Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အသက်အတိုဆုံး တိရစ္ဆာန် ၁၀ မျိုး

by Thutamm
November 2, 2019
Reading Time: 1min read
0
ကမ္ဘာ့အသက်အတိုဆုံး တိရစ္ဆာန် ၁၀ မျိုး
Share on FacebookShare on Twitter

အရင်တစ်ခါကတော့ သုတဇုန်မှာ အသက်အရှည်ဆုံး တိရစ္ဆာန်တွေအကြောင်း ရေးဖူးပါတယ်။ ဒီတစ်ခါတော့ အသက်အတိုဆုံး တိရစ္ဆာန် ၁၀ မျိုးရဲ့ အကြောင်းကို ဝေမျှသွားပါမယ်။

၁၀။ ယုန် (၈နှစ်)

တောထဲမှာ နေထိုင်တဲ့ ယုန်အများစုရဲ့ ပုံမှန် ပျမ်းမျှသက်တမ်းက ၁နှစ်ကနေ ၂နှစ်အတွင်း ဖြစ်ပါတယ်။ ဒီလိုတိုတောင်းရတာကတော့ သဘာဝဘေးအန္တရာယ်အမျိုးမျိုး နဲ့ အခြားသားကောင်ကြီးတွေ လူတွေရဲ့ အမဲလိုက်ခံရခြင်း ကြောင့် ဖြစ်ပါတယ်။ ပုံမှန်အတိုင်းအသက်ရှင်သန်ခွင့်ရမယ်ဆိုရင်တော့ ယုန်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၈နှစ်ခန့် ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ပျမ်းမျှသက်တမ်းသာ ဖြစ်ပြီး Flopsy လို့ခေါ်တဲ့ ယုန်တစ်ကောင်ကတော့ အသက် ၁၈နှစ် နဲ့ ၁၀လ အထိ အသက်ရှည်ခဲ့ဖူးပါတယ်။

၉။ Guinea Pigs (၄နှစ်)

ဒီအကောင်လေးတွေကို ဂီနီဝက်လို့ ခေါ်ပေမယ့် ဂီနီနိုင်ငံနဲ့ မပတ်သတ်သလို ဝက်နဲ့လည်း မပတ်သတ်ပါဘူး။ ဒီအကောင်လေးတွေဟာ ရှဉ့် ၊ ကြွက်တို့လို rodent မျိုးနွယ်စုဝင် အကောင်လေးတွေသာဖြစ်ပြီး အာဖရိကတောင်ပိုင်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ ပုံသဏ္ဍာန်ကြောင့် လူတွေဟာ ဒီအကောင်လေးတွေကို အိမ်မွေးအချစ်တော်အဖြစ် မွေးလေ့ရှိကြပါတယ်။ ဒါပေမယ့် အလွန်နုနယ်တာကြောင့် ဂရုတစိုက်ထိန်းသိမ်းဖို့တော့ခက်ခဲပါတယ်။ ဒီအကောင်လေးတွေရဲ့ ပျမ်းမျှသက်တမ်းက ၄နှစ် ဖြစ်ပါတယ်။

၈။ Mosquitofish (၂နှစ်)

ခြင်ငါး လို့ခေါ်ပေမယ့် ဒီငါးတွေဟာ ခြင်နဲ့မတူပါဘူး။ သူတို့အများစုဟာ ပိုးလောင်းအဆင့်သာရှိသေးတဲ့ခြင်တွေကို စားလေ့ရှိတာကြေင့် ဒီနာမည်ရထားတာပါ။ အရှည် ၃လက်မခန့်သာရှိတဲ့ ရေချိုငါးတစ်မျိုးဖြစ်ပါတယ်။ ဒီငါးတွေရဲ့သက်တမ်းကတော့ ၂နှစ် ဖြစ်ပါတယ်။

၇။ Panther Chameleon ၊ အိမ်ကြွက် (၁နှစ်)

