(Unicode)
ရိုဘော့ဆိုတာကတော့ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပရိုဂရမ်ထည့်ထားကာ အလိုလျောက်အလုပ်လုပ်နိုင်တဲ့ စက်ကို ခေါ်တာပါ။ Robot ဆိုတဲ့အခေါ်အဝေါ်ကိုတော့ ၁၉၂၀ခုနှစ်မှာမှ ချက်ခ်စာရေးဆရာတယောက်ဖြစ်တဲ့ Karel Čapek က စတင်သုံးနှုန်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီစကားလုံးမပေါ်ခင် နှစ်ပေါင်း ထောင်ချီကာလ ကတည်းက လူသားတွေဟာ အလိုလျောက်စက်တွေကို ဖန်တီးခဲ့ကြပါတယ်။ Mechanism ထိန်းချုပ်မှုတွေနဲ့ ဒီဇိုင်းဆွဲဖန်တီးထားတဲ့ ဒီစက်တွေ အရုပ်တွေကိုတော့ Automaton လို့ခေါ်ကြပါတယ်။
ဒီတခါ သုတဇုန်မိတ်ဆွေတွေကို မျှဝေမှာကတော့ ကမ္ဘာကျော် စွယ်စုံရ ရှေးပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ မနုဿစက်ရုပ် ကနေ ပြင်သစ်လုပ်စက်ရုပ်ဝမ်းဘဲအထိ အစောပိုင်းကာလကပေါ်ပေါက်ခဲ့တဲ့ စက်ရုပ်တွေနဲ့ အလိုအလျောက် ရွေလျားနိုင်တဲ့ စက်(၇) မျိုးရဲ့အကြောင်း အရာအချို့ဖြစ်ပါတယ်။
(၁) Da Vinci’s Knight
ကမ္ဘာပေါ်မှာ ပေါက်ပေါက်ခဲ့တဲ့ ပညာရှင်တွေထဲမှာ လီယိုနာဒိုဒါဗင်ချီကို အထူးခြားဆုံးပညာရှင်အဖြစ် သတ်မှတ်လေ့ရှိတယ်။ အကြောင်းကတော့ ပညာရှင်အများစုဟာ နယ်ပယ်တခု (သို့) ၂ ခုလောက်မှာသာ ထူးချွန်ထင်ရှားလေ့ရှိပေမယ့် ဒါဗင်ချီကတော့ ပညာရပ်နယ်ပယ်ပေါင်းများစွာမှာ ထင်ရှားခဲ့လို့ပါ။ သူဟာ ပန်းချီ ၊ ပန်းပု ၊ ဗိသုကာ ၊ သိပ္ပံ ၊ တေးဂီတ ၊ ဆေးပညာ ၊ အင်ဂျင်နီယာပညာ စတဲ့ပညာရပ်ပေါင်းများစွာမှာ တီထွင်လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရှေးပညာကျော်ကြီးလီယိုနာဒိုဒါဗင်ချီဟာဆိုရင် အလိုအလျောက်စက်တွေနဲ့ ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့်ပြန့်ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ပြန်လည်တွေ့ရှိတဲ့သူရဲ့မှတ်စုစာအုပ်မှာဆိုရင်လည်း ဟိုက်ဒရောလစ်ရေနာရီမှနေပြီး စက်ရုပ်ခြင်္သေ့တွေအထိ ဖန်တီးတဲ့စက်မှုပိုင်းဆိုင်ရာနည်းပညာရပ်တွေနဲ့ပြည့်နှက်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။ ယင်းပစ္စည်း တွေအနက်က လူသိအများဆုံးကတော့ ဂျာမန် နိုက်သူရဲကောင်းသဏ္ဍာန် သံချပ်ကာဝတ်ဆင်ထားတဲ့ လူသားစက်ရုပ်ပဲဖြစ်ပါတယ်။
ဒါဗင်ချီဖန်တီးထားတဲ့စက်ရုပ်ရဲ့အစိတ်အပိုင်း တွေကိုလေ့လာကြည့်မယ်ဆိုရင်တော့အပြင်ပိုင်းကနေ ကောက်တံတစ်ခုနဲ့မောင်းနှင်ပြီး ကေဘယ်ကြိုးတွေ၊ ပူလီတွေကိုအသုံးပြုပြီး စက်ရုပ်ရဲ့အထိုင်၊အထ၊ခေါင်းလှည့်၊လက် တွေလှုပ်ရှားတာတွေကနေ တပ်ဆင်ထားတဲ့သတ္ထုဒိုင်းကိုမြှောက်နိုင်ဖို့အထိဖန်တီးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
လီယိုနာဒိုဒါဗင်ချီကတော့ စက်ရုပ်တွေရဲ့ရှေပြေးပုံစံကို (၁၄၉၅)ခုနှစ်ကတည်းက မီလန်မြို့စားကြီးရဲ့အားပေးမှုနဲ့တည်ဆောက်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယခင်ကတော့ ဒါဗင်ချီရဲ့ဖန်တီးမှုအပေါ် ထင်မြင်ချက်ကွဲလွဲမှုတွေ ရှိနေခဲ့ပေမဲ့ (၂၀၀၂)ခုနှစ်က NASA ကစက်ရုပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Mark Rosheim က ဒါဗင်ချီရဲ့မှတ်စုတိုတွေကနည်းအတိုင်း စက်ရုပ်တစ်ခုကိုတည်ဆောက်နိုင်ခဲ့ချိန်မှာတော့ လီယိုနာဒိုဒါဗင်ချီဟာ (၁၅)ရာစုကာလကတည်းက လူသားစက်ရုပ်ကို တီထွင်နိုင်ခဲ့တယ်ဆိုတာကို အားလုံးကလက်ခံခဲ့ရပါတယ်။
(၂) The Mechanical Monk
(၁၆)ရာစုကာလက စက်ရုပ်ဘုန်းတော်ကြီးဖြစ်လာတာကတော့ စပိန်ဘုရင် ဒုတိယ ဖိလစ် ကြောင့်ပါ။ ဒဏ္ဍာရီပုံပြင်တွေမှာတော့ ဘုရင်ကြီးရဲ့အမွေဆက်ခံမဲ့သားတော်လေးဟာ ဦးခေါင်းဒဏ်ရာရရှိသွားပြီး ပျောက်ကင်းဖို့ခက်ခဲနေချိန်မှာ ဘုရင်ကြီးက သားတော်လေးပြန်လည်ကောင်းမွန်လာခဲ့ရင် အံ့ဖွယ်ရာကောင်းတဲ့ ပူဇော်မှုတစ်ခုကိုပြု လုပ်ပေးမယ်လို့ ကောင်းကင်တမာန်တွေကို ရည်ညွှန်းတိုင်တည်ခဲ့ပါတယ်။
