ကမ္ဘာပေါ်ကလူအများစုကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ဉာဏ်ရည် ၊ဉာဏ်သွေး ပိုမိုကောင်းမွန်ကြတယ်လို့ထင်ကြ ပါတယ်။ ယေဘုယျအနေနဲ့မှန်ပေမယ့် (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းတွေက နေစတင်ပြီး အမျိုးသမီးတွေဟာနေရာကဏ္ဍစုံမှာ အမျိုးသားတွေကိုရင်ပေါင်တန်းလာနိုင်ခဲ့ကြတာကိုတွေ့ရပါတယ်။ ယနေ့အချိန်မှာလည်း အမျိုးသမီးတွေရဲ့ ဦးဆောင်သူကဏ္ဍဟာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ပညာရေး၊ လူမှုစီးပွားကဏ္ဍတွေမှာ အမျိုးသားတွေထက်သာလွန်အောင်စွမ်းဆောင်နိုင်နေပြီလည်း ဖြစ်ပါတယ်။
ယခင်ကာလတွေကတည်းက အမျိုးသမီးတွေဟာ ဖြတ်ထိုးဉာဏ်အလွန် ကောင်းကြတယ်လို့ အားလုံးကလက်ခံထားကြပြီး လက်ရှိအချိန်မှာလည်း သိပ္ပံနည်းကျ ဉာဏ်အရည်အသွေးတိုင်းတာတဲ့(IQ) ညွှန်းကိန်းတွေမှာလည်း အမျိုးသမီးအချို့ဟာ အမျိုးသားတွေထက် ပိုမိုဉာဏ်ကောင်းကြတယ်လို့ အဖြေထွက်ပါတယ်။
ဒီနေရာ မှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်က ဉာဏ်ရည်ညွှန်းကိန်း (IQ) အမြင့်ဆုံး အမျိုး သမီး(၁၀)ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ ဒီစာရင်းမှာ ပါဝင်တဲ့ အမျိုးသမီးအချို့ဆိုရင် ကမ္ဘာကျော်သိပ္ပံပညာရှင်တွေထက်တောင် ဉာဏ်ရည်ညွှန်းကိန်းပိုမိုများပြားကြတာကိုတွေ့ရပါတယ်။ စာရင်းမှာပါဝင်တဲ့ အမျိုးသမီးတွေရဲ့ အသက်ဟာ သူတို့ရဲ့မှတ်ဉာဏ်စွမ်းရည်ကိုမှတ်တမ်းတင်ချိန်က အသက်ဖြစ်ပြီး လက်ရှိ နဲ့တော့ ကွာဟနေတာကိုသတိပြုရပါမယ်။
(၁၀) Olivia Manning ( IQ 162)
အသက်(၁၂)နှစ်အရွယ် ကလေးအများစုဟာ ကစားဖို့ပဲစိတ်အားသန်မယ်၊ အိမ်စာတွေ လုပ်ရမှာမုန်းတီးနေမယ်လို့ အကြမ်းဖျင်းသတ်မှတ်ရမှာဖြစ်ပေမယ့် Olivia Manning ကတော့ ယင်းအရွယ်မှာ သူမတူတဲ့ ဉာဏ်ရည်၊ဉာဏ်သွေးကြောင့်ကမ္ဘာကျော် ဉာဏ်ရည်တိုင်းတာရေးအဖွဲ့ဖြစ်တဲ့ Mensa International မှာသွားရောက်ပြီး ဉာဏ်ရည် စစ်ဆေးမှုတွေကို သွားရောက်ခံယူနေခဲ့ပြီ ဖြစ်ပါတယ်။
(၂၀၁၂)ခုနှစ်က စစ်ဆေးခဲ့တဲ့ Olivia Manning ရဲ့ရမှတ်တွေထွက်ပေါ်လာချိန်မှာတော့ တစ်ကမ္ဘာလုံးက အံ့သြသင့် ခဲ့ရလောက်အောင် သူမရဲ့ IQ ဟာ (၁၆၂)အထိရှိခဲ့ပါတယ်။ ကမ္ဘာပေါ်ကနာမည်ကျော် သိပ္ပံပညာရှင်တွေဖြစ်တဲ့ အိုက်စတိုင်းနဲ့ စတီဗင်ဟော့ကင်းတို့လို ပုဂ္ဂိုလ်တွေတောင် IQ 160 သာရှိတာကြောင့် ကလေးငယ်လေး Olivia Manning ရဲ့ဉာဏ်ရည်ညွှန်းကိန်းဟာ ကြားသိရသူတိုင်းအတွက် အံ့အားသင့်ခဲ့ရပါတယ်။
(၉) Fabiola Mann (IQ 162)
စာရွက်ပေါ်က စာရင်းကိန်းဂဏန်းတွေအရ သိပ္ပံပညာရှင်အိုင်းစတိုင်းနဲ့ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းတို့ထက် မှတ်ဉာဏ်စွမ်း ရည်ပိုမိုမြင့်မားတဲ့ အမျိုးသမီးတစ်ဦးကတော့ အသက်(၂၁)အရွယ်သာရှိသေးတဲ့ UK မှာနေထိုင်တဲ့ အိန္ဒိယနိုင်ငံဖွား Fabiola Mannဖြစ်ပြီး သူမရဲ့မှတ်ရည်ညွှန်းကိန်းကတော့ (၁၆၂)ဖြစ်ပါတယ်။
သူမဟာ စစ်တုရင်ကစားနည်းကိုခုံမင်သူဖြစ်တဲ့ အပြင် ဆေးဘက်ဆိုင်ရာနယ်ပယ်ကို လေ့လာလိုက်စားဖို့ဆန္ဒရှိပါတယ်။ Fabiola Mann ဟာလန်ဒန်မှာရှိတဲ့ Northwood College School ကနေ ကျောင်းပြီးခဲ့ပြီး ကရာတေးကစားနည်းမှာလည်း ကျွမ်းကျင်သူဖြစ်ပါတယ်။ ဒါအပြင် ဂီတကိုလည်း မြတ်နိုးတဲ့ Fabiola Mann ဟာ သူမရဲ့အားလပ်ချိန်တွေကို ဂစ်တာတစ်လုံးနဲ့လည်း အချိန်ဖြုန်း တတ်ပါသေးတယ်။
