• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က သက်တမ်းအနုဆုံး နိုင်ငံ ၁၀ နိုင်ငံ

by Thutamm
October 3, 2019
Reading Time: 2min read
0
ကမ္ဘာပေါ်က သက်တမ်းအနုဆုံး နိုင်ငံ ၁၀ နိုင်ငံ
Share on FacebookShare on Twitter

(Unicode)

ရှေးနှစ်ပေါင်းများစွာကတော့ကမ္ဘာပေါ်မှာ နေမဝင်အင်ပါယာကိုထူထောင်တဲ့ အင်္ဂလိပ် တွေ၊ပေါ်တူဂီ၊ဒတ်ချ်နဲ့ စပိန် တွေဟာ ရေကြောင်းလမ်းကိုအသုံးပြုပြီး ကမ္ဘာနေရာအနှံ့ ကိုသွားရောက်ကာ နိုင်ငံဒေသများစွာကို ကိုလိုနီပြုအုပ်ချုပ်ခဲ့ကြပါတယ်။ ကိုလိုနီပြုခြင်း အားဖြင့်အထက်ပါနိုင်ငံတွေဟာ အကျိုးအမြတ်များစွာရရှိတဲ့အပြင် နောက်ဆုံးအနေနဲ့ ယင်းတို့နဲ့သက်ဆိုင်တဲ့ ပထမကမ္ဘာစစ် ၊ဒုတိယကမ္ဘာစစ်ပွဲတွေအထိတောင် သက်ဆိုင်ရာကိုလိုနီနိုင်ငံက စစ်သည်တွေက ဝင်ရောက်တိုက်ခိုက်ပေးခဲ့ရပါတယ်။

တဖြည်းဖြည်း ဉာဏ်သစ်အရေးတော်ပုံများစွာကို ဖြတ်သန်းလာချိန်မှာတော့ ကိုလိုနီ ပြုခြင်းခံထားရတဲ့ ကမ္ဘာနိုင်ငံများစွာထဲကမှ လူထုခေါင်းဆောင်တွေအသီးသီးပေါ်ပေါက် လာကြကာ ကိုလိုနီဆိုးမွေအောက်ကရုန်းထွက်ပြီး တရားဝင်အချုပ်အခြာအာဏာနိုင်ငံ ဖြစ်ဖို့တောင်းဆိုလာကြပါတော့တယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် (၁၉၄၅) နောက်ပိုင်းမှာတော့ အာရှ၊အာဖရိကနဲ့တောင်အမေရိကတိုက်ကနိုင်ငံတော်တော်များများဟာ ကိုလိုနီလက်အောက်ကနေရုန်းထွက်ပြီးသီးခြားနိုင်ငံတည်ထောင်ခဲ့ကြတာ ဆိုရင် ယခုအချိန်မှာတော့ ကာလများစွာကြာမြင့်ခဲ့ပါပြီ။

ဒါကြောင့်ကမ္ဘာနိုင်ငံအများစုရဲ့ နိုင်ငံအဖြစ်တည်ထောင်တဲ့သက်တမ်းဟာ နှစ်များစွာကြာမြင့်ခဲ့ပြီလို့ဆိုရပါမယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ဖော်ပြပါနိုင်ငံတွေမဟုတ်ပဲ ယင်းနိုင်ငံတွေနဲ့ဆန့် ကျင်ဘက် သက်တမ်းနုတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာပါဝင်တဲ့ နိုင်ငံအများစုကတော့ လူမျိုးရေး၊နိုင်ငံရေး၊ကိုးကွယ်ယုံကြည်မှုတွေနဲ့ စပ်လျဉ်းပြီး အတူတကွ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့မဖြစ်တာကြောင့် ဒီမိုကရေစီနည်းလမ်းကျကျ လူထူဆန္ဒခံယူပွဲပြုလုပ်ကာ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ကြတာကိုတွေ့ရပါတယ်။

(၁၀) Bosnia and Herzegovina (၁၉၉၂)

ယခင်က ဖက်ဒရယ်ပြည်နယ်(၆)ခုနဲ့ဖွဲ့စည်းထားတဲ့ ယူဂိုဆလားဗီးယားပြည်ထောင်စု အဖွဲ့ဝင်ဖြစ်တဲ့ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားနိုင်ငံဟာ (၁၉၉၂)ခုနှစ်ယူဂိုဆလပ်စစ်ပွဲပြီး ဆုံးချိန်မှာတော့ သီးခြားခွဲထွက်နိုင်ငံအဖြစ်လွတ်လပ်ရေးရခဲ့ပါတယ်။ နိုင်ငံတွင်းကျင်းပခဲ့တဲ့(၁၉၉၀)ပါလီမန်ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ဘော့စနီးယားနဲ့ဟာဇီဂိုးဗီးနားနိုင်ငံ ရဲ့အဓိကလူမျိုးစု(၃)ခုဖြစ်တဲ့ ဆာ့တွေကယူဂိုဆလားဗီးယားကနေခွဲထွက်လိုခြင်းမရှိပဲ ကျန် ဘော့စနီးယားနဲ့ ခရိုအက်မျိုးနွယ်စုတွေက ခွဲထွက်လိုပါတယ်။

ဒါကြောင့် မြို့တော် Sarajevo မှာကျင်းပတဲ့ပါလီမန်မှာ ဆာ့တွေကနှုတ်ထွက်လိုက်ပြီး ကိုယ်ပိုင် ကောင်စီတစ်ခုတည်ထောင်ကာ Serbian Republic of Bosnia and Herzegovina အမည်နဲ့ နိုင်ငံတစ်ခုအတွင်းမှာပဲ နယ်ပယ်လိုက်အစိုးရ(၂)ရပ်အနေအထားနဲ့ အုပ်ချုပ် ခဲ့ပါတယ်။

