ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးမြို့လို့ ဆိုလိုက်ရင် ဖိလစ်ပိုင်နိုင်ငံက မနီလာမြို့လို့ ဆိုရပါမယ်။ မနီလာမြို့ဟာ လူဦးရေ ၁.၈ သန်းခန့်နေထိုင်ပြီး သိပ်သည်းဆကတော့ ၁စတုရန်းကီလိုမီတာမှာ လူဦးရေ ၄သောင်းကျော် နေထိုင်ပါတယ်။ ဒါပေမယ့် အဲဒီ မနီလာမြို့ထက် အဆပေါင်းများစွာ လူဦးရေ ထူထပ်တဲ့ နေရာတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ဟောင်ကောင်က တံတိုင်းမြို့ပါ။
ဟောင်ကောင်က Kowloon မြို့ထဲမှာမှ Kowloon တံတိုင်းမြို့(Kowloon Walled City) လို့ခေါ်တဲ့နေရာဖြစ်ပါတယ်။ ဒီနေရာဟာ ၆.၄ဧက သာကျယ်ဝန်းတဲ့မြေပေါ်မှာ တည်ရှိတာဖြစ်ပေမယ့် လူပေါင်း ၅သောင်းခန့်ဟာ ဒီနေရာမှာ နေထိုင်ခဲ့ကြပါတယ်။ တချိန်ကတော့ ဒီနေရာဟာ တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာခံတပ်တစ်ခုဖြစ်ခဲ့ပြီး ၁၈၉၈ခုနှစ်ဝန်းကျင်မှာတော့ လူတွေစတင်အခြေချနေထိုင်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဟောင်ကောင်ဟာ ဂျပန်တွေရဲ့လက်အောက်ကို ကျရောက်ပြီးချိန်ကစလို့ ဒီနေရာလူဦးရေဟာ အဆမတန် တိုးပွားလာခဲ့ပြီးတဲ့နောက် ၁၉၉၀ ခုနှစ်ဝန်းကျင်မှာတော့ လူဦးရေ ၅သောင်း အထိ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ အမေရိကန်နယူးယောက်က လူဦးရေထက် အဆပေါင်း ၁၂၀ နီးပါး လူဦးရေ ထူထပ်တာ ဖြစ်ပါတယ်။ ၁စတုရန်းမိုင်မှာ လူဦးရေ ၃.၂၅သန်း နှုန်းနဲ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
တရုတ်ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တွေဟာလည်း ဒီနေရာကို ရောက်လာခဲ့ပြီး တဲအိမ်များဆောက်လုပ်နေထိုင်ခဲ့ကြပါတယ်။ ၁၉၅၀ ခုနှစ်မီးလောင်မှုမှာတော့ တဲအိမ်ပေါင်း ၂၅၀၀ ခန့်ဟာ မီးထဲကိုပါသွားခဲ့ပြီးနောက် ဒီနေရာမှာ မီးဒါဏ်ကို ကာကွယ်တဲ့အနေနဲ့ တိုက်တွေကို စတင်ဆောက်လုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။
