Wednesday, February 24, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူ့သက်တမ်းအရှည်ဆုံး ၁၀ နိုင်ငံ အကြောင်း

by Thutamm
November 24, 2020
Reading Time: 3min read
0
လူ့သက်တမ်းအရှည်ဆုံး ၁၀ နိုင်ငံ အကြောင်း
Share on FacebookShare on Twitter

လူသားတစ်ယောက်အတွက် အကြီးမားဆုံးသောဆုလာဒ်ကတော့ အသက်ရှည်ကျန်းမာစွာနေထိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုနေထိုင်နိုင်ဖို့ဆိုတာကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ သန့်ရှင်းတဲ့ဝန်းကျင်ရှိရမှာဖြစ်သလို ပြည့်ဝတဲ့အဟာရ၊ လျော်ကန်တဲ့အားကစားလိုက် စားမှုတွေအပြင် သက်ဆိုင်ရာနိုင်ငံရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းတွေကလည်း အရေးပါတဲ့နေရာကနေပါဝင်ပါတယ်။

မျက်မှောက်ခေတ်မှာတော့ အထက်ပါအခွင့်အရေးတွေရဖို့ဆိုတာကလည်း နောက်ခံ အသိုင်းအဝိုင်း၊ငွေကြေးပြည့်စုံဖို့လိုအပ်လာတာကြောင့် ကမ္ဘာသူ/သားအားလုံး ရယူနိုင် ဖို့တော့မလွယ်ပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ၂၀၁၈ခုနှစ် ယူအန်ဒီပီ ရဲ့စာရင်းအရ ကမ္ဘာပေါ်မှာလူ့သက်တမ်း အရှည်ဆုံးနိုင်ငံ(၁၀)နိုင်ငံအကြောင်းပဲဖြစ်ပါတယ်။

၉။ တောင်ကိုရီးယား (၈၂.၈နှစ်)

တောင်ကိုရီးယားနိုင်ငံကတော့ အရှေ့အာရှမှာတည်ရှိပြီး နည်းပညာအလွန်တိုးတက်သလို သဘာဝတရားကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကလည်း အထူးကောင်းမွန်ပါတယ်။ တောင်ကိုရီးယားရဲ့ အစားအစာအများစုဟာ ကယ်လိုရီနည်းပါးသလို နိုင်ငံသားအများစုဟာလည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရတာကို ဝါသနာပါကြပြီး ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်အရွယ်အစားထက် ပိုများနေသူဟာ တောင်ကိုရီးယားမှာ ၃% ပဲ ရှိတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပျမ်းမျှအသက်ကတော့ ၈၂.၈ နှစ် ဖြစ်ပါတယ်။

၉ ။ အစ္စရေး (၈၂.၈နှစ်)

တောင်ကိုရီးယားနဲ့ အတူ အဆင့် ၉ မှာ ရှိနေတာကတော့ ဂျူးလူမျိုးတွေနေတဲ့နိုင်ငံလို့ သိကြတဲ့ အစ္စရေးနိုင်ငံ ဖြစ်ပါတယ်။ အစ္စရေးတွေရဲ့ အဓိက ကျန်းမာခြင်းအချက်ကတော့ အစားအသောက်လို့ ဆိုရမှာပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ၊ အသား ငါးတွေကိုသာ စားကြပြီး အစ္စရေးရဲ့ Israeli Salad ဆိုရင်လည်း အားလုံးနီးပါး နှစ်သက်စွာ စားသုံးကြပါတယ်။ လူဦးရေ ၉သန်းဝန်းကျင်ရှိတဲ့ အစ္စရေးနိုင်ငံသားတွေဟာ နှစ်စဉ် ဟင်းသီးဟင်းရွက် နဲ့ သစ်သီး ၁၅၀ ကီလိုဂရမ်ထက်မနည်း စားသုံးလေ့ရှိတယ်လို့ သိရပါတယ်။

၈။ အိုက်စလန် (၈၂.၉နှစ်)

ပညာရေး ၊ စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ အခြားဥရောပနိုင်ငံတွေနဲ့အတူ ထိပ်ပိုင်းမှာ ရပ်တည်လျက်ရှိတဲ့ အိုက်စလန် ကျွန်းနိုင်ငံငယ်လေးဟာ ဒီစာရင်းမှာလည်း ကျန်မနေခဲ့ပါဘူး။ ဥရောပက အိုက်စလန်နိုင်ငံဟာ လူဦးရေနည်းပါးတဲ့အတွက် စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုနည်းပါးတယ်။ အကျိုးဆက်ကတော့ အိုက်စလန်မှာ ခြင်မရှိပါဘူးတဲ့။ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုအလွန်နည်းတာကြောင့် သန့်ရှင်းတဲ့လေထုကိုပိုင်ဆိုင်ထားပြီး နိုင်ငံရဲ့နေရာအတော်များများဟာ သစ်တောတွေ နဲ့ဖုံးအုပ်ထားပါတယ်။

