(Unicode)
တင့်ကားဆိုသည်မှာ ပထမကမ္ဘာစစ်တွင် စတင်အသုံးပြုခဲ့သော စက်ဘက်ဆိုင်ရာယာဉ်တမျိုးဖြစ်ပြီး ထိုယာဉ်များကို အင်္ဂလန်မှ အခြားနေရာများသို့ တင်ပို့ရာတွင် စစ်နှင့်ပတ်သက်သည့် ပစ္စည်းမှန်းမသိစေရန် Tanks ( သံရေလှောင်ကန်ကြီးများ) ဟု စာကပ်တင်ပို့ရာမှ တင့်ဟုသော အမည်တွင်ခဲ့တယ်လို့ သိရပါတယ်။ ဘီးအဝိုင်းများမပါသည့်အတွက် ကားအစစ် မဟုတ်သော်လည်း အခြားအမည်ခေါ်ဆိုရန် မလွယ်ကူတာကြောင့် တင့် နဲ့ ကား ကိုတွဲစပ်ကာ တင့်ကား ဟူ၍ ခေါ်ဆိုလာကြခြင်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ပထမဆုံးတင့်ကားအဖြစ် သတ်မှတ်ခံထားရတော့ Mark 1 တင့်ကားဖြစ်ပါတယ်။ Little Willie Project ကိုအခြေခံထားတဲ့ ဗြိတိသျှတို့ရဲ့ တီထွင်မှုတခုဖြစ်ပြီး ဒီတင့်ကားရဲ့ စဦးပုံစံကိုတော့ Mother လို့ခေါ်ခဲ့ကာ ၁၉၁၆ ခုနှစ်လောက်ကတည်းက လျို့ဝှက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်ရေတပ်ဗိုလ်မှူး အင်ဂျင်နီယာ Walter Gordon Wilson နဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်မှုယာဉ်များတီထွင်သူ William Tritton တို့က ပူးပေါင်းဖန်တီးခဲ့ကြခြင်း ဖြစ်ပါတယ်။
ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Mark 1 တင့်ကားများကိုတော့ ၁၉၁၆ ခုနှစ် စက်တင်ဘာလမှာ ဂျာမန်တို့နဲ့ စတင်ဖြစ်ပွားတဲ့ Flers-Courcelette တိုက်ပွဲ (Somme Offensive စစ်ပွဲရဲ့တစိတ်တပိုင်း) အတွင်းမှာ အသုံးပြုခဲ့ပါတယ်။
Mark I တင့်ကားမှာ Male နဲ့ Female ဆိုပြီး ၂မျိုးရှိပါတယ်။ Male အမျိုးအစားတွေမှာတော့ လက်နက်ပေါက်တခုစီမှာ six-pounder gun တလက်စီတပ်ဆင်ထားတဲ့အပြင် ပေါ့ပါးတဲ့ machine guns ၃ခုလည်း ပါဝင်နေပါတယ်။ Female အမျိုးအစားတင့်ကားတွေမှာတော့ ကြီးမားလေးလံတဲ့ Vickers machine guns ၂လက်ကို တပ်ဆင်ထားပါတယ်။ six-pounder gun တွေဟာ ကိုက်ပေါင်း ၇၃၀၀ အကွာအဝေးလောက်ထိ ပစ်ခတ်နိုင်ပါတယ်။ Vickers machine guns တွေကတော့ ကိုက် ၄၅၀၀ အကွာအဝေးထိ ပစ်နိုင်ပါတယ်။ ဒီနေ့ခေတ်တင့်ကားတွေလို အပေါ်ဘက်တည့်တည့်ကနေ ပစ်ခေတ်ရတဲ့ အဓိကလက်နက်ကြီးရှိနေရမယ့်အစား လက်နက်တွေဟာ တင့်ကားရဲ့ဘေးဘက်မှာပဲ ရှိနေပါတယ်။
