စာကြည့်တိုက်တွေကို အသိပညာ အတတ်ပညာတွေ လေ့လာသိုမှီးရာ ဗဟိုချက်မလို့ ဆိုကြလေ့ရှိပါတယ်။ ဆိုတဲ့အတိုင်းပဲ သမိုင်းတလျှောက် ယဉ်ကျေးမှုတွေ မှတ်တမ်းတွေကို ဒီစာကြည့်တိုက်တွေကနေ လေ့လာသိရှိနိုင်ကြပါတယ်။ စာရေးနည်းစနစ်စတင်ထွန်းကားလာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ကျော် ကာလကတည်းက စာကြည့်တိုက်တွေ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
တွေ့ရှိရသမျှထဲမှာ အစောဆုံး စာကြည့်တိုက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅၀၀ခန့်(ဘီစီ ၂၅၀၀-၂၂၅၀ကြား) မှာ ရှိခဲ့တဲ့ Ebla စာကြည့်တိုက်ပဲ ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ရှိခဲ့တဲ့နေရာကတော့ ဆီရီးယားနိုင်ငံ Mardikh မြို့အနီးမှာဖြစ်ပါတယ်။ အဲဒီခေတ်အခါက စာအုပ်တွေမပေါ်သေးတဲ့အတွက် စာရေးထွင်းထားတဲ့ ရွံ့စေးချပ်တွေကိုသာ စုဆောင်းထားရှိခဲ့တာဖြစ်ပါတယ်။ ဒီနေရာကတော့ အကောင်းပကတိ ရွံ့စေးစာချပ်ပေါင်း ၂၀၀၀ နဲ့ ကျိုးပဲ့နေတဲ့ရွံ့စေးပြား ၄၇၀၀ ခန့်ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ရှေးခေတ်သမိုင်းမှာ အထင်ရှားဆုံးဖြစ်ခဲ့တဲ့ စာကြည့်တိုက်ကတော့ ဘီစီ ၃ရာစုဝန်းကျင်က အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့မှာ ပေါ်ပေါက်ခဲ့တဲ့ စာကြည့်တိုက်ကြီးဖြစ်ပါတယ်။ နာမည်ကျော် မက်ဆီဒိုးနီးယားဘုရင် အလဇန္ဒားဆီရဲ့အကြံဉာဏ်ကနေစတင်ခဲ့တဲ့ ဒီစာကြည့်တိုက်ကြီးဟာ အီဂျစ် ဒုတိယတော်လမီဘုရင်လက်ထက်မှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ပေလွှာပေါင်း ၄၀၀၀၀ ကနေ ၄၀၀၀၀၀ အထိ(စာအုပ် ၁သိန်းခန့်နဲ့ညီမျှ) ရှိခဲ့တာပါ။ ဒီစာကြည့်တိုက်ကြီးဟာ အကြိမ်ကြိမ်ဖျက်စီးခံခဲ့ရပြီး အေဒီ ၅ရာစု ဝန်းကျင်မှာတော့ ပျောက်ကွယ်ခဲ့ရပါတယ်။
ဒါပေမယ့် စာကြည့်တိုက်ယဉ်ကျေးမှုကတော့ ပျောက်ကွယ်မသွားခဲ့တဲ့ နိုင်ငံတိုင်းလိုလိုမှာ စာကြည့်တိုက်တွေ တိုးချဲ့ဖွင့်လှစ်ခဲ့တာ ယနေ့အချိန်ထိတိုင်ပါပဲ။ အမေရိကန်ကွန်ဂရက်စာကြည့်တိုက်ဆိုလျင် စာအုပ်ပေါင်း ၃၈သန်းကျော် ရှိနေပြီး ၊ ဗြိတိန်စာကြည့်တိုက်ဆိုလျင်လည်း စာအုပ်ပေါင်း ၁၄သန်း ခန့်အထိ စုဆောင်းထားရှိကာ ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်ကြီးတွေဖြစ်နေပါပြီ။
ဒီဘက်ခေတ်စာကြည့်တိုက်တွေမှာတော့ စာအုပ်တွေသာမကပဲ စာစောင်/ မဂ္ဂဇင်းတွေ၊ သတင်းစာ၊ လက်ရေးစာမူတွေ၊ ရုပ်ရှင်၊ မြေပုံ၊ ပုံနှိပ်စာလုံးတွေ၊ အချက်အလက်မှတ်တမ်း၊ စီဒီ၊ ကက်ဆက်ခွေ၊ ဗီဒီယိုတိတ်ပ်၊ ဒီဗီဒီ၊ Blue-ray၊ e-book, အသံထွက်စာအုပ်၊ database နဲ့ တခြား format တွေပါ စုံစုံလင်လင်ရှိနေပြီဖြစ်ပါတယ်။ စာကြည့်တိုက်အဆောက်အအုံတွေကိုလည်း ဗိသုကာပညာတွေနဲ့ လှပခန်းနားစွာ တည်ဆောက်ခဲ့တာ ယနေ့အချိန်ထိတိုင်ပါပဲ။
ဒီတခါတော့ အီတလီ ခရီးသွား ဓာတ်ပုံဆရာ Massimo Listri ရိုက်ကူးခဲ့တဲ့ ကမ္ဘာ့အလှဆုံးစာကြည့်တိုက်တွေရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
1 Baroque Architecture Library Of Saint Gall, Gallen, Switzerland
2 Palace Of Mafra Library, Mafra, Portugal
3 Famous Trinity College Library, Dublin, Ireland
4 Metten Abbey Library, Metten, Germany
5 Library Of Fermo, Fermo, Italy
6 Royal Portuguese Cabinet Of Reading, Rio De Janeiro, Brazil
7 Wiblingen Abbey Library, Wiblingen, Germany
8 Sainte-Geneviève Public Library, Paris, France
9 Riccardian Library, Firenze, Italy
10 Seitenstetten Abbey Library, Seitenstetten, Austria
11 Library Of The Monastery Of San Francisco, Peru, South America
12 Wiblingen Abbey Library, Wiblingen, Germany
13 Strahov Monastery Library, Prague, Czech Republic
14 National Library Of St Mark’s, Venice, Italy
15 Marucelliana Library, Florence, Italy
16 Escorial Library, Madrid, Spain
17 Admont Abbey Library, Admont, Austria
18 Duchess Anna Amalia Library, Weimar, Germany
19 Saint Emmeram’s Abbey Library, Regensburg, Germany
20 Ottobeuren Abbey Library, Ottobeuren, Germany
21 Melk Abbey Library, Melk, Austria
22 State Library Oratoriana Girolami, Napoli, Italy
23 Joanina Library, Coimbra, Portugal
24 Codrington Library, Oxford, Uk
25 Palatina Library, Parma Italy
26 Library Of Duke D’aumale, Sicily, Italy
27 General Archive Of The Indies, Seville, Spain
28 Palafoxiana Library, Puebla, Mexico
29 Braidense National Library, Milan, Italy
30 Academy Of Science, Torino, Italy
31 Angelica Library, Rome, Italy
32 Vatican Apostolic Library, Vatican City
33 Palermo Public Library, Palermo, Italy
34 The Crociera Library, Rome, Italy
35 Taipei Public Library, Taipei City, Taiwan
36 Corsiniana Library, Rome, Italy
37 Casanata Library, Rome, Italy
38 Vallicelliana Library, Rome, Italy
39 Palazzo Altieri Library, Rome, Italy
40 Public Library Of Imola, Imola, Italy
41 Tianjin Library , Tianjin , China
42. Library of Congress , Washington , United States
43. British Library , London , United Kingdom
Photos : Bored Panda
Discussion about this post