Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အနက်ဆုံးချောက်ထဲတောင် ရောက်နေပြီဖြစ်တဲ့ ပလတ်စတစ်တွေ

by Thutamm
January 4, 2020
Reading Time: 1min read
0
ကမ္ဘာ့အနက်ဆုံးချောက်ထဲတောင် ရောက်နေပြီဖြစ်တဲ့ ပလတ်စတစ်တွေ
Share on FacebookShare on Twitter

ပလတ်စတစ်တွေဟာလူသားတွေရဲ့လူနေထိုင်မှုဘဝမှာအလွန်အသုံးဝင်တယ်ဆိုတာမှန်ပေမယ့် အချိန်ကြာလာတနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကိုဒုက္ခပေးသလို လူတွေရဲ့ကျန်းမာရေးကိုလည်းထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ပလတ်စတစ်တွေကို အကောင်းဆုံးတီထွင်မှုလို့ ဆိုနိုင်သလို အဆိုးဆုံးတီထွင်မှုလို့လည်း ဆိုနိုင်ပါတယ်။ ကြွပ်ကြွပ်အိတ်လို ပလတ်စတစ်တွေဟာ နှစ်(၅၀၀)လောက်အထိဆွေးမြေ့ပျက်စီးမှုမရှိကြပဲ မြေကြီးအတွင်းမှာဆိုရင် အောက်ဆီဂျင်ထွက်ရှိမှုကို ပိတ်ဆို့ကာ အပင်တွေရှင်သန်ဖို့နဲ့သတ္တဝါတွေရဲ့ ရှင်သန်မှုကို ဖျက်ဆီးလေ့ရှိကြလို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာဆိုရင် ယခုချိန်အထိ ပလတ်စတစ်တန် ချိန် (၁၅၀)မီလီလျံမက်ဒရစ်တန်လောက်လည်ပတ်လျက်ရှိနေတယ်လို့သိရပြီး အားလုံးနီးပါးဟာ (Plastic Waste) စွန့်ပစ်ပလတ်စတစ်ဖြစ်သွားဖို့ရာခိုင်နှုန်းများနေပါတယ်။ ဒီလို သာဆိုရင်တော့ ကမ္ဘာရေ၊မြေတနေရာရာကို စွန့်ပစ်ပလတ်စတစ်တွေရောက်ရှိ သွားမှာဖြစ်လို့ သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေကို ထိထိရောက်ရောက်ကိုဒုက္ခပေး ကြတော့မှာဖြစ်ပါတယ်။

ထိတ်လန့်စရာကောင်းတဲ့တွေ့ရှိချက် ကတော့ အဲဒီစွန့်ပစ်ပလတ်စတစ်တွေဟာ ကမ္ဘာပေါ်မှာအနက်ဆုံးသမုဒ္ဒရာချောက်ဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက Mariana ချောက်ကြီးရဲ့အနက်ဆုံးကြမ်းပြင်အထိကိုတောင် ရောက်ရှိနေခဲ့ပြီ ဆိုတာပါ။ အမေရိကန်ရေငုပ်သမား Victor Vescovo ရဲ့တွေ့ရှိချက်မှာတော့ ကြွပ်ကြွပ်အိတ်ေ တွနဲ့ပလတ်စတစ်အချို့ကို တစ်စုစည်းထဲတွေ့ရှိခဲ့တာဖြစ်ပြီး ယင်းနေရာဟာ ကမ္ဘာကြီးရဲ့ အနက်ရှိုင်းဆုံးအပိုင်းတွေအနက်ကတစ်ခုဖြစ်တာကြောင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ဟာ ကမာ့္ဘနေရာအစိတ်အပိုင်းမရွေး ရှိနေပြီဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

