လူသားတွေဟာ အသက်ရှင်နေထိုင်ဖို့ခက်ခဲတဲ့ ကမ္ဘာနေရာအချို့မှာတောင် အခြေ ချနေထိုင်ကြပါတယ်။ အလွန်ပူပြင်းခြောက်သွေ့တဲ့ ကန္တာရဒေသဖြစ်တဲ့အပြင် သောက်သုံးရေအလွန်ရှားပါးတဲ့ Himalayas တောင်တန်းတွေမှာလည်း နေထိုင်သူ တွေရှိနေပါတယ်။ ဒါအပြင် လူအရောက်အပေါက်နည်းတဲ့ ကျွန်းတွေ၊ အပင်တွေသာ ဖုံးလွှမ်းနေပြီး လူသားတွေအတွက်ဘေးဖြစ်စေတဲ့ သတ္တဝါတွေရှင်သန်နေတဲ့ ပင်လယ်ကမ်းခြေတွေမှာလည်း နေထိုင်ကြပါသေးတယ်။
ရာသီဥတု အလွန် ကြမ်းတမ်းတဲ့ ဒေသတွေမှာလည်း အစုအဖွဲ့လိုက်နေထိုင်ကြတာကိုလည်း ယနေ့တိုင် တွေ့ရှိရပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အရပ်ဒေသတွေမှာနေထိုင်သူတွေဟာ သူတို့ နေထိုင်ရာအရပ်ဒေသရဲ့ ရိုက်ခတ်မှုကို ပြင်းထန်စွာခံနေရပေမဲ့ ယနေ့တိုင် အကောင်းဆုံး ခုခံပြီးနေထိုင်နိုင်ကြပါသေးတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာအအေးဆုံးဒေသတွေနဲ့ နိုင်ငံတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
(၁၀) MONGOLIA
မွန်ဂိုလီးယားနိုင်ငံ ဟာ အရှေ့အာရှမှာတည်ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး တောင်စဉ်၊တောင်တန်းတွေထက်မှာ တည်ရှိနေတာကြောင့် အလွန်အေးတဲ့အရပ်ဖြစ်ပါတယ်။ မြောက်အရပ်ကလာတဲ့ လေအေးတွေအစဉ်တိုက်ခတ်လျက်ရှိနေပြီး ဆီးနှင်းများထူထပ်စွာကျရောက်တဲ့ တောင်ပေါ်နိုင်ငံလေးဟာ ဆောင်းတွင်းကာလအချိန်တွေမှာ မိနစ်ပိုင်းအတွင်းမှာတင် အပူချိန်(၂၀)ဒီဂရီအထိ ကျဆင်းတတ်လေ့ရှိပါတယ်။
မွန်ဂိုလီးယားနိုင်ငံမှာ (Nomadic Tribes)လို့ခေါ်တဲ့ စားကျက်နေရာပြောင်းရွေနေထိုင်တဲ့ လူမျိုးစုတွေရှိနေပြီး အများစု ဟာတောင်တန်းတွေ အပေါ်မှာပဲနေထိုင်လေ့ရှိပါတယ်။ အဲဒီလူမျိုးစုတွေဟာ မွန်ဂိုလီးယားရဲ့ အလွန်ပြင်းထန်တဲ့ အအေးဒဏ်ကို အန်တုကာ သူတို့ရဲ့ လူနေမှုပုံစံကို မြင့်သထက်မြင့်အောင် အကောင်အထည်ဖော်လျက်ရှိပါတယ်။
(၉) ESTONIA
ဥရောပနိုင်ငံဖြစ်တဲ့ ESTONIA ဟာလည်း အပူချိန်သုညဒီဂရီအောက်ရှိတဲ့ ဆောင်းကာလ ကိုပိုင်ဆိုင်ထားတာကြောင့် ဒီစာရင်းမှာပါဝင်လာရပါတယ်။ ဒီစာရင်းမှာ ပါဝင်နေတဲ့ အခြားနိုင်ငံတွေလောက် နှင်းကျဆင်းမှုမရှိပေမဲ့ အရပ်မျက်နှာအရပ်ကနေ ရာသီအလိုက်တိုက်ခတ်တဲ့ Moonsoon Wind တွေကြောင့် ESTONIA နိုင်ငံဟာ တစ်နှစ်ပတ်လုံး အအေးဒဏ်ကိုခံစားနေရပါတယ်။ ESTONIAရဲ့ ဆောင်းတွင်းကာလ အလွန်ရှည်ကြာပြီး ပြင်းထန်တဲ့ နှင်းမှုန်တိုင်းတွေတိုက်ခတ်မှုမရှိပေမဲ့ အအေးလှိုင်းတွေ ဟာတော့ အချိန်ပြည့်လွှမ်းခြုံထားပါတယ်။