(၈) Judit Polgar(IQ 170)
Judit Polgar ကို (၁၉၇၆)ခုနှစ်၊ဂျုလိုင်လ(၂၃)ရက်နေ့ကမွေးဖွားခဲ့ပြီး ဟန်ဂေရီစစ်တုရင် ချန်ပီယံတစ်ယောက်လည်းဖြစ်သလို လက်ရှိအချိန်ထိ ကမ္ဘာစစ်တုရင်လောကရဲ့ အကောင်းဆုံးသော အမျိုးသမီး စစ်တုရင်သမားအဖြစ် သတ်မှတ်ခြင်းခံရသူလည်းဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့စစ်တုရင်ချန်ပီယံတံဆိပ်တွေကို ရရှိစဉ်က အသက်(၁၅)နှစ်သမီးအရွယ်သာ ရှိသေးပြီး FIDE ရဲ့ကမ္ဘာထိပ်တန်းစစ်တုရင်ကစားသမား အယောက်(၁၀၀)စာရင်းကို အသက်အငယ်ဆုံးစံချိန်နဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အတော်ဆုံး အမျိုးသမီးစစ်တုရင်သမားစာရင်းမှာ နံပါတ် ၁ နေရာကို ၁၉၈၉ခုနှစ်ကနေ သူစစ်တုရင်လောက ကနေ အနားယူသွားတဲ့ ၂၀၁၅ ခုနှစ်တိုင်အောင် တစ်ဦးတည်းဆက်တိုက် ရယူခဲ့သူလည်းဖြစ်ပါတယ်။ Judit Polgar ဟာ အမျိုးသားကမ္ဘာစစ်တုရင်ချန်ပီယံတွေဖြစ်တဲ့ Viswanathan Anand နဲ့ Garry Kasparov တို့နဲ့တောင် ပြိုင်ဘက်အဖြစ်ယှဉ်ပြိုင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ Judit Polgar ရဲ့ IQ ကတော့ (၁၇၀)ဖြစ်ပြီး ကမ္ဘာပေါ်ကဉာဏ်အကောင်းဆုံးသော အမျိုးသမီးအဖြစ် လည်းသတ်မှတ်ခြင်းခံထားရပါတယ်။
(၇) Ruth Lawrence ( IQ 175)
ဗြိတိန်နဲ့ ဂျူးကပြားသင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့ Ruth Lawrence ဟာ သင်္ချာဘာသာရပ် မှာအရေးပါတဲ့ Knot theory နဲ့ algebraictopology တွေအရေးပါတဲ့ လေ့လာမှုတွေကိုပြုလုပ်ခဲ့သူဖြစ်ပြီး (၁၉၇၁)ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ Ruth Lawrence ဟာဉာဏ်ပညာအရာမှာ ပါရမီအရှိဆုံးကလေးအဖြစ်သတ်မှတ်ခံရသူဖြစ်ပြီး အသက်(၁၀)နှစ်အရွယ်မှာ Oxford တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုထိပ်တန်းအဆင့် နဲ့ အောင်မြင်ခဲ့သူဖြစ်ပါတယ်။
ဒါအပြင် Oxford တက္ကသိုလ်ကနေ အသက်ငယ်ဆုံးဘွဲ့ ရသူအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး သူမရဲ့စံချိန်ကိုလက်ရှိအချိန်ထိ ကျော်ဖြတ်နိုင်သူမရှိသေးပါ ဘူး။ Ruth Lawrence ရဲ့ IQ ကတော့ (175) ဖြစ်ပြီးလက်ရှိအချိန်မှာတော့ အသက် (၄၈) နှစ်အရွယ်ရှိကာ အစ္စရေးနိုင်ငံ၊ဂျေရုစလင်မှာရှိတဲ့ Hebrew University မှာ သင်္ချာဘာသာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦးအဖြစ်တာဝန်ထမ်းဆောင် လျက်ရှိပါတယ်။
(၆) Grace Hopper (IQ 175)
အမေရိကန်ပြည်ထောင်စုမှာတော့ Grace Hopper ဟာသမိုင်းတွင်တဲ့အမျိုးသမီး ကွန်ပျူတာပညာရှင်တစ်ယောက်အဖြစ် ထင်ရှားပါတယ်။ သူမဟာအမေရိကန်ရေတပ်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သလို Harvard Mark (1) ကွန်ပျူတာတွေရဲ့ ပထမဆုံး သောပရိုဂရမ်ရေးဆွဲပေးခဲ့သူဖြစ်ပါတယ်။ Grace Hopper ဟာဒုတိယကမ္ဘာစစ်ကာလအတွင်းက အမေရိကန်ရေတပ်ကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ သူမရဲ့(၃၄)နှစ်ဆိုတဲ့အသက်နဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။
