• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အစောဆုံး ပန်းချီ ၁၀ ခု

by Thutamm
September 22, 2020
Reading Time: 2min read
0
ကမ္ဘာပေါ်က အစောဆုံး ပန်းချီ ၁၀ ခု
Share on FacebookShare on Twitter

မူရင်း ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်း သုတေသနပညာရှင်များသည် စဉ်ဆက်မပြတ် စူးစမ်း လေ့လာမှုများ ပြုလုပ်ခဲ့ကြကာ ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊အသုံးအဆောင်များ၊ အနုလက်ရာများ၊ လက်နက်များ စသည့် ရှေးဟောင်း ပစ္စည်းများနှင့်အတူ ရှေးဟောင်း မြို့ပြများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြသည်။ ရှေးခေတ် လူသားများ၏ စိတ်ကူးစိတ်သန်းများဖြင့် ရေးဆွဲခဲ့ကြသော ပန်းချီဟု ခေါ်ဆိုရမည့် ရုပ်ပုံများကိုလည်း ယင်းတို့ နေထိုင်ခဲ့ရာ ဒေသများတွင် တွေ့ရှိခဲ့ကြရသည်။

ကျောက်ခေတ် ကာလတွင် လူသားများသည် ကျောက်လိုဏ်ဂူများ အတွင်း နေထိုင်ခဲ့ကြပြီး ယင်းတို့ နေထိုင်ခဲ့သည့် အချို့သော ကျောက်ဂူနံရံများ ပေါ်တွင် ကျောက်ခေတ် လူသားများ ရေးဆွဲခဲ့ကြသည့် ပန်းချီ ရုပ်ပုံ များကို ယနေ့တိုင် မြင်တွေ့နိုင် ပေသည်။

ပြဒါးလင်းဂူ

မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ် (Neolithic) ကာလတွင် ကျောက်ခေတ် လူသားများ နေထိုင်ခဲ့သည့် ပြဒါးလင်းဂူ ကို ၁၉၆၀ ပြည့်နှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ထိုစဉ်က ရှေးဟောင်းသုတေသန ဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်သော် ခေါင်းဆောင်သော အဖွဲ့က တူးဖော်ခဲ့ရာ ဂူအမှတ် (၁) အတွင်းတွင် ရှေးဦးကျောက်ခေတ် လူသားများ ရေးဆွဲထားခဲ့သည့် ရုပ်ပုံများကို တွေ့ရှိခဲ့ရသည်။

ပြဒါးလင်းဂူသည် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွာငံမြို့၏ အနောက်ဘက် ယွန်းယွန်း ၁၀ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ညောင်ချပ်ရွာမှ အရှေ့ဘက်သို့ သုံးမိုင်ခန့် ကွာဝေးပြီး ရေဘုတ် ရွာဟောင်း၏ အနောက်ဘက် တစ်မိုင်ကျော် ပင်လယ် ရေမျက်နှာပြင် အထက် ၁၀၅၀ ပေ အမြင့်တွင် တည်ရှိကာ ဂူပေါက်များသည် မြေပြင် မှ ပေ ၅၀ မှ ပေ ၇၀ အထိမြင့်သော တောင်ကမ်းပါးယံတွင် တောင်ဘက်သို့ မျက်နှာမူနေကြသည်။ ပြဒါးလင်းဂူသည် အနောက်ဘက်ဂူ နှင့် အရှေ့ဘက်ဂူ နှစ်ခုရှိပြီး ဂူနှစ်ခုလုံးသည် ထုံးကျောက်ဂူများ ဖြစ်ကြကာ အနောက်ဘက်လိုဏ်ဂူ အတွင်းဝယ် ကျောက်စက် ပန်းဆွဲ နှင့် ကျောက်စက် မိုးမျှော်များ ရှိသည်။ ယင်း နောက်ဘက်လိုဏ်ဂူသည် တစ်ခုတည်း မဟုတ်ဘဲ ကျယ်ဝန်းသော ဂူကြီးကိုးခှ တန်းစီလျက် တစ်ခု နှင့် တစ်ခု ကျဉ်းမြောင်းသော ဂူငယ်များဖြင့် ဆက်လျက်ရှိနေပြီး အနောက်ဂူသည် ပေ ၈၀၀ ခန့်ရှည်လျားပြီး ဂူ တစ်လျှောက်တွင် မှောင်မိုက်၍ စွတ်စိုနေသည်။

အရှေ့ဘက်ဂူမှာ အနောက်ဘက်ဂူ မှ ကိုက် ၂၀၀ ခန့်သာ ကွာဝေးပြီး အလင်းရောင် နှင့် လေကောင်းလေသန့် ကောင်းစွာ ရရှိပြီး အလယ်တွင် ဂူနံရံမှာ ရှေ့သို့ စွန်းထွက် နေသဖြင့် နှစ်ပိုင်းကန့်ထားသကဲ့သို့ ဖြစ်နေသည်။ ယင်း အရှေ့ဘက်ဂူ၏ နံရံပေါ်တွင် ဂူကြမ်းပြင်မှ ၁၀ ပေ ၊ ၁၂ ပေ ခန့် အမြင့်တွင် နီညိုရောင် ရေးဆွဲထားသော ပန်းချီ ရုပ်ပုံများ ရှိနေပြီး လက်ဝါးပုံ နှစ်ခု ၊ နေပုံ တစ်ခု နှင့် တိရိစ္ဆာန်ပုံ များ အပါအဝင် ၁၂ ပုံဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျောက်ခေတ်ဦး ကာလမှ လူသားတို့၏ နံရံ ဆေးပန်းချီများကဲ့သို့ပင် အချို့သော နိုင်ငံများတွင်လည်း ရှေးခေတ်လူသားတို့၏ နံရံပန်းချီများကို တွေ့ရှိနိုင်ရာ ကမ္ဘာအနှံ့မှ ခရီးသွားများ သွားရောက် လေ့လာ ကြည့်ရှု နိုင်ကြသည်။

၁။ လက်စ်ကောက် (ပြင်သစ်)

ပြင်သစ်နိုင်ငံ အနောက် တောင်ပိုင်းရှိ Lascaux လိုဏ်ဂူများသည် သမိုင်းမတင်မီ ကာလကတည်းက တည်ရှိခဲ့သော ဂူ အစုအဝေး တစ်ခုဖြစ်ပြီး စိတ်ဝင်စားဖွယ် ဆွဲဆောင်မှု ကောင်းလှသော ဂူနံရံပန်းချီများကြောင့် ထင်ရှားသည်။

