Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အကြီးဆုံးလေယာဉ်ကြီးများ

by Thutamm
August 9, 2020
Reading Time: 3min read
0
ကမ္ဘာပေါ်က အကြီးဆုံးလေယာဉ်ကြီးများ
Share on FacebookShare on Twitter

ဒီတခါတော့ ကမ္ဘာပေါ်က အကြီးဆုံးလေယာဉ်ကြီးတွေအကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

ကမ္ဘာ့တောင်ပံအရှည်ဆုံးလေယာဉ်

ကမ္ဘာပေါ်မှာ တောင်ပံအရှည်ဆုံးလေယာဉ်ကတော့ Stratolaunch ဆိုတဲ့လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်နှစ်စီး ဆက်ထားတဲ့ပုံသဏ္ဍာန်တည်ဆောက်ထားပြီး တောင်ပံအရှည် ၃၈၅ပေ တောင် ရှိပါတယ်။ ဒီလေယာဉ်ပရောဂျက်ကို စတင်တည်ဆောက်ခဲ့သူက မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Paul Allen ဖြစ်ပါတယ်။ လေယာဉ်အလေးချိန်က ပေါင် ၅၀၀၀၀၀ ဖြစ်ပြီး ၁နာရီကို အမြန်ဆုံးနှုန်းက ၅၃၀မိုင် ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ပျံသန်းမှုကိုတော့ ၂၀၁၉ ဧပြီလမှာ ပြုလုပ်ခဲ့ပြီး ယခုအချိန်မှာတော့ ပိုမိုကောင်းမွန်အောင် စမ်းသပ်မှုကို ပြုလုပ်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ရေယာဉ်ပျံ

ကမ္ဘာပေါ်မှာ အကြီးဆုံး ရေယာဉ်ပျံကတော့ Hughes H-4 Hercules ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ခဲ့ပေမယ့် စစ်ကြီးပြီးဆုံးချိန်နောက်မှသာ ရေယာဉ်ပျံတည်ဆောက်မှုပြီးစီးခဲ့ပါတယ်။ တချိန်က အမေရိကန်ရဲ့အကြီးဆုံးလေယာဉ်ထုတ်လုပ်မှု ကုမ္ပဏီတခုဖြစ်ခဲ့တဲ့ Hughes ကုမ္ပဏီက ၁စင်းတည်းအနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုနောက်တမျိုးအနေနဲ့ Spruce Goose လို့လည်းခေါ်ကြပါသေးတယ်။

ရေပေါ်မှာပဲ တက်နိုင်ဆင်းနိုင်တဲ့ Flying Boat အမျိုးအစားပါ။ ယာဉ်ချည်းသက်သက်အလေးချိန် ၁၂၅ တန် ရှိပြီး အလျား ၂၁၈ပေ ၊ တောင်ပံအကျယ် ၃၂၀ပေ ရှိပါတယ်။ အဲဒီအချိန်တုန်းက အလူမီနီယံအသုံးပြုမှုကို ကန့်သတ်ထားတဲ့အတွက် ယာဉ်အစိတ်အပိုင်းအချို့ကို သစ်သားတွေနဲ့ တည်ဆောက်ခဲ့ရပါတယ်။ အင်ဂျင် ၈လုံးတပ်ဆင်ထားပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၃သန်းပါ။ လက်ရှိအချိန်မှာတော့ ဒီယာဉ်ပျံကြီးကို အော်ရီဂွန်က လေကြောင်း နှင့် အာကာသ ပြတိုက်မှာ ပြသထားပါတယ်။

ကမ္ဘာ့အကြီးဆုံးလေယာဉ်ပျံ (By Weight)

အလေးချိန်အားဖြင့် ကမ္ဘာပေါ်မှာအကြီးဆုံးလေယာဉ်ဖြစ်ပြီး ယူကရိန်းလေယာဉ်ကုမ္ပဏီ Antonov Design Bureau က တည်ဆောက်ထားတာဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးအစားဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုက ပိုင်ဆိုင်ခဲ့ပါတယ်။ အလျား ၂၇၆ပေ ၊ တောင်ပံအကျယ် ၂၉၀ပေ ၊ အမြင့် ၅၉ပေခွဲ ရှိပါတယ်။ အလေးချိန်ကတော့ လေယာဉ်ချည်းသက်သက် 285,000 kg ရှိပြီး ဝန်အပြည့်တင်မယ်ဆိုရင်တော့ 640,000 kg အထိရှိသွားမှာပါ။