အဟာရပြည့်ဝတဲ့စားသောက်ပုံကိုဇယားနဲ့တစ်ကွ စားသောက်တဲ့ မိသားစုစာရင်းဟာ အိုက်စလန်မှာအလေ့အထလိုတောင်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပြီး လတ်ဆတ်တဲ့ ပင်လယ်စာအပါအဝင် ဓာတုနည်းနဲ့ကင်းဝေးတဲ့ အခြေခံစားသောက်ကုန်တွေ ကြောင့်လည်း အိုက်စလန်ကျွန်းသူ ကျွန်းသားတွေဟာအသက်ရှည်ရှည်နေနိုင်ကြပါတယ်။ ကမ္ဘာအကြွယ်ဝ ဆုံးနိုင်ငံတွေအနက်ကတစ်ခုဖြစ်တာကြောင့် ပညာရေးနဲ့ကျန်းမာရေးကဏ္ဍကတော့ အထူးတလည်ညွှန်းဆိုစရာမလိုဘူးထင်ပါတယ်။ နှစ်စဉ်ကောက်ယူတဲ့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးသော နိုင်ငံစာရင်းမှာ အိုက်စလန်ဟာအမြဲလိုလိုပါဝင်နေတာကိုတွေ့ရ မှာဖြစ်ပြီး နိုင်ငံသားတိုင်းရဲ့ ပျှမ်းမျှသက်တမ်းကတော့ (၈၂.၉)နှစ်အထက်ဖြစ်ပါတယ်။

၇။ သြစတြေးလျ (၈၃.၃နှစ်)

ကမ္ဘာ့အကောင်းမွန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေရှိတဲ့ သြစတြေးလျနိုင်ငံကတော့ ကမ္ဘာပေါ်က လူ့သက်တမ်းအရှည်ဆုံး နိုင်ငံတွေစာရင်းမှာ နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄-၅ ခုက သြစတြေးလျနိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ် ၇၀ ဝန်းကျင်ပဲ ရှိခဲ့ရာကနေ တနှစ်ထက်တနှစ် ပိုမိုတိုးတက်လာခဲ့ပြီး ဒီဘက် ဆယ်စုနှစ်တွေမှာတော့ ပျမ်းမျှသက်တမ်းဟာ အနှစ် ၈၀ ကျော်သွားပြီဖြစ်ပါတယ်။ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားတာအပြင် သြစတြေးလျအစိုးရဟာလည်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် နိုင်ငံဝင်ငွေ စုစုပေါင်းရဲ့ ၁၀% နီးပါးကို သုံးစွဲပေးထားတာကလည်း သြစတြေးလျနိုင်ငံသားတွေ ကျန်းမာစေတဲ့ အချက်တချက်ဖြစ်ပါတယ်။

၅။ ဆွစ်ဇာလန် (၈၃.၄နှစ်)

ဥရောပမှာ ရှိတဲ့ ဆွစ်ဇာလန်နိုင်ငံဟာ သာယာအေးချမ်းပြီး ချမ်းသာတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ်ထင်ရှားပါတယ်။ သန့်ရှင်းတဲ့လေထု၊ရောဂါပိုးကင်းစင်တဲ့သောက်ရေ၊ မြင့်မားတဲ့လူနေမှုစနစ်တွေဟာ ဆွစ်လူမျိုးတွေ အသက်ရှည်ရခြင်းရဲ့လျို့ဝှက်ချက်ဖြစ်ပါတယ်။

နိုင်ငံရဲ့ စား သောက်ကုန်တွေကိုအမြဲတစ်စေကြီးကြပ်တဲ့ Mobile team အဖွဲ့များစွာရှိနေသလို အစိုးရရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဟာလည်း အပျံစားဖြစ်တာကြောင့် အသက် ရှည်ဆုံး၊အကြွယ်ဝဆုံးစတဲ့ ကောင်းမွန်တဲ့ကမာ့္ဘစံနှုန်းထား သတ်မှတ်ချက်တိုင်းမှာ ဆွစ်ဇာလန်ကို ချန်ခဲ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဆွစ်ဇာလန်နိုင်ငံရဲ့ ပျှမ်းမျှလူသက်တမ်းက တော့ (၈၃.၄)နှစ်ဖြစ်ပါတယ်။

