ကမ္ဘာကြီးဟာ လူအပါအဝင် သက်ရှိများစွာ မှီတင်းနေထိုင်ရာနေရာတာဆိုရင် နှစ်သန်း ပေါင်းများစွာကြာမြင့်နေခဲ့ပြီဖြစ်ပြီး ဒိုင်နိုဆောလို မျိုးတုန်းပျောက်ကွယ်သွားတဲ့ သက်ရှိများစွာလည်း ရှိနေခဲ့ပါတယ်။ ဒိုင်နိုဆောတွေကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၀ခန့်ကတည်းက ကမ္ဘာပေါ်မှာရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ သန်းခန့်မှာတော့ ကမ္ဘာပေါ်ကနေ မျိုးတုံးပျောက်ကွယ်ခဲ့ပါတယ်။
ကမ္ဘာဦးသမိုင်းကို ပညာရပ်များစွာနဲ့တူးဖော် လေ ကမ္ဘာပေါ်မှာရှိခဲ့တဲ့ သက်တမ်းအရင့်ဆုံးသက်ရှိတွေရဲ့အကြောင်းကို တွဲဖက်သိရှိရ လေဖြစ်ပြီး ယင်းသက်ရှိတွေဟာလည်း ကမ္ဘာသမိုင်းမှတ်တမ်းကိုဖော်ဆောင်ရာမှာ တစိတ်တပိုင်းကနေပါဝင်နေပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းကနေ ယနေ့တိုင်ရှိနေဆဲဖြစ်တဲ့ ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး တိရစ္ဆာန် သက်ရှိ (၁၀)မျိုးရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ်။
(၁၀) Martialis Heureka
တောင်အမေရိကတိုက် အမေဇုံမိုးသစ်တောအတွင်းကရှာဖွေတွေ့ရှိခဲ့တဲ့ Martialis Heureka ဟာကမ္ဘာသက်တမ်းအရင့်ဆုံးတိရစ္ဆာန်မျိုးစိတ်တွေဖြစ်ပါတယ်။ ဒေသဆိုင်ရာ ဘာသာစကားအရတော့ Martialis ဆိုတာက ပုရွက်ဆိတ် ၊ Heureka ဆိုတာက မားဂြိုလ်ကပုရွက်ဆိတ် တစ်နည်းပြောရရင် ဂြိုလ်သားပုရွက်ဆိတ်တွေဖြစ်ပါတယ်။ နာမည်နဲ့လိုက်အောင်ပဲ Martialis Heureka ဟာကမ္ဘာပေါ်မှာရှိတဲ့ ပုရွက်ဆိတ်မျိုးစိတ် တွေနဲ့ ကွဲပြားခြားနားတဲ့ အပြုအမှုကိုပိုင်ဆိုင်ကြပြီး ယင်းပုရွက်ဆိတ်တွေဟာ ကမ္ဘာကြီး မှာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၁၂၀)လောက်ကတည်းကရှိနေခဲ့ကြတာလို့သိရပါတယ်။
မြေဆီလွှာတွေအတွင်းမှာ နေထိုင်လေ့ရှိတဲ့ Martialis Heureka ဖျော့တော့သောအ ရောင်ရှိကြကာ (3) mm အရှည်ရှိကာ မျက်စိမရှိကြပါဘူး။ ယင်းပုရွက်ဆိတ်မျိုးနွယ် တွေကိုတွေ့ရှိခြင်းကပဲ အခြားသောရှားပါးပုရွက်ဆိတ်မျိုးနွယ်စုတွေရဲ့ ဇီဝဖွဲ့စည်းပုံ များစွာကို အသေးစိတ်ဆင့်ပွားလေ့လာနိုင်ခဲ့ကြပါတယ်။
(၉) Frilled Shark
