ကန္တာရတွေက များသောအားဖြင့်အန္တရာယ်များကြပါတယ်။ အိုအေစစ်ကို တွေ့ဖို့ရာလဲခက်ခဲလွန်းလှပါတယ်။ ကန္တာရတွေဟာ လူသားတွေအတွက် အသက်ရှင်နေထိုင်ဖို့ ခက်ခဲတဲ့နေရာတခုလည်းဖြစ်ပါတယ်။တချို့ကန္တာရတွေရဲ့ရာသီဥတုဟာဆိုရင် မားစ်ဂြိုလ်ပေါ်က အဆိုးဆုံးရာသီဥတုနဲ့ တောင်ယှဉ်နိုင်လောက်အောင်ဆိုးပါတယ်။ ဒီတခါတော့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ကန္တာရကြီး ၁၀ ခုရဲ့ အကြောင်းကို မျှဝေသွားပါမယ်။
၉။ Gobi Desert
Gobi ကန္တာရဟာ တောင်ထူထပ်တဲ့ဒေသမှာတည်ရှိပြီး အာရှရဲ့ အကြီးဆုံး သဲကန္တာရတစ်ခုလည်းဖြစ်ပါတယ်။ Gobi ကန္တာရဟာ တရုတ်နိုင်ငံရဲ့မြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်း ၊ မွန်ဂိုလီးယားနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေကို လွှမ်းခြုံထားပါတယ်။ ဒီကန္တာရမှာမိုးအလွန်နည်းပါးပြီး အကြောင်းရင်းကတော့ အနီးနားကတောင်တွေဟာ တိမ်တွေဖြစ်ထွန်းကာတခြားတစ်ဖက်မှာ မိုးရွာခြင်းကို ကာထားလို့ပဲဖြစ်ပါတယ်။
အခြေခံအားဖြင့် ဒီကန္တာရရဲ့ အခြေအနေဟာ အပြောင်းအလဲမြန်လွန်းပြီး အေးတဲ့ဘက်ကို ပိုရောက်ပါတယ်။အပူချိန်အနေနဲ့ -၄၀ဒီဂရီအထိကို ကျဆင်းနိုင်ပြီးသဲသောင်တွေအပေါ်စီးနှင်းများ ဖုံးအုပ်သည်အထိကိုဖြစ်နိုင်ပါတယ်။ဆောင်းရာသီမှာဖြစ်ပေါ်တတ်တဲ့ အအေးလှိုင်းဟာဆိုရင် လူတွေကို အသက်သေစေနိုင်တဲ့အထိပြင်းထန်ပါတယ်။
၈။ Mojave Desert
နောက်ထက်မိုးနည်းတဲ့ ကန္တာရတစ်ခုပါ။ အမေရိကန်မှာတည်ရှိပြီး ကယ်လီဖိုးနီးယား ၊ နီဗားဒါး ၊ ယူတား နဲ့ အရီဇိုးနားပြည်နယ်တွေထဲမှာ ပါဝင်နေပါတယ်။ တခြားကန္တာရတွေနဲ့မတူတဲ့အချက်က သဲတွေအမြောက်အများမတွေ့ရတာဖြစ်ပါတယ်။ မညီညာတဲ့ ချိုင့်ဝှမ်းတွေအများအပြားလည်း ရှိနေပါတယ်။ နောက်ပြီး အပင်တချို့ဟာလည်း ဒီကန္တာရထဲမှာ ပေါက်နေတတ်ပါတယ်။
တိရစ္ဆာန်မျိုးစိတ်တွေဖြစ်တဲ့ ခလောက်မြွေ၊အမှီးရှည် ဖွတ်တွေ၊သားပိုက်ကောင်နဲ့တူတဲ့ကြွက်လေးတွေပါနေထိုင်ကြပါတယ်။ဒါတွေကြောင့် အချိန်မရွေးစွ န့်စားသွားလာနိုင်တယ်ဆိုပြီးတော့မတွေးလိုက်ပါနဲ့။ဘာလို့လဲဆိုရင် နွေရာသီမှာ ၅၅ ဒီဂရီ degrees Celsius အထိအပူချိန်မြင့်တက်နိုင်လို့ပါပဲ။
၇။ Namib Desert
