• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အအောင်မြင်ဆုံး ရော့ခ်တေးဂီတ အဖွဲ့တစ်ဖွဲ့ (သို့) Queen

by Thutamm
September 10, 2019
Reading Time: 4min read
0
ကမ္ဘာ့အအောင်မြင်ဆုံး ရော့ခ်တေးဂီတ အဖွဲ့တစ်ဖွဲ့ (သို့) Queen
Share on FacebookShare on Twitter

Queen တေးဂီတအဖွဲ့ဟာ ကမ္ဘာမှာ အအောင်မြင်ဆုံးရော့ခ် band တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ Queen band ကို ၁၉၇၀ ခုနှစ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ပါဝင်သူတွေကတော့ အဆို နဲ့ ပီယာနို – Freddie Mercury ၊ လိဒ်ဂစ်တာ – Brian May ၊ ဒရမ် – Roger Taylor ၊ ဘေ့စ် – John Deacon တို့ပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ သူတို့ဟာ progressive rock, hard rock နဲ့ heavy metal စတဲ့အမျိုးအစားတွေကိုသာ သီဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ arena rock နဲ့ pop rock လို ဂီတအမျိုးအစားတွေကိုပါ သီဆိုခဲ့ကြပါတယ်။

Brian May နဲ့ Roger Taylor ဟာ ၁၉၆၈ ခုနှစ်က smile ဆိုတဲ့ band တစ်ခုကို တည်ထောင်ခဲ့ကြပါတယ်။ စားသောက်ဆိုင်တွေနဲ့ ပွဲအငယ်စားလေးတွေမှာ လိုက်တီးရတဲ့ အဖွဲ့ငယ်လေးတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီတုန်းက ပင်တိုင်အဆိုတော်က ရောခ့်ဂီတသမားတစ်ယောက်ဖြစ်တဲ့ Tim Staffell ပါ။ ၁၉၇၀ခုနှစ်မှာ Tim Staffell  က သူတို့အဖွဲ့ကနေထွက်ပြီး Humpy Bong band ကိုပြောင်းသွားတဲ့အတွက် သူတို့အဖွဲ့မှာ အဆိုတော်မရှိတော့ပါဘူး။ အဲဒီအချိန်မှာပဲ smile band ရဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ Freddie Mercury နဲ့ စတွေ့ကြပါတယ်။ ဖရက်ဒီရဲ့ အဆိုကျွမ်းကျင်မှုကို သဘောကျခဲ့ပြီးနောက် ဖရက်ဒီဟာ smile band ရဲ့ ပင်တိုင်အဆိုတော်ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ရဲ့နာမည်ကိုလည်း ကြီးကျယ်မြင့်မြတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဘုရင်မကြီး Queen လို့ ဖရက်ဒီကပဲ နာမည်ပြောင်းပေးခဲ့ပါတယ်။

စစဆိုချင်းမှာပဲ သူတို့ဟာ အတွဲအစပ်မိခဲ့ကြသလို အခြေခံပိုင်နိုင်ပြီး ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ ဖရက်ဒီဟာ ဝါရင့်တစ်ယောက်လို ဆိုပြနိုင်ခဲ့တယ်။ အဲဒီမှာတင်သူတို့ရဲ့ အဖွဲ့ကို နှစ်သက်တဲ့သူ အနည်းငယ်ရှိလာခဲ့တယ်။ ပထမဆုံးအနေနဲ့ Truro မြို့တော်ခန်းမ ၊ Imperial College တို့မှာ ဖျော်ဖြေနိုင်ခဲ့တယ်။ ဘေစ့်သမားနေရာမှာ Mike Grose, Carry Mitchell, နဲ့ Doug Ewood Bogie စတဲ့သူတွေကို ခေါ်သုံးခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့ပါဘူး။ ၁၉၇၁ခုနှစ်မှာ သူတို့ရဲ့ ပင်တိုင်ဘေစ့်ဂစ်တာသမားဖြစ်လာမယ့် John Deacon ကိုတွေ့ပြီး သဘောကျသွားကြတယ်။

အဲဒီနောက်တော့ သူတို့ဟာ ပထမဆုံး အခွေကို အကောင်းဆုံးကြိုးစားခဲ့ကြတယ်။ ဒီအခွေမှာ “Liar”, “Keep Yourself Alive”, “The Night Comes Down” နဲ့ “Jesus” စတဲ့သီချင်းတွေ ပါဝင်ခဲ့တယ်။ ဒီအခွေကြမ်းကို ကိုင်ပြီး ထုတ်လုပ်ရေးကုမ္ပဏီများစွာကို ဆက်သွယ်ခဲ့ပေမယ့် သူတို့အခွေကို ဘယ်သူမှ စိတ်မဝင်စားခဲ့ကြဘူး။ အဲဒီအတောအတွင်းမှာပဲ ဖရက်ဒီဟာ သူ့ရဲ့မိသားစုနာမည်ကို Mercury ဆိုပြီးပြောင်းလိုက်တာကြောင့် Freddie Mercury ဆိုပြီးဖြစ်လာတယ်။ (သူ့ရဲ့အစပထမနာမည်က Farrokh Bulsara ဖြစ်ပါတယ်)။ Mercury ဆိုတဲ့နာမည်ကို သူ့ရဲ့ My Fairy King သီချင်းစာသားဖြစ်တဲ့ “Mother Mercury, look what they’ve done to me” ကနေ ရယူခဲ့တာပါ။

၁၉၇၁ ဇူလိုင်လ ၂ရက်နေ့မှာတော့ အခွေမထုတ်နိုင်သေးတဲ့ Queen အဖွဲ့ဟာ သူတို့ရဲ့ပထမဆုံးရှိုးပွဲကို လန်ဒန်အပြင်ဘက်မှာရှိတဲ့ Surrey ကောလိပ်မှာ ပထမဆုံးစတင်ဖျော်ဖြေခဲ့ကြပါတယ်။ သူတို့ရဲ့ပထမဆုံး Album ဖြစ်တဲ့ Queen I ကို ၁၉၇၃ ခုနှစ်မှာ EMI Records ထုတ်လုပ်ရေးကုမ္ပဏီက တဆင့်ထုတ်လုပ်နိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ၁၉၇၄ ခုနှစ်မှာတော့ ဒုတိယ Album ဖြစ်တဲ့ Queen II ကို ထပ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း စီးပွားရေးအရ မအောင်မြင်ခဲ့ပေမယ့် လူအနည်းငယ်တော့ သိသွားခဲ့တယ်။

နောက် ၈လ အကြာမှာပဲ တတိယ Album ဖြစ်တဲ့ Sheer Heart Attack ကို ထပ်ထုတ်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ တော်တော်လေး အောင်မြင်ခဲ့တယ်။ သူတို့ရဲ့ Album ဟာယူကေမှာ နံပါတ် ၂ ချိတ်ပြီး ဥရောပတဝှမ်းလုံးမှာ ရောင်းချနိုင်ခဲ့တယ်။ လူကြိုက်အများဆုံးနဲ့ ဟစ်အဖြစ်ခဲ့ဆုံးကတော့ အမေရိကန်မှာပါ။ အဲဒီ Album ထဲက Killer Queen သီချင်းက US မှာ နံပါတ် ၁ ချိတ်ခဲ့ပြီး Billboard မှာတော့ နံပါတ် ၁၂ ချိတ်ခဲ့ပါတယ်။  “Now I’m Here” နဲ့ “Stone Cold Crazy” သီချင်းတွေကိုလည်း အတော်လေး လူကြိုက်များခဲ့ပါတယ်။ အဲဒီ Album ဟာ သမိုင်းတလျှောက်အကောင်းဆုံး British Rock Album ၁၀၀ စာရင်းလည်း ဝင်ခဲ့ပါတယ်။

