• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က ရွှေထုတ်လုပ်မှု အများဆုံး ၁၀ နိုင်ငံ

by Thutamm
September 22, 2019
Reading Time: 2min read
0
ကမ္ဘာပေါ်က ရွှေထုတ်လုပ်မှု အများဆုံး ၁၀ နိုင်ငံ
Share on FacebookShare on Twitter

(Unicode)

ရွှေကိုတော့ကမ္ဘာပေါ်ကရှားပါးသတ္ထုတစ်ခုဖြစ်အဖြစ်သတ်မှတ်ထားပြီးတန်ဖိုးကြီးလူအသုံးအဆောင်အဖြစ်လည်း ရှေးယခင်ကာလတွေကနေသုံးစွဲလာခဲ့ကြရာ ယနေ့အထိပဲ ဖြစ်ပါတယ်။ကမ္ဘာမြေလွှာမှာရွှေပါဝင်နှုန်းဟာ (၁/၁၀၀၀၀၀၀၀၀၀၀ %)ဖြစ်ပြီး အမာ စကေး(Moh scale)မှာတော့ (၂.၅-၃)ဖြစ်ပါတယ်။ တောက်ပသော အရောင်ရှိပြီး ချို၊ဖန်၊ အေးဆိုတဲ့အရသာသုံးပါးကိုပိုင်ဆိုင်ကြတဲ့ transition metal တွေဖြစ်ပြီး အစိုင်အခဲ (solid) အသွင်နဲ့တွေ့ရတတ်ပါတယ်။

ကမ္ဘာကြီးရဲ့ကြမ်းတမ်းတဲ့ မျက်နှာပြင်(၁)သန်း လောက်မှာတောင် (ဝ.၀၀၃)သောအပိုင်းတွေမှာသာ ရွှေထွက်တယ်လို့သိရပါတယ်။ ရှားပါးလွန်းပေမဲ့လည်း တန်ဖိုးမြင့်မားတဲ့သတ္ထုဆိုတဲ့အချက်နဲ့ ကမ္ဘာပေက ရွှေတူးဖော် ရေးလုပ်ငန်းတွေကတော့ နှစ်စဉ်တိုးမြှင့်တူးဖော်နေကြတာကိုတွေ့ရပါတယ်။ ဒါဆိုရင် ဘယ်နိုင်ငံတွေက ရွှေထုတ်လုပ်နိုင်မှုအများဆုံးဖြစ်နေပါသလဲ။

တရားဝင်စာရင်းတွေအရတော့ (၂၀၀၈)ခုနှစ်အတွင်းမှာတင် တစ်ကမ္ဘာလုံးအနေနဲ့ ရွှေတန်ချိန်(၃၃၃၂)တန်လောက် ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီစာရင်းဟာ လွန်ခဲ့တဲ့(၄)နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်တယ်ဆိုတဲ့ (၂၀၁၇)ခုနှစ်က ထုတ်လုပ် မှုထက် (၂)ရာခိုင်နှုန်းပိုများခဲ့ကြောင်း (၂၀၁၉)ခုနှစ်မှာကောက်ခံခဲ့တဲ့ GFMS Gold ရဲ့ စစ်တမ်းတွေအရသိရပါတယ်။ ဒီလိုမြင့်တက်တက်လာရခြင်းကတော့ အမေရိကန်၊ အာဂျင်တီးနား၊ရုရှားနဲ့ အာဖရိကတိုက်က မာလီနိုင်ငံတို့ရဲ့ရွှေထုတ်လုပ်မှု ပမာဏမြင့်မား လာခြင်းကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်က ရွှေထုတ်လုပ်မှု အများဆုံးနိုင်ငံ(၁၀)နိုင်ငံရဲ့အကြောင်းဖြစ်ပါတယ်။

(၁၀) ဂါနာနိုင်ငံ (၁၀၁.၈တန်)

တောင်အာဖရိကနိုင်ငံပြီးရင်တော့ ဂါနာဟာ အာဖရိကတိုက်ရဲ့ ဒုတိယမြောက်ရွှေထုတ် လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး မကြာခင်မှာပဲ တောင်အာဖရိကကိုကျော်တက်သွားဖို့ အလားအလာတွေရှိနေပါတယ်။ ရွှေအပါအဝင်တွင်းထွက်ပစ္စည်းသိုက်များစွာတွေ့ရှိနေ တဲ့ဂါနာဟာဆိုရင် (၁၀၀)ကီလိုဂရမ်လောက်ရှိတဲ့ ရွှေချောင်းထုတ်လုပ်ရေးလုပ်ငန်း များစွာရှိလို့နေပြီး ပြည်ပရင်းနှီးမြုပ်နှံရေး များစွာရဲ့ မျက်စိကျရာနေရာအဖြစ်လည်း ရှိနေခဲ့ပါတယ်။ ဒါအပြင်နိုင်ငံရဲ့တင်ပို့ကုန်ရဲ့ (၂၀)ရာခိုင်နှုန်းဟာ ရွှေဖြစ်ပြီး (၂၀၁၈) မှာတော့ (၁၀၁.၈)တန်အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

(၉) မက္ကဆီကို (၁၂၁.၆တန်)

