• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod

by Thutamm
December 6, 2019
Reading Time: 1min read
0
ကမ္ဘာအကြီးဆုံး နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကြီး Belgorod
Share on FacebookShare on Twitter

ရုရှားရေတပ်ကပိုင်ဆိုင်တဲ့ ဒီနျူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကြီးဟာသမုဒ္ဒရာ ရေပြင်အောက်စူးစမ်းလေ့လာမှုတွေကိုအဓိကလုပ်ဆောင်မှာဖြစ်ပြီးနျူးကလီးယားထိပ်ဖူးတပ် ဒုံးလက်နက်တွေကိုလည်း တင်ဆောင်ပြီးပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။
ရုရှားရေတပ်က (၂၀၁၉)ခုနှစ်၊ဧပြီလ(၂၄)ရက်နေ့ကတည်းက ထုတ်ဖော်ပြသခဲ့တဲ့ Belgorod ရေငုပ်သင်္ဘောကြီးဟာ စဉ်ဆက်မပြတ်တိုးတက်နေတဲ့ရုရှားစစ်တပ်ရဲ့ အနေ အထားကို ကမ္ဘာကိုချပြရာရောက်သလို နည်းပညာပိုင်းမှာရုရှားဟာ အမေရိကန်ကိုအမီလိုက်နိုင်ဖို့ ကြိုးစားလျက်ရှိကြောင်း အသိပေးရာရောက်တယ်လို့ စစ်ဘက်ဆိုင် ရာကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Belgorod ဟာလက်ရှိအချိန်ထိရုရှားရေ တပ်ကထုတ်လုပ်တဲ့ ရေငုပ်သင်္ဘောတွေအနက်မှာအကြီးဆုံးဖြစ်သလို အမေရိကန်နိုင်ငံရဲ့ထွက်ရှိပြီးသမျှသော ရေငုပ်သင်္ဘောတွေထက်လည်း ပိုမိုကြီးမားပါတယ်။ Belgorod ကိုတော့ရုရှားရဲ့နာမည်ကျော်စစ်ရေယာဉ်တွေထွက်ပေါ်ရာ Severodvinsk မြို့မှာရှိတဲ့ Sevmash သင်္ဘောကျင်းကနေ ထုတ်လုပ်ခဲ့တာဖြစ်ပြီး သင်္ဘောရေချစဉ်ကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင် ဂြိုလ်တုစလောင်းကနေတိုက်ရိုက်ကြည့်ရှုခဲ့ပါတယ်။

Belgorod ဟာ ရုရှားအစိုးရရဲ့တရားဝင်ထုတ်ပြန်ထားတဲ့ Oscar (2) class cruise missile submarine တွေထုတ်လုပ်တဲ့ Project-09852 အစီစဉ်ကနေထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ ရည်ရွယ်ချက်ကတော့ သမုဒ္ဒရာကြမ်းပြင်အောက်စူးစမ်းလေ့လာမှုတွေပြုလုပ်ဖို့ ဖြစ်တယ်လို့သိရပါတယ်။

ယခုလက်ရှိကမ္ဘာအကြီးဆုံးနျူးကလီးယားစွမ်းအင်သုံးရေငုပ် သင်္ဘောကြီး Belgorod ရဲ့ကိုယ်ထည်ဟာ (၆၀၄)ပေအထိရှည်လျားပြီး အမေရိကန်ရဲ့ US Navy’s Ohio-class ballistic missile ရေငုပ်သင်္ဘောတွေထက်ပိုမိုအရွယ်အစားကြီး မားသလို ယင်းသင်္ဘောတွေရဲ့ကုန်တင်နိုင်တဲ့ပမာဏရဲ့ (၅၀)ရာခိုင်နှုန်းနီးပါးများပြားတဲ့ တန်ချိန်(၃၀၀၀၀)လောက်ကိုတင်ဆောင်နိုင်ပါတယ်။

Belgorod ဟာ ရေအောက်တိုက်ရေယာဉ်တစ်စီးလိုတိုက်ပွဲဝင်နိုင်သလို တစ်ဖက်ကလည်း ပဲ့ထိန်းစနစ်နဲ့အလိုရှိရာလမ်းကြောင်းအတိုင်းပစ်လွှတ်နိုင်တဲ့ ဒုံးကျည်ပစ်စခန်းတစ်ခုအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ ဒါအပြင်ရေပြင်တိုက်ခိုက်ရေးယာဉ်တွေရဲ့ ပင်မစခန်း အဖြစ်လည်း Belgorod ကိုအသုံးပြုနိုင်မှာဖြစ်ပြီး Losharik အမျိုးအစား အသေးစားရေငုပ် ယာဉ်ငယ်တစ်ခုကိုလည်း Belgorod ရဲ့အောက်ခြေပိုင်းမှာ ပူးတွဲပါဝင်မှာဖြစ်ပါတယ်။