မကြာခင်မှာပဲ မင်းသားလေးဟာဒဏ်ရာကနေအံ့ဖွယ်ကောင်းမွန်လာနိုင်ခဲ့ပြီး ဘုရင်ကြီးကလည်း သူ တိုင်တည်ထားတဲ့အတိုင်း ယင်းခေတ်အခါကစက် ယန္တရားပညာသည်တစ်ယောက်ဖြစ်တဲ့ Juanelo Turriano ကိုခေါ်ဆောင်ပြီး (၁၆)ရာစုရဲ့ဘုန်းတော်ကြီးစက်ရုပ်ကို တည်ဆောက်စေခဲ့ပါတယ်။ တည်ဆောက်ပြီးစီးချိန်ကိုတော့ (၁၅၆၀) ပြည့်နှစ်ကာလအတွင်းမှာပဲဖြစ်တယ်လို့ခန့်မှန်းထားကြပြီး (၁၅)လက်မအမြင့်ရှိပါတယ်။ သံပတ်ကို အသုံးပြုပြီးယန္တရားကိုတည်ဆောက်ထားရှိကာ သံဝင်ရိုးနဲ့မောင်းတံအပေါ်ကနေ စက်ရုပ်ဘုန်းတော်ကြီးရဲ့ဝတ်ရုံ အောက်ကနေဖုံးကွယ်ထားတဲ့ ဘီး(၃)ဘီးနဲ့ရွေလျားပါတယ်။
ယင်းစက်ရုပ်ဟာလူတွေလမ်းလျှောက်ပုံကိုတုပထားပြီး မျက်လုံး၊နှုတ်ခမ်းနဲ့ ဦးခေါင်းအားလုံးဟာ သက်ရှိလူတစ်ယောက်နဲ့မခြားတူညီပါတယ်။ ယင်းရုပ်တုမှာ လာရောက်ဆုတောင်းသူတွေအတွက်အလွန်အံသြစရာဖြစ်ခဲ့တယ်လို့သိရပြီး စတုရန်းပုံသာရွေလျားနိုင်ပြီး ဦးခေါင်းရွေလျားပုံအတိုင်းပါးစပ်နေရာကလိုက်လံပြောင်း လဲနေပြီး လက်ယာလက်နဲ့ရင်ဘတ်ကိုထိကာ ပုတီးစိတ်နေဟန်တွေပြုလုပ်နိုင်ပါတယ်။ ယင်းစက်ရုပ်ဘုန်းတော်ကြီးရဲ့သက်တမ်းက နှစ်ပေါင်း(၄၅၀) ကျော်လွန်နေပြီဖြစ်ကာယနေ့အချိန်မှာတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက Smithsonian ပြတိုက်မှာပြသထားပါတယ်။
(၃) Al-Jazari’s Floating Orchestra (ရေပေါ် ပေါ်နေတဲ့ သံစုံတီးဝိုင်း)
(၁၂)ရာစုကနေ (၁၃)ရာစုကာလအတွင်းက အာရပ်စွယ်စုံပညာရှင်တစ်ယောက်ဖြစ်တဲ့ Al- Jazari ဆိုသူဟာ Islamic Golden Age ကာလအတွင်းမှာပဲ အာရပ်ကမ္ဘာရဲ့အဆန်းပြားဆုံးလို့ ဆိုရမယ့်အရာကို ဖန်တီးပြခဲ့ပါတယ်။ သူဟာ ရေစွမ်းအားသုံး အချိန်အမှတ်အသား( ရေနာ ရီတွေ)၊အခမ်းအနားတွေမှာ ဝိုင်အရက်ခွက်အလိုအလျောက်ပေးဝေတဲ့စက်တွေအပြင် ဆပ်ပြာနဲ့လက်သုတ်အဝတ်ပါဝင်တဲ့ လက်ဆေးစက်တွေအထိ ဖန်တီးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါအပြင် Al- Jazari ဟာ (၁၂၀၆)ခုနှစ်ကာလကပဲ BOOK of Knowledge of Ingenious Mechanical Devices အမည်ရစာအုပ်ကို ရေးသားခဲ့ပြီး စီးနင်းနေစဉ် ဂီတသံစဉ်တွေထုတ်ပေးနိုင်တဲ့ ရေပေါ်သံစုံတီးဝိုင်းကိုလည်း ဒီဇိုင်းရေးဆွဲကာ ဖန်တီးပြခဲ့ပါတယ်။ အလွှာလေးခုပါဝင်နေတဲ့ သံစုံတီးဝိုင်းကြီးဖြစ်ပြီး စောင်း၊ပလွေ၊ ဒရမ်(၂)ခုပါ ဝင်နေပြီး စက်ပိုင်းဆိုင်ရာပညာရှင်တစ်ယောက်နဲ့အတူ ရေကန်ကြီးတွေအထက်မောင်း နှင်ကာဖျော်ဖြေတင်ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်။
အသံလှိုင်းအမျိုးမျိုးထွက်ပေါ်ရန်အတွက် တံစို့တွေပါဝင်ပြီး လည်ပတ်နေတဲ့ဒရမ်တွေဖန်တီးပေးကာ အခြားသောတူရိယာပစ္စည်းတွေအတွက်တော့ ဂီတသမားတွေနဲ့သင်္ဘောသားတွေက ခန္ဓာကိုယ် လှုပ်ရှားပုံစံနဲ့အသံထွက်လာအောင်ပြုလုပ်ထားပါတယ်။ လည်ပတ်နေတဲ့ဒရမ်တွေအပေါ်က စည်တွေဟာ တေးသွားတစ်ပုဒ်နဲ့ တစ်ပုဒ်မတူအောင်တည်နေရာကွဲ မျိုးစုံနဲ့ထိန်းညှိပေးခဲ့ပြီး ပညာရှင်အချို့ကတော့ Al- Jazari ရဲ့စက်ရုပ်သံစုံတီးဝိုင်းဟာ ပထမဆုံးသော programmable Computer တခုဖြစ်တယ်လို့ ယူဆကြပါတယ်။
(၄) Archytas’ Dove
သမိုင်းပညာရှင်အများစုကတော့ Tarentum မြို့က Archytas ကို ဂရိသင်္ချာပညာရှင်နဲ့ နိုင်ငံရေးအတွေးအခေါ်ပညာရှင် တစ်ယောက်လို့သာ သိထားကြပေမယ့် နောက်ပိုင်းတွေ့ရှိတဲ့သမိုင်းမှတ်တမ်းတွေမှာတော့ သူဟာ စက်ရုပ်တွေဖန်တီးခဲ့တယ်လို့သိလာရပါတယ်။ ဘီစီ (၃၅၀) ကာလမှာဆိုရင် Archytas ဟာ လေအား(သို့) ရေနွေးငွေ့အားကို အသုံးပြုထားတဲ့ သစ်သားချိုးငှက်ရုပ်ကို ဖန်တီးခဲ့ပါတယ်။