သက်တမ်း နှစ်ပေါင်း ၁၇၀၀၀ ရှိကြောင်း ပညာရှင်တို့ ခန့်မှန်းထားကြသည့် Lascaux လိုဏ်ဂူမှ နံရံပန်းချီများသည် ဂူအဝင်အဝနှင့် မလှမ်းမကမ်းတွင် တည်ရှိနေကြပြီး ဖယောင်းတိုင် အလင်းရောင်ဖြင့် ရေးဆွဲခဲ့သည်ဟု ယူဆထားကြသည်။ ယင်းတို့အနက် အထင်ရှားဆုံး ပုံမှာ နွားများ၊ မြင်းများနှင့် သမင်များကို တစ်စုတစ်ဝေးတည်း ရေးဆွဲထားသော ပုံပင် ဖြစ်သည်။ နွားတစ်ကောင်၏ ပုံသည် ၅.၂ မီတာ (၁၇ ပေ) မျှပင် ရှိလေရာ တွေ့ရှိသမျှသော ဂူနံရံပန်းချီများတွင် အကြီးဆုံး ဖြစ်သည်။

Lascaux လိုဏ်ဂူများရှိ နံရံပန်းချီများကို လာရောက် ကြည့်ရှုကြသူများ အလွန်များပြားလှသဖြင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသောကြောင့် ပြင်သစ်အစိုးရက Lascaux လိုဏ်ဂူများကို အပြီးပိတ်ခဲ့ပြီး Lascaux II လိုဏ်ဂူတစ်ခုကို Lascaux လိုဏ်ဂူများ အနီးတွင် တည်ဆောက် ပေးခဲ့ပြီး မူလ လိုဏ်ဂူများ၏ ပုံတူများကို ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားသည်။

၂။ အယ်တာမီယား (စပိန်)

၁၉ ရာစုနှောင်းပိုင်းတွင် စပိန်နိုင်ငံ တောင်ပိုင်းတွင် တွေ့ရှိခဲ့သော Altamia ဂူသည် ကျောက်ခေတ် ဂူနံရံဆေး ပန်းချီများ တွေ့ရှိခဲ့ရသည့် ပထမဆုံး ဂူဖြစ်သည်။တွေ့ရှိရသော ပန်းချီပုံများသည် လက်ရာ မြောက်လွန်းလှသဖြင့် သိပ္ပံ ပညာရှင်များက ရှေးကျောက် ခေတ်လက်ရာမှ ဟုတ်ပါလေစဟုပင် သံသယဝင်ခဲ့ကြပြီး ဂူကို တွေ့ရှိခဲ့သူ မာစီလီနို (Maecelino Sanz de Sautuola) က အတုရေးဆွဲခဲ့ခြင်းဖြစ်သည် ဟုပင် စွပ်စွဲခဲ့ကြသည်။ လူအများစုကလည်း ရှေးဦးလူသားများ အနေဖြင့် အနုပညာလက်ရာ မြောက်သော ဖန်တီးမှုမျိုးကို ပြုလုပ်နိုင်သည့် ဉာဏ်စွမ်းရည် မရှိနိုင်ဟု ယုံကြည်ထားကြသည်။

သို့သော်လည်း ၁၉၀၂ ခုနှစ်တွင် ထိုဂူနံရံ ပန်းချီများသည် ရှေးလူသားတို့ ရေးဆွဲခဲ့သော လက်ရာစစ်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။အယ်တာမီယာဂူသည် မီးသွေး၊မြေစေးဝါတို့ဖြင့် ရေးဆွဲထားသော မြင်းများ၊ကျွဲရိုင်းများနှင့် လက်ဗွေရာများကို အကောင်းမွန်ဆုံး ဖြစ်အောင် ထိန်းသိမ်းထားသည့် သဘာ၀ လိုဏ်တစ်ခုပင် ဖြစ်ပေသည်။

၃။ ကာကာဒူး (သြစတြေးလျ)

သြစတြေးလျ နိုင်ငံမြောက်ပိုင်းရှိ Kakadu အမျိုးသား ဥယျာဉ်တွင် ရှေးအကျဆုံး လူသားအရိုင်း တို့၏ ပန်းချီ လက်ရာများကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိနိုင်သည်။ကာကာဒူး၏ ကျောက်နံရံစောင်းနှင့် ကျောက်သားပြင် တလျှောက်တွင် အနုလက်ရာပေါင်း ငါးထောင်ကျော်မျှ ရှိရာမူလ ပန်းချီကားများ၏ သက်တမ်းသည် လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀၀ ခန့်က ဖြစ်သည်ဟု ခန့်မှန်းထား သော်လည်း လက်ရှိ မြင်ရသော ပန်းချီများ၏ သက်တမ်းမှာမူ နှစ်ပေါင်း ၁၅၀၀ မျှသာ ရှိသည်။ ယင်းနေရာတွင် တိရိစ္ဆာန်တို့၏ ခန္ဓာကိုယ် အပြင်ပိုင်း ကိုသာမက အရိုးနှင့် အတွင်းပိုင်းကိုပါ ဓာတ်မှန် ရိုက်ထားသကဲ့သို့ ရေးဆွဲထားသော ပုံများကို မြင်တွေ့ ကြရပေသည်။

၄။ ချောဗေး (ပြင်သစ်)

ပြင်သစ်နိုင်ငံ တောင်ပိုင်း၊ Chauvet လိုဏ်ဂူများတွင် ကမ္ဘာ့ရှေးဦး သမိုင်း မတင်မီခေတ်က လူသားတို့ရေးဆွဲ ခဲ့ကြသော နံရံပန်းချီရုပ်ပုံများကို တွေ့ရှိရသည်။ လိုဏ်ဂူအတွင်းမှ ရုပ်ပုံများကို ရေဒီယို ကာဗွန်ဓာတ်ခွဲခြင်းဖြင့် သက်တမ်း တွက်ချက်ကြည့်ရာဝယ် နှစ်ပေါင်း ၃၂၀၀၀ ခန့်မျှရှိသည်ကို တွေ့ကြရပေသည်။ အဆိုပါ လိုဏ်ဂူကို ၁၉၉၄ ခုနှစ်တွင် ချောဗေး (Jean-Marie Chauvet) ဦးဆောင်သော လိုဏ်ပညာရှင်အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လိုဏ်ဂူနံရံတွင် ရှေးဆင်ရိုင်း၊ မြင်းများ၊ခြင်္သေ့များ၊ ဝက်ဝံများ၊ကြံ့ပုံများ ရေးဆွဲထားပြီး ပြင်ညီ တစ်ခုပေါ်မှာပင် အကောင်မျိုးစုံကို ရှင်းလင်းစွာ မြင်နိုင်သော အဝေးအနီး မြင်စံနစ်ဖြင့် ခေတ်မီနည်းပညာကို သုံးစွဲထားသည်ကို တွေ့ရှိရပေသည်။