နောက်ပိုင်းမှာပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲတွေ၊စစ်ပွဲတွေနဲ့အတူ Bosnia and Herzegovina ကိုအချုပ်အခြာပိုင်နိုင်ငံအဖြစ် တရားဝင်ကြေငြာခဲ့ပြီး ကမ္ဘာကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ ထူးခြားချက်ကတော့လက်ရှိအချိန်ထိ Bosnia and Herzegovina နိုင်ငံက ဘရော့ခရိုင်ဆိုတဲ့သီးခြားအုပ်ချုပ်တဲ့ Republika Srpska ဆာ့ပ်စ်ကာ သမ္မတနိုင်ငံအုပ်ချုပ်ရေးအဖွဲ့နဲ့ Federation of Bosnia and Herzegovina ဆိုပြီးပူးတွဲအုပ်ချုပ်မှုတွေရှိဆဲဖြစ်ပါတယ်။

(၉) ချက် (၁၉၉၃)

(၈)ဆလိုဗက်ကီးယား (၁၉၉၃)

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီက ချက်ကိုစလိုဗက်ကီးယားနိုင်ငံကိုဝင်ရောက် သိမ်းပိုက်ခြင်းလိုက်ပြီးတစ်ဖန် ကွန်မြူနစ်ဝါဒကိုင်ဆွဲထားတဲ့ရုရှားတပ်နီကနေ ပြန်လည်သိမ်းယူတဲ့နိုင်ငံရေးဖြစ်စဉ်တွေနောက်မှာတော့ ချက်ကိုဆလိုဗက်ကီးယားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လာပါတယ်။ (၁၉၆၈)ခုနှစ်မှာတော့ ကွန်မြူနစ်ကိုဆန့်ကျင်တဲ့ Prague Spring အရေးအခင်းပေါ်ပေါက်လာပြီး ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။

(၁၉၈၉)ခုနှစ်က ကတ္တီပါတော်လှန်ရေး (Velvet Revolution) ဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်စနစ်ချုပ်ငြိမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံအတွင်း မှာပဲ အထက်ဖော်ပြခဲ့တဲ့ပရိပက္ခဖြစ်စဉ်တွေမှာ ပါတီစွဲ၊အယူစွဲနဲ့သဘောထား မကိုက်ညီမှုတွေရှိနေတာကြောင့် (၁၉၉၃)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံ(၂)နိုင်ငံအဖြစ်အသီးသီး ကြေငြာခဲ့ပါတယ်။

(၇) Eritrea (၁၉၉၃)

အာဖရိကဦးချိုဒေသက သေးငယ်တဲ့အာဖရိကနိုင်ငံလေး Eritrea ဟာ သူတို့ရဲ့ လွတ်လပ်ရေးကိုတော့ Eritrean လွတ်မြောက်ရေးတပ်တွေနဲ့ အီသီယိုပီးယား တပ်ဖွဲ့ ဝင်တွေ ဖြစ်ပွားခဲ့တဲ့ အနှစ်(၃၀)ကြာ ပြည်တွင်းစစ်အပြီး မှာရရှိခဲ့ပါတယ်။ လွတ်မြောက်ရေးတပ်ဖွဲ့တွေဟာ အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော် ကိုချဉ်းနင်းဝင်ရောက် လာချိန်မှာတော့ ကုလသမဂ္ဂရဲ့ဦးဆောင်မှုနဲ့ Eritrea နိုင်ငံအီသီယိုးပီးယားကနေခွဲထွက် ခွင့်အတွက် ဆန္ဒခံယူပွဲကို Eritrea ဒေသမှာကျင်းပခဲ့ပါတယ်။

Eritreaတွေကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက်ထောက်ခံမဲပေးခဲ့ကြပြီး လွတ်မြောက်ရေးတပ်တွေထံ အာဏာအပ်ခဲ့ရပါတယ်။ ဒါပေမဲ့ လွတ်မြောက်ရေးတပ်တွေကတော့ ရွေးကောက်ပွဲ ပြန် လည်မကျင်းပတော့ပဲ ယခုတိုင်အာဏာကိုစွဲကိုင်အုပ်ချုပ်လျက်ရှိနေပါတယ်။

(၆) Palau (၁၉၉၄)

အနောက်ပစိဖိတ်ဒေသတွင်းက ကျွန်းနိုင်ငံလေး Palau ရဲ့နိုင်ငံဖြစ်တည်မှုသက်တမ်း ဟာလည်း အလွန်ငယ်တာကြောင့် ဒီစာရင်းမှာပါဝင်လာခဲ့ပါတယ်။ (၁၉၉၀)ခုနှစ်မှာ နောက်ပိုင်းမှာတော့ Palau ပြည်သူတွေဟာ Micronesia ကနေခွဲထွက်ဖို့အတွက်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ပြည်သူဆန္ဒသဘောထားခံယူကာခွဲထွက်ခွင့်ရခဲ့ပြီး Palau ရဲ့လွတ်လပ်ရေးကိုတော့ (၁၉၉၄)ခုနှစ်က ရရှိခဲ့ပါတယ်။

(၅) East Timor (၂၀၀၂)