Namib ဆိုတဲ့စာသားကတော့ ခိုးခိုး (Khoekhoe) ဘာသာစကားအရဆိုရင် “vast place”အဆုံးမရှိတဲ့နေရာလို့ဆိုလိုပါတယ်။ဒီကန္တာရသဲသောင်ဟာဆို ရင် ကမ္ဘာ့သက်တမ်းအရင့်ဆုံးကန္တာရတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သန်းခန့်ထဲကတည်ရှိခဲ့တာပါ။ဒီကန္တာရမှာ အများဆုံးအသက်ရှင်ကျန်ရစ် နေတဲ့ ပိုးတောင်မာ သိပ္ပံနာမည် Tenebrionidae လို့ခေါ်တဲ့ပိုးကောင် တွေတွေ့ရတတ်ပါတယ်။
အာဖရိကတိုက်တောင်ပိုင်းမှာတည်ရှိပြီး နမ်မီးဘီးယား ၊ တောင်အာဖရိက နဲ့ အန်ဂိုလာနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ဒီကန္တာရ နဲ့ သမုဒ္ဒရာအစပ်က သဲသောင်ပြင်ဟာ သဘာဝဆိုင်ရာ ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ နွေရာသီမှာ အပူချိန် ၄၅ degrees Celsius ထက်ပိုပူပြီး ညဘက်ဆိုရင်တော့နေ့ဘက်နဲ့မတူအောင်ကို အေးပါတယ်။ အဲဒီမှာ ပင့်ကူ၊ဂဏန်း၊ကင်းခြေများ အစရှိတဲ့ arthropods လို့ခေါ်ပြီး အန္တရာယ်များတဲ့အကောင်းပေါင်းစုံလဲနေထိုင်ကြပါသေးတယ်။
၆။ Kalahari Desert
Kalahari ဆိုတာကတော့ တောင်အာဖရိကရဲ့ ငါးခုမြောက်လူသုံးအများဆုံးဘာသာစကားဖြစ်တဲ့ Setswana ကနေဆင်းသက်လာတာပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ “အလွန်အမင်းရေငတ်ခြင်း”လို့အဓိပ္ပာယ်ရပါတယ်။ နှစ်စဉ်မိုးရေချိန်အနေနဲ့ ၄လက်မဝန်းကျင်ခန့်သာ ရွာသွန်းပြီး အာဖရိကရဲ့ မိုးရွာသွန်းမှုအနည်းဆုံးဒေသတွေထဲမှာ ပါဝင်နေပါတယ်။
ရာသီဥတုအရမ်းပူပြင်းတာကြောင့် လူသားတွေနေထိုင်ဖို့လုံးဝ မဖြစ်နိုင်ပါဘူး။ ရာသီဥတုအလွန်ပူပြင်းတဲ့အပြင် အလွန်အန္တရာယ်များလှတဲ့ အာဖရိကတောခွေးတွေရဲ့ရန်ကလည်း ရှိနေပါသေးတယ်။ နွေရာသီမှာ အပူချိန်ဟာ ၄၀ဒီဂရီ ဆဲစီးယပ်စ်အထိ ရှိနေပေမယ့် ဆောင်းရာသီရောက်တဲ့အချိန်မှာတော့ ရေခဲမှတ်အောက်အထိ ကျဆင်းသွားတတ်ပါသေးတယ်။
၅။ The Antarctica
အန္တာတိကတိုက်ကို ကျွန်တော်တို့သိကြတာကတော့ ကမ္ဘာ့အအေးဆုံးတိုက်ကြီးတခုအဖြစ်နဲ့ပါ။ ဒါပေမယ့် လူနဲ့ အပင်တွေရှင်သန်ဖို့ မဖြစ်နိုင်သလောက်ခက်ခဲပြီး မြင်မြင်သမျှဟာ ရေခဲပြင်ကြီးဖြစ်နေတာကြောင့် အန္တာတိကဟာ ကန္တာရတခုလည်း ဖြစ်နေပြန်ပါသေးတယ်။ ကန္တာရအမျိုးအစားတွေအဖြစ် အပူပိုင်းကန္တာရ ၊ ကမ်းရိုးတန်းကန္တာရ နဲ့ ဝန်ရိုးစွန်းကန္တာရ ဆိုပြီးရှိနေတဲ့အတွက် အန္တာတိကဟာ ဝန်ရိုးစွန်းကန္တာရထဲမှာ ပါဝင်နေပါတယ်။
