Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အလှူအတန်း အရက်ရောဆုံး ပုဂ္ဂိုလ်ကြီး ဝါရင်းဘတ်ဖတ် 

by Thutamm
August 30, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်က အလှူအတန်း အရက်ရောဆုံး ပုဂ္ဂိုလ်ကြီး ဝါရင်းဘတ်ဖတ် 
Share on FacebookShare on Twitter

ရေးသားသူ – ဒေါက်တာခင်မောင်ညို

(၁)
ကမ္ဘာမှာ လူဦးရေ သန်းခုနစ်ထောင်ကျော်ရှိသည့် အနက် ဘီလျံနာပေါင်း နှစ်ထောင်ကျော်ပဲရှိပါတယ်။ အဲဒီ ဘီလျံနာများထဲတွင် တော် တည့်မှန်ကန်စွာ လုပ်ကိုင်၍ ကြီးပွားလာသူများရှိသလို မမှန်မကန် လုပ်ကိုင်သူများ လည်းရှိကြပါတယ်။ ဝါရင်းဘတ်ဖတ် ဟာ တော်တည့် မှန်ကန်သော ဘီလျံနာတစ်ဦးဖြစ်ပြီး အလှူဒါန အင်မတန်ရက်ရောသူ တစ်ဦးဖြစ်တယ်။ ဒါကြောင့် အမေရိကန် သူဌေးကြီး Warren Buffett အကြောင်း တင်ပြလိုပါတယ်။

Warren Buffett ကတော့ အလွန်ရက်ရောတဲ့သူဌေးကြီးဖြစ်တယ်။ သူပိုင်တဲ့ ဒေါ်လာဘီလျံများစွာကို ဂိတ်နဲ့ မင်လင်ဒါ ဂိတ်ဖောင်ဒေးရှင်း ကတစ်ဆင့် လှူပစ် ခဲ့တယ်။ ခုတင်ပြသွားမယ့် ရင်းနှီးမြှုပ်နှံမှုမှာ စံနမူနာပြုရတဲ့ သူဌေးကြီး Warren Buffett အကြောင်းကို လေ့လာ နိုင်ပါတယ်။

(၂)
ဝါရင်းဘတ်ဖတ်ကို အမေရိကန်နိုင်ငံ Omaha,Nebraska မှာ ၁၉၃ဝ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က မွေးဖွား လာတာဖြစ်တယ်။ သူဟာ မွေးချင်းသုံးယောက်အနက် အလတ်ဖြစ်ပြီး တစ်ဦးတည်းသောသားလည်း ဖြစ်တယ်။ ငယ်ငယ်ကတည်းက ကိန်းဂဏန်းများကို ခေါင်းထဲမှာ ပင် ပေါင်းနုတ်လို့တတ်တယ်။ သူ့ကို မိတ်ဆွေတွေက ယနေ့တိုင် အံ့သြနေရ ဆဲပါပဲ။ သူဟာ ငယ်ငယ်လေး ကတည်းက စီးပွားရေးကို ဝါသနာပါတယ်။

အသက် ခြောက်နှစ်မှာ ကိုကာကိုလာ ခြောက်ဘူးကို ၂၅ ဆင့် နဲ့ဝယ်ပြီး ဆင့် ၃ဝ နဲ့ ပြန်ရောင်းခဲ့တယ်။ သူဟာ ငယ်ငယ်လေး ကတည်းက စီးပွားရေး မြော်မြင်တယ်ဆိုတာ ထင်ရှားစေတယ်။ အသက် ၁၁ နှစ်မှတော့ တစ်စောင်ကို ၃၈ ဒေါ်လာနဲ့ စစ်တီး ဆာဗစ် ရှယ်ယာသုံးစောင်ကို ဝယ်တယ်။ သူနဲ့သူ့အစ်မကြီး အတွက် ဖြစ်တယ်။ မကြာခင်ရှယ်ယာဈေးကျသွားတယ်။ တစ်ရှယ်ယာ ၂၈ ဒေါ်လာဖြစ်သွားတယ်။ ဝါရင်းဟာ ငိုမဲ့မဲ့ဖြစ်သွား တယ်။ နောင်အ တော်ကြာတော့ တစ်ရှယ်ယာ ဒေါ်လာ ၄ဝ ဖြစ်သွားတယ်။ ဝါရင်းဟာပျော်ပြီး ပြန်ရောင်းလိုက်တယ်။