Kowloon မြို့ထဲမှာရှိပေမယ့် ဒီနေရာဟာ သီးခြားမြို့ငယ်လေးတစ်ခု သဖွယ်ဖြစ်ခဲ့ပါတယ်။ မြို့နေထိုင်သူတွေဟာ တိုက်အဟောင်းတွေကို ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီမယူပဲ ကိုယ့်ဘာသာကိုယ် ဖြစ်သလို အထပ်တွေမြှင့်တင်ခဲ့ကြတယ်။ ၁၂ထပ်မြင့်တဲ့ အဆောက်အအုံပေါင်း ၃၀၀လောက်ဟာ ဒီနေရာတစ်ခုထဲမှာ ပြွတ်သိပ်ကျပ်တည်ရှိနေပြီး မြို့တစ်မြို့မှာရှိတဲ့အရာတွေအားလုံး ဒီတစ်နေရာမှာ ရှိလာခဲ့ပါတယ်။
၁၂ထက် အထိရှိရတာကလည်း အစိုးရက ၁၃ထပ်(သို့) ၁၄ထပ် အထိမဆောက်ဖို့ တင်းတင်းကြပ်ကြပ်သတိပေးထားလို့ဖြစ်ပါတယ်။ အကြောင်းကတော့ Kai Tak လေဆိပ်က လေယာဉ်တွေ အဆင်းအတက်လုပ်တဲ့အခါ အဆောက်အအုံတွေနဲ့ ပွတ်တိုက်မိတာမျိုး မဖြစ်အောင်လို့ပါတဲ့။ ရေအတွက်ကတော့ ပိုက်လိုင်း ၈ ခုနဲ့ အစိုးရက ပေးထားပေမယ့် ကိုယ့်ဟာကိုယ်တူးထားတဲ့ အဝီစိတွင်းတွေကလည်း ၈၀ နီးပါးလောက်ရှိနေပါတယ်။
ဈေးဆိုင်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကျောင်းတွေ ၊ အလှပြင်ဆိုင်တွေ၊ ဆေးခန်းတွေ စတာတွေပါ စုံစုံလင်လင်ရှိလာခဲ့ပြီး ဒီနေရာက လူတွေဟာ ဒီအမိုးအောက်မှာပဲ သီးခြားနေထိုင်ခဲ့ကြပါတယ်။ ဆိုးတာကတော့ မနက်ဘက်က ဈေးဆိုင်တွေဟာ ညဘက်မှာ အရက်ဆိုင်တွေ ၊ လောင်းကစားရုံတွေ ၊ ပြည့်တန်ဆာ အိမ်တွေဖြစ်သွားတာပါ။ ဒုစရိုက်ဂိုဏ်းပေါင်းများစွာရဲ့ စတည်းချတဲ့နေရာလည်းဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ နာမည်ကြီး ဒုစရိုက်ဂိုဏ်းတွေဖြစ်တဲ့ 14K နဲ့ Sun Yee On အဖွဲ့တွေရဲ့နေရာလည်းဖြစ်ပါတယ်။
ဒီနေရာဟာ အစိုးရရဲ့အုပ်ချုပ်မှုကင်းမဲ့တဲ့နေရာလို့ ဆိုရမှာ ဖြစ်ပြီး သူ့အရပ်နဲ့သူ့စည်းမျဉ်းနဲ့ အဆင်ပြေသလိုသာ လည်ပတ်ခဲ့ပါတယ်။ အမှုအခင်းအလွန်ထူပြောပေမယ့် တော်ရုံမူခင်းကိုတော့ ဒီနေရာရဲ့အုပ်ချုပ်သူတွေက သူတို့ဟာသူတို့ ဖြေရှင်းခဲ့ပြီး လူသတ်မှုလို အမှုကြီးတွေမှသာ အစိုးရရဲ့ အကူအညီကို ယူပါတယ်။ မူးယစ်ဆေးလည်း အလွန်ပေါတဲ့နေရာဖြစ်ပြီး ဒီနေရာမှာနေထိုင်တဲ့ အရွယ်ရောက်ပြီးသူများသာမက ငယ်ရွယ်သူတချို့ပါ မူးယစ်ဆေးသုံးစွဲတဲ့သူတွေ ဖြစ်ကုန်ပါတယ်။