၁၉၇၅ ခုနှစ် ဇန်နဝါရီလကနေစလို့ Queen အဖွဲ့ဟာ ဖက်ရှင်ဒီဇိုင်းအဖွဲ့ Zandra Rhodes နဲ့ အတူ နိုင်ငံတကာဖျော်ဖြေပွဲတွေကို စတင်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အမေရိကန်မြို့ကြီးတွေမှာ ဖျော်ဖြေခဲ့ပြီး အကြီးအကျယ်အားပေးခဲ့ကြတယ်။ အဲဒီနောက်တော့ ကနေဒါ နဲ့ ဂျပန်နိုင်ငံက မြို့ကြီး ၇မြို့မှာ သွားရောက်ဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီနှစ် စက်တင်ဘာမှာပဲ Trident studio နဲ့ အဆင်မပြေဖြစ်ကာ လမ်းခွဲခဲ့ပြီးတဲ့နောက် အယ်လန်တန်ဂျွန်ရဲ့ မန်နေဂျာဖြစ်တဲ့ John Reid နဲ့ ချိတ်ဆက်မိသွားခဲ့ကြတယ်။

အဲဒီနှစ်မှာပဲ လေးခုမြောက် Album ဖြစ်တဲ့  A Night at the Opera ကို ထုတ်လုပ်ခဲ့တယ်။ ဒီ Album ဟာ အဲဒီအချိန်က record စရိတ်ဈေးအကြီးဆုံး Album ဖြစ်ခဲ့ပြီး အသံသွင်းစရိတ်အနေနဲ့တင် ပေါင် ၄သောင်း(ယခုငွေဈေးနဲ့တွက်ရင် ဒေါ်လာ ၄သိန်းခန့်) ကုန်ကျခဲ့တယ်။ အဲဒီ Album မှာ Queen ရဲ့ အထင်ကရသီချင်းတွေဖြစ်တဲ့ You’re My Best Friend နဲ့ Love of My Life တို့အပြင် ဖရက်ဒီရဲ့ နာမည်အကြီးဆုံး Masterpiece ဖြစ်တဲ့ Bohemian Rhapsody သီချင်းလည်း ပါဝင်ပါတယ်။

Bohemian Rhapsody သီချင်းကို တပုဒ်တည်းသီးသန့် ရေဒီယိုနေ လွှင့်ဖို့ ကြိုးစားခဲ့ပေမယ့် လက်မခံခဲ့ကြဘူး။ သီချင်းက ၆မိနစ်တောင်ရှည်ပြီး ဂီတအမျိုးအစားပေါင်းစုံပါဝင်နေတဲ့အတွက် ဘယ်ကဏ္ဍထဲကို ထည့်ရမှန်း မသိကြတဲ့အပြင် လူတွေမကြိုက်လောက်ဘူးလို့ ထင်ကြလို့ပါ။ နောက်ဆုံးတော့ ဖရက်ဒီရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Kenny Everett က လန်ဒန်မြို့တော်ရေဒီယိုကနေ လွှင့်လိုက်တဲ့အခါမှာတော့ လွှင့်ပြီးပြီးချင်းမှာပဲ ဖုန်းတဂွမ်ဂွမ်နဲ့ အမှာစာတွေရောက်လာတဲ့အထိ အောင်မြင်ခဲ့တယ်။ ဒီသီချင်းဟာ UK ရဲ့ နံပါတ် ၁ လူကြိုက်အများဆုံးနေရာကို ၉ပတ် ဆက်တိုက်ရယူနိုင်ခဲ့တယ်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာလမှာပဲ A Night at the Opera Tour အနေနဲ့ ဥရောပနိုင်ငံတွေအပြင် ၊ အမေရိကန် ၊ ဂျပန် နဲ့ သြစတြေးလျနိုင်ငံတွေမှာ သွားရောက်ဖျော်ဖြေခဲ့ကြတယ်။

၁၉၇၆ ခုနှစ် ဒီဇင်ဘာလမှာတော့ ငါးခုမြောက် Album ဖြစ်တဲ့ A Day at the Races ကို ထုတ်ခဲ့ပြီး အဲဒီနှစ်မှာပဲ Queen အဖွဲ့ရဲ့ အမှတ်အရဆုံး ရှိုးပွဲတစ်ခုဖြစ်လာမယ့်  လန်ဒန် Hyde Park free concert ရှိုးပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဗြိတိသျှသူဌေးကြီး ရစ်ချက်ဘရန်ဆန်က ဦးစီးကျင်းပတာဖြစ်ပြီး ပရိသတ်ပေါင်း ၁၅၀၀၀၀ခန့် လာရောက်အားပေးခဲ့ကြပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ၆ခုမြောက် Album ဖြစ်တဲ့ News of the World ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ ဒီခွေမှာတော့ အားကစားလောကရဲ့အထင်ကရသီချင်းတွေဖြစ်လာမယ့် “We Will Rock You” နဲ့ “We Are the Champions သီချင်းတွေ ပါဝင်ခဲ့ပါတယ်။

Queen – We Will Rock You

၁၉၇၈ ခုနှစ်မှာ Jazz ၊ ၁၉၈၀ခုနှစ်မှာ The Game  နဲ့ Flash Gordon Album တွေကို ထုတ်လုပ်ခဲ့ပါတယ်။ The Game Tour အနေနဲ့ တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ ပွဲကြီး ၅ ပွဲဖျော်ဖြေခဲ့ကြပါတယ်။ တောင်အမေရိက ဘောလုံးကွင်းတွေမှာ ပထမဆုံးဖျော်ဖြေရတဲ့ Rock Band အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဂျင်တီးနားသမိုင်းရဲ့ ပရိသတ်အများဆုံး single concert အဖြစ် စံချိန်တင်ခဲ့တဲ့ပွဲကို မြို့တော် ဗျူနိုအေရိမှာ ကျင်းပခဲ့ပြီး ပရိတ်သတ်ပေါင်း ၃သိန်း လာရောက်အားပေးခဲ့ကြပါတယ်။ ဘရာဇီးက ပွဲတွေမှာလည်း ပရိသတ် ၁သိန်းကျော်စီ အားပေးခြင်းကို ခံခဲ့ရပါတယ်။

၁၉၈၂ ခုနှစ် နှစ်ကုန်ခါနီးမှာတော့ Queen အဖွဲ့ဝင်တွေအားလုံး အနားယူကြမယ်လို့ သဘောတူကြပြီး ၁၉၈၃ခုနှစ် တစ်နှစ်လုံး ရှိုးပွဲတွေကို မဆိုတော့ဘူးလို့ ကြေငြာလိုက်ကြတယ်။ အဲဒီနောက်တော့ ဖရက်ဒီဟာ သဘောတူညီမှုတွေကို ဖောက်ပြီး Queen အဖွဲ့ကိုစွန့်ကာ အီတလီ အဆိုတော် Giorgio Moroder နဲ့ သွားပူးပေါင်းမိတယ်။ Giorgio Moroder နဲ့ အတူ Metropolis ရုပ်ရှင်အတွက် Love Kills သီချင်းကို ရေးသားသီဆိုခဲ့တယ်။ CBS ရုပ်သံရဲ့ ဒေါ်လာ ၄သန်း ကမ်းလှမ်းမှုနဲ့အတူ သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော် Album ကို ထုတ်ခဲ့တယ်။ အဲဒါကတော့ Mr. Bad Guy ဆိုတဲ့ Album ပါ။ အဆင်မပြေမှုတွေများလာတဲ့ ဖရက်ဒီဟာ သူ့ရဲ့အမှားကိုတောင်းပန်ပြီး Queen အဖွဲ့နဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

