာဏာသည္ အစိုးရအဖြဲ႔တြင္သာ ရွိေတာ့သည္။ လက္ရွိအခ်ိန္တြင္ ပါတီစုံ ပါလီမန္ စည္းမ်ဥ္းခံ ဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္ေနၿပီး အစုိးရအဖြဲ႔၏ အႀကီးအကဲမွာ ၀န္ႀကီးခ်ဳပ္ Hun Sen ျဖစ္သည္။

၂၀၁၉ ခုႏွစ္စာရင္းအရ ကေမာၻဒီးယားႏုိင္ငံ၏ လူဦးေရမွာ ၁၅.၂၈ သန္းျဖစ္ၿပီး ၁စတုရန္းမုိင္တြင္ ၂၂၂ဦးခန္႔ေနထုိင္သည္။ လူဦးေရ စုစုေပါင္း၏ ၉၈% ခန္႔မွာ ခမာလူမ်ဳိးမ်ားျဖစ္ၿပီး Chamsလူမ်ဳိး ၁.၂% ၊ ဗီယက္နမ္ ႏွင့္ တရုတ္လူမ်ုိးအနည္းငယ္ ေနထုိင္ၾကသည္။ ေထရ၀ါရဗုဒၶဘာသာကို ႏုိင္ငံေတာ္ဘာသာအျဖစ္ ျပဌာန္းထားၿပီး ဗုဒၶဘာသာ ၉၆.၉% ၊ အစၥလာမ္ ၂% ၊ ရုိးရာနတ္ကုိးကြယ္သူ ၀.၅% ၊ ခရစ္ယာန္ ႏွင့္ အျခားဘာသာကုိးကြယ္သူ အနည္းငယ္ရွိသည္။ ခမာဘာသာစကားသည္ ရုံးသုံးဘာသာစကားျဖစ္ေသာ္လည္း အဂၤလိပ္ ႏွင့္ ျပင္သစ္ဘာသာ စကားမ်ားကိုလည္း သုံးစြဲၾကသည္။

ၿမဳိ႕ေတာ္ ႏွင့္ အႀကီးဆုံးၿမဳိ႕မွာ ဖႏြမ္းပင္ျဖစ္ၿပီး လူဦးေရ ၂သန္းေက်ာ္ေနထုိင္သည္။ လူဦးေရ ၁သိန္းအထက္ေနထုိင္သည့္ အျခားထင္ရွားေသာၿမဳိ႕ႀကီးမ်ားမွာ  Ta Khmau ၊ Battambang ၊ Serei Saophoan ၊ Siem Reap ႏွင့္ Kampong Cham တုိ႔ျဖစ္သည္။ စီးပြားေရး အေနႏွင့္မူ ဟုိတယ္ႏွင့္ခရီးသြားလာေရး ၊ ေဆာက္လုပ္ေရး ၊ ဆန္စပါးစုိက္ပ်ဳိးေရး ၊ သစ္ထုတ္လုပ္ေရး ၊ ရာဘာ ၊ လက္၀တ္ရတနာ ၊ ခ်ည္မွ်င္ႏွင့္ အထည္ထုတ္လုပ္ေရးလုပ္ငန္းမ်ားကို လုပ္ကုိင္ၾကသည္။ ႏုိင္ငံ၏ အမ်ားဆုံး၀င္ေငြကို အထည္လုပ္ငန္းမွ ရရွိၿပီး ဒုတိယအမ်ားဆုံး၀င္ေငြရရွိသည့္လုပ္ငန္းမွာ ဟုိတယ္ႏွင့္ ခရီးသြားလာေရးလုပ္ငန္း ျဖစ္သည္။ အေရွ႕ေတာင္အာရွ၏ အဆင္းရဲဆုံးႏုိင္ငံစာရင္းတြင္ ပါ၀င္ၿပီး ၂၀၁၈ ခုႏွစ္စာရင္းအရ ႏုိင္ငံသားတစ္ဦးခ်င္းစီ၏ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြမွာ ၄၀၀၂ ေဒၚလာျဖစ္ၿပီး ကမာၻ႔အဆင့္ ၁၄၀ ျဖစ္သည္။