ဒီအထဲမှာနေတဲ့သူအများစုဟာ နေအလင်းရောင်မရလောက်အောင်ကို ထူထဲပိတ်ညပ်နေတဲ့ အထဲမှာပဲ နေထိုင်ကြပါတယ်။ နေအလင်းရောင်ရတဲ့နေရာဆိုလို့ တိုက်ခေါင်မိုးတွေသာ ရှိပြီး ဒီခေါင်မိုးပေါ်တွေဟာ ကလေးတွေရဲ့ အဓိက ကစားကွင်းလည်းဖြစ်ပါတယ်။ ဒီနေရာမှာ နေထိုင်တဲ့သူတွေဟာ အပြင်ဘက်ကို မထွက်တဲ့အဓိက အကြောင်းအရင်းကတော့ သူတို့ဘဝနေ့စဉ်ဖြတ်သန်းလုပ်ကိုင်ဖို့ လိုအပ်တဲ့အရာအားလုံးဟာ ဒီအမိုးအောက်မှာပဲ ပြည့်စုံစွာရှိနေလို့ ဖြစ်ပါတယ်။
ဒီနေရာမှာ နေထိုင်သူတွေဟာ သူတို့နေရာကို အလွန်ချစ်ပြီး ဒုစရိုက်မှုခင်းတွေထဲမှာ နေရပေမယ့် စွန့်ခွာမသွားကြပဲ ပျော်မွေ့နေကြပါတယ်။ ဖြစ်ပွားတဲ့မှုခင်းတွေဟာလည်း ဒုစရိုက်သမားတွေကြောင့်သာ ဖြစ်ပြီး ဒီမြို့မှာနေထိုင်သူတွေဟာ အမှုအခင်းတွေနဲ့ ပတ်သတ်ခြင်းမရှိပဲ အချင်းချင်း ရင်းရင်းနှီးနှီးနဲ့ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
မှောင်ခိုလူမိုက်ဂိုဏ်းတွေကြောင့် ဒုစရိုက်မှုတွေ တဖြည်းဖြည်းပိုမိုများပြားလာတဲ့ ဒီနေရာကို ၁၉၆၀ ဝန်းကျင်ကစလို့ အစိုးရက ဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ၁၉၈၇ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ဒီနေရာတစ်ခုလုံးကို ဖြိုချပစ်တော့မယ်လို့ အစိုးရက ကြေငြာခဲ့ပါတယ်။ မတ်လမှာတော့ ဒီနေရာကို ဖြိုချပြီး ပန်းခြံအဖြစ်ပြောင်းလဲပစ်မှာ ဖြစ်တာကြောင့် ဒီနေရာမှာ နေထိုင်သူတွေကို အခြားကိုရွှေ့ပြောင်းပေးကြဖို့ ထပ်မံကြေငြာခဲ့ပါတယ်။
ဒါပေမယ့် နေထိုင်သူတွေကတော့ ဆက်လက်နေထိုင်မြဲဖြစ်ပြီး အတင်းအကျပ်ဖိအားပေး ထွက်ခွာခိုင်းတာတောင် စွန့်ခွာမပေးတဲ့ သူတွေရှိခဲ့ပြီး ၁၉၉၂ခုနှစ်လောက်မှ ဒီနေရာကို စွန့်ခွာသွားခဲ့ကြပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ လူသူမရှိတော့တဲ့ ဒီနေရာကို မင်းသား ဂျက်ကီချမ်းရဲ့ ရုပ်ရှင်မှာ အဓိကနေရာအဖြစ် ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။
စွန့်ခွာသွားတဲ့သူတွေအတွက် တခြားနေရာမှာ ဘဝအသစ်ပြန်စနိုင်ဖို့အတွက် အစိုးရဟာ ဟောင်ကောင်အိုးအိမ်အဖွဲ့အစည်းရဲ့အကူအညီနဲ့အတူ ဟောင်ကောင်ဒေါ်လာ ၂.၇ဘီလျံ(အမေရိကန်ဒေါ်လာ သန်း၃၅၀) ကို ခွဲဝေပေးခဲ့ပါတယ်။ ၁၉၉၃ခုနှစ် မတ်လမှာတော့ ဖြိုချမှုလုပ်ငန်းများကို စတင်ခဲ့ပြီး ၁၉၉၄ခုနှစ် ဧပြီမှာတော့ ဒီနေရာတစ်ခုလုံးကို အပြီးတိုင်ဖြိုချပစ်လိုက်ပြီးတဲ့နောက် Kowloon Walled City ပန်းခြံအဖြစ်ပြောင်းလဲလိုက်ပါတော့တယ်။