နောက်ဆုံး(၃)နှစ်ကထက်စာရင် (၂၀၁၈)မှာ(၁၂၁.၆)တန်ထုတ်လုပ်နိုင်ခဲ့ပြီး (၂၀၁၇) ခုနှစ်ထက်(၄)ရာခိုင်နှုန်းလောက်လျော့နည်းသွားပေမဲ့မက္ကဆီကိုဟာကမ္ဘာထိပ်တန်းရွှေထုတ်လုပ်ရေးနိုင်ငံတွေထဲမှာတော့ ထိပ်တန်းနေရာက ပါဝင်နေဆဲဖြစ်ပါတယ်။ (၂၀၀၈)ခုနှစ်တုန်းကဆိုရင် မက္ကဆီကိုဟာ တစ်နှစ်ကို ရွှေတန်ချိန် (၅၀.၈)တန်လောက်သာ ထုတ်လုပ်နိုင်ပေမယ့် (၂၀၁၇)မှာဆိုရင် တန်(၁၃၀)လောက် ကိုထုတ်လုပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ်ကမှတ်တမ်းဟာ မက္ကဆီကိုရဲ့ နောက်ဆုံး(၉)နှစ်အတွင်းမှာ အကောင်းဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းတွေမှာ အခွန်အခသက်သာတဲ့အပြင် အပြင်စည်းမျဉ်း စည်းကမ်း တင်းတင်းကျပ်ကျပ်ကြီးမရှိတာကြောင့် သတ္ထုတူးဖော်ရေးလုပ်ငန်းရှင်တွေ အကြိုက်နေရာတစ်ခုအဖြစ်လည်း ရှိနေပါတယ်။

(၈) တောင်အာဖရိက (၁၂၃.၅တန်)

တချိန်တုန်းကတော့ တောင်အာဖရိကနိုင်ငံဟာ ထိပ်တန်းရွှေထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပေမဲ့ (၂၀၀ဂ)ခုနှစ်လောက်ကစပြီး နိုင်ငံရဲ့မြင့်မားတဲ့လျှပ်စစ်ဓာတ်အားခနဲ့ အလုပ်သမားလစာတွေကြောင့် တောင်အာဖရိကရဲ့ရွှေထုတ်လုပ်မှု ပမာဏဟာလျော့ကျသွားခဲ့ရာ (၂၀၁၈)မှာတော့ နံပါတ်(၈)နေရာကိုရောက်လာခဲ့ပါတယ်။ ခြွင်းချက်အနေနဲ့ (၂၀၀၃) ခုနှစ်ကတော့ ရွှေထုတ်လုပ်မှုပမာဏတက်လာပေမဲ့ ယနေ့အချိန်မှာဆိုရင် နိုင်ငံရဲ့ရွှေ တွင်းအများအပြားဟာ ပိတ်သိမ်းခဲ့ရပါပြီ။

တောင်အာဖရိကနိုင်ငံမှာရှိတဲ့ Mponeng မှိုင်းတွင်းကြီးဆိုရင် မြေအောက်အနက် (၂.၅)မိုင်အထိရှိကာ ကမ္ဘာအနက်ဆုံးရွှေတွင်း ကြီးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ကျန်ခဲ့တဲ့ကာလတွေဆီက တောင်အာဖရိကရဲ့ ရွှေထုတ်လုပ်မှုပမာဏကိုသိရှိနိုင်ပြီး (၂၀၁၈)ခုနှစ်မှာတော့ (၁၂၃.၅)တန်လောက်သာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

(၇)ပီရူး (၁၅၅.၄တန်)

နောက်ဆုံး(၃)နှစ်ဆက်တိုက် ရွှေထုတ်လုပ်မှုမှာတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တဲ့ တောင်အမေရိကတိုက်က ပီရူးနိုင်ငံဟာ (၂၀၁၈)မှာတော့ (၁၅၅.၄)နဲ့ (၂၀၁၇)ထက် (၇)တန်လောက်လျော့နည်းသွားခဲ့ပြီး နံပါတ်(၇)နေရာကိုရောက်ရှိခဲ့ရပါတယ်။ အဓိက အကြောင်းရင်းကတော့ ရွှေအများဆုံးထွက်ရာ La Pampa ဒေသမှာအစိုးရက တရားမ ဝင်ရွှေထုတ်လုပ်ငန်းလုပ်ကိုင်သူတွေကို ဥပဒေအရထိထိရောက်ရောက်အရေးယူခဲ့ခြင်း နဲ့ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်အချို့ကြောင့်လို့သိရပါတယ်။ သတ္ထုတူးဖော်ရေး လုပ်ငန်းဟာ ပီရူးနိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး နိုင်ငံအကျယ်အဝန်းရဲ့ (၂၈) ရာခိုင်နှုန်းဟာ ရွှေ၊ကြေးနီ၊ငွေစတဲ့သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်တွေဖြစ်ပါတယ်။

(၆)အင်ဒိုနီးရှား (၁၉၀.၀ တန်)

အရှေတောင်အာရှကကျွန်းနိုင်ငံ အင်ဒိုနီးရှားဟာ ပီရူးလိုနိုင်ငံကိုတောင် ဒီအဆင့်မှာ ကျော်ဖြတ်ပြီး (၂၀၁၈)ခုနှစ်နှစ်အတွက် ရွှေထုတ်လုပ်မှုပမာဏ (၁၉၀)တန်နဲ့ ကမ္ဘာနံပါတ်(၆)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီပမာဏဟာ (၂၀၁၇)ခုနှစ်ကထက် (၃၆)တန်ပိုမိုများပြားခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းဆိုရင်တော့ (၂၃)ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုရပါမယ်။