Victor Vescovo ဟာ အမေရိကန်ရေတပ်ကနေအနားယူခဲ့တဲ့စစ်သားဟောင်းတစ် ယောက်ဖြစ်ပြီး အနားယူချိန်ကနေစပြီး Dicovery Channel ရဲ့ Five Deeps Expedition အစီစဉ်မှာပါဝင်ပြီး အသင်းနဲ့အတူရေအောက်ရှာဖွေရေးလုပ်ငန်းတွေကို လိုပ်ကိုင်နေသူဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သမုဒ္ဒရာရေပြင်အောက်ကစူးစမ်း တွေ့ရှိမှုတွေကို ရုပ်မြင်သံကြားကြည့်ရှုသူတွေအတွက် ဗဟုသုတအဖြစ်အပိုင်းစဉ်အလိုက်တင်ပြပေးနေတာဖြစ်ပြီး ဒီအတွက် Victor တို့လူစုဟာ Mariana Trench အပြင် Puerto Rico ၊ Jave နဲ့ South Sandwich စတဲ့သမုဒ္ဒရာချောက်နက်ကြီးတွေအတွင်းကို ဆင်းသက်ကာ စူးစမ်လေ့လာမှုရုပ်သံ Video တွေရိုက်ကူးမှုပြုနေခဲ့ကြတာဖြစ်ပါတယ်။

Victor Vescovo တို့ရဲ့ Marianan ချောက်ကိုစူးစမ်းလေ့လာမှုပြုလုပ်တဲ့ကာလဖြစ်တဲ့ (၂၀၁၉)ခုနှစ်၊ ဧပြီ(၂၈)ရက်နေ့သမုဒ္ဒရာရေပြင်အောက်စူးစမ်းမှုခရီးစဉ်အတွင်းမှာတော့ Victor တို့ရေငုပ်သမားအုပ်စုဟာ ချောက်ကြီးရဲ့အနက်ဆုံးအပိုင်းဖြစ်တဲ့ တောင်ဘက် အစွန်ဆုံးမှာတည်ရှိတဲ့ Challenger Deep ကိုရောက်ရှိခဲ့ပါတယ်။

ယင်းနေရာဟာ (၃၅၈၅၃) ပေအထိနက်ရှိုင်းပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတော့ အနက်ရှိုင်းဆုံးနေရာအ ဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ မှတ်တမ်းတွေအရတော့ Victor တို့အဖွဲ့ရောက်ရှိတဲ့ နေရာ ဟာ အမေရိကန်ရေကြောင်းသမိုင်းမှာတော့ အနက်ရှိုင်းဆုံးနေရာတွေလို့ဆိုရမှာ ဖြစ်ပြီး (၁၉၆၀)လောက်ကတော့ ဆွစ်ဇာလန်သမုဒ္ဒရာကျွမ်းကျင်ပညာရှင် Jacques Piccard နဲ့ အမေရိကန်ရေတပ်ဗိုလ် Don Walsh တို့ဟာ (၁၉၆၀)လောက်ကတစ်ကြိမ်ရောက်ရှိဖူး ပါတယ်။

(၂၀၁၂)ခုနှစ်မှာတော့ ဟောလိဝုဒ်ကဒါရိုက်တာတစ်ဦးလည်းဖြစ် ၊သဘာဝပထဝီဝင်ပညာဆိုင်ရာ လေ့လာသူတစ်ယောက်လည်းဖြစ်တဲ့ James Cameron ကလည်းယင်း Mariana ချောက်ရဲ့အနက်ရှိုင်းဆုံးနေရာတွေအထိရောက်ခဲ့ဖူး တယ်လို့သိရပါတယ်။ ဒါပေမဲ့ Vescovo နောက်ဆုံးရောက်ရှိတဲ့ Challenger Deep ရဲ့ အတွင်းပိုင်းနေရာဟာ အထက်မှာဖော်ပြခဲ့တဲ့အဖွဲ့တွေထက် (၆၂)ပေပိုနက်တာကိုတွေ့ရပါတယ်။ Victor တို့အုပ်စုဟာ The Limiting Factor ဆိုတဲ့ရေငုပ် လေ့လာရေးယာဉ်ငယ်ကိုအသုံးပြုကာ သမုဒ္ဒရာကြမ်းပြင်အောက်မှာ လေ့လာမှုတွေပြုလုပ်နေခဲ့ပြီး အမှောင်ထုနဲ့ပြင်းထန်တဲ့ဖိ အားတွေကြောင့် ဓာတ်ပုံမှတ်တမ်းရိုက်ကူးရာမှာတော့ အခက်တွေ့ခဲ့တယ်လို့ သိရပါတယ်။