Zawgyi
ကမာၻေပၚက လူဦးေရ အထူထပ္ဆုံးေနရာ (သို႔) တံတိုင္းၿမိဳ႕
ကမာၻေပၚမွာ လူဦးေရအထူထပ္ဆုံးၿမိဳ႕လို႔ ဆိုလိုက္ရင္ ဖိလစ္ပိုင္ႏိုင္ငံက မနီလာၿမိဳ႕လို႔ ဆိုရပါမယ္။ မနီလာၿမိဳ႕ဟာ လူဦးေရ ၁.၈ သန္းခန႔္ေနထိုင္ၿပီး သိပ္သည္းဆကေတာ့ ၁စတုရန္းကီလိုမီတာမွာ လူဦးေရ ၄ေသာင္းေက်ာ္ ေနထိုင္ပါတယ္။ ဒါေပမယ့္ အဲဒီ မနီလာၿမိဳ႕ထက္ အဆေပါင္းမ်ားစြာ လူဦးေရ ထူထပ္တဲ့ ေနရာတစ္ခု ရွိခဲ့ဖူးပါတယ္။ အဲဒါကေတာ့ ေဟာင္ေကာင္က တံတိုင္းၿမိဳ႕ပါ။
ေဟာင္ေကာင္က Kowloon ၿမိဳ႕ထဲမွာမွ Kowloon တံတိုင္းၿမိဳ႕(Kowloon Walled City) လို႔ေခၚတဲ့ေနရာျဖစ္ပါတယ္။ ဒီေနရာဟာ ၆.၄ဧက သာက်ယ္ဝန္းတဲ့ေျမေပၚမွာ တည္ရွိတာျဖစ္ေပမယ့္ လူေပါင္း ၅ေသာင္းခန႔္ဟာ ဒီေနရာမွာ ေနထိုင္ခဲ့ၾကပါတယ္။ တခ်ိန္ကေတာ့ ဒီေနရာဟာ တ႐ုတ္ႏိုင္ငံရဲ႕ စစ္ဘက္ဆိုင္ရာခံတပ္တစ္ခုျဖစ္ခဲ့ၿပီး ၁၈၉၈ခုႏွစ္ဝန္းက်င္မွာေတာ့ လူေတြစတင္အေျခခ်ေနထိုင္ခဲ့ၾကပါတယ္။
ဒုတိယကမာၻစစ္အတြင္း ေဟာင္ေကာင္ဟာ ဂ်ပန္ေတြရဲ႕လက္ေအာက္ကို က်ေရာက္ၿပီးခ်ိန္ကစလို႔ ဒီေနရာလူဦးေရဟာ အဆမတန္ တိုးပြားလာခဲ့ၿပီးတဲ့ေနာက္ ၁၉၉၀ ခုႏွစ္ဝန္းက်င္မွာေတာ့ လူဦးေရ ၅ေသာင္း အထိ ျဖစ္လာခဲ့ပါတယ္။ ဒါဟာ အေမရိကန္နယူးေယာက္က လူဦးေရထက္ အဆေပါင္း ၁၂၀ နီးပါး လူဦးေရ ထူထပ္တာ ျဖစ္ပါတယ္။ ၁စတုရန္းမိုင္မွာ လူဦးေရ ၃.၂၅သန္း ႏႈန္းနဲ႔ေနထိုင္ခဲ့ၾကတာျဖစ္ပါတယ္။
တ႐ုတ္ျပည္တြင္းစစ္ေၾကာင့္ ထြက္ေျပးလာခဲ့တဲ့ ဒုကၡသည္ေတြဟာလည္း ဒီေနရာကို ေရာက္လာခဲ့ၿပီး တဲအိမ္မ်ားေဆာက္လုပ္ေနထိုင္ခဲ့ၾကပါတယ္။ ၁၉၅၀ ခုႏွစ္မီးေလာင္မႈမွာေတာ့ တဲအိမ္ေပါင္း ၂၅၀၀ ခန႔္ဟာ မီးထဲကိုပါသြားခဲ့ၿပီးေနာက္ ဒီေနရာမွာ မီးဒါဏ္ကို ကာကြယ္တဲ့အေနနဲ႔ တိုက္ေတြကို စတင္ေဆာက္လုပ္ၿပီး ေနထိုင္ခဲ့ၾကပါတယ္။
