• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ မတ်ခ်ဇူကာဘတ်

by Thutamm
May 23, 2020
Reading Time: 1min read
0
ကမ္ဘာ့တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ မတ်ခ်ဇူကာဘတ်
Share on FacebookShare on Twitter

ကိုရိုနာကပ်ဘေးကြောင့် ကမ္ဘာတဝှမ်းက စီးပွားရေးလုပ်ငန်းအများစု ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ပေမယ့် ဖေ့ဘုတ်စီအီးအို မတ်ခ်ဇူကာဘတ်ကတော့ ၂လအတွင်းမှာပဲ အမေရိကန်ဘီလျံ ၃၀ ထပ်မံကြွယ်ဝလာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းမှာ တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။

Bloomberg ဘီလျံနာစာရင်းအရ မတ်ခ်ဇူကာဘတ်ရဲ့ လက်ရှိကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၈၇.၈ ဘီလျံခန့်ရှိသွားပြီဖြစ်ကာ Berkshire Hathaway ကုမ္ပဏီသူဌေးကြီး ဝါရင်းဘတ်ဖတ် နဲ့ ပြင်သစ်ဖက်ရှင်ကုမ္ပဏီသူဌေးကြီး Bernard Arnault တို့ထက်ပိုမိုချမ်းသာသွားခဲ့ပြီ ဖြစ်ပါတယ်။

မတ်လလယ် အထိ Bloomberg ရဲ့ တွက်ချက်မှုအရ ဇူကာဘတ်ရဲ့ ကြွယ်ဝမှုဟာ ၅၇.၇ ဘီလျံ နဲ့ အဆင့် ၅နေရာမှာ ရှိနေခဲ့ပြီး လော့ဒေါင်းကာလအတောအတွင်းမှာပဲ ယခုလောက်ထိ ထပ်တိုး ကြွယ်ဝလာခဲ့တာဖြစ်ပါတယ်။

အမေရိကန်လုပ်သား သန်း ၄၀ ခန့် အလုပ်လက်မဲ့ ဖြစ်ကုန်ကြတဲ့အခြေအနေမှာပဲ သူ့ရဲ့ကုမ္ပဏီကြွယ်ဝမှုကနေ ဇူကာဘတ်ကို ဒီအဆင့်ထိ ရောက်လာစေခဲ့တာပါ။ ဖေ့ဘုတ်ရဲ့ ပထမ၃လပတ် ဝင်ငွေဟာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဧပြီ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ပထမ ၃လအတွင်းမှာ ဖေ့ဘုတ် ပုံမှန်သုံးစွဲသူ ဦးရေဟာ သန်းပေါင်း ၁၇၃၀ ကျော် ရှိခဲ့ပြီး အဲဒီကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇.၇၄ဘီလျံလောက်အထိ ရရှိခဲ့ပါတယ်။ ဖေ့ဘုတ်ပိုင်ဆိုင်တဲ့ အခြားထုတ်ကုန်တွေဖြစ်တဲ့ Instagram, WhatsApp နဲ့ Messenger တို့ကိုပါ ထည့်သွင်းရေတွက်ပါက စုစုပေါင်း လစဉ်ပုံမှန်သုံးစွဲသူဦးရေဟာ သန်း ၃၀၀၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

သို့ပေမယ့်လည်း ပထမသုံးလပတ် ရဲ့ နောက်ဆုံး ၃ပတ်အတွင်းမှာတော့ ကြော်ငြာမှုတွေဟာ သိသိသာသာ ကျဆင်းသွားခဲ့တယ် လို့သိရပါတယ်။ တွက်ချက်ခန့်မှန်းမှုတွေအရ နည်းပညာကုမ္ပဏီတွေ နဲ့ ဆိုရှယ်မီဒီယာလုပ်ငန်းတွေဟာ ပထမ ၃ လပတ်အတွင်း အတော်အသင့် ဝင်ငွေကောင်းခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ရဲ့ အကျိုးသက်ရောက်မှုကြောင့် ဒုတိယသုံးလပတ် ဖြစ်တဲ့ ဧပြီ၁ ကနေ ဇွန် ၃၀ အထိ ကာလအတွင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ အလားအလာတွေရှိနိုင်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ လူအများစုဟာ ဆိုရှယ်နက်ဝက်တွေပေါ်မှာသာ အမြဲလိုလို အချိန်ဖြုန်းနေကြပြီး တွေ့ဆုံပွဲအနေနဲ့လည်း နည်းပညာထုတ်ကုန်ဖြစ်တဲ့ video conference တွေကိုသာ အသုံးပြုနေရတာကြောင့် ဒီကာလအတွင်းမှာ အခြားစီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်ခဲ့ပေမယ့် နည်းပညာကုမ္ပဏီတွေ အလားလာ ကောင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂လအတွင်းမှာပဲ ဖေ့ဘုတ်ဟာ E-commerce နဲ့ Video chatting လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ဖို့လည်း ကြေငြာထားပါတယ်။ မကြာမီကပဲ လူအယောက် ၅၀ အထိ တပြိုင်နက်ပြောနိုင်တဲ့ Video Messenger Rooms တွေကို ပွဲဦးထွက်အနေနဲ့ ချပြခဲ့ပါသေးတယ်။ သူ့ရဲ့ Instargram Platofrm မှာလည်း Shops လို့ခေါ်တဲ့ E-Commerce Feature တခုကိုလည်း ထည့်သွင်းတော့မယ်လို့ အဲဒီအပတ်ထဲမှာပဲ ကြေငြာခဲ့တာဖြစ်ပါတယ်။