လေ့လာမှုတွေအထဲမှာပဲ စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေသာမက ပတ်ဝန်းကျင်နဲ့လိုက်ညီစွာရှင်သန်နေတဲ့ သက်ရှိအကောင်ငယ်တွေကိုတွေ့ခဲ့ရသလို အရောင်စုံ ကျောက်သားဖွဲ့စည်းပုံတွေ ၊ ပန်းရောင်ပတ်ကျိတွေ၊ ဇွန်းပုံသဏ္ဍာန်တီကောင်တွေ၊ ပင်လယ်မျှော့တွေ၊ ပုစွန်တုပ်ကောင်တွေကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

လေ့လာချက်တွေအရတော့ စွန့်ပစ်ပလတ်စတစ် မက်ဒရစ်(၈)တန်လောက်ဟာ နှစ်စဉ် ကမ္ဘာသမုဒ္ဒရာတွေအတွင်း ကျရောက်နေခဲ့ရတယ်လို့သိရပါတယ်။ ဒါဟာ ပင်လယ်နေ သတ္တဝါတွေရဲ့ ရှင်သန်နေထိုင်မှုကို အမှန်တကယ် အဆိုးဘက်ကနေအကျိုးသက်ရောက်မှာဖြစ်ပြီး ယခုဆိုရင် ရောက်ဖို့ခက်ခဲတဲ့ သမုဒ္ဒရာရဲ့ အနက်ဆုံးအပိုင်းတွေအထိတောင် နေရာယူနေခဲ့ပြီဖြစ်ပါတယ်။

အထူးသဖြင့် ပင်လယ်လိပ်၊ငါးနဲ့ အခြားသောပင်လယ်နေသတ္တဝါတွေဟာ ပလတ်စတစ်တွေရဲ့ဆိုးကျိုးကို အဓိကခံစားနေရကြောင်းကို လက်ရှိကမ္ဘာရုပ်သံမီဒီယာတွေမှာ ဖော်ပြနေကြတာကိုလည်း အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ့ ကြွပ်ကြွပ်အိတ်အသုံးမပြုရေးလှုပ်ရှားမှုတွေပြုလုပ်နေတယ်ဆိုပေမယ့် ပလတ်စတစ်တွေဟာလျော့နည်းမသွားတဲ့အပြင် ကမ္ဘာ့ကုန်သွယ်စီးပွားရေးအခြေအနေအရ လာမယ့် ဆယ်စုနှစ်အတွင်း ပလတ်စတစ်ထုတ်လုပ်ရေးဟာ လက်ရှိထက် (၂)ဆပိုများသွားနိုင်တယ်လို့ခန့်မှန်းထား တာလည်းရှိနေပါတယ်။

အမှန်လည်း အမေရိကန်၊တရုတ်နဲ့အခြားသောအင်အားကြီး နိုင်ငံတွေရဲ့ ကဏ္ဍဟာ သဘာဝဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းမှာ အတော်ကိုမှေးမှိန်နေတာကိုတွေ့ရမှာဖြစ်ပြီး လက်ရှိအတိုင်းသာသွားရင် မကြာခင်နှစ်တွေအတွင်းမှာပဲ ပင်လယ်သမုဒ္ဒရာတွေဟာ စုစုပေါင်း ပလတ်စတစ်မက်ဒရစ်တန်ချိန် (၂၅၀)လောက်ကို စုဆောင်းပေးရမဲ့အခြေအနေမှာ ရှိနေပါတယ်။

Tags: world knowledgeworld news

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Next Post
သဘာဝကို ထိန်းသိမ်းဖို့ ယန်ဇီမြစ်အတွင်း ငါးဖမ်းခွင့်ပိတ်လိုက်တဲ့ တရုတ်နိုင်ငံ

သဘာဝကို ထိန်းသိမ်းဖို့ ယန်ဇီမြစ်အတွင်း ငါးဖမ်းခွင့်ပိတ်လိုက်တဲ့ တရုတ်နိုင်ငံ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!