(၂၁)ရာစုရဲ့ပထမဆုံးအချုပ်အခြာအာဏာပိုင်ဆိုင်တဲ့နိုင်ငံကတော့ အရှေတောင်အာရှ အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ တီမောနိုင်ငံဖြစ်ပါတယ်။ အရှေတီမောနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒ ရာတွင်းကကျွန်းနိုင်ငံလေးဖြစ်ပြီး အင်ဒိုနီးရှားထံကနေခွဲထွက်ပြီးနိုင်ငံတည်ထောင်ခွင့် ရခဲ့ပါတယ်။ ယင်းမတိုင်မီကာလတွေကဆိုရင် အင်ဒိုနီးရှားအစိုးရဟာ တီမောနိုင်ငံသား တွေအပေါ် ရက်ရက်စက်စက်ကိုင်တွယ်ခဲ့ပြီး (၁၉၇၅)ခုနှစ်က ပေါ်တူဂီနိုင်ငံလက်ထဲ ကနေ အင်ဒိုစစ်တပ်ကသိမ်းသွင်းစဉ်က တီမောနိုင်ငံသား (၁၈၀၀၀၀)လောက်သေဆုံး ခဲ့ရပါတယ်။

ယင်းနောက်မှာတော့ တီမောလွတ်မြောက်ရေးတပ်တွေနဲ့ အင်ဒိုစစ်တပ် အကြား စစ်ပွဲများစွာဖြစ်နေခဲ့ပြီး (၁၉၉၉)ခုနှစ် ကမ္ဘာကုလသမဂ္ဂရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့်ဥပဒေအရ အင်ဒိုနီးရှားဟာ တီမောနယ်မြေကိုလက်လွတ်ခဲ့ရပါတယ်။ အရှေတီမော နိုင်ငံတွင်းမှာလည်း အင်ဒိုကခွဲထွက်ဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့ကာ ခွဲထွက်ဖို့တစ်ခဲနက် ဆန္ဒပြုခဲ့တာကြောင့် (၂၀၀၂)ခုနှစ်၊မေလ(၂၀)ရက်နေ့မှာ အရှေတီမောဟာလွတ်လပ်တဲ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။

(၄) Serbia (၂၀၀၆)

(၅) Montenegro (၂၀၀၆)

အရှေဥရောပမှာရှိတဲ့ အဲဒီ Balkan နိုင်ငံငယ်လေး(၂)နိုင်ငံဟာ (၁၉၉၁)ခုနှစ်က ယူကိုဆလားဗီးယားပြည်ထောင်စုကနေ ခွဲထွက်ပြီး (၁၅)နှစ်လောက်အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်ရှိနေပြီး (၂၀၀၆)ကမ္ဘာဖလားကိုတောင် ဆားဘီးယားနဲ့မွန်တီနီဂရိုးဆိုတဲ့အမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါသေးတယ်။

(၂၀၀၃)ခုနှစ်မှာတော့ နိုင်ငံတွင်းလူမျိုးရေး၊နယ်ပယ်ရေးနဲ့နိုင်ငံအမည်ပြောင်းလဲရေးကိစ္စတွေမှာ သဘောထား ကွဲလွဲခဲ့သလို ပြည်တွင်းစစ်မက်တွေဖြစ်ပွားခဲ့တာကြောင့် မွန်တီနီဂရိုးဘက်ခြမ်းကနေ စတင်ပြီး ဆားဘီးယားနဲ့ခွဲထွက်ရေးလူထုဆန္ဒခံယူပွဲတွေကျင်းပခဲ့ပါတယ်။ ရလဒ်ကတော့ မွန်တီနီဂရိုးပြည်သူ (၅၅)ရာခိုင်နှုန်းက ခွဲထွက်ဖို့ဆန္ဒပြုခဲ့တာကြောင့် (၂၀၀၆) ခုနှစ်၊ဇွန်လမှာ မွန်တီနီဂရိုးဟာလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ယင်းနောက်မှာတော့ ဆားဘီးယားကလည်း သီးသန့်နိုင်ငံတစ်ခုဖြစ်ကြောင်း ကမ္ဘာကို ကြေငြာခဲ့ပါတယ်။ ဒါကြောင့်ယင်းနိုင်ငံ(၂)ခုလုံးရဲ့သက်တမ်းဟာ (၁၃)နှစ်သာရှိတာ ကြောင့် ကမ္ဘာပေါ်ကသက်တမ်းအနုဆုံးနိုင်ငံစာရင်းမှာပါဝင်လာတာဖြစ်ပါတယ်။

(၂) Kosovo (၂၀၀၈)

သေးငယ်တဲ့ ဘော်ကန်နိုင်ငံလေးဟာ (၂၀၀၈)ခုနှစ်၊ဖေဖော်ဝါရီမှာ လူမျိုးရေး၊ဘာသာရေး အပါအဝင် ပြသာနာပေါင်း များစွာနဲ့ ဆားဘီးယားကနေခွဲထွက်ခဲ့တာကြောင့် သက်တမ်းနုတဲ့ နိုင်ငံစာရင်းမှာပါဝင် လာခဲ့ပါတယ်။ Kosovoစစ်ပွဲဖြစ်ပွားနေတဲ့ (၁၉၉၀)ကာလတွေမှာ အမေရိကန်က ခွဲထွက်ရေးသမားတွေဘက်ကနေ လေကြောင်းကဝင်ရောက်တိုက်ခိုက်မှုတွေရှိခဲ့ပြီး Kosovoရဲ့လွတ်လပ်ရေးကို ရုရှား နဲ့ဆားဘီးယားက အသိအမှတ်မပြုခဲ့ကြပါဘူး။