Papua ပြည်နယ်အတွင်းက Grasberg ရွှေမှိုင်းတွင်းကြီးဆိုရင် ကမ္ဘာပေါ်မှာအကြီးဆုံးရွှေတွင်းကြီးဖြစ်သလို ဒုတိယမြောတ်အကြီးဆုံးကြေးနီတွင်းကြီး အဖြစ်လည်းရှိနေပြီး နိုင်ငံရဲ့ရွှေထုတ်လုပ်မှုပမာဏာရဲ့ (၄၀)ရာခိုင်နှုန်းလောက်အထိ ထုတ်လုပ်ပေးနေပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားအစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့အကောတ်ခွန်ပေါ်လစီသစ်တွေကြောင့် လာမယ့်နှစ်တွေအတွင်းမှာတော့ အင်ဒိုနီးရှားရဲ့ရွှေထုတ်လုပ်ငန်းတွေကို အကျပ်အတည်းဖြစ်ဖို့ရာလည်းရှိနေပါတယ်။

(၅) ကနေဒါ (၁၉၃.ဝတန်)

ကမ္ဘာထိပ်တန်းရွှေထုတ်လုပ်မှုမှာ အဆင့်(၂)ဆင့်အထိခုန်တက်ဖူးတဲ့ ကနေဒါနိုင်ငံဟာ(၂၀၁၈)ခုနှစ်အတွင်းမှာတော့ (၂၀၁၇)ခုနှစ်ထက် (၁၇)တန်လောက်ပိုများတဲ့ ပမဏဖြစ်တဲ့ တန်ချိန်(၁၉၃)တန်လောက်ကို ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ (၂၀၁၇) ခုနှစ် အတွင်းက Toronto မြို့အခြေစိုက် Seabridge Gold ရွှေထုတ်လုပ်ငန်းကုမ္ပဏီဟာ နိုင်ငံရဲ့မြောက်ဘက်အကျဆုံး British Colombia နယ်ထဲမှာ ခန့်မှန်း မတ်ထရစ်တန် (၇၈၀)လောက်ထုတ်ယူနိုင်မယ်လို့ ယူဆရတဲ့ရွှေသတ္ထုကြောတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ကနေဒါနိုင်ငံရဲ့ရွှေထုတ်လုပ်မှုအမာဏာကို သိသိသာသာအထောက်အကူပြုမဲ့ အချက်ဖြစ်ပါတယ်။

(၄) အမေရိကန်ပြည်ထောင်စု (၂၅၃.၂တန်)

(၂၀၁၈)ခုနှစ်မှာ ရွှေတန်ချိန်(၂၅၃.၂)တန်နဲ့ စတုတ္ထနေရာမှာရှိနေတာကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်တွင်းမှာတော့ ကျန်ခဲ့တဲ့နှစ်ထက် (၁၀)ရာခိုင်နှုန်းပိုမိုထုတ်လုပ်နိုင်ခဲ့ပြီး နောက်ဆုံး(၅)နှစ်ဆက်တိုက် ရွှေထုတ်လုပ်မှု ပမာဏကိုမြှင်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ရွှေထုတ်လုပ်မှုပမာဏရဲ့ (၇၈) ရာခိုင်နှုန်းလောက်ဟာ နီဗားဒါးပြည်နယ်ကဖြစ်ပြီး ယင်းပြည်နယ်မှာရှိတဲ့ Newmont Goldcorp ရွှေထုတ်လုပ်ရေးလုပ်ငန်းဟာဆိုရင် နိုင်ငံရဲ့ပမာဏအလွန်များတဲ့ရွှေတန်ချိန်တွေကို ထုတ်လုပ်ပေးလျက်ရှိနေပါတယ်။

(၃) ရုရှား (၂၈၁.၅တန်)

ဥရောပတိုက်ရဲ့ရွှေထုတ်လုပ်မှုပမာဏရဲ့ (၈၃)ရာခိုင်နှုန်းလောက်က ရုရှားနိုင်ငံကဖြစ်ပြီး (၂၀၁၀)ကနေစတင်ပြီး တစ်နှစ်ထက်တစ်နှစ်ရွှေတန်ချိန်ပမာဏ ပိုမိုများပြားအောင် ထုတ်လုပ်လာတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ စက်မှုလုပ်ငန်းထုတ်လုပ်မှုပမာဏကို တိုးမြှင့် တည်ဆောက်ဖို့ရည်ရွယ်ထားတဲ့ ရုရှားခေါင်းဆောင်တွေရဲ့ရည်မှန်းချက်တွေနောက်မှာ တော့ရုရှားတွေဟာ ရွှေအပါအဝင်သတ္ထုတူးဖော်ရေးလုပ်ငန်းတွေဘက်ကို ပိုမိုအာရုံစိုက်ခဲ့ကြပါတယ်။

(၂၀၁၈)ခုနှစ်မှာဆိုရင် (၂၀၁၇)ခုနှစ်ကထက်(၁၁)တန်လောက်ပိုမိုများပြားတဲ့ ပမာဏဖြစ်တဲ့ (၂၈၁.၅)တန်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာအချက်ကတော့ ရုရှားနိုင်ငံရဲ့ထွက်ရှိတဲ့ရွှေ(၃)ပုံ(၂)ပုံကို အဓိကဝယ်ယူသူဟာ ရုရှားအစိုးရအဖွဲ့ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

(၂) သြစတေးလျ (၃၁၂.၂ တန်)

