ဒီနိုင်ငံစာရင်းမှာတော့ အိုက်စလန်၊နယူးဇီလန်၊ပေါ်တူဂီ၊သြစတြီးယား ဒိန်းမတ်နိုင်ငံ တွေဟာထိပ်ဆုံးနေရာက ရှိနေပြီး ဥရောပတိုက်က နိုင်ငံအများစု ပါဝင်နေတာကို တွေ့ရပါတယ်။ မှုခင်းတွေ၊အကြမ်းဖက်မှုဖြစ်စဉ်တွေလုံးဝမရှိတဲ့နိုင်ငံရယ်လို့တော့ ကမ္ဘာပေါ်မှာမရှိဘူးဆိုပေမဲ့ အထက်ပါနိုင်ငံတွေဟာ အခြားသောနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မှုခင်းဖြစ်စဉ်တွေ မရှိသလောက်နည်းပါးပြီး နှစ်လိုဖွယ်ရာလူအဖွဲ့အစည်းတွေကိုပိုင်ဆိုင်ထားကြတာကိုတွေ့ရပါတယ်။
Global Peace Index အရဆိုရင်တော့ (၂၀၀၉)ခုနှစ်နောက်ပိုင်းကနေစတင်ပြီး ကမ္ဘာကြီးဟာ အန္တရာယ်ထူပြောတဲ့နေရာတစ်ခုဖြစ်လာလျက်ရှိပြီး အကြမ်းဖက်ဂိုဏ်း ဂဏ္ဍအဖွဲ့အစည်းတွေ၊ဘာသာရေးနိုင်ငံရေး၊လူမျိုးရေးလွန်ဆွဲမှုတွေကြောင့် အပြစ်မဲ့ပြည် သူတွေဟာ ပိုပြီးအေးချမ်းတဲ့နေရာဌာနအသစ်တွေကိုပဲပြောင်းရွေနေထိုင်ဖို့ စိတ်ဆန္ဒအစဉ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါတယ်။
အခုစာရင်းမှာတော့ ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနဲ့ လုံခြုံမှုအရှိဆုံး ထိပ်တန်း ၂၅နိုင်ငံကို ဖော်ပြထားတာဖြစ်ပြီး ယင်းနိုင်ငံအားလုံးရဲ့တူညီချက်ကတော့ နိုင်ငံသားတစ်ဦးချင်းစီရဲ့တစ်နှစ်ဝင်ငွေမြင့်မား မှုနဲ့နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှု၊ ပညာရေးအဆင့်အတန်းမြင့်မားမှု၊ နိုင်ငံတစ်ကာကအသိ အမှတ်ပြုရလောက်တဲ့ တရားရေးမဏ္ဍိုင်ခိုင်မာမှုနဲ့ ကိုယ်ချင်းစာတရားနဲ့ပြည့်ဝပြီး တာဝန် ယူ၊တာဝန်ခံမှုမြင့်မားတဲ့ လူအဖွဲ့အစည်းတွေကို ပိုင်ဆိုင်ထားခြင်းတွေပဲဖြစ်ပါတယ်။
အိုက်စလန်၊နယူးဇီလန်၊သြစတီးယား၊ပေါ်တူဂီ၊ဒိန်းမတ်နဲ့ကနေဒါနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာလုံခြုံ မှုအရှိဆုံးထိပ်တန်းနိုင်ငံတွေဖြစ်ကြပြီး သူတို့ရဲ့နောက်မှာတော့ ချက်သမ္မတနိုင်ငံ၊စင်ကာပူ၊ဂျပန်နဲ့ အိုင်ယာလန်နိုင်ငံတို့ရှိနေပါတယ်။ လုံခြုံမှုအရှိဆုံးထိပ် တန်း(၂၅)နိုင်ငံစာရင်းမှာဆိုရင် ဥရောပ၊အာရှနဲ့ သမုဒ္ဒရာပိုင်းဒေသကနိုင်ငံတွေပါဝင်ပြီး မြောက်အမေရိကတိုက်က ကနေဒါကတော့ ထူးထူးခြားခြားပါဝင်လို့နေပါတယ်။
ကျန်ခဲ့တဲ့ ဆယ်စုနှစ်ကလာက ယင်းစာရင်းမှာပါဝင်တဲ့ ဥရောပနိုင်ငံအချို့ဟာလည်း ဒေသတွင်းအတည်ငြိမ်မှုနဲ့ နိုင်ငံရေးဆိုင်ရာပြသာနာတွေကြောင့် ယင်းစာရင်းရဲ့အပြင် ဘက်ကိုရောက်သွားခဲ့တာကိုတွေ့ရပါတယ်။ နိုင်ငံတကာမှုခင်းလေ့လာရေးနှုန်းထားတွေအရဆိုရင် ဥရောပ၊အာရှနဲ့သမုဒ္ဒရာပိုင်းဒေသတွေမှာဆိုရင် နှစ်စဉ်လူ (၁၀၀၀၀၀)မှာ (၃)ယောက်နှုန်းထား အသတ်ခံနေရတယ် လို့ ဖော်ပြမှုရှိတာကိုတွေ့ရပါတယ်။ ယင်းမှတ်တမ်းဟာ တစ်နှစ်အတွင်းလူ(၁၀၀၀၀)မှာ (၁၂.