ဒါသူ့အမှား ပဲ။ မကြာခင်မှာပဲ ရှယ်ယာ တစ်ခုကို ဒေါ်လာ ၂ဝဝ အထိတက်သွား တယ်။ ဘဝမှာ အကြီးဆုံး သင်ခန်း စာကို သူ့အသက် ၁၁ နှစ်မှာ ရ လိုက်တယ်လို့ သူပြောခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးပြောရရင် သူဟာ ၁၉၄၇ ခုနှစ်မှာ အထက် တန်းပြီးတယ်။ ဒီနောက် ပထမ ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ကို သွားတက်တယ်။ အဲဒီမှာ သင်နေ တဲ့ စီးပွားရေးပညာတွေဟာ သူသိ ပြီးသားဖြစ်နေ တယ်။ ဒါနဲ့ သူဟာ လင်ကွန်းမြို့က နာဘရာစကာ တက္ကသိုလ် University of Nebraska ကို ပြောင်းရွှေ့တက် ရောက်ခဲ့တယ်။ သုံးနှစ်အကြာ ၁၉၅ဝ ခုနစ်မှာ ဘွဲ့ရခဲ့ပါတယ်။

သူဘွဲ့လွန်တက်ဖို့ ပြင်ဆင် တယ်။ သူ့ကို လူတွေက ဟားဗတ် တက္ကသိုလ်ကို တက်ဖို့ပြောတယ်။ သူဟားဗတ်ကို လျှောက်ပါတယ်။ ဒါပေမယ့် ဟားဗတ်မှားသွားပါ တယ်။ ဟားဗတ်ဟာ တစ်ချိန်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ် လာမယ့် စီးပွားရေးရင်းနှီးမြှုပ်နှံ သူ လုပ်ငန်းရှင် ဝါရင်းဘတ်ဖတ်ကို လက်မခံခဲ့မိတာပါပဲ။ ဝါရင်းဟာ ငယ်ရွယ်လွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့ပါ တယ်။ ဝါရင်းဟာ ကိုလံဘီယာ တက္ကသိုလ် ကို တက်ရောက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ M.B.A ဘွဲ့ရတယ်။

(၃)
စီးပွားရေးလုပ်ငန်းကိုတော့ သူ ဘွဲ့ရပြီး ဇာတိမြို့အိုမာဟာမှာ ၁၉၅၁ ခုနှစ် ကစပြီး ဖခင်ရဲ့ စတော့ ရောင်းဝယ်ရေး အကျိုး ဆောင် ကုမ္ပဏီမှာ ၁၉၅၄ ခုနှစ်ထိ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဲဒီမှာ သူဟာ ဆူဇီသောမဆင်နဲ့ အိမ် ထောင်ကျခဲ့ပါတယ်။ သူတို့ဟာ တစ်လ ၆၅ ဒေါ် လာပေးရတဲ့ အိမ်မှာနေကြတယ်။ သူတို့နဲ့အတူ ကြွက်တွေနေကြပါ သတဲ့။ အဲဒီမှာ သူတို့ရဲ့ သမီးဦး ဆူဇီကို မွေးခဲ့ပါတယ်။ သူဟာ တက္ကဆက်ကို ကုမ္ပဏီမှာ ရင်းနှီး မြှုပ်နှံပေမယ့် အောင်မြင်မှုမရှိခဲ့ဘူး။ စရိတ်စက သက်သာအောင် လို့ ကလေးကို ပုခက်မှာ မသိပ်ဘူး၊ အံဆွဲထဲသိပ်သတဲ့။