၅။ တာဒရက် အကာကပ်စ် (လစ်ဗျား)

လစ်ဗျား နိုင်ငံ တောင်ပိုင်း၊ ဆာဟာရ သဲကန္တာရ အတွင်းရှိ Tadrat Acacus တောင်တန်း ဒေသသည်ဘီစီ ၁၂၀၀၀ မှ အေဒီ ၁၀၀ ခုနှစ်အတွင်းက ရေးဆွဲထားခဲ့သည့် ကျောက်ပန်းချီများကြောင့် လူသိများလှသည်။ ပန်းချီကားများသည် ဆာဟာရဒေသ၏ မူလစွတ်စိုခဲ့သော ပတ်ဝန်းကျင်မှ ကန္တာရအဖြစ် ပြောင်းလဲခဲ့မှုများကို ထင်ဟပ် ရေးဆွဲထားသည်။

လွန်ခဲ့သော နှစ်ပေါင်း ကိုးထောင်ခန့်က ဆာဟာရ ဝန်းကျင်ဒေသများသည် ရေကန်များ၊တောအုပ်များတွင် တောရိုင်းသတ္တဝါ အုပ်စုများ ကျင်လည် ကျက်စားကာ စိမ်းလန်းစိုပြေခဲ့မှုကို ကျောက်တောင်များပေါ်တွင် သစ်ကုလားအုပ်များ၊ ဆင်များ၊ ငှက် ကုလားအုပ်များဖြင့် ရှေးလူသားတို့ ရေးဆွဲ မှတ်တမ်း တင်ခဲ့ကြသည်။

၆။ လားစ်ဂဲ (ဆိုမာလီယာ)

ဆိုမာလီယာ နိုင်ငံ အနောက် မြောက်ပိုင်းမှ Laas Gaal သည် လိုဏ်ဂူများနှင့် ကျောက်တောင်များ စုဝေးတည်ရှိ နေသည့် နေရာတစ်ခု ဖြစ်သည်။ အာဖရိက ဦးချို နှင့် အာဖရိကတိုက်ဟု အများသိရှိထားကြသော ယင်းဒေသတွင် သမိုင်းဦး ရှေးအကျဆုံး ကာလများအတွင်း ကျောက်သားပေါ်တွင် ရေးဆွဲထားခဲ့သည့် ရုပ်ပုံပန်းချီများ ရှိသည်။ ထို ရုပ်ပုံများသည် လွန်ခဲ့သော နှစ် ၁၁၀၀၀ မှ နှစ် ၅၀၀၀ အတွင်း ရေးဆွဲထားသော ပုံများဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းကြသည်။ လူများနှင့်အတူ အဆင်တန်ဆာများ ဝတ်ဆင်ထားသော နွားများ၊အိမ်မွေးခွေးများနှင့် သစ်ကုလားအုပ် တစ်ကောင် တို့ကို ရေးဆွဲထားသည်။ လိုဏ်ပန်းချီများကို စံနစ်တကျ အလွန်ကောင်းမွန်စွာ ထိမ်းသိန်းထားသဖြင့် ပုံများ၏ စူးရှသော အရောင်များ၊ အနားသတ်မျဉ်းများကို ကောင်းစွာ မြင်နိုင်ကြပေသည်။

၇။ ကပိဝရ (ဘရာဇီး)

Serra da Capivara အမျိုးသား ဥယျာဉ်သည် ကျောက်ဂူ နံရံဆေးရေး ပန်းချီများဖြင့် တန်ဆာဆင်ထားသော များပြားလှသည့် ကျောက်ဂူစု တစ်ခုဖြစ်ပြီး ဘရာဇီးနိုင်ငံတွင် တည်ရှိသည်။ဓလေ့ထုံးတမ်းပွဲများ၊ အမဲလိုက်ပုံများ၊ သစ်ပင်များ နှင့် ယင်းဒေသမှ တိရိစ္ဆာန်ပုံများကို ရေးဆွဲထားသည်။ ယင်းပန်းချီကားများထဲမှ သက်တမ်း အရှည်ဆုံး ပန်းချီကားကို သိပ္ပံပညာရှင်များက လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀၀ က ရေးဆွဲခဲ့သည်ဟု ယုံကြည်ထားကြသည့် အချက်ကို မျိုးဗီဇ ပညာရှင်များအကြား အငြင်းပွားခဲ့ကြသည်။

၈။ ဘင်မ်ဘက်ကာ (အိန္ဒိယ)

အိန္ဒိယနိုင်ငံအလယ်ပိုင်းမှ Bhimbetka တွင် ကျောက်ဂူ ၊ ကျောက်မိုးပေါင်း ခြောက်ရာကျော်မျှ ရှိနေပြီး သမိုင်း မတင်မီ ခေတ်များက ရေးဆွဲထားခဲ့သော ဂူနံရံ ပန်းချီကားများကို မြင်တွေ့နိုင်သည်။အနီရောင်နှင့် အဖြူရောင်ကို အဓိက သုံးစွဲထားပြီး တစ်ခါတစ်ရံတွင် အစိမ်းနှင့် အဝါကို ထည့်သွင်း ရေးဆွဲထားသော ယင်း ပန်းချီကားများတွင် လိုဏ်ဂူများအတွင်း ရှေးဦးလူသားများ နေထိုင်ခဲ့စဉ်က ကာလများနှင့် သူတို့ ရပ်တည် ရှင်သန်ခဲ့ရပုံများကို ရေးဆွဲထားပေသည်။ အချို့သော လိုဏ်များတွင် ပြောင်ပုံများ၊ ကျားပုံများနှင့် ခြင်္သေ့ပုံများ သာမက မိကျောင်းပုံများကို အများအပြား မြင်တွေ့ကြရ သည်။ သက်တမ်း အရင့်ဆုံးရုပ်ပုံသည် နှစ်ပေါင်း ၁၂၀၀၀ ခန့် ရှိပြီ ဖြစ်သည်။