(၂၀၀၆) ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီက ကိုဆိုဗိုအရေးအတွက် ပထမဆုံးသော(၂)ဘက်တွေ့ဆုံ မှုတွေပြုလုပ်ခဲ့ပြီး ခွဲထွက်ရေးသမားတွေ ဘက်ကသာရပ်တည်ခဲ့ပါတယ်။ ယင်းနောက်အမေရိကန်နဲ့သူရဲ့ဥရောပမဟာမိတ်နိုင်ငံတွေအပြင် ကမ္ဘာကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ(၁၁၁)နိုင်ငံရဲ့ ထောက်ခံမှုနဲ့အတူ (၂၀၀၈)ခုနှစ်မှာတော့ Kosovo ဆိုတဲ့ အချုပ် ပခြာအာဏာပိုင်နိုင်ငံတစ်ခုဟာ ဆားဘီးယားကနေအောင်မြင်စွာခွဲထွက်နိုင်ခဲ့ပါတယ်။

(၁) South Sudan (၂၀၁၁)

ကမ္ဘာပေါ်က သက်တမ်းအနုဆုံးနိုင်ငံဆိုရင်တော့ အာဖရိကတိုက်က တောင်ဆူဒန်နိုင်ငံ ကိုပဲရည်ညွှန်းရမှာဖြစ်ပါတယ်။ ဆူဒန်နိုင်ငံကနေ ခွဲထွက်ရတဲ့အကြောင်းအရင်းကတော့ ဘာသာရေး၊လူမျိုးရေးပရိပက္ခတွေကြောင့်လို့ဆိုရပါမယ်။ ဆူဒန်ကနေမခွဲထွက်ခင်က တောင်ဆူဒန်ပိုင်းဟာ ခရစ်ယာန်ဘာသာသက်ဝင်ယုံကြည်သူတွေဖြစ်ပြီး မြောက်ပိုင်း ကတော့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။

ဆူဒန်နိုင်ငံကတော့ လွတ်လပ်စွာကိုး ကွယ်ခွင့်တွေပေးထားပေမဲ့ ဘာသာရေးဆိုင်ရာပြသာနာတွေကြောင့် လူမျိုးတုံးသတ် ဖြတ်မှုတွေ၊ ပြည်တွင်းစစ်တွေအထိတောင်ဖြစ်ပေါ်လာတာကြောင့် ဆူဒန်အစိုးရရဲ့ ငြိမ်း ချမ်းစွာယှဉ်တွဲနေထိုင်ရေးစီမံကိန်းဟာ ပျက်စီးခဲ့ပါတယ်။

(၂၀၁၁)ခုနှစ်မှာတော့ ခရစ်ယာန်အများစုနေထိုင်ရာ တောင်ဆူဒန်နိုင်ငံသားတွေက ခွဲထွက်ရေးအတွက် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရာ (၉၉)ရာခိုင်နှုန်းက တောင်ဆူဒန်နိုင်ငံအဖြစ်ခွဲထွက်ရန် ထောက်ခံခဲ့ကြပါတယ်။ (၂၀၁၁)ခုနှစ်၊ဂျူလိုင်(၉)ရက်နေ့မှာတော့ တောင်ဆူဒန်နိုင်ငံ ဟာ အချုပ်အခြာအာဏာပိုင်သီးသန့်နိုင်ငံဖြစ်ကြောင်းတရားဝင်ကြေငြာခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ တောင်ဆူဒန်နိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ၊စစ်ပွဲ တွေဟာ ယနေ့ထိတိုင်ရပ်နားသွားခြင်းတော့မရှိသေးပါဘူး။

(Zawgyi)

ကမာၻေပၚက သက္တမ္းအႏုဆုံး ႏိုင္ငံ ၁၀ ႏိုင္ငံ

ေရွးႏွစ္ေပါင္းမ်ားစြာကေတာ့ကမာၻေပၚမွာ ေနမဝင္အင္ပါယာကိုထူေထာင္တဲ့ အဂၤလိပ္ ေတြ၊ေပၚတူဂီ၊ဒတ္ခ်္နဲ႔ စပိန္ ေတြဟာ ေရေၾကာင္းလမ္းကိုအသုံးျပဳၿပီး ကမာၻေနရာအႏွံ႔ ကိုသြားေရာက္ကာ ႏိုင္ငံေဒသမ်ားစြာကို ကိုလိုနီျပဳအုပ္ခ်ဳပ္ခဲ့ၾကပါတယ္။ ကိုလိုနီျပဳျခင္း အားျဖင့္အထက္ပါႏိုင္ငံေတြဟာ အက်ိဳးအျမတ္မ်ားစြာရရွိတဲ့အျပင္ ေနာက္ဆုံးအေနနဲ႔ ယင္းတို႔နဲ႔သက္ဆိုင္တဲ့ ပထမကမာၻစစ္ ၊ဒုတိယကမာၻစစ္ပြဲေတြအထိေတာင္ သက္ဆိုင္ရာကိုလိုနီႏိုင္ငံက စစ္သည္ေတြက ဝင္ေရာက္တိုက္ခိုက္ေပးခဲ့ရပါတယ္။

