Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ကြောက်စရာအကောင်းဆုံး လက်နက်အဖြစ် တင်စားခံရတဲ့အရာ

by Thutamm
June 19, 2020
Reading Time: 2min read
0
ကမ္ဘာ့ကြောက်စရာအကောင်းဆုံး လက်နက်အဖြစ် တင်စားခံရတဲ့အရာ
Share on FacebookShare on Twitter

ကမ္ဘာ့ကြောက်စရာအကောင်းဆုံး လက်နက်အဖြစ် တင်စားခံရတဲ့ အရာကတော့ တယ်လီဖုန်းတလုံးသာ ဖြစ်ပါတယ်။ ဖုန်းတလုံးက ဘာကြောက်စရာကောင်းလို့လဲ ဆိုတော့ ဒီဖုန်းကို ကိုင်တဲ့သူက အာဏာရှင်ကြီးဟစ်တလာ ဖြစ်နေလို့ပါ။ ဒီဖုန်းက နေတဆင့် ဆက်သွယ်အမိန့်ပေးကာ လူသား သန်းနဲ့ချီတဲ့ အသက်တွေ ကြွေလွင့်ခဲ့ရတာကြောင့် ဒီဖုန်းကို ကြောက်စရာအကောင်းဆုံး အဖျက်လက်နက်အဖြစ် ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။

ဂျာမနီ နာဇီခေါင်းဆောင်ကြီး ဟစ်တလာဟာ ဒီဖုန်းကို သူ့ရဲ့သီးသန့်ဖုန်းအဖြစ် ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီဖုန်းဟာ ၂၀၁၇ ခုနှစ် အမေရိကန် လေလံပွဲတခုမှာ ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ဒီဖုန်းရဲ့လေလံဈေးဟာ အဖွင့်တန်ဖိုးထက် ၂ဆကျော် အမေရိကန်ဒေါ်လာ ၂၄၃၀၀၀ အထိ ရရှိခဲ့ပါတယ်။ သမိုင်းဝင်ပစ္စည်းများကို လေလံတင်ရောင်းချတဲ့ အလက်ဇန္ဒား ကုမ္ပဏီကနေ အမည်မဖော်လိုသူ တဦးက ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီတယ်လီဖုန်းကို ဆေးအနီရောင်သုတ်ထားပြီး နာဇီပါတီရဲ့ အမှတ်အသားနဲ့အတူ ဟစ်တလာရဲ့ နာမည်ကိုပါ ရေးထိုးထားပါတယ်။ ဟစ်တလာဟာ ဒီဖုန်းကို ဘာလင်ဌာနချုပ်မှာ နေထိုင်စဉ် အသုံးပြုရုံသာမက ကား ၊ ရထားတွေနဲ့ ခရီးသွားတဲ့အခါမျိုးမှာလည်း ယူဆောင်အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

ဒီဖုန်းကို ဒုတိယကမ္ဘာစစ်ဖြစ်အပြီး ရက်အနည်းငယ်အကြာမှာ ဗြိတိန်ဗိုလ်ချုပ်ကြီးမောင့်ဂိုမာရီအမိန့်နဲ့ ဘာလင်မြို့ကိုသွားရောက်ခဲ့တဲ့ ဗြိတိသျှအရာရှိတဦးဖြစ်သူ Sir Ralph Rayner က ရရှိခဲ့တာဖြစ်ပါတယ်။ Sir Rayner ဟာ ဟစ်တလာရဲ့ဘန်ကာထဲကို ပထမဆုံးရောက်ရှိခဲ့တဲ့ ဗြိတိသျှအရာရှိဖြစ်ပါတယ်။ ဖုန်းကို ရရှိခဲ့တဲ့နေရာကတော့ ဟစ်တလာ နောက်ဆုံးနေသွားခဲ့ရာ Führerbunker ထဲကနေ ဆိုဗီယက်စစ်သားတွေကတွေ့ခဲ့ပြီး Sir Rayner ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒီဖုန်းနဲ့ အတူ ဟစ်တလာလက်ဆောင်ရထားတဲ့ Alsatian ခွေး ကြွေရုပ်ကိုပါ ရရှိခဲ့ပါသေးတယ်။

