Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းတလျှောက် အကြီးဆုံး အင်ပါယာကြီး ၁၀ ခု

by Thutamm
April 1, 2020
Reading Time: 1min read
0
ကမ္ဘာ့သမိုင်းတလျှောက် အကြီးဆုံး အင်ပါယာကြီး ၁၀ ခု
Share on FacebookShare on Twitter

အင်ပါယာဆိုတာကတော့ တိုင်းပြည်တစ်ပြည် ဒါမှမဟုတ် လူမျိုးတစုကို အုပ်စိုးတဲ့ ဧကရာဇ် (သို့) ဘုရင်တပါး က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေစုစုပေါင်းကို ဆိုလိုပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် သမိုင်းတလျှောက် ကမ္ဘာ့အကြီးဆုံး အင်ပါယာကြီး ၁၀ ခု အကြောင်းကို မျှဝေသွားပါမယ်။

၁၀။ Xiongnu Empire

ဇိုင်ညူမျိုးနွယ်တွေရဲ့ အင်ပါယာဖြစ်ပြီး ဘီစီ ၂၀၉ ခုလောက်မှာ လူမျိုးစုဘုရင်ဖြစ်တဲ့ Modu Chanyu က ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဘီစီ ၃ရာစုကနေ အေဒီ ၁ရာစုခန့်အထိ တည်ရှိခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။ အင်ပါယာရဲ့အင်အားအကောင်းဆုံးအချိန်ကတော့ ဘီစီ ၁၇၆ လောက်မှာဖြစ်ပြီး လက်ရှိ မွန်ဂိုလီးယားနိုင်ငံ ၊ ကာဇက်စတန်အရှေ့ပိုင်း ၊ တရုတ်ပြည်မြောက်ပိုင်းဒေသများကို ပိုင်ဆိုင်ခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။ နယ်မြေပိုင်နက်အဖြစ် စတုရန်းမိုင်ပေါင်း ၃.၄၇ သန်း ခန့်ကို ပိုင်ဆိုင်ခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။

၉။ Umayyad Caliphate

Caliphate ဆိုတာကတော့ အစ္စလာမ်ခေါင်းဆောင် မိုဟာမက်ကွယ်လွန်ပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ အစ္စလမ်အင်ပါယာတွေကို ဆိုလိုတာပါ။ အစ္စလာမ်အင်ပါယာကြီး ၄ခုထဲက ဒုတိယမြောက်အင်ပါယာဖြစ်ပြီး အေဒီ ၆၆၁ ခုနှစ်ခန့်မှာ Muawiyah I က လက်ရှိဆီးရီးယားဒေသမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မြို့တော်ကတော့ ဒမတ်စကတ်ဖြစ်ပြီး အင်ပါယာရဲ့ အအောင်မြင်ဆုံးအချိန်ကတော့ အေဒီ ၇၂၀ ဝန်းကျင်ဖြစ်ပါတယ်။

လက်ရှိ ဆီးရီးယား ၊ အီရတ် ၊ ဆော်ဒီအာရေဗျ စတဲ့ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးသာမက ၊ တာမင်နစ္စတန် ၊ အဖဂ္ဂန်နစ္စတန် ၊ ပါကစ္စတန် စတဲ့နိုင်ငံများ ၊ အီဂျစ် ၊ လစ်ဗျား စတဲ့အာဖရိကနိုင်ငံများအပြင် ဥရောပက ပေါ်တူဂီ နဲ့ စပိန်တို့အထိ နယ်ချဲ့ခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။ ဒီအင်ပါယာရဲ့ ပိုင်နက်ကတော့ ဧရိယာစတုရန်းမိုင်ပေါင်း ၄.၃ သန်း ဖြစ်ပါတယ်။

