လက်ကိုင်ဖုန်း ယဉ်ကျေးမှုဟာ ကမ္ဘာနဲ့အဝှမ်းတစ်ဟုန်ထိုး ထိုးဖောက်လာခဲ့ပြီးနောက်မှာ သူနဲ့အတူပူးတွဲပါဝင်လာတာကတော့ ဆယ်ဖီဆွဲတဲ့အလေ့ဖြစ်ပါတယ်။ ဆယ်ဖီပုံကောင်း တစ်ခုရဖို့ဆိုရင်တော့ မှန်ကန်တဲ့ကင်မရာ angle ရှိရမယ်၊ အလင်းအမှောင်မျှတရမယ်၊ပိုစ်ပေးသူရဲ့ မျက်နှာ ခန္ဓာကိုယ်အနေအထားမှန်ကန်ရမယ် စတဲ့အချက်တွေနဲ့ပြည့်စုံရပါမယ်။ ဆယ်ဖီနဲ့ပတ်သက်ပြီး ပြပွဲ၊ပြိုင်ပွဲတွေအထိတောင်ရှိ နေခဲ့ပြီး တစ်ဖက်မှာလည်း ဆယ်ဖီအရိုက်ကောင်းလို့ အသက်သေဆုံးရတဲ့ဖြစ်စဉ်တွေ အထိတောင်ရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ဂေါ်ရီလာမျောက်ဝံတွေနဲ့ အတူတွဲပြီးဆယ်ဖီရိုက်ခဲ့ပြီး ကမ္ဘာသွေးအအေးဆုံးဆယ်ဖီသ မားအဖြစ်မီဒီယာတွေအထက်မှာနာမည်ကျော်ခဲ့သူတွေရဲ့ အကြောင်းဖြစ်ပါ တယ်။ အမှန်တော့ သူတို့ဟာ ကွန်ဂိုနိုင်ငံရဲ့သစ်တောဝန်ထမ်းတောခေါင်းတွေဖြစ်ကြပြီး သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေ အတွင်းမှာ မထင်မှတ်ပဲ ကမ္ဘာသွေးအအေးဆုံးဆယ်ဖီသမားတွေ အဖြစ် လူသိများခဲ့ကြသူတွေဖြစ်ပါတယ်။
အာဖရိကတိုက်၊ကွန်ဂိုသမ္မတနိုင်ငံမှာတည်ရှိတဲ့ Virunga အမျိုးသားဥယျာဉ်ဟာဆိုရင် ဂေါ်ရီလာမျောက်ဝံများစွာရှိနေတဲ့အရပ်ဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့နယ်မြေဖြစ်တာ နဲ့အညီ ကန့်သတ်နယ်မြေအတွင်းလာရောက်လည်ပတ်သူရယ်လို့မရှိသလောက်ရှားပါး ပါတယ်။ ဂေါ်ရီလာတွေဟာ သန်မာတဲ့သားရဲတိရိစ္ဆာန်တွေထဲပါဝင်ပြီး အခန့်မသင့်ရင် လူကိုသေစေတဲ့တိုက်ခိုက်တတ်ကြသူတွေဖြစ်တာကြောင့်လည်းသတ်မှတ်အတားအဆီးတွေကိုကျော်လွန်ပြီး ဆယ်ဖီဓာတ်ပုံလာရိုက်တဲ့သူရှိတယ်ဆိုရင်တော့ ကြားရသူတိုင်း ပါးစပ်အဟောင်းသားဖြစ်စေမှာဖြစ်ပါတယ်။
Virunga အမျိုးသားဥယျာဉ် ဟာကွန်ဂိုနိုင်ငံ အရှေဘက်စွန်းက Albertine Rift တောင်ကြားမှာတည်ရှိပါတယ်။ အဲဒီ ဥယျာဉ်ကို (၁၉၂၅)ခုနှစ်လောက်ကတည်းက တည်ထောင်ထားတာဖြစ်ပြီး အာဖရိကရဲ့ ပထမဆုံးသော သစ်တောထိန်းသိမ်းရေးနယ်မြေအဖြစ်လည်းထင်ရှားပါတယ်။ သစ်တောဥယျာဉ်ကြီးရဲ့ မြောက်မှတောင်အထိအကွာအဝေး(၁၉၀)မိုင်လောက်အကျယ် ရှိပြီး အိမ်နီးချင်းယူဂန်ဒါနဲပရဝမန်ဒါတို့ရဲ့နိုင်ငံတကာနယ်နိမိတ်မျဉ်းတစ်လျှောက်တည် ရှိနေတာဖြစ်ပါတယ်။ Virunga အမျိုးသားဥယျာဉ်ရဲ့စုစုပေါင်းဧရိယာကတော့ (၂၉၉၉၆၀) စတုရန်းမိုင်အထိကိုရှိနေပြီး တောနက်ဧရိယာတင် (၃၁၂၀)စတုရန်း မိုင်ရှိကာ (၁၉၉၄)ခုနှစ်ကတည်းက List of World Heritage in Danger စာရင်းဝင်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့နယ်မြေအဖြစ်လည်းရှိနေခဲ့တာဖြစ်ပါတယ်။