ယင်းနောက် မှာတော့ Grace Hopper ဟာကွန်ပျူတာပညာရပ်နယ်ပယ်ကို ဆက်လက်လိုက်စားခဲ့ ပြီး မကြာခင်မှာပဲ အမေရိကန်ရေတပ်ရဲ့ကွန်ပျူတာပညာရှင်တစ်ယောက်အဖြစ်ခန့်အပ်ခံခဲ့ ရပါတယ်။ သူမဟာဆက်လက်ပြီး ကွန်ပျူတာပညာရပ်ဆိုင်ရာလေ့လာမှုတွေကိုဆက် လက်ပြုလုပ်ခဲ့ပြီး အမရိကန်ကွန်ပျူတာလောကရဲ့ Amazing Grace ဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့သလို ကမ္ဘာအရပ်ရပ်ကတက္ကသိုလ်များစွာရဲ့ ဂုဏ်ပြုဆုတံဆိပ်ပေါင်း (၄၀) ကျော်လောက်ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ Grace Hopper ရဲ့ IQ ကတော့ (၁၇၅) ဖြစ်ပါတယ်။ Grace Hopper ဟာ ၁၉၉၂ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့ပါတယ်။
(၅) Germaine Stael ( IQ 180-185)
Germaine Stael ကိုတော့ Madame de Stael လို့လည်းလူသိများပြီး (၁၇၆၆)ခုနှစ်က ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာမွေးဖွားခဲ့ပါတယ်။ သူမဟာ စာရေးဆရာမဖြစ်သလို သမိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်ပြီးပြင်သစ်ပြည်ရဲ့ နာမည်ကျော်စာပေလက်ရာမွန်များစွာကို ဖန်တီးခဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးဝေဖန်သူတစ်ယောက်လည်းဖြစ်တဲ့ Germaine Stael ဟာ ယင်းအခါကပြင်သစ်စစ်ဘုရင်နပိုလီယံ ကို ဝေဖန်ရေးစာ ပေများစွာကိုရေးခဲ့ပြီးနောက်ပိုင်းမှာတော့ Germaine Stael ရဲ့စာပေတွေဟာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ Germaine Stael ဟာဂျာမနီနိုင်ငံကို ရောက်ရှိခဲ့ပြီး ယင်းမှာရှိတဲ့ နာမည်ကျော် Goethe Group ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ် လာပါတယ်။ Germaine Stael ရဲ့ဉာဏ်ရည်နဲ့ ပတ်သက်ပြီးစမ်းသပ်ချက်အမျိုးမျိုးပြု လုပ်ပြီးချိန်မှာတော့ သူမရဲ့IQ ဟာ (၁၈၀) ကနေ(၁၈၅) အကြားရှိနိုင်တယ်လို့ ပညာရှင်တွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
(၄) Marie Curie (IQ 185)
ကမ္ဘာသမိုင်းက အထင်ကရသိပ္ပံပညာရှင်တစ်ယောက်ဖြစ်သူ Marie Curie ဟာ ပိုလန်လူမျိုးတစ်ယောက်ဖြစ်ပြီး စစ်ဆေးချက်တွေအရသူမရဲ့ IQ အမှတ်ဟာ (၁၈၅) ဖြစ်ပါတယ်။ သူမဟာ ရေဒီယိုသတ္တိကြွဖြစ်စဉ်ကို စတင်ရှာဖွေတွေ့ရှိခဲ့သူဖြစ်တာကြောင့် ဆေးလောကကို အကျိုးပြုခဲ့သလို အခြား ဓာတုဗေဒဓာက်ခွဲခန်းဆိုင်ရာတွေ့ရှိချက်များစွာကိုလည်း ခေတ်သစ်သိပ္ပံခေတ်ကာလကို မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။
Marie Curie ဟာ(၁၉၀၃)ခုနှစ်မှာတော့ ရူပဗေပညာရပ်အတွက် နိုဗယ်ဆု ကိုချီးမြင်ခံခဲ့ရပြီး (၁၉၁၁)ခုနှစ်မှာလည်း ဓာတုဗေဒပညာရပ်အတွက် ဒုတိယအကြိမ် နိုဗယ်ဆုကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ Marie Curie ဟာသိပ္ပံခေတ်အတွက် အထက်မြက်ဆုံးသောအမျိုးသမီးအဖြစ်မှတ်တမ်းတင်ခံရပြီး သူမရရှိတဲ့ဘွဲ့ထူး၊ ဂုဏ်ထူးတွေကိုချပြရရင်တော့ စာမျက်နှာများစွာကုန်သွားနိုင်ပါ တယ်။ ဒါအပြင် ယနေ့ခေတ်ရူပဗေဒနဲ့ ဓါတုဗေဒဆိုင်ရာဆန်းသစ်တီထွင်မှုများစွာရဲ့ အခြေခံသဘောတရားတွေဟာ Marie Curie တွေ့ရှိမှတ်တမ်းတင်မှုတွေရဲ့ အကျိုးဆက် တွေအဖြစ်ရှိနေဆဲဖြစ်ပါတယ်။
(၃) Marilyn vos Savant (IQ 190)