(၂၀၀၇)ခုနှစ်က ဂျပန်နိုင်ငံ၊တိုကျိုမှာရှာဖွေတွေ့ရှိခဲ့တဲ့ Frilled Shark တွေကို ရှင်သန် နေဆဲ ကျောက်ဖြစ်ရုပ်ကြွင်းငါးမန်းတွေအဖြစ် တင်စားခေါ်ဆိုကြပြီး ယင်းငါးမန်းမျိုးစိတ် တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၁၅၀)ကာလကတည်းက ကမ္ဘာပေါ်မှာရှိနေခဲ့ကြ တာဖြစ်တယ်လို့သိရပါတယ်။ Frilled Shark တစ်ကောင်ဟာ (၅)ပေလောက်ရှည်လျား ပြီး ခက်ရင်းခွသဏ္ဍန်သွား (၃၀၀)လောက်ပါရှိပါတယ်။ ယင်းငါးမန်းရဲ့ထူးခြားတဲ့အစိတ် အပိုင်းကတော့ ပါးစပ်ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ငါးမန်းမျိုးစိတ်အားလုံးထက်ပိုမိုကြီးမားတဲ့ အရွယ်အစားကိုပိုင်ဆိုင်ထားပါတယ်။
ဟိုက်ဒရိုကာဗွန်ပေါများစွာပါဝင်တဲ့အဆုတ်နဲ့ ဆီကဲ့သို့ရွှဲနေတဲ့ ခန္ဒာကိုယ်တည်ဆောက်ပုံကြောင့် Frilled Shark တွေဟာပင်လယ် သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာတွေမှာ သက်သောင့်သက်သာနဲ့နေထိုင်နိုင်ကြပြီး သူတို့ ရဲ့အမဲလိုက်စွမ်းရည်ဟာလည်း ထိပ်တန်းမှာရှိပါတယ်။ ယခုချိန်မှာတော့ Frilled Shark တွေဟာ ရှားပါးငါးမန်းမျိုးစိတ်တွေဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အဓိက အကြောင်းကတော့ သမုဒ္ဒရာအတွင်း စွန့်ပစ်ပစ္စည်းအရေအတွက်များပြားလာမှုနဲ့ သမုဒ္ဒရာရေပြင်ရဲ့ အပူချိန် ပြောင်းလဲမှုတွေကြောင့် Frilled Shark တွေဟာ ရှားပါးငါးမန်းမျိုးစိတ်တွေဖြစ်လာရ တယ်လို့သိရပါတယ်။
(၈) Horseshoe Shrimp
Horseshoe Shrimp (ပုစွန်ဆိတ်) တွေကမ္ဘာပေါ်မှာရှိခဲ့တဲ့အချိန်ဟာ ဒိုင်နိုဆောမျိုးစိတ် တွေရှိခဲ့တယ်လို့ သတ်မှတ်ထားတဲ့ကာလဖြစ်တဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၂၀၀) ကာလအချိန်ကဖြစ်တယ်လို့သိရပါတယ်။ (၂) mm ကနေ (၄) mm အထိသာအလွန် သေးငယ်တဲ့အရွယ်အစားရှိကြတဲ့ ယင်းပုစွန်ဆိတ်မျိုးနွယ်စုတွေဟာ ကမ္ဘာမြေရဲ့ နေရာဒေသမရွေး၊ရာသီဥတုမရွေးမှာရှင်သန်နေထိုင်နိုင်ကြပါတယ်။ ရေကန်တွေ အတွင်းမှာလည်း Horseshoe Shrimp တွေဟာဥတွေဥချလေ့ရှိပြီး ရေကန်တွေခမ်းခြောက်သွားခဲ့ရင်တောင် နှစ်ပေါင်း များစွာကြာတဲ့အထိ သားလောင်းတွေဟာဆက်လက်ရှင်သန်နိုင်ပါသေးတယ်။
Horseshoe Shrimp လိုထူးဆန်းတဲ့ ရေသတ္တဝါတွေကို တွေကိုပညာရှင် တွေစတင်ရှာဖွေတွေ့ရှိခဲ့ချိန်ကတော့ (၁၉၅၅)ခုနှစ်ကတည်းကဖြစ်ပြီး Horseshoe Shrimp တွေ ရဲ့ဥတွေဟာ ရေနဲ့မထိပဲနှစ်ပေါင်းများစွာထားခဲ့ရင်တောင် ဒီအတိုင်းတည်ရှိနေနိုင်ပြီး ရေနဲ့ပြန်လည်ထိတွေ့မှသာ ဥတွင်းသားလောင်းဖွံဖြိုးမှုဖြစ်စဉ်တွေကို ပြန်လည်ပြုလုပ်လေ့ရှိတဲ့ ဆန်းပြားတဲ့ဇီဝဖွဲ့စည်းပုံကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။