turbofan အင်ဂျင် ၆လုံးတပ်ဆင်ထားပြီး အမြန်ဆုံးနှုန်းကတော့ ၁နာရီကို ၅၃၀မိုင် ဖြစ်ပါတယ်။ လေယာဉ်ကြီးရဲ့ပထမဆုံးပျံသန်းမှုကိုတော့ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ တန်ကြေးက အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ အထက်ရှိပြီး ၂၀၀၁ ခုနှစ်က ကြမ်းခင်းပြုပြင်စရိတ်တင် အမေရိကန်ဒေါ်လာ သန်း ၂၀ခန့် ကုန်ကျခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်က စလို့ ယခုအချိန်ထိတိုင်အောင် ကုန်ပစ္စည်းသယ်ယူပျံသန်းမှုတွေကို ပြုလုပ်နေဆဲဖြစ်ပြီး ဒီလေယာဉ်ကြီး ၁နာရီငှားရမ်းခက အမေရိကန်ဒေါ်လာ ၃သောင်းထက်မနည်း ကျသင့်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ကြီး

ကမ္ဘာပေါ်မှာအကြီးဆုံး ခရီးသည်တင်လေယာဉ်ကတော့ ဥရောပ Airbus လေယာဉ်ကုမ္ပဏီက ထုတ်လုပ်တဲ့ Airbus A380 လေယာဉ်ဖြစ်ပါတယ်။ Airbus ဟာ အမေရိကန်ဒေါ်လာ ၁၀.၇ဘီလျံကုန်ကျခဲ့တဲ့ A380 ပရောဂျက်ကို ၂၀၀၀ ပြည့်နှစ် နှစ်ကုန်မှာ ချပြခဲ့ပါတယ်။ ပထမဆုံး A380 လေယာဉ်ကိုတော့ ပြင်သစ်နိုင်ငံ Toulouse စက်ရုံကနေ ၂၀၀၅ ခုနှစ်မှာ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လေယာဉ်ရဲ့အတိုင်းအတာကတော့ အလျား ၂၃၉ပေ ၊ တောင်ပံအကျယ် ၂၆၂ပေ ၊ အမြင့် ၇၉ပေ ရှိပြီး အလေးချိန်ကတော့ 277,145 kg ရှိပါတယ်။

ခရီးသည်အများဆုံး ၈၅၃ဦးအထိ တင်ဆောင်နိုင်ပြီး အမြန်နှုန်းကတော့ ၁နာရီကို ၅၆၁ မိုင်ဖြစ်ပါတယ်။ ဒီလေယာဉ်ကြီး တစင်းရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၄၅၅သန်းဖြစ်ပြီး ၂၀၁၉ နှစ်ကုန်အချိန်ထိ စင်းရေ ၂၄၂စီး ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလေယာဉ်တွေကိုအမ်းမရိတ် ၊ စင်ကာပူအဲလိုင်း ၊ ဗြိတိန်အဲဝေး နဲ့ Qantas စတဲ့ နာမည်ကျော်လေကြောင်းလိုင်းတွေမှာ အသုံးပြုပြေးဆွဲလျှက်ရှိပါတယ်။

ကမ္ဘာ့အရှည်ဆုံးလေယာဉ်

လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ အလျားအရှည်ဆုံးလေယာဉ်ကတော့ KM (Korabl Maket) လေယာဉ်ပဲဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုမှ တည်ဆောက်ခဲ့တာဖြစ်ပြီး အလွန်ကြီးမားလှတာကြောင့် Caspian Sea Monster ဆိုပြီး လူသိများပါတယ်။ Ekranoplan အမျိုးအစားလေယာဉ်ဖြစ်ပြီး ရေပြင်ကို လေယာဉ်ပြေးလမ်းသဖွယ်အသုံးပြုပျံသန်းကာ လေယာဉ်ဆင်းတဲ့အခါမှာလည်း ရေပြင်ပေါ်မှာပဲ ဆင်းသက်ကာ သင်္ဘောတစင်းသဖွယ်ပေါ်နေအောင် ဒီဇိုင်းထုတ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။