၉။ မာနို့စ် (အာဂျင်တီးနား)

Cueva de las Manos လိုဏ်ဂူ သည် အာဂျင်တီးနား နိုင်ငံတောင်ပိုင်း ပင်တဂွန်ဒေသ ၏ လူသူကင်းဝေးရာ နေရာတွင် တည်ရှိပြီး လက်များကို ကျောက်သားပေါ်တွင် ထွင်းကာ ရေးဆွဲထားသော ပုံကြောင့် လက်ဂူ (Cave of Hands) ဟု လူသိများသည်။ကြံ့နှင့် အခြားသတ္တဝါပုံများနှင့် အမဲလိုက်သည့် မြင်ကွင်းပုံများကိုလည်း ရေးဆွဲထားသေးသည်။ လက်ပုံ အများစုသည် လက်ဝဲဘက် လက်များသာ ဖြစ်လေရာ ပုံဆွဲသူများက ယာဘက်လက်တွင် ဆေးကိုကိုင်ကာ ဘယ်လက်ကို နံရံပေါ်တင်လျက် လက်ချောင်းရာများအတိုင်း ဆေးဖြင့် လိုက်ဆွဲထားသည်ဟု ယူဆကြသည်။ ယင်းတို့ကို လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀၀ မှ နှစ် ၉၅၀၀ အတွင်း ရေးဆွဲထားခဲ့ကြခြင်း ဖြစ်သည်။

၁၀။ မာဂုရ (ဘူဂေးရီးယား)

Magura သည် ဘူဂေးရီးယားနိုင်ငံ၏ အကြီးဆုံးသော လိုဏ်ဂူ တစ်ခုဖြစ်ပြီး နိုင်ငံ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။လိုဏ်ဂူနံရံများကို လွန်ခဲ့သော နှစ် ၈၀၀၀ မှ ၄၀၀၀ အတွင်းက ရေးဆွဲထားခဲ့သော ပန်းချီများ ဖြင့် ခြယ် မှုန်းထားသည်။ နံရံ ပန်းချီကားပေါင်း ၇၀၀ ကျော်ရှိကာ ယင်းတို့ကို လင်းနို့ ချေးများဖြင့် ရေးဆွဲထားခဲ့ခြင်း ဖြစ်ပြီး အမဲလိုက်ပုံများ၊ လူများ ကခုန်နေကြပုံများနှင့် တိရိစ္ဆာန်ပုံ အမြောက်အများကို တွေ့ရှိနိုင်ပေသည်။

သမိုင်းမတင်မီ ကျောက်ခေတ်ဦးက လူသားတို့ ဂူများအတွင်း နေထိုင်ခဲ့စဉ်ကတည်းက လူတို့တွင် အနုပညာ ဗီဇကို ကမ္ဘာအနှံ့မှ ကျောက်ဂူများတွင် မြင်တွေ့ရသော ရှေးဦး လူသားတို့၏ နံရံပန်းချီများက ဖော်ညွှန်း ပြသလျက် ရှိနေပေသည်။ တစ်ခါက ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုသည် စပိန်နိုင်ငံမှ အယ်တာမီယား ကျောက်ဂူပန်းချီများကို သွား ရောက်ကြည့်ရှုခဲ့သည်။ ဂူနံရံတွင် ရေးဆွဲထားသော ပန်းချီများက နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ကာလများက လူသားတို့၏ အတွေး အမြင်များ၊ လူနေမှုဘဝများကို ပြသပေးလျက်ရှိနေပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ် စက်တင်ဘာလထုတ် သုတအလင်း မဂ္ဂဇင်းမှ

——- —- ———

(Zawgyi)

ကမာၻေပၚက အေစာဆုံး ပန္းခ်ီ ၁၀ ခု

မူရင္း ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

ကမာၻအရပ္ရပ္မွ ေရွးေဟာင္း သုေတသနပညာရွင္မ်ားသည္ စဥ္ဆက္မျပတ္ စူးစမ္း ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ၾကကာ ဤကမာၻေပၚတြင္ ေနထိုင္ခဲ့ၾကေသာ ေရွးဦးလူသားတို႔၏ ႐ုပ္ႂကြင္းမ်ား၊အသုံးအေဆာင္မ်ား၊ အႏုလက္ရာမ်ား၊ လက္နက္မ်ား စသည့္ ေရွးေဟာင္း ပစၥည္းမ်ားႏွင့္အတူ ေရွးေဟာင္း ၿမိဳ႕ျပမ်ားကို ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ၾကသည္။ ေရွးေခတ္ လူသားမ်ား၏ စိတ္ကူးစိတ္သန္းမ်ားျဖင့္ ေရးဆြဲခဲ့ၾကေသာ ပန္းခ်ီဟု ေခၚဆိုရမည့္ ႐ုပ္ပုံမ်ားကိုလည္း ယင္းတို႔ ေနထိုင္ခဲ့ရာ ေဒသမ်ားတြင္ ေတြ႕ရွိခဲ့ၾကရသည္။

ေက်ာက္ေခတ္ ကာလတြင္ လူသားမ်ားသည္ ေက်ာက္လိုဏ္ဂူမ်ား အတြင္း ေနထိုင္ခဲ့ၾကၿပီး ယင္းတို႔ ေနထိုင္ခဲ့သည့္ အခ်ိဳ႕ေသာ ေက်ာက္ဂူနံရံမ်ား ေပၚတြင္ ေက်ာက္ေခတ္ လူသားမ်ား ေရးဆြဲခဲ့ၾကသည့္ ပန္းခ်ီ ႐ုပ္ပုံ မ်ားကို ယေန႔တိုင္ ျမင္ေတြ႕ႏိုင္ ေပသည္။