၅။ စပိန် (၈၃.၄နှစ်)

စပိန်နိုင်ငံသားတွေအသက်ရှည်တဲ့ အကြောင်းတချက်ကတော့ နိုင်ငံသားအများစုဟာ Mediterranean Diet လို့ခေါ်တဲ့ အစားအစာ စားသုံးမှုပုံစံပေါ်မှာ အခြေခံကာ စနစ်တကျ စားသုံးကြလို့ ဖြစ်ပါတယ်။ အသီးအရွက် နဲ့ သစ်ဥသစ်ဖုများများ ၊ ငါး နဲ့ ပင်လယ်စာများများ ၊ အသား နဲ့ နို့ထွက်ပစ္စည်းတွေကိုလျော့ပြီး အခြား ကယ်လိုရီတက်ကာ ဝစေမယ့် အစားအစာတွေကို လျော့စားကြလေ့ရှိပါတယ်။ ဒါကြောင့်လည်း စပိန်မှာ အဝလွန်သူတွေ နဲ့ နှလုံးရောဂါ ဖြစ်သူတွေ နည်းတယ်လို့ သိရပါတယ်။ ဥရောပက ချမ်းသာတဲ့နိုင်ငံတနိုင်ငံ ဖြစ်တာနဲ့ အညီ စပိန်အစိုးရဟာလည်း ပြည်သူတွေကို ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါတယ်။

၄။ အီတလီ (၈၃.၆နှစ်)

တချိန်က ရောမနိုင်ငံအဖြစ် သမိုင်းတလျှောက် အစဉ်အလာကြီးမားခဲ့တဲ့ အီတလီနိုင်ငံဟာလည်း နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်နေတဲ့ အသက်အရှည်ဆုံးစာရင်းမှာ အမြဲပါဝင်နေလေ့ရှိပါတယ်။ ၁၉၇၈ ခုနှစ်ကတည်းက ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစနစ်ဖြစ်ခဲ့တဲ့ အီတလီဟာ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာ နိုင်ငံဝင်ငွေစုစုပေါင်းရဲ့ ၉% ကျော် ကို သုံးစွဲထားပါတယ်။ သန့်ရှင်းတဲ့ရေ နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ပေါများစွာ ရရှိစားသုံးနိုင်တာကလည်း အီတလီလူမျိုးတွေကို အသက်ရှည်ကျန်းမာနေစေပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ စပိန်လူမျိုးတွေလိုပဲ အီတလီတွေဟာလည်း Mediterranean Diet အစားအစာပုံစံ စနစ်ပေါ်မှာ အခြေခံကာ စားသုံးလေ့ရှိကြပါတယ်။

၃။ စင်ကာပူ (၈၃.၈နှစ်)

စီးပွားရေး ၊ ပညာရေး ၊ လူနေမှုစနစ်တို့မှာ အမြဲကမ္ဘာ့ထိပ်ဆုံးနေရာတွေမှာ ရပ်တည်နေလေ့ရှိတဲ့ အရှေ့တောင်အာရှကျွန်းနိုင်ငံလေး စင်ကာပူဟာ ဒီစာရင်းမှာလည်း ထိပ်ပိုင်းနေရာမှာပဲ ရပ်တည်နေပြန်ပါတယ်။ စင်ကာပူနိုင်ငံဟာ လျှင်မြန်စွာဖွံဖြိုးလာတဲ့ စီးပွားရေးနည်းတူ နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍကိုလည်း တစ်ပြေးညီ တိုးတက်မှုရှိအောင်လုပ်ဆောင်နိုင်တယ်လို့ဆိုရပါမယ်။

နိုင်ငံသားတိုင်းအတွက် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သလို တစ်ဖက်ကလည်း သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်နေခဲ့ရာ အကျိုးရလဒ်ကတော့ စင်ကာပူဟာ ကမ္ဘာနေချင်စဖွယ်အကောင်းဆုံးမြို့တော်စာရင်းမှာ အမြဲလိုလိုကိုပါဝင် နေခဲ့တာဖြစ်ပါတယ်။ ဒါအပြင်အခြားသိမှတ်စရာတစ်ခုကတော့ စင်ကာပူဟာ ဂျပန်၊ ကိုရီးယား စတဲ့ထိပ်သီးနိုင်ငံတွေကို ကျော်ဖြတ်ပြီး အာရှရဲ့ အသန့်ရှင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံသားတွေရဲ့ ပျမ်းမျှ လူ့သက်တမ်းကတော့ (၈၃.၈နှစ်) ဖြစ်ပါတယ်။

၂။ ဂျပန် (၈၄.၅ နှစ်)