ကမ္ဘာပေါ်ကဉာဏ်ရည်အထက်မြက်ဆုံးအမျိုးသမီးစာရင်းမှာ တတိယမြောက်နေရာက နေပါဝင်လာတာကတော့ အမေရိကန်စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Marilyn vos Savant ဖြစ်ပါတယ်။ သူမဟာထိပ်တန်းဆောင်းပါးရှင်တစ်ယောက်လည်းဖြစ်ပြီး (၁၉၄၆)ခုနှစ်က အမေရိကန်ပြည်ထောင်စုစိန့်လူးဝစ်မြို့မှာမွေးဖွားခဲ့ပါတယ်။
စစ်ဆေးချက်တွေအရ သူမရဲ့ IQ ကတော့ (၁၉၀)ရှိခဲ့တာကြောင့် Guinness မှတ်တမ်း စာအုပ်မှာတောင် ရေးသားဖော်ပြခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အမေရိကန်နာမည်ကျော် Parade မဂ္ဂဇင်းမှာဆိုရင် Marilyn vos Savant ရဲ့ Ask Marilyn ဆိုတဲ့စာမျက်နှာ အစီစဉ် တစ်ခုပါဝင်နေပြီး ယင်းကနေခက်ခဲတဲ့ ပဟေဠိ တွေမေးခွန်းတွေအပါအဝင် အနယ်နယ်အရပ်ရပ်က စာပေချစ်သူတွေမေးမြန်းတဲ့ အကြောင်းအရာပေါင်းစုံကို သူမကိုယ်တိုင် ဖြေကြားပေးလေ့ရှိပါတယ်။
(၂) Hypatia (IQ 190+)
နာမည်ကျော် ဂရိသင်္ချာပညာရှင် Theon of Alexandria ရဲ့သမီးဖြစ်ပြီး (၃၅၁) ကနေ (၃၇၀) ခုနှစ် အတွင်းမွေးဖွားခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ Hypatia ဟာဂရိတွေးခေါ်ပညာရှင်နဲ့ နက္ခတ်ဗေဒပညာရှင်နဲ့သင်္ချာပညာရှင်တစ်ယောက်အဖြစ် ယင်းကာလက အီဂျစ် နဲ့ အရှေ့ရောမအင်ပါယာမှာထင်ရှားခဲ့ပါတယ်။
Hypatia ဟာယင်းခေတ် ကာလကတည်းက သိပ္ပံနည်းပညာဆိုင်ရာတီထွင်ဖန်တီးမှုများစွာကိုပြုလုပ်နိုင်ခဲ့တယ်လို့ သိရပြီး သူမဖန်တီးထားတဲ့အရာတွေအနက်မှာ Astrolable (ကြယ်တာယာတွေရဲ့ အမြင့် ကိုတိုင်းတာတဲ့ကိရိယာ) နဲ့ Hydrometer လိုအရည်ရဲ့သိပ်သည်းဆကိုတိုင်းတာတဲ့ ကိရိယာတွေလည်းပါဝင်နေခဲ့ပါတယ်။ ဒါအပြင်သူမဟာ သုတေသနပြုကျမ်းများစွာကိုလည်း ရေးသားမှတ်တမ်းတင်ခဲ့ပြီး Hypatia ရဲ့ ဉာဏ်ရည်ပြကိန်းကတော့ (၁၉၀)အထက်ရှိ တယ်လို့သိရပါတယ်။
(၁) Edith Stern (IQ 200)
အမေရိကန်တီထွင်သူနဲ့ သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့ Edith Stern ဟာကမ္ဘာ ဉာဏ်ရည်အမြင့်ဆုံးအမျိုးသမီးအဖြစ်မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်ကတည်းက အံ့ဖွယ် ဉာဏ် ကြီးရှင်တစ်ယောက်အဖြစ် ကြီးပြင်းလာသူဖြစ်ပါတယ်။ ၁၁လမှာ စကားစပြောပြီး ၂နှစ်မှာ အင်္ဂလိပ်စကားလုံးတော်တော်များများကို သိနေပြီး ၃နှစ်အရွယ်မှာတော့ စစ်တုရင်ကစားနည်းကို ကစားတတ်နေပြီဖြစ်ပါတယ်။ ၆နှစ်အရွယ်မှာတော့ ပလေတို ၊ ဒါဝင်အစရှိတဲ့ ပညာရှင်ကြီးတွေရေးထားတဲ့ စာကြီးပေကြီးတွေကို ဖတ်ရှု့နေပြီး ၁၂နှစ်မှာတော့ ကောလိပ်တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။
အသက် ၁၅နှစ်မှာတင် ပထမဆုံး တက္ကသိုလ်ဘွဲ့ကို ရရှိခဲ့တဲ့ Edith Stern ဟာ အသက် (၁၈)နှစ်မတိုင်ခင်ကတည်းက ဘွဲ့ဒီဂရီများစွာကိုပိုင်ဆိုင်ခဲ့ပြီး အမေရိကန်မှာ ဆိုရင်သူမကိုယ်တိုင်ဖန်တီးထားတဲ့ တီထွင်မှုတွေအတွက် မူပိုင်ခွင့်(၁၀၀)လာက် ကို ရရှိထားသူဖြစ်ပါတယ်။ အသက် ၁၈နှစ်အရွယ်မှာ IBM ကုမ္ပဏီမှာ အလုပ်သင်အဖြစ် စတင်ခဲ့တဲ့သူမဟာ ဒုတိယဥက္ကဌရာထူးအထိ တိုးမြှင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ သူမရဲ့ကြံဆမှုတွေဟာ အင်ဂျင်နီယာနည်းပညာပိုင်းဆိုင်ရာတွေမှာ ပိုမိုထင်ရှားခဲ့ပြီး စစ်ဆေးချက်တွေအရဆိုရင် သူမရဲ့ IQ ဟာ(၂၀၀)အထက်ရှိတယ်လို့ သိရပါတယ်။