ဒီတင့်ကားတွေရဲ့အရွယ်အစားကတော့ အလျား ၉.၉မီတာ ၊ အနံ ၄.၂မီတာ ၊ အမြင့် ၂.၄မီတာ အသီးသီးရှိပါတယ်။ အလေးချိန်မှာတော့ Male အမျိုးအစားတွေက ၂၈.၄တန် ရှိပြီး Female ကတော့ ၂၇.၅ တန် ရှိပါတယ်။ လောင်စာဆီပမာဏ ၂၂၇လီတာအထိဖြည့်ထားနိုင်ကာ အမြန်နှုန်းကတော့ ၁နာရီကို ၆ကီလိုမီတာခန့်ပဲ သွားနိုင်ပါတယ်။ သံချပ်ကာအထူကတော့ ဝ.၄၇လက်မခန့်အထိ ရှိတဲ့ ဒီတင့်ကားတွေကို အသုံးပြုဖို့ စစ်သား ၈ဦးလိုက်ပါရမှာဖြစ်ပါတယ်။
အင်ဂျင်အနေနဲ့ကတော့ Daimler six-cylinder အင်ဂျင်ကိုတပ်ဆင်ထားပြီး အင်ဂျင်စနှိုးဖို့အတွက် လူ ၄ယောက်ဟာ ကြီးမားတဲ့ ကောက်တံကြီးကို ကိုင်ကာလှည့်ပေးရမှဖြစ်ပါတယ်။ အင်ဂျင်မှာ ရေအေးကို အသုံးပြုထားပြီး ကြီးမားတဲ့ ရေတိုင်ကီကတော့ တင့်ကားရဲ့အနောက်ဘက် ကပ်လျက်မှာ ရှိနေပါတယ်။ သူ့ရဲ့တာဝန်ကတော့ တင့်ကားအတွင်းဘက်က လေပူတွေကို ဆွဲထုတ်ကာ အပူချိန်လျော့နည်းစေဖို့ ဖန်တီးပေးရတာပါ။
လူ ၈ယောက် လိုက်ပါရတယ် ဆိုပေမယ့် တကယ်တမ်းတော့ ၄ယောက်ရဲ့တာဝန်ဟာ မောင်းနှင်ဖို့ သီးသန့်သာဖြစ်ပါတယ်။ မောင်းနှင်သူဟာ ကလပ်ချ် ၊ ခြေနင်းဘရိတ် ၊ လေတံခါး နဲ့ ပင်မဂီယာဘောက်စ်( ရှေ့တိုး ၂ဆင့် ၊ နောက်ဆုတ်) တွေကို ထိန်းချုပ်ရပါတယ်။ မောင်းနှင်သူရဲ့ ဘယ်ဘက်ဘေးမှာတော့ ကွန်မန်ဒါလိုက်ပါရပြီး ဘရိတ်တွေကိုင်ထားရပါတယ်။ တင့်ကားရဲ့နောက်ဘက်မှာတော့ ဂီယာထိန်းချုပ်သူ ၂ယောက် ထပ်လိုက်ရပါတယ်။ သူတို့ကတော့ အဓိကမဟုတ်တဲ့ two-speed ဂီယာဘောက်တွေကို ထိန်းပေးထားရပါတယ်။
ကျန်တဲ့ ၄ယောက်ကတော့ လက်နက်တွေကို ပစ်ခတ်ရမှာဖြစ်ပါတယ်။ ဒီတင့်ကားမောင်းနေတဲ့အချိန် လိုက်ပါသူတွေဟာ ဆိုးဝါးတဲ့ဒဏ်တွေကို ခံကြရပါတယ်။ အကြောင်းကတော့ အပူချိန် ၅၀ဒီဂရီဆဲစီးယပ်ရှိကာ ကာဘွန်ဒိုင်အောက်ဆိုဒ် နဲ့ လောင်စာဆီအနံအသက်တွေကို ရှုရှိုက်နေရပြီး ဆူညံသံကလည်းနားမခံနိုင်လောက်တဲ့အထိ ကျယ်လောင်နေလို့ဖြစ်ပါတယ်။ ဒါကြောင့် လိုက်ပါသူတွေမှာ မကြာခဏတင်ကားပေါက်တွေကိုဖွင့်ကာ ပြင်ပလေကို ရှုှုရှိုက်ကြရပါတယ်။
