Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ရှေးအကျဆုံး မံမီရုပ်အလောင်း (၁၀)ခု

by Thutamm
March 10, 2020
Reading Time: 2min read
0
ကမ္ဘာ့ရှေးအကျဆုံး မံမီရုပ်အလောင်း (၁၀)ခု
Share on FacebookShare on Twitter

မံမီရုပ်အလောင်းတွေဟာ မျက်မှောက်ခေတ်ကာလ လူ့သမိုင်းစဉ် လေ့လာမှုနယ်ပယ်မှာအရေးပါတဲ့ နေရာကနေရပ်တည်နေသလို တဖက်ကလည်း ကြောက်မက်စရာကောင်းတဲ့ စိတ်နယ်လွန်ပြယုဂ်တစ်ခုအဖြစ်တည်ရှိလို့နေပြန်ပါတယ်။ ရှင်သန်ထမြောက်လာတဲ့မံမီရုပ်တွေ၊ လေ့လာစူစမ်းမှုကနေအသက်ပြန်ဝင်လာတဲ့မံမီရုပ်တွေစတဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများစွာရှိနေလို့လည်း မံမီတွေဟာ မျက်မှောက်ခေတ်ကာလ အထိလူစိတ်ဝင်စားမှုများနေဆဲလည်းဖြစ်ပါတယ်။

မံမီတွေကိုလေ့လာခြင်းဖြင့်လွန်ခဲ့တဲ့ နှစ်ထောင်နဲ့ချီကာလက လူသားတွေရဲ့ နေထိုင်မှုပုံစံ၊စားသောက်မှုပုံစံတွေကိုသာမက သူဟာအသက်ရှင်စဉ်က ဘယ်လိုရာထူးတာဝန်ကိုထမ်းဆောင်ခဲ့တယ်ဆိုတာနဲ့ ဘယ်လိုရောဂါနဲ့ကွယ်လွန်ခဲ့တာလဲဆိုတဲ့ အဖြေကိုတောင်ထုတ်ပေးနိုင်တဲ့အထိ မျက်မှောက်ခေတ် ဆေးသိပ္ပံပညာနဲ့ သုတေသနပညာဟာတိုးတက်ထွန်းကားနေပြီလည်းဖြစ်ပါတယ်။ ကမ္ဘာ သက်တမ်းအရင့်ဆုံ းမံမီရုပ်တွေကိုရှာဖွေတွေ့ရှိရာအရပ်ကတော့ ပူပြင်းခြောက်သွေ့တဲ့ ကန္တာရဒေသတွေနဲ့ ထူးကဲအေးမြတဲ့ရေခဲပြင်ထုကြီးတွေရဲ့ အောက်ခြေတွေမှာအများ ဆုံးရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အထူးသဖြင့်နှစ်ပေါင်း(၅၀၀၀)ကျော်သက်တမ်းရှိတဲ့မံမီ ရုပ်အလောင်းတွေကို တောင်အမေရိကတိုက်မှာ အများဆုံးတွေ့ရမှာဖြစ်ပြီး နှစ်ထောင် ပေါင်းများစွာသက်တမ်းရှိတဲ့ မံမီရုပ်အလောင်းတွေကိုတော့ အီဂျစ်နိုင်ငံမှာတွေ့တူးဖော် တွေ့ရှိခဲ့ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာသက်တမ်းအရင့်ဆုံးမံမီရုပ် အလောင်း(၁၀)ခုရဲ့ အကြောင်းအရာအချို့ဖြစ်ပါတယ်။

(၁၀) Ramesses (2)

Ramesses (2) ကိုတော့ Ramesses the Great လို့လည်းသိကြပြီး ရှေးခေတ်အီဂျစ် ဖာရိုမင်းဆက်တွေအနက်မှာတော့ တန်ခိုးအာဏာအရှိဆုံး မင်းတစ်ပါးအဖြစ်လူသိများပါတယ်။ သူဟာ တတိယမြောက် ဖာရိုမင်းဆက်ရဲ့ (၁၉)ဦးမြောက်ဆက်ခံသူဖြစ်ပြီး (၁၂၇၉)ဘီစီ ကနေ (၁၂၁၃)ဘီစီအထိအုပ်စိုးခဲ့ပါတယ်။ Ramesses (2) ကိုမူလက Valley of the King သချိုင်းမှာဂူသွင်းမြုပ်နှံခဲ့ပေမယ့် သူရဲ့ဂူဟာဖောက်ထွင်းခံခဲ့ရတာကြောင့် ယဇ်နတ်ဆရာတွေကဦးဆောင်ပြီး Queen Inhapy ရဲ့ဂူသချိုင်းကိုပြောင်းရွေခဲ့ပါတယ်။