ESTONIAနိုင်ငံဟာ ကမ္ဘာအအေးဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေပေမဲ့ ဥရောပမှာတော့ ကမ္ဘာလှည့်ခရီးသည် လာရောက်လည် ပတ်မှုအများဆုံးထိပ်တန်းနိုင်ငံ တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ အထူးသဖြင့် ESTONIAနိုင်ငံမှာရှိတဲ့ လှပတဲ့ရှေးခေတ်အနုပညာလက်ရာတွေ၊စိမ်းလန်းတဲ့ တောတန် းတွေ၊ ကြီးမားနက်ရှိုင်းတဲ့ ထင်ရှူးတော တွေအပြင် လာရောက်တဲ့ဧည့်သည်တွေ ကုန်ကျ စရိတ်အလွန်နည်းပါးအောင် ပြုလုပ်ထားခြင်းကြောင့် လာရောက်လည်ပတ်သူ နှုန်းဟာ နှစ်စဉ်တိုးတက်လျက်ရှိနေတာပါ။
(၈) FINLAND
Scandinavian နိုင်ငံတွေအနက်က တစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ဥရောပတိုက် မြောက်ဘက်စွန်းပိုင်းမှာတည်ရှိပြီး အလွန်ရှည်လျားတဲ့ ဆောင်းတွင်းကာလကို လည်းပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာ တစ်နှစ်ပတ်လုံးနှင်းတွေ ကျဆင်းလျက်ရှိပြီး နေထွက်တဲ့အချိန်တွေဟာ ကဗျာတွေ/စာတွေဖွဲ့ဆိုရလောက်အောင် နည်းပါးတယ်။
ဖင်လန်နိုင်ငံရဲ့ နေရာအများစု ပျမ်းမျှအပူချိန်ဟာ သုညဒီဂရီဝန်းကျင်မှာ ရှိနေပြီး ဆောင်းရာသီမှာတော့ အနုတ် ၃၀ ဒီဂရီထိတိုင် ကျဆင်းသွားလေ့ရှိပါတယ်။ ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေဟာ ဖင်လန်နိုင်ငံကနေပဲ စတင်သန္ဓေတည် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဆောင်းရာသီ အားကစားနည်းတွေနဲ့ ပတ်သတ်ရင် ဖင်လန်အားကစားသမားတွေဟာ ထိပ်ဆုံး အဆင့် မှာရှိနေတာပဲဖြစ်ပါတယ်။
(၇) Iceland
Iceland ဆိုတဲ့အမည်ကိုကြားလိုက်ရုံနဲ့ အရမ်းအေးမဲ့နိုင်ငံ တစ်ခုဖြစ်မယ်ဆိုတာကို သတိထားမိလောက်ပါတယ်။ ဒါပေမဲ့ အိုက်စလိန်နိုင်ငံဟာ ဖော်ပြခဲ့ပြီးတဲ့ ဂရင်းလန်းကျွန်း လောက်တော့ဆိုးရွားတဲ့ ရာသီဥတုအခြေအနေ မရှိပါဘူး။ နွေရာသီ ရောက်တဲ့အချိန်မှာတော့ အိုက်စလန်ရဲ့ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်အလှတရား ကိုခံစားရမှာ ဖြစ်ပြီး ဆောင်းတွင်းရောက်ရင်တော့ ဆီးနှင်းတွေ တဖွဲဖွဲ ကျနေတဲ့ အပူချိန်သုညဒီဂရီ အောက် ဖြစ်သွားမဲ့ ကမ္ဘာအအေးဆုံးကာလတစ်ခုကို ဖြတ်သန်း ကြရမှာပါ။
အိုက်စလန်နိုင်ငံဟာ အလွန်လှပတဲ့ ဥတ္တရအလင်းတန်းတွေကိုကြည့်ရှုဖို့ အကောင်းဆုံးဒေသလည်းဖြစ်ပါတယ်။ အိုက်စလန် ရဲ့အပူချိန်ဟာ မိနစ်အနည်းငယ်လောက်မှာတင် (၁၀)ဒီဂရီလောက်အထိ အလျှင်အမြန် ကျဆင်းသွားတတ်ပါတယ်။ မြောက်ဘက်အကျဆုံးဒေသတွေမှာတော့ တစ်နှစ်ပတ်လုံး အပူချိန်ဟာ သုညဒီဂရီ လောက်သာအမြဲတည်ရှိနေပြီး အလွန်အေး ပါတယ်။ အိုက်စလန်နိုင်ငံမှာတည်ရှိတဲ့ Vatnajokull Glacier Cave ဟာ ကမ္ဘာပေါ်မှာ ထူးဆန်းအံ့သြဖွယ်အကောင်းဆုံးသော ရေခဲလိုဏ်ဂှုတွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။
