• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ ရှေးအကျဆုံး လှေ ၊ သင်္ဘော ၁၀ စီး

by Thutamm
August 16, 2019
Reading Time: 2min read
0
ကမ္ဘာ့ ရှေးအကျဆုံး လှေ ၊ သင်္ဘော ၁၀ စီး
Share on FacebookShare on Twitter

သင်္ဘောများနှင့် လှေများသည် လူတို့၏တိုးတက်ပြောင်းလဲမှုနှင့် အတူဖြစ်ပေါ်လာခဲ့ပါတယ်။ အရေးပါသော စစ်ပွဲများနှင့် နေ့စဉ်ဘဝတို့တွင် သုံးစွဲမှု တို့ကြောင့် ၎င်းတို့သည် ခေတ်သစ် စစ်ရေးနှင့် စီးပွားရေးစနစ်တို့၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ငါးဖမ်းသမားတို့သည် ငါးဖမ်းလှေများကို အသုံးပြုကြပါတယ်။

စစ်တပ်များသည်လည်း အလွန်ခေတ်မီသော ရေယာဉ်များကို သုံးစွဲ၍ ကမ်းပေါ်ရှိ စစ်အင်အားများကို ထောက်ပံ့ခြင်းနှင့် ပို့ဆောင်ခြင်းတို့ ပြုလုပ်ကြပါတယ်။ ကျောက်ခေတ်အလယ်ပိုင်း၊ ကနူးလှေများမှ ယနေ့အသုံးပြုနေသော နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော များအထိသည် လူတို့၏သမိုင်းကို ပြောပြနေကြပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် ရှေးအကျဆုံး လှေ(သို့) သင်္ဘော ၁၀ စီးရဲ့ အကြောင်းကို မျှဝေလိုက်ပါတယ်။

၁၀။ Arles Rhône 3 (အေဒီ ၁ရာစုဝန်းကျင်)

Arles Rhône 3 လို့အမည်ရတဲ့လှေဟာ အေဒီ ၁ရာစု ဝန်းကျင် ရှေးဟောင်းရောမခေတ် လှေတစ်စီးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ပြင်သစ်နိုင်ငံ Arles မြို့အနီး ရုန်းမြစ်အောက်ကနေ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ အလျား ၁၀၂ပေ ရှိတဲ့ ဒီလှေသင်္ဘောဟာ အဲဒီခေတ်က မြစ်ကြောင်းတလျှောက် စုန်ဆန်ကာ သွားလာနေတဲ့ ကုန်သည်လှေတစ်စီးဖြစ်ပါတယ်။ ဒီလှေကိုတော့ ဝက်သစ်ချပင်သားတွေနဲ့ တည်ဆောက်ထားတာပါ။

လှေနဲ့အတူ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ ပင်လယ်နတ်ဘုရား နတ်ပကျွန်းရုပ်တု နဲ့ အဲဒီခေတ်သုံး ရှေးဟောင်းအိုးတွေကိုပါ ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ ဒီရှေးဟောင်းလှေကို Arles မြို့ သုတေသန ပြတိုက်မှာ ပြသထားပါတယ်။

၉။ Sea of Galilee Boat (ဘီစီ ၅၀ – အေဒီ ၇၀)

Sea of Galilee Boat ဆိုတဲ့ ဒီရှေးဟောင်းလှေကို Jesus Boat လို့ ပိုပြီး လူသိများပါတယ်။ အစ္စရေးနိုင်ငံ Galilee ရေကန်ထဲက နေ ၁၉၈၆ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ကျန်ရှိနေသေးတဲ့ လှေအပိုင်းအစဟာ အလျား ၂၇ပေ ၊အနံ ၇.၅ပေ ရှိပြီး အမြင့် ၄.၃ပေပ ရှိပါတယ်။ မိုးခေါင်တဲ့အချိန်မှာ ကန်ရဲ့ရေနည်းပါးပြီးတဲ့နောက် ဒီရှေးဟောင်းလှေကို တွေ့ရှိခဲ့ကြတာပါ။

ဒီလှေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူတွေကတော့ Moshe နဲ့ Yuval Lufan ဆိုတဲ့ ငါးဖမ်းသမား ညီအစ်ကို နှစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလှေရဲ့သက်တမ်းကို ဘီစီ ၅၀ ကနေ အေဒီ ၇၀ အတွင်းလို့သာ ကာဘွန်နည်းနဲ့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။ ဒီလှေဟာ စတုရန်းမိုင် ၆၀ကျော် ကျယ်ဝန်းတဲ့ Galilee ရေကန်ကြီးထဲမှာ အေဒီ ၁ရာစုဝန်းကျင်လောက်က ငါးဖမ်းခြင်း နဲ့ ကုန်သွယ်ခြင်း လုပ်ခဲ့တဲ့ လှေများထဲက တစ်စီးဖြစ်တယ်လို့ ဆိုကြပါတယ်။ လက်ရှိအချိန်မှာတော့ ဒီရှေးဟောင်းလှေကို Yigal Allon Galilee Boat ပြတိုက်မှာ ထိမ်းသိမ်းပြသထားပါတယ်။

၈။ Nydam Boat ( ဘီစီ ၃၂၀-၃၁၀)

ဒီလှေကိုတော့ ဒိန်းမတ်နိုင်ငံတောင်ပိုင်း Øster Sottrup မြို့အနီးက Nydam Mose ရှေးဟောင်းသုတေသန ဆိုဒ်တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ဒီသုတေသနဆိုဒ်ကနေ သံခေတ်ကသုံးခဲ့တဲ့ လက်နက်တွေနဲ့ လှေတွေကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီထဲမှာမှ Nydam Boat လှေဟာ ရှေးအကျဆုံးဖြစ်ပါတယ်။ အရှည် ၇၅ပေ အနံ၁၃ပေ ရှိပြီး ဝက်သစ်ချပင်သား နဲ့ တည်ဆောက်ထားတဲ့ လှေဖြစ်ပါတယ်။

clinker(လှေအစွန်းနှစ်ဘက်ကို ထပ်တူညီအောင်တည်ဆောင်ထားတဲ့) နည်းနဲ့ တည်ဆောက်ထားတဲ့လှေဖြစ်ပြီး လှော်တက် ၁၅စုံ လှော်ခတ်ဖို့နေရာတွေလည်း ပါရှိနေပါတယ်။ လှေရဲ့အလေးချိန်ဟာ ၃တန်ခန့်ရှိပြီး လှေထိုးသား အယောက် ၃၀ နဲ့ လှော်ခတ်ခဲ့တဲ့ လှေဖြစ်ပါတယ်။ အဲဒီသုတေသန ဆိုဒ်ကနေ တွေ့ရှိခဲ့ရသမျှ လှေတွေထဲမှာ ဒီလှေဟာ အကြီးဆုံးနဲ့ အကောင်းမွန်ဆုံးတွေ့ရှိခဲ့တဲ့ လှေဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျာမနီနိုင်ငံ Schleswig မြို့က Gottorf ရဲတိုက်မှာ ဒီရှေးဟောင်းလှေကို ပြသထားပါတယ်။

၇။ Hjortspring boat (ဘီစီ ၄၀၀ – ၃၀၀)

Hjortspring boat ဆိုတဲ့ ဒီလှေကိုတော့ စကင်ဒီနေးဗီးယားဒေသက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရောမခေတ်ဦး သံခတ် မတိုင်မီမှာ အသုံးပြုခဲ့တဲ့ ကနူးလှေ အကြီးစား ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံတောင်ပိုင်း Als ကျွန်းမှာ ၁၉၂၁ နဲ့ ၁၉၂၂ကြားမှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး တွေ့ရှိစဉ်မှာ အပိုင်းအစတွေပဲ ကျန်ပါတော့တယ်။ လှေတစ်စီးလုံးအရှည်ကတော့ ၅၉ပေ ရှိပြီး အတွင်းဘက်လူနေလို့ရတဲ့နေရာကတော့ အရှည် ၄၂ပေ နဲ့ အကျယ် ၆.၅ပေ ရှိပါတယ်။

စကင်ဒီနေးဗီးယားဒေသကနေ ရှာဖွေတွေ့ရှိခဲ့သမျှထဲမှာ ဒီလှေဟာ အစောဆုံးလှေဖြစ်ပြီး Nordic ကြေးခေတ်မှာ အသုံးပြုခဲ့တဲ့ လှေတစ်စီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလှေဟာ အဲဒီခေတ်က အသုံးပြုခဲ့တဲ့ တိုက်ပွဲဝင်လှေတစ်စီးလို့ လည်းဆိုနိုင်ပါတယ်။အကြောင်းကတော့ ဒီလှေကို တွေ့ရှိတုန်းက လှေဝမ်းထဲမှာ ဓါးတွေ ၊ လှံတွေ ၊ ဒိုင်းတွေနဲ့ ချပ်ဝပ်တန်ဆာတွေကိုပါ တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံ ကိုဗင်ဟေဂင်က အမျိုးသားပြတိုက်မှာ ဒီလှေကို ပြသထားပါတယ်။

