ကမ္ဘာပေါ်မှာ အကြီးဆုံးနိုင်ငံဟာ ရုရှားဆိုတာ အများစု သိကြပါလိမ့်မယ်။ ကနေဒါ ၊ တရုတ် စတာတွေကို အကြီးဆုံးလို့ထင်တဲ့ သူတချို့လည်းရှိပါလိမ့်မယ်။ ဆိုဗီယက်ယူနီယံကနေ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော် ခွဲထွက်သွားတာကြောင့် ရုရှားက အကြီးဆုံးမဟုတ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။
တကယ်တော့ နိုင်ငံများစွာခွဲထွက်သွားတာတောင် ရုရှားဟာ ကမ္ဘာပေါ်မှာ ဧရိယာအကျယ်ဆုံးနိုင်ငံဖြစ်နေပါဆဲပါ။ ရုရှားရဲ့ဧရိယာက စတုရန်းကီလိုမီတာ ၁၇သန်းကျော်ဖြစ်ပြီး ဒုတိယဖြစ်တဲ့ ကနေဒါရဲ့ ဧရိယာက ၁၀သန်း ခန့်ပဲ ရှိတာကြောင့် ရုရှားက ၇သန်းကျော် ပိုကြီးနေပါသေးတယ်။
တတိယအကြီးဆုံးနိုင်ငံကတော့ တရုတ်ဖြစ်ပါတယ်။ တရုတ်ဟာ အမေရိကန်ရဲ့ ဧရိယာထက် အနည်းငယ်ပဲ ပိုကျယ်ပါတယ်။ ဒီနှစ်နိုင်ငံကို နှိုင်းယှဉ်ရမယ်ဆိုရင် လူနေနိုင်တဲ့ နေရာဧရိယာဆိုရင် အမေရိကန်က တရုတ်ထက် ၄ဆ ပိုများပါတယ်။(တရုတ်နိုင်ငံရဲ့ နေရာအများစုဟာ တောင်တန်းတောင်ကုန်းတွေသာ ဖြစ်နေလို့ပါ)။ လူဦးရေနဲ့ ယှဉ်မယ်ဆိုရင်တော့ တရုတ်က အမေရိကန်ထက် ၄ဆ ပိုများပါတယ်။
ဒါပေမယ့် တချို့စာရင်းမှာတော့ အမေရိကန်ကို နံပါတ် ၃နေရာက ဖော်ပြကြပါတယ်။ ဒါကတော့ အမေရိကန်ရဲ့ လက်အောက်ခံနယ်မြေတွေဖြစ်တဲ့ ပေါ်တိုရီကို ၊ ဆာမိုအာ ၊ ဂူအမ်စတဲ့ နယ်မြေတွေကို ထည့်ပေါင်းလိုက်တဲ့အခါအေမရိကန္ရဲ႕ ကုန်းမြေ+ရေ ဧရိယာအကျယ်အဝန်းက တရုတ်ရဲ့ ကုန်းမြေ+ရေ ဧရိယာအကျယ်အဝန်းထက် အနည်းငယ်ပိုများသွားလို့ပဲဖြစ်ပါတယ်။
ကမ္ဘာ့ ဧရိယာအကျယ်ဆုံး ၁၀ နိုင်ငံစာရင်းကို ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။
ကမ္ဘာ့ဧရိယာ အကျဉ်းဆုံးနိုင်ငံကတော့ ရောမမြို့လယ်မှာရှိတဲ့ ပုပ်ရဟန်းမင်းကြီးအုပ်ချုပ်သော ဗာတီကန်စီးတီးနိုင်ငံဆိုတာ သိပြီးဖြစ်မှာပါ။ အကျယ်အဝန်းအားဖြင့် ဝ.၄၄ စတုရန်းကီလိုမီတာသာကျယ်ဝန်းပါတယ်။ အသေးဆုံးနိုင်ငံဖြစ်ပေမယ့် နိုင်ငံတစ်နိုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ပိုင်တယ်လီဖုန်းလိုင်းများ ၊ ရုပ်မြင်သံကြားဌာန ၊ ရေဒီယိုဌာန ၊ ကိုယ်ပိုင်တံဆိပ်ခေါင်း စတဲ့အချက်တွေအားလုံးနဲ့ ပြည့်စုံနေတဲ့နိုင်ငံဖြစ်ပါတယ်။
ဗာတီကန်ပြီးတော့ ဒုတိယဧရိယာအကျဉ်းဆုံးနိုင်ငံကတော့ ပြင်သစ်နိုင်ငံနဲ့ ကပ်ရက်မှာရှိတဲ့ မိုနာကိုနိုင်ငံဖြစ်ပါတယ်။ တချို့ကတော့ မိုနာကို ကို ပြင်သစ်ရဲ့နယ်မြေတစ်ခုလို့ ထင်ကြလေ့ရှိပါတယ်။ တကယ်တော့ မိုနာကိုဟာ သီးချားရပ်တည်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မင်းသား ဒုတိယအဲဘတ်လ်က အုပ်ချုပ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၂.၀၂ စတုရန်းကီလိုမီတာသာ ရှိပါတယ်။
မိုနာကိုနောက်မှာတော့ အကျယ်အဝန်းအားဖြင့် ၂၁ စတုရန်းကီလိုမီတာ ရှိတဲ့ နာရူးနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံကတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။ နိုင်ငံဆိုပေမယ့်လည်း ဒီနိုင်ငံရဲ့စုစုပေါင်းလူဦးရေဟာ ၁၁၀၀၀ ခန့်ပဲရှိပါတယ်။
ဧရိယာအသေဆုံး ၁၀နိုင်ငံစာရင်းမှာ ကျွန်တော်တို့ရဲ့အိမ်နီးချင်း စင်ကာပူ ပါဝင်ခြင်းမရှိပါဘူး။ စင်ကာပူရဲ့ ဧရိယာက ၇၁၆ စတုရန်းကီလိုမီတာ ရှိတာကြောင့်ဖြစ်ပါတယ်။ ကမ္ဘာ့ဧရိယာ အကျဉ်းဆုံးနိုင်ငံ ၁၀ နိုင်ငံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ စတုရန်းကီလိုမီတာ ၆၇၆၅၇၈ ကျယ်ဝန်းပြီး ကမ္ဘာ့ဧရိယာအကြီးဆုံးနိုင်ငံစာရင်း အဆင့် ၃၉ မှာ ရပ်တည်နေပါတယ်။
Discussion about this post