အားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်း သတ္တဝါတွေအားလုံးထဲမှာ လူတွေဟာ အသိဉာဏ်ကိုအသုံးချပြီး ကမ္ဘာလောကကြီးကိုစိုးမိုးထားကြပါတယ်။ အမှန်ပါပဲ လူသား တွေရဲ့ဆင်ခြင်တုံစွမ်းအား၊ ဖန်တီးနိုင်မှုစွမ်းအားဟာ အခြားသက်ရှိတွေထက်သာလွန် နေတာကြောင့် သက်ရှိတွေဟာ လူတွေရဲ့အသုံးချခံတွေဖြစ်လာရပါတယ်။ ဒါပေမဲ့ အချို့တိရိစ္ဆာန်တွေကတော့ လူသားတွေလောက် ဉာဏ်ရည်ပိုင်းထက်မြက်မှု မရှိပေမဲ့ သူတို့ရဲ့လုပ်ဆောင်ရမဲ့တာဝန်တွေ၊အပြုအမူတွေကို တိတိကျကျလုပ်ဆောင်နိုင်ကြ ပါတယ်။
တစ်ချို့လုပ်ရပ်တွေဆို လူသားတွေရဲ့ မှတ်မိနိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်းထက် သာလွန်နေကြောင်း တိကျတဲ့အချက်အလက်တွေကို ပညာရှင်တွေက တွေ့ရှိမှတ်တမ်းတင်ပြီးလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ Wonderlist ဝဘ်ဆိုဒ်ကနေတစ်ဆင့် မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး တိရိစ္ဆာန်(၁၀)မျိုးရဲ့ အကြောင်းပဲဖြစ်ပါတယ်။
(၁၀) ပုရွက်ဆိတ်
ပုရွက်ဆိတ်တွေဟာ အရွယ်အစားအရ အလွန်သေးငယ်ပေမဲ့တိရိစ္ဆာန်တွေထဲမှာတော့ ဦးနှောက်အလွန်ကောင်းတဲ့ မျိုးနွယ်စုထဲမှာပါဝင်ပါတယ်။ ဉာဏ်အလွန်ကောင်းတဲ့ ပုရွက်ဆိတ်တွေဟာ ကိုယ်ပိုင်အဖွဲ့အစည်းနဲ့ရပ်တည်နေကြတာဖြစ်ပြီး ပရိယာယ်နဲ့ဆင် ခြင်နိုင်စွမ်း အလွန်မြင့်မားတဲ့ သတ္တဝါတွေလည်းဖြစ်ပါတယ်။ ကမ္ဘာလူဦးရေထက် အဆပေါင်းသန်းနဲ့ချီများပြားတဲ့ ပုရွက်ဆိတ်တွေဟာ လူသားတွေမတိုင်မီ နှစ်သန်းပေါင်း (၅၀)လောက်စောပြီး ကမ္ဘာပေါ်မှာရှိခဲ့တဲ့ သတ္တဝါတွေလည်း ဖြစ်ပါတယ်။
အဓိကအား ဖြင့်တော့ သစ်ရွက်တွေ၊ တွင်းတွေအောက်မှာ အသိုက်ပြုနေကြတဲ့ ပုရွက်ဆိတ်တွေ ဟာ သစ်ရွက်နဲ့မြေစာ အပါအဝင်မျိုးစုံသောအစာအဟာရကို မှီဝဲကာရှင်သန်ကြပါတယ်။ ပုရွက်ဆိတ်တွေဟာ မိုင်ပေါင်းထောင်ချီတဲ့အကွာအဝေးထိ သွားရောက်ပြီးနယ်မြသစ်၊ စားကျက်သစ်တွေကိုရှာဖွေကြပြီး ငလျင်လှုပ်ခြင်း၊ရေကြီးခြင်းစတဲ့ ဒေသတစ်ခုရဲ့ ပထဝီ ဝင်အနေအထား၊ရာသီဥတု အနေအထားကို ကြိုတင်ခန့်မှန်းနိုင်ကြပါသေးတယ်။ ပုရွက် ဆိတ်တွေဟာ အသံထွက်နိုင်ခြင်းမရှိပေမဲ့ သူတို့လုပ်ဆောင်ရမဲ့တာဝန်တွေကိုတော့ တိတိကျကျနဲ့ အချိတ်အဆက်မိမိ စုပေါင်းဆောင်ရွက်တတ်ကြတာကိုလည်း တွေ့ရပါတယ်။