H1 Sutton ဝဘ်ဆိုဒ်ရဲ့ပြောကြားချက်အရတော့ Belgorod ဟာ ရေအောက်တိုက်ပွဲတွေ မှာပါ စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်ခိုက်မှုတွေပြုလုပ်နိုင်မှာဖြစ်သလို GUGI ကဲ့သို့သောရုရှားရဲ့ပင်လယ်ရေအောက်လျို့ဝှက်စူးစမ်းလေ့လာရေးအဖွဲ့တွေအတွက် အကောင်းဆုံးအထောက်အကူပြုပစ္စည်းဖြစ်လာဖို့ရှိနေပါတယ်။

Oscar(2) Class cruise missile ရေငုပ်ယာဉ်ဖြစ်တဲ့ Belgorod ဟာရေမချခင်ကတည်းက နိုင်ငံတစ်ကာစစ်လက် နက်ဆိုင်ရာ သတင်းတွေမှာနာမည်ကျော်ခဲ့တာဖြစ်ပြီး လက်တွေ့ရေချချိန်မှာလည်း စစ်ရေးကဏ္ဍမှာသာမက ရုရှားရဲ့သိပ္ပံနည်းပညာနဲ့ ရေနံ၊သဘာဝဓာက်ငွေ့ရှာဖွေရေးလုပ် ငန်းတွေမှာပါ တတပ်တအားပါဝင်မှာဖြစ်တာကြောင့် ရုရှားအစိုးရရဲ့ကုန်ကျစရိတ် အားလုံးဟာ ထိုက်တန်တာထက်ကိုပိုသွားလိမ့်မယ်လို့ နိုင်ငံတစ်ကာရဲ့ထင်ကြေးပေးခြင် းကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ Belgorod ဟာ နှစ်ကာလကကြာမြင့်အောင်လုပ်ငန်းခွင်အတွင်း ရှိနေမှာတော့ မဟုတ်ကြောင်း သတင်းတွေလည်းထွက်ပေါ်လျက်ရှိနေပါတယ်။

နောက်ဆုံးပေါ်နည်းပညာတွေသုံးတည်ဆောက်ထားတဲ့ Belgorod ရဲ့ပြန်လည်ပြုပြင်မှု လုပ်ငန်းတွေဟာလည်း ကုန်ကျစရိတ်များလွန်းမှာလည်းဖြစ်ပေမယ့် ရုရှားရေတပ်ရဲ့ အစောပိုင်းကထုတ်လုပ်တဲ့ နျူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေရဲ့သက်တမ်း ထက်တော့ Belgorod ဟာ ပိုမိုလျော့နည်းနိုင်တယ် လို့သိရပါတယ်။

HI Sutton ကပဲ လက်ရှိ ရုရှားစစ်ဘက်အနေနဲ့ နျူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော ကဏ္ဍမှာ အမေရိကန်ထက်နှာတစ်ဖျားသာသွားတယ်လို့ ယေဘုယအား ဖြင့်ထင်ရပေမဲ့ အမေရိကန်ဘက်က တည်ဆောက်မှုရပ်နားထားတဲ့ Colombia class ballistic missile ရေငုပ်ယာဉ်တွေထွက်ပေါ်လာရင်တော့ အခြေအနေကတစ်မျိုးဖြစ် သွားနိုင်တယ်လို့ယူဆနေပါတယ်။ ဒါပေမဲ့ရုရှားရဲ့ နောက်ဆုံးပေါ် Belgorod ရေငုပ်သ င်္ဘောရဲ့ စွမ်းဆောင်ရည်အကုန်ကိုတော့ယခုတိုင်သိရှိခြင်းမရှိတာကြောင့် စူပါပါဝါနိုင်ငံ (၂)ခုရဲ့ စစ်လက်နက်နည်းပညာပြိုင်ဆိုင်မှုရလဒ်ကိုတော့ တိတိကျကျသိရဖွယ်မရှိလို့ သုံးသပ်ထားတာတော့ရှိပါတယ်။