နတ်ဆရာ Pinudjem(2) ဦးဆောင်မှုနဲ့သုံးရက်ကြာအောင်ဂူပြောင်းတဲ့အလုပ် ကိုလုပ်ခဲ့ရပြီး မံမီပြုလုပ်ထားတဲ့ ဧကရာဇ်ရဲ့ရုပ်အလောင်းကိုတော့ ဗီသွားလျှော်ဖြင့် ရက်သည့်ပိတ်ကိုဖုံးအုပ်သယ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ (၁၈၈၁)ခုနှစ်မှာတော့ ပညာရှင်တွေက အီဂျစ်နိုင်ငံ Thebes က Valley of the King မှာ သူရဲ့မံမီရုပ်အလောင်းကိုတူးဖော်တွေ့ရှိပြီးစစ်ဆေးလိုက်ချိန်မှာတော့ ဘုရင်ကြီးဟာ အဆစ်ရောင်ရောဂါခံစားခဲ့ရပြီး ယင်းရောဂါကြောင့်ပဲ သူဟာလမ်းလျှောက်ချိန်ရာမှာ ခါးကုန်းပြီးသွားလာခဲ့ရာကနေ သူသေဆုံးတဲ့အချိန်ထိဖြစ်ခဲ့တယ်လို့သိရပါတယ်။

(၉) King Tutankhamun

တူတန်ခမန် King Tutankhamun ကိုတော့ King Tut လို့လူသိများထင်ရှားပြီး ယနေ့ခေတ်ကာလ အထိတွေ့ရှိပြီးသမျှ မံမီရုပ်အလောင်းတွေအနက်မှာတော့ အတော်ကိုထူးခြားပြီး ကျိန်စာလိုသဘာဝလွန်ဖြစ်ရပ်များစွာကိုဖြစ်ပေါ်စေတယ်လို့ လူသိများတဲ့တွေ့ရှိမှုဖြစ်ပါတယ်။ တူးဖော်တွေ့ရှိချိန်အထိ ဘုရင်လေးရဲ့ဂူသချိုင်းဟာဆိုရင် လက်ရာမပျက်အနေအထားပဲ ရှိနေခဲ့တာဖြစ်ပြီး သူရဲ့နာမည်ကျော်ရွှေမျက်နှာဖုံးအပါအဝင် ရှေးဟောင်းလက်ရာပစ္စည်း (၅၃၉၈)ခုလောက်တွေ့ရှိခဲ့တဲ့ဂူဗိမာန်တစ်ခုဖြစ်ပါတယ်။

သမိုင်းသုသေသီတွေအဖို့ ဘုရင်လေးရဲ့ဂူကိုတူးဖော်တွေ့ရှိခြင်းရဲ့အကျိုးဆက်အနေနဲ့ အီဂျစ်ပြည်ရဲ့ (၁၈)ဆက် မြောက်မင်းဆက်တွေရဲ့ တော်ဝင်နည်းအတိုင်းမြုပ်နှံသဂြိုလ်ပုံနည်းလမ်းတွေ၊ မံမီရုပ် အလောင်းပြုလုပ်ပုံတွေကိုလေ့လာမှတ်သားခွင့်ရခဲ့ပါတယ်။ မူလကတော့ King Tutankhamun ရဲ့ဂူသချိုင်းနဲ့ပတ်သက်လို့ လူစိတ်ဝင်စားမှုနည်းပါး ပေမဲ့ နောက်ပိုင်းမှာပေါ်ထွက်လာတဲ့ ကျိန်စာလိုအဖြစ်အပျက်တွေရယ်၊ရုပ်ရှင်ဇာတ်လမ်းတွေ စာပေတွေကြောင့် တစ်ကမ္ဘာလုံးနီးပါးစိတ်ဝင်စားမှုမြင့်တက်လာခဲ့တာဖြစ်ပါ တယ်။