၈။ Abbasid Caliphate

ဒါကလည်း နောက်ထပ် အစ္စလာမ်အင်ပါယာတစ်ခုဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့  Umayyad အင်ပါယာဟာ အေဒီ ၇၅၀မှာ ပြိုကွဲသွားခဲ့ပြီးနောက် Abbasid အင်ပါယာက ဆက်ခံခဲ့တာပါ။ တည်ထောင်သူကတော့ As-Saffah ဖြစ်ပြီး Abbasid မင်းဆက်ကို ဆက်ခံသူဘုရင်အများစုကတော့ လက်ရှိ အီရတ်နိုင်ငံ ဘဂ္ဂဒက်ကို မြို့တော်အဖြစ် သတ်မှတ်အသုံးပြုခဲ့ကြပါတယ်။ အေဒီ ၇၅၀ ကနေ အေဒီ ၁၅၁၇ ခုနှစ်အထိ တည်ရှိခဲ့တဲ့ အင်ပါယာဖြစ်ပြီး ၁၂၅၈ ကနေ ၁၂၆၁ခုနှစ် ကြားကာလမှာတော့ မွန်ဂိုတွေရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါသေးတယ်။

ဒီအင်ပါယာရဲ့ အအောင်မြင်ဆုံးအချိန်ကတော့ အေဒီ ၇၅၀ ဝန်းကျင်ဖြစ်ပြီး သူ့ရဲ့ပိုင်နက်ကတော့ အပေါ်က အင်ပါယာနဲ့ သိပ်ကွာခြားမှုမရှိပဲ အရှေ့အလယ်ပိုင်း ၊ အာရှအနောက်ပိုင်း နဲ့ အာဖရိက အရှေ့မြောက်ပိုင်းဒေသတွေ ပါဝင်ခဲ့ပါတယ်။ စုစုပေါင်း ဧရိယာစတုရန်းမိုင် ၄.၃သန်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

၇။ Second French colonial empire

ဒုတိယ ပြင်သစ်ကိုလိုနီ အင်ပါယာကတော့ ၁၈၃၀ ခုနှစ်ခန့်မှာ ပြင်သစ်တွေ အယ်ဂျီးနီးယားကို နယ်ချဲ့ခြင်းနဲ့အတူ စတင်ပေါ်ပေါက်ခဲ့တာပါ။ ဒါ့အပြင် ပထမနပိုလီယံစစ်ပွဲများအပြီး နယ်မြေတချို့ကို ဗြိတိသျှတို့ ဆီကပြန်ရလာခြင်းကလည်း အင်ပါယာကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။ ဒုတိယမြောက် ပြင်သစ်အင်ပါယာဖြစ်လာအောင် အဓိက စွမ်းဆောင်ပေးခဲ့သူက တတိယမြောက် နပိုလီယံ ဖြစ်ပါတယ်။

သူ့ရဲ့အအောင်မြင်ဆုံး အချိန်ကတော့ ၁၉၂၀ ဝန်းကျင် ကာလမှာ ဖြစ်ပြီး လက်ရှိ ကနေဒါနိုင်ငံ ၊ အမေရိကန် လူစီယားနားပြည်နယ် ၊ ဘရာဇီး ၊ ဟေတီ ၊ ဆူရီနမ် ၊ အိန္ဒိယကျွန်းစုများ ၊ အာရှ ၊ အာဖရိက ဒေသ တချို့တဝက်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စုစုပေါင်း သိမ်းပိုက်ခဲ့တဲ့ ဧရိယာ အကျယ်အဝန်းကတော့ စတုရန်းမိုင် ၄.၄၄သန်း ဖြစ်ပါတယ်။

၆။ Qing dynasty

ချင်မင်းဆက် ဆိုတာကတော့ ကျွန်တော်တို့ မန်ချူးလို့ သိကြတဲ့မင်းဆက်ဖြစ်ပြီး တရုတ်ရဲ့နောက်ဆုံးမင်းဆက်လည်း ဖြစ်ပါတယ်။ ၁၆၃၆ ခုနှစ် မန်ချူးရီးယားဒေသမှာ စတင်ဖြစ်ပေါ်လာခဲ့တဲ့ မင်းဆက်ဖြစ်ပါတယ်။ မန်ချူးတွေဟာ ၁၆၄၄ခုနှစ်မှာ တရုတ်ပြည်ကို ကျူးကျော်သိမ်းပိုက်လိုက်ပြီး မင်မင်းဆက်ကို ဖြုတ်ချကာ ချင်မင်းဆက်ကို တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