ယခုဖော်ပြတဲ့အမျိုးသမီးတွေဟာ သူမတို့ရဲ့ရှားပါးတဲ့ မှတ်ဉာဏ်စွမ်းရည်ကို အသုံးချပြီးသူမတို့လျှောက်လမ်းမှာနယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူမတို့ထဲက အချို့ရဲ့ကြိုးပမ်းမှုရလဒ်တွေဟာ သက်ဆိုင်ရာနိုင်ငံတွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးကျေးဇူးဖြစ်ခဲ့တာကြောင့် တန်ဖိုးကြီးလူသားတွေစာရင်းမှာ ထည့်သွင်းခံထားရသူတွေလည်းဖြစ်ပါတယ်။
Ref : Wonderlist : Smartest Women on Earth
(Zawgyi)
ကမာၻေပၚက IQ အျမင့္ဆုံး အမ်ိဳးသမီး ၁၀ ဦး
ကမာၻေပၚကလူအမ်ားစုကေတာ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ဥာဏ္ရည္ ၊ဥာဏ္ေသြး ပိုမိုေကာင္းမြန္ၾကတယ္လို႕ထင္ၾက ပါတယ္။ ေယဘုယ်အေနနဲ႔မွန္ေပမယ့္ (၂၀၀၀)ျပည့္နွစ္ေနာက္ပိုင္းေတြက ေနစတင္ျပီး အမ်ိဳးသမီးေတြဟာေနရာက႑စံုမွာ အမ်ိဳးသားေတြကိုရင္ေပါင္တန္းလာနိုင္ခဲ့ၾကတာကိုေတြ႔ရပါတယ္။ ယေန႔အခ်ိန္မွာလည္း အမ်ိဳးသမီးေတြရဲ့ ဦးေဆာင္သူက႑ဟာ ပုိမိုက်ယ္ျပန္႔လာခဲ့ျပီး ပညာေရး၊ လူမႈစီးပြားက႑ေတြမွာ အမ်ိဳးသားေတြထက္သာလြန္ေအာင္စြမ္းေဆာင္နိုင္ေနျပီလည္း ျဖစ္ပါတယ္။
ယခင္ကာလေတြကတည္းက အမ်ိဳးသမီးေတြဟာ ျဖတ္ထိုးဥာဏ္အလြန္ ေကာင္းၾကတယ္လို႔ အားလံုးကလက္ခံထားၾကျပီး လက္ရွိအခ်ိန္မွာလည္း သိပၸံနည္းက် ဥာဏ္အရည္အေသြးတိုင္းတာတဲ့(IQ) ညႊန္းကိန္းေတြမွာလည္း အမ်ိဳးသမီးအခ်ိဳ႕ဟာ အမ်ိဳးသားေတြထက္ ပိုမိုဥာဏ္ေကာင္းၾကတယ္လို႔ အေျဖထြက္ပါတယ္။
ဒီေနရာ မွာမ်ွေဝေပးခ်င္တာကေတာ့ ကမာၻေပၚက ဥာဏ္ရည္ညႊန္းကိန္း (IQ) အျမင့္ဆံုး အမ်ိဳး သမီး(၁၀)ေယာက္ရဲ့ အေၾကာင္းျဖစ္ပါတယ္။ ဒီစာရင္းမွာ ပါဝင္တဲ့ အမ်ိဳးသမီးအခ်ိဳ႕ဆိုရင္ ကမာၻေက်ာ္သိပၸံပညာရွင္ေတြထက္ေတာင္ ဥာဏ္ရည္ညႊန္းကိန္းပိုမိုမ်ားျပားၾကတာကိုေတြ႔ရပါတယ္။ စာရင္းမွာပါဝင္တဲ့ အမ်ိဳးသမီးေတြရဲ့ အသက္ဟာ သူတို႕ရဲ့မွတ္ဥာဏ္စြမ္းရည္ကိုမွတ္တမ္းတင္ခ်ိန္က အသက္ျဖစ္ျပီး လက္ရွိ နဲ႔ေတာ့ ကြာဟေနတာကိုသတိျပဳရပါမယ္။
(၁၀) Olivia Manning ( IQ 162)
အသက္(၁၂)နွစ္အရြယ္ ကေလးအမ်ားစုဟာ ကစားဖို႔ပဲစိတ္အားသန္မယ္၊ အိမ္စာေတြ လုပ္ရမွာမုန္းတီးေနမယ္လို႔ အၾကမ္းဖ်င္းသတ္မွတ္ရမွာျဖစ္ေပမယ့္ Olivia Manning ကေတာ့ ယင္းအရြယ္မွာ သူမတူတဲ့ ဥာဏ္ရည္၊ဥာဏ္ေသြးေၾကာင့္ကမာၻေက်ာ္ ဥာဏ္ရည္တိုင္းတာေရးအဖြဲ႔ျဖစ္တဲ့ Mensa International မွာသြားေရာက္ျပီး ဥာဏ္ရည္ စစ္ေဆးမႈေတြကို သြားေရာက္ခံယူေနခဲ့ျပီ ျဖစ္ပါတယ္။
(၂၀၁၂)ခုနွစ္က စစ္ေဆးခဲ့တဲ့ Olivia Manning ရဲ့ရမွတ္ေတြထြက္ေပၚလာခ်ိန္မွာေတာ့ တစ္ကမာၻလံုးက အ့ံၾသသင့္ ခဲ့ရေလာက္ေအာင္ သူမရဲ့ IQ ဟာ (၁၆၂)အထိရွိခဲ့ပါတယ္။ ကမာၻေပၚကနာမည္ေက်ာ္ သိပၸံပညာရွင္ေတြျဖစ္တဲ့ အိုက္စတိုင္းနဲ႔ စတီဗင္ေဟာ့ကင္းတို႔လို ပုဂၢိဳလ္ေတြေတာင္ IQ 160 သာရွိတာေၾကာင့္ ကေလးငယ္ေလး Olivia Manning ရဲ့ဥာဏ္ရည္ညႊန္းကိန္းဟာ ၾကားသိရသူတိုင္းအတြက္ အ့ံအားသင့္ခဲ့ရပါတယ္။
(၉) Fabiola Mann (IQ 162)
စာရြက္ေပၚက စာရင္းကိန္းဂဏန္းေတြအရ သိပၸံပညာရွင္အိုင္းစတိုင္းနဲ႔ ရူပေဗဒပညာရွင္ စတီဗင္ေဟာ့ကင္းတို႔ထက္ မွတ္ဥာဏ္စြမ္း ရည္ပိုမိုျမင့္မားတဲ့ အမ်ိဳးသမီးတစ္ဦးကေတာ့ အသက္(၂၁)အရြယ္သာရွိေသးတဲ့ UK မွာေနထိုင္တဲ့ အိႏၵိယနိုင္ငံဖြား Fabiola Mannျဖစ္ျပီး သူမရဲ့မွတ္ရည္ညႊန္းကိန္းကေတာ့ (၁၆၂)ျဖစ္ပါတယ္။