လေ့လာသူတွေကတော့ ဘုရင်ငယ်လေးဟာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ဘီစီ (၁၃၂၅)မှာကွယ်လွန်ခဲ့တာဖြစ်ပြီး ဒီအတွက် တိကျတဲ့မှတ်တမ်းမှတ်ရာကိုချန်ထားခဲ့ခြင်း မရှိခဲ့သလို ဘုရင်လေးရဲ့ခေါင်းတလားဟာ ဖာရိုဘုရင်တစ်ယောက်ရဲ့ရှိသင့်တဲ့ ခေါင်းတလားထက် ပိုမိုသေးငယ်နေရတဲ့အကြောင်းကိုလည်း ရှင်းပြထားခြင်းမျိုးမရှိပါဘူး။ (အရင် သုတဇုန်မှာတင်ခဲ့ဖူးတဲ့ တူတန်ခမန်ဘုရင်လေးရဲ့အကြောင်းကို မဖတ်ရသေးတဲ့ မိတ်ဆွများ ဒီမှာ သွားဖတ်နိုင်ပါတယ်)

(၈) Egtved Girl

ဥရောပတိုက် ဒိန်းမတ်နိုင်ငံ Egtved မှာ (၁၉၂၁)ခုနှစ်က တူးဖော်တွေ့ရှိတဲ့ မိန်းကလေး မံမီရုပ်အလောင်းဟာဆိုရင် ဖုံးအုပ်မထားတဲ့အနေအထားနဲ့ တွေ့ရှိခဲ့ရတာဖြစ်ပြီး တွေ့ရှိချိန်မှာတော့ သူမရဲ့ခေါင်းတလားမှာ သစ်ပင်ရဲ့ပင်စည်တစ်ခုဟာရှင်သန်ပြီးအမြစ်တွယ် နေပြီဖြစ်ပါတယ်။ သူမရဲ့အရိုးအသားတွေဟာကြွင်းကျန်ခြင်းမရှိ တော့ပေမဲ့ သူမရဲ့အဝတ်အစား၊ဆံပင်၊လက်သည်း၊ခြေသည်း၊သွားတွေကတော့ လေ့လာမှုတွေဆက်လက်ပြုလုပ်နိုင်တဲ့အထိ အခြေနေကောင်းနေဆဲဖြစ်ပါတယ်။

သူမဟာ အသက်(၁၆)နှစ်ကနေ (၁၈)နှစ်အကြားအရွယ်ရှိပြီး အရပ်(၅)ပေ(၂)လက်မနဲ့ ရွှေရောင်ဖျော့ဖျော့ဆံပင်တွေကို ပိုင်ဆိုင်သူဖြစ်တယ်လို့ပညာရှင်တွေကခန့်မှန်းထား ကြပါတယ်။ ဒါအပြင်သူမရဲ့ခါးပတ်နေရာမှာပါရှိတဲ့ အနွယ်အရစ်သင်္ကေတတွေကြောင့် သူမဟာ Scandinavian ဒေသရဲ့နတ်ဆရာမတစ်ယောက်ဖြစ်မယ်လို့ပညာရှင်တွေက ယုံကြည်ကြတာဖြစ်ပါတယ်။ နောက်ပိုင်း ထပ်မံတွေ့ရှိချက်တွေအရတော့ သူမဟာ ဒိန်းမတ်နိုင်ငံကမဟုတ်ပဲ ဂျာမနီနိုင်ငံ မှာရှိတဲ့ Black Forest ကနေဖြစ်တယ်လို့သိရပြီး သူမဟာ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မျိုးနွယ်စုအကြီးအကဲတစ်ဦးနဲ့ လက်ထပ်ဖို့ ရောက်ရှိနေချိန်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

(၇) Amenhotep (1)