(၉) ဆင်
ကုန်းနေသတ္တဝါတွေထဲမှာမှာတော့ အကြီးဆုံးအဖြစ်သတ်မှက်ထားတဲ့ ဆင်တွေဟာ ကမ္ဘာပေါ်က အသံအကျယ်ဆုံးသတ္တဝါလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဉာဏ်အ ကောင်းဆုံးသတ္တဝါတွေအဖြစ် သတ်မှက်ထားတဲ့ဆင်တွေဟာ အသံပုံစံမျိုးစုံကိုလည်း ဖန်တီးနိုင်တဲ့အပြင် အမှတ်သည်းခြေလည်း အလွန်ကြီးမားကြသူတွေဖြစ်ပါတယ်။
သမိုင်းအဆက်ဆက်မှာလည်း မြင့်မြတ်တဲ့သတ္တဝါအဖြစ်ယူဆထားကြတဲ့ ဆင်တွေကို အကြောင်းပြုပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံစစ်တိုက်ကြတဲ့ အထိတောင်ဖြစ်ခဲ့ရပါတယ်။ အရွယ်အစားနဲ့အညီ သန်မာတဲ့ခွန်အားကိုပိုင်ဆိုင်ကြတဲ့ဆင်တွေဟာ သစ်သီး၊သစ်ဥ၊ တွေကိုသာအဓိကထား စားသောက်ကြပြီးလူသားတွေကို ယနေ့အချိန်ထိ အကျိုးပြု နေဆဲသတ္တဝါတွေဖြစ်ပါတယ်။
(၈) ဝက်
ဝက်တွေရဲ့မူလဇာတိကတော့ အာဖရိကတိုက်၊ ဥရောပနဲ့ဆက်စပ်လျက်ရှိတဲ့ အာရှတိုက် အစွန်အဖျားနေရာတွေ ဖြစ်တယ်လို့ပညာရှင်တွေကဆိုကြပါတယ်။ ယနေ့အချိန်ထိ လူသားတွေနဲ့ အနီးစပ်ဆုံး အိမ်မွေးတိရိစ္ဆာန်အဖြစ်ရှိနေတဲ့ ဝက်တွေဟာဉာဏ်အလွန် ကောင်းကြသူတွေလည်း ဖြစ်ပါတယ်။ လူသားတွေနဲ့ ဝက်တွေကြားမှာ ဆင်တူတဲ့လက္ခ ဏာတွေရှိပြီး ဥပမာအားဖြင့် ဝက်တွေဟာ လူသားတွေလိုပဲ အစုံစားသတ္တဝါတွေ ဖြစ်ပါ တယ်။ ဒါအပြင် ဝက်တွေနာမကျန်းဖြစ်တဲ့အခါ လူသားတွေနာမကျန်းဖြစ်တဲ့အခါ အသုံး ပြုတဲ့ ဆေးတွေကိုအသုံးပြုရပါတယ်။
များစွာသောလေ့လာမှုတွေအရတော့ အရွယ် ရောက်ပြီးဝက်တွေဟာ (၃)နှစ်အရွယ်လူသားကလေးငယ်နဲ့ ဉာဏ်ရည်ချင်းတူညီတယ် လို့သိရပါတယ်။ ဝက်တွေဟာ အသံအမျိုးပေါင်း(၂၀)လောက်ကို ဖန်တီးကာ အဆက် အသွယ်ပြုကြပြီး သူတို့ဟာ သူတို့ရဲ့နေအိမ်ကို လွဲမှားလေ့လည်း မရှိကြပါဘူး။ ပေါက်ကာစ ဝက်ပေါက်လေးတစ်ကောင်ဟာ မိခင်ဝက်မကြီးရဲ့ကွဲပြားတဲ့ အသံကို နားထောင်ပြီး ဆိုလိုတဲ့ အဓိပ္ပါယ်ကိုကောင်းကောင်းသဘော ပေါက်ကြတယ်လို့ လေ့လာ ချက်တွေအရ သိရပါတယ်။
(၇) ရေဘဝဲ