Bloomberg ရဲ့ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာ ၁၀ ဦးစာရင်းမှာ ၉ဦးဟာ အမေရိကန်ကဖြစ်ပြီး ၁ဦးကတော့ ပြင်သစ်ဖြစ်ပါတယ်။ လုပ်ငန်းအနေနဲ့လည်း အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးထဲမှာ ၇ဦးရဲ့လုပ်ငန်းက နည်းပညာလုပ်ငန်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဇူကာဘတ်ရဲ့အပေါ်မှာ အမေဇုန်သူဌေး Jeff Bezo နဲ့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ သူဌေးကြီး ဘီဂိတ်စ်တို့ပဲ ရှိနေပါတော့တယ်။

——— ————

(Zawgyi)

ကမာၻ႔တတိယအခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္လာတဲ့ မတ္ခ္ဇူကာဘတ္

ကို႐ိုနာကပ္ေဘးေၾကာင့္ ကမာၻတဝွမ္းက စီးပြားေရးလုပ္ငန္းအမ်ားစု ထိခိုက္ဆုံးရႈံးမႈေတြျဖစ္ခဲ့ေပမယ့္ ေဖ့ဘုတ္စီအီးအို မတ္ခ္ဇူကာဘတ္ကေတာ့ ၂လအတြင္းမွာပဲ အေမရိကန္ဘီလ်ံ ၃၀ ထပ္မံႂကြယ္ဝလာခဲ့ၿပီး ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္မ်ားစာရင္းမွာ တတိယေနရာကို ေရာက္ရွိလာခဲ့ပါတယ္။

Bloomberg ဘီလ်ံနာစာရင္းအရ မတ္ခ္ဇူကာဘတ္ရဲ႕ လက္ရွိႂကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၈၇.၈ ဘီလ်ံခန႔္ရွိသြားၿပီျဖစ္ကာ Berkshire Hathaway ကုမၸဏီသူေဌးႀကီး ဝါရင္းဘတ္ဖတ္ နဲ႔ ျပင္သစ္ဖက္ရွင္ကုမၸဏီသူေဌးႀကီး Bernard Arnault တို႔ထက္ပိုမိုခ်မ္းသာသြားခဲ့ၿပီ ျဖစ္ပါတယ္။

မတ္လလယ္ အထိ Bloomberg ရဲ႕ တြက္ခ်က္မႈအရ ဇူကာဘတ္ရဲ႕ ႂကြယ္ဝမႈဟာ ၅၇.၇ ဘီလ်ံ နဲ႔ အဆင့္ ၅ေနရာမွာ ရွိေနခဲ့ၿပီး ေလာ့ေဒါင္းကာလအေတာအတြင္းမွာပဲ ယခုေလာက္ထိ ထပ္တိုး ႂကြယ္ဝလာခဲ့တာျဖစ္ပါတယ္။

အေမရိကန္လုပ္သား သန္း ၄၀ ခန႔္ အလုပ္လက္မဲ့ ျဖစ္ကုန္ၾကတဲ့အေျခအေနမွာပဲ သူ႔ရဲ႕ကုမၸဏီႂကြယ္ဝမႈကေန ဇူကာဘတ္ကို ဒီအဆင့္ထိ ေရာက္လာေစခဲ့တာပါ။ ေဖ့ဘုတ္ရဲ႕ ပထမ၃လပတ္ ဝင္ေငြဟာ ေမွ်ာ္လင့္ထားတာထက္ ပိုမိုေကာင္းမြန္ခဲ့တယ္လို႔ ဧၿပီ ၂၉ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္ ပထမ ၃လအတြင္းမွာ ေဖ့ဘုတ္ ပုံမွန္သုံးစြဲသူ ဦးေရဟာ သန္းေပါင္း ၁၇၃၀ ေက်ာ္ ရွိခဲ့ၿပီး အဲဒီကေန ဝင္ေငြ အေမရိကန္ေဒၚလာ ၁၇.၇၄ဘီလ်ံေလာက္အထိ ရရွိခဲ့ပါတယ္။ ေဖ့ဘုတ္ပိုင္ဆိုင္တဲ့ အျခားထုတ္ကုန္ေတြျဖစ္တဲ့ Instagram, WhatsApp နဲ႔ Messenger တို႔ကိုပါ ထည့္သြင္းေရတြက္ပါက စုစုေပါင္း လစဥ္ပုံမွန္သုံးစြဲသူဦးေရဟာ သန္း ၃၀၀၀ ေလာက္အထိ ရွိတယ္လို႔ ဆိုပါတယ္။