တျဖည္းျဖည္း ဉာဏ္သစ္အေရးေတာ္ပုံမ်ားစြာကို ျဖတ္သန္းလာခ်ိန္မွာေတာ့ ကိုလိုနီ ျပဳျခင္းခံထားရတဲ့ ကမာၻႏိုင္ငံမ်ားစြာထဲကမွ လူထုေခါင္းေဆာင္ေတြအသီးသီးေပၚေပါက္ လာၾကကာ ကိုလိုနီဆိုးေမြေအာက္က႐ုန္းထြက္ၿပီး တရားဝင္အခ်ဳပ္အျခာအာဏာႏိုင္ငံ ျဖစ္ဖို႔ေတာင္းဆိုလာၾကပါေတာ့တယ္။ အထူးသျဖင့္ ဒုတိယကမာၻစစ္ၿပီးဆုံးခ်ိန္ (၁၉၄၅) ေနာက္ပိုင္းမွာေတာ့ အာရွ၊အာဖရိကနဲ႔ေတာင္အေမရိကတိုက္ကႏိုင္ငံေတာ္ေတာ္မ်ားမ်ားဟာ ကိုလိုနီလက္ေအာက္ကေန႐ုန္းထြက္ၿပီးသီးျခားႏိုင္ငံတည္ေထာင္ခဲ့ၾကတာ ဆိုရင္ ယခုအခ်ိန္မွာေတာ့ ကာလမ်ားစြာၾကာျမင့္ခဲ့ပါၿပီ။

ဒါေၾကာင့္ကမာၻႏိုင္ငံအမ်ားစုရဲ႕ ႏိုင္ငံအျဖစ္တည္ေထာင္တဲ့သက္တမ္းဟာ ႏွစ္မ်ားစြာၾကာျမင့္ခဲ့ၿပီလို႔ဆိုရပါမယ္။ ဒီေနရာမွာမွ်ေဝေပးခ်င္တာကေတာ့ ေဖာ္ျပပါႏိုင္ငံေတြမဟုတ္ပဲ ယင္းႏိုင္ငံေတြနဲ႔ဆန႔္ က်င္ဘက္ သက္တမ္းႏုတဲ့ႏိုင္ငံေတြအေၾကာင္းပဲျဖစ္ပါတယ္။ ဒီစာရင္းမွာပါဝင္တဲ့ ႏိုင္ငံအမ်ားစုကေတာ့ လူမ်ိဳးေရး၊ႏိုင္ငံေရး၊ကိုးကြယ္ယုံၾကည္မႈေတြနဲ႔ စပ္လ်ဥ္းၿပီး အတူတကြ ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္ဖို႔မျဖစ္တာေၾကာင့္ ဒီမိုကေရစီနည္းလမ္းက်က် လူထူဆႏၵခံယူပြဲျပဳလုပ္ကာ သီးျခားႏိုင္ငံအျဖစ္ ခြဲထြက္ၾကတာကိုေတြ႕ရပါတယ္။

(၁၀) Bosnia and Herzegovina (၁၉၉၂)

ယခင္က ဖက္ဒရယ္ျပည္နယ္(၆)ခုနဲ႔ဖြဲ႕စည္းထားတဲ့ ယူဂိုဆလားဗီးယားျပည္ေထာင္စု အဖြဲ႕ဝင္ျဖစ္တဲ့ ေဘာ့စနီးယားနဲ႔ ဟာဇီဂိုးဗီးနားႏိုင္ငံဟာ (၁၉၉၂)ခုႏွစ္ယူဂိုဆလပ္စစ္ပြဲၿပီး ဆုံးခ်ိန္မွာေတာ့ သီးျခားခြဲထြက္ႏိုင္ငံအျဖစ္လြတ္လပ္ေရးရခဲ့ပါတယ္။ ႏိုင္ငံတြင္းက်င္းပခဲ့တဲ့(၁၉၉၀)ပါလီမန္ေ႐ြးေကာက္ပြဲ ၿပီးခ်ိန္မွာေတာ့ ေဘာ့စနီးယားနဲ႔ဟာဇီဂိုးဗီးနားႏိုင္ငံ ရဲ႕အဓိကလူမ်ိဳးစု(၃)ခုျဖစ္တဲ့ ဆာ့ေတြကယူဂိုဆလားဗီးယားကေနခြဲထြက္လိုျခင္းမရွိပဲ က်န္ ေဘာ့စနီးယားနဲ႔ ခ႐ိုအက္မ်ိဳးႏြယ္စုေတြက ခြဲထြက္လိုပါတယ္။

ဒါေၾကာင့္ ၿမိဳ႕ေတာ္ Sarajevo မွာက်င္းပတဲ့ပါလီမန္မွာ ဆာ့ေတြကႏႈတ္ထြက္လိုက္ၿပီး ကိုယ္ပိုင္ ေကာင္စီတစ္ခုတည္ေထာင္ကာ Serbian Republic of Bosnia and Herzegovina အမည္နဲ႔ ႏိုင္ငံတစ္ခုအတြင္းမွာပဲ နယ္ပယ္လိုက္အစိုးရ(၂)ရပ္အေနအထားနဲ႔ အုပ္ခ်ဳပ္ ခဲ့ပါတယ္။

ေနာက္ပိုင္းမွာျပည္လုံးကြၽတ္လူထုဆႏၵခံယူပြဲေတြ၊စစ္ပြဲေတြနဲ႔အတူ Bosnia and Herzegovina ကိုအခ်ဳပ္အျခာပိုင္ႏိုင္ငံအျဖစ္ တရားဝင္ေၾကျငာခဲ့ၿပီး ကမာၻကုလသမဂၢရဲ႕အဖြဲ႕ဝင္ႏိုင္ငံလည္း ျဖစ္လာခဲ့ပါတယ္။ ထူးျခားခ်က္ကေတာ့လက္ရွိအခ်ိန္ထိ Bosnia and Herzegovina ႏိုင္ငံက ဘေရာ့ခ႐ိုင္ဆိုတဲ့သီးျခားအုပ္ခ်ဳပ္တဲ့ Republika Srpska ဆာ့ပ္စ္ကာ သမၼတႏိုင္ငံအုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ Federation of Bosnia and Herzegovina ဆိုၿပီးပူးတြဲအုပ္ခ်ဳပ္မႈေတြရွိဆဲျဖစ္ပါတယ္။