ဒီတင့်ကားတွေကို အင်္ဂလန်အခြေစိုက် စက်မှုလုပ်ငန်းတခုဖြစ်တဲ့ William Foster & Co. ကနေ တည်ဆောက်ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း အစီးရေ ၁၅၀ ခန့် ထုတ်လုပ်ခဲ့ပါတယ်။ ပထမဆုံးတင့်ကားတွေဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေ ချွတ်ယွင်းချက်တွေရှိခဲ့ပါတယ်။ စစ်ပွဲအတွင်းဝင်ရောက်ခဲ့ပေမယ့် အများစုက ချီတက်ရာလမ်းမှာတင် ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိပါဘူး။ အစီးရေ ၅၇ စီးသာ တိုက်ပွဲအတွင်းမှာ တိုက်ခိုက်ခဲ့ရပြီး အဲဒီထဲကအများစုကလည်း ဂျာမန်တို့လက်ထက်ကို ရောက်ရှိခဲ့ရပါတယ်။
လိုအပ်ချက်တွေ နဲ့ Mark I ကိုအဆင့်မြှင့်တင်ပြီး နောက်တနှစ်မှာတော့ Mark II တင့်ကားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျန်ရှိနေသေးတဲ့ Mark I တင့်ကားတွေထဲက အချို့ကို ထောက်ပံ့သယ်ဆောင်ရေးယာဉ်အဖြစ် အသုံးပြုခဲ့ပြီး Female အမျိုးအစားတွေကိုတော့ မိုဘိုင်းကြိုးမဲ့ station တွေအဖြစ် အသုံးပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ၁၉၁၆ ခုနှစ်က အသုံးပြုခဲ့တဲ့ Mark I တင့်ကား ၁စီးကိုသာ ထိန်းသိမ်းနိုင်ခဲ့ပြီး ဒီတင့်ကားကတော့ အင်္ဂလန်နိုင်ငံ Dorset နယ်မြေက Bovington တင့်ကားပြတိုက်မှာ ရှိနေပါတယ်။
———– ——– ———
(Zawgyi)
ကမာၻ႔ပထမဆုံးတင့္ကား
တင့္ကားဆိုသည္မွာ ပထမကမာၻစစ္တြင္ စတင္အသုံးျပဳခဲ့ေသာ စက္ဘက္ဆိုင္ရာယာဥ္တမ်ိဳးျဖစ္ၿပီး ထိုယာဥ္မ်ားကို အဂၤလန္မွ အျခားေနရာမ်ားသို႔ တင္ပို႔ရာတြင္ စစ္ႏွင့္ပတ္သက္သည့္ ပစၥည္းမွန္းမသိေစရန္ Tanks ( သံေရေလွာင္ကန္ႀကီးမ်ား) ဟု စာကပ္တင္ပို႔ရာမွ တင့္ဟုေသာ အမည္တြင္ခဲ့တယ္လို႔ သိရပါတယ္။ ဘီးအဝိုင္းမ်ားမပါသည့္အတြက္ ကားအစစ္ မဟုတ္ေသာ္လည္း အျခားအမည္ေခၚဆိုရန္ မလြယ္ကူတာေၾကာင့္ တင့္ နဲ႔ ကား ကိုတြဲစပ္ကာ တင့္ကား ဟူ၍ ေခၚဆိုလာၾကျခင္း ျဖစ္ပါတယ္။
ကမာၻေပၚမွာ ပထမဆုံးတင့္ကားအျဖစ္ သတ္မွတ္ခံထားရေတာ့ Mark 1 တင့္ကားျဖစ္ပါတယ္။ Little Willie Project ကိုအေျခခံထားတဲ့ ၿဗိတိသွ်တို႔ရဲ႕ တီထြင္မႈတခုျဖစ္ၿပီး ဒီတင့္ကားရဲ႕ စဦးပုံစံကိုေတာ့ Mother လို႔ေခၚခဲ့ကာ ၁၉၁၆ ခုႏွစ္ေလာက္ကတည္းက လ်ိဳ႕ဝွက္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၿဗိတိန္ေရတပ္ဗုိလ္မွဴး အင္ဂ်င္နီယာ Walter Gordon Wilson နဲ႔ စုိက္ပ်ဳိးေရးလုပ္ငန္းသုံး စက္မႈယာဥ္မ်ားတီထြင္သူ William Tritton တုိ႔က ပူးေပါင္းဖန္တီးခဲ့ၾကျခင္း ျဖစ္ပါတယ္။
