• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီး ၁၀ ခု

by Thutamm
May 17, 2020
Reading Time: 2min read
0
ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီး ၁၀ ခု
Share on FacebookShare on Twitter

သက်ဆိုင်ရာနယ်ပယ်ဒေသရဲ့ သမိုင်းစဉ်တလျှောက်မှာ ဂုဏ်ယူဖွယ်၊ လေးစား ကြည်ညိုစရာပြယုဒ်အဖြစ်ကိုတော့ ကြီးမားတဲ့ရုပ်တုကြီးတွေပြုလုပ် ဂုဏ်ပြုတတ်ကြပါ တယ်။ မြင့်မားတဲ့ရုပ်တုကြီးတွေဟာ သက်ဆိုင်ရာနယ်ပယ်ဒေသတွေရဲ့အမှတ်အသား အဖြစ်အနေနဲ့ရှိနေခဲ့ပြီး ဟိုးယခင်ကာလတွေကဆိုရင် ရုပ်တုကြီးတွေဟာ ဒေသရဲ့ယဉ်ကျေးမှု အမွေအနှစ်အဆင့်အတန်းကိုတောင်ထင်ဟပ်စေခဲ့တာပါ။

ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့အမြင့်ဆုံးရုပ်တုကြီး(၁၀)ခုရဲ့အကြောင်းဖြစ်ပါတယ်။ အများစုကတော့ကိုးကွယ်ယုံကြည်မှုဆိုင်ရာရုပ်တုတွေဖြစ်ပြီး နိုင်ငံရေး၊ သမိုင်းကြောင်း နဲ့ စပ်လျဉ်းတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေလည်း ပါဝင်နေပါတယ်။ (ရုပ်တုတွေဘေးမှာ ဖော်ပြထားတဲ့ အမြင့်ပေဟာ ရုပ်တု နဲ့ အောက်ခြေခုံကို ထည့်ပေါင်းထားတဲ့ အမြင့်ဖြစ်ပါတယ်)

(၁၀) Grand Buddha at Lingshan (၂၈၉ပေ)

တရုတ်နိုင်ငံ Jiangsu ပြည်နယ်၊ Wuxi မြို့က Longshan တောင်မှာရှိတဲ့ Grand Buddha ဟာ (၈၈)မီတာ (၂၈၉)ပေလောက်မြင့်မားတဲ့ မတ်တပ်ရပ် ကြေးရုပ်ပွားတော်ကြီး ဖြစ်ပြီး အလေးချိန်တန်(၇၀၀)လောက်အထိရှိပါတယ်။ Grand Buddha at Lingshan ရဲ့ပတ်လည်မှာလည်း (၇၄)ဧကလောက် သာသနာ့နယ်မြေတစ်ခုပါဝင်ပါတယ်။

(၉) Great Buddha of Thailand (၃၀၂ပေ)

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ဖြစ်တဲ့ Great Buddha ဟာ (၉၂) မီတာ(၃၀၂ပေ)မြင့်မားပြီး Ang Thong စီရင်စုနယ်မြေက Wat Muang ဘုန်းတော်ကြီးကျောင်း မှာ တည်ရှိပါတယ်။ ကွန်ကရစ်ဖြင့်တည်ဆောက်ပြီး ရွှေဆေးခြယ်သထားတဲ့ ရုပ်ပွားတော်ကြီးကိုတော့ (၁၉၉၀)ကနေစတင် တည်ဆောက်ခဲ့ပြီး (၂၀၀ဂ) ခုနှစ် မှာပြီးစီးခဲ့ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာအငွေ့အသက်များစွာ ပါဝင်နေတဲ့ Great Buddha ဟာ ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာရဲ့အမှတ်အသားဆိုလည်းမမှားပါဘူး။

(၈) Peter the Great statue (၃၂၂ပေ)