တိုက်ကြီးတတိုက်လုံးရဲ့ ၉၈% က ရေခဲပြင်ကြီးသာဖြစ်နေပြီး အပူချိန်ကလည်း ရေခဲမှတ်အောက်ရောက်နေတဲ့အတွက် ဒီနေရာမှာ လူတွေအမြဲနေထိုင်နိုင်ခြင်း မရှိကြပါဘူး။ ရာသီဥတုအလိုက် နေထိုင်သူ အများဆုံး ၁၀၀၀ ကနေ ၅၀၀၀ ခန့်အထိသာ ရှိတတ်ပြီး နေထိုင်သူအများစုက သုတေသန ၊ သိပ္ပံပညာရှင် နဲ့ စူးစမ်းလေ့လာရေးသမားတွေသာဖြစ်ပါတယ်။ အပူချိန်အနေနဲ့ အနုတ် ၉၀ ဒီဂရီဝန်းကျင်မှာရှိနေပြီး တချို့နေရာတွေရဲ့ လေတိုက်နှုန်းကလည်း ၁နာရီကို ၂၀၀မိုင်လောက်အထိ ရှိနေတာကြောင့် အကာအကွယ်သာမရှိရင် အချိန်အနည်းငယ်အတွင်းမှာပဲ အသက်ဆုံးရဖွယ် ရှိပါတယ်။
၄။ Arabian Desert
အာရေးဘီးယန်းသဲကန္တာရဟာ အာရှတိုက်ရဲ့အကြီးဆုံးသဲကန္တာရဖြစ်ပြီး အနောက်အာရှ ဒေသမှာတည် ရှိပါတယ်။ ဂျော်ဒန် ၊ အီရတ် ၊ ကူဝိတ် ၊ အိုမန် နဲ့ ဆော်ဒီအာရေဗျတို့အပါအဝင် နိုင်ငံပေါင်း ၉ခုထဲမှာ ပါဝင်နေပါတယ်။ ရာသီဥတုအခြေအနေမမှန်ပဲ အလွန်ပူနေရာမှ ညဘက်ဆို ရုတ်တရက်အေးခဲသွားတတ် ပါတယ်။
ဒီလောက်ပြင်း တဲ့ရာသီဥတုကြားထဲမှာနေထိုင်နိုင်တဲ့သတ္တဝါတွေကတော့ စိတ်ဝင်စားစ ရာကောင်းလှပါတယ်။ ဘယ်လိုအကောင်တွေလဲဆိုတော့ အမြီးမှာဆူးရှိတဲ့ပုတ်သင်ညို၊သဲကြောင်လေးတွေနဲ့ oryx လို့ခေါ်တဲ့ တောဆိတ်တွေက ကောင်း စွာရှင်သန်နိုင်ကြပါတယ်။သဲနွံတွေရှိနေတယ်ဆိုပြီး မှတ်တမ်းတွေရှိတာကြောင့် လူတွေအတွက်တော့ ဒီကန္တာရထဲသွားလာဖို့ဆိုတာ အင်မတန် အန္တရာယ်များလှပါတယ်။
၃။ Karakum Desert
ဒီသဲကန္တာရကတော့ အာရှအလယ်ပိုင်းဒေသက တာမင်နစ္စတန်နိုင်ငံထဲမှာ ဧရိယာအများစုပါဝင်နေပါတယ်။ Karakum ကတော့ တာကစ်ဘာသာစကားနဲ့ အနက်ရောင်သဲ လို့ အဓိပ္ပါယ်ရပါတယ်။ ခြောက်သွေ့တဲ့ဒေသဖြစ်ပြီး နှစ်စဉ်မိုးရေချိန်ကတော့ ၃လက်မနဲ့ ၆လက်မကြားသာ ရွာသွန်းလေ့ရှိပါတယ်။ သဲကန္တာရရဲ့ အလယ် Derweze ဒေသမှာတော့ ငရဲပြည်ရဲ့တံခါးပေါက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မီးလောင်နေတဲ့တွင်းပေါက်ကြီး (Door to Hell) ရှိနေပါတယ်။
ဒီသဲကန္တာရထဲမှာ မြေအောက်သဘာဝဓာတ်ငွေ့တွေယို ယွင်းလာပြီးနောက်ပေါ်ပေါက်လာကြတဲ့ မြေအောက်အခေါင်းပေါက်တွေရှိနေတာကြောင့် ဒီကန္တာရကို Gates of Hells လို့လည်းခေါ်ကြပါတယ်။ ျမအောက်ကျင်းတွေမှာရှိတဲ့ အန္တရာယ်ဓာတ်ငွေ့တွေ ဟာအနီးနားက နေရာတွေကိုပျံ့နှံ့သွားနိုင်ပြီး နေထိုင်သူတွေအတွက်စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။
၂။ Sahara Desert Sahara