ပထမဆုံးထုတ္လုပ္ခဲ့တဲ့ Mark 1 တင့္ကားမ်ားကိုေတာ့ ၁၉၁၆ ခုႏွစ္ စက္တင္ဘာလမွာ ဂ်ာမန္တို႔နဲ႔ စတင္ျဖစ္ပြားတဲ့ Flers-Courcelette တုိက္ပြဲ (Somme Offensive စစ္ပြဲရဲ႕တစိတ္တပုိင္း) အတြင္းမွာ အသုံးျပဳခဲ့ပါတယ္။
Mark I တင့္ကားမွာ Male နဲ႔ Female ဆိုၿပီး ၂မ်ိဳးရွိပါတယ္။ Male အမ်ိဳးအစားေတြမွာေတာ့ လက္နက္ေပါက္တခုစီမွာ six-pounder gun တလက္စီတပ္ဆင္ထားတဲ့အျပင္ ေပါ့ပါးတဲ့ machine guns ၃ခုလည္း ပါဝင္ေနပါတယ္။ Female အမ်ိဳးအစားတင့္ကားေတြမွာေတာ့ ႀကီးမားေလးလံတဲ့ Vickers machine guns ၂လက္ကို တပ္ဆင္ထားပါတယ္။ six-pounder gun ေတြဟာ ကိုက္ေပါင္း ၇၃၀၀ အကြာအေဝးေလာက္ထိ ပစ္ခတ္ႏိုင္ပါတယ္။ Vickers machine guns ေတြကေတာ့ ကိုက္ ၄၅၀၀ အကြာအေဝးထိ ပစ္ႏိုင္ပါတယ္။ ဒီေန႔ေခတ္တင့္ကားေတြလို အေပၚဘက္တည့္တည့္ကေန ပစ္ေခတ္ရတဲ့ အဓိကလက္နက္ႀကီးရွိေနရမယ့္အစား လက္နက္ေတြဟာ တင့္ကားရဲ႕ေဘးဘက္မွာပဲ ရွိေနပါတယ္။
ဒီတင့္ကားေတြရဲ႕အ႐ြယ္အစားကေတာ့ အလ်ား ၉.၉မီတာ ၊ အနံ ၄.၂မီတာ ၊ အျမင့္ ၂.၄မီတာ အသီးသီးရွိပါတယ္။ အေလးခ်ိန္မွာေတာ့ Male အမ်ိဳးအစားေတြက ၂၈.၄တန္ ရွိၿပီး Female ကေတာ့ ၂၇.၅ တန္ ရွိပါတယ္။ ေလာင္စာဆီပမာဏ ၂၂၇လီတာအထိျဖည့္ထားႏိုင္ကာ အျမန္ႏႈန္းကေတာ့ ၁နာရီကို ၆ကီလိုမီတာခန႔္ပဲ သြားႏိုင္ပါတယ္။ သံခ်ပ္ကာအထူကေတာ့ ဝ.၄၇လက္မခန႔္အထိ ရွိတဲ့ ဒီတင့္ကားေတြကို အသုံးျပဳဖို႔ စစ္သား ၈ဦးလိုက္ပါရမွာျဖစ္ပါတယ္။
အင္ဂ်င္အေနနဲ႔ကေတာ့ Daimler six-cylinder အင္ဂ်င္ကိုတပ္ဆင္ထားၿပီး အင္ဂ်င္စႏႈိးဖို႔အတြက္ လူ ၄ေယာက္ဟာ ႀကီးမားတဲ့ ေကာက္တံႀကီးကို ကိုင္ကာလွည့္ေပးရမွျဖစ္ပါတယ္။ အင္ဂ်င္မွာ ေရေအးကို အသုံးျပဳထားၿပီး ႀကီးမားတဲ့ ေရတိုင္ကီကေတာ့ တင့္ကားရဲ႕အေနာက္ဘက္ ကပ္လ်က္မွာ ရွိေနပါတယ္။ သူ႔ရဲ႕တာဝန္ကေတာ့ တင့္ကားအတြင္းဘက္က ေလပူေတြကို ဆြဲထုတ္ကာ အပူခ်ိန္ေလ်ာ့နည္းေစဖို႔ ဖန္တီးေပးရတာပါ။