ရုရှားအင်ပါယာကို(၄၃)နှစ်ကြာစိုးစံခဲ့တဲ့ ဧကရာဇ် မဟာပီတာကို ဂုဏ်ပြု တည်ဆောက်ခဲ့တဲ့ ဒီရုပ်တုကြီးဟာ (၉၈)မီတာ (၃၂၂)ပေ မြင့်ပြီး မော်စကိုမြို့တွင်းရှိကာ Moskva မြစ်ကိုမျက်နှာမူလျက် အနေအထားနဲ့တည်ရှိပါတယ်။ အဲဒီရုပ်တုကြီးကို ဒီဇိုင်းရေးဆွဲပေးခဲ့သူကတော့ ဂျော်ဂျီယာဒီဇိုင်းပညာရှင် Zurab Tsereteliဖြစ်ပြီး သံမဏိနဲ့ကြေးတန်ချိန်ပေါင်းတန် (၆၀၀) လောက်ကိုအသုံးပြု တည်ဆောက်ခဲ့ပါတယ်။ Peterthe Great ဟာတန်ချိန်(၁၀၀)လောက်အလေးချိန်ဖြစ်ပြီး (၁၉၉၇)ခုနှစ်ကစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

(၇) Sendai Daikannon (၃၃၀ပေ)

ဂျပန်နိုင်ငံ၊ Sendai မြို့မှာတည်ရှိတဲ့ Sendai Daikannon ရုပ်တုကြီးဟာမီတာ(၁၀၀) ပေပေါင်း (၃၃၀)ပေမြင့်မားပြီး ဂျပန်နိင်ငံရဲ့အကြီးဆုံး ကွမ်ယင်မယ်တော် ရုပ်တုကြီးလည်းဖြစ်ပါတယ်။ ဒီရုပ်တုကြီးကို Sendai တစ်မြို့လုံးကိုလွှမ်းခြုံမြင်နိုင်တဲ့ Sendaiတောင်ထိပ်မှာတည်ထားပါတယ်။

Sendai Daikannon ရုပ်တုရဲ့ညာဘက်မှာဆိုရင်ကျောက်မျက် ရတနာတစ်ခုကိုဆုတောင်းမေတ္တာပို့သရန်ကိုင်ထားပြီး ဘယ်ဘက်မှာရှိတဲ့ ရေခရား ကတော့ လူသားတွေရဲ့ အသိဉာဏ်ပညာကြီးရင့်လာစေရန် ပက်ဖြန်းမယ့်အနေနဲ့တည်ရှိနေပါတယ်။ Sendai Daikannon ရုပ်တုကြီးကို စတင်ဖွင့်လှစ်ချိန်ကတော့ (၁၉၉၁) ခုနှစ် စက်တင်ဘာ (၁)ရက်နေ့ကတည်းကဖြစ်ပါတယ်။

(၆) Emperors Yan and Huang (၃၄၈ပေ)

တရုတ်နိုင်ငံ Henan ပြည်နယ်ရဲ့မြို့တော် Zhengzhou မှာတည်ရှိတဲ့ Emperors Yan and Huang ကျောက်ဆစ်ရုပ်တုကြီးတွေဟာ မြစ်ဝါမြစ်ကမ်းပေါ်ကတောင်ကိုထုဆစ် ပြီးပုံဖော်ခဲ့တာပါ။ (၁၉၈၇)ခုနှစ်ကစတင်တည်ဆောက်ခဲ့တဲ့တရုတ်အစိုးရရဲ့ အဲဒီစီမံကိန်း ဟာနောက်ထပ်နှစ်(၂၀)ကျော်ကြာကာလဖြစ်တဲ့ (၂၀၀၇)ခုနှစ်မှသာအဆုံးသတ်ခဲ့ရပါ တယ်။

နာမည်ကျော် Yan နဲ့ Hung အင်ပါယာတွေရဲ့ပြည့်ရှင် Yan Di နဲ့ Huang Di တို့ရဲ့မျက်နှာပုံကိုထွင်းထုထားတဲ့ အဲဒီကျောက်ဆစ်ရုပ်တုကြီးတွေ တည်ဆောက်မှုအ တွက်တရုတ်အစိုးရဟာ အမေရိကန်ဒေါ်လာ(၂၂.၅)သန်းအထိအသုံးပြုခဲ့တာကိုတွေ့ ရ ပါတယ်။ ရုပ်တုကြီးတစ်ခုချင်းစီရဲ့ မျက်စိဟာ (၃)မီတာလောက်အကျယ်ရှိပြီး နှာခေါင်း တွေကတော့ (၆)မီတာလောက်ကိုရှည်လျားကြကာ စုစုပေါင်းအမြင့်ကတော့ (၃၄၈) ပေလောက်မြင့်မားပါတယ်။