(၆) The United State of America
ကနေဒါနိုင်ငံနဲ့ နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုဟာလည်း ကမ္ဘာအအေးဆုံးနိုင်ငံတွေ အနက်မှာပါဝင်လာပြီး အခြားနိုင်ငံတွေလိုပဲ အပူချိန် သုည ဒီဂရီအောက် ကျဆင်းတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အလက်စကားဒေသမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နယ်မြေဧရိယာ အလွန်ကျယ်ပြန့်ပြီး တော၊တောင်ထူထပ်တဲ့ ဒေသဖြစ်ပါတယ်။ အထူး သဖြင့် နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေဟာ အအေးပိုများပြီးဆီနှင်းတဖွဲဖွဲ ကျရောက်ကာ မြို့ကြီးတွေနဲ့ လမ်းမတွေကိုတောင် ဖုံးလွှမ်းသွားသလို ဖြစ်နေတတ်ပါတယ်။
ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု တောင်ပိုင်းနဲ့၊ အလယ်ပိုင်းဒေသတွေကာတော့ အအေးဒဏ် ကိုသိပ်မခံစားရပဲ သာမန်ဆောင်းတွင်းကာလ တစ်ခုကိုသာဖြတ်သန်းရပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ လယ်ယာစိုက်ခင်းများစွာကို တောင်ပိုင်း၊အလယ်ပိုင်းတွေမှာသာ တွေ့မြင်နိုင်မှာဖြစ်ပြီး မြောက်ပိုင်းကတော့ သဘာဝ အနေအထားအရ သီးနှံအောင်မြင် နှုန်းလျော့နည်းတာကိုတွေ့ရပါတယ်။ ဒါအပြင် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေများစွာ ပိုရှိနေတဲ့ အချက်ကလည်း ဆီးနှင်းတွေတဖွဲဖွဲ ကျဆင်းစေတဲ့ အနေအထား ဖြစ်ဖို့ ဖော်ဆောင်နေပါတယ်။
(၅) CANADA
ကနေဒါနိုင်ငံဟာ အထက်မှာဖော်ပြခဲ့တဲ့ Greenland လို ကမ္ဘာမြောက်ဘက်စွန်း ပိုင်းမှာ တည်ရှိနေပေမဲ့ အစဉ်ရာသီဥတု ဆိုးရွားနေတဲ့နိုင်ငံတော့ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံ ဟာစိမ်းစိုတဲ့တောအုပ်တွေ၊ရေကန်တွေ အလွန်ပေါများပြီး လှပတဲ့သဘာဝ ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာပေါ်မှာလာရောက်လည်ပတ်ဖို့ အကောင်းဆုံးသော နိုင်ငံတွေစာရင်းမှာ ပါဝင်နေပါတယ်။
ဒါပေမဲ့ ဆောင်းတွင်းကလာရောက်တဲ့ အချိန်မှာ တော့ တစ်နိုင်ငံလုံးနီးပါး ဆီနှင်းတွေ ကျဆင်းကာ အပူချိန်ဟာ သုညအောက် (-၄၀) ဒီဂရီ အထိရှိနေတတ်ပါတယ်။ အဲဒီအချက်ကြောင့်လည်း ကနေဒါဟာ ကမ္ဘာ အအေးဆုံး နိုင်ငံစာရင်းမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။ အခြားမြောက်ဘက်စွန်းနိုင်ငံ တွေလိုပဲ ဆောင်းတွင်းကာလရောက်တဲ့ အချိန်မှာ ပြင်းထန်တဲ့ ဆီနှင်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပြီး နေ့တာတိုသွားလေ့ လည်းရှိပါတယ်။
(၄) Greenland