ဒါအပြင် Belgorod ကြောင့်ရုရှားရဲ့ Harmony submarine detectiom system ဟာအ ပြောင်းအလဲ ကြီးကြီးမားမားဖြစ်သွားနိုင်မှာဖြစ်ပြီး ရုရှားရဲ့ပိုင်နက်နယ်မြေအတွင်းရန်သူ ရေယာဉ်တွေရဲ့ကျူးကျော်လာနိုင်တဲ့ အခြေအနေကို အချိန်နဲ့တပြေးညီသိရှိနိုင်မှာဖြစ် တ.ယ်လို့သိရပါတယ်။ ဒါအပြင် Belgorod နဲ့အတူပူးတွဲပါဝင်နေတဲ့ Losharik midget ရေငုပ်ယာဉ်ကလည်း ကာကွယ်ရေးတာဝန်တော်တော်များများကိုထမ်းဆောင်နိုင်မှာဖြစ် ပါတယ်။

နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်တဲ့ Losharik ay(၂၃၀) လောက်ရှည်လျားပြီး စက်ရုပ်ကဲ့သို့လှုပ်ရှားမှုပြုနိုင်တဲ့လက်နက်တွေကိုတပ်ဆင်ထားကာ ရေအနက်ပေ (၃၂၈၀)အထိ ငုပ်လျိုးတိုက်ခိုက်နိုင်တယ်လို့သိရပါတယ်။ Belgorod နဲ့ နောက်ထပ်တွဲဖက်ပါဝင်တဲ့တိုက်ခိုက်ရေးယာဉ်ကတော့ Harpsichord-2P-PM ဖြစ် ပြီး ရေအောက်ကြမ်းပြင်စူးစမ်းမှုတွေနဲ့ ရန်သူတည်နေရာလှုပ်ရှားမှုတွေထောက်လှမ်းမှုတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Belgorod ဟာအများသိတဲ့အတိုင်း နျူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောလို့ထင်ရပေမယ့် Poseidon nuclear torpedo system တွေပါဝင်တဲ့ရေအောက်သွားယာဉ်တစ်စီးအဖြစ်လည်း ပြောလို့ရပါတယ်။ Poseidon ဆိုတာကတော့ (၆၅)ပေလောက်ရှည်လျားပြီး အချင်း(၆.၅)ပေလောက်ရှိတဲ့ နျူးကလီးယားထိပ်ဖူးတပ်ဒုံးကျည်ကြီးတွေဖြစ်ပါတယ်။ ဒီဒုံးလက်နက်တွေဟာ ပဲ့ထိန်းစနစ်နဲ့ မိုင်ထောင်နဲ့ချီတဲ့အကွာအဝေးကိုအမြန်နှုန်း တစ်နာရီကို ရေမိုင်(၆၀)အရှိန်နဲ့ ပစ်ခတ်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

Poseidon ဒုံးလက်နက်တွေဟာ (၂)မီဂါတန်ရှိတဲ့ သာမိုနျူးကလီးယားထိပ်ဖူးကိုသယ်ဆောင်နိုင်ပြီး Belgorod မှာတပ်ဆင်ပြီးပစ်ခတ် မယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုကမ်းရိုးတန်းဒေသအတွင်းက မြို့ကြီးတော် တော်များများကို ရောက်အောင်ပစ်ခတ်နိုင်ပါတယ်။ Belgorod ဟာ တစ်ကြိမ်ကို နျူးကလီးယားထိပ်ဖူးတပ် Poseidon ဒုံးကျည် (၆)ခုလောက်ကိုသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရုရှားအစိုးရဟာ Belgorod အကြောင်းကို အပေါ်ယံပဲ ထုတ်ဖော်ပြသထားသေးတာကြောင့် ရေငုပ်သင်္ဘောကြီး Belgorod ရဲ့ ပုံရိပ်တွေကိုတော့ အွန်လိုင်းမီဒီယာတွေမှာ များများစားစားမတွေ့ရသေးပါဘူး။

Tags: militarytech
Next Post
ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ

ရှေးဟောင်းနံရံမှာ စာ ၃ လုံးရေးမိလို့ အမြင့်ဆုံးဒဏ်ငွေ ဒေါ်လာ ၁သိန်းကျော် အထိ ဆောင်ရတော့မယ့် သူတွေ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!