ျပဒါးလင္းဂူ

ျမန္မာႏိုင္ငံတြင္ ေက်ာက္ေခတ္သစ္ (Neolithic) ကာလတြင္ ေက်ာက္ေခတ္ လူသားမ်ား ေနထိုင္ခဲ့သည့္ ျပဒါးလင္းဂူ ကို ၁၉၆၀ ျပည့္ႏွစ္တြင္ စတင္ေတြ႕ရွိခဲ့ၿပီး ၁၉၆၉ ခုႏွစ္တြင္ ထိုစဥ္က ေရွးေဟာင္းသုေတသန ဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေသာ္ ေခါင္းေဆာင္ေသာ အဖြဲ႕က တူးေဖာ္ခဲ့ရာ ဂူအမွတ္ (၁) အတြင္းတြင္ ေရွးဦးေက်ာက္ေခတ္ လူသားမ်ား ေရးဆြဲထားခဲ့သည့္ ႐ုပ္ပုံမ်ားကို ေတြ႕ရွိခဲ့ရသည္။

ျပဒါးလင္းဂူသည္ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ႐ြာငံၿမိဳ႕၏ အေနာက္ဘက္ ယြန္းယြန္း ၁၀ မိုင္ခန႔္ အကြာတြင္ တည္ရွိသည္။ ေညာင္ခ်ပ္႐ြာမွ အေရွ႕ဘက္သို႔ သုံးမိုင္ခန႔္ ကြာေဝးၿပီး ေရဘုတ္ ႐ြာေဟာင္း၏ အေနာက္ဘက္ တစ္မိုင္ေက်ာ္ ပင္လယ္ ေရမ်က္ႏွာျပင္ အထက္ ၁၀၅၀ ေပ အျမင့္တြင္ တည္ရွိကာ ဂူေပါက္မ်ားသည္ ေျမျပင္ မွ ေပ ၅၀ မွ ေပ ၇၀ အထိျမင့္ေသာ ေတာင္ကမ္းပါးယံတြင္ ေတာင္ဘက္သို႔ မ်က္ႏွာမူေနၾကသည္။ ျပဒါးလင္းဂူသည္ အေနာက္ဘက္ဂူ ႏွင့္ အေရွ႕ဘက္ဂူ ႏွစ္ခုရွိၿပီး ဂူႏွစ္ခုလုံးသည္ ထုံးေက်ာက္ဂူမ်ား ျဖစ္ၾကကာ အေနာက္ဘက္လိုဏ္ဂူ အတြင္းဝယ္ ေက်ာက္စက္ ပန္းဆြဲ ႏွင့္ ေက်ာက္စက္ မိုးေမွ်ာ္မ်ား ရွိသည္။ ယင္း ေနာက္ဘက္လိုဏ္ဂူသည္ တစ္ခုတည္း မဟုတ္ဘဲ က်ယ္ဝန္းေသာ ဂူႀကီးကိုးခွ တန္းစီလ်က္ တစ္ခု ႏွင့္ တစ္ခု က်ဥ္းေျမာင္းေသာ ဂူငယ္မ်ားျဖင့္ ဆက္လ်က္ရွိေနၿပီး အေနာက္ဂူသည္ ေပ ၈၀၀ ခန႔္ရွည္လ်ားၿပီး ဂူ တစ္ေလွ်ာက္တြင္ ေမွာင္မိုက္၍ စြတ္စိုေနသည္။

အေရွ႕ဘက္ဂူမွာ အေနာက္ဘက္ဂူ မွ ကိုက္ ၂၀၀ ခန႔္သာ ကြာေဝးၿပီး အလင္းေရာင္ ႏွင့္ ေလေကာင္းေလသန႔္ ေကာင္းစြာ ရရွိၿပီး အလယ္တြင္ ဂူနံရံမွာ ေရွ႕သို႔ စြန္းထြက္ ေနသျဖင့္ ႏွစ္ပိုင္းကန႔္ထားသကဲ့သို႔ ျဖစ္ေနသည္။ ယင္း အေရွ႕ဘက္ဂူ၏ နံရံေပၚတြင္ ဂူၾကမ္းျပင္မွ ၁၀ ေပ ၊ ၁၂ ေပ ခန႔္ အျမင့္တြင္ နီညိဳေရာင္ ေရးဆြဲထားေသာ ပန္းခ်ီ ႐ုပ္ပုံမ်ား ရွိေနၿပီး လက္ဝါးပုံ ႏွစ္ခု ၊ ေနပုံ တစ္ခု ႏွင့္ တိရိစာၦန္ပုံ မ်ား အပါအဝင္ ၁၂ ပုံျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ေက်ာက္ေခတ္ဦး ကာလမွ လူသားတို႔၏ နံရံ ေဆးပန္းခ်ီမ်ားကဲ့သို႔ပင္ အခ်ိဳ႕ေသာ ႏိုင္ငံမ်ားတြင္လည္း ေရွးေခတ္လူသားတို႔၏ နံရံပန္းခ်ီမ်ားကို ေတြ႕ရွိႏိုင္ရာ ကမာၻအႏွံ႔မွ ခရီးသြားမ်ား သြားေရာက္ ေလ့လာ ၾကည့္ရႈ ႏိုင္ၾကသည္။

၁။ လက္စ္ေကာက္ (ျပင္သစ္)

ျပင္သစ္ႏိုင္ငံ အေနာက္ ေတာင္ပိုင္းရွိ Lascaux လိုဏ္ဂူမ်ားသည္ သမိုင္းမတင္မီ ကာလကတည္းက တည္ရွိခဲ့ေသာ ဂူ အစုအေဝး တစ္ခုျဖစ္ၿပီး စိတ္ဝင္စားဖြယ္ ဆြဲေဆာင္မႈ ေကာင္းလွေသာ ဂူနံရံပန္းခ်ီမ်ားေၾကာင့္ ထင္ရွားသည္။

သက္တမ္း ႏွစ္ေပါင္း ၁၇၀၀၀ ရွိေၾကာင္း ပညာရွင္တို႔ ခန႔္မွန္းထားၾကသည့္ Lascaux လိုဏ္ဂူမွ နံရံပန္းခ်ီမ်ားသည္ ဂူအဝင္အဝႏွင့္ မလွမ္းမကမ္းတြင္ တည္ရွိေနၾကၿပီး ဖေယာင္းတိုင္ အလင္းေရာင္ျဖင့္ ေရးဆြဲခဲ့သည္ဟု ယူဆထားၾကသည္။ ယင္းတို႔အနက္ အထင္ရွားဆုံး ပုံမွာ ႏြားမ်ား၊ ျမင္းမ်ားႏွင့္ သမင္မ်ားကို တစ္စုတစ္ေဝးတည္း ေရးဆြဲထားေသာ ပုံပင္ ျဖစ္သည္။ ႏြားတစ္ေကာင္၏ ပုံသည္ ၅.၂ မီတာ (၁၇ ေပ) မွ်ပင္ ရွိေလရာ ေတြ႕ရွိသမွ်ေသာ ဂူနံရံပန္းခ်ီမ်ားတြင္ အႀကီးဆုံး ျဖစ္သည္။