(၉) ခ်က္ (၁၉၉၃)

(၈)ဆလိုဗက္ကီးယား (၁၉၉၃)

ဒုတိယကမာၻစစ္အတြင္းက နာဇီဂ်ာမနီက ခ်က္ကိုစလိုဗက္ကီးယားႏိုင္ငံကိုဝင္ေရာက္ သိမ္းပိုက္ျခင္းလိုက္ၿပီးတစ္ဖန္ ကြန္ျမဴနစ္ဝါဒကိုင္ဆြဲထားတဲ့႐ုရွားတပ္နီကေန ျပန္လည္သိမ္းယူတဲ့ႏိုင္ငံေရးျဖစ္စဥ္ေတြေနာက္မွာေတာ့ ခ်က္ကိုဆလိုဗက္ကီးယားဟာ ကြန္ျမဴနစ္ႏိုင္ငံျဖစ္လာပါတယ္။ (၁၉၆၈)ခုႏွစ္မွာေတာ့ ကြန္ျမဴနစ္ကိုဆန႔္က်င္တဲ့ Prague Spring အေရးအခင္းေပၚေပါက္လာၿပီး ဝါေဆာစာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ သိမ္းပိုက္ျခင္းကိုခံခဲ့ရပါတယ္။

(၁၉၈၉)ခုႏွစ္က ကတၱီပါေတာ္လွန္ေရး (Velvet Revolution) ျဖစ္ပြားခဲ့ၿပီး ကြန္ျမဴနစ္စနစ္ခ်ဳပ္ၿငိမ္းသြားခဲ့ပါတယ္။ ဒါေပမဲ့ ခ်က္ကိုဆလိုဗက္ကီးယားႏိုင္ငံအတြင္း မွာပဲ အထက္ေဖာ္ျပခဲ့တဲ့ပရိပကၡျဖစ္စဥ္ေတြမွာ ပါတီစြဲ၊အယူစြဲနဲ႔သေဘာထား မကိုက္ညီမႈေတြရွိေနတာေၾကာင့္ (၁၉၉၃)ခုႏွစ္ ဇန္နဝါရီလ(၁)ရက္ေန႔မွာ သီးျခားလြတ္လပ္တဲ့ ႏိုင္ငံ(၂)ႏိုင္ငံအျဖစ္အသီးသီး ေၾကျငာခဲ့ပါတယ္။

(၇) Eritrea (၁၉၉၃)

အာဖရိကဦးခ်ိဳေဒသက ေသးငယ္တဲ့အာဖရိကႏိုင္ငံေလး Eritrea ဟာ သူတို႔ရဲ႕ လြတ္လပ္ေရးကိုေတာ့ Eritrean လြတ္ေျမာက္ေရးတပ္ေတြနဲ႔ အီသီယိုပီးယား တပ္ဖြဲ႕ ဝင္ေတြ ျဖစ္ပြားခဲ့တဲ့ အႏွစ္(၃၀)ၾကာ ျပည္တြင္းစစ္အၿပီး မွာရရွိခဲ့ပါတယ္။ လြတ္ေျမာက္ေရးတပ္ဖြဲ႕ေတြဟာ အီသီယိုးပီးယားႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ကိုခ်ဥ္းနင္းဝင္ေရာက္ လာခ်ိန္မွာေတာ့ ကုလသမဂၢရဲ႕ဦးေဆာင္မႈနဲ႔ Eritrea ႏိုင္ငံအီသီယိုးပီးယားကေနခြဲထြက္ ခြင့္အတြက္ ဆႏၵခံယူပြဲကို Eritrea ေဒသမွာက်င္းပခဲ့ပါတယ္။

Eritreaေတြကေတာ့ ကိုယ္ပိုင္လြတ္လပ္ခြင့္အတြက္ေထာက္ခံမဲေပးခဲ့ၾကၿပီး လြတ္ေျမာက္ေရးတပ္ေတြထံ အာဏာအပ္ခဲ့ရပါတယ္။ ဒါေပမဲ့ လြတ္ေျမာက္ေရးတပ္ေတြကေတာ့ ေ႐ြးေကာက္ပြဲ ျပန္ လည္မက်င္းပေတာ့ပဲ ယခုတိုင္အာဏာကိုစြဲကိုင္အုပ္ခ်ဳပ္လ်က္ရွိေနပါတယ္။

(၆) Palau (၁၉၉၄)

အေနာက္ပစိဖိတ္ေဒသတြင္းက ကြၽန္းႏိုင္ငံေလး Palau ရဲ႕ႏိုင္ငံျဖစ္တည္မႈသက္တမ္း ဟာလည္း အလြန္ငယ္တာေၾကာင့္ ဒီစာရင္းမွာပါဝင္လာခဲ့ပါတယ္။ (၁၉၉၀)ခုႏွစ္မွာ ေနာက္ပိုင္းမွာေတာ့ Palau ျပည္သူေတြဟာ Micronesia ကေနခြဲထြက္ဖို႔အတြက္ဖို႔ ႀကိဳးစားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ျပည္သူဆႏၵသေဘာထားခံယူကာခြဲထြက္ခြင့္ရခဲ့ၿပီး Palau ရဲ႕လြတ္လပ္ေရးကိုေတာ့ (၁၉၉၄)ခုႏွစ္က ရရွိခဲ့ပါတယ္။

(၅) East Timor (၂၀၀၂)