၆။ Kyrenia ship (ဘီစီ ၄၀၀ – ၃၀၀)

Kyrenia သင်္ဘောဟာ ဘီစီ ၄ရာစုဝန်းကျင်က ဂရိကုန်သည် သင်္ဘောတစ်စီးဖြစ်ခဲ့ပါတယ်။ သုတေသနကျောင်းသား Michael Katzev ရဲ့ ရှာဖွေထောက်လှမ်းမှုနဲ့အတူ ရေငုပ်သမား Andreas Kariolou က ၁၉၆၇ခုနှစ်မှာ ရှာတွေ့ခဲ့တာပါ။ ၁၉၆၅ခုနှစ်ကတည်းက ဒီသင်္ဘောရဲ့တည်နေရာကို သိခဲ့ပေမယ့် မုန်တိုင်းကြောင့် နေရာရွေ့သွားပြီးတဲ့နောက် အကြိမ်ကြိမ်ပြန်လည် ရှာဖွေခဲ့ရခြင်း ဖြစ်ပါတယ်။ တွေ့ရှိတဲ့နေရာကတော့ ဆိုက်ပရပ်နိုင်ငံ Kyrenia မြို့အနီးမှာ ဖြစ်ပါတယ်။

သင်္ဘောဟာ အရှည် ၄၇ပေ ၊ အနံ ၁၄.၅ပေ ရှိပြီး ကုန်သွယ်သင်္ဘောအမျိုးအစား ဖြစ်ပါတယ်။ သင်္ဘောသား ၄ယောက် လိုက်ပါရပြီး တစ်နာရီကို ၆မိုင်ခန့် အမြန်နှုန်းနဲ့ သွားနိုင်တဲ့ သင်္ဘောဖြစ်ပါတယ်။ အလက်ဇန္ဒားဘုရင်လက်ထက်က မြေထဲပင်လယ် တလျှောက်သွားလာခဲ့တဲ့  ဒီသင်္ဘောဟာ Kyrenia မြို့ရဲ့ ၁မိုင်အကွာမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂရိနိုင်ငံ Thessaloniki မြို့က သိပ္ပံ နဲ့ နည်းပညာ ပြတိုက်မှာ ပြသထားပါတယ်။

၅။ Ma’agan Michael Ship (ဘီစီ ၅၀၀ – ၄၀၀)

ဘီစီ ၅ရာစု ဝန်းကျင်က အသုံးပြုခဲ့တဲ့ ဒီရှေးဟောင်းသင်္ဘောကိုတော့ အစ္စရေးနိုင်ငံ Ma’agan Michael နယ်မြေမှာ ၁၉၈၅ခုနှစ်က ပြန်လည်ရှာတွေ့ခဲ့တာပါ။ Haifa ပင်လယ်အော်က အစ္စရေးကျွန်းဆွယ်ရဲ့ ၇၅မီတာ အကွာက ရေအနက် ၂မီတာမှာ သုတေသနအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Ami Eshel က ဒီသင်္ဘောကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီနောက်တော့ ဒီသင်္ဘောပျက်ကို Haifa တက္ကသိုလ်ကို ယူပြီးစစ်ဆေးကြပြီးတဲ့နောက် ဘီစီ ၅ရာစု ဝန်းကျင်က ကုန်သည် သင်္ဘောတစ်စီး ဆိုတာကို အတည်ပြုခဲ့ကြပါတယ်။

ဒီသင်္ဘောဟာ အလျား ၃၇ပေ အနံ ၁၃ပေ ရှိပြီး အလေးချိန်ကတော့ တန် ၂၀ ခန့် ရှိပါတယ်။ သင်္ဘောကိုတော့ Aleppo pine ဆိုတဲ့သစ်မျိုးနဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သင်္ဘောပျက်ကို မူလပုံစံအတိုင်းပြန်လည်ရရှိဖို့အတွက် ပြုပြင်ထိမ်းသိမ်းရေး လုပ်ခဲ့ပြီး အချိန် ၇နှစ်ခန့်ပေးခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ Hafia တက္ကသိုလ်က Hecht ပြတိုက်မှာ ထားရှိပြသထားပါတယ်။