Lascaux လိုဏ္ဂူမ်ားရွိ နံရံပန္းခ်ီမ်ားကို လာေရာက္ ၾကည့္ရႈၾကသူမ်ား အလြန္မ်ားျပားလွသျဖင့္ ယိုယြင္းပ်က္စီးမႈမ်ား ျဖစ္ေပၚလာေသာေၾကာင့္ ျပင္သစ္အစိုးရက Lascaux လိုဏ္ဂူမ်ားကို အၿပီးပိတ္ခဲ့ၿပီး Lascaux II လိုဏ္ဂူတစ္ခုကို Lascaux လိုဏ္ဂူမ်ား အနီးတြင္ တည္ေဆာက္ ေပးခဲ့ၿပီး မူလ လိုဏ္ဂူမ်ား၏ ပုံတူမ်ားကို ၾကည့္ရႈႏိုင္ရန္ စီစဥ္ေပးထားသည္။

၂။ အယ္တာမီယား (စပိန္)

၁၉ ရာစုေႏွာင္းပိုင္းတြင္ စပိန္ႏိုင္ငံ ေတာင္ပိုင္းတြင္ ေတြ႕ရွိခဲ့ေသာ Altamia ဂူသည္ ေက်ာက္ေခတ္ ဂူနံရံေဆး ပန္းခ်ီမ်ား ေတြ႕ရွိခဲ့ရသည့္ ပထမဆုံး ဂူျဖစ္သည္။ေတြ႕ရွိရေသာ ပန္းခ်ီပုံမ်ားသည္ လက္ရာ ေျမာက္လြန္းလွသျဖင့္ သိပၸံ ပညာရွင္မ်ားက ေရွးေက်ာက္ ေခတ္လက္ရာမွ ဟုတ္ပါေလစဟုပင္ သံသယဝင္ခဲ့ၾကၿပီး ဂူကို ေတြ႕ရွိခဲ့သူ မာစီလီႏို (Maecelino Sanz de Sautuola) က အတုေရးဆြဲခဲ့ျခင္းျဖစ္သည္ ဟုပင္ စြပ္စြဲခဲ့ၾကသည္။ လူအမ်ားစုကလည္း ေရွးဦးလူသားမ်ား အေနျဖင့္ အႏုပညာလက္ရာ ေျမာက္ေသာ ဖန္တီးမႈမ်ိဳးကို ျပဳလုပ္ႏိုင္သည့္ ဉာဏ္စြမ္းရည္ မရွိႏိုင္ဟု ယုံၾကည္ထားၾကသည္။

သို႔ေသာ္လည္း ၁၉၀၂ ခုႏွစ္တြင္ ထိုဂူနံရံ ပန္းခ်ီမ်ားသည္ ေရွးလူသားတို႔ ေရးဆြဲခဲ့ေသာ လက္ရာစစ္ျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့သည္။အယ္တာမီယာဂူသည္ မီးေသြး၊ေျမေစးဝါတို႔ျဖင့္ ေရးဆြဲထားေသာ ျမင္းမ်ား၊ကြၽဲ႐ိုင္းမ်ားႏွင့္ လက္ေဗြရာမ်ားကို အေကာင္းမြန္ဆုံး ျဖစ္ေအာင္ ထိန္းသိမ္းထားသည့္ သဘာ၀ လိုဏ္တစ္ခုပင္ ျဖစ္ေပသည္။

၃။ ကာကာဒူး (ၾသစေၾတးလ်)

ၾသစေၾတးလ် ႏိုင္ငံေျမာက္ပိုင္းရွိ Kakadu အမ်ိဳးသား ဥယ်ာဥ္တြင္ ေရွးအက်ဆုံး လူသားအ႐ိုင္း တို႔၏ ပန္းခ်ီ လက္ရာမ်ားကို စိတ္ဝင္စားဖြယ္ရာ ေတြ႕ရွိႏိုင္သည္။ကာကာဒူး၏ ေက်ာက္နံရံေစာင္းႏွင့္ ေက်ာက္သားျပင္ တေလွ်ာက္တြင္ အႏုလက္ရာေပါင္း ငါးေထာင္ေက်ာ္မွ် ရွိရာမူလ ပန္းခ်ီကားမ်ား၏ သက္တမ္းသည္ လြန္ခဲ့ေသာႏွစ္ေပါင္း၂၀၀၀၀ ခန႔္က ျဖစ္သည္ဟု ခန႔္မွန္းထား ေသာ္လည္း လက္ရွိ ျမင္ရေသာ ပန္းခ်ီမ်ား၏ သက္တမ္းမွာမူ ႏွစ္ေပါင္း ၁၅၀၀ မွ်သာ ရွိသည္။ ယင္းေနရာတြင္ တိရိစာၦန္တို႔၏ ခႏၶာကိုယ္ အျပင္ပိုင္း ကိုသာမက အ႐ိုးႏွင့္ အတြင္းပိုင္းကိုပါ ဓာတ္မွန္ ႐ိုက္ထားသကဲ့သို႔ ေရးဆြဲထားေသာ ပုံမ်ားကို ျမင္ေတြ႕ ၾကရေပသည္။

၄။ ေခ်ာေဗး (ျပင္သစ္)