Virunga အမျိုးသားဥယျာဉ်ဟာကွန်ဂိုရဲ့စိမ်းလန်းစိုပြေတဲ့သစ်တောဧရိယာအတွင်းပါဝင် နေပြီး UNESCO ရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေအဖြစ်လည်းသတ်မှတ်ခြင်း ခံထားရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတော့ ကွန်ဂိုနိုင်ငံရဲ့လုံခြုံရေးအခြေအနေ ကြောင့် ယင်းနယ်မြေဟာ စစ်တပ်ရဲ့အန ္တရာယ်စက်ကွင်းဒေသအဖြစ် သတ်မှတ်ခြင်းခံရပြီး လာရောက်သူတွေကိုကန့်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ သစ်တောဝန်ထမ်းအယောက်(၆၀၀) လောက်ကိုတော့ အစိုးရရဲ့ခွင့်ပြုချက်နဲ့ ယင်းနယ်မြေအတွင်းဝင်ရောက်စေကာ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေနဲ့ ဂေါ်ရီလာမျောက်ဝံစောင့် ရှောက်ရေးလုပ်ငန်းစဉ်တွေကိုဆက်လက်လုပ်ဆောင်စေခဲ့တာတော့ရှိခဲ့ပါတယ်။
ဒီအတွက်လည်း Virunga အမျိုးသားဥယျာဉ်က တရားဝင်ဝက်ဆိုဒ်တစ်ခုဖန်တီးပြီး စောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့သတင်း၊ဓာတ်ပုံတွေကို အချိန်နဲ့တစ်ပြေးညီ အွန်လိုင်းပေါ်ကိုတင်လေ့ရှိပါတယ်။ Virunga သစ်တောဥယျာဉ်အတွင်းတာဝန်ထမ်း ဆောင်နေတဲ့ တောခေါင်းတွေဟာ အထူးလေ့ကျင့်ထားတဲ့ တောရိုင်းနဲ့တိရစ္ဆာန်ထိန်းသိမ်းရေးပညာရှင်တွေဖြစ်ကြပြီး အထူးသဖြင့် သူတို့အဓိကကြုံတွေ့ရမဲ့ ဂေါ်ရီလာ မျောက်ဝံတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်ကြပါတယ်။
သူတို့ဟာ အရေးပေါ်ကယ်ဆယ်ရေးနည်းစဉ်တွေကိုပိုင်နိုင်ကျွမ်းကျင်ကြသလို အခက် အခဲတွေကြား၊ကန့်သတ်ချက်တွေကြားကပဲ ဂေါ်ရီလာမျောက်ဝံတစ်ကောင်ချင်းစီရဲ့ အခက်အခဲကိုသာမက မိသားစုလိုက်ထိန်းသိမ်း၊ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင် ရွက်နိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ တောခေါင်းတွေဟာ ဂေါ်ရီလာတွေနဲ့ရင်းနှီး တဲ့ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့ပြီး ဖော်ပြပါဆယ်ဖီပုံတွေတွဲဖက်ရိုက်ကူးတဲ့အဆင့်အထိဖြစ်လာခဲ့ပါတယ်။
သာမန်လူတစ်ယောက်အဖို့ ဂေါ်ရီလာတွေနဲ့ ယခုလိုဆယ်ဖီဆွဲဖို့ ဆိုတာ ကြောက်စရာအလုပ်လို့ထင်ပေမဲ့ တောခေါင်းတွေအတွက်တော့ဒါဟာနေ့စဉ် အလုပ်တစ်ခုလို့ပဲသတ်မှတ်ရပါမယ်။ ဖော်ပြထားတဲ့ပုံတွေအနက်မှာဆိုရင် သစ်တောကြီးကိုသာ နေ့စဉ်တက်နေရတဲ့ရုံးအဖြစ် သတ်မှတ်ထားတဲ့ သစ်တောဝန်ထမ်းတောခေါင်းတွေအဖို့ သူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ ဂေါ်ရီလာမျောက်ဝံတွေကလည်းပူးတွဲပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။