အဲဒီသုံးနှစ်မှာ ဝါရင်းဟာ ည ကျောင်းမှာ စာပြသေးတယ်။ သူ့မှာ အခက်အခဲတွေ အများကြီးတွေ့ရတယ်။ လူတွေကြား စကားမပြောရဲလို့ ဒေးကာနက်ဂျီ ရဲ့ ကျောင်းကိုတက်ခဲ့ရသေးတယ်။ အဲဒီကနေ သူ့ရဲ့ ဆရာတစ်ဦးဖြစ်တဲ့ ဘင်ဂရေဟမ်နဲ့အတူ သူစိတ်ဝင်စားတဲ့ စတော့လုပ်ငန်း ကို အလုပ်ပြန်လုပ်ခဲ့တယ်။ ဘင်ဂရေဟမ်က သူ့ကိုနယူး ယောက်ကို ခေါ်သွားတယ်။ ဝါရင်း ဟာ ဘင်ဂရေဟမ်နဲ့ စီးပွားရေး သဘောထား မကိုက်ညီပါဘူး။ ဘင်က လုပ်ငန်းပမာဏကို ကြည့်ကာ ရင်းနှီးမြှုပ်နှံတယ်။ ဝါ ရင်းကတော့ လုပ်ငန်းဦးစီးသူတွေ ကို လေ့လာပြီးမှ ရင်းနှီးမြှုပ်နှံ တယ်။ ဝါရင်းဟာ နယူးယောက် ကနေသူ့ အိမ်ရှိရာ အိုမာဟာကို ပြန်ခဲ့ပါတယ်။

၁၉၅၆ ခုနှစ် မေလ ၁ ရက် မှာ လူ ၇ ဦးပါတဲ့ လီမိတက်တစ်ခု ကို ဖွဲ့ခဲ့ပါတယ်။ ဒေါ်လာတစ်သိန်း ငါးထောင်နဲ့စတယ်။ တစ်နှစ်အကြာမှာတော့ သူတို့ ကုမ္ပဏီပိုင်တဲ့ငွေဟာ ဒေါ်လာသုံး သိန်းဖြစ်လာပါတယ်။ သူဟာ အိပ်ခန်းသုံးခန်းပါတဲ့ အိမ်တစ်လုံး (ဒေါ်လာသုံးသောင်း တစ်ထောင့်ငါးရာ) ကို ဝယ်ယူနိုင် ခဲ့တယ်။ နောက်ငါးနှစ်မှာသ့ူရဲ့ ကုမ္ပဏီ တိုးတက်မှုဟာ တစ်နှစ်ကို ၂၅၁ ရာခိုင်နှုန်းဖြစ်လာတယ်။ အကြီး ဆုံး ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒိုး ကုမ္ပဏီဟာ ၇၄ ရာခိုင်နှုန်းသာ မြတ်ပါတယ်။

၁၉၆၂ ခုနှစ်မှာတော့ သူတို့ ၇ ယောက် ကုမ္ပဏီလီမိတက်ဟာ ဒေါ်လာ ၇.၂ သန်းပိုင်ဆိုင်နေပါ တယ်။ ဝါရင်းဟာ ဒေါ်လာတစ် သန်းပိုင်နေပြီဖြစ်တာပေါ့။ သူ့အသက် ၃၂ နှစ်နှစ်ရှိပါ ပြီ။ သူဟာ စတော့ဈေးကွက်မပြို ကွဲမီလေးမှာ သူ့ရဲ့စတော့တွေကို ရောင်းနိုင်ခဲ့တယ်။ ဈေးကျတော့ သူပြန်ဝယ် တယ်။ အဲဒီမှာသူဟာ ဒေါ်လာသန်း ၁ဝဝ ကျော် ချမ်းသာသွားခဲ့ပါတယ်။