ျပင္သစ္ႏိုင္ငံ ေတာင္ပိုင္း၊ Chauvet လိုဏ္ဂူမ်ားတြင္ ကမာၻ႔ေရွးဦး သမိုင္း မတင္မီေခတ္က လူသားတို႔ေရးဆြဲ ခဲ့ၾကေသာ နံရံပန္းခ်ီ႐ုပ္ပုံမ်ားကို ေတြ႕ရွိရသည္။ လိုဏ္ဂူအတြင္းမွ ႐ုပ္ပုံမ်ားကို ေရဒီယို ကာဗြန္ဓာတ္ခြဲျခင္းျဖင့္ သက္တမ္း တြက္ခ်က္ၾကည့္ရာဝယ္ ႏွစ္ေပါင္း ၃၂၀၀၀ ခန႔္မွ်ရွိသည္ကို ေတြ႕ၾကရေပသည္။ အဆိုပါ လိုဏ္ဂူကို ၁၉၉၄ ခုႏွစ္တြင္ ေခ်ာေဗး (Jean-Marie Chauvet) ဦးေဆာင္ေသာ လိုဏ္ပညာရွင္အဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ လိုဏ္ဂူနံရံတြင္ ေရွးဆင္႐ိုင္း၊ ျမင္းမ်ား၊ျခေသၤ့မ်ား၊ ဝက္ဝံမ်ား၊ႀကံ့ပုံမ်ား ေရးဆြဲထားၿပီး ျပင္ညီ တစ္ခုေပၚမွာပင္ အေကာင္မ်ိဳးစုံကို ရွင္းလင္းစြာ ျမင္ႏိုင္ေသာ အေဝးအနီး ျမင္စံနစ္ျဖင့္ ေခတ္မီနည္းပညာကို သုံးစြဲထားသည္ကို ေတြ႕ရွိရေပသည္။

၅။ တာဒရက္ အကာကပ္စ္ (လစ္ဗ်ား)

လစ္ဗ်ား ႏိုင္ငံ ေတာင္ပိုင္း၊ ဆာဟာရ သဲကႏၲာရ အတြင္းရွိ Tadrat Acacus ေတာင္တန္း ေဒသသည္ဘီစီ ၁၂၀၀၀ မွ ေအဒီ ၁၀၀ ခုႏွစ္အတြင္းက ေရးဆြဲထားခဲ့သည့္ ေက်ာက္ပန္းခ်ီမ်ားေၾကာင့္ လူသိမ်ားလွသည္။ ပန္းခ်ီကားမ်ားသည္ ဆာဟာရေဒသ၏ မူလစြတ္စိုခဲ့ေသာ ပတ္ဝန္းက်င္မွ ကႏၲာရအျဖစ္ ေျပာင္းလဲခဲ့မႈမ်ားကို ထင္ဟပ္ ေရးဆြဲထားသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ကိုးေထာင္ခန႔္က ဆာဟာရ ဝန္းက်င္ေဒသမ်ားသည္ ေရကန္မ်ား၊ေတာအုပ္မ်ားတြင္ ေတာ႐ိုင္းသတၱဝါ အုပ္စုမ်ား က်င္လည္ က်က္စားကာ စိမ္းလန္းစိုေျပခဲ့မႈကို ေက်ာက္ေတာင္မ်ားေပၚတြင္ သစ္ကုလားအုပ္မ်ား၊ ဆင္မ်ား၊ ငွက္ ကုလားအုပ္မ်ားျဖင့္ ေရွးလူသားတို႔ ေရးဆြဲ မွတ္တမ္း တင္ခဲ့ၾကသည္။

၆။ လားစ္ဂဲ (ဆိုမာလီယာ)

ဆိုမာလီယာ ႏိုင္ငံ အေနာက္ ေျမာက္ပိုင္းမွ Laas Gaal သည္ လိုဏ္ဂူမ်ားႏွင့္ ေက်ာက္ေတာင္မ်ား စုေဝးတည္ရွိ ေနသည့္ ေနရာတစ္ခု ျဖစ္သည္။ အာဖရိက ဦးခ်ိဳ ႏွင့္ အာဖရိကတိုက္ဟု အမ်ားသိရွိထားၾကေသာ ယင္းေဒသတြင္ သမိုင္းဦး ေရွးအက်ဆုံး ကာလမ်ားအတြင္း ေက်ာက္သားေပၚတြင္ ေရးဆြဲထားခဲ့သည့္ ႐ုပ္ပုံပန္းခ်ီမ်ား ရွိသည္။ ထို ႐ုပ္ပုံမ်ားသည္ လြန္ခဲ့ေသာ ႏွစ္ ၁၁၀၀၀ မွ ႏွစ္ ၅၀၀၀ အတြင္း ေရးဆြဲထားေသာ ပုံမ်ားျဖစ္ေၾကာင္း ပညာရွင္မ်ားက ခန႔္မွန္းၾကသည္။ လူမ်ားႏွင့္အတူ အဆင္တန္ဆာမ်ား ဝတ္ဆင္ထားေသာ ႏြားမ်ား၊အိမ္ေမြးေခြးမ်ားႏွင့္ သစ္ကုလားအုပ္ တစ္ေကာင္ တို႔ကို ေရးဆြဲထားသည္။ လိုဏ္ပန္းခ်ီမ်ားကို စံနစ္တက် အလြန္ေကာင္းမြန္စြာ ထိမ္းသိန္းထားသျဖင့္ ပုံမ်ား၏ စူးရွေသာ အေရာင္မ်ား၊ အနားသတ္မ်ဥ္းမ်ားကို ေကာင္းစြာ ျမင္ႏိုင္ၾကေပသည္။

၇။ ကပိဝရ (ဘရာဇီး)

Serra da Capivara အမ်ိဳးသား ဥယ်ာဥ္သည္ ေက်ာက္ဂူ နံရံေဆးေရး ပန္းခ်ီမ်ားျဖင့္ တန္ဆာဆင္ထားေသာ မ်ားျပားလွသည့္ ေက်ာက္ဂူစု တစ္ခုျဖစ္ၿပီး ဘရာဇီးႏိုင္ငံတြင္ တည္ရွိသည္။ဓေလ့ထုံးတမ္းပြဲမ်ား၊ အမဲလိုက္ပုံမ်ား၊ သစ္ပင္မ်ား ႏွင့္ ယင္းေဒသမွ တိရိစာၦန္ပုံမ်ားကို ေရးဆြဲထားသည္။ ယင္းပန္းခ်ီကားမ်ားထဲမွ သက္တမ္း အရွည္ဆုံး ပန္းခ်ီကားကို သိပၸံပညာရွင္မ်ားက လြန္ခဲ့ေသာ ႏွစ္ေပါင္း၂၅၀၀၀ က ေရးဆြဲခဲ့သည္ဟု ယုံၾကည္ထားၾကသည့္ အခ်က္ကို မ်ိဳးဗီဇ ပညာရွင္မ်ားအၾကား အျငင္းပြားခဲ့ၾကသည္။

၈။ ဘင္မ္ဘက္ကာ (အိႏၵိယ)