သူတို့ရဲ့ များပြားလှတဲ့လက်ချောင်းတွေကို ဖမ်းဆီးစားသောက်ကြတဲ့ ရေဘဝဲတွေ ကလည်း လူသားတွေနီးပါး ပရိယာယ်ကြွယ်ဝကြသူတွေဖြစ်ပါတယ်။ ကျောရိုးမဲ့ သတ္တဝါ အမျိုးအစားဖြစ်တဲ့ ရေဘဝဲတွေဟာ သားကောင်တွေကို နည်းမျိုးစုံနဲ့ဖမ်းဆီးနိုင်ရုံသာ မက သူတို့ကိုယ်သူတို့ ကာကွယ်ရာမှာလည်း ပြိုင်ဘက်ကင်းသူတွေဖြစ်ပါတယ်။ အခြား အန ္တရာယ်ပေးနိုင်တဲ့သက်ရှိတွေနဲ့ ကြုံဆုံလာပါက ရေဘဝဲတွေဟာ သူတို့ရဲ့ အရောင်အဆင်းကိုရော ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုပါ ခဏတာအတွင်းပြောင်းလဲပြီး ထွက် ပြေးလွတ်မြာက်နိုင်လို့ပါ။ ကမ္ဘာပေါ်မှာ ရေဘဝဲမျိုးစိတ်ပေါင်း(၃၀၀) ကျော်လောက် ရှိပေမဲ့ တိတိကျကျကိုတော့ ပညာရှင်တွေ ယနေ့တိုင်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
(၆) ခွေး
ခွေးတွေဟာ လူတွေရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေလို့ ခေါ်ဆိုရလောက်အောင် နီးစပ် ထိတွေ့မှုရှိပါတယ်။ ခွေးသတ္တဝါတွေရဲ့ သခင်အပေါ် သစ္စာရှိမှုနဲ့ပတ်သက်ပြီး မရေမတွက်နိုင်တဲ့ သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။ ခွေးတွေဟာ သခင်ခိုင်း စေတဲ့အတိုင်း တစ်သွေမတိမ်းလုပ်ဆောင်ကြပြီး အချို့ခက်ခဲတဲ့လုပ်ဆောင်ချက်တွေ ကိုတောင် သခင်ရဲ့လေ့ကျင့်ပေးမှုနဲ့ ပြုလုပ်လာတာကိုမြင်တွေ့ရပါတယ်။ ဒါအပြင် သခင် ရဲ့ စိတ်ပျော်ရွှင်မှု၊ဒေါသထွက်မှု၊ဝမ်းနည်းမှုတွေကို ကောင်းကောင်းအကဲခတ်တက်ပြီး ခွေးတွေရဲ့မျက်နှာအမူအရာနဲ့လုပ်ဆောင်ချက်တွေပါ သခင်ဖြစ်သူရဲ့ သဘောထား ကိုကြည့်ပြီး ပြောင်းလဲတတ်ကြပါတယ်။
ဒါအပြင် သူတို့နေစဉ်လုပ်ဆောင်နေတဲ့ကိစ္စကို သခင်ဖြစ်သူ သတိမထားမိရင်တောင် အသံ/ရုပ်အမူအရာနဲ့ ကောင်းကောင်းကြီး သတိ ပေးတက်ကြပါတယ်။ ယနေ့အချိန်မှာတော့ ခွေးတွေဟာ အမေရိကန်စစ်တပ်လို စည်းစနစ်ကြီးမားတဲ့ အဖွဲ့အစည်းတွေမှာတောင် ရာထူး/ရာခံနဲ့ပါဝင်နေကြပြီး များစွာ သောရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့အစည်းတွေမှာလည်း အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်နေကြပြီလည်း ဖြစ်ပါတယ်။
(၅) လင်းပိုင်
ရေနေသတ္တဝါတွေထဲမှာတော့ လင်းပိုင်တွေဟာ လူသားတွေအတွက် အကောင်းဆုံး မိတ်ဆွေတွေဖြစ်ကြပါတယ်။ လင်းပိုင်တွေဟာ မှန်ထဲမှာပေါ်တဲ့ အရုပ်ဟာ မိမိရဲ့ ပုံပန်း သဏ္ဍာန်ဖြစ်ကြောင်း ကောင်းကောင်းဆင်ခြင်နိုင်ကြပြီး ဟန်ပန်အမူအရာမျိုးစုံကို လွယ်ကူစွာ သိရှိနားလည်ကြသူတွေဖြစ်ပါတယ်။ လင်းပိုင်မျိုးစိတ်တွေထဲမှာတော့ Bottlenose(သူတို့ရဲ့ နှာခေါင်းပေါက်ဟာ ပုလင်းသဏ္ဍန်ရှိနေလို့ပါ) တွေဟာ အသိဉာဏ် အရှိဆုံးမျိုးစိတ်တွေအဖြစ် လူသိများပါတယ်။