အာရှအသိုင်းအဝိုင်းတွင်းက နိုင်ငံအဖြစ်ခံယူထားတဲ့ သမုဒ္ဒရာပိုင်းဒေသက သြစတေးလျ နိုင်ငံဟာ နောက်ဆုံး(၆)နှစ်ဆက်တိုက် ရွှေထုတ်လုပ်မှုလုပ်ငန်းတွေမှာ တက်ရိပ်ပြခဲ့ပြီး (၂၀၁၈)မှာဆိုရင်လည်း ရွှေတန်ချိန်(၃၁၂.၂)တန်နဲ့ (၂၀၁၇)နှစ်ထက် (၆)ရာခိုင်နှုန်းအထိတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါ တယ်။ Gold Fields Mineral Services (GFMS)ရဲ့(၂၀၁၇)စစ်တမ်းတွေအရဆိုရင် သြစတေးလျနိုင်ငံရဲ့ Newcreat’s Cadia Hill ရွှေတူးဖော်ရေးမှိုင်းကတစ်နှစ်ကို ရွှေတန်ချိန် (၂၃)တန်နဲ့နိုင်ငံရဲ့ ရွှေထုတ်လုပ်မှု(၃၈)ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဒါအပြင် AngloGpld Ashanti က (၁၂)ရာခိုင်နှုန်း၊ Kikland lake ရွှေတူးဖော်ရေးလုပ်ငန်းက (၂၁)ရာခိုင်နှုန်းအထိ သြစတေးလျနိုင်ငံရဲ့ရွှေထုတ်လုပ် မှုလုပ်ငန်းကို အများဆုံးနေရာ တွေကနေအကျိုးပြုနေတယ်လို့သိရပါတယ်။ သြစတေးလျနိုင်ငံရဲ့ ပို့ကုန် တစ်ဝက်နီးပါးဟာ တွင်းထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ပြီး ယင်းလုပ်ငန်းတွေကနေ နိုင်ငံရဲ့ GDP (၈)ရာခိုင်နှုန်းလောက်အထိ အကျိုးအမြတ်ရရှိနေ တာဖြစ်ပါတယ်။

(၁) တရုတ် (၃၉၉.၇တန်)

နံပါတ်(၁)နေရာမှာရှိနေတာကတော့ ကမာ့္ဘစီးပွားရေးထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေတဲ့ တရုတ်နိုင်ငံဖြစ်ပြီး တစ်နှစ်ကို ရွှေတန်ချိန်(၃၉၉.၇)တန်အထိထုတ်လုပ်နေပါတယ်။ ဒီနှုန်းထားဟာ ကမ္ဘာ့ရွှေထုတ်လုပ်မှုလုပ်ငန်းအားလုံးရဲ့(၁၂)ရာခိုင်နှုန်းအထိရှိနေတာ ဖြစ်ပေမဲ့ (၂၀၁၇)နှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့(၆)ရာခိုင်နှုန်းလောက် ကျဆင်းသွားတာကို တွေ့ရပါတယ်။

ဒါကြောင့် နောက်ဆုံးလေးနှစ် ဆက်တိုက် တစ်နှစ်ထက်တစ်နှစ်ပိုမို ထုတ်လုပ်တယ်ဆိုတဲ့ တရုတ်နိုင်ငံရွှေထုတ်လုပ်မှုစံချိန်ကို ကျိုးပျက်ခဲ့ရပြီး အကြောင်း ကတော့ နောက်ပိုင်းမှာချမှတ်လာတဲ့ တရုတ်အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတစ ထိန်းသိမ်းရေး လုပ်ငန်းတွေကြောင့်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် ရွှေတူးဖော်ရေးမှိုင်းတွင်းတွေမှာထွက်ရှိတဲ့ Cyanide အဆိပ်ဓာတ်တွေနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေတွေ ပြဌာန်းစိစစ်လာတာဖြစ်ပါတယ်။

(Zawgyi)

ကမာၻေပၚက ေရႊထုတ္လုပ္မႈ အမ်ားဆံုး ၁၀ ႏုိင္ငံ

ေရႊကိုေတာ့ကမာၻေပၚကရွားပါးသတၳဳတစ္ခုျဖစ္အျဖစ္သတ္မွတ္ထားျပီးတန္ဖိုးၾကီးလူအသံုးအေဆာင္အျဖစ္လည္း ေရွးယခင္ကာလေတြကေနသံုးစြဲလာခဲ့ၾကရာ ယေန႔အထိပဲ ျဖစ္ပါတယ္။ကမာၻေျမလႊာမွာေရႊပါဝင္နႈန္းဟာ (၁/၁၀၀၀၀၀၀၀၀၀၀ %)ျဖစ္ျပီး အမာ စေကး(Moh scale)မွာေတာ့ (၂.၅-၃)ျဖစ္ပါတယ္။ ေတာက္ပေသာ အေရာင္ရွိျပီး ခ်ိဳ၊ဖန္၊ ေအးဆိုတဲ့အရသာသံုးပါးကိုပိုင္ဆိုင္ၾကတဲ့ transition metal ေတြျဖစ္ျပီး အစိုင္အခဲ (solid) အသြင္နဲ႔ေတြ႔ရတတ္ပါတယ္။

ကမာၻၾကီးရဲ့ၾကမ္းတမ္းတဲ့ မ်က္နွာျပင္(၁)သန္း ေလာက္မွာေတာင္ (၀.၀၀၃)ေသာအပိုင္းေတြမွာသာ ေရႊထြက္တယ္လို႔သိရပါတယ္။ ရွားပါးလြန္းေပမဲ့လည္း တန္ဖိုးျမင့္မားတဲ့သတၳဳဆိုတဲ့အခ်က္နဲ႔ ကမာၻေပက ေရႊတူးေဖာ္ ေရးလုပ္ငန္းေတြကေတာ့ နွစ္စဥ္တိုးျမွင့္တူးေဖာ္ေနၾကတာကိုေတြ႔ရပါတယ္။ ဒါဆိုရင္ ဘယ္နိုင္ငံေတြက ေရႊထုတ္လုပ္နိုင္မႈအမ်ားဆံုးျဖစ္ေနပါသလဲ။