(၄)
သူဟာ ဘက်ရှားယားဟက် သာဝေး ကုမ္ပဏီဆိုတဲ့ မထင်မရှား အထည်စက်ရုံလေးကို ဝယ်ပြီး ကုမ္ပဏီထောင်ခဲ့ပါတယ်။ အဲဒါကို အခြေခံပြီး အာမခံလုပ်ငန်းများ ဘဏ်လုပ်ငန်းများ သံမဏိလုပ်ငန်း များကို လုပ်ခဲ့ပါတယ်။ သတင်းမီဒီယာ ကုမ္ပဏီ (ကော်ပိုရေးရှင်း) တွေကိုလည်း တည်ထောင်ခဲ့ပါတယ်။ အေဘီစီ သတင်းဌာနကိုလည်း ပူးပေါင်းပါ ဝင်ခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ သူ ဟာ ကိုကာကိုလာ ကုမ္ပဏီမှာ အဓိက အစုရှယ်ယာဝင်တစ် ယောက် ဖြစ်လာပါတယ်။ (သူ့ရဲ့ Berkshire Hathaway ကုမ္ပဏီကြီးဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ နံပါတ် ၁၀ မြောက်အကြီးဆုံး ကုမ္ပဏီကြီးဖြစ်နေပြီး လုပ်သားပေါင်း ၄သိန်းခန့်ရှိကာ ၂၀၁၈ခုနှစ် တစ်နှစ်တည်းရဲ့ဝင်ငွေတင် ၂၄၇.၅ဘီလျံ ရှိပါတယ်)

သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက နေ သူဟာ ဒေါ်လာသန်းထောင် ပေါင်းများစွာ ချမ်းသာတဲ့ သူတစ် ယောက်ဖြစ်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ သူကမ္ဘာ့အ ချမ်းသာဆုံးသူတစ်ယောက်အဖြစ် သတ်မှတ်ခံရတယ်။ တကယ်တော့ ၂ဝဝ၆ ခုနှစ် မှာ သူဟာသူပိုင်တဲ့ ငွေထက်ဝက် ကျော်တဲ့ ဒေါ်လာ ၃၇ ဘီလျံကို လှူဒါန်းခဲ့ပြီး ဖြစ်တယ်။ ဒီငွေတွေ ကို အဓိကအားဖြင့် ဘီလ်ဂိတ်မိ သားစုကုမ္ပဏီဖြစ်တဲ့ ဂိတ်နဲ့ မင်လင်ဒါဂိတ်ဖောင်ဒေးရှင်းကနေ တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။ မိတ်ဆွေများက ကိုယ်တိုင် ဘာလို့ ဖောင်ဒေးရှင်းမလုပ်တာလဲ ဆိုတော့ သူက ”ဘီလ်ဂိတ်ဟာ အလှူဒါနပြုလုပ်ရာမှာ ကျွမ်းကျင်တယ်။ ဒါကြောင့် သူတို့က တစ်ဆင့်လှူဒါန်းရတာပါ”လို့ပြောသွား တယ်။

ဝါရင်းဘတ်ဖက်ဟာ အလုပ် တစ်ခုလုပ်ရင် သေသေချာချာ လေ့လာပြီးမှ လုပ်တယ်။ ငွေကြေး တန်ဖိုးကို နားလည်တယ်။ ငွေဟာ တိုးပွားတဲ့ ပစ္စည်းပါ တဲ့။ ဥပမာ တစ်နှစ် ၁၅ ရာခိုင် နှုန်း အတိုးနဲ့ဒေါ်လာ ၁ဝဝဝဝဝ (တစ်သိန်း)ရဲ့ နှစ် ၂ဝ အတွင်း တိုး တက်ဖြစ်ပေါ်လာတဲ့ ငွေပမာဏ ဟာ ၁၆၃၆၆၅၃ ဒေါ်လာဖြစ် တယ်။ ပြန်စဉ်းစားကြည့်ပါ။ ဒေါ် လာတစ်သိန်းကို အတိုးတက်စေပါ က ဒေါ်လာ တစ်သန်းခြောက်သိန်းကျော်ဖြစ်လာတယ်လို့ သူ တွက်ပြတယ်။