၁၉၈၅ ခုနှစ် ဇန်နဝါရီလမှာ ဘရာဇီးနိုင်ငံ ရီယိုဂျနေယိုမြို့မှာ ကျင်းပခဲ့တဲ့ Rock in Rio ပွဲတော်မှာတော့ ပရိသတ်ပေါင်း ၃သိန်းကျော်ရဲ့ ရှေ့မှောက်မှာ ၂ည ဆက်တိုက် သီဆိုဖျော်ဖြေခဲ့ပါတယ်။ Queen ရဲ့ အမှတ်အရဆုံး ပွဲဖြစ်မယ့် ၁၉၈၅ Live Aid ပရဟိတပွဲကိုတော့ ဝင်ဘာလေကွင်းကြီးထဲမှာ အခြားကမ္ဘာကျော် အဆိုတော်တွေနဲ့ အတူဖျော်ဖြေခဲ့ကြပါတယ်။ ကွင်းအတွင်း လာရောက်အားပေးသူပရိသတ်က ၇သောင်းကျော်ဆိုပေမယ့် အဲဒီအစီအစဉ်ကို ကမ္ဘာတဝှမ်းကနေ တီဗီကတဆင့် အားပေးနေတဲ့ ပရိသတ်ကတော့ ၁.၉ဘီလျံတောင် ရှိပါသတဲ့။ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ပွဲကြီးတစ်ပွဲလည်း ဖြစ်သလို Queen ရဲ့ တကျော့ပြန် အအောင်မြင်ဆုံးပွဲဆိုရင်လည်း မမှားပါဘူး။ ဒီပွဲမှာ ဖရက်ဒီဟာ ပရိသတ်အားလုံးကို ပွဲအစအဆုံး အရာရာကိုမေ့လျော့သွားစေတဲ့အထိ သူ့သီချင်းတွေနဲ့ တသားထဲ လိုက်ပါစေနိုင်တဲ့အထိ စွမ်းဆောင်ပြခဲ့တယ်။

၁၉၈၆ ခုနှစ် နှစ်လယ်ပိုင်းမှာ ဖျော်ဖြေခဲ့တဲ့ Magic Tour ကတော့ ဖရက်ဒီရဲ့ နောက်ဆုံး tour ဖျော်ဖြေမှုဖြစ်ပါတယ်။ ဥရောပတလွှားမှာ ပွဲပေါင်း ၂၆ ပွဲ သီဆိုခဲ့ကြတယ်။ ၁၉၈၈ခုနှစ်မှာတော့ ဖရက်ဒီရဲ့ ပိန်ချုံးလွန်းလာတဲ့ ခန္ဓာကိုယ်အနေအထားကိုကြည့်ပြီး  တော်တော်ကျန်းမာရေး မကောင်းဖြစ်နေတယ်ဆိုတာ ပရိသတ်တွေ သတိထားမိသွားတယ်။ မီဒီယာတွေကလည်း ဖရက်ဒီဟာ အေအိုင်ဒီအက်စ်ကြောင့် အခုလိုဖြစ်နေတယ်လို့ ဖော်ထုတ်ရေးသားခဲ့ကြပေမယ့် ဖရက်ဒီက ရိုးရိုးနေမကောင်းဖြစ်တာပါလို့ ငြင်းဆန်ခဲ့တယ်။ တကယ်တော့ ဖရက်ဒီမှာ ၁၉၈၇ ခုနှစ်ကတည်းက HIV ပိုး ကူးစက်ခံနေရပြီဖြစ်တယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေကလွဲလို့ ဘယ်သူ့ကိုမှ ဖွင့်မပြောခဲ့ပါဘူး။

ရောဂါအပြင်းအထန် ခံစားနေရတဲ့ကြားထဲက The Miracle (1989) နဲ့ Innuendo (1991) Album ၂ခုကို ဖရက်ဒီဟာ သီဆိုခဲ့ပါသေးတယ်။ ဖရက်ဒီကို public မှာ နောက်ဆုံးမြင်ကြရတာကတော့ British Music ဆုပေးပွဲမှာပါ။ အဲဒီအချိန်မှာတော့ ဖရက်ဒီဟာ ယဲ့ယဲ့ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ ဖော်ထုတ်ရေးသားမှုကို သူဟာ ငြင်းဆန်တုန်းပါပဲ။ သူတို့ရဲ့ Innuendo Album ဟာ Uk မှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဖရက်ဒီရဲ့ ရောဂါအသည်းအသန်ဖြစ်နေတဲ့ အချိန်ပါ။ ဒါတောင်မှ သူဟာ studio ကို ၁ခါလာရင် ၁နာရီ ၂နာရီ ကြာအောင်လာပြီး သီချင်းတွေဆိုနေပါသေးတယ်။ သူငယ်ချင်းဖြစ်သူ May ကို ကောင်းကောင်းနဲ့ မြန်မြန်လုပ်ဖို့ သူမသေခင်ပြီးအောင် သီဆိုသွားချင်တယ်လို့ ပြောခဲ့တယ်။

၁၉၉၁ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ Greatest Hits II Album ထွက်ခဲ့ပြီး အရောင်းရဆုံးစာရင်းဝင်ခဲ့ကာ ယူကေ နဲ့ ကမ္ဘာတဝှမ်းကို ချပ်ရေပေါင်း ၁၆သန်း အထိရောင်းချနိုင်ခဲ့တယ်။ နောက်တလ မပြည့်ခင်အချိန် နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ ဖရက်ဒီဟာ AIDS ကြောင့်ဖြစ်တဲ့ နျူမိုးနီးယားရောဂါကြောင့် အသက် ၄၅နှစ် အရွယ်မှာပဲ ကွယ်လွန်သွားပါတော့တယ်။ သူ့ရဲ့ ဈာပနကို Zoroastrian ဘာသာဝင်တို့ရဲ့ ထုံးစံအတိုင်း မိသားစုဝင်များက ကျင်းပပေးခဲ့တယ်။

ဖရက်ဒီကွယ်လွန်ပြီး မကြာမီမှာပဲ These Are the Days of Our Lives ဆိုတဲ့သီချင်းဗီဒီယိုကို ဖရက်ဒီရဲ့နောက်ဆုံးပုံရိပ်တွေနဲ့ ထုတ်လုပ်ခဲ့တယ်။ ဒီသီချင်းဟာ UK ရဲ့ နံပါတ် ၁ နေရာကို ငါးပတ်ကြာယူထားနိုင်ခဲ့သလို သီချင်းတစ်ပုဒ်တည်းကနေ ပေါင် ၁သန်းလောက် ရရှိခဲ့တယ်။ အဲဒီငွေကို AIDS စောင့်ရှောက်ရေး ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Terrence Higgins Trust ကို လှူဒါန်းခဲ့ကြပါတယ်။ ၁၉၉၂ခုနှစ် ဧပြီမှာတော့ ဖရက်ဒီကို လွမ်းဆွတ်ဂုဏ်ပြုပွဲကို လန်ဒန် ဝင်ဘာလေကွင်းကြီးထဲမှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ Def Leppard, Robert Plant, Tony Iommi, Roger Daltrey, Guns N’ Roses, Elton John, David Bowie, George Michael, Annie Lennox, Seal, Extreme, နဲ့ Metallica အစရှိတဲ့ ကမ္ဘာကျော် ရော့ခ်အဆိုတော် နဲ့ ဂီတအဖွဲ့တွေဟာ ကျန်ရစ်တဲ့ Queen အဖွဲ့ဝင် ၃ယောက်နဲ့အတူ Queen ရဲ့ သီချင်းတွေကို အပြိုင်ဆိုခဲ့ကြပါတယ်။ ဒီပွဲဟာ တစ်ပွဲထဲမှာ ရော့ခ်အဆိုတော် အများဆုံးပါဝင်တဲ့ ပွဲအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သလို ကမ္ဘာတဝှမ်းက Queen ရဲ့ပရိသတ်ပေါင်း ၁.၂ဘီလျံက အားပေးခဲ့ကြတယ်။ ဒီပွဲဟာ AIDS ပရဟိတအသင်းတွေအတွက် ရန်ပုံငွေ ပေါင် သန်း ၂၀ ခန့်ကို ရှာဖွေပေးနိုင်ခဲ့တယ်။