Greenland ဆိုတဲ့နာမည်ကြောင့် ဒီနေရာဟာ စိန်းလန်းစိုပြေတဲ့သဘာဝရှိတဲ့ အရပ်ဒေသတစ်ခုဖြစ်မယ်လို့ ယူဆရင်တော့ အထင်နဲ့အမြင်လွဲမှား သွားပါလိမ့်မယ်။ အမှန်တော့ ဒီနေရာဟာ Greenland ဆိုတဲ့ နာမည်နဲ့ဆန့်ကျင်ဘက် ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတု အနေအထားကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပါတယ်။ ကမ္ဘာမြောက်ဘက်စွန်းပိုင်း က အအေးဆုံးသောနိုင်ငံတွေအနက်က တစ်နိုင်ငံဖြစ်တဲ့ Greenlandဟာ အာတိတ် နဲ့ မြောက်အတလန္တိတ် သမုဒ္ဒရာတွေကြားက ကျွန်းတစ်ခုလည်းဖြစ်ပါတယ်။
ဒီကျွန်းနိုင်ငံလေးဟာ ပထဝီဝင်အနေအထားအရ မြောက်အမေရိကတိုက်တွင်းမှာပါရှိနေပေမဲ့ ဥရောပဆန်တဲ့ (အထူးသဖြင့် နော်ဝ၊ဒိန်းမတ် နိုင်ငံတို့ရဲ့) လူနေမှုစရိုက်၊ရိုးရာအသွင်အပြင် တူညီနေပြီး ဒိန်းမတ်နိုင်ငံရဲ့အုပ်ချုပ်ရေးအောက်မှာရှိနေပါတယ်။ Greenlandဟာ ကမ္ဘာပေါ်မှာ ကမ်းရိုးတန်းအရှည်ဆုံးဒေသဖြစ်ပြီး နွေရာသီမှာတောင်ဒေသရဲ့ အပူချိန်ဟာ သုညဒီဂရီလောက်သာသာ ရှိနေပါတယ်။ ဧရိယာစတုရန်းမိုင် ၈သိန်းကျော် ကျယ်ဝန်းပေမယ့် အေးလွန်းတဲ့ရာသီဥတုကြောင့် နေထိုင်သူဦးရေ ၅သောင်းကျော်ပဲ ရှိပါတယ်။ ဒါအပြင်ရာသီဥတု အနေအထားကိုမူတည်ပြီး နေ့တာရှည်ခြင်း၊ ညတာရှည်ခြင်း ဖြစ်ပွားလေ့ရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။ နွေရာသီရောက်တဲ့အချိန်မှာ တစ်နေ့တာလုံးရဲ့ (၂၂)နာရီ လောက် နေသာ နေမှာဖြစ်ပြီး ဆောင်းရာသီရောက်တဲ့အချိန်မှာတော့ တစ်နေ့တာလုံးရဲ့ (၃)နာရီသာ နေရောင်ကိုတွေ့မြင်ရမှာပါ။
(၃)KAZAKHSTAN
ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ကာဇက်စတန် နိုင်ငံဟာ ယခင်ကတော့ ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကာဇက်စတန် နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင် အနေအထားဟာ အလွန်ကြမ်းတမ်းတဲ့တောင်တန်းဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက်များစွာမြင့်မားတဲ့ အချက်ကြောင့် အပူ/အအေးပြင်းထန် ပါတယ်။ ကာဇက်စတန် နိုင်ငံအတွင်းမှာ ရေခဲထုဝန်းရံနေတဲ့ ဒေသများစွာရှိပြီး ဆောင်းတွင်းကာလရောက်ချိန်မှာတော့ နိုင်ငံရဲ့ အပူချိန်ဟာ သုညဒီဂရီအောက် ကျဆင်းသွား ပါတယ်။
ကာဇက်စတန်နိုင်ငံရဲ့ နိုင်ငံသားတွေက တော့ သူတို့နိုင်ငံရဲ့ ပြင်းထန်တဲ့ ဆောင်းရာသီကို အကျိုးရှိအောင်ဖန်တီးပြီး ရေခဲပြင်စကိတ်စီးပြိုင်ပွဲ၊ ရေခဲပြင်ပန်းပု ပုံတူပြိုင်ပွဲ၊ ရေခဲပြင်ငါးဖမ်းနည်း စသည်တို့ကိုပြုလုပ် ပြီးကမ္ဘာလှည့်ခရီး သည်တွေကို အကောင်းဆုံးဆွဲဆောင်ပြီး နိုင်ငံရဲ့ ပုံရိပ်ကိုမြှင့်တင်လျက်ရှိပါတယ်။
(၂) RUSSIA