အရောင်မျိုးစုံပြောင်းလဲလေ့ရှိတဲ့ ပုတ်သင်ညိုအများစုရဲ့သက်တမ်းက ၅ နှစ်ဝန်းကျင်ခန့် ရှိပါတယ်။ ဒါပေမယ့်  Panther ပုတ်သင်ညိုတွေအများစုကတော့ ပျမ်းမျှ ၁နှစ်ဝန်းကျင်ခန့်ပဲ သက်တမ်းရှိပါတယ်။ တချို့ ၃နှစ်ခန့် အသက်ရှည်တဲ့ အကောင်တွေလည်း ရှားရှားပါးပါး ရှိတတ်ပါတယ်။   Panther ပုတ်သင်ညိုတွေကိုတော့ မန်ဒတ်စကာကျွန်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

ကျွန်တော်တို့ အိမ်အများစုမှာ ရှိတတ်တဲ့ ဒီအိမ်ကြွက်တွေရဲ့ ပျမ်းမျှသက်တမ်းကလည်း ၁နှစ်ဝန်းကျင်ပဲ ရှိပါတယ်။ သူတို့ဟာ ပြင်ပပယောဂကြောင့် နဲ့ ရောဂါဘယကူးစက်ခံရဖို့လွယ်ကူတာကြောင့် ဒီမတိုင်ခင်မှာပဲ သေဆုံးသွားတတ်ပါတယ်။ ဒီလောက်သက်တမ်းတိုပေမယ့် အိမ်ကြွက်တွေလျော့မသွားရတဲ့ အကြောင်းရင်းကတော့ သူတို့ဟာ တခါကိုယ်ဝန်ဆောင်လျင် ပျမ်းမျှ ၆ကောင်ခန့်ပေါက်တတ်ပြီး တစ်နှစ်အတွင်းမှာ ၁၃ကြိမ်အထိ အကြိမ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်လို့ ဖြစ်ပါတယ်။

၆။ Dragon Fly (၄လ)

ကမ္ဘာပေါ်မှာ ပုစဉ်းမျိုးစိတ်ပေါင်း ၅၀၀၀ခန့်ရှိပါတယ်။ ပုစဉ်းတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၄လ သာ ဖြစ်ပါတယ်။ ဒါတောင် အန္တရာယ်တွေက လွတ်မြောက်တဲ့အကောင်တွေသာ ဒီလောက် အသက်ရှည်တာဖြစ်ပြီး အများစုကတော့ ပင့်ကူ ၊ ပုတ်သင်ညို ၊ဖား နဲ့ ငှက်တွေရဲ့ စားသောက်ခြင်းကို ခံရတာကြောင့် သားလောင်းအဆင့်မှာတင် သေဆုံးသွားလေ့ရှိကြပါတယ်။

၅။ ခြင် (၁-၂လ)

ကမ္ဘာပေါ်မှာ ခြင်အမျိုးအစားပေါင်း ၃၅၀၀ကျော်တောင်ရှိပါသတဲ့။ mosquito ဆိုတဲ့စကားလုံးဟာ စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်က little fly ဖြစ်ပါတယ်။ ခြင်မျိုးစိတ်တွေထဲမှာ သက်တမ်းတိုရဲ့ ခြင်တွေရဲ့ ရှင်သန်ချိန်ကတော့ ၄၂ရက်ကနေ ၅၆ရက် အထိသာ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ခြင်အမတွေရဲ့သက်တမ်းသာဖြစ်ပြီး ခြင်အထီးတွေကတော့ ၁၀ ရက်ခန့်သာ အသက်ရှည်ကြပါတယ်။(လပိုင်းအထိ အသက်ရှည်တဲ့ ခြင်မျိုးစိတ်တွေလည်း ရှိပါသေးတယ်)

၄။ Houseflies (၄ပတ်)

ကမ္ဘာအနှံ့က အိမ်တွေ ဆိုင်တွေမှာ အမြဲလိုလိုတွေ့ရတဲ့ ဒီယင်ကောင်တွေဟာလည်း သက်တမ်းတိုတဲ့ တိရစ္ဆာန်ထဲမှာ ပါဝင်ပါတယ်။ ယင်ကောင်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၄ပတ်သာ ရှိပါတယ်။ ဒါတောင်မှ လူနေအိမ်ဝန်းကျင်မှာ နေထိုင်တဲ့အကောင်တွေသာဖြစ်ပြီး တောထဲမှာနေထိုင်တဲ့ ယင်ကောင်တွေရဲ့သက်တမ်းဟာ ဒီထက်ပိုတိုပါတယ်။ ဒီလောက်သက်တမ်းတိုပေမယ့် ယင်ကောင်တွေလျော့သွားဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ ယင်ကောင်အမဟာ တစ်ခါကိုယ်ဝန်ဆောင်လျှင် ဥပေါင်း ၁၀၀၀ခန့် ဥတတ်လို့ ဖြစ်ပါတယ်။