(၅) GuanYin of the South Sea of Sanya ( ၃၅၄ပေ)

တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသ၊ Hainan ပြည်နယ်အနီးက Sanya မြို့၊ Nanshanဘုရားကျောင်းမှာတည်ရှိတဲ့ ဒီ GuanYin မယ်တော်ရုပ်တုကြီးဟာ  ၁၀၈မီတာ (၃၅၄ပေ)မြင့်မားပြီး (၂၀၀၅)ခုနှစ်၊ဧပြီလ(၂၄)ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။

ကမ္ဘာ ပေါ်မှာဆိုရင်တော့(၅)ခုမြောက်အမြင့်ဆုံးဒီရုပ်တုကြီးဟာ ဆုတောင်းနေဟန် အနေအထားနဲ့ မျက်နှာပြင်(၃)ခုကို ပူးတွဲ တည်ဆောက်ထားတာဖြစ်ပြီး မျက်နှာပြင်တစ်ဖက် ကတော့ တရုတ်ပြည်မကြီးဘက်ကိုလှည့်ထားပြီး အခြား(၂)ဖက်ကတော့ ပင်လယ်တွင်း ကိုမျက်နှာမူထားပါတယ်။ Vajrayana (မဟာယန)ဗုဒ္ဓဘာသာနွယ်ဟန်တည်ဆောက် ထားတဲ့ ဒီရုပ်တုကြီး ကိုတည်ဆောက်ချိန်ကတော့ (၆) နှစ်အထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

(၄) Ushiku Daibutsu (၃၉၀ပေ)

ကြီးမြတ်တဲ့ဗုဒ္ဓလို့သိကြတဲ့ Ushiku Daibutsu ပုထိုးတော်ကြီးတည်ရှိရာ နေရာကတော့ ဂျပန်နိုင်ငံ Ushiku မြို့မှာပဲဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးရဲ့အောက်ခြေခုံဟာ (၁၀)မီတာလောက်ရှိနေပြီး ဒါကိုထည့်သွင်း မရေတွက်ဘူးဆိုရင်တော့ Ushiku Daibutsu ရဲ့ဉာဏ်တော်ဟာ ၁၁၀ မီတာ လောက်ရှိပါ တယ်။ ပုထိုးတော်ကြီးတစ်ခုလုံးကိုတော့ ကြေးတွေနဲ့တည်ဆောက်ထားပြီး ကွဲပြားတဲ့ အထပ်လေးထပ်ပါဝင်ပါတယ်။

ပထမအထပ်မှာဆိုရင် လာရောက်ဖူးမြော်သူတွေအနေနဲ့ နူးညံ့တဲ့ဓမ္မတေးဂီတသံစဉ်တွေကိုနားဆင်ရပါမယ်။ ဒုတိယအထပ်မှာဆိုရင်တော့ ဗုဒ္ဓ ဘာသာကျမ်းစာပေတွေကိုလေ့လာခွင့်ရနိုင်ပါတယ်။ တတိယထပ်မှာဆိုရင်တော့ အခန်းပြည့်နီးပါးဗုဒ္ဓရုပ်ပွားတော်အဆူပေါင်း (၃၀၀၀၀)လောက်ကိုဖူးတွေ့နိုင်မှာဖြစ်ပါ တယ်။ နောက်ဆုံးထပ်မှာဆိုရင်တော့ Ushiku Daibutsu ရဲ့သာယာတဲ့ပတ်ဝန်းကျင် ရှုခင်းတွေကို အပေါ်စီးကနေ ရှု့မြင်နိုင်အောင်ဖန်တီးပေးထားတာကိုတွေ့ရပါတယ်။ လာ ရောက်ဖူးမြော်သူတွေ ပုထိုးတော်ကြီးရဲ့အမြင့်ပိုင်းအထပ်တွေကို အဆင်ပြေပြေ သွားလာနိုင်ဖို့အတွက် Elevator တွေစီစဉ်ပေးထားတာကိုတွေ့ရပြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ခုနှစ်ကတော့ (၁၉၉၃)ဖြစ်ပါတယ်။