ဖရက်ဒီ နောက်ဆုံးသီဆိုခဲ့တဲ့ Album ဖြစ်တဲ့ Made in Heaven ကိုတော့ သူသေပြီး ၄နှစ်အကြာ ၁၉၉၅ ခုနှစ်မှာ မှ ထုတ်နိုင်ခဲ့တယ်။ ဒီ Album ဟာလည်း ယူကေ ရဲ့ နံပါတ် ၁ အရောင်းရဆုံးစာရင်းချိတ်ခဲ့သလို ကမ္ဘာတဝှမ်းကို ချပ်ရေပေါင်း သန်း ၂၀ ခန့် ရောင်းချနိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဖရက်ဒီရဲ့ ရုပ်တုကို ထုလုပ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရေကန်ကြီးရဲ့ ရှေ့မှာ ထားပေးခဲ့ကြတယ်။

ဖရက်ဒီမရှိတော့တဲ့နောက် Queen အဖွဲ့ရဲ့ပွဲတွေကြဲသွားပေမယ့် ကျန်ရစ်တဲ့ ၃ယောက်နဲ့ပဲ နောက်ထပ် Album တွေဆက်ထုတ်ခဲ့ပါသေးတယ်။ မကြာခင်မှာပဲ ဘေစ့်ဂစ်တာသမား John Deacon က ဂီတလောက ကနေ အနားယူသွားတာကြောင့် ကျန်ရစ်တဲ့ Brian May နဲ့ Roger Taylor တို့ဟာ အခြားအဆိုတော်တွေနဲ့အတူ Queen အဖွဲ့ကို ဆက်မောင်းနှင်ခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်ကနေစလို့ ဗြိတိသျှနာမည်ကြီးအဆိုတော် Paul Rodgers နဲ့ လက်တွဲပြီး ကမ္ဘာအနှံ့ဖျော်ဖြေပွဲတွေ လုပ်ခဲ့ရာမှာတော့ အထိုက်အလျှောက် အောင်မြင်ခဲ့တယ်။ The Cosmos Rocks ဆိုတဲ့ Album ကိုလည်း ထုတ်ခဲ့ကြတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Paul Rodgers နဲ့ လက်တွဲဖြုတ်ခဲ့ကြပါတယ်။၂၀၁၁ ခုနှစ်ကနေ ယခုအချိန်ထိတော့ Queen အဖွဲ့ဟာ အမေရိကန်အဆိုတော် Adam Lambert နဲ့ လက်တွဲပြီး ကမ္ဘာအနှံ့ပွဲတွေ သီဆိုဖျော်ဖြေလျှက်ရှိသလို Queen Forever ဆိုတဲ့ Album ကိုလည်း ၂၀၁၄ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်ကနေ စတင်ခဲ့တဲ့ Queen အဖွဲ့ဟာ ကမ္ဘာအနှံကို သီချင်းခွေချပ်ရေပေါင်း သန်း ၁၇၀ ကနေ သန်း ၃၀၀ အတွင်းရောင်းချနိုင်ခဲ့သလို ကမ္ဘာ့အအောင်မြင်ဆုံး ရော့ခ်အဖွဲ့တစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရတယ်။ သေဆုံးသွားတာ နှစ် ၃၀နီးပါး ကြာခဲ့ပြီဖြစ်တဲ့ ဖရက်ဒီကိုလည်း လူတွေဟာ Queen အဖွဲ့နဲ့အတူ မမေ့နိုင်ကြသေးပါဘူး။ ဖရက်ဒီရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ Bohemian Rhapsody ရုပ်ရှင်ဟာလည်း Box Office မှာတင် အမေရိကန်ဒေါ်လာ ၉၀၃သန်း ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Queen အဖွဲ့ကို လူတွေ ဘယ်လောက်နှစ်သက်သလဲဆိုရင် ယူကျူ့မှာ တင်ထားတဲ့ Bohemian Rhapsody သီချင်းတစ်ပုဒ်တည်းက နားထောင်သူ ဦးရေကို ကြည့်တာနဲ့ တွက်ဆနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်က ယူကျူ့မှာစတင်ခဲ့တဲ့ ဒီသီချင်းကို လက်ရှိအချိန်အထိ နားထောင်ခဲ့တဲ့ အကြိမ်အရေအတွက်က သန်းပေါင်း ၁၀၂၄သန်းကျော်ပါ။ လာမယ့်နှစ်တွေမှာ Queen ဆိုတဲ့ဂီတအဖွဲ့ဟာ ပျောက်ကွယ်သွားနိုင်ပေမယ့် ဖရက်ဒီနဲ့အတူ Queen အဖွဲ့ဖန်တီးခဲ့တဲ့ အနုပညာတွေကတော့ နောက် ၁၀ စုနှစ်ပေါင်းများစွာ ကျန်ရစ်နေဦးမှာပါ။

Queen – Bohemian Rhapsody

 

(Zawgyi)

ကမာၻ႔အေအာင္ျမင္ဆုံး ေရာ့ခ္ေတးဂီတ အဖြဲ႔တစ္ဖြဲ႔ (သုိ႔) Queen

Queen ေတးဂီတအဖြဲ႔ဟာ ကမာၻမွာ အေအာင္ျမင္ဆုံးေရာ့ခ္ band ေတြထဲက တစ္ဖြဲ႔ျဖစ္ပါတယ္။ Queen band ကို ၁၉၇၀ ခုႏွစ္က အဂၤလန္ႏုိင္ငံ လန္ဒန္ၿမဳိ႕မွာ စတင္တည္ေထာင္ခဲ့ပါတယ္။ ပါ၀င္သူေတြကေတာ့ အဆုိ နဲ႔ ပီယာႏုိ – Freddie Mercury ၊ လိဒ္ဂစ္တာ – Brian May ၊ ဒရမ္ – Roger Taylor ၊ ေဘ့စ္ – John Deacon တုိ႔ပဲျဖစ္ပါတယ္။ အစပုိင္းမွာေတာ့ သူတုိ႔ဟာ progressive rock, hard rock နဲ႔ heavy metal စတဲ့အမ်ဳိးအစားေတြကိုသာ သီဆုိခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ arena rock နဲ႔ pop rock လုိ ဂီတအမ်ုိးအစားေတြကိုပါ သီဆုိခဲ့ၾကပါတယ္။

Brian May နဲ႔ Roger Taylor ဟာ ၁၉၆၈ ခုႏွစ္က smile ဆုိတဲ့ band တစ္ခုကို တည္ေထာင္ခဲ့ၾကပါတယ္။ စားေသာက္ဆုိင္ေတြနဲ႔ ပြဲအငယ္စားေလးေတြမွာ လုိက္တီးရတဲ့ အဖြဲ႔ငယ္ေလးတစ္ခုသာ ျဖစ္ပါတယ္။ အဲဒီတုန္းက ပင္တုိင္အဆုိေတာ္က ေရာခ့္ဂီတသမားတစ္ေယာက္ျဖစ္တဲ့ Tim Staffell ပါ။ ၁၉၇၀ခုႏွစ္မွာ Tim Staffell  က သူတုိ႔အဖြဲ႔ကေနထြက္ၿပီး Humpy Bong band ကိုေျပာင္းသြားတဲ့အတြက္ သူတုိ႔အဖြဲ႔မွာ အဆုိေတာ္မရွိေတာ့ပါဘူး။ အဲဒီအခ်ိန္မွာပဲ smile band ရဲ႕ ပရိသတ္တစ္ေယာက္ျဖစ္တဲ့ Freddie Mercury နဲ႔ စေတြ႔ၾကပါတယ္။ ဖရက္ဒီရဲ႕ အဆုိကြ်မ္းက်င္မႈကို သေဘာက်ခဲ့ၿပီးေနာက္ ဖရက္ဒီဟာ smile band ရဲ႕ ပင္တုိင္အဆုိေတာ္ျဖစ္လာခဲ့ပါတယ္။ အဖြဲ႔ရဲ႕နာမည္ကိုလည္း ႀကီးက်ယ္ျမင့္ျမတ္ရမယ္ဆုိတဲ့ အဓိပၸါယ္နဲ႔ ဘုရင္မႀကီး Queen လုိ႔ ဖရက္ဒီကပဲ နာမည္ေျပာင္းေပးခဲ့ပါတယ္။