အီဂျစ်နိုင်ငံရဲ့ (၁၈)ဆက်မြောက်မင်းဆက်ရဲ့ ဒုတိယမြောက်ဖာရိုဘုရင် Amenhotep (1) ရဲ့မံမီရုပ်အလောင်းဟာ မျက်နှာဖုံးနဲ့ တူးဖော်တွေ့ရှိခဲ့တဲ့ဖာရိုဘုရင်မံမီရုပ်အလောင်း တွေအနက်မှာတော့ လက်ရာအမြောက်ဆုံးနဲ့ အပြည့်စုံဆုံးတွေ့ရှိမှုအဖြစ်သတ်မှတ်ထား ခဲ့ကြပါတယ်။ ဒါအပြင်တူးဖော်တွှေ့ရှိပြီးသမျှ တော်ဝင်မျိုးနွယ်စုမံမီရုပ်တုတွေအနက်မှာ လည်း Amenhotep (1) ဟာခေါင်းတလားအတွင်းမှာပဲ ပညာရှင်တွေရဲ့ဆန်းစစ်မှုကိုခံယူရတဲ့ တစ်ခုတည်းသော ရုပ်အလောင်းလည်းဖြစ်ပါတယ်။  သူဟာ အီဂျစ်ထီးနန်းကို ဘီစီ (၁၅၂၆) ကနေစတင်ပြီး သူကွယ်လွန်ချိန် (၁၅၀၆)ဘီစီအထိ စိုးမိုးခဲ့တာဖြစ်ပါ တယ်။

အချက်အလက်တွေအရတော့ Amenhotep (1)ရဲ့ဂူဗိမာန်ဟာ အီဂျစ်နန်းဆက်ရဲ့ အကြိမ်(၂၀)မြောက်မင်းဆက် စိုးစံစဉ်ကာလ (၁၁၈၉)ဘီစီ ကနေ (၁၀၇၇)ဘီစီ ဒါမှမဟုတ် (၂၁)ဆက်မြောက်မင်းဆက်စိုးစံစဉ်ကာလဖြစ်တဲ့ (၁၀၆၈ ဘီစီကနေ ၉၄၅ဘီစီ) ကာလတစ်ခုခုအနက်မှာတော့ အမည်မသိတဲ့နေရာကနေ ယခုလက်ရှိတူးဖော်တွေ့ရှိခဲ့ တဲ့ Deir el-Bahari အရပ်ကိုရောက်ရှိခဲ့တာလို့ ပညာရှင်တွေကယူဆကြပါတယ်။ Amenhotep (1)ရဲ့ဂူသချိုင်းကိုစတင်တူးဖော်တွေ့ရှိနိုင်ချိန်ကိုတော့ အတိအကျမှတ်တမ် းတင်နိုင်ခြင်းတော့မရှိပဲ အခြားအီဂျစ်တော်ဝင်အနွယ်ဝင်တွေရဲ့ဂူဗိမာန်တွေအကြား မှာ ပဲကွယ်ဝှက်ထားရှိတဲ့ အနေအထားနဲ့ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

(၆) Lady Rai

အီဂျစ်နိုင်ငံမှာတူးဖော်တွေ့ရှိတဲ့ မံမီရုပ်အလောင်းတွေအနက်မှာတော့ Lady Rai ဟာလည်း သက်တမ်းအရင့်ဆုံးသောမံမီရုပ်အလောင်းတစ်ခုဖြစ်ပါတယ်။ Thebes မှာ (၁၈၈၁)ခုနှစ်ကာလကစတင်တွေ့ရှိခဲ့တဲ့ Lady Rai ဟာအသက်(၃၀)ကနေ(၄၀)ကြား မှာကွယ်လွန်ခဲ့တဲ့အမျိုးသမီးဖြစ်တယ်လို့သိရပြီး (၁၅၃၀)ဘီစီလောက်ကတည်းက သေဆုံးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ လေ့လာမှုတွေအရတော့ သူမဟာ အီဂျစ် ရဲ့(၁၈)ဆက်မြောက်မင်းဆက်ရဲ့ ပထမဆုံးအမျိုးသမီးဘုရင်မဖြစ်သူ Queen Ahmose Nefertari ကိုအလုပ်အကျွေးပြုရတဲ့ နန်းတွင်းသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

တစ်ဆက်တည်းပဲ Lady Rai ရဲ့ခေါင်းတလားအနီးမှာပဲ Queen Anmose Nefertari ရဲ့ အဒေါ်ဖြစ်သူ Ahmose Inhapy ရဲ့မံမီရုပ်အလောင်းကိုထပ်မံတွေ့ရှိခဲ့ပါသေးတယ်။ (၂၀၀၉)ခုနှစ်ရောက်ချိန်မှာတော့ Lady Rai ဟာ သွေးကြော နံရံတွေ ထူလာတဲ့ Atherosclerosis ရောဂါသည်တစ်ယောက်ဖြစ် တယ်လို့ လေ့လာမှုတွေကနေ အတိအကျအဖြေပေးခဲ့ပါတယ်။ သူမဟာတူးဖော်ရရှိတဲ့ ရောဂါနဲ့သေဆုံးရပါတယ်ဆိုတဲ့ များစွာသောမံမီရုပ်အလောင်းတွေအနက်မှာတော့ Atherosclerosis ရောဂါလက္ခဏာကိုပထမဆုံးတွေ့ရှိခဲ့တဲ့ သက်တမ်းအရင့် ဆုံးမံမီရုပ်အေလောင်း အဖြစ် ရှိနေပါတယ်။