ပုံမှာပါဝင်တဲ့ ဂေါ်ရီလာ(၂)ကောင်ရဲ့နာမည်ကိုတော့ Ndakasi နဲ့ Matabishi လို့သိရပြီး Virunga သစ်တောဥယျာဉ်အတွင်းမှာတော့ အတက်ကြွဆုံးနဲ့ လူတွေနဲ့အရင်းနှီးဆုံးဂေါ်ရီလာ တွေ ဖြစ်တယ်လို့သိရပါတယ်။ လူတွေနဲ့နီးစပ်မှုရှိလား၊မရှိလားသူတို့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု ကိုရပ်တန့်ကာ ကင်မရာလာရာကိုကြည့်နေတဲ့ ဆယ်ဖီပုံဟာ တောခေါင်း Mathieu Shamavu ရဲ့ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Another day at the office လို့ရေးသားကာ သူရဲ့facebook စာမျက်နှာမှာတင်ချိန်မှာတော့ မြင်ရသူတိုင်းသဘောကျချင်စရာဖြစ်သွားခဲ့ပါတယ်။
ဒုတိယပုံမှာဆိုရင်လည်း Ndakasi နဲ့ Matabishi တို့နှစ်ကောင်ကပဲ တောခေါင်း Patrick Sadiki နဲ့အတူဆယ်ဖီတွဲဖက်ရိုက်ကူးခဲ့ကြပြီး Family Portrait ဆိုပြီးfacebook စာမျက် နှာတွေထက်နာမည်ကျော်ခဲ့တဲ့ပုံဖြစ်ပါတယ်။
တတိယပုံမှာတော့ ဂေါ်ရီလာမျောက်ဝံတစ်ကောင်ဟာ တောခေါင်းရဲ့ပခုံးကိုခွစီးပြီး သူရဲ့ ကြမ်းတမ်းတဲ့လက်တွေနဲ့ လူသားရဲ့ဦးခေါင်းကိုငြင်သာစွာ ပွတ်သပ်နေတာကိုတွေ့ရပါမယ်။ သူရဲ့ caption မှာတော့ လူငယ်တစ်ယောက်ဟာ သူရဲကောင်းလည်းဖြစ်နိုင်သလို အာဇာနည်တစ်ယောက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအတွက်သူဟာ ရိုးရှင်းတဲ့ဘ ဝရဲ့တန်ဖိုးကိုနားလည်ဖို့လိုပြီး သူတော်ကောင်းအကျင့်စရိုက်ကိုပိုင်နိုင်မှပါ။ ဒါတွေက လည်း ဘုရားသခင်ရဲ့အကြံဉာဏ်လိုပါတယ်ဆိုပြီး တောရိုင်းတိရိစ္ဆာန်တွေကိုထိန်းသိမ်း စောင့်ရှောက်တာဟာ မွန်မြတ်တဲ့အလုပ်တစ်ခုဖြစ်ကြောင်း ပုံနဲ့တစ်ကွစာရေးသားဖော် ပြခဲ့ပါတယ်။
အမည်မသိရတဲ့အဆိုပါတောခေါင်းဟာ သူအလုပ်အတွက်အလွန်ကိုဂုဏ် ယူနေပုံပေါ်ပြီး သူရဲ့facebbok ကနေထပ်ဆင့်မျှဝေခဲ့ချိန်မှာတော့ ကမ္ဘာအဝှမ်းကချီးကျူး ဂုဏ်ပြုမှုများစွာရရှိခဲ့ပါတယ်။ ကမ္ဘာမီဒီယာတွေကတော့ ကွန်ဂိုရဲ့သစ်တောဝန်ထမ်းတောခေါင်းတွေကို ကမ္ဘာသွေးအအေးဆုံး ဆယ်ဖီသမားတွေလို့ခေါင်းစဉ်တပ်ချီးမွှမ်းခဲ့ပြီး သစ်တော၊သစ်ပင်၊သစ်တော နေတိရိစ္ဆာန်မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေကိုမြှင်တင်ဖို့ ကမ္ဘာအရပ်ရပ်ကို နှိုးဆော်ခဲ့တာဖြစ်ပါတယ်။
Discussion about this post