ဒီလေယာဉ်ကြီးရဲ့ အလျားက ၃၀၁ပေရှိကာ ၊ တောင်ပံအကျယ် ၁၂၃ပေ ၊ အမြင့် ၇၂ပေ နဲ့ အလေးချိန်ကတော့ 240,000 kg ရှိပါတယ်။ Dobrynin VD-7 တာဘိုဂျက် အင်ဂျင် ၁၀ လုံးတပ်ဆင်ထားပြီး အမြန်ဆုံးနှုန်းကတော့ ၁နာရီကို ၃၁၀မိုင်ဖြစ်ပါတယ်။ ဒီလေယာဉ်ကြီးရဲ့ ပထမဆုံး အကြိမ်ပျံသန်းမှုကိုတော့ ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ၁၅နှစ်ဆက်တိုက် စမ်းသပ်ပျံသန်းမှုတွေပြုလုပ်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာတော့ လေယာဉ်မှူးရဲ့ အမှားကနေ လေယာဉ်ကြီးပျက်စီးထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ၁ပတ်အကြာမှာတော့ လေယာဉ်ကြီးဟာ နစ်မြုပ်သွားခဲ့ပြီး ကြီးမားလွန်းတဲ့အတွက် ပြန်လည်ဆယ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

——– —— ——–

(Zawgyi)

ကမာၻေပၚက အႀကီးဆုံးေလယာဥ္ႀကီးမ်ား

ဒီတခါေတာ့ ကမာၻေပၚက အႀကီးဆုံးေလယာဥ္ႀကီးေတြအေၾကာင္းကို ဗဟုသုတ အေနနဲ႔ ေဝမွ်လိုက္ပါတယ္။

ကမာၻ႔ေတာင္ပံအရွည္ဆုံးေလယာဥ္

ကမာၻေပၚမွာ ေတာင္ပံအရွည္ဆုံးေလယာဥ္ကေတာ့ Stratolaunch ဆိုတဲ့ေလယာဥ္ျဖစ္ပါတယ္။ ေလယာဥ္ႏွစ္စီး ဆက္ထားတဲ့ပုံသ႑ာန္တည္ေဆာက္ထားၿပီး ေတာင္ပံအရွည္ ၃၈၅ေပ ေတာင္ ရွိပါတယ္။ ဒီေလယာဥ္ပေရာဂ်က္ကို စတင္တည္ေဆာက္ခဲ့သူက မိုက္ခ႐ိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ Paul Allen ျဖစ္ပါတယ္။ ေလယာဥ္အေလးခ်ိန္က ေပါင္ ၅၀၀၀၀၀ ျဖစ္ၿပီး ၁နာရီကို အျမန္ဆုံးႏႈန္းက ၅၃၀မိုင္ ျဖစ္ပါတယ္။ ပထမဆုံးအႀကိမ္ပ်ံသန္းမႈကိုေတာ့ ၂၀၁၉ ဧၿပီလမွာ ျပဳလုပ္ခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ ပိုမိုေကာင္းမြန္ေအာင္ စမ္းသပ္မႈကို ျပဳလုပ္ေနဆဲျဖစ္ပါတယ္။

ကမာၻ႔အႀကီးဆုံး ေရယာဥ္ပ်ံ

ကမာၻေပၚမွာ အႀကီးဆုံး ေရယာဥ္ပ်ံကေတာ့ Hughes H-4 Hercules ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္အတြင္းမွာ သယ္ယူပို႔ေဆာင္ေရးယာဥ္အျဖစ္ အသုံးျပဳဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ စစ္ႀကီးၿပီးဆုံးခ်ိန္ေနာက္မွသာ ေရယာဥ္ပ်ံတည္ေဆာက္မႈၿပီးစီးခဲ့ပါတယ္။ တခ်ိန္က အေမရိကန္ရဲ႕အႀကီးဆုံးေလယာဥ္ထုတ္လုပ္မႈ ကုမၸဏီတခုျဖစ္ခဲ့တဲ့ Hughes ကုမၸဏီက ၁စင္းတည္းအေနနဲ႔ ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ သူ႔ကိုေနာက္တမ်ိဳးအေနနဲ႔ Spruce Goose လို႔လည္းေခၚၾကပါေသးတယ္။

ေရေပၚမွာပဲ တက္ႏိုင္ဆင္းႏိုင္တဲ့ Flying Boat အမ်ိဳးအစားပါ။ ယာဥ္ခ်ည္းသက္သက္အေလးခ်ိန္ ၁၂၅ တန္ ရွိၿပီး အလ်ား ၂၁၈ေပ ၊ ေတာင္ပံအက်ယ္ ၃၂၀ေပ ရွိပါတယ္။ အဲဒီအခ်ိန္တုန္းက အလူမီနီယံအသုံးျပဳမႈကို ကန႔္သတ္ထားတဲ့အတြက္ ယာဥ္အစိတ္အပိုင္းအခ်ိဳ႕ကို သစ္သားေတြနဲ႔ တည္ေဆာက္ခဲ့ရပါတယ္။ အင္ဂ်င္ ၈လုံးတပ္ဆင္ထားၿပီး ကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၂၃သန္းပါ။ လက္ရွိအခ်ိန္မွာေတာ့ ဒီယာဥ္ပ်ံႀကီးကို ေအာ္ရီဂြန္က ေလေၾကာင္း ႏွင့္ အာကာသ ျပတိုက္မွာ ျပသထားပါတယ္။