သူတို့ဟာ ပင်လယ်သမုဒ္ဒရာ အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဘေးဖြစ်နေတဲ့ လူသားတွေကို ကယ်တင်လေ့ ရှိကြပြီးလူသားတွေရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေကို လည်း ခန့်မှန်းနိုင်ကြသူတွေ ဖြစ်ကြပါတယ်။ လင်းပိုင်တွေဟာ အိပ်စက်နေတဲ့အချိန်မှာ တောင် အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေဖြစ်ပေါ်လာပါက ဦးနှောက်က ချက်ချင်း အသိပေးတဲ့ ထူးခြားတဲ့မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။
(၄) ကျီးကန်း
လေ့လာမှုတွေအရတော့ ကျီးကန်းတွေရဲ့ဦးနှောက်ဟာ အရွယ်ရောက် ပြီးကလေးတစ်ယောက်ရဲ့ ကလေးတစ်ယောက်ရဲ့ မှတ်မိ နိုင်စွမ်း၊ဆင်ခြင်နိုင်စွမ်းတွေရှိတယ်လို့ ဆိုပါတယ်။ ကျီးကန်းတွေဟာ မှတ်မိနိုင်စွမ်းအ လွန်ကြီးမားကြပြီး သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်တွေ့ရှိချက်အရတော့ ကျီးကန်းတွေဟာ လူတစ်ဦးချင်းစီရဲ့ မျက်နှာကိုခွဲခြားနိုင်တယ်လို့ဆိုကြပါတယ်။ ဒါအပြင် လူတွေရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး သူတို့ကိုရင်းနှီးချင်လို့၊ရန်ပြုချင်လို့ ချဉ်းကပ်တယ်ဆိုတာ ကိုပါ ခန့်မှန်းနိုင်ပါတယ်။
ကျီးကန်းတွေဟာ ရန်ငြိုးထားတဲ့ အလေ့လည်းရှိပြီး သူကို နာကျင်အောင်ပြုလုပ်တဲ့သူကို နှစ်တော်တော်ကြာအောင် မေ့ဖျောက်ခြင်းမရှိပဲ အခွင့် ရေးရပါက ကလဲ့စားချေတက်သူတွေလည်းဖြစ်ပါတယ်။ ဒါဟာ လူသားတွေမှာသာ ရှိတဲ့ အမူအကျင့်နဲ့ မှတ်မိနိုင်စွမ်းတွေ ဖြစ်တာကြောင့် ကျီးကန်းတွေဟာ ဒီစာရင်းထဲကို ပါဝင် လာခဲ့တာဖြစ်ပါတယ်။
(၃) ကြွက်
နေရာ/ဒေသနဲ့အချိန်အခါကိုလိုက်ပြီး ပြုမှုနေထိုင်နိုင်ခြင်းကို Metacognition လို့ခေါ်ပြီး ကျန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကြွက်တွေမှာ အဲဒီအသိဉာဏ်ရှိနေတယ်ဆိုတဲ့ အချက်ကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ လူသားတွေအချို့မှာတောင် မြင်ရ လေ့မရှိတဲ့ အချိန်အခါကို ကြည့်ပြီးပြုမှုလှုပ်ရှားတတ်တဲ့အပြုအမူဟာ ကြွက်တွေမှာ ရှိနေပါတယ်။