တရားဝင္စာရင္းေတြအရေတာ့ (၂၀၀၈)ခုနွစ္အတြင္းမွာတင္ တစ္ကမာၻလံုးအေနနဲ႔ ေရႊတန္ခ်ိန္(၃၃၃၂)တန္ေလာက္ ထုတ္လုပ္ခဲ့တယ္လို႔သိရပါတယ္။ ဒီစာရင္းဟာ လြန္ခဲ့တဲ့(၄)နွစ္တာကာလအတြင္း အျမင့္ဆံုးျဖစ္တယ္ဆိုတဲ့ (၂၀၁၇)ခုနွစ္က ထုတ္လုပ္ မႈထက္ (၂)ရာခိုင္နႈန္းပိုမ်ားခဲ့ေၾကာင္း (၂၀၁၉)ခုနွစ္မွာေကာက္ခံခဲ့တဲ့ GFMS Gold ရဲ့ စစ္တမ္းေတြအရသိရပါတယ္။ ဒီလိုျမင့္တက္တက္လာရျခင္းကေတာ့ အေမရိကန္၊ အာဂ်င္တီးနား၊ရုရွားနဲ႔ အာဖရိကတိုက္က မာလီနိုင္ငံတို႔ရဲ့ေရႊထုတ္လုပ္မႈ ပမာဏျမင့္မား လာျခင္းေၾကာင့္ျဖစ္ပါတယ္။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ ကမာၻေပၚက ေရႊထုတ္လုပ္မႈ အမ်ားဆံုးနိုင္ငံ(၁၀)နိုင္ငံရဲ့အေၾကာင္းျဖစ္ပါတယ္။

(၁၀) ဂါနာနိုင္ငံ (၁၀၁.၈တန္)

ေတာင္အာဖရိကနိုင္ငံျပီးရင္ေတာ့ ဂါနာဟာ အာဖရိကတိုက္ရဲ့ ဒုတိယေျမာက္ေရႊထုတ္ လုပ္မႈအမ်ားဆံုးနိုင္ငံျဖစ္ျပီး မၾကာခင္မွာပဲ ေတာင္အာဖရိကကိုေက်ာ္တက္သြားဖို႔ အလားအလာေတြရွိေနပါတယ္။ ေရႊအပါအဝင္တြင္းထြက္ပစၥည္းသိုက္မ်ားစြာေတြ႔ရွိေန တဲ့ဂါနာဟာဆိုရင္ (၁၀၀)ကီလိုဂရမ္ေလာက္ရွိတဲ့ ေရႊေခ်ာင္းထုတ္လုပ္ေရးလုပ္ငန္း မ်ားစြာရွိလို႔ေနျပီး ျပည္ပရင္းနွီးျမဳပ္နွံေရး မ်ားစြာရဲ့ မ်က္စိက်ရာေနရာအျဖစ္လည္း ရွိေနခဲ့ပါတယ္။ ဒါအျပင္နိုင္ငံရဲ့တင္ပို႔ကုန္ရဲ့ (၂၀)ရာခိုင္နႈန္းဟာ ေရႊျဖစ္ျပီး (၂၀၁၈) မွာေတာ့ (၁၀၁.၈)တန္အထိ ထုတ္လုပ္နိုင္ခဲ့ပါတယ္။

(၉) မကၠဆီကို (၁၂၁.၆တန္)


ေနာက္ဆံုး(၃)နွစ္ကထက္စာရင္ (၂၀၁၈)မွာ(၁၂၁.၆)တန္ထုတ္လုပ္နိုင္ခဲ့ျပီး (၂၀၁၇) ခုနွစ္ထက္(၄)ရာခိုင္နႈန္းေလာက္ေလ်ာ့နည္းသြားေပမဲ့မကၠဆီကိုဟာကမာၻထိပ္တန္းေရႊထုတ္လုပ္ေရးနိုင္ငံေတြထဲမွာေတာ့ ထိပ္တန္းေနရာက ပါဝင္ေနဆဲျဖစ္ပါတယ္။ (၂၀၀၈)ခုနွစ္တုန္းကဆိုရင္ မကၠဆီကိုဟာ တစ္နွစ္ကို ေရႊတန္ခ်ိန္ (၅၀.၈)တန္ေလာက္သာ ထုတ္လုပ္နိုင္ေပမယ့္ (၂၀၁၇)မွာဆိုရင္ တန္(၁၃၀)ေလာက္ ကိုထုတ္လုပ္လာနိုင္ခဲ့တာျဖစ္ပါတယ္။

(၂၀၁၇)ခုနွစ္ကမွတ္တမ္းဟာ မကၠဆီကိုရဲ့ ေနာက္ဆံုး(၉)နွစ္အတြင္းမွာ အေကာင္းဆံုးမွတ္တမ္းျဖစ္ခဲ့ပါတယ္။ မကၠဆီကိုနိုင္ငံဟာ ဓာတ္သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြမွာ အခြန္အခသက္သာတဲ့အျပင္ အျပင္စည္းမ်ဥ္း စည္းကမ္း တင္းတင္းက်ပ္က်ပ္ၾကီးမရွိတာေၾကာင့္ သတၳဳတူးေဖာ္ေရးလုပ္ငန္းရွင္ေတြ အၾကိဳက္ေနရာတစ္ခုအျဖစ္လည္း ရွိေနပါတယ္။