ရင်းနှီးမြှုပ်နှံတဲ့ နေရာမှာ သူက သေသေချာချာတွက်တယ်။ တကယ်တော့ ငွေတစ်သောင်း ဆုံးရှုံးတာဟာ နှစ် ၂ဝ မှာ ဆိုရင် ငွေတစ်သိန်း ဆုံးရှုံးတာနဲ့ အတူတူပါပဲ။ ဒါကြောင့်လည်း ဝါ ရင်း ဘတ်ဖက်ဟာ အတော်လေးချမ်းသာပြီး သန်းကြွယ်သူဌေးဖြစ် နေချိန်မှာ သူ့ရဲ့ ဘောက်စ်ဝက်ဂွန်း ကားအိုလေးကိုစီးမြဲ စီးနေခြင်း ဖြစ်တယ်။ သူက ရင်းနှီးမြှုပ်နှံရာတွင် ကက်သလစ်ဘာသာဝင်များ အိမ်ထောင်ပြုသလိုပါပဲ။ တစ်သက်တာလုံး အတွက် ဖြစ်တယ်လို့ ပြော ခဲ့တယ်။

အိမ်ထောင်ပြုဖို့ ပထမမိန်းကလေးကို လေ့လာရတယ်။ အတူသွားအတူစားရင်းနှီးအောင်လုပ်ရတယ်။ သူ့အကြောင်းကို သိမှပေါင်းသင်းဖို့အဆင်ပြေမှာဖြစ်တယ်လို့ ဝါရင်းကဆိုတယ်။ ရင်းနှီးမြှုပ်နှံမှု ကို သူအပြောအတိုင်းသူလုပ်ခဲ့ပါ တယ်။ ၁၉၇၃ ခုနှစ်မှာတော့ သူဟာ ဝါရှင်တန်ပို့စ်ကုမ္ပဏီတွင် ဒေါ်လာ ၁၁ သန်းရင်းနှီးမြှုပ်နှံခဲ့တယ်။ နှစ် ပေါင်း ၃ဝ အကြာမှာတော့ သူရဲ့ ရင်းနှီး မြှုပ်နှံမှုတန်ဖိုးဟာ ၁.၅ ဘီလျံ ဒေါ်လာ (ဒေါ်လာ သန်း တစ်ထောင့်ငါးရာ) ဖြစ်နေပြီဖြစ် တယ်။

”မှန်ကန်သော လုပ်ရပ်၊ မှန် ကန်သော ဆုံးဖြတ်ချက်များနှင့် သင်သည် ချမ်းသာမှုကို ရယူနိုင် သည်။ မိမိဘာလုပ်မလဲ။ သေသေ ချာချာသုတေသနပြုပါ”လို့ သူမှာတာပါ။ ၂ဝဝ၈ ခုနှစ် စီးပွားရေး ကပ်မှာတော့ ဝါရင်းဘတ်ဖတ်သည် လည်း ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။ သို့သော် သူ့အခြေအနေက တော်ရုံနှင့် ယိုင်လဲမည် မဟုတ်ပါ။ အုတ်မြစ်ကောင်းသော အိမ်ဟု သူ့ကို ဥပမာပေးထားတယ်။

(၅)
ဒါပေမယ့် ဝါရင်းဟာ အိမ်ထောင်ရေးမှာ ကံမကောင်းရှာပါ။ အသက် ၄၅ အရွယ်မှာ သူ့ကို ဆူစီသောမဆင်က စွန့်ခွာသွားပါ တယ်။ ဆူစီဟာ သီချင်းဆိုတယ်။ လူသားချင်းစာနာတဲ့ အင်ဂျီအိုတွေ မှာ ဝင်လုပ်တယ်။ သူတို့နှစ် ယောက်ကွဲသွားတာတော့ မဟုတ်ဘူး။ ဝါရင်းဟာ ဆူဆီနဲ့ မကြာ ခဏသွားတွေ့ပါတယ်။ ဒါပေမယ့် သူတို့မပေါင်းဖြစ်ကြဘူး။ ၂၀၀၄ ခုနှစ်မှာတော့ ဆူစီသောမဆင် သေဆုံးသွားခဲ့တယ်။