(၇) Sturgeon
Bony fish အုပ်စုဝင် Sturgeon ငါးတွေဟာလည်း ကမ္ဘာသက်တမ်းအရင့်ဆုံးတိရစ္ဆာန် စာရင်းမှာပါဝင်လာခဲ့ပြီး သူတို့မျိုးစိတ်တွေအစဉ်အဆက် ကမ္ဘာပေါ်မှာရှိနေခဲ့တာဆိုရင် နှစ်သန်းပေါင်း (၂၀၀)အထိကိုရှိနေပြီဖြစ်ပါတယ်။ မြောက်အမေရိကတိုက်ရဲ့အကြီးဆုံး ငါးမျိုးစိတ်ဖြစ်တဲ့ Sturgeon ဟာယူရေးရှားဒေသမှာလည်းတွေ့နိုင်ပြီး ဆောင်းကာလ ရောက်ချိန်မှာတော့ သူတို့ဟာဝေးကွာတဲ့နေရာတွေကိုခရီးဆက်လေ့ရှိပါတယ်။
Sturgeon တစ်ကောင်ဟာ (၅.၅)ပေလောက်အရွယ်ရှိပြီး ပေါင်(၂၀၀)ကနေ (၆၀၀)အ ထိအလေးချိန်စီးကြပါတယ်။ ယနေ့အချိန်မှာတော့ Sturgeon တွေဟာမျိုးတုန်းပျောက် ကွယ်လုဖြစ်တဲ့ ပင်လယ်နေသတ္တဝါစာရင်းမှာထည့်သွင်းဖော်ပြခြင်းခံနေရပြီဖြစ်ပြီး တစ်ကြိမ်တည်းနဲ့ များပြားတဲ့ငါးဥတွေကိုဥချလေ့ရှိပါတယ်။ အထူးသဖြင့် Sturgeon တွေရဲ့ ငါးဥဟာ တရားမဝင်ပင်လယ်သတ္တဝါဈေးကွတ်မှာ မျက်နှာပန်း အတော်လှတဲ့ပစ္စည်းဖြစ်တယ်ဆိုတဲ့အချက်က Sturgeon တွေရဲ့ပြန့်ပွားနှုန်းကိုအဓိက နေရာကနေ ထိုးနှက်လျှက်ရှိပါတယ်။
(၆) Coelacanth
လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၃၆၀)လောက်ကတည်းက ကမ္ဘာမြေပေါ်မှာရှိခဲ့တဲ့ Coelacanth တွေဟာ ယခုချိန်မှာဆိုရင် မျိုးတုန်းပျောက်ကွယ်တော့မယ့် အရေးနဲ့ရင်ဆိုင် နေရပါတယ်။ Coelacanth တွေကိုတော့ အုပ်စု(၂)ပိုင်းခွဲခြားလေ့လာနိုင်ပြီး အဓိက နေတဲ့နေရာကတော့ အာဖရိကနဲ့အင်ဒိုကမ်းရိုးတန်းတွေမှာဖြစ်ပါတယ်။ Coelacanth တစ်ကောင်ဟာ (၆.၅)ပေလောက်ရှည်လျားပြီး (၉၀)ကီလိုဂရမ်အထိ အလေးချိန်စီးကြကာ ပင်လယ်ရေအောက်ပေ (၂၃၀၀)လောက်မှာနေထိုင်တဲ့ ငါးကြီးမျိုး တွေဖြစ်ပါတယ်။
သက်တမ်းအားဖြင့်ဆိုရင်တော့ Coelacanth တစ်ကောင် ဟာ နှစ်(၆၀)လောက်အသက်ရှင်နေထိုင်နိုင်ပြီးလုံးဝန်းတဲ့ ရေယက်တွေကြောင့် ရေထဲမှာမြင်းတစ်ကောင်သွားသလို ရွေလျားလေ့ရှိကြပါတယ်။ Coelacanth တွေမှာ ပါရှိတဲ့ electro sensory organ တွေက သမုဒ္ဒရာအတွင်းက သားကောင်တွေကိုဖမ်း ယူနိုင်ဖို့အကူအညီပေးပါတယ်။ ထူးခြားချက်ကတော့ Coelacanth တွေဟာ သူတို့ ထက်အကောင်ကြီးမားတဲ့ သားကောင်တွေကိုဖမ်းယူစားသောက်နိုင်တာဖြစ်ပြီး ပါးစပ် တွေကိုလည်း အလိုရှိသလောက်ဖွင့်ဟလို့ရပါတယ်။