သို႔ေပမယ့္လည္း ပထမသုံးလပတ္ ရဲ႕ ေနာက္ဆုံး ၃ပတ္အတြင္းမွာေတာ့ ေၾကာ္ျငာမႈေတြဟာ သိသိသာသာ က်ဆင္းသြားခဲ့တယ္ လို႔သိရပါတယ္။ တြက္ခ်က္ခန႔္မွန္းမႈေတြအရ နည္းပညာကုမၸဏီေတြ နဲ႔ ဆိုရွယ္မီဒီယာလုပ္ငန္းေတြဟာ ပထမ ၃ လပတ္အတြင္း အေတာ္အသင့္ ဝင္ေငြေကာင္းခဲ့ၾကၿပီး ကို႐ိုနာဗိုင္းရပ္စ္ ရဲ႕ အက်ိဳးသက္ေရာက္မႈေၾကာင့္ ဒုတိယသုံးလပတ္ ျဖစ္တဲ့ ဧၿပီ၁ ကေန ဇြန္ ၃၀ အထိ ကာလအတြင္းမွာလည္း ပိုမိုေကာင္းမြန္တဲ့ အလားအလာေတြရွိႏိုင္တယ္လို႔ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကာလအတြင္းမွာ လူအမ်ားစုဟာ ဆိုရွယ္နက္ဝက္ေတြေပၚမွာသာ အၿမဲလိုလို အခ်ိန္ျဖဳန္းေနၾကၿပီး ေတြ႕ဆုံပြဲအေနနဲ႔လည္း နည္းပညာထုတ္ကုန္ျဖစ္တဲ့ video conference ေတြကိုသာ အသုံးျပဳေနရတာေၾကာင့္ ဒီကာလအတြင္းမွာ အျခားစီးပြားေရးလုပ္ငန္းေတြ အႀကီးအက်ယ္ထိခိုက္ခဲ့ေပမယ့္ နည္းပညာကုမၸဏီေတြ အလားလာ ေကာင္းခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂လအတြင္းမွာပဲ ေဖ့ဘုတ္ဟာ E-commerce နဲ႔ Video chatting လုပ္ငန္းေတြကို တိုးခ်ဲ႕လုပ္ကိုင္ဖို႔လည္း ေၾကျငာထားပါတယ္။ မၾကာမီကပဲ လူအေယာက္ ၅၀ အထိ တၿပိဳင္နက္ေျပာႏိုင္တဲ့ Video Messenger Rooms ေတြကို ပြဲဦးထြက္အေနနဲ႔ ခ်ျပခဲ့ပါေသးတယ္။ သူ႔ရဲ႕ Instargram Platofrm မွာလည္း Shops လို႔ေခၚတဲ့ E-Commerce Feature တခုကိုလည္း ထည့္သြင္းေတာ့မယ္လို႔ အဲဒီအပတ္ထဲမွာပဲ ေၾကျငာခဲ့တာျဖစ္ပါတယ္။

Bloomberg ရဲ႕ ကမာၻ႔အခ်မ္းသာဆုံးဘီလ်ံနာ ၁၀ ဦးစာရင္းမွာ ၉ဦးဟာ အေမရိကန္ကျဖစ္ၿပီး ၁ဦးကေတာ့ ျပင္သစ္ျဖစ္ပါတယ္။ လုပ္ငန္းအေနနဲ႔လည္း အခ်မ္းသာဆုံးပုဂၢိဳလ္ ၁၀ ဦးထဲမွာ ၇ဦးရဲ႕လုပ္ငန္းက နည္းပညာလုပ္ငန္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဇူကာဘတ္ရဲ႕အေပၚမွာ အေမဇုန္သူေဌး Jeff Bezo နဲ႔ မိုက္ခ႐ိုေဆာ့ဖ္တည္ေထာင္သူ သူေဌးႀကီး ဘီဂိတ္စ္တို႔ပဲ ရွိေနပါေတာ့တယ္။

Tags: world newsworld people
Next Post
၁နာရီ ၇၆၃မိုင် အမြန်နှုန်း နဲ့ ကမ္ဘာ့အမြန်ဆုံးကား

၁နာရီ ၇၆၃မိုင် အမြန်နှုန်း နဲ့ ကမ္ဘာ့အမြန်ဆုံးကား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!