(၅) Otzi the Iceman

ဥရောပတိုက်က သြစတြီးယားနဲ့ အီတလီနယ်စပ်အကြား Hauslabjoch ဒေသ အနီးက Otztal Alps တောင်တန်းမှာ (၁၉၉၁)ခုနှစ်မှာတွေ့ရှိခဲ့တဲ့ Otzi the Iceman လို့အမည်ပေးးထားတဲ့အမျိုးသား မံမီရုပ်အလောင်းဟာ ဥရောပရဲ့သဘာဝအတိုင်းတွေ့ရ တဲ့သက်တမ်း အရင့်ဆုံး မံမီရုပ်အလောင်းလည်းဖြစ်ပါတယ်။ Otzi ကရေခဲလူသားလို့ နာမည်နဲ့လိုက်အောင်ပဲ အေးခဲတဲ့ရေခဲထုအကြားမှာ (၃၃၀၀)ဘီစီကာလကတည်းက သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ရုပ်အလောင်းဟာ မပျက်မဆီးပဲရှိနေခဲ့တာဖြစ်ပါတယ်။

လေ့လာချက်တွေအရတော့ Otzi the Icemanဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀) ကနေ (၁၂၀၀၀)အကြားကာလကတည်းက ဘိုးဘေးအစဉ်အဆက်မျိုးနွယ်စုတစ်ခုအဖြစ်နေထိုင်ခဲ့တာဖြစ်တာဖြစ်ပြီး သူရဲ့ကိုယ်ခန္ဓာအနှံ့မှာလည်း အမှတ်အသားအခု(၅၀)လောက်ရှိ တယ်လို့သိရပါတယ်။

အစားအသောက်အနေနဲ့ ဝတ်မှုန်တွေနဲ့ ဆိတ်သားကိုစွံမြဲစား သောက်ခဲ့သူဖြစ်တယ်လို့အဖြေထွက်ခဲ့ပြီး သူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာပုံမှန်မဟုတ်တာကြောင့်လည်း Otzi the Iceman ဟာအသက်ရှင်စဉ်က ရောဂါထူပျောသူတစ် ဦးဖြစ်ရမယ်လို့ခန့်မှန်းထားကြပါတယ်။ (၂၀၁)ခုနှစ်မှာတော့ သိပ္ပံပညာရှင်တွေဘက်က Otzi the Iceman ရဲ့ကိုယ်အတွင်းက သွေးနီဥဆဲတွေကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့ကြပါတယ်။

(၄) Gebelein Man(Ginger)

အီဂျစ်နိုင်ငံ Gebelein (ယခု Naga el-Gherira) မြို့အနီးက သချိုင်းမှာတွေ့ရှိခဲ့တဲ့ Gebelein Man အမျိုးသားမံမီရုပ်အလောင်းဟာ အီဂျစ်နိုင်ငံတွင်းတူးဖော်တွေ့ရှိခဲ့တဲ့ သဘာဝအတိုင်းကျန်ရှိနေသေးတဲ့မံမီရုပ်အလောင်းတွေအနက် ထင်ရှားတဲ့တွေ့ရှိမှုတစ်ခုဖြစ်ခဲ့ပါတယ်။ (၁၈၉၆)ခုနှစ်ကတည်းက အဲဒီမံမီရုပ်အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပြီး (၁၉၀၁)ခုနှစ်မှာတော့ British အမျိုးသားပြတိုက်မှာ စတင်ပြသထားခဲ့ပါတယ်။ ယင်းမံမီရဲ့ဆံပင်ဟာဂျင်းကဲ့သို့နီဝါရောင်ဖြစ်နေတာကြောင့်လည်းသူကို Ginger လို့လည်း နာမည်ပြောင်ပေးထားတာကိုတွေ့ရပါတယ်။