(၅) Horseshoe Crab
ကမ္ဘာမြေပေါ်မှာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၄၄၅)လောက်ကတည်ရှိနေတဲ့ မြင်းခွာပုံ ဂဏန်း ( Horseshoe Crab) တွေဟာ ကမ္ဘာအနှံ့ကသမုဒ္ဒရာကမ်းဦးရေတိမ်ပိုင်းတွေ မှာနေထိုင်လေ့ရှိကြပါတယ်။ Horseshoe Crab တွေဟာ အပြင်ပိုင်းအရိုးဖွဲ့စည်းပုံရှိကြ ပြီး ရှည်လျားပြီးအရပ်မျက်နှာတိုင်းကိုလည်ပတ်လို့ရတဲ့ အမြီးကိုပိုင်ဆိုင်ထားပါတယ်။ မြန်မာမှာတော့ ဒီအကောင်တွေကို ဗီလားကောင်လို့ ခေါ်ကြပြီး မြိတ်ဘက်မှာတော့ အလွန်ပေါများစွာ တွေ့ရလေ့ရှိပါတယ်။
Horseshoe Crab တွေဟာ စုစုပေါင်းမျက်လုံး(၉)လုံးလောက်ရှိကြပြီး အဓိကအသုံးပြုတာကတော့ ကြီးမားတဲ့ မျက်စိ (၂)လုံးဖြစ်ပါတယ်။ အခြားမျက်စိတွေကတော့ အလင်းကိုဖမ်းယူပြီး Horseshoe Crab ရဲ့လှုပ်ရှားမှုကိုထိန်းချုပ်ပါတယ်။ ထူးခြားချက်ကတော့ Horseshoe Crabတွေဟာ Ultra Violet rays (ခရမ်းလွန်ရောင်ခြည်တန်းတွေ)ကို မြင်နိုင်တာဖြစ်ပါတယ်။
(၄) Nautilus
ပင်လယ်ခရုမျိုးစိတ်ဖြစ်တဲ့ Nautilus တွေဟာလည်း ကမ္ဘာပေါ်မှာရှင်သန်ဆဲဖြစ်တဲ့ သက်တမ်းအရင့်ဆုံး တိရစ္ဆာန်မျိုးစိတ်စာရင်းမှာပါဝင်နေပြီးလွန်ခဲ့တဲ့နှစ်သန်းပေါင်း (၅၀၀) လောက်ကတည်းကရှိနေခဲ့တာလို့သိရပါတယ်။ သူတို့ဟာ ဒိုင်နိုဆောတွေ မရှိခင်ကာလကတည်းက ကမ္ဘာပေါ်မှာရှိနေခဲ့တာဖြစ်ပြီးယင်းကာလက ကမ္ဘာမှာရှိနေ ခဲ့ တဲ့ခရုမျိုးစိတ်တွေဆိုလို့ Nautilus တွေသာရှိနေခဲ့တာဖြစ်ပါတယ်။
Nautilus တွေကို တော့ေ Andaman၊ Fiji နဲ့ Great Barrier Reef တွေမှာအများဆုံးတွေ့ရသလို ပင်လယ် သမုဒ္ဒရာအနက် (၂၂၀၀)ပေလောက်မှာလည်းတွေ့ရှိရတယ်လို့သိရပါတယ်။ Nautilus တွေရဲ့ခန္ဓာကိုယ်အတွင်းမှာ အခန်းများစွာရှိနေပြီး ပါးစပ်ဝန်းကျင်မှာတော့ ရေ ဘဝဲများလို လက်တံပေါင်း (၁၀၀)လောက်တည်ရှိနေပါတယ်။ ယင်းလက်တံတွေကို အသုံးပြုပြီး Nautilus တွေဟာ သားကောင်ငယ်တွေကို ဖမ်းယူစားသောက်လေ့ရှိကြ ပါတယ်။
(၃) Jellyfish
ထီးပုံသဏ္ဍာန်ဦးခေါင်းနဲ့ Jellyfish တွေကိုတော့ ကမ္ဘာပင်လယ်ကမ်းရိုးတန်းအားလုံးနီးပါ မှာတွေ့ဖူးကြပါလိမ့်မယ်။ တစ်ကယ်တော့ Jellyfish တွေဟာကမ္ဘာသက်တမ်းအရင့် ဆုံးတိရစ္ဆာန်မျိုးစိတ်ဝင်တွေဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၅၅၀)လောက်ကတည်း ကမြေကမ္ဘာမှာတည်ရှိနေကြတာဖြစ်ပါတယ်။