Kowloon ၿမိဳ႕ထဲမွာရွိေပမယ့္ ဒီေနရာဟာ သီးျခားၿမိဳ႕ငယ္ေလးတစ္ခု သဖြယ္ျဖစ္ခဲ့ပါတယ္။ ၿမိဳ႕ေနထိုင္သူေတြဟာ တိုက္အေဟာင္းေတြကို ကြၽမ္းက်င္ပညာရွင္ေတြရဲ႕ အကူအညီမယူပဲ ကိုယ့္ဘာသာကိုယ္ ျဖစ္သလို အထပ္ေတြျမႇင့္တင္ခဲ့ၾကတယ္။ ၁၂ထပ္ျမင့္တဲ့ အေဆာက္အအုံေပါင္း ၃၀၀ေလာက္ဟာ ဒီေနရာတစ္ခုထဲမွာ ႁပြတ္သိပ္က်ပ္တည္ရွိေနၿပီး ၿမိဳ႕တစ္ၿမိဳ႕မွာရွိတဲ့အရာေတြအားလုံး ဒီတစ္ေနရာမွာ ရွိလာခဲ့ပါတယ္။
၁၂ထက္ အထိရွိရတာကလည္း အစိုးရက ၁၃ထပ္(သို႔) ၁၄ထပ္ အထိမေဆာက္ဖို႔ တင္းတင္းၾကပ္ၾကပ္သတိေပးထားလို႔ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Kai Tak ေလဆိပ္က ေလယာဥ္ေတြ အဆင္းအတက္လုပ္တဲ့အခါ အေဆာက္အအုံေတြနဲ႔ ပြတ္တိုက္မိတာမ်ိဳး မျဖစ္ေအာင္လို႔ပါတဲ့။ ေရအတြက္ကေတာ့ ပိုက္လိုင္း ၈ ခုနဲ႔ အစိုးရက ေပးထားေပမယ့္ ကိုယ့္ဟာကိုယ္တူးထားတဲ့ အဝီစိတြင္းေတြကလည္း ၈၀ နီးပါးေလာက္ရွိေနပါတယ္။
ေဈးဆိုင္ေတြ ၊ စားေသာက္ဆိုင္ေတြ ၊ ေက်ာင္းေတြ ၊ အလွျပင္ဆိုင္ေတြ၊ ေဆးခန္းေတြ စတာေတြပါ စုံစုံလင္လင္ရွိလာခဲ့ၿပီး ဒီေနရာက လူေတြဟာ ဒီအမိုးေအာက္မွာပဲ သီးျခားေနထိုင္ခဲ့ၾကပါတယ္။ ဆိုးတာကေတာ့ မနက္ဘက္က ေဈးဆိုင္ေတြဟာ ညဘက္မွာ အရက္ဆိုင္ေတြ ၊ ေလာင္းကစား႐ုံေတြ ၊ ျပည့္တန္ဆာ အိမ္ေတြျဖစ္သြားတာပါ။ ဒုစ႐ိုက္ဂိုဏ္းေပါင္းမ်ားစြာရဲ႕ စတည္းခ်တဲ့ေနရာလည္းျဖစ္ပါတယ္။ ေဟာင္ေကာင္ရဲ႕ နာမည္ႀကီး ဒုစ႐ိုက္ဂိုဏ္းေတြျဖစ္တဲ့ 14K နဲ႔ Sun Yee On အဖြဲ႕ေတြရဲ႕ေနရာလည္းျဖစ္ပါတယ္။
ဒီေနရာဟာ အစိုးရရဲ႕အုပ္ခ်ဳပ္မႈကင္းမဲ့တဲ့ေနရာလို႔ ဆိုရမွာ ျဖစ္ၿပီး သူ႔အရပ္နဲ႔သူ႔စည္းမ်ဥ္းနဲ႔ အဆင္ေျပသလိုသာ လည္ပတ္ခဲ့ပါတယ္။ အမႈအခင္းအလြန္ထူေျပာေပမယ့္ ေတာ္႐ုံမူခင္းကိုေတာ့ ဒီေနရာရဲ႕အုပ္ခ်ဳပ္သူေတြက သူတို႔ဟာသူတို႔ ေျဖရွင္းခဲ့ၿပီး လူသတ္မႈလို အမႈႀကီးေတြမွသာ အစိုးရရဲ႕ အကူအညီကို ယူပါတယ္။ မူးယစ္ေဆးလည္း အလြန္ေပါတဲ့ေနရာျဖစ္ၿပီး ဒီေနရာမွာေနထိုင္တဲ့ အ႐ြယ္ေရာက္ၿပီးသူမ်ားသာမက ငယ္႐ြယ္သူတခ်ိဳ႕ပါ မူးယစ္ေဆးသုံးစြဲတဲ့သူေတြ ျဖစ္ကုန္ပါတယ္။