၅)ယောက်လောက် အသတ်ခံနေရတဲ့အာဖရိကတိုက်နဲ့ (၁၆.၃)ယောက်လောက် အသတ်ခံနေရတဲ့ အမေရိကတိုက်ရဲ့နှုန်းထားတွေနဲ့ယှဉ်ရင်အတော်ကိုလျော့နည်းနေ တာကိုတွေ့ရမှာဖြစ်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေက ပိုလုံခြုံမှုပေးနိုင်တာလား ငွေကြေးနဲ့ပျော်ရွှင်မှုကိုဝယ်မရဘူးဆိုပေမဲ့ငွေနဲ့တော့ပျော်ရွှင်စရာကိုဖန်တီးနိုင်မယ်ဆို တာက တော့ ယခုအခြေအနေအရမှန်တယ်လို့ပဲဆိုရပါမယ်။ ဒါအပြင်ပိုမိုလုံခြုံပြီး စည်းစနစ်ကျနတဲ့ ဝန်းကျင်ဆိုတာကလည်း ငွေကပဲဖန်တီးတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကနှစ်စဉ်တစ်ဦးချင်းဝင်ငွေအကောင်းဆုံးနိုင်ငံ (၃၀)စာရင်းမှာတော့ အထက်က ဖော်ပြခဲ့တဲ့ ကမ္ဘာလုံခြုံမှုအပေးနိုင်ဆုံးသောနိုင်ငံ (၅)နိုင်ငံဟာ မပါခဲ့တာ ကြောင့်ပျော်ရွှင်မှုဆိုတာ ငွေနဲ့ဝယ်လို့မရနိုင်တဲ့အရာဆိုတာ အတိုင်းအတာတစ်ခုအထိ မှန်ကန်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေဟာ အလုပ်လက်မဲ့လူဦးရေအလွန်နည်းပါးသလို အရွယ်ရောက်ပြီး သူတိုင်းအတွက် လူတန်းစေ့နေနိုင်တဲ့ အလုပ်အကိုင်အခွင့်အရေးကိုပေါပေါသီသီရနိုင် တဲ့နေရာတွေဖြစ်ပါတယ်။ အခြားဆန့်ကျင်ဘက်မှာတော့ ဆင်းရဲတဲ့နိုင်ငံတွေဟာ အလုပ် အကိုင်အခွင့်အရေးနည်းပါးပြီး လူငယ်တွေဟာလမ်းမှားကိုသာအရောက်လှမ်းကြလေ့ ရှိပါတယ်။
ဒါကြောင့် ဓါးမြမှု၊လူသတ်မှုနဲ့ လုယက်မှုလိုဖြစ်စဉ်တွေဟာယင်းနိုင်ငံတွေ မှာပဲအဖြစ်များပြီး နိုင်ငံရဲ့တရားရေးမဏ္ဍိုင်ပြိုလဲနေခြင်း ဖြစ်စဉ်တွေသာမက အဂတိလိုက်စားမှုတွေကလည်း ထူပျောနေမှာ အသေချာဆုံးဖြစ်ပါလိမ့်မယ်။ ပညာရေး၊ကျန်းမာရေးကဏ္ဍတွေမှာလည်း ပြသာနာကြီးကြီးမားမားနဲ့ရင်ဆိုင်ရနိုင်ကာ ယင်းရလဒ်ကနေပဲ ပျော်ရွှင်စရာလူအဖွဲ့အစည်းရဲ့ အဝေးဆုံးကိုနိုင်ငံနဲ့ချီခေါ်ဆောင် သွားတာဖြစ်တယ်လို့ လေ့လာမှုအချိုအရသိရပါတယ်။
Scandinavi ဒေသ(သို့) ကမ္ဘာရဲ့အပျော်ရွှင်ရဆုံးအပိုင်း
ဒီလိုခိုင်းနှိုင်းရခြင်းကတော့ Scandinavi ဒေသမှာပါဝင်နေတဲ့ နော်ဝေ၊ဆွိဒင်၊ဒိန်းမတ်၊ အိုက်စလန်နဲ့ဖင်လန်နိုင်ငံအားလုံးဟာ ကမ္ဘာစိတ်အချမ်းသာရဆုံး၊လုံခြုံမှုအရှိဆုံးနိုင်ငံ တွေစာရင်းမှာပါဝင်နေလို့ပဲဖြစ်ပါတယ်။ မှုခင်းဆိုင်ရာနိုင်ငံတကာနှုန်းထားတွေအရ ယင်းဒေသရဲ့လူ (၁၀၀၀၀၀)မှာဆိုရင် နှစ်စဉ်လူသတ်မှုအရသေဆုံးသူဟာ (ဝ.၈)ရာခိုင် နှုန်းသာရှိပါတယ်။ ဒါဟာကမ္ဘာပေါ်မှာတော့ အနည်းဆုံးပမာဏဖြစ်ပြီး အခြားသော လူမှုဖော်ဆောင်ရေးလုပ်ငန်းတွေကြောင့် လက်ရှိကမ္ဘာအငြိမ်းချမ်းဆုံး ၊အလုံခြုံဆုံးနေရာဟာ Scandinavi ဒေသ ဖြစ်တယ်လို့ဆိုရပါမယ်။