ကမာၻ႔အႀကီးဆုံးေလယာဥ္ပ်ံ (By Weight)

အေလးခ်ိန္အားျဖင့္ ကမာၻေပၚမွာအႀကီးဆုံးေလယာဥ္ျဖစ္ၿပီး ယူကရိန္းေလယာဥ္ကုမၸဏီ Antonov Design Bureau က တည္ေဆာက္ထားတာျဖစ္ပါတယ္။ သယ္ယူပို႔ေဆာင္ေရးယာဥ္အမ်ိဳးအစားျဖစ္ၿပီး ဆိုဗီယက္ျပည္ေထာင္စုက ပိုင္ဆိုင္ခဲ့ပါတယ္။ အလ်ား ၂၇၆ေပ ၊ ေတာင္ပံအက်ယ္ ၂၉၀ေပ ၊ အျမင့္ ၅၉ေပခြဲ ရွိပါတယ္။ အေလးခ်ိန္ကေတာ့ ေလယာဥ္ခ်ည္းသက္သက္ 285,000 kg ရွိၿပီး ဝန္အျပည့္တင္မယ္ဆိုရင္ေတာ့ 640,000 kg အထိရွိသြားမွာပါ။

turbofan အင္ဂ်င္ ၆လုံးတပ္ဆင္ထားၿပီး အျမန္ဆုံးႏႈန္းကေတာ့ ၁နာရီကို ၅၃၀မိုင္ ျဖစ္ပါတယ္။ ေလယာဥ္ႀကီးရဲ႕ပထမဆုံးပ်ံသန္းမႈကိုေတာ့ ၁၉၈၈ ခုႏွစ္ ဒီဇင္ဘာ ၂၁ရက္ေန႔မွာ ျပဳလုပ္ခဲ့ပါတယ္။ တန္ေၾကးက အေမရိကန္ေဒၚလာ သန္း ၃၀၀ နဲ႔ အထက္ရွိၿပီး ၂၀၀၁ ခုႏွစ္က ၾကမ္းခင္းျပဳျပင္စရိတ္တင္ အေမရိကန္ေဒၚလာ သန္း ၂၀ခန႔္ ကုန္က်ခဲ့ပါတယ္။ ၂၀၀၁ ခုႏွစ္က စလို႔ ယခုအခ်ိန္ထိတိုင္ေအာင္ ကုန္ပစၥည္းသယ္ယူပ်ံသန္းမႈေတြကို ျပဳလုပ္ေနဆဲျဖစ္ၿပီး ဒီေလယာဥ္ႀကီး ၁နာရီငွားရမ္းခက အေမရိကန္ေဒၚလာ ၃ေသာင္းထက္မနည္း က်သင့္မွာ ျဖစ္ပါတယ္။

ကမာၻ႔အႀကီးဆုံး ခရီးသည္တင္ေလယာဥ္ႀကီး

ကမာၻေပၚမွာအႀကီးဆုံး ခရီးသည္တင္ေလယာဥ္ကေတာ့ ဥေရာပ Airbus ေလယာဥ္ကုမၸဏီက ထုတ္လုပ္တဲ့ Airbus A380 ေလယာဥ္ျဖစ္ပါတယ္။ Airbus ဟာ အေမရိကန္ေဒၚလာ ၁၀.၇ဘီလ်ံကုန္က်ခဲ့တဲ့ A380 ပေရာဂ်က္ကို ၂၀၀၀ ျပည့္ႏွစ္ ႏွစ္ကုန္မွာ ခ်ျပခဲ့ပါတယ္။ ပထမဆုံး A380 ေလယာဥ္ကိုေတာ့ ျပင္သစ္ႏိုင္ငံ Toulouse စက္႐ုံကေန ၂၀၀၅ ခုႏွစ္မွာ စတင္ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ ေလယာဥ္ရဲ႕အတိုင္းအတာကေတာ့ အလ်ား ၂၃၉ေပ ၊ ေတာင္ပံအက်ယ္ ၂၆၂ေပ ၊ အျမင့္ ၇၉ေပ ရွိၿပီး အေလးခ်ိန္ကေတာ့ 277,145 kg ရွိပါတယ္။