စစဆုိခ်င္းမွာပဲ သူတုိ႔ဟာ အတြဲအစပ္မိခဲ့ၾကသလုိ အေျခခံပုိင္ႏုိင္ၿပီး ပါရမီရွင္တစ္ေယာက္ျဖစ္တဲ့ ဖရက္ဒီဟာ ၀ါရင့္တစ္ေယာက္လုိ ဆုိျပႏုိင္ခဲ့တယ္။ အဲဒီမွာတင္သူတုိ႔ရဲ႕ အဖြဲ႔ကုိ ႏွစ္သက္တဲ့သူ အနည္းငယ္ရွိလာခဲ့တယ္။ ပထမဆုံးအေနနဲ႔ Truro ၿမဳိ႕ေတာ္ခန္းမ ၊ Imperial College တုိ႔မွာ ေဖ်ာ္ေျဖႏုိင္ခဲ့တယ္။ ေဘစ့္သမားေနရာမွာ Mike Grose, Carry Mitchell, နဲ႔ Doug Ewood Bogie စတဲ့သူေတြကို ေခၚသုံးခဲ့ေပမယ့္ သိပ္အဆင္မေျပခဲ့ပါဘူး။ ၁၉၇၁ခုႏွစ္မွာ သူတုိ႔ရဲ႕ ပင္တုိင္ေဘစ့္ဂစ္တာသမားျဖစ္လာမယ့္ John Deacon ကိုေတြ႔ၿပီး သေဘာက်သြားၾကတယ္။

အဲဒီေနာက္ေတာ့ သူတုိ႔ဟာ ပထမဆုံး အေခြကို အေကာင္းဆုံးႀကဳိးစားခဲ့ၾကတယ္။ ဒီအေခြမွာ “Liar”, “Keep Yourself Alive”, “The Night Comes Down” နဲ႔ “Jesus” စတဲ့သီခ်င္းေတြ ပါ၀င္ခဲ့တယ္။ ဒီအေခြၾကမ္းကို ကုိင္ၿပီး ထုတ္လုပ္ေရးကုမၸဏီမ်ားစြာကို ဆက္သြယ္ခဲ့ေပမယ့္ သူတုိ႔အေခြကို ဘယ္သူမွ စိတ္မ၀င္စားခဲ့ၾကဘူး။ အဲဒီအေတာအတြင္းမွာပဲ ဖရက္ဒီဟာ သူ႔ရဲ႕မိသားစုနာမည္ကုိ Mercury ဆုိၿပီးေျပာင္းလုိက္တာေၾကာင့္ Freddie Mercury ဆုိၿပီးျဖစ္လာတယ္။ (သူ႔ရဲ႕အစပထမနာမည္က Farrokh Bulsara ျဖစ္ပါတယ္)။ Mercury ဆုိတဲ့နာမည္ကုိ သူ႔ရဲ႕ My Fairy King သီခ်င္းစာသားျဖစ္တဲ့ “Mother Mercury, look what they’ve done to me” ကေန ရယူခဲ့တာပါ။

၁၉၇၁ ဇူလုိင္လ ၂ရက္ေန႔မွာေတာ့ အေခြမထုတ္ႏုိင္ေသးတဲ့ Queen အဖြဲ႔ဟာ သူတုိ႔ရဲ႕ပထမဆုံးရႈိးပြဲကို လန္ဒန္အျပင္ဘက္မွာရွိတဲ့ Surrey ေကာလိပ္မွာ ပထမဆုံးစတင္ေဖ်ာ္ေျဖခဲ့ၾကပါတယ္။ သူတုိ႔ရဲ႕ပထမဆုံး Album ျဖစ္တဲ့ Queen I ကို ၁၉၇၃ ခုႏွစ္မွာ EMI Records ထုတ္လုပ္ေရးကုမၸဏီက တဆင့္ထုတ္လုပ္ႏုိင္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။ ၁၉၇၄ ခုႏွစ္မွာေတာ့ ဒုတိယ Album ျဖစ္တဲ့ Queen II ကုိ ထပ္ထုတ္ႏုိင္ခဲ့ပါတယ္။ ဒီတစ္ခါမွာလည္း စီးပြားေရးအရ မေအာင္ျမင္ခဲ့ေပမယ့္ လူအနည္းငယ္ေတာ့ သိသြားခဲ့တယ္။

ေနာက္ ၈လ အၾကာမွာပဲ တတိယ Album ျဖစ္တဲ့ Sheer Heart Attack ကို ထပ္ထုတ္ျပန္တယ္။ ဒီတစ္ႀကိမ္မွာေတာ့ ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့တယ္။ သူတုိ႔ရဲ႕ Album ဟာယူေကမွာ နံပါတ္ ၂ ခ်ိတ္ၿပီး ဥေရာပတ၀ွမ္းလုံးမွာ ေရာင္းခ်ႏုိင္ခဲ့တယ္။ လူႀကဳိက္အမ်ားဆုံးနဲ႔ ဟစ္အျဖစ္ခဲ့ဆုံးကေတာ့ အေမရိကန္မွာပါ။ အဲဒီ Album ထဲက Killer Queen သီခ်င္းက US မွာ နံပါတ္ ၁ ခ်ိတ္ခဲ့ၿပီး Billboard မွာေတာ့ နံပါတ္ ၁၂ ခ်ိတ္ခဲ့ပါတယ္။  “Now I’m Here” နဲ႔ “Stone Cold Crazy” သီခ်င္းေတြကိုလည္း အေတာ္ေလး လူႀကဳိက္မ်ားခဲ့ပါတယ္။ အဲဒီ Album ဟာ သမုိင္းတေလွ်ာက္အေကာင္းဆုံး British Rock Album ၁၀၀ စာရင္းလည္း ၀င္ခဲ့ပါတယ္။

၁၉၇၅ ခုႏွစ္ ဇန္န၀ါရီလကေနစလုိ႔ Queen အဖြဲ႔ဟာ ဖက္ရွင္ဒီဇုိင္းအဖြဲ႔ Zandra Rhodes နဲ႔ အတူ ႏုိင္ငံတကာေဖ်ာ္ေျဖပြဲေတြကို စတင္ခဲ့ပါတယ္။ ပထမဆုံးအေနနဲ႔ အေမရိကန္ၿမဳိ႕ႀကီးေတြမွာ ေဖ်ာ္ေျဖခဲ့ၿပီး အႀကီးအက်ယ္အားေပးခဲ့ၾကတယ္။ အဲဒီေနာက္ေတာ့ ကေနဒါ နဲ႔ ဂ်ပန္ႏုိင္ငံက ၿမုိ႕ႀကီး ၇ၿမုိ႕မွာ သြားေရာက္ေဖ်ာ္ေျဖခဲ့ၾကပါတယ္။ အဲဒီႏွစ္ စက္တင္ဘာမွာပဲ Trident studio နဲ႔ အဆင္မေျပျဖစ္ကာ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ အယ္လန္တန္ဂြ်န္ရဲ႕ မန္ေနဂ်ာျဖစ္တဲ့ John Reid နဲ႔ ခ်ိတ္ဆက္မိသြားခဲ့ၾကတယ္။