၄။ Dover Bronze Age Boat (ဘီစီ ၁၅၀၀ )

ကြေးခေတ်က အသုံးပြုခဲ့တဲ့ ဒီသင်္ဘောရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၃၅၀၀ ကျော်သွားပါပြီ။ ဗြိတိန်နိုင်ငံက UNESCO စာရင်းဝင် Canterbury ရှေးဟောင်းသုတေသန ဆိုဒ်က ဆောက်လုပ်ရေးလုပ်သားတွေဟာ ဒီကြီးမားတဲ့ ရှေးဟောင်းသင်္ဘောကြီးကို ၁၉၉၂ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ အဆောက်အအုံတစ်ခု တည်ဆောက်ဖို့အတွက် မြေတူးကြရာမှာ လမ်းရဲ့အောက်မြေကြီးထဲမှာ နစ်မြုပ်နေတဲ့ ဒီသင်္ဘောကြီးကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပါတယ်။

သင်္ဘောတစ်စီးလုံးကို သယ်ဆောင်ဖို့ မဖြစ်တဲ့အတွက် အစိတ်အပိုင်းတစ်ခုစီကို သယ်ဆောင်ပြီး ပြန်ဆက်တဲ့နည်းလမ်းကို အသုံးပြုခဲ့ကြပါတယ်။ ပြန်ဆက်ပြီးတဲ့အခါမှာတော့ သင်္ဘောရဲ့အရှည်ဟာ ၃၁ပေ ရှိသွားပြီဖြစ်ပေမယ့် ဒါဟာ သင်္ဘောတစ်စီးလုံးမဟုတ်ပဲ သင်္ဘောရဲ့ ၃ပုံ ၁ပုံခန့်သာ ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ မရှိတော့ပါဘူး။ တစ်စီးလုံးဆိုရင်တော့ ဒီရှေးဟောင်းသင်္ဘောရဲ့အရှည်ဟာ ပေ ၁၀၀ ဝန်းကျင်ခန့် အထိ ရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဝက်သစ်ချသားနဲ့ တည်ဆောက်ထားတဲ့ ဒီသင်္ဘောရဲ့ တစ်စိတ်တစ်ပိုင်းကို မှန်သေတ္တာနဲ့ထည့်ပြီး ယူကေ Dover ပြတိုက်မှာ ပြသထားပါတယ်။

၃။ Khufu ship (ဘီစီ ၂၅၀၀ )

အီဂျစ်အကြီးဆုံးပိရမစ်ဖြစ်တဲ့ ဂိုင်ဇာပိရမစ်ကြီးကိုတော့ အားလုံးသိကြမှာပါ။ အခုသင်္ဘောကတော့ အဲဒီဂိုင်ဇာပိရမစ်မှာ မြုပ်နှံခဲ့တဲ့ ကူဖူးဘုရင်ကြီးရဲ့သင်္ဘောဖြစ်ပါတယ်။ ကူဖူးဘုရင်ကြီးဟာ ခေတ်ဟောင်းအီဂျစ်မင်းဆက်ရဲ့ ဒုတိယမြောက်ဖာရိုဘုရင်ဖြစ်ပါတယ်။ အခုမြင်ရတဲ့ သူ့ရဲ့သင်္ဘောကတော့ ကမ္ဘာပေါ်မှာ တတိယ ရှေးအကျဆုံးသင်္ဘောတစ်စင်းဖြစ်ပါတယ်။ ဘီစီ ၂၅၀၀ကတည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် ဒီသင်္ဘောကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅၀၀ခန့်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီသင်္ဘောဟာ အလျား ၁၄၃ပေ ရှိပြီး အနံ ၁၉.၅ပေ ရှိပါတယ်။ ဒီသင်္ဘောကို ၁၉၅၄ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး တွေ့ရှိစဉ်က အစိတ်အပိုင်း ၁၂၂၄ခု အဖြစ်သာ တွေ့ရှိခဲ့ရတာပါ။ ဒီအစိတ်အပိုင်းတွေကို ရှေးဟောင်းအီဂျစ်သင်္ဘောတည်ဆောက်ပုံတွေကို အထူးလေ့လာထားတဲ့ အီဂျစ်ပညာရှင် Ahmed Youssef Moustafa က မူလအတိုင်း ပြန်လည်ဆက်နိုင်ခဲ့ပါတယ်။ အခုမြင်ရတာကတော့ ဖာရိုဘုရင်ကြီးလက်ထက်က ပုံစံအတိုင်းသင်္ဘောဖြစ်ပြီး ဒီရှေးဟောင်းသင်္ဘောကြီးကို အီဂျစ်နိုင်ငံ Giza Solar boat ပြတိုက်မှာ ပြသထားလျှက်ရှိပါတယ်။