Archytasရဲ့စက်ရုပ်ချိုးငှက်ဟာဆိုရင် အတောင်ပံတဖျတ်ဖျတ်ခတ်ကာ ကောင်းကင်ထက်ပျံသန်းနိုင်တယ်လို့ ဆိုကြပြီး သူဖန်တီးခဲ့တဲ့ ဒီငှက်စက်ရုပ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိတော့တာကြောင့် ခေတ်သစ်ပညာရှင်တွေအတွက် ဒီစက်ရုပ်ရဲ့ အတွင်းကစက်တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့အကြောင်းကိုတော့ ခန့်မှန်းမှုတွေသာပြုလုပ်နိုင်ကြပါတယ်။ အများစုကတော့ Archytas ရဲ့ချိုးငှက်ဟာ ကောင်းကင်ကိုပျံရာမှာ စက်သီးကြိုးစနစ်နဲ့ ပျံသန်းတာမျိုးဖြစ်မယ်လို့ယူဆကြပါတယ်။
တဖျတ်ဖျတ်လူးနေတဲ့ အတောင်ပံကတော့ သစ်သားငှက်လေထဲရောက်သွားချိန်မှာ လေတိုတ်ခတ်မှုကြောင့် ပေါ့ပါးတဲ့အတောင်တွေလှုပ်ခါနေပုံဖြစ်နိုင်ကြောင်းနဲ့ Archytas ရဲ့ စက်ရုပ်ငှက်ပျံသန်းတာဟာ ချိန်သီးကြိုးတပ်ဆင်ထားတဲ့ ချည်တိုင်တစ်ခုနဲ့တစ်ခုအကြားအတွင်းမှာသာဖြစ်နိုင်ကြောင်း ယုံကြည်ကြပါတယ်။ သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းတွေမှာတော့ Archytas ရဲသစ်သားစက်ရုပ်ချိုးငှက်ဟာ မြေပြင်အထက်မီတာ (၂၀၀) လောက်အထိကိုပျံသန်းနိုင်တယ်လို့ပါရှိပြီး ကမ္ဘာသမိုင်းရဲ့ ပထမဆုံးသော အလိုအလျောက် လှုပ်ရှားတဲ့စက်အဖြစ် သတ်မှတ်ထားကြပါတယ်။
(၅) The Silver Swan ( ငွေငန်းဖြူ)
အလိုအလျောက်လှုပ်ရှားနိုင်တဲ့ The Silver Swan ( ငွေငန်းဖြူ)ကို စတင်ဖန်တီးခဲ့ကြသူတွေကတော့ ပွဲစီစဉ်သူ James Cox နဲ့ လက်ပတ်နာရီပြုလုပ်တဲ့ပညာရှင် john Joseph Merlin တို့ဖြစ်ပြီး ဖန်တီးခဲ့တဲ့ကာလကတော့ (၁၇၇၃)ခုနှစ်ကဖြစ်ပါတယ်။ Clockwork motor (၃)ခုကိုအသုံးပြုပြီး ချောင်းထဲမှာမျောနေတဲ့ စက်ရုပ် ငန်းဖြူတစ်ကောင်ရဲ့ပုံရိပ်ကို ဖော်ကျူးပါတယ်။
တပ်ဆင်ထားတဲ့ မောင်းတံနဲ့စပရိန်တွေကြောင့်ငန်းရဲ့လည်ပင်းပိုင်း တွေဟာကွေးညွတ်နိုင်၊တုန်ခါနိုင်သလို နှုတ်သီးဟာဆိုရင် တကယ့်ငန်းတစ်ကောင်နဲ့မခြား အဖွင့်/အပိတ်ပြုလုပ်နိုင်ပါတယ်။ ဒါအပြင်စက်ရုပ်ငန်းရဲ့ အတွင်းပိုင်းမှာ ဆိုရင်လည်း music box တစ်ခုထည့်သွင်းထားတာကြောင့် ကိုယ်ပိုင်သံစဉ်တေးသွားတွေကိုလည်း ထုတ်လွှတ်ပေးနိုင်ပါတယ်။ အဲဒီ The Silver Swan ( ငွေငန်းဖြူ) ကို (၁၉၇၂)ခုနှစ်က အင်္ဂလန်နိုင်ငံက Bowes ပြတိုက်အတွက် Durham က ဝယ်ယူခြင်းမပြုမီ မူရင်းတီထွင်သူ Jamw Cox ရဲ့လန်ဒန်မှာရှိတဲ့ စက်မှုပြ တိုက်နဲ့ (၁၈၆၇)ခုနှစ် ပါရီအပြည်ပြည်ဆိုင်ရာပြပွဲတွေမှာပြသခဲ့ကာ လူများစွာရဲ့စိတ်ဝင် စားမှုကိုရရှိခဲ့ပါတယ်။
ဒီစက်ရုပ်ဘဲဟာ ရေထဲက ငါး(ဖန်တီးထားတဲ့အရုပ်) တွေကိုပါ နှုတ်သီးနဲ့ ကောက်ယူကာ ကိုက်ချီပြီး စားနေတဲ့သဏ္ဍာန်လည်း လုပ်နိုင်ပါတယ်။ နာမည်ကျော် စာရေးဆရာကြီး Mark Twain ကလည်း သူရဲ့ ပြင်သစ်ခရီးစဉ်အတွင်း ယင်း စက်ရုပ်ငန်းကိုမြင်တွေ့ပြီးနောက်မှာတော့ သက်ရှိတစ်ကောင်လိုပြုမှုနေနိုင်တဲ့ယင်းစက်ရုပ်ကြောင့် မိမိတို့ရဲ့အသိဉာဏ်ပညာဟာ ခေတ္တမျှမျက်ခြေပြတ်သွားသလိုဖြစ်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။
(၆) Jaquet-Droz Three Automatons