(၂၀၁၂)ခုနစ်မှာတော့ ပညာရှင်တွေက Gebelein Man ဟာ အသက်ရှင်စဉ်က သားသတ်သမားတစ်ဦးဖြစ်ပုံပေါ်ပြီး Digital autopsy နဲ့စမ်းသပ်ချက်တွေအရ သူရဲ့အ ရေပြားပေက ဒဏ်ရာတွေရှိနေကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ယင်းဒဏ်ရာ တွေဖြစ်စေတဲ့ လက်နက်၊တိရိစ္ဆာန်စတဲ့အမျိုးအမည်ကိုတော့ဖော်ထုတ်နိုင်ခဲ့ခြင်းတော့ မရှိပဲ သူရဲ့လက်ပြင်ရိုးနဲ့နံရိုးတွေဟာ ပျက်စီးနေတာကိုထောက်ရင်တော့ သူဟာပြင်း ထန်တဲ့တိုက်ခိုက်ခံရမှုကြောင့် ဘီစီ ၃၄၀၀ခန့်မှာ သေဆုံးခဲ့ရတာလို့ အဖြေထွက်ပါတယ်။

(၃) Tashwinat Mummy

လစ်ဗျားနိုင်ငံအတွင်းက Uan Muhuggiag ယဉ်ကျေးမှု သုတေသနနယ်မြေအတွင်းမှာ (၁၉၅၈)ခုနှစ်ကတည်းက ပရော်ဖက်ဆာ Fabrizio Mori တူးဖော်တွေ့ရှိခဲ့တဲ့ Tashwinat Mummy ရုပ်အလောင်းဟာ ဆိုရင်လည်း နှစ်ပေါင်း(၅၄၀၀)ကနေ(၅၆၀၀)သက်တမ်းရှိတဲ့မံမီရုပ်အလောင်းဖြစ်ပါတယ်။ အသက် (၃)နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အလောင်းဖြစ်ပြီး မပုပ်မသိုးစေရန်ဆေးစီရင်ပြီးချိန် မှာတော့ တောဆိတ်ရဲ့သားရေနဲ့ဖုံးအုပ်ထားခဲ့ပါတယ်။ ဒါ့အပြင်ကလေးရဲ့အူအပါအဝင် ကလီစာတွေနေရာမှာ အမွှေးအကြိုင်ပစ္စည်းတွေနဲ့အစားထိုးခဲ့ပြီးကာလရှည် မပုပ်သိုးအောင်စီမံထားခဲ့ပါတယ်။

အာဖရိကတိုက်မှာတော့ Tashwinat Mummy ဟာ တူးဖော်တွေ့ရှိပြီးသမျှ မံမီရုပ်အလောင်းတွေအနက်မှာတော့ သက်တမ်းအရင့်ဆုံးလို့ပြောနိုင်ပြီး ယင်းမံမီမှာပါဝင်တဲ့  မံမီပြုလုပ်နည်းပညာတွေဟာ အီဂျစ်နိုင်ငံကပညာတွေထက်ပိုမိုရှေးကျတယ်လို့ယူဆ ကြပါတယ် ။ တစ်နည်းအားဖြင့်ပြောရရင်တော့ ကမ္ဘာပေါ်မှာအီဂျစ်တွေထက်ပိုစောတဲ့ မံမီပြုလုပ်နည်းကိုသိနေတဲ့ မျိုးနွယ်စုတစ်ခုဟာ ကမ္ဘာပေါ်မှာရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါ တယ်။