၂။ Dufuna canoe (ဘီစီ ၆၀၀၀)

Dufuna canoe သင်္ဘောကိုတော့ အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံ ရိုဘီပြည်နယ် Komadugu Gana မြစ်နဲ့ မနီးမဝေးမှာရှိတဲ့ Dufuna ရွာရဲ့ ကီလိုမီတာ အနည်းငယ်အကွာကနေ တွေ့ရှိခဲ့တာပါ။  အဲဒီရွာမှာနေထိုင်တဲ့ Fulani လူမျိုး နွားကျောင်းသား တစ်ယောက်က ၁၉၈၇ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။ ဒီကနူးလှေကို တူးဖော်ပြီးတဲ့နောက် တစ်စီးလုံးကို အနက်ရောင်သစ်သားနဲ့ ဖန်တီးထားတယ်ဆိုတာ သိခဲ့ကြပါတယ်။

လှေရဲ့ သက်တမ်းကို ရေဒီယိုကာဘွန်နည်းတဲ့ တွက်ချက်ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ ခန့်က အသုံးပြုခဲ့တဲ့ လှေလို့ ဖော်ပြပါတယ်။ သုတေသနပညာရှင်တွေကတော့ ကျောက်ခေတ်နှောင်းပိုင်းက အသုံးပြုခဲ့တဲ့ လှေတစ်စီးဖြစ်ပြီး ဒီလှေဟာ Chad ရေကန် နဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။ သင်္ဘောဟာ အလျား ၂၇ပေ ရှိပြီး အနံ ၁ပေခွဲခန့်ရှိကာ သစ်သားအထူကတော့ ၂လက်မခန့် ရှိပါတယ်။ ပြည်နယ်ရဲ့မြို့တော် Damaturu မှာ အာဖရိကရဲ့ရှေးအကျဆုံး ဒီရှေးဟောင်းလှေကို ပြသထားပါတယ်။

၁။ Pesse canoe (ဘီစီ ၈၀၀၀ )

ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရသမျှ ရှေးဟောင်းလှေ၊ သင်္ဘောတွေထဲမှာတော့ ဒီကနူးလှေဟာ ရှေးအကျဆုံး ဖြစ်ပါတယ်။ ဒီလှေကို ၁၉၅၅ခုနှစ်က နယ်သာလန်နိုင်ငံ A28 မော်တော်ကားလမ်းဘေး  Pesse ရွာက ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ရှိစဉ်က သာမန်သစ်လုံးတစ်လုံး မြေကြီးထဲမြုပ်နေတာလို့ ထင်ကြပေမယ့် ထွင်းထားတာကိုသိခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေထံ ပေးအပ်ခဲ့ပါတယ်။

သုတေသနပညာရှင်တွေ စစ်ဆေးကြည့်တဲ့အခါ သစ်ထွင်းလှေတစ်စီးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၁၀၀၀၀ ဝန်းကျင်ခန့် ရှိသွားပြီလို့ သိရပါတယ်။ Scots pine သစ်ပင်ကို ထွင်းထားတဲ့ ဒီလှေဟာ အရှည် ၁၁၇ လက်မ နဲ့ အနံ ၁၇လက်မ ရှိပါတယ်။ flint လို မာကျောတဲ့ တွင်းထွက် နဲ့ တိရစ္ဆာန်ဦးချိုတွေနဲ့ ဒီလှေကို ထွင်းထုခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီရှေးဟောင်းလှေကို နယ်သာလန်နိုင်ငံ Assen မြို့က Drents သမိုင်းပြတိုက်မှာ ပြသထားပါတယ်။

သုတဇုန်

Ref:
oldest surviving ships : WIkipedia

Tags: ancient knowledgeworld history
Next Post
ဗိုလ်ချုပ်အောင်ဆန်း နှင့် EQ

ဗိုလ်ချုပ်အောင်ဆန်း နှင့် EQ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!