လူ ၈ေယာက္ လိုက္ပါရတယ္ ဆိုေပမယ့္ တကယ္တမ္းေတာ့ ၄ေယာက္ရဲ႕တာဝန္ဟာ ေမာင္းႏွင္ဖို႔ သီးသန႔္သာျဖစ္ပါတယ္။ ေမာင္းႏွင္သူဟာ ကလပ္ခ်္ ၊ ေျခနင္းဘရိတ္ ၊ ေလတံခါး နဲ႔ ပင္မဂီယာေဘာက္စ္( ေရွ႕တုိး ၂ဆင့္ ၊ ေနာက္ဆုတ္) ေတြကို ထိန္းခ်ဳပ္ရပါတယ္။ ေမာင္းႏွင္သူရဲ႕ ဘယ္ဘက္ေဘးမွာေတာ့ ကြန္မန္ဒါလုိက္ပါရၿပီး ဘရိတ္ေတြကိုင္ထားရပါတယ္။ တင့္ကားရဲ႕ေနာက္ဘက္မွာေတာ့ ဂီယာထိန္းခ်ဳပ္သူ ၂ေယာက္ ထပ္လုိက္ရပါတယ္။ သူတုိ႔ကေတာ့ အဓိကမဟုတ္တဲ့ two-speed ဂီယာေဘာက္ေတြကို ထိန္းေပးထားရပါတယ္။
က်န္တဲ့ ၄ေယာက္ကေတာ့ လက္နက္ေတြကို ပစ္ခတ္ရမွာျဖစ္ပါတယ္။ ဒီတင့္ကားေမာင္းေနတဲ့အခ်ိန္ လုိက္ပါသူေတြဟာ ဆုိး၀ါးတဲ့ဒဏ္ေတြကို ခံၾကရပါတယ္။ အေၾကာင္းကေတာ့ အပူခ်ိန္ ၅၀ဒီဂရီဆဲစီးယပ္ရွိကာ ကာဘြန္ဒုိင္ေအာက္ဆုိဒ္ နဲ႔ ေလာင္စာဆီအနံအသက္ေတြကို ရႈရႈိက္ေနရၿပီး ဆူညံသံကလည္းနားမခံႏုိင္ေလာက္တဲ့အထိ က်ယ္ေလာင္ေနလုိ႔ျဖစ္ပါတယ္။ ဒါေၾကာင့္ လုိက္ပါသူေတြမွာ မၾကာခဏတင္ကားေပါက္ေတြကိုဖြင့္ကာ ျပင္ပေလကို ရႈႈရႈိက္ၾကရပါတယ္။
ဒီတင့္ကားေတြကို အဂၤလန္အေျခစုိက္ စက္မႈလုပ္ငန္းတခုျဖစ္တဲ့ William Foster & Co. ကေန တည္ေဆာက္ထုတ္လုပ္ခဲ့ၿပီး စုစုေပါင္း အစီးေရ ၁၅၀ ခန္႔ ထုတ္လုပ္ခဲ့ပါတယ္။ ပထမဆုံးတင့္ကားေတြျဖစ္တဲ့အတြက္ ကန္႔သတ္ခ်က္ေတြ ခြ်တ္ယြင္းခ်က္ေတြရွိခဲ့ပါတယ္။ စစ္ပြဲအတြင္း၀င္ေရာက္ခဲ့ေပမယ့္ အမ်ားစုက ခ်ီတက္ရာလမ္းမွာတင္ ဆက္လက္ေမာင္းႏွင္ႏုိင္ျခင္းမရွိပါဘူး။ အစီးေရ ၅၇ စီးသာ တုိက္ပြဲအတြင္းမွာ တုိက္ခုိက္ခဲ့ရၿပီး အဲဒီထဲကအမ်ားစုကလည္း ဂ်ာမန္တုိ႔လက္ထက္ကို ေရာက္ရွိခဲ့ရပါတယ္။
လိုအပ္ခ်က္ေတြ နဲ႔ Mark I ကိုအဆင့္ျမွင့္တင္ၿပီး ေနာက္တႏွစ္မွာေတာ့ Mark II တင့္ကားေတြကို ထုတ္လုပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ က်န္ရွိေနေသးတဲ့ Mark I တင့္ကားေတြထဲက အခ်ဳိ႕ကို ေထာက္ပံ့သယ္ေဆာင္ေရးယာဥ္အျဖစ္ အသုံးျပဳခဲ့ၿပီး Female အမ်ဳိးအစားေတြကုိေတာ့ မုိဘုိင္းႀကဳိးမဲ့ station ေတြအျဖစ္ အသုံးျပဳခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ၁၉၁၆ ခုႏွစ္က အသုံးျပဳခဲ့တဲ့ Mark I တင့္ကား ၁စီးကိုသာ ထိန္းသိမ္းႏုိင္ခဲ့ၿပီး ဒီတင့္ကားကေတာ့ အဂၤလန္ႏုိင္ငံ Dorset နယ္ေျမက Bovington တင့္ကားျပတုိက္မွာ ရွိေနပါတယ္။
Discussion about this post