ချင်မင်းဆက်ဟာ တရုတ်ပြည်ကို ၁၆၄၄ ခုနှစ်ကနေ ၁၉၁၂ခုနှစ် အထိ အုပ်ချုပ်ခဲ့ပါတယ်။ သူ့ရဲ့အအောင်မြင်ဆုံး အချိန်ကတော့ ၁၇၉၀ခုနှစ် ဝန်းကျင်ဖြစ်ပြီး လက်ရှိတရုတ်တပြည်လုံး နဲ့ တိဘက် ၊ မွန်ဂိုလီးယားဒေသများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စုစုပေါင်း ဧရိယာစတုရန်းမိုင်ပေါင်း ၅.၁သန်း အထိ ပိုင်ဆိုင်ခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။

၅။ စပိန်အင်ပါယာ

စပိန်အင်ပါယာကတော့ ၁၄၉၂ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။ စပိန် Aragón ဒေသမှ ဘုရင် Ferdinand V နှင့် Castile ဒေသမှ ဘုရင်မ Isabella တို့လက်ဆက်ထိမ်းမြားပြီးနောက် ကွဲကွာနေသည့် ဒေသများပူးပေါင်းရာမှ စပိန် တစ်နိုင်ငံ တည်းဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ နယ်မြေသစ်ရှာစေခြင်းနည်းလမ်းနဲ့ စပိန်ကို အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေခဲ့ပါတယ်။

စပိန်အင်ပါယာဟာ  ၁၄၉၂ -ခုနှစ် ကိုလံဘတ်၏ ခရီးစဉ်မှစတင်ခဲ့ပြီး ၊ နောက်ဆုံး ၁၈၉၈ခုနှစ် စပိန် – အမေရိကန် စစ်ပွဲတွင် ရံှုးနိမ့်ပြီးနောက် စပိန်အင်ပါယာဟာ ကျဆုံး ပျောက်ကွယ်ခဲ့ရပါတယ်။ စပိန်အင်ပါယာရဲ့ အအောင်မြင်ဆုံးအချိန်ကတော့ ၁၈၁၀ခုနှစ် ဝန်းကျင်ဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၅.၂၉သန်း ခန့်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်အင်ပါယာဟာ မြောက်အမေရိက တစ်တိုက်လုံး နဲ့ တောင်အမေရိက တစ်တိုက်လုံးနီးပါး(ပေါ်တူဂီတို့ရဲ့ပိုင်နက်မှလွဲ၍) နယ်ချဲ့သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

၄။ Yuan မင်းဆက်အင်ပါယာ

ယွမ်မင်းဆက်အင်ပါယာကို Great Yuan လို့လည်းခေါ်ကြပါတယ်။ မွန်ဂိုဘုရင်ဖြစ်တဲ့ ဂူဗလိုင်ခန်က ၁၂၇၁ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။ ၁၂၇၁ ခုနှစ်ကနေ ၁၃၆၈ခုနှစ် အထိ တည်ရှိခဲ့တဲ့ အင်ပါယာဖြစ်ပါတယ်။ မြို့တော်ကတော့ Khanbaliq ဖြစ်ပြီး လက်ရှိဘေဂျင်းမြို့ နေရာမှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။

အေဒီ ၁၃၃၀ ခုနှစ်ဝန်းကျင် Jayaatu Khan ဘုရင်ရဲ့လက်ထက်ဟာ ဒီအင်ပါယာရဲ့ အားအကောင်းဆုံးအချိန်ဖြစ်ပြီး လက်ရှိ မွန်ဂိုလီးယား ၊ တရုတ်ပြည်တစ်ခုလုံးနီးပါး ၊ တောင်ကိုရီးယား ၊ မြောက်ကိုရီးယား ၊ မြန်မာပိုင်နက်အနည်းငယ် နဲ့ ရုရှားပိုင်နက်တွေဟာ ဒီအင်ပါယာထဲမှာ ပါဝင်ခဲ့ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၅.၃သန်း အထိ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ရုရှားအင်ပါယာ