အမေရိကန်ပြည်ထောင်စု
နှိုင်းယှဉ်ချက်တွေပြုလုပ်မယ်ဆိုရင်တော့ ကမ္ဘာစူပါ ပါဝါအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကိုချန်ထားလို့ ရမယ်မထင်ပါဘူး။ ဒါပေမဲ့ဒီနေရာမှာတော့ ကမ္ဘာပုလိပ်ကြီးလို့နာမည်ပြောင်ခေါ်ဆိုကြတဲ့ အမေရိကန်ဟာ ကမ္ဘာပေါ်က အလုံခြုံဆုံး အငြိမ်းချမ်းဆုံးနိုင်ငံစာရင်းမှာတော့ ၁၂၈နေရာမှာသာ ရှိနေပါတယ်။ ဒါဟာလွန်ခဲ့တဲ့နှစ်က ထက်အဆင့်(၄)ဆင့်ကျသွားခြင်းဖြစ်ပြီး ယခုအချိန်လို အီရန်နဲ့ စစ်ဖြစ်ပွားတဲ့ ပဋိပက္ခ္ခ ကြောင့် နောင်နှစ်ပိုလို့တောင် အဆင့်ကျတော့မယ့် အခြေအနေဖြစ်နေပါတယ်။
မှတ်တမ်း တွေအရတော့ အမေရိကန်ဟာ(၂၀၁၆)ခုနှစ်ကနေစတင်ပြီး အဆင့်တွေဆက်တိုက်ကျ ဆင်းလာတယ်လို့သိရပြီး အမေရိကန်ရဲ့အထက်မှာ အာဖရိကရဲ့လူဆိုးနိုင်ငံတွေဖြစ်တဲ့ နိုင်ဂျာ၊နီဂါရာဂူအာ၊ကွန်ဂိုလိုနိုင်ငံတွေအပြင် တောင်အမေရိကရဲ့ရာဇဝတ်အထူပျောဆုံး ဘရာဇီး၊မြောက်အမေရိကရဲ့ El Salvador နိုင်ငံတွေကတောင်ရပ်တည်နေတာကိုတွေ့ရပါတယ်။
အာရှနိုင်ငံငယ်လေးများ
ဥရောပတိုက်ပြီးရင် ကမ္ဘာ့ဒုတိယမြောက်အငြိမ်ချမ်းဆုံး၊ အလုံခြုံဆုံးအရပ်ကတော့ အာရှတိုက်ဖြစ်တယ်လို့ဆိုကြပါတယ်။ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊စင်ကာပူ၊ဘူတန်နိုင်ငံတွေဟာ အငြိမ်းချမ်း ဆုံးနယ်မြေစာရင်းတွေအတွင်းမှာ ဆယ်စုနှစ်များစွာကတည်းကပါဝင်နေကြတာဖြစ်ပြီး ယခုနှစ်ပိုင်းမှာ ပါဝင်လာတာကတော့ အရှေတောင်အာရှဒေသရဲ့ မလေးရှားနိုင်ငံဖြစ် ပါတယ်။
ကမ္ဘာအငြိမ်းချမ်းဆုံးသောနိုင်ငံတွေအားလုံးရဲ့တူညီချက်ကတော့ ကိုးကွယ်မှုဘာသာ တရားအပေါ်လေးနက်မှုနဲ့ မြင့်မားတဲ့ပညာရေးဝန်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ဒါအပြင် သင့်တင့်တဲ့ကြွယ်ဝချမ်းသာမှု၊အဂတိတိုက်စားမှုလျော့ နည်းမှုနဲ့ နိုင်ငံရဲ့တရားစီရင်ရေး၊အုပ်ချုပ်ရေး၊ဥပဒေပြုရေးအာဏာတွေဟာ ညီညွတ်မျှ တမှုတွေကလည်း နေထိုင်သူနိုင်ငံသားတွေအတွက် လုံခြုံပြီးပျော်စရာကောင်းတဲ့လူ ပတ်ဝန်းကျင်ကိုဖန်တီးပေးပါတယ်။
အခြားနိုင်ငံတွေအကြောင်းပြောတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အဆင့်လည်း သိချင်ကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံကတော့ လုံခြုံမှု နဲ့ အငြိမ်းချမ်းဆုံးစာရင်းမှာ နံပါတ် ၁၂၅ နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။
အလုံခြုံဆုံး အငြိမ်းချမ်းဆုံးအဖြစ်ဖော်ပြထားတဲ့ ၂၅ နိုင်ငံ စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Ref : Worldatlas : The 25 Safest Countries In The World
Discussion about this post