ဆွစ်ဇာလန်လူမျိုး တီထွင်ဖန်တီးသူ Pierre Jaquet- Droz ဟာတန်ဖိုးကြီးလက်ပတ်နာရီတွေကိုဖန်တီးသူအဖြစ်ရှိနေရာကနေ (၁၈)ရာစုရဲ့အလိုအလျောက်စက်တွေကိုဖန်တီးခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်ပါထပ်တိုးလာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ (၁၇၆၈)ခုနှစ်မှာ The Writer အမည်ရတဲ့ နှစ်ပေအမြင့်ရှိစားပွဲခုံပေါ်မှာထိုင်နေတဲ့ လူငယ်အရုပ်ဖြစ်ပါတယ်။ ဝင်ရိုး အရှင်မှာတပ်ဆင်ထားတဲ့ ထောင်ပေါင်းများစွာသော ရွေလျားနိုင်တဲ့အစိတ်အပိုင်းတွေကိုအသုံးပြုပြီး စက်ရုပ်ဟာလူသားတစ်ယောက်စာရေးတဲ့ဟန်အထိ တုပနိုင်ကာ စက္ကူပေါ်မှာ မူလကတည်းကကြိုတင်စီစဉ်ထားတဲ့ စာလုံးရေ(၄၀) လောက်ကို ရေးသားနိုင်ပါတယ်။
Pierre Jaquet- Droz ဟာ သားဖြစ်သူ Henri-Louis နဲ့အတူ နောက်ထပ်လူသားပုံစံတူ စက်ရုပ် (၂)ခုကိုထပ်မံ တည်ဆောက်ခဲ့ပြန်ပါတယ်။ ယင်းအနက် အမျိုးသားပုံကတော့ ပုံကြမ်းရေးဆွဲသူဖြစ်ပြီး ဘော့ပင်ကိုအသုံးပြုပြီး ဘုရင်လူးဝစ်(၁၅)ရဲ့ပုံတူအပါအဝင် ပုံ(၄) ပုံကိုရေးဆွဲထားဟန်ဖန်တီးထားပါတယ်။ နောက်ထပ်စက်ရုပ်ကတော့ တေးဂီတတီးခတ် သူဂီတပညာရှင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကွဲပြားတဲ့တေးသံပါဝင်တဲ့သီချင်း(၅)ပုဒ်လောက်ကို အလိုအလျောက် တီးခတ်နိုင်ပါတယ်။
Pierre Jaquet- Droz ဖန်တီးထားတဲ့စက်ရုပ်တွေရဲ့မျက်စိတွေဟာဆိုရင် သူတို့လုပ်ကိုင်နေတဲ့အရာအပေါ်စိတ်ပါဝင်စားမှုအပြည့်ရှိနေ တာဟာ လူတစ်ယောက်နဲ့မခြားနားပါဘူး။ သူဖန်တီးထားတဲ့အလိုအလျောက်စက်ရုပ် (၃)ခုတွဲကိုတော့ (၁၈)ရာစုနောက်ပိုင်းကာလတွေက နိုင်ငံအတော်များများရဲ့တော်ဝင် နန်းတော်ကြီးတွေမှာလှည့်လည်ပြသခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ အမျိုးသားပြတိုက်အတွင်းကိုရောက်ရှိသွားပါတော့တယ်။ နှစ်ပေါင်း ၂၅၀ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် Pierre Jaquet- Droz ရဲ့စက်ရုပ်(၃)ခုစလုံးကတော့ သူတို့ရဲ့ပုံစံအတိုင်းတေးဂီတတီးခတ်တာ၊ စာရေးတာ၊ ပုံတူဆွဲတာတွေကို ယနေ့တိုင် ကောင်းစွာဆောင်ရွက်နိုင်နေကြဆဲဖြစ်ပါတယ်။
(၇) Vaucanson’s Digesting Duck
(၁၇၃၀)ကာလက ပြင်သစ်စွန့်ဦးတီထွင်သူ Jacques de Vaucanson ဆိုသူဟာ အလိုလျောက်လှုပ်ရှားနိုင်တဲ့ စက်ရုပ်တွေကိုဖန်တီးပြီး လူအများရဲ့စိတ်အာရုံကို ဆွဲဆောင်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။ သူဟာဇာတ်တေးသီချင်း (၁၂)ပုဒ် လောက်ကို သီဆိုနိုင်တဲ့ လူလုပ်အဆုတ် ၁စုံ ပါဝင်တဲ့ ပလွေဆရာ (flute player) စက်ရုပ်တစ်ခုကိုတည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှာဆိုရင် လူတွေထက် ပိုမိုမြန်ဆန်စွာတီးနိုင်မှုတ်နှိုင်တဲ့ အလိုအလျောက်စက်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါသေးတယ်။
Vaucanson ရဲ့တီထွင်မှုတွေအနက်မှာ အထင်ရှားဆုံးလက်ရာကတော့ အတောင်ပံခတ်နိုင်၊ ရေကန်ထဲကနေခုန်တက်နိုင်ပြီး လာရောက်ကြည့်ရှုသူတွေဆီက အစာကိုတောင်လာရောက်စားသောက်နိုင်တဲ့ Digesting Duck (ဝမ်းဘဲ) စက်ရုပ်ဖြစ်ပါတယ်။ ရွှေရောင်ကြေးနီနဲ့ပြလုပ်ထားတဲ့ စက်ရုပ်ဘဲငန်းကို ကျုံ့နိုင်၊ဆွဲနိုင်တဲ့မောင်းတံတွေ၊စပရိန်တွေနဲ့ ရှုပ်ထွေးစွာတည်ဆောက်ထားပြီး ဘဲငန်းရဲ့အစာအိမ်လမ်းကြောင်းကို ပြောင်းလွယ်၊ပြင်လွယ်နိုင်တဲ့ ရော်ဘာပြွန်တွေနဲ့တည်ဆောက်ထားပြီး အမှန်တကယ် အစာစားသောက်ပြီးချေနိုင်ရန်ပြုလုပ်ထားပါတယ်။
(၁၈)ရာစုကာလအတွင်းမှာတော့ Vaucanson ရဲ့ ဝမ်းဘဲစက်ရုပ် ဟာ အလွန်ကို ကျော်ကြားခဲ့ပြီး ဥရောပ တလွှားကနန်းတော် အတော်များများမှာနေရာယူ ပြသနိုင်ခဲ့တာကိုတွေ့ရပါတယ်။ စိတ်မကောင်းစရာကတော့ နာမည်ကျော်ခဲ့တဲ့ ဒီစက်ရုပ်ဘဲငန်းဟာ ပြတိုက်တခုမှာ ပြသထားရင်း ၁၈၇၉ ခုနှစ်မှာ ပြတိုက်မီးလောင်မှုဖြစ်ပွားတဲ့အထဲ ပါသွားပြီး ပျက်စီးသွားခဲ့လို့ဖြစ်ပါတယ်။ ဒီအရုပ် နဲ့ ပုံစံတူစက်ရုပ်ကို Frédéric Vidoni ဆိုသူ ပညာရှင်တဦးက ၁၉၉၈ ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့ပြီး ပြင်သစ်အရှေ့တောင်ပိုင်းက Grenoble မြို့ပြတိုက်မှာ ပြသထားလျက်ရှိပါတယ်။