အဲဒီႏွစ္မွာပဲ ေလးခုေျမာက္ Album ျဖစ္တဲ့  A Night at the Opera ကို ထုတ္လုပ္ခဲ့တယ္။ ဒီ Album ဟာ အဲဒီအခ်ိန္က record စရိတ္ေစ်းအႀကီးဆုံး Album ျဖစ္ခဲ့ၿပီး အသံသြင္းစရိတ္အေနနဲ႔တင္ ေပါင္ ၄ေသာင္း(ယခုေငြေစ်းနဲ႔တြက္ရင္ ေဒၚလာ ၄သိန္းခန္႔) ကုန္က်ခဲ့တယ္။ အဲဒီ Album မွာ Queen ရဲ႕ အထင္ကရသီခ်င္းေတြျဖစ္တဲ့ You’re My Best Friend နဲ႔ Love of My Life တုိ႔အျပင္ ဖရက္ဒီရဲ႕ နာမည္အႀကီးဆုံး Masterpiece ျဖစ္တဲ့ Bohemian Rhapsody သီခ်င္းလည္း ပါ၀င္ပါတယ္။

Bohemian Rhapsody သီခ်င္းကို တပုဒ္တည္းသီးသန္႔ ေရဒီယုိေန လႊင့္ဖုိ႔ ႀကဳိးစားခဲ့ေပမယ့္ လက္မခံခဲ့ၾကဘူး။ သီခ်င္းက ၆မိနစ္ေတာင္ရွည္ၿပီး ဂီတအမ်ဳိးအစားေပါင္းစုံပါ၀င္ေနတဲ့အတြက္ ဘယ္က႑ထဲကုိ ထည့္ရမွန္း မသိၾကတဲ့အျပင္ လူေတြမႀကဳိက္ေလာက္ဘူးလုိ႔ ထင္ၾကလုိ႔ပါ။ ေနာက္ဆုံးေတာ့ ဖရက္ဒီရဲ႕ သူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့ Kenny Everett က လန္ဒန္ၿမဳိ႕ေတာ္ေရဒီယုိကေန လႊင့္လုိက္တဲ့အခါမွာေတာ့ လႊင့္ၿပီးၿပီးခ်င္းမွာပဲ ဖုန္းတဂြမ္ဂြမ္နဲ႔ အမွာစာေတြေရာက္လာတဲ့အထိ ေအာင္ျမင္ခဲ့တယ္။ ဒီသီခ်င္းဟာ UK ရဲ႕ နံပါတ္ ၁ လူႀကဳိက္အမ်ားဆုံးေနရာကို ၉ပတ္ ဆက္တုိက္ရယူႏုိင္ခဲ့တယ္။ ၁၉၇၅ ခုႏွစ္ ႏုိ၀င္ဘာလမွာပဲ A Night at the Opera Tour အေနနဲ႔ ဥေရာပႏုိင္ငံေတြအျပင္ ၊ အေမရိကန္ ၊ ဂ်ပန္ နဲ႔ ၾသစေၾတးလ်ႏုိင္ငံေတြမွာ သြားေရာက္ေဖ်ာ္ေျဖခဲ့ၾကတယ္။

၁၉၇၆ ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ ငါးခုေျမာက္ Album ျဖစ္တဲ့ A Day at the Races ကို ထုတ္ခဲ့ၿပီး အဲဒီႏွစ္မွာပဲ Queen အဖြဲ႔ရဲ႕ အမွတ္အရဆုံး ရႈိးပြဲတစ္ခုျဖစ္လာမယ့္  လန္ဒန္ Hyde Park free concert ရႈိးပြဲကို က်င္းပခဲ့ပါတယ္။ ဒီပြဲကို ၿဗိတိသွ်သူေဌးႀကီး ရစ္ခ်က္ဘရန္ဆန္က ဦးစီးက်င္းပတာျဖစ္ၿပီး ပရိသတ္ေပါင္း ၁၅၀၀၀၀ခန္႔ လာေရာက္အားေပးခဲ့ၾကပါတယ္။ ၁၉၇၇ ခုႏွစ္မွာေတာ့ ၆ခုေျမာက္ Album ျဖစ္တဲ့ News of the World ကို ဖန္တီးထုတ္လုပ္ခဲ့ပါတယ္။ ဒီေခြမွာေတာ့ အားကစားေလာကရဲ႕အထင္ကရသီခ်င္းေတြျဖစ္လာမယ့္ “We Will Rock You” နဲ႔ “We Are the Champions သီခ်င္းေတြ ပါ၀င္ခဲ့ပါတယ္။

Queen – We Will Rock You & We Are The Champions

၁၉၇၈ ခုႏွစ္မွာ Jazz ၊ ၁၉၈၀ခုႏွစ္မွာ The Game  နဲ႔ Flash Gordon Album ေတြကို ထုတ္လုပ္ခဲ့ပါတယ္။ The Game Tour အေနနဲ႔ ေတာင္အေမရိကႏုိင္ငံေတြျဖစ္တဲ့ အာဂ်င္တီးနားနဲ႔ ဘရာဇီးတုိ႔မွာ ပြဲႀကီး ၅ ပြဲေဖ်ာ္ေျဖခဲ့ၾကပါတယ္။ ေတာင္အေမရိက ေဘာလုံးကြင္းေတြမွာ ပထမဆုံးေဖ်ာ္ေျဖရတဲ့ Rock Band အျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ အာဂ်င္တီးနားသမုိင္းရဲ႕ ပရိသတ္အမ်ားဆုံး single concert အျဖစ္ စံခ်ိန္တင္ခဲ့တဲ့ပြဲကို ၿမုိ႕ေတာ္ ဗ်ဴႏုိေအရိမွာ က်င္းပခဲ့ၿပီး ပရိတ္သတ္ေပါင္း ၃သိန္း လာေရာက္အားေပးခဲ့ၾကပါတယ္။ ဘရာဇီးက ပြဲေတြမွာလည္း ပရိသတ္ ၁သိန္းေက်ာ္စီ အားေပးျခင္းကို ခံခဲ့ရပါတယ္။

၁၉၈၂ ခုႏွစ္ ႏွစ္ကုန္ခါနီးမွာေတာ့ Queen အဖြဲ႔၀င္ေတြအားလုံး အနားယူၾကမယ္လုိ႔ သေဘာတူၾကၿပီး ၁၉၈၃ခုႏွစ္ တစ္ႏွစ္လုံး ရႈိးပြဲေတြကို မဆုိေတာ့ဘူးလုိ႔ ေၾကျငာလုိက္ၾကတယ္။ အဲဒီေနာက္ေတာ့ ဖရက္ဒီဟာ သေဘာတူညီမႈေတြကို ေဖာက္ၿပီး Queen အဖြဲ႔ကိုစြန္႔ကာ အီတလီ အဆုိေတာ္ Giorgio Moroder နဲ႔ သြားပူးေပါင္းမိတယ္။ Giorgio Moroder နဲ႔ အတူ Metropolis ရုပ္ရွင္အတြက္ Love Kills သီခ်င္းကို ေရးသားသီဆုိခဲ့တယ္။ CBS ရုပ္သံရဲ႕ ေဒၚလာ ၄သန္း ကမ္းလွမ္းမႈနဲ႔အတူ သူ႔ရဲ႕ပထမဆုံး တစ္ကုိယ္ေတာ္ Album ကို ထုတ္ခဲ့တယ္။ အဲဒါကေတာ့ Mr. Bad Guy ဆုိတဲ့ Album ပါ။ အဆင္မေျပမႈေတြမ်ားလာတဲ့ ဖရက္ဒီဟာ သူ႔ရဲ႕အမွားကိုေတာင္းပန္ၿပီး Queen အဖြဲ႔နဲ႔ ျပန္လည္ပူးေပါင္းခဲ့ပါတယ္။