ဆာဟာရသဲကန္တာရကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ကန္တာရဖြစ်ပြီး အာဖရိကမြောက်ပိုင်းဒေသမှာ တည်ရှိပါတယ်။ စတုရန်းမိုင် ၃.၆သန်းကျော် ကျယ်ဝန်းပြီး အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ချာ့ဒ်၊လစ်ဗျား၊မာလီ၊မော်ရီတေးနီးယား၊မော်ရိုကို၊နီဂျယ်၊ဆူဒန်နှင့် တူနီးရှားနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ကန္တာရရဲ့ နေရာအများစုဟာ အပင်များစိုက်ပျိုး၍ မရတဲ့ ကျတ်တီးမြေများနှင့် မာကျောသော ကျောက်တောင်ကုန်းမြင့် များသာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အပူချိန် ၄၄ဒီဂရီဆဲစီးယပ်စ်အထိရှိပြီး တခါတရံ ၅၀ဒီဂရီကျော်အထိ ပူပြင်းတတ်သည်။ သို့သော်ညအခါတွင်မူ အအေးလွန်ကဲပြီး ရေခဲမှတ်အောက်အထိ ကျရောက်သွားတတ်ပြန်သည်။ အပူ အအေး လွန်ကဲကွာခြားသောကြောင့် ကျောက်များသည်ပင် အပူအအေးအပြောင်း အလဲဒဏ်ကို မခံနိုင်ကြသဖြင့် ကွဲအက်ပြီးလျှင် သဲမှုန်များ ဖြစ်လာကြရပါတယ်။ ထို့အပြင် အပူလှိုင်း ၊ သဲမှုန်တိုင်း ၊ ကင်းမြီးကောက် များရဲ့အန္တရာယ်ကလည်း ရှိနေပါသေးတယ်။
၁။ Atacama Desert
ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး သဲကန္တာရအဖြစ် သတ်မှတ်ခံထားရတာကတော့ Atacama ကန္တာရပဲဖြစ်ပါတယ်။ တည်နေရာကတော့ချီလီနိုင်ငံ မြောက်ဘက်ပိုင်း၊ အင်ဒီးစ်တောင်တန်းများရဲ့ အနာက်ဘက်မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံးကန္တာရဖြစ်ပြီး ဒီကန္တာရထဲက တချို့နေရာတွေဆိုရင် လွန်ခဲ့သောနှစ်သန်းချီကတည်းက မိုးအနည်းငယ်မျှပင် ရွာသွန်းမှုမရှိခဲ့လို့ သိရပါတယ်။
ဒီကန္တာမှာ ၁၅၇၀ မှ ၁၉၇၁ အထိ နှစ်ပေါင်း ၄၀၀ကျော်လောက်ကို မိုးမရွာခဲ့ဘူးလို့ သိရပြီး ၂၀၁၅ခုနှစ်မှာတော့ မိုးအသင့်တင့်ရွာသွန်းမှုကြောင့် တစ်ချို့သစ်ပင် ပန်းပင်တွေပေါက်ရောက်လာကြပါတယ်။ နှစ်စဉ်ပျမ်းမျှမိုးရေချိန်အနေနဲ့ ဝ.၆လက်မသာ ရှိပါတယ်။ ဒီကန္တာရရဲ့ လေထုနဲ့ ရာသီဥတုအခြေအနေဟာ မားစ်ဂြိုလ်နဲ့ယှဉ်နိုင်လောက်အောင်ကို ဆိုးရွားပါတယ်။ မားစ်ဂြိုဟ်ရဲ့ရာသီဥတုနဲ့ ဆင်တာကြောင့် နာဆာရဲ့စမ်းသပ်မှုတွေကို ဒီနေရာမှာ ပြုလုပ်နေကြပါတယ်။
အခြားသဲကန္တာရတွေလို အလွန်ပူပြင်းမှုမရှိပဲ ပျမ်းမျှအပူချိန်ကတော့ ၂၇ဒီဂရီဆဲစီးယပ်စ် ဝန်းကျင်သာရှိတတ်ပေမယ့် အပူချိန်ကျဆင်းပြီး အနုတ် ၁၅ဒီဂရီအထိ ရောက်သွားတတ်ပါတယ်။ ဒါအပြင် အောက်ဆီဂျင်နည်းပါးပြီး အသက်ရှုရခက်ခဲမှုတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးတွေကို စမ်းသပ်ချင်သူတွေလည်း ရှိနေတာကြောင့် ဒီသဲကန္တာရဟာ ချီလီနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားရာ နေရာတခုလည်းဖြစ်နေပါသေးတယ်။