——— ——— ——–
(Zawgyi)
ကမာၻ႔သမိုင္းထဲက ေရွးေဟာင္း စက္႐ုပ္ (၇)မ်ိဳး
႐ိုေဘာ့ဆိုတာကေတာ့ အားလုံးသိၾကၿပီးျဖစ္တဲ့အတိုင္း ပ႐ိုဂရမ္ထည့္ထားကာ အလိုေလ်ာက္အလုပ္လုပ္ႏိုင္တဲ့ စက္ကို ေခၚတာပါ။ Robot ဆိုတဲ့အေခၚအေဝၚကိုေတာ့ ၁၉၂၀ခုႏွစ္မွာမွ ခ်က္ခ္စာေရးဆရာတေယာက္ျဖစ္တဲ့ Karel Čapek က စတင္သုံးႏႈန္းခဲ့ျခင္းျဖစ္ပါတယ္။ ဒီစကားလုံးမေပၚခင္ ႏွစ္ေပါင္း ေထာင္ခ်ီကာလ ကတည္းက လူသားေတြဟာ အလိုေလ်ာက္စက္ေတြကို ဖန္တီးခဲ့ၾကပါတယ္။ Mechanism ထိန္းခ်ဳပ္မႈေတြနဲ႔ ဒီဇိုင္းဆြဲဖန္တီးထားတဲ့ ဒီစက္ေတြ အ႐ုပ္ေတြကိုေတာ့ Automaton လို႔ေခၚၾကပါတယ္။
ဒီတခါ သုတဇုန္မိတ္ေဆြေတြကို မွ်ေဝမွာကေတာ့ ကမာၻေက်ာ္ စြယ္စုံရ ေရွးပညာေက်ာ္ႀကီး လီယိုနာဒိုဒါဗင္ခ်ီရဲ႕ မႏုႆစက္႐ုပ္ ကေန ျပင္သစ္လုပ္စက္႐ုပ္ဝမ္းဘဲအထိ အေစာပိုင္းကာလကေပၚေပါက္ခဲ့တဲ့ စက္႐ုပ္ေတြနဲ႔ အလိုအေလ်ာက္ ေ႐ြလ်ားႏိုင္တဲ့ စက္(၇) မ်ိဳးရဲ႕အေၾကာင္း အရာအခ်ိဳ႕ျဖစ္ပါတယ္။
(၁) Da Vinci’s Knight
ကမာၻေပၚမွာ ေပါက္ေပါက္ခဲ့တဲ့ ပညာရွင္ေတြထဲမွာ လီယိုနာဒိုဒါဗင္ခ်ီကို အထူးျခားဆုံးပညာရွင္အျဖစ္ သတ္မွတ္ေလ့ရွိတယ္။ အေၾကာင္းကေတာ့ ပညာရွင္အမ်ားစုဟာ နယ္ပယ္တခု (သို႔) ၂ ခုေလာက္မွာသာ ထူးခြၽန္ထင္ရွားေလ့ရွိေပမယ့္ ဒါဗင္ခ်ီကေတာ့ ပညာရပ္နယ္ပယ္ေပါင္းမ်ားစြာမွာ ထင္ရွားခဲ့လို႔ပါ။ သူဟာ ပန္းခ်ီ ၊ ပန္းပု ၊ ဗိသုကာ ၊ သိပၸံ ၊ ေတးဂီတ ၊ ေဆးပညာ ၊ အင္ဂ်င္နီယာပညာ စတဲ့ပညာရပ္ေပါင္းမ်ားစြာမွာ တီထြင္လုပ္ေဆာင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ေရွးပညာေက်ာ္ႀကီးလီယိုနာဒိုဒါဗင္ခ်ီဟာဆိုရင္ အလိုအေလ်ာက္စက္ေတြနဲ႔ ပတ္သက္ၿပီးလည္း က်ယ္က်ယ္ျပန႔္ျပန႔္ေရးသားမွတ္တမ္းတင္ခဲ့ပါတယ္။ ျပန္လည္ေတြ႕ရွိတဲ့သူရဲ႕မွတ္စုစာအုပ္မွာဆိုရင္လည္း ဟိုက္ဒေရာလစ္ေရနာရီမွေနၿပီး စက္႐ုပ္ျခေသၤ့ေတြအထိ ဖန္တီးတဲ့စက္မႈပိုင္းဆိုင္ရာနည္းပညာရပ္ေတြနဲ႔ျပည့္ႏွက္လ်က္ရွိတာကို ေတြ႕ခဲ့ရပါတယ္။ ယင္းပစၥည္း ေတြအနက္က လူသိအမ်ားဆုံးကေတာ့ ဂ်ာမန္ ႏိုက္သူရဲေကာင္းသ႑ာန္ သံခ်ပ္ကာဝတ္ဆင္ထားတဲ့ လူသားစက္႐ုပ္ပဲျဖစ္ပါတယ္။
ဒါဗင္ခ်ီဖန္တီးထားတဲ့စက္႐ုပ္ရဲ႕အစိတ္အပိုင္း ေတြကိုေလ့လာၾကည့္မယ္ဆိုရင္ေတာ့အျပင္ပိုင္းကေန ေကာက္တံတစ္ခုနဲ႔ေမာင္းႏွင္ၿပီး ေကဘယ္ႀကိဳးေတြ၊ ပူလီေတြကိုအသုံးျပဳၿပီး စက္႐ုပ္ရဲ႕အထိုင္၊အထ၊ေခါင္းလွည့္၊လက္ ေတြလႈပ္ရွားတာေတြကေန တပ္ဆင္ထားတဲ့သတၳဳဒိုင္းကိုေျမႇာက္ႏိုင္ဖို႔အထိဖန္တီးထားတာကိုေတြ႕ရမွာျဖစ္ပါတယ္။
လီယိုနာဒိုဒါဗင္ခ်ီကေတာ့ စက္႐ုပ္ေတြရဲ႕ေရွေျပးပုံစံကို (၁၄၉၅)ခုႏွစ္ကတည္းက မီလန္ၿမိဳ႕စားႀကီးရဲ႕အားေပးမႈနဲ႔တည္ေဆာက္ျပႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ယခင္ကေတာ့ ဒါဗင္ခ်ီရဲ႕ဖန္တီးမႈအေပၚ ထင္ျမင္ခ်က္ကြဲလြဲမႈေတြ ရွိေနခဲ့ေပမဲ့ (၂၀၀၂)ခုႏွစ္က NASA ကစက္႐ုပ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ Mark Rosheim က ဒါဗင္ခ်ီရဲ႕မွတ္စုတိုေတြကနည္းအတိုင္း စက္႐ုပ္တစ္ခုကိုတည္ေဆာက္ႏိုင္ခဲ့ခ်ိန္မွာေတာ့ လီယိုနာဒိုဒါဗင္ခ်ီဟာ (၁၅)ရာစုကာလကတည္းက လူသားစက္႐ုပ္ကို တီထြင္ႏိုင္ခဲ့တယ္ဆိုတာကို အားလုံးကလက္ခံခဲ့ရပါတယ္။
(၂) The Mechanical Monk
(၁၆)ရာစုကာလက စက္႐ုပ္ဘုန္းေတာ္ႀကီးျဖစ္လာတာကေတာ့ စပိန္ဘုရင္ ဒုတိယ ဖိလစ္ ေၾကာင့္ပါ။ ဒ႑ာရီပုံျပင္ေတြမွာေတာ့ ဘုရင္ႀကီးရဲ႕အေမြဆက္ခံမဲ့သားေတာ္ေလးဟာ ဦးေခါင္းဒဏ္ရာရရွိသြားၿပီး ေပ်ာက္ကင္းဖို႔ခက္ခဲေနခ်ိန္မွာ ဘုရင္ႀကီးက သားေတာ္ေလးျပန္လည္ေကာင္းမြန္လာခဲ့ရင္ အံ့ဖြယ္ရာေကာင္းတဲ့ ပူေဇာ္မႈတစ္ခုကိုျပဳ လုပ္ေပးမယ္လို႔ ေကာင္းကင္တမာန္ေတြကို ရည္ၫႊန္းတိုင္တည္ခဲ့ပါတယ္။