အသက်ရှည်ဆုံးနဲ့ ပတ်သတ်လို့ ဘယ်သူတွေ ဘယ်လိုပဲ စာရင်းထုတ်ထုတ် အဆင့် ၃ အတွင်းအမြဲဝင်နေတာကတော့ ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ အာရှရဲ့စီးပွားရေးအတိုးတက်ဆုံးနိုင်ငံဖြစ်သလို ကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံး နိုင်ငံစာရင်းမှာလည်း ဂျပန်ဟာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ အသက် ၁၀၀ ကျော်တဲ့သူပေါင်း ၈၀၀၀၀ ဝန်းကျင်ရှိတဲ့ တခုတည်းသော နိုင်ငံလည်းဖြစ်ပါတယ်။

နူးညံ့သိမ်မွေ့နေတဲ့ရိုးရာဓလေ့ဟန်ပန်၊ နည်းစနစ်ကျနတဲ့ လူစွမ်းအားအရင်းအမြစ်ပျိုးထောင်မှု စီမံကိန်းတွေပိုင်ဆိုင်တဲ့ ဂျပန်နိုင်ငံဟာကမ္ဘာပေါ်မှာလူသက်တမ်းအရှည်ဆုံး နိုင်ငံအဖြစ်ရပ်တည်ခဲ့တာ အတော်ကြာနေပါပြီ။ ဂျပန်လူမျိုးတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ (၈၄.၅)နှစ်အထိရှိတယ်။

၁။ ဟောင်ကောင် (၈၄.၇နှစ်)

ဟောင်ကောင်ကတော့ တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်ပေမယ့် သီးခြားနိုင်ငံတစ်ခုသဖွယ်ရပ်တည်နေတဲ့ ဒေသဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင် ၄၂၈ သာကျယ်ဝန်းပေမယ့် ဟောင်ကောင်မှာနေထိုင်သူဦးရေက ၇သန်းကျော်တောင်ရှိပြီး ၁စတုရန်းမိုင်မှာ ၁၇၅၅၂ယောက် နှုန်းနဲ့ နေထိုင်ပါတယ်။

လူဦးရေထူထပ်သိပ်သည်းမှု၊စွန့်ပစ်ပစ္စည်းများစွာထုတ်လုပ်မှု၊ နိုင်ငံတွင်း ညစ်ညမ်း ဧရိယာများစွာရှိနေမှုကြားကပဲ ဟောင်ကောင်အစိုးရဟာ သူနိုင်ငံသားတွေကို ကမ္ဘာ အသက်ရှည်ဆုံးဆိုတဲ့ စာရင်းထဲပါနိုင်အောင် စီမံနိုင်ခဲ့ပါတယ်။ အခြေခံအချက်ကတော့ ဟောင်ကောင်ဟာ အခြေခံပြည်သူကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာအကုန်အကျခံ ရင်းနှီးခဲ့တဲ့ အကျိုးကျေးဇူးဖြစ်ပါ တယ်။ ဟောင်ကောင်သားတစ်ဦးချင်းရဲ့ ပျှမ်းမျှသက်တမ်းကတော့ (၈၄.၇)နှစ်ဖြစ်ပါတယ်။

ယူအန်နီပီ ရဲ့ ၂၀၁၈ ခုနှစ်က ထုတ်တဲ့ ဒီစာရင်းမှာ နိုင်ငံတွေ နဲ့ အုပ်ချုပ်ခွင့်ရဒေသ စုစုပေါင်း ၁၈၅ ခုပါဝင်နေပြီး လူ့သက်တမ်းအတိုဆုံးနိုင်ငံတွေ အဖြစ်စာရင်း ဇယားရဲ့အောက်ဆုံးမှာ ရပ်တည်နေတဲ့နိုင်ငံကတော့ အလယ်အာဖရိက သမ္မတ နိုင်ငံ ဖြစ်ပြီး ဒီနိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၅၂.၈ နှစ် ပဲ ရှိပါတယ်။ သူများနိုင်ငံတွေရဲ့ သက်တမ်းကို ဖတ်ပြီးပြီ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်းကိုလည်း သိချင်ကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံကတော့ ဒီစာရင်းရဲ့ နံပါတ် ၁၄၀ နေရာမှာ ရပ်တည်နေပြီး မြန်မာနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းကတော့ ၆၆.၉ နှစ် ဖြစ်ပါတယ်။

Ref: List of countries by life expectancy (UNDP 2018)

Tags: countriesworld knowledge
Next Post
ဗြဟ္မပုတ္တရမြစ် အကြောင်း သိကောင်းစရာ

ဗြဟ္မပုတ္တရမြစ် အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!