မြောက်ပိုင်းစစ်ပွဲအပြီး ၁၇၂၁ ခုနှစ်ခန့်မှာ ရုရှားတို့ဟာ အာရှဥရောပဒေသများ နဲ့ မြောက်အမေရိကဒေသများကို သိမ်းယူကာ ရုရှားအင်ပါယာကို ထူထောင်ခဲ့ကြပါတယ်။ အင်ပါယာတည်ထောင်သူကတော့ ရုရှားဘုရင် Peter the Great ဖြစ်ပါတယ်။ ရုရှားဇာဘုရင်မင်းဆက်ဟာ ၁၉၁၇ခုနှစ် ဖေဖော်ဝါရီတော်လှန်ရေးကာလ အထိတိုင် အင်ပါယာရဲ့ အာဏာကို ဆက်ခံခဲ့ကြပါတယ်။ ရုရှားအင်ပါယာရဲ့ အအောင်မြင်ဆုံးအချိန်ကတော့ ၁၈၉၅ခုနှစ် ဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၈.၈သန်း ထိအောင် ပိုဆိုင်ခဲ့ပါတယ်။

၂။ မွန်ဂိုအင်ပါယာ

မွန်ဂိုအင်ပါယာဟာ ဧရိယာစုစုပေါင်း အကြီးဆုံးအင်ပါယာထဲမှာတော့ ဒုတိယဖြစ်ပေမယ့် တဆက်တည်းနယ်မြေပိုင်ဆိုင်မှုမှာတော့ အကြီးဆုံးအင်ပါယာဖြစ်ပါတယ်။ မွန်ဂိုအင်ပါယာကိုတော့ ၁၂၀၆ခုနှစ်မှာ မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်က ထူထောင်ခဲ့ပါတယ်။ စစ်ဘုရင် ဂျင်ဂျစ်ခန်ဟာ တရုတ်ပြည်ကစလို့ အာရှ နဲ့ ဥရောပက နိုင်ငံပေါင်း ၄၁နိုင်ငံကို ဆက်ပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ မွန်ဂိုအင်ပါယာရဲ့ အကြီးကျယ်ဆုံးကာလကတော့ ၁၂၇၉ခုနှစ်ဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၉.၂၇ သန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁။ ဗြိတိသျှ အင်ပါယာ

ပိုင်ဆိုင်တဲ့ လက်အောက်ခံနိုင်ငံတွေများလွန်းလို့ ၂၄ နာရီမှာ သူတို့ရဲ့ပိုင်နက်တစ်ခုခုမှာတော့ နေဟာရှိနေမှာဖြစ်တာကြောင့် နေမဝင်အင်ပါယာလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗြိတိသျှအင်ပါယာကိုတော့ ၁၅၈၃ ခုနှစ် ပထမအဲလီဇဘက်ဘုရင်မ လက်ထက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်းမှာ မြောက်အမေရိကမှ စပိန်ပိုင်နယ်မြေများကို တဖြည်းဖြည်းသိမ်းယူရင်း အင်ပါယာဟာ ကြီးထွားလာခဲ့တာပါ။

အင်ပါယာရဲ့ အအောင်မြင်ဆုံးအချိန်ကတော့ ၁၉၂၀ ခုနှစ်ဝန်းကျင်ဖြစ်ပြီး မြောက်အမေရိက ၊ အာရှ ၊ အာဖရိက နဲ့ သြစတြေးလျ က နိုင်ငံများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၆၃ နိုင်ငံအထိ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃.၇၁သန်း ကျယ်ဝန်းခဲ့ပါတယ်။ ဗြိတိသျှအင်ပါယာဟာ ကမ္ဘာ့ကုန်းမြေဧရိယာစုစုပေါင်းရဲ့ ၄ပုံ ၁ပုံကျော် (၂၆.၃၅%) အထိသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် အကြီးဆုံးအင်ပါယာလည်း ဖြစ်ခဲ့ပါတယ်။

Tags: empiresworld historyworld knowledge
Next Post
ကမ္ဘာ့အကြီးဆုံးအင်ပါယာ (သို့) ဗြိတိသျှတို့ရဲ့ နေမဝင်အင်ပါယာ ဆိုသည်မှာ

ကမ္ဘာ့အကြီးဆုံးအင်ပါယာ (သို့) ဗြိတိသျှတို့ရဲ့ နေမဝင်အင်ပါယာ ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!