မၾကာခင္မွာပဲ မင္းသားေလးဟာဒဏ္ရာကေနအံ့ဖြယ္ေကာင္းမြန္လာႏိုင္ခဲ့ၿပီး ဘုရင္ႀကီးကလည္း သူ တိုင္တည္ထားတဲ့အတိုင္း ယင္းေခတ္အခါကစက္ ယႏၲရားပညာသည္တစ္ေယာက္ျဖစ္တဲ့ Juanelo Turriano ကိုေခၚေဆာင္ၿပီး (၁၆)ရာစုရဲ႕ဘုန္းေတာ္ႀကီးစက္႐ုပ္ကို တည္ေဆာက္ေစခဲ့ပါတယ္။ တည္ေဆာက္ၿပီးစီးခ်ိန္ကိုေတာ့ (၁၅၆၀) ျပည့္ႏွစ္ကာလအတြင္းမွာပဲျဖစ္တယ္လို႔ခန႔္မွန္းထားၾကၿပီး (၁၅)လက္မအျမင့္ရွိပါတယ္။ သံပတ္ကို အသုံးျပဳၿပီးယႏၲရားကိုတည္ေဆာက္ထားရွိကာ သံဝင္႐ိုးနဲ႔ေမာင္းတံအေပၚကေန စက္႐ုပ္ဘုန္းေတာ္ႀကီးရဲ႕ဝတ္႐ုံ ေအာက္ကေနဖုံးကြယ္ထားတဲ့ ဘီး(၃)ဘီးနဲ႔ေ႐ြလ်ားပါတယ္။
ယင္းစက္႐ုပ္ဟာလူေတြလမ္းေလွ်ာက္ပုံကိုတုပထားၿပီး မ်က္လုံး၊ႏႈတ္ခမ္းနဲ႔ ဦးေခါင္းအားလုံးဟာ သက္ရွိလူတစ္ေယာက္နဲ႔မျခားတူညီပါတယ္။ ယင္း႐ုပ္တုမွာ လာေရာက္ဆုေတာင္းသူေတြအတြက္အလြန္အံၾသစရာျဖစ္ခဲ့တယ္လို႔သိရၿပီး စတုရန္းပုံသာေ႐ြလ်ားႏိုင္ၿပီး ဦးေခါင္းေ႐ြလ်ားပုံအတိုင္းပါးစပ္ေနရာကလိုက္လံေျပာင္း လဲေနၿပီး လက္ယာလက္နဲ႔ရင္ဘတ္ကိုထိကာ ပုတီးစိတ္ေနဟန္ေတြျပဳလုပ္ႏိုင္ပါတယ္။ ယင္းစက္႐ုပ္ဘုန္းေတာ္ႀကီးရဲ႕သက္တမ္းက ႏွစ္ေပါင္း(၄၅၀) ေက်ာ္လြန္ေနၿပီျဖစ္ကာယေန႔အခ်ိန္မွာေတာ့ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီက Smithsonian ျပတိုက္မွာျပသထားပါတယ္။
(၃) Al-Jazari’s Floating Orchestra (ေရေပၚ ေပၚေနတဲ့ သံစုံတီးဝိုင္း)
(၁၂)ရာစုကေန (၁၃)ရာစုကာလအတြင္းက အာရပ္စြယ္စုံပညာရွင္တစ္ေယာက္ျဖစ္တဲ့ Al- Jazari ဆိုသူဟာ Islamic Golden Age ကာလအတြင္းမွာပဲ အာရပ္ကမာၻရဲ႕အဆန္းျပားဆုံးလို႔ ဆိုရမယ့္အရာကို ဖန္တီးျပခဲ့ပါတယ္။ သူဟာ ေရစြမ္းအားသုံး အခ်ိန္အမွတ္အသား( ေရနာ ရီေတြ)၊အခမ္းအနားေတြမွာ ဝိုင္အရက္ခြက္အလိုအေလ်ာက္ေပးေဝတဲ့စက္ေတြအျပင္ ဆပ္ျပာနဲ႔လက္သုတ္အဝတ္ပါဝင္တဲ့ လက္ေဆးစက္ေတြအထိ ဖန္တီးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
ဒါအျပင္ Al- Jazari ဟာ (၁၂၀၆)ခုႏွစ္ကာလကပဲ BOOK of Knowledge of Ingenious Mechanical Devices အမည္ရစာအုပ္ကို ေရးသားခဲ့ၿပီး စီးနင္းေနစဥ္ ဂီတသံစဥ္ေတြထုတ္ေပးႏိုင္တဲ့ ေရေပၚသံစုံတီးဝိုင္းကိုလည္း ဒီဇိုင္းေရးဆြဲကာ ဖန္တီးျပခဲ့ပါတယ္။ အလႊာေလးခုပါဝင္ေနတဲ့ သံစုံတီးဝိုင္းႀကီးျဖစ္ၿပီး ေစာင္း၊ပေလြ၊ ဒရမ္(၂)ခုပါ ဝင္ေနၿပီး စက္ပိုင္းဆိုင္ရာပညာရွင္တစ္ေယာက္နဲ႔အတူ ေရကန္ႀကီးေတြအထက္ေမာင္း ႏွင္ကာေဖ်ာ္ေျဖတင္ဆက္မႈေတြျပဳလုပ္ခဲ့ပါတယ္။
အသံလႈိင္းအမ်ိဳးမ်ိဳးထြက္ေပၚရန္အတြက္ တံစို႔ေတြပါဝင္ၿပီး လည္ပတ္ေနတဲ့ဒရမ္ေတြဖန္တီးေပးကာ အျခားေသာတူရိယာပစၥည္းေတြအတြက္ေတာ့ ဂီတသမားေတြနဲ႔သေဘၤာသားေတြက ခႏၶာကိုယ္ လႈပ္ရွားပုံစံနဲ႔အသံထြက္လာေအာင္ျပဳလုပ္ထားပါတယ္။ လည္ပတ္ေနတဲ့ဒရမ္ေတြအေပၚက စည္ေတြဟာ ေတးသြားတစ္ပုဒ္နဲ႔ တစ္ပုဒ္မတူေအာင္တည္ေနရာကြဲ မ်ိဳးစုံနဲ႔ထိန္းညႇိေပးခဲ့ၿပီး ပညာရွင္အခ်ိဳ႕ကေတာ့ Al- Jazari ရဲ႕စက္႐ုပ္သံစုံတီးဝိုင္းဟာ ပထမဆုံးေသာ programmable Computer တခုျဖစ္တယ္လို႔ ယူဆၾကပါတယ္။
(၄) Archytas’ Dove
သမိုင္းပညာရွင္အမ်ားစုကေတာ့ Tarentum ၿမိဳ႕က Archytas ကို ဂရိသခ်ၤာပညာရွင္နဲ႔ ႏိုင္ငံေရးအေတြးအေခၚပညာရွင္ တစ္ေယာက္လို႔သာ သိထားၾကေပမယ့္ ေနာက္ပိုင္းေတြ႕ရွိတဲ့သမိုင္းမွတ္တမ္းေတြမွာေတာ့ သူဟာ စက္႐ုပ္ေတြဖန္တီးခဲ့တယ္လို႔သိလာရပါတယ္။ ဘီစီ (၃၅၀) ကာလမွာဆိုရင္ Archytas ဟာ ေလအား(သို႔) ေရေႏြးေငြ႕အားကို အသုံးျပဳထားတဲ့ သစ္သားခ်ိဳးငွက္႐ုပ္ကို ဖန္တီးခဲ့ပါတယ္။