အိႏၵိယႏိုင္ငံအလယ္ပိုင္းမွ Bhimbetka တြင္ ေက်ာက္ဂူ ၊ ေက်ာက္မိုးေပါင္း ေျခာက္ရာေက်ာ္မွ် ရွိေနၿပီး သမိုင္း မတင္မီ ေခတ္မ်ားက ေရးဆြဲထားခဲ့ေသာ ဂူနံရံ ပန္းခ်ီကားမ်ားကို ျမင္ေတြ႕ႏိုင္သည္။အနီေရာင္ႏွင့္ အျဖဴေရာင္ကို အဓိက သုံးစြဲထားၿပီး တစ္ခါတစ္ရံတြင္ အစိမ္းႏွင့္ အဝါကို ထည့္သြင္း ေရးဆြဲထားေသာ ယင္း ပန္းခ်ီကားမ်ားတြင္ လိုဏ္ဂူမ်ားအတြင္း ေရွးဦးလူသားမ်ား ေနထိုင္ခဲ့စဥ္က ကာလမ်ားႏွင့္ သူတို႔ ရပ္တည္ ရွင္သန္ခဲ့ရပုံမ်ားကို ေရးဆြဲထားေပသည္။ အခ်ိဳ႕ေသာ လိုဏ္မ်ားတြင္ ေျပာင္ပုံမ်ား၊ က်ားပုံမ်ားႏွင့္ ျခေသၤ့ပုံမ်ား သာမက မိေက်ာင္းပုံမ်ားကို အမ်ားအျပား ျမင္ေတြ႕ၾကရ သည္။ သက္တမ္း အရင့္ဆုံး႐ုပ္ပုံသည္ ႏွစ္ေပါင္း ၁၂၀၀၀ ခန႔္ ရွိၿပီ ျဖစ္သည္။

၉။ မာႏို႔စ္ (အာဂ်င္တီးနား)

Cueva de las Manos လိုဏ္ဂူ သည္ အာဂ်င္တီးနား ႏိုင္ငံေတာင္ပိုင္း ပင္တဂြန္ေဒသ ၏ လူသူကင္းေဝးရာ ေနရာတြင္ တည္ရွိၿပီး လက္မ်ားကို ေက်ာက္သားေပၚတြင္ ထြင္းကာ ေရးဆြဲထားေသာ ပုံေၾကာင့္ လက္ဂူ (Cave of Hands) ဟု လူသိမ်ားသည္။ႀကံ့ႏွင့္ အျခားသတၱဝါပုံမ်ားႏွင့္ အမဲလိုက္သည့္ ျမင္ကြင္းပုံမ်ားကိုလည္း ေရးဆြဲထားေသးသည္။ လက္ပုံ အမ်ားစုသည္ လက္ဝဲဘက္ လက္မ်ားသာ ျဖစ္ေလရာ ပုံဆြဲသူမ်ားက ယာဘက္လက္တြင္ ေဆးကိုကိုင္ကာ ဘယ္လက္ကို နံရံေပၚတင္လ်က္ လက္ေခ်ာင္းရာမ်ားအတိုင္း ေဆးျဖင့္ လိုက္ဆြဲထားသည္ဟု ယူဆၾကသည္။ ယင္းတို႔ကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၃၀၀၀၀ မွ ႏွစ္ ၉၅၀၀ အတြင္း ေရးဆြဲထားခဲ့ၾကျခင္း ျဖစ္သည္။

၁၀။ မာဂုရ (ဘူေဂးရီးယား)

Magura သည္ ဘူေဂးရီးယားႏိုင္ငံ၏ အႀကီးဆုံးေသာ လိုဏ္ဂူ တစ္ခုျဖစ္ၿပီး ႏိုင္ငံ အေနာက္ေျမာက္ပိုင္းတြင္ တည္ရွိသည္။လိုဏ္ဂူနံရံမ်ားကို လြန္ခဲ့ေသာ ႏွစ္ ၈၀၀၀ မွ ၄၀၀၀ အတြင္းက ေရးဆြဲထားခဲ့ေသာ ပန္းခ်ီမ်ား ျဖင့္ ျခယ္ မႈန္းထားသည္။ နံရံ ပန္းခ်ီကားေပါင္း ၇၀၀ ေက်ာ္ရွိကာ ယင္းတို႔ကို လင္းႏို႔ ေခ်းမ်ားျဖင့္ ေရးဆြဲထားခဲ့ျခင္း ျဖစ္ၿပီး အမဲလိုက္ပုံမ်ား၊ လူမ်ား ကခုန္ေနၾကပုံမ်ားႏွင့္ တိရိစာၦန္ပုံ အေျမာက္အမ်ားကို ေတြ႕ရွိႏိုင္ေပသည္။

သမိုင္းမတင္မီ ေက်ာက္ေခတ္ဦးက လူသားတို႔ ဂူမ်ားအတြင္း ေနထိုင္ခဲ့စဥ္ကတည္းက လူတို႔တြင္ အႏုပညာ ဗီဇကို ကမာၻအႏွံ႔မွ ေက်ာက္ဂူမ်ားတြင္ ျမင္ေတြ႕ရေသာ ေရွးဦး လူသားတို႔၏ နံရံပန္းခ်ီမ်ားက ေဖာ္ၫႊန္း ျပသလ်က္ ရွိေနေပသည္။ တစ္ခါက ကမာၻေက်ာ္ ပန္းခ်ီဆရာႀကီး ပီကာဆိုသည္ စပိန္ႏိုင္ငံမွ အယ္တာမီယား ေက်ာက္ဂူပန္းခ်ီမ်ားကို သြား ေရာက္ၾကည့္ရႈခဲ့သည္။ ဂူနံရံတြင္ ေရးဆြဲထားေသာ ပန္းခ်ီမ်ားက ႏွစ္ေပါင္း ေထာင္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီျဖစ္ေသာ ကာလမ်ားက လူသားတို႔၏ အေတြး အျမင္မ်ား၊ လူေနမႈဘဝမ်ားကို ျပသေပးလ်က္ရွိေနေပသည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၂၀၁၆ ခုႏွစ္ စက္တင္ဘာလထုတ္ သုတအလင္း မဂၢဇင္းမွ

Tags: world knowledgeworld places
Next Post
ဘာမြူဒာတြိဂံလို လူသိမများတဲ့ ဂျပန်ကျွန်းစုနားကနဂါးတြိဂံအကြောင်း

ဘာမြူဒာတြိဂံလို လူသိမများတဲ့ ဂျပန်ကျွန်းစုနားကနဂါးတြိဂံအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!