၁၉၇၇ ခုနှစ်မှာ Sir Rayner သေဆုံးသွားပြီးတဲ့နောက် ဒီဖုန်းဟာ သားဖြစ်သူ Ranulf Rayner ထံ ရောက်ရှိလာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ Rayner မိသားစုက ထိန်းသိမ်းထားရာကနေ ၂၀၁၇ ခုနှစ် လေလံပွဲတခုမှာ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အရောင်ဟာ မူလက အနက်ရောင်ဖြစ်ပြီး နောက်မှ ဆေးအနီရောင် ပြန်ဆိုးထားတာဖြစ်တယ်လို့ မေရီလန်းပြည်နယ် Chesapeake မြို့မှာကျင်းပတဲ့ လေလံပြပွဲတာဝန်ခံက ဆိုပါတယ်။

တချို့ကတော့ ဒီဖုန်းဟာ ဟစ်တလာရဲ့ ဖုန်းဆိုတဲ့ အပေါ်မှာ သံသယရှိနေခဲ့ကြပါတယ်။ အကြောင်းကတော့ ဒီဖုန်းကို ထုတ်လုပ်သူဟာ ဗြိတိသျှ ကုမ္ပဏီ Siemens ဖြစ်နေတဲ့အပြင် မူလကတည်းက ပလတ်စတစ်အနီရောင်နဲ့ မလုပ်ပဲ အနက်ရောင်ကိုမှ အနီရောင်ပြန်ဆိုးထားတဲ့ အတွက်ရယ်ကြောင့် ဖြစ်ပါတယ်။ ဒါအပြင် ဟစ်တလာလို လူတယောက်က ဒီလိုလက်လှည့်ဖုန်းကို အသုံးပြုစရာမလိုပဲ အော်ပရေတာကနေ တဆင့်ခေါ်ချင်တဲ့နေရာကိုသာ တန်းခေါ်မှာသာ ဖြစ်ကြောင်း သူတို့က ဆိုကြပါတယ်။

Ranulf Rayner ကတော့ ဒီဖုန်းကို သူ ၁၀နှစ်သား အရွယ်ခန့် ဖခင်ဖြစ်သူ အိမ်ပြန်လာတဲ့အချိန်မှာ အိမ်ကိုယူလာခဲ့တာဖြစ်ကြောင်း အထောက်အထားသက်သေတွေလည်း ရှိနေသေးကြောင်းဆိုပါတယ်။ ဒီဖုန်းဟာ ဟစ်တလာတကယ်သုံးခဲ့တဲ့ ဖုန်းဆိုတာကို ဟစ်တလာနဲ့ အနီးကပ်နေခဲ့တဲ့သူတွေမှသာ သက်သေအခိုင်အမာ ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူတွေဟာလည်း တယောက်မှ မရှိတော့တဲ့အပြင် ဟစ်တလာရဲ့ နောက်ဆုံး ၂နှစ်တာမှာ အော်ပရေတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Rochus Misch ကလည်း ၂၀၁၃ ခုနှစ်မှာ သေဆုံးသွားခဲ့ပြီဖြစ်တာကြောင့် သက်သေပြပေးနိုင်မယ့်သူ မရှိတော့ပါဘူး။

—— —— ———-

(Zawgyi)