စတော့တွေ ဘယ်လောက် နားလည်ပေမယ့် အချစ်မှာတော့ သူဆုံးရှုံးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ လက်ရှိဇနီးဖြစ်တဲ့ Astrid Menks နဲ့ လက်ထပ်ခဲ့ပါတယ်။ အမေရိကန် မှာ အချမ်းသာဆုံး ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ ဝါရင်းဘတ်ဖတ်အကြောင်းဟာ မှတ်သားစရာကောင်း ပါတယ်။ သူဟာ အမွေရလို့ ချမ်းသာတာလည်းမဟုတ်။ ထီပေါက် လို့ ချမ်းသာသည်လည်းမဟုတ်။ လောင်းကစားလည်း မလုပ်။ သန့်စင်သော စီးပွားရေးနည်း ဖြင့် ချမ်းသာလာတာသာဖြစ် တယ်။

လက်ရှိအချိန်မှာတော့ ဝါရင်းရဲ့ အသက်ဟာ ၈၉နှစ်ရှိသွားပါပြီ။ ဒီအချိန်မှာ သူ့ရဲ့ကြွယ်ဝမှုကလည်း ၈၂.၅ဘီလျံ ဖြစ်သလို ကမ္ဘာ့တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေဆဲပါ။

အိန္ဒိယ သူဌေးကြီးတစ်ဦးဟာ ဝါရင်းဘတ်ဖတ်နဲ့ နှစ်နာရီမျှအကြာ ညစာအတူစားဖို့အတွက် ဒေါ်လာ ၂.၂ သန်းပေးခဲ့တယ်။ ဝါရင်းဘတ်ဖတ်ဟာ စေတနာဝန်ထမ်း (Philanthropist) အလှူရှင်ဖြစ်တယ်။ သူဟာ ဒေါ်လာ ၃၇ ဘီလျံ (သန်းသုံးသိန်း ခုနစ်သောင်း) ကို အလှူဒါနပြုခဲ့တယ်။ သူဒါနကို Bill and Melinda Gates ပိုင်သော ဖောင်ဒေးရှင်းတွင် လှူငွေထည့်တယ်။ ဆိုလိုတာက ထိုအတွက်သူက အမည်ခံ ကမ္ပည်းမထိုးပါဘူး။

ဘာဖြစ်လို့ ဒီလို လှူတာလဲ လို့ သူ့ကိုမေးတော့ Bill Gates နဲ့ အဖွဲ့ဟာ အလှူအတန်းမှာ စနစ်တကျရှိတယ်။ ဒါကြောင့် လှူတာ ပါလို့ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူလှူဒါန်းခဲ့တဲ့ငွေကိုတွက်ကြည့်ရင် စုစုပေါင်း ဒေါ်လာ ၄၆ ဘီလျံရှိသွားပြီ။ လက်ရှိကမ္ဘာပေါ်က အလှူအတန်းနိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သူသေသွားပြီးတဲ့နောက် သူပိုင်ဆိုင်သမျှရဲ့ ၉၉%ကို လှူဒါန်းသွားမယ်လို့ ကြေငြာခဲ့ပြီးဖြစ်တယ်။ ချမ်းသာလို သူများအတွက် ဝါရင်းဘတ်ဖတ်ရဲ့ မှတ်သားစရာကောင်းတဲ့ အကြံ ပေးစကားနဲ့ နိဂုံးချုပ်ပါရစေ။

အဓိကကတော့ ရင်းနှီးမြှုပ်နှံ မှုလုပ်ချင်ရင် နားလည်အောင် ကြိုးစားဖို့ပါပဲ။ Investment must be Rational.If you don’t understand it,don’t do.it. ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆို ရင် နားလည်အောင် ကြိုးစားပါ။ နား မလည်ရင် မလုပ်ပါနဲ့တဲ့။ ဝါရင်းဘတ်ဖတ်ရဲ့ အတွေး တွေ သူရဲ့ဒဿနတွေကို အခွင့် သာခိုက် လှမ်းနှိုက်ယူပါ။

ဒေါက်တာခင်မောင်ညို

Tags: world people
Next Post
အမျိုးသမီးတွေရဲ့ အထင်ကရ တီထွင်မှု(၉)ခု

အမျိုးသမီးတွေရဲ့ အထင်ကရ တီထွင်မှု(၉)ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!