Archytasရဲ႕စက္႐ုပ္ခ်ိဳးငွက္ဟာဆိုရင္ အေတာင္ပံတဖ်တ္ဖ်တ္ခတ္ကာ ေကာင္းကင္ထက္ပ်ံသန္းႏိုင္တယ္လို႔ ဆိုၾကၿပီး သူဖန္တီးခဲ့တဲ့ ဒီငွက္စက္႐ုပ္ကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ျခင္းမရွိေတာ့တာေၾကာင့္ ေခတ္သစ္ပညာရွင္ေတြအတြက္ ဒီစက္႐ုပ္ရဲ႕ အတြင္းကစက္ေတြဘယ္လိုအလုပ္လုပ္တယ္ဆိုတဲ့အေၾကာင္းကိုေတာ့ ခန႔္မွန္းမႈေတြသာျပဳလုပ္ႏိုင္ၾကပါတယ္။ အမ်ားစုကေတာ့ Archytas ရဲ႕ခ်ိဳးငွက္ဟာ ေကာင္းကင္ကိုပ်ံရာမွာ စက္သီးႀကိဳးစနစ္နဲ႔ ပ်ံသန္းတာမ်ိဳးျဖစ္မယ္လို႔ယူဆၾကပါတယ္။
တဖ်တ္ဖ်တ္လူးေနတဲ့ အေတာင္ပံကေတာ့ သစ္သားငွက္ေလထဲေရာက္သြားခ်ိန္မွာ ေလတိုတ္ခတ္မႈေၾကာင့္ ေပါ့ပါးတဲ့အေတာင္ေတြလႈပ္ခါေနပုံျဖစ္ႏိုင္ေၾကာင္းနဲ႔ Archytas ရဲ႕ စက္႐ုပ္ငွက္ပ်ံသန္းတာဟာ ခ်ိန္သီးႀကိဳးတပ္ဆင္ထားတဲ့ ခ်ည္တိုင္တစ္ခုနဲ႔တစ္ခုအၾကားအတြင္းမွာသာျဖစ္ႏိုင္ေၾကာင္း ယုံၾကည္ၾကပါတယ္။ သမိုင္းေၾကာင္းဆိုင္ရာ မွတ္တမ္းေတြမွာေတာ့ Archytas ရဲသစ္သားစက္႐ုပ္ခ်ိဳးငွက္ဟာ ေျမျပင္အထက္မီတာ (၂၀၀) ေလာက္အထိကိုပ်ံသန္းႏိုင္တယ္လို႔ပါရွိၿပီး ကမာၻသမိုင္းရဲ႕ ပထမဆုံးေသာ အလိုအေလ်ာက္ လႈပ္ရွားတဲ့စက္အျဖစ္ သတ္မွတ္ထားၾကပါတယ္။
(၅) The Silver Swan ( ေငြငန္းျဖဴ)
အလိုအေလ်ာက္လႈပ္ရွားႏိုင္တဲ့ The Silver Swan ( ေငြငန္းျဖဴ)ကို စတင္ဖန္တီးခဲ့ၾကသူေတြကေတာ့ ပြဲစီစဥ္သူ James Cox နဲ႔ လက္ပတ္နာရီျပဳလုပ္တဲ့ပညာရွင္ john Joseph Merlin တို႔ျဖစ္ၿပီး ဖန္တီးခဲ့တဲ့ကာလကေတာ့ (၁၇၇၃)ခုႏွစ္ကျဖစ္ပါတယ္။ Clockwork motor (၃)ခုကိုအသုံးျပဳၿပီး ေခ်ာင္းထဲမွာေမ်ာေနတဲ့ စက္႐ုပ္ ငန္းျဖဴတစ္ေကာင္ရဲ႕ပုံရိပ္ကို ေဖာ္က်ဴးပါတယ္။
တပ္ဆင္ထားတဲ့ ေမာင္းတံနဲ႔စပရိန္ေတြေၾကာင့္ငန္းရဲ႕လည္ပင္းပိုင္း ေတြဟာေကြးၫြတ္ႏိုင္၊တုန္ခါႏိုင္သလို ႏႈတ္သီးဟာဆိုရင္ တကယ့္ငန္းတစ္ေကာင္နဲ႔မျခား အဖြင့္/အပိတ္ျပဳလုပ္ႏိုင္ပါတယ္။ ဒါအျပင္စက္႐ုပ္ငန္းရဲ႕ အတြင္းပိုင္းမွာ ဆိုရင္လည္း music box တစ္ခုထည့္သြင္းထားတာေၾကာင့္ ကိုယ္ပိုင္သံစဥ္ေတးသြားေတြကိုလည္း ထုတ္လႊတ္ေပးႏိုင္ပါတယ္။ အဲဒီ The Silver Swan ( ေငြငန္းျဖဴ) ကို (၁၉၇၂)ခုႏွစ္က အဂၤလန္ႏိုင္ငံက Bowes ျပတိုက္အတြက္ Durham က ဝယ္ယူျခင္းမျပဳမီ မူရင္းတီထြင္သူ Jamw Cox ရဲ႕လန္ဒန္မွာရွိတဲ့ စက္မႈျပ တိုက္နဲ႔ (၁၈၆၇)ခုႏွစ္ ပါရီအျပည္ျပည္ဆိုင္ရာျပပြဲေတြမွာျပသခဲ့ကာ လူမ်ားစြာရဲ႕စိတ္ဝင္ စားမႈကိုရရွိခဲ့ပါတယ္။
ဒီစက္႐ုပ္ဘဲဟာ ေရထဲက ငါး(ဖန္တီးထားတဲ့အ႐ုပ္) ေတြကိုပါ ႏႈတ္သီးနဲ႔ ေကာက္ယူကာ ကိုက္ခ်ီၿပီး စားေနတဲ့သ႑ာန္လည္း လုပ္ႏိုင္ပါတယ္။ နာမည္ေက်ာ္ စာေရးဆရာႀကီး Mark Twain ကလည္း သူရဲ႕ ျပင္သစ္ခရီးစဥ္အတြင္း ယင္း စက္႐ုပ္ငန္းကိုျမင္ေတြ႕ၿပီးေနာက္မွာေတာ့ သက္ရွိတစ္ေကာင္လိုျပဳမႈေနႏိုင္တဲ့ယင္းစက္႐ုပ္ေၾကာင့္ မိမိတို႔ရဲ႕အသိဉာဏ္ပညာဟာ ေခတၱမွ်မ်က္ေျချပတ္သြားသလိုျဖစ္ခဲ့ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။
(၆) Jaquet-Droz Three Automatons
ဆြစ္ဇာလန္လူမ်ိဳး တီထြင္ဖန္တီးသူ Pierre Jaquet- Droz ဟာတန္ဖိုးႀကီးလက္ပတ္နာရီေတြကိုဖန္တီးသူအျဖစ္ရွိေနရာကေန (၁၈)ရာစုရဲ႕အလိုအေလ်ာက္စက္ေတြကိုဖန္တီးခဲ့သူဆိုတဲ့ ဂုဏ္ပုဒ္ပါထပ္တိုးလာခဲ့ပါတယ္။ ပထမဆုံးအေနနဲ႔ (၁၇၆၈)ခုႏွစ္မွာ The Writer အမည္ရတဲ့ ႏွစ္ေပအျမင့္ရွိစားပြဲခုံေပၚမွာထိုင္ေနတဲ့ လူငယ္အ႐ုပ္ျဖစ္ပါတယ္။ ဝင္႐ိုး အရွင္မွာတပ္ဆင္ထားတဲ့ ေထာင္ေပါင္းမ်ားစြာေသာ ေ႐ြလ်ားႏိုင္တဲ့အစိတ္အပိုင္းေတြကိုအသုံးျပဳၿပီး စက္႐ုပ္ဟာလူသားတစ္ေယာက္စာေရးတဲ့ဟန္အထိ တုပႏိုင္ကာ စကၠဴေပၚမွာ မူလကတည္းကႀကိဳတင္စီစဥ္ထားတဲ့ စာလုံးေရ(၄၀) ေလာက္ကို ေရးသားႏိုင္ပါတယ္။