(၂၁)ရာစုရဲ႕ပထမဆုံးအခ်ဳပ္အျခာအာဏာပိုင္ဆိုင္တဲ့ႏိုင္ငံကေတာ့ အေရွေတာင္အာရွ အဖြဲ႕ဝင္ႏိုင္ငံသစ္ျဖစ္တဲ့ တီေမာႏိုင္ငံျဖစ္ပါတယ္။ အေရွတီေမာႏိုင္ငံဟာ ပစိဖိတ္သမုဒၵ ရာတြင္းကကြၽန္းႏိုင္ငံေလးျဖစ္ၿပီး အင္ဒိုနီးရွားထံကေနခြဲထြက္ၿပီးႏိုင္ငံတည္ေထာင္ခြင့္ ရခဲ့ပါတယ္။ ယင္းမတိုင္မီကာလေတြကဆိုရင္ အင္ဒိုနီးရွားအစိုးရဟာ တီေမာႏိုင္ငံသား ေတြအေပၚ ရက္ရက္စက္စက္ကိုင္တြယ္ခဲ့ၿပီး (၁၉၇၅)ခုႏွစ္က ေပၚတူဂီႏိုင္ငံလက္ထဲ ကေန အင္ဒိုစစ္တပ္ကသိမ္းသြင္းစဥ္က တီေမာႏိုင္ငံသား (၁၈၀၀၀၀)ေလာက္ေသဆုံး ခဲ့ရပါတယ္။

ယင္းေနာက္မွာေတာ့ တီေမာလြတ္ေျမာက္ေရးတပ္ေတြနဲ႔ အင္ဒိုစစ္တပ္ အၾကား စစ္ပြဲမ်ားစြာျဖစ္ေနခဲ့ၿပီး (၁၉၉၉)ခုႏွစ္ ကမာၻကုလသမဂၢရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ ခြင့္ဥပေဒအရ အင္ဒိုနီးရွားဟာ တီေမာနယ္ေျမကိုလက္လြတ္ခဲ့ရပါတယ္။ အေရွတီေမာ ႏိုင္ငံတြင္းမွာလည္း အင္ဒိုကခြဲထြက္ဖို႔ လူထုဆႏၵခံယူပြဲျပဳလုပ္ခဲ့ကာ ခြဲထြက္ဖို႔တစ္ခဲနက္ ဆႏၵျပဳခဲ့တာေၾကာင့္ (၂၀၀၂)ခုႏွစ္၊ေမလ(၂၀)ရက္ေန႔မွာ အေရွတီေမာဟာလြတ္လပ္တဲ့ ဒီမိုကရက္တစ္သမၼတႏိုင္ငံတစ္ခုျဖစ္လာခဲ့ပါတယ္။

(၄) Serbia (၂၀၀၆)

(၅) Montenegro (၂၀၀၆)

အေရွဥေရာပမွာရွိတဲ့ အဲဒီ Balkan ႏိုင္ငံငယ္ေလး(၂)ႏိုင္ငံဟာ (၁၉၉၁)ခုႏွစ္က ယူကိုဆလားဗီးယားျပည္ေထာင္စုကေန ခြဲထြက္ၿပီး (၁၅)ႏွစ္ေလာက္အခ်ဳပ္အျခာ အာဏာပိုင္ႏိုင္ငံအျဖစ္ရွိေနၿပီး (၂၀၀၆)ကမာၻဖလားကိုေတာင္ ဆားဘီးယားနဲ႔မြန္တီနီဂ႐ိုးဆိုတဲ့အမည္နဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါေသးတယ္။

(၂၀၀၃)ခုႏွစ္မွာေတာ့ ႏိုင္ငံတြင္းလူမ်ိဳးေရး၊နယ္ပယ္ေရးနဲ႔ႏိုင္ငံအမည္ေျပာင္းလဲေရးကိစၥေတြမွာ သေဘာထား ကြဲလြဲခဲ့သလို ျပည္တြင္းစစ္မက္ေတြျဖစ္ပြားခဲ့တာေၾကာင့္ မြန္တီနီဂ႐ိုးဘက္ျခမ္းကေန စတင္ၿပီး ဆားဘီးယားနဲ႔ခြဲထြက္ေရးလူထုဆႏၵခံယူပြဲေတြက်င္းပခဲ့ပါတယ္။ ရလဒ္ကေတာ့ မြန္တီနီဂ႐ိုးျပည္သူ (၅၅)ရာခိုင္ႏႈန္းက ခြဲထြက္ဖို႔ဆႏၵျပဳခဲ့တာေၾကာင့္ (၂၀၀၆) ခုႏွစ္၊ဇြန္လမွာ မြန္တီနီဂ႐ိုးဟာလြတ္လပ္တဲ့ႏိုင္ငံတစ္ခုျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ ဆားဘီးယားကလည္း သီးသန႔္ႏိုင္ငံတစ္ခုျဖစ္ေၾကာင္း ကမာၻကို ေၾကျငာခဲ့ပါတယ္။ ဒါေၾကာင့္ယင္းႏိုင္ငံ(၂)ခုလုံးရဲ႕သက္တမ္းဟာ (၁၃)ႏွစ္သာရွိတာ ေၾကာင့္ ကမာၻေပၚကသက္တမ္းအႏုဆုံးႏိုင္ငံစာရင္းမွာပါဝင္လာတာျဖစ္ပါတယ္။

(၂) Kosovo (၂၀၀၈)