သူမဟာ စစ္တုရင္ကစားနည္းကိုခံုမင္သူျဖစ္တဲ့ အျပင္ ေဆးဘက္ဆိုင္ရာနယ္ပယ္ကို ေလ့လာလိုက္စားဖို႔ဆႏၵရွိပါတယ္။ Fabiola Mann ဟာလန္ဒန္မွာရွိတဲ့ Northwood College School ကေန ေက်ာင္းျပီးခဲ့ျပီး ကရာေတးကစားနည္းမွာလည္း ကၽြမ္းက်င္သူျဖစ္ပါတယ္။ ဒါအျပင္ ဂီတကိုလည္း ျမတ္နိုးတဲ့ Fabiola Mann ဟာ သူမရဲ့အားလပ္ခ်ိန္ေတြကို ဂစ္တာတစ္လံုးနဲ႔လည္း အခ်ိန္ျဖဳန္း တတ္ပါေသးတယ္။
(၈) Judit Polgar(IQ 170)
Judit Polgar ကို (၁၉၇၆)ခုနွစ္၊ဂ်ဳလိုင္လ(၂၃)ရက္ေန႔ကေမြးဖြားခဲ့ျပီး ဟန္ေဂရီစစ္တုရင္ ခ်န္ပီယံတစ္ေယာက္လည္းျဖစ္သလို လက္ရွိအခ်ိန္ထိ ကမာၻစစ္တုရင္ေလာကရဲ့ အေကာင္းဆံုးေသာ အမ်ိဳးသမီး စစ္တုရင္သမားအျဖစ္ သတ္မွတ္ျခင္းခံရသူလည္းျဖစ္ပါတယ္။ သူမဟာ ကမာၻ႔စစ္တုရင္ခ်န္ပီယံတံဆိပ္ေတြကို ရရွိစဥ္က အသက္(၁၅)နွစ္သမီးအရြယ္သာ ရိွေသးျပီး FIDE ရဲ့ကမာၻထိပ္တန္းစစ္တုရင္ကစားသမား အေယာက္(၁၀၀)စာရင္းကို အသက္အငယ္ဆံုးစံခ်ိန္နဲ႔ဝင္ေရာက္နိုင္ခဲ့ပါတယ္။
ကမာၻ႔အေတာ္ဆုံး အမ်ဳိးသမီးစစ္တုရင္သမားစာရင္းမွာ နံပါတ္ ၁ ေနရာကို ၁၉၈၉ခုႏွစ္ကေန သူစစ္တုရင္ေလာက ကေန အနားယူသြားတဲ့ ၂၀၁၅ ခုႏွစ္တုိင္ေအာင္ တစ္ဦးတည္းဆက္တုိက္ ရယူခဲ့သူလည္းျဖစ္ပါတယ္။ Judit Polgar ဟာ အမ်ိဳးသားကမာၻစစ္တုရင္ခ်န္ပီယံေတြျဖစ္တဲ့ Viswanathan Anand နဲ႔ Garry Kasparov တို႔နဲ႔ေတာင္ ၿပိဳင္ဘက္အျဖစ္ယွဥ္ျပိဳင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။ Judit Polgar ရဲ့ IQ ကေတာ့ (၁၇၀)ျဖစ္ျပီး ကမာၻေပၚကဥာဏ္အေကာင္းဆံုးေသာ အမ်ိဳးသမီးအျဖစ္ လည္းသတ္မွတ္ျခင္းခံထားရပါတယ္။
(၇) Ruth Lawrence ( IQ 175)
ျဗိတိန္နဲ႔ ဂ်ဴးကျပားသခ်ၤာပညာရွင္တစ္ေယာက္ျဖစ္တဲ့ Ruth Lawrence ဟာ သခ်ၤာဘာသာရပ္ မွာအေရးပါတဲ့ Knot theory နဲ႔ algebraictopology ေတြအေရးပါတဲ့ ေလ့လာမႈေတြကိုျပဳလုပ္ခဲ့သူျဖစ္ျပီး (၁၉၇၁)ခုနွစ္မွာ ေမြးဖြားခဲ့ပါတယ္။ Ruth Lawrence ဟာဥာဏ္ပညာအရာမွာ ပါရမီအရွိဆံုးကေလးအျဖစ္သတ္မွတ္ခံရသူျဖစ္ျပီး အသက္(၁၀)နွစ္အရြယ္မွာ Oxford တကၠသိုလ္ဝင္ခြင့္စာေမးပြဲကိုထိပ္တန္းအဆင့္ နဲ႔ ေအာင္ျမင္ခဲ့သူျဖစ္ပါတယ္။
ဒါအျပင္ Oxford တကၠသိုလ္ကေန အသက္ငယ္ဆံုးဘြဲ႕ ရသူအျဖစ္မွတ္တမ္းဝင္ခဲ့ျပီး သူမရဲ့စံခ်ိန္ကိုလက္ရွိအခ်ိန္ထိ ေက်ာ္ျဖတ္နိုင္သူမရွိေသးပါ ဘူး။ Ruth Lawrence ရဲ့ IQ ကေတာ့ (175) ျဖစ္ျပီးလက္ရွိအခ်ိန္မွာေတာ့ အသက္ (၄၈) နွစ္အရြယ္ရွိကာ အစၥေရးနိုင္ငံ၊ေဂ်ရုစလင္မွာရွိတဲ့ Hebrew University မွာ သခ်ၤာဘာသာရပ္ဆိုင္ရာ ပါေမာကၡတစ္ဦးအျဖစ္တာဝန္ထမ္းေဆာင္ လ်က္ရွိပါတယ္။
(၆) Grace Hopper (IQ 175)
အေမရိကန္ျပည္ေထာင္စုမွာေတာ့ Grace Hopper ဟာသမိုင္းတြင္တဲ့အမ်ိဳးသမီး ကြန္ပ်ဴတာပညာရွင္တစ္ေယာက္အျဖစ္ ထင္ရွားပါတယ္။ သူမဟာအေမရိကန္ေရတပ္ရဲ့ ဗိုလ္ခ်ဳပ္ၾကီးတစ္ေယာက္ျဖစ္သလို Harvard Mark (1) ကြန္ပ်ဴတာေတြရဲ့ ပထမဆံုး ေသာပရိုဂရမ္ေရးဆြဲေပးခဲ့သူျဖစ္ပါတယ္။ Grace Hopper ဟာဒုတိယကမာၻစစ္ကာလအတြင္းက အေမရိကန္ေရတပ္ကို ဝင္ေရာက္ဖို႔ ၾကိဳးစားခဲ့ေပမဲ့ သူမရဲ့(၃၄)နွစ္ဆိုတဲ့အသက္နဲ႔ ျငင္းပယ္ျခင္းခံခဲ့ရပါတယ္။