Pierre Jaquet- Droz ဟာ သားျဖစ္သူ Henri-Louis နဲ႔အတူ ေနာက္ထပ္လူသားပုံစံတူ စက္႐ုပ္ (၂)ခုကိုထပ္မံ တည္ေဆာက္ခဲ့ျပန္ပါတယ္။ ယင္းအနက္ အမ်ိဳးသားပုံကေတာ့ ပုံၾကမ္းေရးဆြဲသူျဖစ္ၿပီး ေဘာ့ပင္ကိုအသုံးျပဳၿပီး ဘုရင္လူးဝစ္(၁၅)ရဲ႕ပုံတူအပါအဝင္ ပုံ(၄) ပုံကိုေရးဆြဲထားဟန္ဖန္တီးထားပါတယ္။ ေနာက္ထပ္စက္႐ုပ္ကေတာ့ ေတးဂီတတီးခတ္ သူဂီတပညာရွင္အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး ကြဲျပားတဲ့ေတးသံပါဝင္တဲ့သီခ်င္း(၅)ပုဒ္ေလာက္ကို အလိုအေလ်ာက္ တီးခတ္ႏိုင္ပါတယ္။
Pierre Jaquet- Droz ဖန္တီးထားတဲ့စက္႐ုပ္ေတြရဲ႕မ်က္စိေတြဟာဆိုရင္ သူတို႔လုပ္ကိုင္ေနတဲ့အရာအေပၚစိတ္ပါဝင္စားမႈအျပည့္ရွိေန တာဟာ လူတစ္ေယာက္နဲ႔မျခားနားပါဘူး။ သူဖန္တီးထားတဲ့အလိုအေလ်ာက္စက္႐ုပ္ (၃)ခုတြဲကိုေတာ့ (၁၈)ရာစုေနာက္ပိုင္းကာလေတြက ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ေတာ္ဝင္ နန္းေတာ္ႀကီးေတြမွာလွည့္လည္ျပသခဲ့ၾကၿပီး ေနာက္ပိုင္းမွာေတာ့ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ အမ်ိဳးသားျပတိုက္အတြင္းကိုေရာက္ရွိသြားပါေတာ့တယ္။ ႏွစ္ေပါင္း ၂၅၀ခန႔္ၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္ Pierre Jaquet- Droz ရဲ႕စက္႐ုပ္(၃)ခုစလုံးကေတာ့ သူတို႔ရဲ႕ပုံစံအတိုင္းေတးဂီတတီးခတ္တာ၊ စာေရးတာ၊ ပုံတူဆြဲတာေတြကို ယေန႔တိုင္ ေကာင္းစြာေဆာင္႐ြက္ႏိုင္ေနၾကဆဲျဖစ္ပါတယ္။
(၇) Vaucanson’s Digesting Duck
(၁၇၃၀)ကာလက ျပင္သစ္စြန႔္ဦးတီထြင္သူ Jacques de Vaucanson ဆိုသူဟာ အလိုေလ်ာက္လႈပ္ရွားႏိုင္တဲ့ စက္႐ုပ္ေတြကိုဖန္တီးၿပီး လူအမ်ားရဲ႕စိတ္အာ႐ုံကို ဆြဲေဆာင္မႈမ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။ သူဟာဇာတ္ေတးသီခ်င္း (၁၂)ပုဒ္ ေလာက္ကို သီဆိုႏိုင္တဲ့ လူလုပ္အဆုတ္ ၁စုံ ပါဝင္တဲ့ ပေလြဆရာ (flute player) စက္႐ုပ္တစ္ခုကိုတည္ေဆာက္ခဲ့ၿပီး ေနာက္ပိုင္းမွာဆိုရင္ လူေတြထက္ ပိုမိုျမန္ဆန္စြာတီးႏိုင္မႈတ္ႏႈိင္တဲ့ အလိုအေလ်ာက္စက္႐ုပ္ကို ဖန္တီးႏိုင္ခဲ့ပါေသးတယ္။
Vaucanson ရဲ႕တီထြင္မႈေတြအနက္မွာ အထင္ရွားဆုံးလက္ရာကေတာ့ အေတာင္ပံခတ္ႏိုင္၊ ေရကန္ထဲကေနခုန္တက္ႏိုင္ၿပီး လာေရာက္ၾကည့္ရႈသူေတြဆီက အစာကိုေတာင္လာေရာက္စားေသာက္ႏိုင္တဲ့ Digesting Duck (ဝမ္းဘဲ) စက္႐ုပ္ျဖစ္ပါတယ္။ ေ႐ႊေရာင္ေၾကးနီနဲ႔ျပလုပ္ထားတဲ့ စက္႐ုပ္ဘဲငန္းကို က်ဳံ႕ႏိုင္၊ဆြဲႏိုင္တဲ့ေမာင္းတံေတြ၊စပရိန္ေတြနဲ႔ ရႈပ္ေထြးစြာတည္ေဆာက္ထားၿပီး ဘဲငန္းရဲ႕အစာအိမ္လမ္းေၾကာင္းကို ေျပာင္းလြယ္၊ျပင္လြယ္ႏိုင္တဲ့ ေရာ္ဘာႁပြန္ေတြနဲ႔တည္ေဆာက္ထားၿပီး အမွန္တကယ္ အစာစားေသာက္ၿပီးေခ်ႏိုင္ရန္ျပဳလုပ္ထားပါတယ္။
(၁၈)ရာစုကာလအတြင္းမွာေတာ့ Vaucanson ရဲ႕ ဝမ္းဘဲစက္႐ုပ္ ဟာ အလြန္ကို ေက်ာ္ၾကားခဲ့ၿပီး ဥေရာပ တလႊားကနန္းေတာ္ အေတာ္မ်ားမ်ားမွာေနရာယူ ျပသႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။ စိတ္မေကာင္းစရာကေတာ့ နာမည္ေက်ာ္ခဲ့တဲ့ ဒီစက္႐ုပ္ဘဲငန္းဟာ ျပတိုက္တခုမွာ ျပသထားရင္း ၁၈၇၉ ခုႏွစ္မွာ ျပတိုက္မီးေလာင္မႈျဖစ္ပြားတဲ့အထဲ ပါသြားၿပီး ပ်က္စီးသြားခဲ့လို႔ျဖစ္ပါတယ္။ ဒီအ႐ုပ္ နဲ႔ ပုံစံတူစက္႐ုပ္ကို Frédéric Vidoni ဆိုသူ ပညာရွင္တဦးက ၁၉၉၈ ခုႏွစ္မွာ ျပန္လည္တည္ေဆာက္ခဲ့ၿပီး ျပင္သစ္အေရွ႕ေတာင္ပိုင္းက Grenoble ၿမိဳ႕ျပတိုက္မွာ ျပသထားလ်က္ရွိပါတယ္။
Discussion about this post