ကေမာၻဒီးယားရဲ႕ စိတ္၀င္စားစရာ အခ်က္မ်ား

၁။ ကမာၻ႔အႀကီးဆုံး ဘာသာေရးဆုိင္ရာ အေဆာက္အအုံျဖစ္သည့္ အန္ေကာ၀ပ္ သည္ Siem Reap ျပည္နယ္တြင္ တည္ရွိၿပီး ၄၀၂ဧက က်ယ္၀န္းသည္။ အေစာပုိင္းက ဟိႏၵဴဘာသာေရး အေဆာက္အအုံျဖစ္ခဲ့ၿပီး ၁၂ရာစု အဆုံးတြင္ ဗုဒၶဘာသာ ဘုရားေက်ာင္းတစ္ခု ျဖစ္လာခဲ့သည္။  အန္ေကာ၀ပ္ကဲ့သုိ႔ ကေမာၻဒီးယားႏုိင္ငံ၏ ေနာက္ထပ္ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုမွာ ေရွးေဟာင္း ဟိႏၵဴဘုရားေက်ာင္းတစ္ခုျဖစ္သည့္ Preah Vihear ဘုရားေက်ာင္း ျဖစ္သည္။

၂။ ကေမာၻဒီးယားႏုိင္ငံ၏ အလံမွာ အျပာအစင္း ႏွစ္ခုၾကားတြင္ အနီအစင္းကို ျခယ္ထားၿပီး အလယ္တြင္ အျဖဴေရာင္ အန္ေကာ၀ပ္အေဆာက္အအုံကို ထည့္သြင္းထားသည္။ အနီေရာင္မွာ ရဲရင့္ျခင္းကုိ ကုိယ္စားျပဳၿပီး ၊ အျပာေရာင္မွာ လြတ္လပ္ျခင္း ႏွင့္ စည္းလုံးညီညြတ္ျခင္းတုိ႔ကို ကုိယ္စားျပဳကာ အန္ေကာ၀ပ္သည္ ကေမာၻဒီးယားႏုိင္ငံ၏ အမွတ္အသားအျဖစ္ ေဖာ္ျပထားျခင္းျဖစ္သည္။ ကမာၻေပၚတြင္ အေဆာက္အအုံကုိ အလံတြင္ထည္သြင္းထားသည္မွာ ကေမာၻဒီးယားတစ္ႏုိင္ငံသာ ရွိသည္။

၃။ ကေမာၻဒီးယားႏုိင္ငံ၏ အျမင့္ဆုံးေနရာမွာ ႏုိင္ငံ၏အေရွ႕ပုိင္းတြင္တည္ရွိသည့္ Phnom Aural ေတာင္ထြတ္ျဖစ္ၿပီး အျမင့္ေပ ၅၉၄၈ေပ ျမင့္မားသည္။

၄။ ကေမာၻဒီးယား၏ ကမ္းရုိးတန္းအရွည္မွာ ၂၇၅ မုိင္ျဖစ္သည္။ အလြန္လွပေသာ ကြ်န္း ႏွင့္ ကမ္းေျခအေျမာက္အမ်ားရွိေသာ္လည္း ထုိင္းႏုိင္ငံက ကမ္းေျခမ်ားကဲ့သုိ႔ နာမည္မႀကီးေခ်။ ကေမာၻဒီးယားတြင္ အမ်ဳိးသားဥယ်ာဥ္ ၇ ခုလည္း ရွိေနသည္။

၅။ ကေမာၻဒီးယား၏ ႏွစ္သစ္ကူးရက္မွာ ဧၿပီလလယ္တြင္က်ေရာက္ၿပီး ၃ရက္ က်င္းပေလ့ရွိသည္။ ထုိပြဲေတာ္ကို ခမာဘာသာစကားျဖင့္ Choul Chnam Thmey ဟုေခၚၿပီး ကေမာၻဒီးယား၏ အႀကီးဆုံးပြဲေတာ္လည္းျဖစ္သည္။

၆။ ကေမာၻဒီးယားႏုိင္ငံသည္ ထိခုိက္မႈေၾကာင့္ ကုိယ္လက္အဂၤါထိခုိက္မႈ အမ်ားဆုံး ႏုိင္ငံစာရင္းတြင္ပါ၀င္သည္။ ၁လလွ်င္ ကေမာၻဒီးယားႏုိင္ငံသား ၃၀၀ မွ ၇၀၀ သည္ ေျခလက္ျပတ္ေတာက္လွ်က္ရွိသည္။ အေၾကာင္းရင္းမွာ ႏွစ္ေပါင္း ၃၀ ၾကာျမင့္ခဲ့ေသာ ကေမာၻဒီးယားစစ္ပြဲအတြင္း ခမာနီအစိုးရ၊ ဗီယက္နမ္ႏွင့္ သီဟာႏုေထာက္ခံသူမ်ား ေထာင္ခဲ့သည့္ ေျမျမဳပ္မုိင္းမ်ားေၾကာင့္ ျဖစ္သည္။ ေျမျမဳပ္မုိင္းအေရအတြက္မွာ ၈သန္းမွ ၁၀သန္းအထိရွိႏုိင္ၿပီး ကေမာၻဒီးယားႏိုင္ငံအတြင္းရွိေနသည့္ မိုင္းမ်ားကို ရွင္းလင္းရန္ ႏွစ္ ၁၀၀ အခ်ိန္ယူရဖြယ္ရွိသည္။