ခရီးသည္အမ်ားဆုံး ၈၅၃ဦးအထိ တင္ေဆာင္ႏိုင္ၿပီး အျမန္ႏႈန္းကေတာ့ ၁နာရီကို ၅၆၁ မိုင္ျဖစ္ပါတယ္။ ဒီေလယာဥ္ႀကီး တစင္းရဲ႕တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၄၅၅သန္းျဖစ္ၿပီး ၂၀၁၉ ႏွစ္ကုန္အခ်ိန္ထိ စင္းေရ ၂၄၂စီး ထုတ္လုပ္ခဲ့ၿပီးျဖစ္ပါတယ္။ ဒီေလယာဥ္ေတြကိုအမ္းမရိတ္ ၊ စင္ကာပူအဲလိုင္း ၊ ၿဗိတိန္အဲေဝး နဲ႔ Qantas စတဲ့ နာမည္ေက်ာ္ေလေၾကာင္းလိုင္းေတြမွာ အသုံးျပဳေျပးဆြဲလွ်က္ရွိပါတယ္။

ကမာၻ႔အရွည္ဆုံးေလယာဥ္

လက္ရွိအခ်ိန္ထိ ကမာၻေပၚမွာ အလ်ားအရွည္ဆုံးေလယာဥ္ကေတာ့ KM (Korabl Maket) ေလယာဥ္ပဲျဖစ္ပါတယ္။ ၁၉၆၄ ခုႏွစ္က ဆိုဗီယက္ျပည္ေထာင္စုမွ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အလြန္ႀကီးမားလွတာေၾကာင့္ Caspian Sea Monster ဆိုၿပီး လူသိမ်ားပါတယ္။ Ekranoplan အမ်ိဳးအစားေလယာဥ္ျဖစ္ၿပီး ေရျပင္ကို ေလယာဥ္ေျပးလမ္းသဖြယ္အသုံးျပဳပ်ံသန္းကာ ေလယာဥ္ဆင္းတဲ့အခါမွာလည္း ေရျပင္ေပၚမွာပဲ ဆင္းသက္ကာ သေဘၤာတစင္းသဖြယ္ေပၚေနေအာင္ ဒီဇိုင္းထုတ္ထားတဲ့ အမ်ိဳးအစားျဖစ္ပါတယ္။

ဒီေလယာဥ္ႀကီးရဲ႕ အလ်ားက ၃၀၁ေပရွိကာ ၊ ေတာင္ပံအက်ယ္ ၁၂၃ေပ ၊ အျမင့္ ၇၂ေပ နဲ႔ အေလးခ်ိန္ကေတာ့ 240,000 kg ရွိပါတယ္။ Dobrynin VD-7 တာဘိုဂ်က္ အင္ဂ်င္ ၁၀ လုံးတပ္ဆင္ထားၿပီး အျမန္ဆုံးႏႈန္းကေတာ့ ၁နာရီကို ၃၁၀မိုင္ျဖစ္ပါတယ္။ ဒီေလယာဥ္ႀကီးရဲ႕ ပထမဆုံး အႀကိမ္ပ်ံသန္းမႈကိုေတာ့ ၁၉၆၆ ခုႏွစ္ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ျပဳလုပ္ခဲ့ပါတယ္။ ၁၅ႏွစ္ဆက္တိုက္ စမ္းသပ္ပ်ံသန္းမႈေတြျပဳလုပ္ခဲ့ၿပီး ၁၉၈၀ ခုႏွစ္မွာေတာ့ ေလယာဥ္မႉးရဲ႕ အမွားကေန ေလယာဥ္ႀကီးပ်က္စီးထိခိုက္မႈျဖစ္ခဲ့ပါတယ္။ ၁ပတ္အၾကာမွာေတာ့ ေလယာဥ္ႀကီးဟာ နစ္ျမဳပ္သြားခဲ့ၿပီး ႀကီးမားလြန္းတဲ့အတြက္ ျပန္လည္ဆယ္ယူႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။

Tags: tech

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Next Post
မီးတောင်ကြောင့် ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းမြို့တော် ဟာကျူလီယန်

မီးတောင်ကြောင့် ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းမြို့တော် ဟာကျူလီယန်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!