ေသးငယ္တဲ့ ေဘာ္ကန္ႏိုင္ငံေလးဟာ (၂၀၀၈)ခုႏွစ္၊ေဖေဖာ္ဝါရီမွာ လူမ်ိဳးေရး၊ဘာသာေရး အပါအဝင္ ျပသာနာေပါင္း မ်ားစြာနဲ႔ ဆားဘီးယားကေနခြဲထြက္ခဲ့တာေၾကာင့္ သက္တမ္းႏုတဲ့ ႏိုင္ငံစာရင္းမွာပါဝင္ လာခဲ့ပါတယ္။ Kosovoစစ္ပြဲျဖစ္ပြားေနတဲ့ (၁၉၉၀)ကာလေတြမွာ အေမရိကန္က ခြဲထြက္ေရးသမားေတြဘက္ကေန ေလေၾကာင္းကဝင္ေရာက္တိုက္ခိုက္မႈေတြရွိခဲ့ၿပီး Kosovoရဲ႕လြတ္လပ္ေရးကို ႐ုရွား နဲ႔ဆားဘီးယားက အသိအမွတ္မျပဳခဲ့ၾကပါဘူး။

(၂၀၀၆) ခုႏွစ္မွာေတာ့ ကုလသမဂၢရဲ႕လုံၿခဳံေရးေကာင္စီက ကိုဆိုဗိုအေရးအတြက္ ပထမဆုံးေသာ(၂)ဘက္ေတြ႕ဆုံ မႈေတြျပဳလုပ္ခဲ့ၿပီး ခြဲထြက္ေရးသမားေတြ ဘက္ကသာရပ္တည္ခဲ့ပါတယ္။ ယင္းေနာက္အေမရိကန္နဲ႔သူရဲ႕ဥေရာပမဟာမိတ္ႏိုင္ငံေတြအျပင္ ကမာၻကုလသမဂၢအဖြဲ႕ ဝင္ႏိုင္ငံ(၁၁၁)ႏိုင္ငံရဲ႕ ေထာက္ခံမႈနဲ႔အတူ (၂၀၀၈)ခုႏွစ္မွာေတာ့ Kosovo ဆိုတဲ့ အခ်ဳပ္ ပျခာအာဏာပိုင္ႏိုင္ငံတစ္ခုဟာ ဆားဘီးယားကေနေအာင္ျမင္စြာခြဲထြက္ႏိုင္ခဲ့ပါတယ္။

(၁) South Sudan (၂၀၁၁)

ကမာၻေပၚက သက္တမ္းအႏုဆုံးႏိုင္ငံဆိုရင္ေတာ့ အာဖရိကတိုက္က ေတာင္ဆူဒန္ႏိုင္ငံ ကိုပဲရည္ၫႊန္းရမွာျဖစ္ပါတယ္။ ဆူဒန္ႏိုင္ငံကေန ခြဲထြက္ရတဲ့အေၾကာင္းအရင္းကေတာ့ ဘာသာေရး၊လူမ်ိဳးေရးပရိပကၡေတြေၾကာင့္လို႔ဆိုရပါမယ္။ ဆူဒန္ကေနမခြဲထြက္ခင္က ေတာင္ဆူဒန္ပိုင္းဟာ ခရစ္ယာန္ဘာသာသက္ဝင္ယုံၾကည္သူေတြျဖစ္ၿပီး ေျမာက္ပိုင္း ကေတာ့ အစၥလာမ္ဘာသာဝင္ေတြျဖစ္ပါတယ္။

ဆူဒန္ႏိုင္ငံကေတာ့ လြတ္လပ္စြာကိုး ကြယ္ခြင့္ေတြေပးထားေပမဲ့ ဘာသာေရးဆိုင္ရာျပသာနာေတြေၾကာင့္ လူမ်ိဳးတုံးသတ္ ျဖတ္မႈေတြ၊ ျပည္တြင္းစစ္ေတြအထိေတာင္ျဖစ္ေပၚလာတာေၾကာင့္ ဆူဒန္အစိုးရရဲ႕ ၿငိမ္း ခ်မ္းစြာယွဥ္တြဲေနထိုင္ေရးစီမံကိန္းဟာ ပ်က္စီးခဲ့ပါတယ္။

(၂၀၁၁)ခုႏွစ္မွာေတာ့ ခရစ္ယာန္အမ်ားစုေနထိုင္ရာ ေတာင္ဆူဒန္ႏိုင္ငံသားေတြက ခြဲထြက္ေရးအတြက္ ျပည္ လုံးကြၽတ္ဆႏၵခံယူပြဲက်င္းပရာ (၉၉)ရာခိုင္ႏႈန္းက ေတာင္ဆူဒန္ႏိုင္ငံအျဖစ္ခြဲထြက္ရန္ ေထာက္ခံခဲ့ၾကပါတယ္။ (၂၀၁၁)ခုႏွစ္၊ဂ်ဴလိုင္(၉)ရက္ေန႔မွာေတာ့ ေတာင္ဆူဒန္ႏိုင္ငံ ဟာ အခ်ဳပ္အျခာအာဏာပိုင္သီးသန႔္ႏိုင္ငံျဖစ္ေၾကာင္းတရားဝင္ေၾကျငာခဲ့ပါတယ္။ ဝမ္းနည္းစရာေကာင္းတာကေတာ့ ေတာင္ဆူဒန္ႏိုင္ငံအတြင္းမွာ အၾကမ္းဖက္မႈေတြ၊စစ္ပြဲ ေတြဟာ ယေန႔ထိတိုင္ရပ္နားသြားျခင္းေတာ့မရွိေသးပါဘူး။

Tags: countries
Next Post
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ၅ လုံး

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ၅ လုံး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!