———- —— ————
(Zawgyi)
ကမာၻ႔အႏၱရာယ္အမ်ားဆုံး ကႏၱာရႀကီး ၉ ခု
ကႏၲာရေတြက မ်ားေသာအားျဖင့္အႏၲရာယ္မ်ားၾကပါတယ္။ အိုေအစစ္ကို ေတြ႕ဖို႔ရာလဲခက္ခဲလြန္းလွပါတယ္။ ကႏၲာရေတြဟာ လူသားေတြအတြက္ အသက္ရွင္ေနထိုင္ဖို႔ ခက္ခဲတဲ့ေနရာတခုလည္းျဖစ္ပါတယ္။တခ်ိဳ႕ကႏၲာရေတြရဲ႕ရာသီဥတုဟာဆိုရင္ မားစ္ၿဂိဳလ္ေပၚက အဆိုးဆုံးရာသီဥတုနဲ႔ ေတာင္ယွဥ္ႏိုင္ေလာက္ေအာင္ဆိုးပါတယ္။ ဒီတခါေတာ့ ကမာၻ႔အႏၲရာယ္အရွိဆုံး ကႏၲာရႀကီး ၁၀ ခုရဲ႕ အေၾကာင္းကို မွ်ေဝသြားပါမယ္။
၉။ Gobi Desert
Gobi ကႏၲာရဟာ ေတာင္ထူထပ္တဲ့ေဒသမွာတည္ရွိၿပီး အာရွရဲ႕ အႀကီးဆုံး သဲကႏၲာရတစ္ခုလည္းျဖစ္ပါတယ္။ Gobi ကႏၲာရဟာ တ႐ုတ္ႏိုင္ငံရဲ႕ေျမာက္ပိုင္း နဲ႔ အေရွ႕ေျမာက္ပိုင္း ၊ မြန္ဂိုလီးယားႏိုင္ငံရဲ႕ ေတာင္ပိုင္းေဒသေတြကို လႊမ္းၿခဳံထားပါတယ္။ ဒီကႏၲာရမွာမိုးအလြန္နည္းပါးၿပီး အေၾကာင္းရင္းကေတာ့ အနီးနားကေတာင္ေတြဟာ တိမ္ေတြျဖစ္ထြန္းကာတျခားတစ္ဖက္မွာ မိုး႐ြာျခင္းကို ကာထားလို႔ပဲျဖစ္ပါတယ္။
အေျခခံအားျဖင့္ ဒီကႏၲာရရဲ႕ အေျခအေနဟာ အေျပာင္းအလဲျမန္လြန္းၿပီး ေအးတဲ့ဘက္ကို ပိုေရာက္ပါတယ္။အပူခ်ိန္အေနနဲ႔ -၄၀ဒီဂရီအထိကို က်ဆင္းႏိုင္ၿပီးသဲေသာင္ေတြအေပၚစီးႏွင္းမ်ား ဖုံးအုပ္သည္အထိကိုျဖစ္ႏိုင္ပါတယ္။ေဆာင္းရာသီမွာျဖစ္ေပၚတတ္တဲ့ အေအးလႈိင္းဟာဆိုရင္ လူေတြကို အသက္ေသေစႏိုင္တဲ့အထိျပင္းထန္ပါတယ္။
၈။ Mojave Desert
ေနာက္ထက္မိုးနည္းတဲ့ ကႏၲာရတစ္ခုပါ။ အေမရိကန္မွာတည္ရွိၿပီး ကယ္လီဖိုးနီးယား ၊ နီဗားဒါး ၊ ယူတား နဲ႔ အရီဇိုးနားျပည္နယ္ေတြထဲမွာ ပါဝင္ေနပါတယ္။ တျခားကႏၲာရေတြနဲ႔မတူတဲ့အခ်က္က သဲေတြအေျမာက္အမ်ားမေတြ႕ရတာျဖစ္ပါတယ္။ မညီညာတဲ့ ခ်ိဳင့္ဝွမ္းေတြအမ်ားအျပားလည္း ရွိေနပါတယ္။ ေနာက္ၿပီး အပင္တခ်ိဳ႕ဟာလည္း ဒီကႏၲာရထဲမွာ ေပါက္ေနတတ္ပါတယ္။
တိရစာၦန္မ်ိဳးစိတ္ေတြျဖစ္တဲ့ ခေလာက္ေႁမြ၊အမွီးရွည္ ဖြတ္ေတြ၊သားပိုက္ေကာင္နဲ႔တူတဲ့ႂကြက္ေလးေတြပါေနထိုင္ၾကပါတယ္။ဒါေတြေၾကာင့္ အခ်ိန္မေ႐ြးစြ န႔္စားသြားလာႏိုင္တယ္ဆိုၿပီးေတာ့မေတြးလိုက္ပါနဲ႔။ဘာလို႔လဲဆိုရင္ ေႏြရာသီမွာ ၅၅ ဒီဂရီ degrees Celsius အထိအပူခ်ိန္ျမင့္တက္ႏိုင္လို႔ပါပဲ။
၇။ Namib Desert