၁၉၈၅ ခုႏွစ္ ဇန္န၀ါရီလမွာ ဘရာဇီးႏုိင္ငံ ရီယုိဂ်ေနယိုၿမုိ႕မွာ က်င္းပခဲ့တဲ့ Rock in Rio ပြဲေတာ္မွာေတာ့ ပရိသတ္ေပါင္း ၃သိန္းေက်ာ္ရဲ႕ ေရွ႕ေမွာက္မွာ ၂ည ဆက္တုိက္ သီဆုိေဖ်ာ္ေျဖခဲ့ပါတယ္။ Queen ရဲ႕ အမွတ္အရဆုံး ပြဲျဖစ္မယ့္ ၁၉၈၅ Live Aid ပရဟိတပြဲကိုေတာ့ ၀င္ဘာေလကြင္းႀကီးထဲမွာ အျခားကမာၻေက်ာ္ အဆုိေတာ္ေတြနဲ႔ အတူေဖ်ာ္ေျဖခဲ့ၾကပါတယ္။ ကြင္းအတြင္း လာေရာက္အားေပးသူပရိသတ္က ၇ေသာင္းေက်ာ္ဆုိေပမယ့္ အဲဒီအစီအစဥ္ကို ကမာၻတ၀ွမ္းကေန တီဗီကတဆင့္ အားေပးေနတဲ့ ပရိသတ္ကေတာ့ ၁.၉ဘီလ်ံေတာင္ ရွိပါသတဲ့။ ကမာၻ႔စံခ်ိန္တင္ခဲ့တဲ့ ပြဲႀကီးတစ္ပြဲလည္း ျဖစ္သလုိ Queen ရဲ႕ တေက်ာ့ျပန္ အေအာင္ျမင္ဆုံးပြဲဆုိရင္လည္း မမွားပါဘူး။ ဒီပြဲမွာ ဖရက္ဒီဟာ ပရိသတ္အားလုံးကုိ ပြဲအစအဆုံး အရာရာကိုေမ့ေလ်ာ့သြားေစတဲ့အထိ သူ႔သီခ်င္းေတြနဲ႔ တသားထဲ လုိက္ပါေစႏုိင္တဲ့အထိ စြမ္းေဆာင္ျပခဲ့တယ္။

၁၉၈၆ ခုႏွစ္ ႏွစ္လယ္ပုိင္းမွာ ေဖ်ာ္ေျဖခဲ့တဲ့ Magic Tour ကေတာ့ ဖရက္ဒီရဲ႕ ေနာက္ဆုံး tour ေဖ်ာ္ေျဖမႈျဖစ္ပါတယ္။ ဥေရာပတလႊားမွာ ပြဲေပါင္း ၂၆ ပြဲ သီဆုိခဲ့ၾကတယ္။ ၁၉၈၈ခုႏွစ္မွာေတာ့ ဖရက္ဒီရဲ႕ ပိန္ခ်ဳံးလြန္းလာတဲ့ ခႏၶာကုိယ္အေနအထားကိုၾကည့္ၿပီး  ေတာ္ေတာ္က်န္းမာေရး မေကာင္းျဖစ္ေနတယ္ဆုိတာ ပရိသတ္ေတြ သတိထားမိသြားတယ္။ မီဒီယာေတြကလည္း ဖရက္ဒီဟာ ေအအုိင္ဒီအက္စ္ေၾကာင့္ အခုလုိျဖစ္ေနတယ္လုိ႔ ေဖာ္ထုတ္ေရးသားခဲ့ၾကေပမယ့္ ဖရက္ဒီက ရုိးရိုးေနမေကာင္းျဖစ္တာပါလုိ႔ ျငင္းဆန္ခဲ့တယ္။ တကယ္ေတာ့ ဖရက္ဒီမွာ ၁၉၈၇ ခုႏွစ္ကတည္းက HIV ပုိး ကူးစက္ခံေနရၿပီျဖစ္တယ္။ ဒီအေၾကာင္းကို သူငယ္ခ်င္းေတြကလြဲလုိ႔ ဘယ္သူ႔ကိုမွ ဖြင့္မေျပာခဲ့ပါဘူး။

ေရာဂါအျပင္းအထန္ ခံစားေနရတဲ့ၾကားထဲက The Miracle (1989) နဲ႔ Innuendo (1991) Album ၂ခုကို ဖရက္ဒီဟာ သီဆုိခဲ့ပါေသးတယ္။ ဖရက္ဒီကုိ public မွာ ေနာက္ဆုံးျမင္ၾကရတာကေတာ့ British Music ဆုေပးပြဲမွာပါ။ အဲဒီအခ်ိန္မွာေတာ့ ဖရက္ဒီဟာ ယဲ့ယဲ့ပဲ က်န္ပါေတာ့တယ္။ ဒါေပမယ့္ မီဒီယာေတြရဲ႕ ေဖာ္ထုတ္ေရးသားမႈကို သူဟာ ျငင္းဆန္တုန္းပါပဲ။ သူတုိ႔ရဲ႕ Innuendo Album ဟာ Uk မွာ နံပါတ္ ၁ ခ်ိတ္ခဲ့ပါတယ္။ အဲဒီေနာက္ပုိင္းမွာေတာ့ ဖရက္ဒီရဲ႕ ေရာဂါအသည္းအသန္ျဖစ္ေနတဲ့ အခ်ိန္ပါ။ ဒါေတာင္မွ သူဟာ studio ကို ၁ခါလာရင္ ၁နာရီ ၂နာရီ ၾကာေအာင္လာၿပီး သီခ်င္းေတြဆုိေနပါေသးတယ္။ သူငယ္ခ်င္းျဖစ္သူ May ကုိ ေကာင္းေကာင္းနဲ႔ ျမန္ျမန္လုပ္ဖုိ႔ သူမေသခင္ၿပီးေအာင္ သီဆုိသြားခ်င္တယ္လုိ႔ ေျပာခဲ့တယ္။

၁၉၉၁ခုႏွစ္ ေအာက္တုိဘာ ၂၈ ရက္ေန႔မွာေတာ့ Greatest Hits II Album ထြက္ခဲ့ၿပီး အေရာင္းရဆုံးစာရင္း၀င္ခဲ့ကာ ယူေက နဲ႔ ကမာၻတ၀ွမ္းကို ခ်ပ္ေရေပါင္း ၁၆သန္း အထိေရာင္းခ်ႏုိင္ခဲ့တယ္။ ေနာက္တလ မျပည့္ခင္အခ်ိန္ ႏုိ၀င္ဘာ ၂၄ ရက္ေန႔မွာေတာ့ ဖရက္ဒီဟာ AIDS ေၾကာင့္ျဖစ္တဲ့ ႏ်ဴမုိးနီးယားေရာဂါေၾကာင့္ အသက္ ၄၅ႏွစ္ အရြယ္မွာပဲ ကြယ္လြန္သြားပါေတာ့တယ္။ သူ႔ရဲ႕ စ်ာပနကုိ Zoroastrian ဘာသာ၀င္တုိ႔ရဲ႕ ထုံးစံအတုိင္း မိသားစု၀င္မ်ားက က်င္းပေပးခဲ့တယ္။

ဖရက္ဒီကြယ္လြန္ၿပီး မၾကာမီမွာပဲ These Are the Days of Our Lives ဆုိတဲ့သီခ်င္းဗီဒီယုိကို ဖရက္ဒီရဲ႕ေနာက္ဆုံးပုံရိပ္ေတြနဲ႔ ထုတ္လုပ္ခဲ့တယ္။ ဒီသီခ်င္းဟာ UK ရဲ႕ နံပါတ္ ၁ ေနရာကို ငါးပတ္ၾကာယူထားႏုိင္ခဲ့သလုိ သီခ်င္းတစ္ပုဒ္တည္းကေန ေပါင္ ၁သန္းေလာက္ ရရွိခဲ့တယ္။ အဲဒီေငြကုိ AIDS ေစာင့္ေရွာက္ေရး ပရဟိတအဖြဲ႔တစ္ခုျဖစ္တဲ့ Terrence Higgins Trust ကို လွဴဒါန္းခဲ့ၾကပါတယ္။ ၁၉၉၂ခုႏွစ္ ဧၿပီမွာေတာ့ ဖရက္ဒီကို လြမ္းဆြတ္ဂုဏ္ျပဳပြဲကို လန္ဒန္ ၀င္ဘာေလကြင္းႀကီးထဲမွာ က်င္းပခဲ့ပါတယ္။