၇။ လက္ရွိကေမာၻဒီးယားဘုရင္ျဖစ္သူ Norodom Sihamoni သည္ လက္ထပ္ထားျခင္းမရွိသလုိ ကေလးလည္းမရွိသျဖင့္ သူမရွိေတာ့လွ်င္ သူ႔ကိုဆက္ခံမည့္ မ်ဳိးဆက္ျပတ္ေတာ့မည္ျဖစ္သည္။ သူသည္ ယူနက္စကုိ၏ သံအမတ္တစ္ေယာက္ျဖစ္သလုိ ရုိးရာအက သင္တန္းဆရာ တစ္ေယာက္လည္းျဖစ္သည္။

၈။ Royal Cambodian Armed Forces ဟုေခၚသည့္ ကေမာၻဒီးယားလက္နက္ကိုင္ တပ္ဖြဲ႔၀င္အင္အား ၁၂၅၀၀၀ ခန္႔ရွိၿပီး တပ္မေတာ္၏ အျမင့္ဆုံးရာထူးျဖစ္သည့္ Supreme Commander သည္ ဘုရင္ Norodom Sihamoni ပင္ျဖစ္သည္။ ေတာ္၀င္ကေမာၻဒီးယားစစ္တပ္သည္ ႏုိင္ငံကို ေဒသ ၅ ခုႏွင့္ အထူးေဒသ ၁ခု ခြဲကာ ျဖန္႔က်က္ထားသည္။

၉။ ရီယယ္ ကေမာၻဒီးယား၏ ေငြေၾကးစနစ္ျဖစ္ၿပီး အေမရိကန္ ၁ေဒၚလာသည္ ရီယယ္ ၄၀၀၀ ခန္႔ႏွင့္ ညီမွ်သည္။

၁၀။ ကေမာၻဒီးယားရွိ Tonlé Sap ကန္သည္ အေရွ႕ေတာင္အာရွတြင္ အႀကီးဆုံး ေရခ်ဳိကန္ျဖစ္ၿပီး အလ်ား ၁၆၀မုိင္ရွိကာ အနံ ၆၂မုိင္ရွိသည္။ ေရအမ်ားဆုံးအခ်ိန္တြင္ စတုရန္းမုိင္ ၆၂၀၀ ထိက်ယ္၀န္းၿပီး အနက္ဆုံးေနရာသည္ ၃၃ေပ အထိရွိသည္။ ထုိကန္ထဲတြင္ ျမန္မာႏုိင္ငံရွိ အင္းေလးကန္ကဲ့သုိ႔ပင္ အိမ္ကေလးမ်ား ေဆာက္လုပ္ေနထုိင္ၾကသည္။

၁၁။ ကေမာၻဒီးယားကိုေရာက္လွ်င္ ေနရာမေရြးေတြ႔ရမည့္ အရာမွာ ေမာ္ေတာ္ဆုိင္ကယ္ျဖစ္သည္။ လူဦးေရ ၁၅သန္းေက်ာ္တြင္ လုိင္စင္ရွိၿပီးသား ေမာ္ေတာ္ဆုိင္ကယ္ေပါင္း ၂.၇သန္းေက်ာ္ ရွိေနၿပီး လူ ၅.၅ေယာက္တုိင္း ေမာ္ေတာ္ဆုိင္ကယ္ ၁စီးပုိင္သည့္ ႏႈန္းျဖစ္သည္။

Myanmar Wikipedia
Eng Wikipedia
Amazing facts of cambodia

 

 

Tags: countries
Next Post
ကတ္တရာလမ်းခင်းနည်းသစ် ကို တီထွင်ပေးခဲ့သူ

ကတ္တရာလမ်းခင်းနည်းသစ် ကို တီထွင်ပေးခဲ့သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!