သူတို့ဟာ သီးနှောက်ဖွဲ့စည်းပုံမပါရှိတဲ့ သတ္တဝါတွေဖြစ်ကြပြီး တည်ရှိရာနေရာနဲ့ မျိုးစိတ်ကိုလိုက်ပြီး ပုံသဏ္ဍာန်မျိုးစုံ၊အရောင် မျိုစုံရှိကြပါတယ်။ Jellyfish တွေရဲ့လက်တံတွေအတွင်းမှာဆိုရင် ဆဲလ်ပေါင်း (၅၀၀၀) လောက်တည်ရှိနေပြီး မျိုးစိတ်ရဲ့ (၉၀)ရာခိုင်နှုန်းလောက်ကတော့ ရေထဲမှာနေထိုင်ကြ တာဖြစ်ပါတယ်။
(၂) Sponge
ပင်လယ်ရေအောက်မှာနေထိုင်တဲ့ Sponge (ရေမြှုပ်ကောင်)တွေဟာဆိုရင် အပင်နဲပုံချင်းတူညီပြီး ပင်လယ်သမုဒ္ဒရာရေပြင်အောက်မှာ သူတို့တွေတည်ရှိခဲ့တဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း (၅၈၀)လောက်ကိုရှိနေခဲ့ပါပြီ။ ကမ္ဘာပေါ်မှာဆိုရင် Sponge မျိုးစိတ်ပေါင်းဟာ (၅၀၀၀)လောက်ရှိပြီးအတွင်းပိုင်းအဂါၤအစိတ်အပိုင်းတွေ၊ ခြေ၊လက်တွေကိုလည်း ပိုင်ဆိုင်ထားခြင်းမရှိတဲ့ သက်ရှိတွေဖြစ်ပါတယ်။
ထူးခြားချက် ကတော့ Sponge တွေဟာဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို အသစ်ပြန် လည်ဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်။ Sponge ရဲ့ခန္ဓာကိုယ်မှာ မြောင်းငယ်များစွာပါရှိပြီး ယင်းနေရာတွေဟာ များစွာသောရေအောက်နေသတ္တဝါနဲ့အပင်ငယ်လေးတွေအတွက် အလုံခြုံဆုံး ခိုအောင်းရာနေရာအဖြစ် တည်ရှိလို့နေပါတယ်။
(၁) Cyanobacteria
ကမ္ဘာပေါ်မှာလက်ရှိအချိန်ထိ ရှင်သန်နေဆဲ သက်ရှိတွေမှာတော့ သက်တမ်းအရင့်ဆုံးသက်ရှိကတော့ စိမ်းပြာရေညှိ (Cyanobacteria) တွေဖြစ်ပါတယ်။ စိမ်းပြာရေညှိ(Cyanobacteria) တွေဟာလူခန္ဓာကိုယ်၊ကျန်းမာရေးအတွက်လိုအပ်တဲ့ အဟာရဓာတ်များစွာပါဝင်နေပါတယ်။ သူတို့ဟာ အပင်တွေလိုပဲ နေရောင်ခြည်ကနေ အစာချက်လုပ်နိုင်ပြီး ရေချို၊ရေငန်(၂)ခုစလုံးမှာပေါက်ဖွားနိုင်ကြပါတယ်။
စိမ်းပြာရေညှိ(Cyanobacteria) တွေဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်း (၂.၈)ဘီလီလျံ လောက်ကတည်းက ကမ္ဘာပေါ်မှာရှိနေခဲ့တာလို့သိရပြီး သူတို့ဟာ photosynthesis နည်းနဲ့ အစာချက်လုပ်ခြင်းကနေ ကမ္ဘာကြီးအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကိုထုတ်ပေးပါတယ်။ ကမ္ဘာလေထုအတွင်း အောက်ဆီဂျင်ကိုထုတ်လုပ်ပေးနိုင်တဲ့ စိမ်းပြာရေညှိ(Cyanobacteria) တွေကို green-clue-bacteria တွေလို့လည်းခေါ်ဆို ပါသေးတယ်။
Discussion about this post