(၂) Chinchorro Mummies

Chinchorro Mummies ရုပ်အလောင်းတွေဟာ ကမ္ဘာမှာတော့ သက်တမ်းအရင့်ဆုံး မံမီအစုအဝေးတွေဖြစ်ပြီး (၁၉၁၇)ခုနှစ်တုန်းက တောင်အမေရိကတိုက်က ပီရူးနိုင်ငံ တောင်ဘက်စွန်း LLO ကမ်းရိုးတန်းတစ်လျှောက်ကနေ အိမ်နီးချင်းချီလီရဲ့မြောက်ဘက် စွန်းလို့ဆိုရမဲ့ Antofagasta ဒေသတစ်လျှောက်မှာတူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး မံမီရုပ် အလောင်းပေါင်း (၂၈၂)လောင်းအထိကိုရှိခဲ့ပါတယ်။ ယင်းထဲက(၂၉)ရာခိုင်နှုန်းလောက် ဟာဆိုရင် တူးဖော်တွေ့ရှိချိန်အထိ သဘာဝအတိုင်းအနေအထားသာရှိနေခဲ့တာလို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀၀)ဘီစီကာလကတည်းကရှိနေခဲ့တဲ့ Chinchorro မျိုးနွယ်စုတွေဟာ လူသေအလောင်းတွေကိုမံမီပြုလုပ်တဲ့ပညာရပ်ကို အီဂျစ်တွေထက် နှစ်(၂၀၀၀)လောက်စောပြီး တတ်ကျွမ်းခဲ့ကြတာဖြစ်တယ်လို့ ပညာရှင်တွေရဲ့အဆိုအရ သိရပါတယ်။ တူးဖော်တွေ့ရှိနိုင်ခဲ့တဲ့ Chinchorro Mummies တွေဟာဆိုရင်လည်း (၃၀၀၀)ဘီစီကာလကတည်းက မြုပ်နှံခဲ့ကြတာဖြစ်ပါတယ်။ Chinchorro တွေ ဟာ အလောင်းကောင်တွေကို မံမီပြုလုပ်ရာ အနက်၊အနီ၊ရွံရောင်စသည်ဖြင့်ကွဲပြားတဲ့ အရောင်တွေကို အသုံးပြုဖန်တီးခဲ့ကြတယ်လို့လည်း ဆက်လက်လေ့လာမှုတွေအရ သိရပါတယ်။

(၁) Spirit Cave Mummy

ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံး မံမီရုပ်အလောင်းကတော့ (၁၉၄၀)ခုနှစ်က အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် Fallon က Spirit ဂူအတွင်းမှာတွေ့ရှိခဲ့တဲ့ Spirit Cave Mummy ရုပ်အလောင်းဖြစ်ပါတယ်။ သူရဲ့သက်တမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၉၄၀၀)ခန့်ကဖြစ်တယ်လို့ ပညာရှင်တွေကအတည်ပြုထားပြီး Sydney နဲ့ Georgia Wheeler အမည်ရတဲ့ ရှေးဟောင်းသုသေသနပညာရှင်ဇနီးမောင်နှံက တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ လိုဏ်ဂူရဲ့အပူချိန်နဲ့ ခြောက်သွေ့တဲ့ဝန်းကျင်က ယင်းမံမီရုပ်အလောင်းကို သဘာဝအတိုင်းနီးပါးထိန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(၁၉၉၇)ခုနှစ်မှာတော့ Nevada ပြည်နယ်၊ Fallon Reservation(အမေရိကန်ပြည်ထောင်စု မူလတိုင်းရင်းသားများအတွက် သီးသန့်နယ်မြေ) ကနေ Paiute-Shoshone မျိုးနွယ်စုတွေရဲ့အခွင့်အရေးနဲ့စပ်လျဉ်းပြီး (NAGPRA) Native American Grave Protection and Repatriation ဥပဒေအရ ယင်း Spirit Cave Mummy ရုပ်အလောင်းကို သူတို့နယ်မြေအတွင်းမှာသာဆက်လက် ထားရှိဖို့တောင်းဆိုခဲ့ပါတယ်။

Paiute-Shoshone မျိုးနွယ်စုအခွင့်အရေးလှုပ်ရှားသူတွေ ဟာ အမေရိကန်ဗဟိုအစိုးရနဲ့ ဆယ်စုနှစ်(၂)ခုစာရောက် တရားရင်ဆိုင်အပြီးမှာတော့ ဥပဒေကြောင်းအရ Spirit Cave Mummy ကိုထိန်းသိမ်းစောင့်ရှောက်ခွင့်ကိုရယူနိုင်ခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်မှာတော့ Spirit Cave Mummy ရုပ်အလောင်းဟာ ဒေသခံ Paiute-Shoshone မျိုးနွယ်တွေရဲ့လက်ထဲပြန်လည်ရောက်ရှိခဲ့ပြီး DNA စစ်ဆေးချက်တွေအရ ယင်းမံမီရုပ်အလောင်းဟာ မူရင်းဒေသခံတိုင်းရင်းသားအမေရိကန်တွေနဲ့ မျိုးရိုးဗီဇပိုင်းအရ အမှန်တကယ်ဆက်နွယ်နေခဲ့ကြောင်း အဖြေထွက်ခဲ့ပါတယ်။

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!