ဒီအထဲမွာေနတဲ့သူအမ်ားစုဟာ ေနအလင္းေရာင္မရေလာက္ေအာင္ကို ထူထဲပိတ္ညပ္ေနတဲ့ အထဲမွာပဲ ေနထိုင္ၾကပါတယ္။ ေနအလင္းေရာင္ရတဲ့ေနရာဆိုလို႔ တိုက္ေခါင္မိုးေတြသာ ရွိၿပီး ဒီေခါင္မိုးေပၚေတြဟာ ကေလးေတြရဲ႕ အဓိက ကစားကြင္းလည္းျဖစ္ပါတယ္။ ဒီေနရာမွာ ေနထိုင္တဲ့သူေတြဟာ အျပင္ဘက္ကို မထြက္တဲ့အဓိက အေၾကာင္းအရင္းကေတာ့ သူတို႔ဘဝေန႔စဥ္ျဖတ္သန္းလုပ္ကိုင္ဖို႔ လိုအပ္တဲ့အရာအားလုံးဟာ ဒီအမိုးေအာက္မွာပဲ ျပည့္စုံစြာရွိေနလို႔ ျဖစ္ပါတယ္။
ဒီေနရာမွာ ေနထိုင္သူေတြဟာ သူတို႔ေနရာကို အလြန္ခ်စ္ၿပီး ဒုစ႐ိုက္မႈခင္းေတြထဲမွာ ေနရေပမယ့္ စြန႔္ခြာမသြားၾကပဲ ေပ်ာ္ေမြ႕ေနၾကပါတယ္။ ျဖစ္ပြားတဲ့မႈခင္းေတြဟာလည္း ဒုစ႐ိုက္သမားေတြေၾကာင့္သာ ျဖစ္ၿပီး ဒီၿမိဳ႕မွာေနထိုင္သူေတြဟာ အမႈအခင္းေတြနဲ႔ ပတ္သတ္ျခင္းမရွိပဲ အခ်င္းခ်င္း ရင္းရင္းႏွီးႏွီးနဲ႔ ေနထိုင္ခဲ့ၾကတာျဖစ္ပါတယ္။
ေမွာင္ခိုလူမိုက္ဂိုဏ္းေတြေၾကာင့္ ဒုစ႐ိုက္မႈေတြ တျဖည္းျဖည္းပိုမိုမ်ားျပားလာတဲ့ ဒီေနရာကို ၁၉၆၀ ဝန္းက်င္ကစလို႔ အစိုးရက ဖ်က္ခ်ဖို႔ႀကိဳးစားခဲ့ပါတယ္။ ၁၉၈၇ခုႏွစ္ ဇန္နဝါရီ ၁၄ ရက္ေန႔မွာေတာ့ ဒီေနရာတစ္ခုလုံးကို ၿဖိဳခ်ပစ္ေတာ့မယ္လို႔ အစိုးရက ေၾကျငာခဲ့ပါတယ္။ မတ္လမွာေတာ့ ဒီေနရာကို ၿဖိဳခ်ၿပီး ပန္းၿခံအျဖစ္ေျပာင္းလဲပစ္မွာ ျဖစ္တာေၾကာင့္ ဒီေနရာမွာ ေနထိုင္သူေတြကို အျခားကိုေ႐ႊ႕ေျပာင္းေပးၾကဖို႔ ထပ္မံေၾကျငာခဲ့ပါတယ္။
ဒါေပမယ့္ ေနထိုင္သူေတြကေတာ့ ဆက္လက္ေနထိုင္ၿမဲျဖစ္ၿပီး အတင္းအက်ပ္ဖိအားေပး ထြက္ခြာခိုင္းတာေတာင္ စြန႔္ခြာမေပးတဲ့ သူေတြရွိခဲ့ၿပီး ၁၉၉၂ခုႏွစ္ေလာက္မွ ဒီေနရာကို စြန႔္ခြာသြားခဲ့ၾကပါတယ္။ ၁၉၉၃ ခုႏွစ္မွာေတာ့ လူသူမရွိေတာ့တဲ့ ဒီေနရာကို မင္းသား ဂ်က္ကီခ်မ္းရဲ႕ ႐ုပ္ရွင္မွာ အဓိကေနရာအျဖစ္ ထည့္သြင္း႐ိုက္ကူးခဲ့ပါတယ္။
စြန႔္ခြာသြားတဲ့သူေတြအတြက္ တျခားေနရာမွာ ဘဝအသစ္ျပန္စႏိုင္ဖို႔အတြက္ အစိုးရဟာ ေဟာင္ေကာင္အိုးအိမ္အဖြဲ႕အစည္းရဲ႕အကူအညီနဲ႔အတူ ေဟာင္ေကာင္ေဒၚလာ ၂.၇ဘီလ်ံ(အေမရိကန္ေဒၚလာ သန္း၃၅၀) ကို ခြဲေဝေပးခဲ့ပါတယ္။ ၁၉၉၃ခုႏွစ္ မတ္လမွာေတာ့ ၿဖိဳခ်မႈလုပ္ငန္းမ်ားကို စတင္ခဲ့ၿပီး ၁၉၉၄ခုႏွစ္ ဧၿပီမွာေတာ့ ဒီေနရာတစ္ခုလုံးကို အၿပီးတိုင္ၿဖိဳခ်ပစ္လိုက္ၿပီးတဲ့ေနာက္ Kowloon Walled City ပန္းၿခံအျဖစ္ေျပာင္းလဲလိုက္ပါေတာ့တယ္။
Discussion about this post