Namib ဆိုတဲ့စာသားကေတာ့ ခိုးခိုး (Khoekhoe) ဘာသာစကားအရဆိုရင္ “vast place”အဆုံးမရွိတဲ့ေနရာလို႔ဆိုလိုပါတယ္။ဒီကႏၲာရသဲေသာင္ဟာဆို ရင္ ကမာၻ႔သက္တမ္းအရင့္ဆုံးကႏၲာရတစ္ခုျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈ သန္းခန႔္ထဲကတည္ရွိခဲ့တာပါ။ဒီကႏၲာရမွာ အမ်ားဆုံးအသက္ရွင္က်န္ရစ္ ေနတဲ့ ပိုးေတာင္မာ သိပၸံနာမည္ Tenebrionidae လို႔ေခၚတဲ့ပိုးေကာင္ ေတြေတြ႕ရတတ္ပါတယ္။
အာဖရိကတိုက္ေတာင္ပိုင္းမွာတည္ရွိၿပီး နမ္မီးဘီးယား ၊ ေတာင္အာဖရိက နဲ႔ အန္ဂိုလာႏိုင္ငံေတြထဲမွာ ပါဝင္ေနပါတယ္။ ဒီကႏၲာရ နဲ႔ သမုဒၵရာအစပ္က သဲေသာင္ျပင္ဟာ သဘာဝဆိုင္ရာ ကမာၻ႔အေမြအႏွစ္ေနရာတခုအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ေႏြရာသီမွာ အပူခ်ိန္ ၄၅ degrees Celsius ထက္ပိုပူၿပီး ညဘက္ဆိုရင္ေတာ့ေန႔ဘက္နဲ႔မတူေအာင္ကို ေအးပါတယ္။ အဲဒီမွာ ပင့္ကူ၊ဂဏန္း၊ကင္းေျခမ်ား အစရွိတဲ့ arthropods လို႔ေခၚၿပီး အႏၲရာယ္မ်ားတဲ့အေကာင္းေပါင္းစုံလဲေနထိုင္ၾကပါေသးတယ္။
၆။ Kalahari Desert
Kalahari ဆိုတာကေတာ့ ေတာင္အာဖရိကရဲ႕ ငါးခုေျမာက္လူသုံးအမ်ားဆုံးဘာသာစကားျဖစ္တဲ့ Setswana ကေနဆင္းသက္လာတာပဲျဖစ္ပါတယ္။ အဓိပၸာယ္ကေတာ့ “အလြန္အမင္းေရငတ္ျခင္း”လို႔အဓိပၸာယ္ရပါတယ္။ ႏွစ္စဥ္မိုးေရခ်ိန္အေနနဲ႔ ၄လက္မဝန္းက်င္ခန႔္သာ ႐ြာသြန္းၿပီး အာဖရိကရဲ႕ မိုး႐ြာသြန္းမႈအနည္းဆုံးေဒသေတြထဲမွာ ပါဝင္ေနပါတယ္။
ရာသီဥတုအရမ္းပူျပင္းတာေၾကာင့္ လူသားေတြေနထိုင္ဖို႔လုံးဝ မျဖစ္ႏိုင္ပါဘူး။ ရာသီဥတုအလြန္ပူျပင္းတဲ့အျပင္ အလြန္အႏၲရာယ္မ်ားလွတဲ့ အာဖရိကေတာေခြးေတြရဲ႕ရန္ကလည္း ရွိေနပါေသးတယ္။ ေႏြရာသီမွာ အပူခ်ိန္ဟာ ၄၀ဒီဂရီ ဆဲစီးယပ္စ္အထိ ရွိေနေပမယ့္ ေဆာင္းရာသီေရာက္တဲ့အခ်ိန္မွာေတာ့ ေရခဲမွတ္ေအာက္အထိ က်ဆင္းသြားတတ္ပါေသးတယ္။
၅။ The Antarctica
အႏၲာတိကတိုက္ကို ကြၽန္ေတာ္တို႔သိၾကတာကေတာ့ ကမာၻ႔အေအးဆုံးတိုက္ႀကီးတခုအျဖစ္နဲ႔ပါ။ ဒါေပမယ့္ လူနဲ႔ အပင္ေတြရွင္သန္ဖို႔ မျဖစ္ႏိုင္သေလာက္ခက္ခဲၿပီး ျမင္ျမင္သမွ်ဟာ ေရခဲျပင္ႀကီးျဖစ္ေနတာေၾကာင့္ အႏၲာတိကဟာ ကႏၲာရတခုလည္း ျဖစ္ေနျပန္ပါေသးတယ္။ ကႏၲာရအမ်ိဳးအစားေတြအျဖစ္ အပူပိုင္းကႏၲာရ ၊ ကမ္း႐ိုးတန္းကႏၲာရ နဲ႔ ဝန္႐ိုးစြန္းကႏၲာရ ဆိုၿပီးရွိေနတဲ့အတြက္ အႏၲာတိကဟာ ဝန္႐ိုးစြန္းကႏၲာရထဲမွာ ပါဝင္ေနပါတယ္။
