Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းထဲက စပိန်အင်ပါယာ

by Thutamm
April 1, 2020
Reading Time: 1min read
0
ကမ္ဘာ့သမိုင်းထဲက စပိန်အင်ပါယာ
Share on FacebookShare on Twitter

ရေးသားသူ – Academy

စပိန်အင်ပါယာသည် ကမ္ဘာပေါ်တွင်ရှိခဲ့သော အကြီးဆုံးအင်ပါယာများထဲမှ တစ်ခုဖြစ်ပြီး ၅ခုမြောက် ကမ္ဘာ့အကြီးဆုံး အင်ပါယာဖြစ်သည်။ ဗြိတိန်အင်ပါယာ ၊ မွန်ဂိုအင်ပါယာ ၊ ရုရှားအင်ပါယာ နှင့် တရုတ်ချင်မင်းဆက် အင်ပါယာပြီးလျှင်အကြီးဆုံဖြစ်သည်။ ကမ္ဘာအနှံ့ဧရိယာစုစုပေါင်း စတုရန်းကီလိုမီတာ ၁၃.၇သန်း ခန့်ကို သိမ်းပိုက်နိုင်ခဲ့သည်။

အေဒီ ၁၄၆၉ ခုနှစ်တွင် စပိန် Aragón ဒေသမှ ဘုရင် Ferdinand V နှင့် Castile ဒေသမှ ဘုရင်မ Isabella တို့လက်ဆက်ထိမ်းမြားပြီးနောက် ကွဲကွာနေသည့် ဒေသများပူးပေါင်းရာမှ စပိန် တစ်နိုင်ငံ တည်းဖြစ်လာခဲ့သည်။ ထိုအချိန်က ရောမန်တို့၏ နောက်ဆုံးခေတ် Byzantine အင်ပါယာ ကျဆုံးပြီး မူဆလင်တို့၏ အော်တိုမင် အင်ပါယာ ဥရောပတွင်ကြီးစိုးလာနေချိန်ဖြစ်သည်။

သို့သော်လဲ ဘုရင် Ferdinand V နှင့် ဘုရင်မ Isabella တို့သည် နယ်မြေသစ်ရှာဖွေခြင်းဖြင့် ဥရောပ တွင် အင်အားကြီးနိုင်ငံတစ်နိင်ငံဖြစ် တည်လာ အောင် ထူထောင်ခဲ့ကြသည်။ စပိန်အင်ပါယာ စတင်မှုသည် ၁၄၉၂ -ခုနှစ် ကိုလံဘတ်၏ ခရီးစဉ်မှစတင်ခဲ့ပြီး ၊ နောက်ဆုံး ၁၈၉၈ခုနှစ် စပိန် – အမေရိကန် စစ်ပွဲတွင် ရံှုးနိမ့်ပြီးနောက် စပိန်အင်ပါယာသည်လည်း ကျဆုံး ပျောက်ကွယ်ခဲ့ရသည် ။

ကိုလံဘတ်

ဘုရင် Ferdinand V နှင့် ဘုရင်မ Isabella တို့သည် မူဆလင်တို့၏ အော်တိုမင် အင်ပါယာ ကို ရှောင် ဖယ်ကာ ကူးသန်းရောင်းဝယ်ရေး နယ်မြေသစ်များ ရှာဖွေရန် ကိုလံဘတ်အားကူညီခဲ့သည်။ ထိုအချိန်ကကိုလံဗတ်၏ယုံကြည်ချက်မှာ ဥရောပဒေသမှအနောက်ဖက်သို့ခရီးဆက်လျှင်အာရှဒေသသို့ ရောက်ရှိလိမ့်မည်ဟုထင်မှတ်ခဲ့သော်လဲ အမေရိကဒေသသို့ရောက်ရှိခဲ့သည် ။

ကိုလံဗတ်၏ခရီးစဉ်မှာလည်း စပိန်သမိုင်း၏ အလှည့်အပြောင်းတခုဖြစ်လာခဲ့သည်။ စပိန်လူမျိုးများသည် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ကာ ရွက်လွှင့်သွားလာပြီး ပထမဆုံး အမေရိကဒေသကိုရောက်ရှိပြီး နယ်မြေချဲ့ထွင်ခဲ့သည်။ ဥရောပတိုက်သားများဖြစ်သည် ။ ထိုအချိန် အေဒီ ၁၅ – ရာစုမှ စ၍ စပိန်များ ကိုလိုနီအင်ပါယာ ချဲ့ထွင်မှုစတင်ခဲ့သည် ။