(၃) လေးကျွန်းစြင်္ကာ (၄၂၄ပေ)

ကမ္ဘာပေါ်မှာတတိယမြောက် အမြင့်ဆုံးရုပ်တုကြီးအဖြစ် စာရင်းဝင်တာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံက လေးကျွန်းစြင်္ကာ (Laykyun Setkyar)ရပ်တော်မူ ဘုရားကြီးဖြစ် ပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ ခတက္ကန်ရွာက ဗောဓိတစ်ထောင်သာသနာ့နယ် မြေအတွင်းမှာရှိတဲ့ လေးကျွန်းစြင်္ကာ (Laykyun Setkyar)ရပ်တော်မူကြီးဟာ သလွန်(၁၃.၅)မီတာအပါအဝင် (၁၂၉.၂)မီတာ ၄၂၄ပေ မြင့်မားပြီး (၁၉၉၆)ကနေစတင်တည် ဆောက်ခဲ့ရာ (၂၀၀၈)ခုနှစ်မှာပြီးစီးခဲ့ပါတယ်။

ရပ်တော်မူဘုရားကြီးရဲ့အတွင်းပိုင်းမှာတော့အထပ်ပေါင်း(၃၃)ထပ်ရှိနေပြီး လာရောက် လေ့လာ သူ ဘုရားဖူးတွေအနေနဲ့က တော့(၂၇) ထပ်အထိလေ့လာနိုင်ပါတယ်။ ဦးဆောင်တည်ဆောက်ခဲ့သူကတော့ မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဖြစ်ပြီး လေးကျွန်းစြင်္ကာ (Laykyun Setkyar)ရပ်တော်မူဘုရားကြီးအတွင်းမှာတော့ (၃၁)ဘုံ ကိုရည်ညွှန်းသရုပ်ဖော်ထားတဲ့ နံရံဆေးပန်းချီ စာသားတွေကိုအပြင်များစွာသော ဗုဒ္ဓ ဘာသာအငွေ့အသက်များကိုခံစားရနိုင်ပါတယ်။ လေးကျွန်းစြင်္ကာ (Laykyun Setkyar) ရပ်တော်မူဘုရားကြီးရဲ့အနီးမှာပဲ (၈၉)မီတာမြင့်မားတဲ့ ရှင်သာလျောင်းဘုရားကြီးကို လည်းထပ်မံဖူးမြော်နိုင်ပါတယ်။

(၂) Spring Temple Buddha (၆၈၂ပေ)

ကမ္ဘာပေါ်မှ ာဒုတိယမြောက် အမြင့်ဆုံးရုပ်တုကြီးဖြစ်တဲ့ Spring Temple Buddha ဟာ ၂၀၈မီတာ(၆၈၂)ပေဉာဏ်တော်အမြင့်(ရုပ်တုချည်းပဲဆိုရင်တော့ ၅၀၂ပေ ဖြစ်ပါတယ်) ရှိပြီး တရုတ်နိုင်ငံ၊ Henan ပြည်နယ်မှာတည်ရှိပါတယ်။ Spring Temple Buddha ရပ်တော်မူဘုရားကြီးကိုတော့ (၁၉၉၇)ခုနှစ်ကနေစတင်တည် ဆောက်ခဲ့တာဖြစ်ပြီး (၂၀၀၈)ခုနစ်မှသာ ပြီးစီးခဲ့ပါတယ်။