လေ့လာမှုတွေအရ ကြွက်တွေဟာ လူတွေကဲ့သို့ ပရိယာကြွယ်ဝခြင်း၊ စိုးရိမ်ပူပန်တက်ခြင်းနဲ့ အိမ်မက်တောင် မက်လေ့ရှိတယ်လို့ဆိုကြပါတယ်။ အိမ်မွေး ကြွက်တွေဆိုရင် သူတို့လိုက်နာရမဲ့ စည်းကမ်းတွေကို လိုက်နာတဲ့ အကျင့်ရှိပြီး သူတို့ရဲ့ အမည်ကိုပါ သိရှိနားလည်နိုင်စွမ်းရှိကြပါတယ်။ အစာကျွေးချိန်၊ ပိုင်ရှင်ဖြစ်သူက ချော့ မြူလိုတဲ့ ရည်ရွယ်ချက်နဲ့ လှောင့်ချိုင့်အပြင်ကို ခေါ်ထုတ်ချိန်တွေကိုပါ သိရှိနေတက် ကြပါတယ်။ အခုဆိုရင် ကြွက်တွေကို မိုင်းရှာဖွေရေးလိုလုပ်ငန်းတွေ နဲ့ ရောဂါသုတေသနလုပ်ငန်းတွေမှာ အသုံးချနေပြီဖြစ်ပါတယ်။
(၂) ကြက်တူရွေး
Psittacines လို့သိကြတဲ့ ကြက်တူရွေးတွေရဲ့ မူရင်းဒေသကတော့ အပူပိုင်းဒေသတွေနဲ့ အပူပိုင်းဒေသနဲ့ ကပ်လျက်တည်ရှိနေတဲ့ စပ်ကြားဒေသတွေ ဖြစ်ပါတယ်။ ကြက်တူရွေး တွေဟာ ဘာသာစကားမျိုးစုံနဲ့ ထပ်တလဲလဲ ပြောပြချက်တွေကို မှတ်သားထားပြီး ပြန် လည်ပြောဆို ကြလေ့ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကြက်တူရွေးတွေရဲ့ မှတ်ဉာဏ် ဘယ်လောက်ကောင်းတယ်ဆိုတာကို သိရှိနိုင်ပြီး နေရာ/ဒေသကို မှတ်မိနိုင်စွမ်းလည်း အလွန်ကြီးမားသူတွေဖြစ်ပါတယ်။ ကြက်တူရွေးတွေရဲ့ အစားအစာတွေကတော့ အစေ့မျိုးစုံ၊ အသီးမျိုးစုံ၊အဖူးအညွှန့်မျိုးစုံ၊အခွံမာသီး တွေပဲဖြစ်ပါတယ်။ ဒါအပြင် ရှုပ်ထွေးနေတဲ့ ပြသာနာမျိုးစုံကိုလည်း ဖြေရှင်းတက်ကြပါတယ်။
(၁) ချင်ပန်ဇီ
Chimps or apes(မျောက်ဝံ)တွေအဖြစ် လူသိများတဲ့ ချင်ပန်ဇီတွေရဲ့ မူရင်းဒေသက တော့ အာဖရိကတိုက်ဖြစ်ပါတယ်။ အချို့ပညာရှင်တွေဆိုရင် လူသားတွေဟာ ချင်ပန်ဇီ တွေကတစ်ဆင့် ဆင်းသက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဝမ်းနည်းခြင်း၊ပူဆွေး ခြင်း၊ပျော်ရွှင်ခြင်းကို မျှဝေခံစားခြင်းစတဲ့ လူသားတွေရဲ့အမူအရာတော်တော် များများဟာချင်ပန်ဇီတွေ ဆီမှာတွေ့မြင်နေရပါတယ်။
ချင်ပန်ဇီတွေဟာ တစ်ကောင်နဲ့ တစ်ကောင် အသံနဲ့ဆက်သွယ်တဲ့နည်းကို ပိုင်ဆိုင်ထားကြပြီး၊ အစာရှာထွက်ရာမှာ လည်း အထောက်အကူ ကိရိယာတွေကိုအသုံးပြုတက်ကြပါတယ်။ လေ့လာချက်တွေ အရဆိုရင်တော့ လူသားတွေအသုံးပြုနေတဲ့ ဘာသာစကားတွေကို ချင်ပန်ဇီတွေကို တက်မြောက်အောင် သင်ကြားပေးနိုင်တယ်လို့ ပညာရှင်တွေက အခိုင်အမာပြောဆို ကြတာကိုလည်းတွေ့ရပါတယ်။
သုတဇုန်
Discussion about this post