စပိန်ရွှေခေတ်

စပိန်တို့သည် တောင်အမေရိက နှင့် မြောက်အမေရိကဒေသ အများအပြားကို အလျှင်အမြန်သိမ်းယူခဲ့ကြသည် ။ အေဒီ ၁၆ – ရာစုတွင် အမေရိကဒေသကို ကိုလိုနီ ဒေသအဖြစ် ချဲ့ထွင်သိမ်းပိုက်ခြင်းပြီး ထိုဒေသ များမှ ရွှေ ၊ ငွေ များကို ဥရောပသို့ယူဆောင်လာခဲ့ကြသည် ။

ဤသို့ဖြင့် စပိန်နိုင်ငံသည် ချမ်းသာ ကြွယ်ဝပြီးအင်အားကြီးမားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည် ။ စပိန်တို့သည် ထိုငွေကြေးဖြင့် ရေတပ်အင်အားကို ကြီးမားစွာတည်ဆောက်ကာ အမေရိကဒေသများသာမက အာရှရှိ ပစ္စဖိတ် ကျွန်းဒေသတချို့ကိုလည်း သိမ်းယူခဲ့ကြသည် ။

စပိန်အင်ပါယာ၏အမြင့်ဆုံးအချိန်သည် အေဒီ ၁၅၈၈ ခုနှစ်အချိန်ကဖြစ်ခဲ့ပြီး အမေရိကအနောက်ဖက် ၊ ကျူးဘား ၊ ဖလော်ရီဒါဒေသ ၊ မက္ကဆီကို ၊ အမေရိကအလယ်ပိုင်း ၊ အမေရိကန်ပြည်နယ်အများစု(တက်စ်ဆက် ၊ နယူးမက္ကဆီကို ၊ ကယ်လီဖိုးနီးယား ၊ ဖလော်ရီဒါ နှင့် အရီဇိုးနား စသည်ဖြင့်) ၊တောင်အမေရိကဒေသ နှင့် အာရှရှိ ဖိလစ်ပိုင်နိုင်ငံတို့ပါဝင်သည် ။ ဖိလစ်ပိုင်ကျွန်းသည် ၁၅၄၂ တွင် စပိန်ဘုရင် King Philip II အား ဂုဏ်ပြုသောအားဖြင့်အမည် ပေးခဲ့ခြင်းဖြစ်သည် ။

စပိန်အင်ပါယာ ပျောက်ကွယ်ခြင်း

၁၉ – ရာစုအစတွင် လက်တင်အမေရိကနိုင်ငံများ လွတ်လပ်ရေးလှုပ်ရှားမှုနှင့်အတူ စပိန်ကိုလိုနီနယ် မြေများဆုံးရှုံးခဲ့သည် ။ ၁၈၉၈ တွင် စပိန်- အမေရိကန် စစ်ပွဲများဖြစ်ပွားပြီး ကျူးဘား ၊ ပေါ်တိုရီကို ၊ ဖိလစ်ပိုင် နှင့် ဂူအမ်နိုင်ငံများကို ထိန်းချုပ်ခွင့်ဆုံးရှုံးခဲ့သည် ။

ယနေ့အချိန်တွင် အာတ္တလန်တိတ်သမုဒ္ဒရာထဲရှိ Canary ကျွန်း ၊ အာဖရိကအနောက်မြောက်ပိုင်း ကမ်းခြေတချို့၊ ဂျီဗရော်ဒါရေလက်ကြား နှင့် စပိန်နိုင်ငံတို့သာ စပိန်အပိုင်အဖြစ်တည်ရှိသည် ။

စပိန်ယဉ်ကျေးမှု

စပိန်အုပ်ချုပ်စဉ်အတွင်း စပိန်ကိုလိုနီနယ်များတွင်ယဉ်ကျေးမှု ၊ ဘာသာရေး ၊ ဘာသာစကားများ အလွန်ပြန့်နှံ့ခဲ့သည် ။ စပိန်ခေတ် အဆောက်အဦးများစွာသည်လဲ လက်တင်အမေရိကဒေသတွင် သမိုင်း အမွေအနှစ်ဖြစ် တည်ရှိသည် ။ ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ ဒုတိယလူဦးရေ အများဆုံး ပြောသည့် ဘာသာစကားမှာ စပိန်ဘာသာ စကားဖြစ်ပြီး လူဦးရေ သန်း ၄၀၀ ခန့်ပြောဆိုသုံးစွဲလျှက်ရှိကြသည်။

Academy

Tags: empiresworld historyworld knowledge
Next Post
နယူးယောက်ကို လာကူတဲ့ အမေရိကန်ရေတပ် ဆေးရုံသင်္ဘောကြီး

နယူးယောက်ကို လာကူတဲ့ အမေရိကန်ရေတပ် ဆေးရုံသင်္ဘောကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!