အဲဒီရုပ်တုတော်ကြီးဟာ (၂၀)မီတာလောက်မြင့်တဲ့ ကြာပဒုမ္မာပလ္လင်ပေါ်မှာရှိနေတာဖြစ်ပြီးကြေးနီနဲ့ပြုလုပ်ထား တဲ့အခြားအစိတ် အပိုင်း ပေါင်း (၁၁၀၀)လောက်လည်းပူးတွဲပါဝင်နေပါတယ်။ Spring Temple Buddha (နွေဦးကျောင်းတော်) လို့နာမည်ပေးရတာကတော့ ရပ်တော်မူဘုရားကြီးတည်ရှိရာ ဒေသဟာ တရုတ်နိုင်ငံရဲ့ ပူပြင်းခြောက်သွေ့တဲ့ နေရာမှာရှိနေလို့ဖြစ်ပါတယ်။ ရုပ်တုအတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ(၅၅)သန်းဖြစ်ပါတယ်။

(၁) Statue of Unity (၇၉၀ပေ)

Iron man လို့လည်း သိကြတဲ့ ယခုလက်ရှိကမ္ဘာပေါ်မှာ အမြင့်ဆုံးသော ရုပ်တုကြီးကတော့ အိန္ဒိယနိုင်ငံရဲ့လက်ရှိအကျယ်အဝန်းကိုစုစည်းပေးခဲ့တဲ့ နာမည်ကျော် အိန္ဒိယ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Sardar Vallabhbhai Patel ရဲ့ပုံတူဖြစ်ပြီး ရုပ်တုချည်းပဲဆိုရင် အမြင့်ပေ(၅၉၇)ပေမြင့်မားပါတယ်။ သူဟာအိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမ ဆုံးပြည်ထဲရေးဝန်ကြီးတာဝန်တွေအပြင် ဒုတိယဝန်ကြီးချုပ် တာဝန်တွေကို လည်းထမ်းဆောင်ခဲ့သူဖြစ် ပါတယ်။

Statue of Unity ရုပ်တုရဲ့ခေါင်းကနေခြေဖျားအထိအတိုင်းတာဟာ အမေရိကန်ကလေဘာတီရုပ်တု(၂)ခုစာ လောက်ရှိနေပြီး မွန်ဘိုင်းအခြေစိုက်ဆောက် လုပ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Larsen&Toubro ကနေတာဝန်ယူတည်ဆောက် ခဲ့တာဖြစ်ပါတယ်။ (၂၀၁၃) အောက်တိုဘာကနေစတင်တည်ဆောက်ခဲ့ပြီး (၂၀၁၈) အောက်တိုဘာ(၃၁)ရက်နေ့မှာ အပြီးသတ်နိုင်ခဲ့တဲ့ Statue of Unity ရဲ့ကုန်ကျစရိတ် ဟာ အမေရိကန်ဒေါ်လာသန်း(၄၂၀)အထိဖြစ်ခဲ့ပါတယ်။

ဒီစီမံကိန်းကိုဦးဆောင်ခဲ့သူ ကတော့ အိန္ဒိယဝန်ကြီးချုပ်မိုဒီဖြစ်ပြီး Sardar Vallabhbhai Patelရဲ့ (၁၄၃)နှစ်မြောက် နှစ်ပတ်လည်နေ့မှာ သူရဲ့ဇာတိဖြစ်တဲ့ Gujarat ပြည်နယ်၊ Vadodara မြို့အနီးက Sardar Sarovar ဆည်ရဲ့မျက်နှာချင်းဆိုင်က (၅)ဧကခန့်ရှိတဲ့ Sadhu Bet ကျွန်းမြေပေါ်မှာတည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ရုပ်တုကြီးရဲ့အောက်ဘက်မှာ တော့ ပြတိုက်တစ်ခုကိုဖွင့်လှစ်ထားပြီး Sardar Vallabhbhai Patelရဲ့အထ္ထုပ္ပတ္တိကို အများပြည်သူလေ့လာနိုင်အောင် ပြသထားပါတယ်။

သုတဇုန်

Tags: kaung htetworld knowledge
Next Post
လူသိနည်းတဲ့ သေခြင်းတရားရဲ့မြို့တော်

လူသိနည်းတဲ့ သေခြင်းတရားရဲ့မြို့တော်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!