(၈) ေတာင္အာဖရိက (၁၂၃.၅တန္)


တခ်ိန္တုန္းကေတာ့ ေတာင္အာဖရိကနိုင္ငံဟာ ထိပ္တန္းေရႊထုတ္လုပ္တဲ့နိုင္ငံ ျဖစ္ေပမဲ့ (၂၀၀ဂ)ခုနွစ္ေလာက္ကစျပီး နိုင္ငံရဲ့ျမင့္မားတဲ့လ်ွပ္စစ္ဓာတ္အားခနဲ႔ အလုပ္သမားလစာေတြေၾကာင့္ ေတာင္အာဖရိကရဲ့ေရႊထုတ္လုပ္မႈ ပမာဏဟာေလ်ာ့က်သြားခဲ့ရာ (၂၀၁၈)မွာေတာ့ နံပါတ္(၈)ေနရာကိုေရာက္လာခဲ့ပါတယ္။ ျခြင္းခ်က္အေနနဲ႔ (၂၀၀၃) ခုနွစ္ကေတာ့ ေရႊထုတ္လုပ္မႈပမာဏတက္လာေပမဲ့ ယေန႔အခ်ိန္မွာဆိုရင္ နိုင္ငံရဲ့ေရႊ တြင္းအမ်ားအျပားဟာ ပိတ္သိမ္းခဲ့ရပါျပီ။

ေတာင္အာဖရိကနိုင္ငံမွာရွိတဲ့ Mponeng မိႈင္းတြင္းၾကီးဆိုရင္ ေျမေအာက္အနက္ (၂.၅)မိုင္အထိရွိကာ ကမာၻအနက္ဆံုးေရႊတြင္း ၾကီးအျဖစ္ မွတ္တမ္းဝင္ထားခဲ့ပါတယ္။ ဒါကိုၾကည့္ျခင္းျဖင့္ က်န္ခဲ့တဲ့ကာလေတြဆီက ေတာင္အာဖရိကရဲ့ ေရႊထုတ္လုပ္မႈပမာဏကိုသိရွိနိုင္ျပီး (၂၀၁၈)ခုနွစ္မွာေတာ့ (၁၂၃.၅)တန္ေလာက္သာ ထုတ္လုပ္နိုင္ခဲ့ပါတယ္။

(၇)ပီရူး (၁၅၅.၄တန္)


ေနာက္ဆံုး(၃)နွစ္ဆက္တိုက္ ေရႊထုတ္လုပ္မႈမွာတိုးျမွင့္ထုတ္လုပ္နိုင္ခဲ့တဲ့ ေတာင္အေမရိကတိုက္က ပီရူးနိုင္ငံဟာ (၂၀၁၈)မွာေတာ့ (၁၅၅.၄)နဲ႔ (၂၀၁၇)ထက္ (၇)တန္ေလာက္ေလ်ာ့နည္းသြားခဲ့ျပီး နံပါတ္(၇)ေနရာကိုေရာက္ရွိခဲ့ရပါတယ္။ အဓိက အေၾကာငး္ရင္းကေတာ့ ေရႊအမ်ားဆံုးထြက္ရာ La Pampa ေဒသမွာအစိုးရက တရားမ ဝင္ေရႊထုတ္လုပ္ငန္းလုပ္ကိုင္သူေတြကို ဥပေဒအရထိထိေရာက္ေရာက္အေရးယူခဲ့ျခင္း နဲ႔ နည္းပညာပိုင္းဆိုင္ရာလိုအပ္ခ်က္အခ်ိဳ႕ေၾကာင့္လို႔သိရပါတယ္။ သတၳဳတူးေဖာ္ေရး လုပ္ငန္းဟာ ပီရူးနိုင္ငံရဲ့ အဓိကစီးပြားေရးလုပ္ငန္းျဖစ္ျပီး နိုင္ငံအက်ယ္အဝန္းရဲ့ (၂၈) ရာခိုင္နႈန္းဟာ ေရႊ၊ေၾကးနီ၊ေငြစတဲ့သတၳဳတူးေဖာ္ေရးလုပ္ငန္းခြင္ေတြျဖစ္ပါတယ္။

(၆)အင္ဒိုနီးရွား (၁၉၀.၀ တန္)


အေရွေတာင္အာရွကကၽြန္းနိုင္ငံ အင္ဒိုနီးရွားဟာ ပီရူးလိုနိုင္ငံကိုေတာင္ ဒီအဆင့္မွာ ေက်ာ္ျဖတ္ျပီး (၂၀၁၈)ခုနွစ္နွစ္အတြက္ ေရႊထုတ္လုပ္မႈပမာဏ (၁၉၀)တန္နဲ႔ ကမာၻနံပါတ္(၆)ေနရာမွာ ရပ္တည္နိုင္ခဲ့ပါတယ္။ အဲဒီပမာဏဟာ (၂၀၁၇)ခုနွစ္ကထက္ (၃၆)တန္ပိုမိုမ်ားျပားခဲ့တာျဖစ္ျပီး ရာခိုင္နႈန္းဆိုရင္ေတာ့ (၂၃)ရာခိုင္နႈန္းအထိရွိတယ္လို႔ ဆိုရပါမယ္။