ယင္းေနာက္ မွာေတာ့ Grace Hopper ဟာကြန္ပ်ဴတာပညာရပ္နယ္ပယ္ကို ဆက္လက္လိုက္စားခဲ့ ျပီး မၾကာခင္မွာပဲ အေမရိကန္ေရတပ္ရဲ့ကြန္ပ်ဴတာပညာရွင္တစ္ေယာက္အျဖစ္ခန္႔အပ္ခံခဲ့ ရပါတယ္။ သူမဟာဆက္လက္ျပီး ကြန္ပ်ဴတာပညာရပ္ဆိုင္ရာေလ့လာမႈေတြကိုဆက္ လက္ျပဳလုပ္ခဲ့ျပီး အမရိကန္ကြန္ပ်ဴတာေလာကရဲ့ Amazing Grace ဆိုတဲ့ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ခဲ့သလို ကမာၻအရပ္ရပ္ကတကၠသိုလ္မ်ားစြာရဲ့ ဂုဏ္ျပဳဆုတံဆိပ္ေပါင္း (၄၀) ေက်ာ္ေလာက္ကို ခ်ီးျမွင့္ျခင္းခံခဲ့ရပါတယ္။ Grace Hopper ရဲ့ IQ ကေတာ့ (၁၇၅) ျဖစ္ပါတယ္။ Grace Hopper ဟာ ၁၉၉၂ခုႏွစ္ ဇန္န၀ါရီလမွာ ကြယ္လြန္ခဲ့ပါတယ္။
(၅) Germaine Stael ( IQ 180-185)
Germaine Stael ကုိေတာ့ Madame de Stael လို႔လည္းလူသိမ်ားျပီး (၁၇၆၆)ခုနွစ္က ျပင္သစ္နိုင္ငံ၊ပဲရစ္ျမိဳ႕မွာေမြးဖြားခဲ့ပါတယ္။ သူမဟာ စာေရးဆရာမျဖစ္သလုိ သမုိင္းပညာရွင္တစ္ေယာက္လည္း ျဖစ္ျပီးျပင္သစ္ျပည္ရဲ့ နာမည္ေက်ာ္စာေပလက္ရာမြန္မ်ားစြာကို ဖန္တီးခဲ့သူျဖစ္ပါတယ္။ နိုင္ငံေရးေဝဖန္သူတစ္ေယာက္လည္းျဖစ္တဲ့ Germaine Stael ဟာ ယင္းအခါကျပင္သစ္စစ္ဘုရင္နပိုလီယံ ကို ေဝဖန္ေရးစာ ေပမ်ားစြာကိုေရးခဲ့ျပီးေနာက္ပိုင္းမွာေတာ့ Germaine Stael ရဲ့စာေပေတြဟာ ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။
ေနာက္ပိုင္းမွာေတာ့ Germaine Stael ဟာဂ်ာမနီနိုင္ငံကို ေရာက္ရွိခဲ့ျပီး ယင္းမွာရွိတဲ့ နာမည္ေက်ာ္ Goethe Group ရဲ့အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ လာပါတယ္။ Germaine Stael ရဲ့ဥာဏ္ရည္နဲ႔ ပတ္သက္ျပီးစမ္းသပ္ခ်က္အမ်ိဳးမ်ိဳးျပဳ လုပ္ျပီးခ်ိန္မွာေတာ့ သူမရဲ့IQ ဟာ (၁၈၀) ကေန(၁၈၅) အၾကားရွိနိုင္တယ္လို႔ ပညာရွင္ေတြက မွတ္တမ္းတင္နိုင္ခဲ့ပါတယ္။
(၄) Marie Curie (IQ 185)
ကမာၻသမိုင္းက အထင္ကရသိပၸံပညာရွင္တစ္ေယာက္ျဖစ္သူ Marie Curie ဟာ ပုိလန္လူမ်ဳိးတစ္ေယာက္ျဖစ္ျပီး စစ္ေဆးခ်က္ေတြအရသူမရဲ့ IQ အမွတ္ဟာ (၁၈၅) ျဖစ္ပါတယ္။ သူမဟာ ေရဒီယိုသတၱိၾကြျဖစ္စဥ္ကို စတင္ရွာေဖြေတြ႔ရွိခဲ့သူျဖစ္တာေၾကာင့္ ေဆးေလာကကို အက်ဳိးျပဳခဲ့သလုိ အျခား ဓာတုေဗဒဓာက္ခြဲခန္းဆိုင္ရာေတြ႔ရွိခ်က္မ်ားစြာကိုလည္း ေခတ္သစ္သိပၸံေခတ္ကာလကို မိတ္ဆက္ေပးခဲ့သူျဖစ္ပါတယ္။
Marie Curie ဟာ(၁၉၀၃)ခုနွစ္မွာေတာ့ ရူပေဗပညာရပ္အတြက္ နိုဗယ္ဆု ကိုခ်ီးျမင္ခံခဲ့ရျပီး (၁၉၁၁)ခုနွစ္မွာလည္း ဓာတုေဗဒပညာရပ္အတြက္ ဒုတိယအၾကိမ္ နိုဗယ္ဆုကိုခ်ီးျမွင့္ျခင္းခံခဲ့ရပါတယ္။ Marie Curie ဟာသိပၸံေခတ္အတြက္ အထက္ျမက္ဆံုးေသာအမ်ိဳးသမီးအျဖစ္မွတ္တမ္းတင္ခံရျပီး သူမရရွိတဲ့ဘြဲ႔ထူး၊ ဂုဏ္ထူးေတြကိုခ်ျပရရင္ေတာ့ စာမ်က္နွာမ်ားစြာကုန္သြားနိုင္ပါ တယ္။ ဒါအျပင္ ယေန႔ေခတ္ရူပေဗဒနဲ႔ ဓါတုေဗဒဆိုင္ရာဆန္းသစ္တီထြင္မႈမ်ားစြာရဲ႕ အေျခခံသေဘာတရားေတြဟာ Marie Curie ေတြ႔ရွိမွတ္တမ္းတင္မႈေတြရဲ့ အက်ဳိးဆက္ ေတြအျဖစ္ရွိေနဆဲျဖစ္ပါတယ္။
(၃) Marilyn vos Savant (IQ 190)
ကမာၻေပၚကဥာဏ္ရည္အထက္ျမက္ဆံုးအမ်ိဳးသမီးစာရင္းမွာ တတိယေျမာက္ေနရာက ေနပါဝင္လာတာကေတာ့ အေမရိကန္စာေရးဆရာမတစ္ေယာက္ျဖစ္တဲ့ Marilyn vos Savant ျဖစ္ပါတယ္။ သူမဟာထိပ္တန္းေဆာင္းပါးရွင္တစ္ေယာက္လည္းျဖစ္ျပီး (၁၉၄၆)ခုနွစ္က အေမရိကန္ျပည္ေထာင္စုစိန္႔လူးဝစ္ျမိဳ႕မွာေမြးဖြားခဲ့ပါတယ္။