ဒီပြဲမွာ Def Leppard, Robert Plant, Tony Iommi, Roger Daltrey, Guns N’ Roses, Elton John, David Bowie, George Michael, Annie Lennox, Seal, Extreme, နဲ႔ Metallica အစရွိတဲ့ ကမာၻေက်ာ္ ေရာ့ခ္အဆုိေတာ္ နဲ႔ ဂီတအဖြဲ႔ေတြဟာ က်န္ရစ္တဲ့ Queen အဖြဲ႔၀င္ ၃ေယာက္နဲ႔အတူ Queen ရဲ႕ သီခ်င္းေတြကို အၿပဳိင္ဆုိခဲ့ၾကပါတယ္။ ဒီပြဲဟာ တစ္ပြဲထဲမွာ ေရာ့ခ္အဆုိေတာ္ အမ်ားဆုံးပါ၀င္တဲ့ ပြဲအျဖစ္ ဂင္းနစ္စံခ်ိန္တင္ခဲ့သလုိ ကမာၻတ၀ွမ္းက Queen ရဲ႕ပရိသတ္ေပါင္း ၁.၂ဘီလ်ံက အားေပးခဲ့ၾကတယ္။ ဒီပြဲဟာ AIDS ပရဟိတအသင္းေတြအတြက္ ရန္ပုံေငြ ေပါင္ သန္း ၂၀ ခန္႔ကုိ ရွာေဖြေပးႏုိင္ခဲ့တယ္။

ဖရက္ဒီ ေနာက္ဆုံးသီဆုိခဲ့တဲ့ Album ျဖစ္တဲ့ Made in Heaven ကိုေတာ့ သူေသၿပီး ၄ႏွစ္အၾကာ ၁၉၉၅ ခုႏွစ္မွာ မွ ထုတ္ႏုိင္ခဲ့တယ္။ ဒီ Album ဟာလည္း ယူေက ရဲ႕ နံပါတ္ ၁ အေရာင္းရဆုံးစာရင္းခ်ိတ္ခဲ့သလုိ ကမာၻတ၀ွမ္းကို ခ်ပ္ေရေပါင္း သန္း ၂၀ ခန္႔ ေရာင္းခ်ႏုိင္ခဲ့တဲ့ အထိ ေအာင္ျမင္ခဲ့တယ္။ ၁၉၉၆ ခုႏွစ္မွာေတာ့ ဖရက္ဒီရဲ႕ ရုပ္တုကို ထုလုပ္ၿပီး ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာေရကန္ႀကီးရဲ႕ ေရွ႕မွာ ထားေပးခဲ့ၾကတယ္။

ဖရက္ဒီမရွိေတာ့တဲ့ေနာက္ Queen အဖြဲ႔ရဲ႕ပြဲေတြႀကဲသြားေပမယ့္ က်န္ရစ္တဲ့ ၃ေယာက္နဲ႔ပဲ ေနာက္ထပ္ Album ေတြဆက္ထုတ္ခဲ့ပါေသးတယ္။ မၾကာခင္မွာပဲ ေဘစ့္ဂစ္တာသမား John Deacon က ဂီတေလာက ကေန အနားယူသြားတာေၾကာင့္ က်န္ရစ္တဲ့ Brian May နဲ႔ Roger Taylor တုိ႔ဟာ အျခားအဆုိေတာ္ေတြနဲ႔အတူ Queen အဖြဲ႔ကို ဆက္ေမာင္းႏွင္ခဲ့ၾကပါတယ္။ ၂၀၀၄ ခုႏွစ္ကေနစလုိ႔ ၿဗိတိသွ်နာမည္ႀကီးအဆုိေတာ္ Paul Rodgers နဲ႔ လက္တြဲၿပီး ကမာၻအႏွံ႔ေဖ်ာ္ေျဖပြဲေတြ လုပ္ခဲ့ရာမွာေတာ့ အထုိက္အေလွ်ာက္ ေအာင္ျမင္ခဲ့တယ္။ The Cosmos Rocks ဆုိတဲ့ Album ကိုလည္း ထုတ္ခဲ့ၾကတယ္။ ၂၀၀၉ ခုႏွစ္မွာေတာ့ Paul Rodgers နဲ႔ လက္တြဲျဖုတ္ခဲ့ၾကပါတယ္။၂၀၁၁ ခုႏွစ္ကေန ယခုအခ်ိန္ထိေတာ့ Queen အဖြဲ႔ဟာ အေမရိကန္အဆုိေတာ္ Adam Lambert နဲ႔ လက္တြဲၿပီး ကမာၻအႏွံ႔ပြဲေတြ သီဆုိေဖ်ာ္ေျဖလွ်က္ရွိသလုိ Queen Forever ဆုိတဲ့ Album ကုိလည္း ၂၀၁၄ ခုႏွစ္မွာ ထုတ္လႊင့္ခဲ့ပါတယ္။

၁၉၇၀ ခုႏွစ္ကေန စတင္ခဲ့တဲ့ Queen အဖြဲ႔ဟာ ကမာၻအႏွံကို သီခ်င္းေခြခ်ပ္ေရေပါင္း သန္း ၁၇၀ ကေန သန္း ၃၀၀ အတြင္းေရာင္းခ်ႏုိင္ခဲ့သလုိ ကမာၻ႔အေအာင္ျမင္ဆုံး ေရာ့ခ္အဖြဲ႔တစ္ခုအျဖစ္လည္း သတ္မွတ္ခံခဲ့ရတယ္။ ေသဆုံးသြားတာ ႏွစ္ ၃၀နီးပါး ၾကာခဲ့ၿပီျဖစ္တဲ့ ဖရက္ဒီကိုလည္း လူေတြဟာ Queen အဖြဲ႔နဲ႔အတူ မေမ့ႏုိင္ၾကေသးပါဘူး။ ဖရက္ဒီရဲ႕ ဘ၀အေၾကာင္းကို ရုိက္ကူးထားတဲ့ Bohemian Rhapsody ရုပ္ရွင္ဟာလည္း Box Office မွာတင္ အေမရိကန္ေဒၚလာ ၉၀၃သန္း ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

Queen အဖြဲ႔ကို လူေတြ ဘယ္ေလာက္ႏွစ္သက္သလဲဆုိရင္ ယူက်ဴ႕မွာ တင္ထားတဲ့ Bohemian Rhapsody သီခ်င္းတစ္ပုဒ္တည္းက နားေထာင္သူ ဦးေရကုိ ၾကည့္တာနဲ႔ တြက္ဆႏုိင္ပါတယ္။ ၂၀၀၈ ခုႏွစ္က ယူက်ဴ႕မွာစတင္ခဲ့တဲ့ ဒီသီခ်င္းကို လက္ရွိအခ်ိန္အထိ နားေထာင္ခဲ့တဲ့ အႀကိမ္အေရအတြက္က သန္းေပါင္း ၁၀၂၄သန္းေက်ာ္ပါ။ လာမယ့္ႏွစ္ေတြမွာ Queen ဆုိတဲ့ဂီတအဖြဲ႔ဟာ ေပ်ာက္ကြယ္သြားႏုိင္ေပမယ့္ ဖရက္ဒီနဲ႔အတူ Queen အဖြဲ႔ဖန္တီးခဲ့တဲ့ အႏုပညာေတြကေတာ့ ေနာက္ ၁၀ စုႏွစ္ေပါင္းမ်ားစြာ က်န္ရစ္ေနဦးမွာပါ။

Queen – Bohemian Rhapsody

Tags: world knowledgeworld people
Next Post
မန်ယူရဲ့ ဂန္ထဝင်နည်းပြကြီး အဲလက်စ်ဖာဂူဆန်

မန်ယူရဲ့ ဂန္ထဝင်နည်းပြကြီး အဲလက်စ်ဖာဂူဆန်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!