တိုက္ႀကီးတတိုက္လုံးရဲ႕ ၉၈% က ေရခဲျပင္ႀကီးသာျဖစ္ေနၿပီး အပူခ်ိန္ကလည္း ေရခဲမွတ္ေအာက္ေရာက္ေနတဲ့အတြက္ ဒီေနရာမွာ လူေတြအၿမဲေနထိုင္ႏိုင္ျခင္း မရွိၾကပါဘူး။ ရာသီဥတုအလိုက္ ေနထိုင္သူ အမ်ားဆုံး ၁၀၀၀ ကေန ၅၀၀၀ ခန႔္အထိသာ ရွိတတ္ၿပီး ေနထိုင္သူအမ်ားစုက သုေတသန ၊ သိပၸံပညာရွင္ နဲ႔ စူးစမ္းေလ့လာေရးသမားေတြသာျဖစ္ပါတယ္။ အပူခ်ိန္အေနနဲ႔ အႏုတ္ ၉၀ ဒီဂရီဝန္းက်င္မွာရွိေနၿပီး တခ်ိဳ႕ေနရာေတြရဲ႕ ေလတိုက္ႏႈန္းကလည္း ၁နာရီကို ၂၀၀မိုင္ေလာက္အထိ ရွိေနတာေၾကာင့္ အကာအကြယ္သာမရွိရင္ အခ်ိန္အနည္းငယ္အတြင္းမွာပဲ အသက္ဆုံးရဖြယ္ ရွိပါတယ္။
၄။ Arabian Desert
အာေရးဘီးယန္းသဲကႏၲာရဟာ အာရွတိုက္ရဲ႕အႀကီးဆုံးသဲကႏၲာရျဖစ္ၿပီး အေနာက္အာရွ ေဒသမွာတည္ ရွိပါတယ္။ ေဂ်ာ္ဒန္ ၊ အီရတ္ ၊ ကူဝိတ္ ၊ အိုမန္ နဲ႔ ေဆာ္ဒီအာေရဗ်တို႔အပါအဝင္ ႏိုင္ငံေပါင္း ၉ခုထဲမွာ ပါဝင္ေနပါတယ္။ ရာသီဥတုအေျခအေနမမွန္ပဲ အလြန္ပူေနရာမွ ညဘက္ဆို ႐ုတ္တရက္ေအးခဲသြားတတ္ ပါတယ္။
ဒီေလာက္ျပင္း တဲ့ရာသီဥတုၾကားထဲမွာေနထိုင္ႏိုင္တဲ့သတၱဝါေတြကေတာ့ စိတ္ဝင္စားစ ရာေကာင္းလွပါတယ္။ ဘယ္လိုအေကာင္ေတြလဲဆိုေတာ့ အၿမီးမွာဆူးရွိတဲ့ပုတ္သင္ညိဳ၊သဲေၾကာင္ေလးေတြနဲ႔ oryx လို႔ေခၚတဲ့ ေတာဆိတ္ေတြက ေကာင္း စြာရွင္သန္ႏိုင္ၾကပါတယ္။သဲႏြံေတြရွိေနတယ္ဆိုၿပီး မွတ္တမ္းေတြရွိတာေၾကာင့္ လူေတြအတြက္ေတာ့ ဒီကႏၲာရထဲသြားလာဖို႔ဆိုတာ အင္မတန္ အႏၲရာယ္မ်ားလွပါတယ္။
၃။ Karakum Desert
ဒီသဲကႏၲာရကေတာ့ အာရွအလယ္ပိုင္းေဒသက တာမင္နစၥတန္ႏိုင္ငံထဲမွာ ဧရိယာအမ်ားစုပါဝင္ေနပါတယ္။ Karakum ကေတာ့ တာကစ္ဘာသာစကားနဲ႔ အနက္ေရာင္သဲ လို႔ အဓိပၸါယ္ရပါတယ္။ ေျခာက္ေသြ႕တဲ့ေဒသျဖစ္ၿပီး ႏွစ္စဥ္မိုးေရခ်ိန္ကေတာ့ ၃လက္မနဲ႔ ၆လက္မၾကားသာ ႐ြာသြန္းေလ့ရွိပါတယ္။ သဲကႏၲာရရဲ႕ အလယ္ Derweze ေဒသမွာေတာ့ ငရဲျပည္ရဲ႕တံခါးေပါက္လို႔ တင္စားေခၚေဝၚၾကတဲ့ မီးေလာင္ေနတဲ့တြင္းေပါက္ႀကီး (Door to Hell) ရွိေနပါတယ္။
ဒီသဲကႏၲာရထဲမွာ ေျမေအာက္သဘာဝဓာတ္ေငြ႕ေတြယို ယြင္းလာၿပီးေနာက္ေပၚေပါက္လာၾကတဲ့ ေျမေအာက္အေခါင္းေပါက္ေတြရွိေနတာေၾကာင့္ ဒီကႏၲာရကို Gates of Hells လို႔လည္းေခၚၾကပါတယ္။ ်မေအာက္က်င္းေတြမွာရွိတဲ့ အႏၲရာယ္ဓာတ္ေငြ႕ေတြ ဟာအနီးနားက ေနရာေတြကိုပ်ံ႕ႏွံ႔သြားႏိုင္ၿပီး ေနထိုင္သူေတြအတြက္စိုးရိမ္စရာအေျခအေနျဖစ္ေနပါတယ္။
၂။ Sahara Desert Sahara