စစ္ေဆးခ်က္ေတြအရ သူမရဲ့ IQ ကေတာ့ (၁၉၀)ရွိခဲ့တာေၾကာင့္ Guinness မွတ္တမ္း စာအုပ္မွာေတာင္ ေရးသားေဖာ္ျပျခင္းခံခဲ့ရသူျဖစ္ပါတယ္။ အေမရိကန္နာမည္ေက်ာ္ Parade မဂၢဇင္းမွာဆိုရင္ Marilyn vos Savant ရဲ့ Ask Marilyn ဆိုတဲ့စာမ်က္နွာ အစီစဥ္ တစ္ခုပါဝင္ေနျပီး ယင္းကေနခက္ခဲတဲ့ ပေဟဠိ ေတြေမးခြန္းေတြအပါအဝင္ အနယ္နယ္အရပ္ရပ္က စာေပခ်စ္သူေတြေမးျမန္းတဲ့ အေၾကာင္းအရာေပါင္းစုံကို သူမကိုယ္တိုင္ ေျဖၾကားေပးေလ့ရွိပါတယ္။
(၂) Hypatia (IQ 190+)
နာမည္ေက်ာ္ ဂရိသခ်ၤာပညာရွင္ Theon of Alexandria ရဲ့သမီးျဖစ္ျပီး (၃၅၁) ကေန (၃၇၀) ခုနွစ္ အတြင္းေမြးဖြားခဲ့တယ္လို႔ ခန္႔မွန္းရပါတယ္။ Hypatia ဟာဂရိေတြးေခၚပညာရွင္နဲ႔ နကၡတ္ေဗဒပညာရွင္နဲ႔သခ်ၤာပညာရွင္တစ္ေယာက္အျဖစ္ ယင္းကာလက အီဂ်စ္ နဲ႔ အေရွ႕ေရာမအင္ပါယာမွာထင္ရွားခ့ဲ့ပါတယ္။
Hypatia ဟာယင္းေခတ္ ကာလကတည္းက သိပၸံနည္းပညာဆိုင္ရာတီထြင္ဖန္တီးမႈမ်ားစြာကိုျပဳလုပ္နိုင္ခ့ဲတယ္လို႔ သိရျပီး သူမဖန္တီးထားတဲ့အရာေတြအနက္မွာ Astrolable (ၾကယ္တာယာေတြရဲ့ အျမင့္ ကိုတိုင္းတာတဲ့ကိရိယာ) နဲ႔ Hydrometer လိုအရည္ရဲ့သိပ္သည္းဆကိုတိုင္းတာတဲ့ ကိရိယာေတြလည္းပါဝင္ေနခဲ့ပါတယ္။ ဒါအျပင္သူမဟာ သုေတသနျပဳက်မ္းမ်ားစြာကိုလည္း ေရးသားမွတ္တမ္းတင္ခဲ့ျပီး Hypatia ရဲ့ ဥာဏ္ရည္ျပကိန္းကေတာ့ (၁၉၀)အထက္ရိွ တယ္လို႔သိရပါတယ္။
(၁) Edith Stern (IQ 200)
အေမရိကန္တီထြင္သူနဲ႔ သခ်ၤာပညာရွင္တစ္ေယာက္ျဖစ္တဲ့ Edith Stern ဟာကမာၻ ဥာဏ္ရည္အျမင့္ဆံုးအမ်ိဳးသမီးအျဖစ္ေမြးဖြားလာသူျဖစ္ျပီး ငယ္စဥ္ကတည္းက အ့ံဖြယ္ ဥာဏ္ ၾကီးရွင္တစ္ေယာက္အျဖစ္ ၾကီးျပင္းလာသူျဖစ္ပါတယ္။ ၁၁လမွာ စကားစေျပာၿပီး ၂ႏွစ္မွာ အဂၤလိပ္စကားလုံးေတာ္ေတာ္မ်ားမ်ားကို သိေနၿပီး ၃ႏွစ္အရြယ္မွာေတာ့ စစ္တုရင္ကစားနည္းကို ကစားတတ္ေနၿပီျဖစ္ပါတယ္။ ၆ႏွစ္အရြယ္မွာေတာ့ ပေလတုိ ၊ ဒါ၀င္အစရွိတဲ့ ပညာရွင္ႀကီးေတြေရးထားတဲ့ စာႀကီးေပႀကီးေတြကို ဖတ္ရႈ႕ေနၿပီး ၁၂ႏွစ္မွာေတာ့ ေကာလိပ္တက္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။
အသက္ ၁၅ႏွစ္မွာတင္ ပထမဆုံး တကၠသုိလ္ဘြဲ႔ကုိ ရရွိခဲ့တဲ့ Edith Stern ဟာ အသက္ (၁၈)နွစ္မတိုင္ခင္ကတည္းက ဘြဲ႔ဒီဂရီမ်ားစြာကိုပိုင္ဆိုင္ခဲ့ျပီး အေမရိကန္မွာ ဆိုရင္သူမကိုယ္တိုင္ဖန္တီးထားတဲ့ တီထြင္မႈေတြအတြက္ မူပိုင္ခြင့္(၁၀၀)လာက္ ကို ရရွိထားသူျဖစ္ပါတယ္။ အသက္ ၁၈ႏွစ္အရြယ္မွာ IBM ကုမၸဏီမွာ အလုပ္သင္အျဖစ္ စတင္ခဲ့တဲ့သူမဟာ ဒုတိယဥကၠဌရာထူးအထိ တုိးျမွင့္ခံခဲ့ရသူလည္းျဖစ္ပါတယ္။ သူမရဲ့ၾကံဆမႈေတြဟာ အင္ဂ်င္နီယာနည္းပညာပိုင္းဆိုင္ရာေတြမွာ ပိုမိုထင္ရွားခဲ့ျပီး စစ္ေဆးခ်က္ေတြအရဆိုရင္ သူမရဲ့ IQ ဟာ(၂၀၀)အထက္ရွိတယ္လို႔ သိရပါတယ္။
ယခုေဖာ္ျပတဲ့အမ်ိဳးသမီးေတြဟာ သူမတို႔ရဲ့ရွားပါးတဲ့ မွတ္ဥာဏ္စြမ္းရည္ကို အသံုးခ်ျပီးသူမတို႔ေလ်ွာက္လမ္းမွာနယ္ပယ္အသီးသီးမွာ ေအာင္ျမင္တဲ့ရလဒ္ေတြကို ပိုင္ဆိုင္ခဲ့ၾကသူေတြျဖစ္ပါတယ္။ သူမတို႔ထဲက အခ်ုိ႕ရဲ႕ၾကိဳးပမ္းမႈရလဒ္ေတြဟာ သက္ဆိုင္ရာနိုင္ငံေတြအတြက္သာမက တစ္ကမာၻလံုးအတြက္ပါ အက်ိဳးေက်းဇူးျဖစ္ခဲ့တာေၾကာင့္ တန္ဖိုးၾကီးလူသားေတြစာရင္းမွာ ထည့္သြင္းခံထားရသူေတြလည္းျဖစ္ပါတယ္။
Ref : Wonderlist : Smartest Women on Earth
Discussion about this post