၃။ Drone Ants (၃ပတ်)

ပုရွက်ဆိတ်တွေဟာ ကမ္ဘာ့အစောဆုံး တိရစ္ဆာန်တွေထဲမှာပါဝင်နေပါတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀သန်းလောက်ကတည်းက ကမ္ဘာပေါ်မှာရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပုရွက်ဆိတ်အမျိုးအစားပေါင်း ၂သောင်းကျော်ရှိပြီး ဒီအထဲမှာ အသက်အတိုဆုံး မျိုးစိတ်ကတော့ Drone ပုရွက်ဆိတ်တွေပဲ ဖြစ်ပါတယ်။ Drone ဆိုတာကတော့ ပုရွက်ထီးကို ခေါ်တာဖြစ်ပါတယ်။ ဒီအကောင်တွေမှာ အတောင်ပံတွေလည်းပါတဲ့ အတွက် ပျံသန်းနိုင်ပါတယ်။ သူတို့အဓိက အသက်တိုတဲ့ အကြောင်းရင်းကတော့ မိတ်လိုက်တာကြောင့် ဖြစ်ပါတယ်။ အမတွေကို မိတ်တစ်ကြိမ်လိုက်ပြီးတာနဲ့ သူတို့တွေဟာ သေဆုံးသွားရလေ့ရှိပါတယ်။ အသက်ပေးလို့ မျိုးဆက်ပြန့်ပွားရေးလုပ်ဆောင်သူတွေလို့ ဆိုချင်ဆိုလို့ရပါတယ်။ 😀

၂။ Gastrotrichs (၃ရက်)

Gastrotrich ကတော့ ရေနေသက်ရှိတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အလျား ၃မီလီမီတာလောက်ပဲ ရှိတဲ့ အကောင်ငယ်လေးတွေပါ။ အသံထွက်မယ်ဆိုရင်တော့ ဂတ်စထရိုရစ်ချ်စ် လို့ထွက်ပါတယ်။ ရေချိုနေသက်ရှိတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က အကြည်ရောင်ဖြစ်ကာ ထွင်းဖောက်မြင်နိုင်ပါတယ်။ ရေအောက်ကြမ်းပြင်မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ဒီအကောင်လေးတွေရဲ့ ထူးခြားချက်ကတော့ အထီးရော အမပါ ကိုယ်ဝန်ဆောင်နိုင်တာဖြစ်ပါတယ်။ ဒီအကောင်လေးတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၃ရက်ပဲ ရှိပါတယ်။

၁။ Mayflies (၂၄နာရီ)

ကမ္ဘာပေါ်မှာ သက်တမ်းအတိုဆုံး တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတာကတော့ Mayflie တွေ ဖြစ်ပါတယ်။ Mayflies ဆိုတာကတော့ ပုစဉ်းတစ်မျိုးဖြစ်ပြီး ပုစဉ်းမျိုးစိတ်တွေထဲမှာမှ ရှေးအကျဆုံးမျိုးစိတ်လည်းဖြစ်ပါတယ်။ ရေထဲက ပိုးလောင်းဘဝကနေ ရုပ်သွင်ပြောင်းကြီးကောင်ဝင်လာပြီး အတောင်ပံတွေရှိလာကြတယ်။ အတောင်ပံတွေရရှိပြီး ပျံသန်းကြကာ မိတ်ဖက်ရှာ ဥဥပြီးတဲ့နောက် ၂၄နာရီအတွင်းမှာ သေဆုံးသွားလေ့ရှိပါတယ်။ သူတို့အဓိက အသက်တိုရတဲ့အကြောင်းရင်းကတော့ အစာအိမ်ပါမလာတာကြောင့်ဖြစ်ပြီး အများစုကတော့ ၁၀နာရီဝန်းကျင်မှာပဲ သေဆုံးသွားတတ်ကြပါတယ်။

Ref:
The Mysterious World : Shortest living animals in the world
Wikipedia

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!