ဆာဟာရသဲကႏၲာရကေတာ့ ကမာၻေပၚမွာ နာမည္အႀကီးဆုံး ကႏၲာရျဖစ္ၿပီး အာဖရိကေျမာက္ပိုင္းေဒသမွာ တည္ရွိပါတယ္။ စတုရန္းမိုင္ ၃.၆သန္းေက်ာ္ က်ယ္ဝန္းၿပီး အယ္လ္ဂ်ီးရီးယား၊ အီဂ်စ္၊ခ်ာ့ဒ္၊လစ္ဗ်ား၊မာလီ၊ေမာ္ရီေတးနီးယား၊ေမာ္႐ိုကို၊နီဂ်ယ္၊ဆူဒန္ႏွင့္ တူနီးရွားႏိုင္ငံေတြထဲမွာ ပါဝင္ေနပါတယ္။ ကႏၱာရရဲ႕ ေနရာအမ်ားစုဟာ အပင္မ်ားစိုက္ပ်ိဳး၍ မရတဲ့ က်တ္တီးေျမမ်ားႏွင့္ မာေက်ာေသာ ေက်ာက္ေတာင္ကုန္းျမင့္ မ်ားသာျဖစ္ပါတယ္။
ပုံမွန္အားျဖင့္ အပူခ်ိန္ ၄၄ဒီဂရီဆဲစီးယပ္စ္အထိရွိၿပီး တခါတရံ ၅၀ဒီဂရီေက်ာ္အထိ ပူျပင္းတတ္သည္။ သုိ႔ေသာ္ညအခါတြင္မူ အေအးလြန္ကဲၿပီး ေရခဲမွတ္ေအာက္အထိ က်ေရာက္သြားတတ္ျပန္သည္။ အပူ အေအး လြန္ကဲကြာျခားေသာေၾကာင့္ ေက်ာက္မ်ားသည္ပင္ အပူအေအးအေျပာင္း အလဲဒဏ္ကို မခံႏိုင္ၾကသျဖင့္ ကြဲအက္ၿပီးလွ်င္ သဲမႈန္မ်ား ျဖစ္လာၾကရပါတယ္။ ထုိ႔အျပင္ အပူလႈိင္း ၊ သဲမႈန္တုိင္း ၊ ကင္းၿမီးေကာက္ မ်ားရဲ႕အႏၱရာယ္ကလည္း ရွိေနပါေသးတယ္။
၁။ Atacama Desert
ကမာၻေပၚမွာ အႏၱရာယ္အရွိဆုံး သဲကႏၱာရအျဖစ္ သတ္မွတ္ခံထားရတာကေတာ့ Atacama ကႏၲာရပဲျဖစ္ပါတယ္။ တည္ေနရာကေတာ့ ခ်ီလီႏိုင္ငံ ေျမာက္ဘက္ပိုင္း၊ အင္ဒီးစ္ေတာင္တန္းမ်ားရဲ႕ အနာက္ဘက္မွာျဖစ္ပါတယ္။ ကမာၻေပၚမွာ အေျခာက္ေသြ႔ဆုံးကႏၱာရျဖစ္ၿပီး ဒီကႏၱာရထဲက တခ်ုိ႕ေနရာေတြဆုိရင္ လြန္ခဲ့ေသာႏွစ္သန္းခ်ီကတည္းက မုိးအနည္းငယ္မွ်ပင္ ရြာသြန္းမႈမရွိခဲ့လုိ႔ သိရပါတယ္။
ဒီကႏၲာမွာ ၁၅၇၀ မွ ၁၉၇၁ အထိ ႏွစ္ေပါင္း ၄၀၀ေက်ာ္ေလာက္ကို မိုးမ႐ြာခဲ့ဘူးလုိ႔ သိရၿပီး ၂၀၁၅ခုႏွစ္မွာေတာ့ မိုးအသင့္တင့္႐ြာသြန္းမႈေၾကာင့္ တစ္ခ်ိဳ႕သစ္ပင္ ပန္းပင္ေတြေပါက္ေရာက္လာၾကပါတယ္။ ႏွစ္စဥ္ပ်မ္းမွ်မုိးေရခ်ိန္အေနနဲ႔ ၀.၆လက္မသာ ရွိပါတယ္။ ဒီကႏၱာရရဲ႕ ေလထုနဲ႔ ရာသီဥတုအေျခအေနဟာ မားစ္ၿဂိဳလ္နဲ႔ယွဥ္ႏိုင္ေလာက္ေအာင္ကို ဆိုး႐ြားပါတယ္။ မားစ္ၿဂဳိဟ္ရဲ႕ရာသီဥတုနဲ႔ ဆင္တာေၾကာင့္ နာဆာရဲ႕စမ္းသပ္မႈေတြကို ဒီေနရာမွာ ျပဳလုပ္ေနၾကပါတယ္။
အျခားသဲကႏၱာရေတြလုိ အလြန္ပူျပင္းမႈမရွိပဲ ပ်မ္းမွ်အပူခ်ိန္ကေတာ့ ၂၇ဒီဂရီဆဲစီးယပ္စ္ ၀န္းက်င္သာရွိတတ္ေပမယ့္ အပူခ်ိန္က်ဆင္းၿပီး အႏုတ္ ၁၅ဒီဂရီအထိ ေရာက္သြားတတ္ပါတယ္။ ဒါအျပင္ ေအာက္ဆီဂ်င္နည္းပါးၿပီး အသက္ရႈရခက္ခဲမႈေတြလည္း ရွိေနပါေသးတယ္။ ဒါေပမယ့္ ဒီလုိအေျခအေနမ်ုိးေတြကို စမ္းသပ္ခ်င္သူေတြလည္း ရွိေနတာေၾကာင့္ ဒီသဲကႏၱာရဟာ ခ်ီလီႏုိင္ငံရဲ႕ ကမာၻလွည့္ခရီးသြားေတြစိတ္၀င္စားရာ ေနရာတခုလည္းျဖစ္ေနပါေသးတယ္။
Discussion about this post