ကမ္ဘာပေါ်မှာ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံဟာ အာရှတိုက် နဲ့ ဥရောပတိုက် နှစ်တိုက်စလုံးမှာ ပါဝင်တည်ရှိနေပါတယ်။ ရုရှားနိုင်ငံရဲ့ ဧရိယာအများစုဟာ တစ်နှစ်ပတ်လုံး အလွန်အေးမြတဲ့ အခြေအနေမှာ တည်ရှိနေပြီး နွေရာသီရောက်ချိန်မှာ တောင် ဒေသရဲ့အပူချိန်ဟာ သုညဒီဂရီအောက်အခြေအနေကို ရောက်ရှိနေနိုင်ပါတယ်။ ရုရှားနိုင်ငံရဲ့ မြောက်ဘက်စွန်းမှာတည်ရှိတဲ့ ဆိုက်ဘေးရီးယားဒေသဆိုရင် ထာဝစဉ် ဆီးနှင်းတွေ နဲ့ဖုံးလွှမ်းနေတာဖြစ်ပြီး ရုရှားနိုင်ငံက ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်တဲ့ကာလကဆိုရင် နယ်နှင်ဒဏ်ပေးတဲ့ အပြစ်သားတွေကို ယင်းဒေသကိုပို့လေ့ရှိပါတယ်။
စိတ်ဝင်စားစရာ အချက်က ရုရှားနိုင်ငံရဲ့ အလွန်ကြမ်းတမ်း၊ အေးမြတဲ့ ရာသီဥတုက ရုရှားနိုင်ငံကို ကျူးကျော်သူတွေလက်ထဲ မရောက်ရအောင်ခေတ်အဆတ်ဆတ် ကာကွယ်ပေးခဲ့တယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ပြင်သစ်စစ်ဘုရင် နပိုလီယံ၊ နာဇီအာဏာရှင် ဟစ်တလာတို့လို ကမ္ဘာမြေပုံကိုအပြောင်း အလဲလုပ်နိုင်တဲ့ သူတွေတောင် ရုရှားနိုင်ငံရဲ့ ရာသီဥတုကြောင့် ကောင်းကောင်းကြီး ဒုက္ခ ရောက်သွားခဲ့ရတာပဲဖြစ်ပါတယ်။
(၁) ANTARCTICA
အန္တာတိက ကတော့နိုင်ငံတစ်နိုင်ငံမဟုတ်ပဲ အီကွေဒါတောင်ဘက်စွန်းပိုင်းက Antarctic စက်ဝိုင်းအတွင်းကျရောက်နေတဲ့ကမ္ဘာတိုက်ကြီး တစ်ခုဖြစ်ပါတယ်။ ဒီဒေသတစ်ခုလုံး ကို Antarctic ခေါ် တောင်ပိုင်းသမုဒ္ဒရာကဝိုင်းရံထားပြီး စတုန်ရန်းမိုင် ၅.၄သန်း မိုင်အကျယ်ရှိ ပါတယ်။ အန္တာတိကတိုက်ရဲ့ (၉၈ ရာခိုင်နှုန်း)ကို ရေခဲတွေအစဉ်ဖုံးလွှမ်း လျက်ရှိပြီး ရေခဲထုက(၁.၉) Km အထိထူပါတယ်။ ဒါကြောင့် အန္တာတိကဟာ ကမ္ဘာ အအေးဆုံးဒေသအဖြစ် ရှိနေတာအံ့သြစရာမဟုတ်ပေမဲ့ လက်ရှိအချိန်မှာ နေထိုင်သူ (၁၁၀၆) ယောက်ရှိပါတယ်။ သူတို့အားလုံးဟာ အမြဲနေထိုင်သူတွေမဟုတ်ပဲ သုတေသနအဖွဲ့အစည်းတွေက ပညာရှင်တွေနဲ့ သက်ဆိုင်သူတွေဖြစ်ပါတယ်။
ဒါအပြင် ပြင်းထန်တဲ့ ဆီးနှင်းမုန်တိုင်း တွေတိုက်ခတ်လေ့ရှိပြီး သောက်သုံးရေ၊အစားအသောက်၊ နားခိုစရာ အရပ်အလွန် ရှားပါးတဲ့ ဒေသလည်းဖြစ်နေတာကြောင့် ကမ္ဘာပေါ်မှာ လူသားတွေ အခြေပြုနေထိုင် ဖို့မသင့်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဒေသရဲ့အအေးချိန်ဟာ ပုံမှန်အားဖြင့် -၇၀ ဒီဂရီဆဲစီးယပ်စ်ဝန်းကျင်မှာ ရှိနေတာကြောင့် သက်ရှိအချို့ကလွဲပြီးရှင်သန်နေထိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ Antarctic ဒေသမှာရှိတဲ့ Canada ရေခဲမြစ်ကတော့ ကမ္ဘာပေါ် မှာအလှဆုံးရေခဲမြစ်တွေအနက်က တစ်မြစ်ဖြစ်ပါတယ်။
Discussion about this post