Papua ျပည္နယ္အတြင္းက Grasberg ေရႊမိႈင္းတြင္းၾကီးဆိုရင္ ကမာၻေပၚမွာအၾကီးဆံုးေရႊတြင္းၾကီးျဖစ္သလို ဒုတိယေျမာတ္အၾကီးဆံုးေၾကးနီတြင္းၾကီး အျဖစ္လည္းရွိေနျပီး နိုင္ငံရဲ့ေရႊထုတ္လုပ္မႈပမာဏာရဲ့ (၄၀)ရာခိုင္နႈန္းေလာက္အထိ ထုတ္လုပ္ေပးေနပါတယ္။ ဒါေပမယ့္ အင္ဒိုနီးရွားအစိုိးရရဲ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္း ေရးနဲ႔အေကာတ္ခြန္ေပၚလစီသစ္ေတြေၾကာင့္ လာမယ့္နွစ္ေတြအတြင္းမွာေတာ့ အင္ဒိုနီးရွားရဲ့ေရႊထုတ္လုပ္ငန္းေတြကို အက်ပ္အတည္းျဖစ္ဖို႔ရာလည္းရွိေနပါတယ္။

(၅) ကေနဒါ (၁၉၃.၀တန္)


ကမာၻထိပ္တန္းေရႊထုတ္လုပ္မႈမွာ အဆင့္(၂)ဆင့္အထိခုန္တက္ဖူးတဲ့ ကေနဒါနိုင္ငံဟာ(၂၀၁၈)ခုနွစ္အတြင္းမွာေတာ့ (၂၀၁၇)ခုနွစ္ထက္ (၁၇)တန္ေလာက္ပိုမ်ားတဲ့ ပမဏျဖစ္တဲ့ တန္ခ်ိန္(၁၉၃)တန္ေလာက္ကို ထုတ္လုပ္လာနိုင္ခဲ့ပါတယ္။ (၂၀၁၇) ခုနွစ္ အတြင္းက Toronto ျမိဳ႕အေျခစိုက္ Seabridge Gold ေရႊထုတ္လုပ္ငန္းကုမၸဏီဟာ နိုင္ငံရဲ့ေျမာက္ဘက္အက်ဆံုး British Colombia နယ္ထဲမွာ ခန္႔မွန္း မတ္ထရစ္တန္ (၇၈၀)ေလာက္ထုတ္ယူနိုင္မယ္လို႔ ယူဆရတဲ့ေရႊသတၳဳေၾကာတစ္ခုကုိရွာေတြ႔ခဲ့ပါတယ္။ ဒါဟာ ကေနဒါနိုင္ငံရဲ့ေရႊထုတ္လုပ္မႈအမာဏာကို သိသိသာသာအေထာက္အကူျပဳမဲ့ အခ်က္ျဖစ္ပါတယ္။

(၄) အေမရိကန္ျပည္ေထာင္စု (၂၅၃.၂တန္)

(၂၀၁၈)ခုနွစ္မွာ ေရႊတန္ခ်ိန္(၂၅၃.၂)တန္နဲ႔ စတုတၳေနရာမွာရွိေနတာကေတာ့ အေမရိကန္ျပည္ေထာင္စုျဖစ္ပါတယ္။ (၂၀၁၈)ခုနွစ္တြင္းမွာေတာ့ က်န္ခဲ့တဲ့နွစ္ထက္ (၁၀)ရာခိုင္နႈန္းပိုမိုထုတ္လုပ္နိုင္ခဲ့ျပီး ေနာက္ဆံုး(၅)နွစ္ဆက္တိုက္ ေရႊထုတ္လုပ္မႈ ပမာဏကိုျမွင္တင္နိုင္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္ရဲ့ေရႊထုတ္လုပ္မႈပမာဏရဲ့ (၇၈) ရာခိုင္နႈန္းေလာက္ဟာ နီဗားဒါးျပည္နယ္ကျဖစ္ျပီး ယင္းျပည္နယ္မွာရွိတဲ့ Newmont Goldcorp ေရႊထုတ္လုပ္ေရးလုပ္ငန္းဟာဆိုရင္ နိုင္ငံရဲ့ပမာဏအလြန္မ်ားတဲ့ေရႊတန္ခ်ိန္ေတြကို ထုတ္လုပ္ေပးလ်က္ရွိေနပါတယ္။

(၃) ရုရွား (၂၈၁.၅တန္)

ဥေရာပတိုက္ရဲ့ေရႊထုတ္လုပ္မႈပမာဏရဲ့ (၈၃)ရာခိုင္နႈန္းေလာက္က ရုရွားနိုင္ငံကျဖစ္ျပီး (၂၀၁၀)ကေနစတင္ျပီး တစ္နွစ္ထက္တစ္နွစ္ေရႊတန္ခ်ိန္ပမာဏ ပိုမိုမ်ားျပားေအာင္ ထုတ္လုပ္လာတဲ့နိုင္ငံလည္းျဖစ္ပါတယ္။ စက္မႈလုပ္ငန္းထုတ္လုပ္မႈပမာဏကို တိုးျမွင့္ တည္ေဆာက္ဖို႔ရည္ရြယ္ထားတဲ့ ရုရွားေခါင္းေဆာင္ေတြရဲ့ရည္မွန္းခ်က္ေတြေနာက္မွာ ေတာ့ရုရွားေတြဟာ ေရႊအပါအဝင္သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြဘက္ကို ပိုမိုအာရံုစိုက္ခဲ့ၾကပါတယ္။