ကမာၻ႔ေၾကာက္စရာအေကာင္းဆုံး လက္နက္အျဖစ္ တင္စားခံရတဲ့အရာ

ကမာၻ႔ေၾကာက္စရာအေကာင္းဆုံး လက္နက္အျဖစ္ တင္စားခံရတဲ့ အရာကေတာ့ တယ္လီဖုန္းတလုံးသာ ျဖစ္ပါတယ္။ ဖုန္းတလုံးက ဘာေၾကာက္စရာေကာင္းလို႔လဲ ဆိုေတာ့ ဒီဖုန္းကို ကိုင္တဲ့သူက အာဏာရွင္ႀကီးဟစ္တလာ ျဖစ္ေနလို႔ပါ။ ဒီဖုန္းက ေနတဆင့္ ဆက္သြယ္အမိန႔္ေပးကာ လူသား သန္းနဲ႔ခ်ီတဲ့ အသက္ေတြ ေႂကြလြင့္ခဲ့ရတာေၾကာင့္ ဒီဖုန္းကို ေၾကာက္စရာအေကာင္းဆုံး အဖ်က္လက္နက္အျဖစ္ ေခၚေဝၚၾကျခင္းျဖစ္ပါတယ္။

ဂ်ာမနီ နာဇီေခါင္းေဆာင္ႀကီး ဟစ္တလာဟာ ဒီဖုန္းကို သူ႔ရဲ႕သီးသန္႔ဖုန္းအျဖစ္ ဒုတိယကမာၻစစ္အတြင္းက အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ဒီဖုန္းဟာ ၂၀၁၇ ခုႏွစ္ အေမရိကန္ ေလလံပြဲတခုမွာ ျပန္လည္ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲမွာေတာ့ ဒီဖုန္းရဲ႕ေလလံေစ်းဟာ အဖြင့္တန္ဖုိးထက္ ၂ဆေက်ာ္ အေမရိကန္ေဒၚလာ ၂၄၃၀၀၀ အထိ ရရွိခဲ့ပါတယ္။ သမိုင္းဝင္ပစၥည္းမ်ားကို ေလလံတင္ေရာင္းခ်တဲ့ အလက္ဇႏၵား ကုမၸဏီကေန အမည္မေဖာ္လိုသူ တဦးက ၀ယ္ယူသြားခဲ့တာျဖစ္ပါတယ္။

ဒီတယ္လီဖုန္းကို ေဆးအနီေရာင္သုတ္ထားၿပီး နာဇီပါတီရဲ႕ အမွတ္အသားနဲ႔အတူ ဟစ္တလာရဲ႕ နာမည္ကိုပါ ေရးထုိးထားပါတယ္။ ဟစ္တလာဟာ ဒီဖုန္းကို ဘာလင္ဌာနခ်ဳပ္မွာ ေနထုိင္စဥ္ အသုံးျပဳရုံသာမက ကား ၊ ရထားေတြနဲ႔ ခရီးသြားတဲ့အခါမ်ဳိးမွာလည္း ယူေဆာင္အသုံးျပဳေလ့ရွိတယ္လုိ႔ သိရပါတယ္။

ဒီဖုန္းကို ဒုတိယကမာၻစစ္ျဖစ္အၿပီး ရက္အနည္းငယ္အၾကာမွာ ၿဗိတိန္ဗုိလ္ခ်ဳပ္ႀကီးေမာင့္ဂုိမာရီအမိန္႔နဲ႔ ဘာလင္ၿမဳိ႕ကိုသြားေရာက္ခဲ့တဲ့ ၿဗိတိသွ်အရာရွိတဦးျဖစ္သူ Sir Ralph Rayner က ရရွိခဲ့တာျဖစ္ပါတယ္။ Sir Rayner ဟာ ဟစ္တလာရဲ႕ဘန္ကာထဲကုိ ပထမဆုံးေရာက္ရွိခဲ့တဲ့ ၿဗိတိသွ်အရာရွိျဖစ္ပါတယ္။ ဖုန္းကို ရရွိခဲ့တဲ့ေနရာကေတာ့ ဟစ္တလာ ေနာက္ဆုံးေနသြားခဲ့ရာ Führerbunker ထဲကေန ဆုိဗီယက္စစ္သားေတြကေတြ႔ခဲ့ၿပီး Sir Rayner ကိုေပးအပ္ခဲ့တာျဖစ္ပါတယ္။ ဒီဖုန္းနဲ႔ အတူ ဟစ္တလာလက္ေဆာင္ရထားတဲ့ Alsatian ေခြး ေၾကြရုပ္ကိုပါ ရရွိခဲ့ပါေသးတယ္။

၁၉၇၇ ခုႏွစ္မွာ Sir Rayner ေသဆုံးသြားၿပီးတဲ့ေနာက္ ဒီဖုန္းဟာ သားျဖစ္သူ Ranulf Rayner ထံ ေရာက္ရွိလာခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ Rayner မိသားစုက ထိန္းသိမ္းထားရာကေန ၂၀၁၇ ခုနွစ္ ေလလံပြဲတခုမွာ ျပန္လည္ေရာင္းခ်ခဲ့ျခင္းျဖစ္ပါတယ္။ ဒီဖုန္းရဲ႕ အေရာင္ဟာ မူလက အနက္ေရာင္ျဖစ္ၿပီး ေနာက္မွ ေဆးအနီေရာင္ ျပန္ဆုိးထားတာျဖစ္တယ္လုိ႔ ေမရီလန္းျပည္နယ္ Chesapeake ၿမဳိ႕မွာက်င္းပတဲ့ ေလလံျပပြဲတာ၀န္ခံက ဆုိပါတယ္။

တခ်ဳိ႕ကေတာ့ ဒီဖုန္းဟာ ဟစ္တလာရဲ႕ ဖုန္းဆုိတဲ့ အေပၚမွာ သံသယရွိေနခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ ဒီဖုန္းကုိ ထုတ္လုပ္သူဟာ ၿဗိတိသွ် ကုမၸဏီ Siemens ျဖစ္ေနတဲ့အျပင္ မူလကတည္းက ပလတ္စတစ္အနီေရာင္နဲ႔ မလုပ္ပဲ အနက္ေရာင္ကိုမွ အနီေရာင္ျပန္ဆုိးထားတဲ့ အတြက္ရယ္ေၾကာင့္ ျဖစ္ပါတယ္။ ဒါအျပင္ ဟစ္တလာလုိ လူတေယာက္က ဒီလုိလက္လွည့္ဖုန္းကို အသုံးျပဳစရာမလုိပဲ ေအာ္ပေရတာကေန တဆင့္ေခၚခ်င္တဲ့ေနရာကိုသာ တန္းေခၚမွာသာ ျဖစ္ေၾကာင္း သူတုိ႔က ဆုိၾကပါတယ္။

Ranulf Rayner ကေတာ့ ဒီဖုန္းကို သူ ၁၀ႏွစ္သား အရြယ္ခန္႔ ဖခင္ျဖစ္သူ အိမ္ျပန္လာတဲ့အခ်ိန္မွာ အိမ္ကုိယူလာခဲ့တာျဖစ္ေၾကာင္း အေထာက္အထားသက္ေသေတြလည္း ရွိေနေသးေၾကာင္းဆုိပါတယ္။ ဒီဖုန္းဟာ ဟစ္တလာတကယ္သုံးခဲ့တဲ့ ဖုန္းဆုိတာကို ဟစ္တလာနဲ႔ အနီးကပ္ေနခဲ့တဲ့သူေတြမွသာ သက္ေသအခုိင္အမာ ျပေပးႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလူေတြဟာလည္း တေယာက္မွ မရွိေတာ့တဲ့အျပင္ ဟစ္တလာရဲ႕ ေနာက္ဆုံး ၂ႏွစ္တာမွာ ေအာ္ပေရတာအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူ Rochus Misch ကလည္း ၂၀၁၃ ခုႏွစ္မွာ ေသဆုံးသြားခဲ့ၿပီျဖစ္တာေၾကာင့္ သက္ေသျပေပးႏုိင္မယ့္သူ မရွိေတာ့ပါဘူး။

Tags: world news

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
မော်ရိုကိုနိုင်ငံအကြောင်း သိကောင်းစရာ

မော်ရိုကိုနိုင်ငံအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!