(၂၀၁၈)ခုနွစ္မွာဆိုရင္ (၂၀၁၇)ခုနွစ္ကထက္(၁၁)တန္ေလာက္ပိုမိုမ်ားျပားတဲ့ ပမာဏျဖစ္တဲ့ (၂၈၁.၅)တန္အထိ တိုးျမွင့္ထုတ္လုပ္နိုင္ခဲ့ပါတယ္။ ဒီေနရာမွာ စိတ္၀င္စားစရာအခ်က္ကေတာ့ ရုရွားနိုင္ငံရဲ့ထြက္ရွိတဲ့ေရႊ(၃)ပံု(၂)ပံုကို အဓိကဝယ္ယူသူဟာ ရုရွားအစိုးရအဖြဲ႔ျဖစ္တယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။

(၂) ၾသစေတးလ် (၃၁၂.၂ တန္)


အာရွအသိုင္းအဝိုင္းတြင္းက နိုင္ငံအျဖစ္ခံယူထားတဲ့ သမုဒၵရာပိုင္းေဒသက ၾသစေတးလ် နိုင္ငံဟာ ေနာက္ဆံုး(၆)နွစ္ဆက္တိုက္ ေရႊထုတ္လုပ္မႈလုပ္ငန္းေတြမွာ တက္ရိပ္ျပခဲ့ျပီး (၂၀၁၈)မွာဆိုရင္လည္း ေရႊတန္ခ်ိန္(၃၁၂.၂)တန္နဲ႔ (၂၀၁၇)နွစ္ထက္ (၆)ရာခိုင္နႈန္းအထိတိုးျမွင့္ထုတ္လုပ္နိုင္ခဲ့ပါ တယ္။ Gold Fields Mineral Services (GFMS)ရဲ့(၂၀၁၇)စစ္တမ္းေတြအရဆိုရင္ ၾသစေတးလ်နိုင္ငံရဲ့ Newcreat’s Cadia Hill ေရႊတူးေဖာ္ေရးမိႈင္းကတစ္နွစ္ကို ေရႊတန္ခ်ိန္ (၂၃)တန္နဲ႔နိုင္ငံရဲ့ ေရႊထုတ္လုပ္မႈ(၃၈)ရာခိုင္နႈန္းေလာက္ကို ထုတ္လုပ္ေပးေနတယ္လို႔ သိရပါတယ္။

ဒါအျပင္ AngloGpld Ashanti က (၁၂)ရာခိုင္နႈန္း၊ Kikland lake ေရႊတူးေဖာ္ေရးလုပ္ငန္းက (၂၁)ရာခိုင္နႈန္းအထိ ၾသစေတးလ်နိုင္ငံရဲ့ေရႊထုတ္လုပ္ မႈလုပ္ငန္းကို အမ်ားဆံုးေနရာ ေတြကေနအက်ိဳးျပဳေနတယ္လို႔သိရပါတယ္။ ၾသစေတးလ်နိုင္ငံရဲ့ ပို႔ကုန္ တစ္ဝက္နီးပါးဟာ တြင္းထြက္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းေတြျဖစ္ျပီး ယင္းလုပ္ငန္းေတြကေန နိုင္ငံရဲ့ GDP (၈)ရာခိုင္နႈန္းေလာက္အထိ အက်ိဳးအျမတ္ရရွိေန တာျဖစ္ပါတယ္။

(၁) တရုတ္ (၃၉၉.၇တန္)


နံပါတ္(၁)ေနရာမွာရွိေနတာကေတာ့ ကမာ႔ၻစီးပြားေရးထိပ္တန္းနိုင္ငံအျဖစ္ ရပ္တည္ေနတဲ့ တရုတ္နိုင္ငံျဖစ္ျပီး တစ္နွစ္ကို ေရႊတန္ခ်ိန္(၃၉၉.၇)တန္အထိထုတ္လုပ္ေနပါတယ္။ ဒီႏႈန္းထားဟာ ကမာၻ႔ေရႊထုတ္လုပ္မႈလုပ္ငန္းအားလံုးရဲ့(၁၂)ရာခိုင္နႈန္းအထိရွိေနတာ ျဖစ္ေပမဲ့ (၂၀၁၇)နွစ္ကနဲ႔ နိႈင္းယွဥ္မယ္ဆိုရင္ေတာ့(၆)ရာခိုင္နႈနး္ေလာက္ က်ဆင္းသြားတာကို ေတြ႔ရပါတယ္။

ဒါေၾကာင့္ ေနာက္ဆံုးေလးနွစ္ ဆက္တိုက္ တစ္နွစ္ထက္တစ္နွစ္ပိုမို ထုတ္လုပ္တယ္ဆိုတဲ့ တရုတ္နိုင္ငံေရႊထုတ္လုပ္မႈစံခ်ိန္ကို က်ိဳးပ်က္ခဲ့ရျပီး အေၾကာင္း ကေတာ့ ေနာက္ပိုင္းမွာခ်မွတ္လာတဲ့ တရုတ္အစိုးရရဲ့ သဘာဝပတ္ဝန္းက်င္နဲ႔ သယံဇာတစ ထိန္းသိမ္းေရး လုပ္ငန္းေတြေၾကာင့္ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ဆိုရင္ ေရႊတူးေဖာ္ေရးမိႈင္းတြင္းေတြမွာထြက္ရွိတဲ့ Cyanide အဆိပ္ဓာတ္ေတြနဲ႔ပတ္သက္ျပီး တင္းက်ပ္တဲ့ ဥပေဒေတြ ျပဌာန္းစိစစ္လာတာျဖစ္ပါတယ္။

Tags: countriesworld knowledge
Next Post

ကမ္ဘာတလွှား တိရစ္ဆာန်ကျွန်း ၉ ကျွန်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!