Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ချာလီချက်ပလင် ဆိုသည်မှာ

by Thutamm
July 25, 2019
Reading Time: 2min read
0
ချာလီချက်ပလင် ဆိုသည်မှာ
Share on FacebookShare on Twitter

ချာလီ ချက်ပလင်ဟု ကမ္ဘာကျော်သောလူရွှင်တော် ရုပ်ရှင်ဇာတ်လိုက်မှာ နာမည်ရင်းအားဖြင့် ချားစပင်ဆာချက်ပလင် ဖြစ်သည်။သာမန်လူရွှင်တော်ဘဝမှ တစ်ဆင့်ထက်တစ်ဆင့် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာနှင့် ရုပ်ရှင်ကား ထုတ်ဝေသူ အထိ တိုးတက်လာပြီးလျှင် ကြွယ်ဝချမ်းသာသော ရုပ်ရှင် ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာအောင် ကြိုးစားခဲ့သူ ဖြစ်ပေ သည်။

ချာလီ ချက်ပလင်ကို လန်ဒန်မြို့၌ ၁၈၈၉ ခု ဧပြီလ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖဖြစ်သူမှာ လူရွှင်တော် ချား ချက်ပလင်ဖြစ်၍၊ အမိမှာ အဆိုတော်လီလီဟာလီဟန္နာ ဖြစ်သည်။ ငယ်စဉ်ကပင် သူ၏ညီဖြစ်သူ ဆစ်ဒနီ ချက်ပလင်နှင့်အတူ သဘင်လောကသို့ ဝင်ရောက်လာခဲ့သည်။ ချာလီ ချက်ပလင် ပထမဆုံးပါဝင်အသုံးတော်ခံခဲ့သော ပြဇာတ်မှာ ‘ရှားလော့ဟုမ်း’ ပြဇာတ်ဖြစ်သည်။ ထိုပြဇာတ်တွင် မင်းလုလင်ဘစ်လီအဖြစ်ဖြင့် ကပြခဲ့ရ၏။

ထို့နောက် ဥရောပနှင့် အမေရိကသို့ လှည့်လည် ကာ နည်လှည့်ပြဇာတ်အဖွဲ့နှင့် လိုက်ပါကပြခဲ့ရသည်။ ဤသို့ လျှင် ၁၉၁ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်လာပြီး နောက်၊ ၁၉၁၃ ခုနှစ်တွင် ကာလီဖိုးနီးယားပြည်နယ်၊ လော့စိန်း ဂျလီးမြို့ ရုပ်ရှင်ကုမ္ပဏီများတွင် ရုပ်ရှင်ဇာတ်လိုက်အဖြစ်နှင့် အငှားလိုက်ခဲ့သည်။ ၁၉၁၈ ခုနှစ်၌မူ ညီဖြစ်သူ ဆစ်ဒနီနှင့် အတူ ကိုယ်ပိုင်စတူဒီယို တည်ထောင်ကာ ရုပ်ရှင်လုပ်ငန်းသို့ ဝင်ရောက်လာခဲ့သည်။

နှုတ်ခမ်းမွှေးတိုတို၊ ဗိုလာသက္ကလတ်မာဦးထုပ်၊ ဗောင်းဗီ ပွပွရှည်ရှည်၊ ဖိနပ်ဦးမော့နှင့် တုတ်ကောက်တို့မှာ အူအသည်း လန်အောင် ရယ်စရာကောင်းသော ချာလီချက်ပလင်၏ မူပိုင် ပစ္စည်းများ ဖြစ်လေရာ၊ ချာလီချက်ပလင် ပေါ်စခေတ်က ယခု တိုင် ရုပ်ရှင်ပရိသတ်သည် မမေ့နိုင် ဖြစ်ချေသည်။ လူရွှင်တော်အဖြစ်ဖြင့် ဇာတ်ထုပ်တိုများတွင် ခေတ်စားခဲ့ပြီး နောက် ၁၉၂ဝ တွင် ‘သကစ်’၊ ၁၉၂၅ တွင်’သဂိုးရပ်’၊ ၁၉၃၁ တွင် ‘စီးတီးလိုက်’ စသောဇာတ်ထုပ်ရှည်တို့မှာ ကမ္ဘာကျော် ဇာတ်ကားများ ဖြစ်သည်။

အသံထွက်ရုပ်ရှင်များ ခေတ်စားလာ၍၊ အသံထွက် ဇာတ် ထုပ်များ ရိုက်ကူးရသည့်ခေတ် ရောက်သည့်တိုင်အောင်၊ ချာလီ ချက်ပလင်သည် သူ၏ဇာတ်ကားတွင် စကားမပြောခဲ့ချေ။ သို့သော် ‘မော်ဒန်တိုင်း’ (၁၉၃၆) အမည်ရှိသောဇာတ်ကား၌ ချာလီချက်ပလင်သည် ရယ်စရာသီချင်းတစ်ပုဒ်ကို ဆိုခဲ့သည်။ ထိုဇာတ်ကားတွင် လက်ကားကုန်စည်ထုတ်လုပ်ရေးစံနစ်ကို သရော်ကာ၊ အလုပ်လက်မဲ့ပြဿနာသည် အလုပ်သမား လူတန်းစားကို မည်သို့ ထိခိုက်ကြောင်း ဖော်ပြထားသည်။

၁၉၄ဝ ပြည့်နှစ်တွင် ဟစ်တလာ၏ အာဏာရှင်စံနစ်ကို သရော်ထားသော ‘အာဏာရှင်ကြီး’ဇာတ်ကားသည် ချာလီချက် ပလင်၏ ပထမဆုံး အသံထွက်ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ၁၉၄၇ ခုနှစ်ထုတ် ‘မက်ဆယာ ဗာဒိုး’ဇာတ်ကားတွင်မူ ချာလီ ချက်ပလင်သည် သူဝတ်နေကျ ကိုးယိုးကားယား အဝတ်အစား နှင့် မဟုတ်တော့ဘဲ အရပ်သူအရပ်သား အဝတ်အစားရိုးရိုးကို သပ်သပ်ယပ်ယပ်ဝတ်ဆင်ကာ ပါဝင်အသုံးတော်ခံခဲ့သည်။

ချာလီချက်ပလင်ပါဝင်အသုံးခံခဲ့သည့် ရယ်ရွှင်ဖွယ် ဇာတ် ကားများသည် ပွဲကြည့်သူများအတွက် အူလှိုက် သဲလှိုက် ရယ် မောစရာ၊ ပျော်ရွှင်စရာသက်သက် ဖြစ်သော်လည်း၊ အချို့ပွဲ ကြည့်သူများအတွက်မူ လေးနက်သော အဓိပ္ပာယ်ဆောင်ခဲ့လေ သည်။ သူ၏ရုပ်ရှင်ကားများတွင် ရယ်ရသည့်ကြားထဲမှ မျက်ရည်လည်လောက်အောင် သနားစိတ်ပေါ်စေသည့် အကွက် ကလေးများ ပါရှိလေသည်။

သူ၏ဇာတ်ကားများကို လေးနက် စွာ သုံးသပ်သူတို့ကမူ ချာလီချက်ပလင်သည် လောကကြီး၌ ကံမွဲသူများ၊ စီးပွားရေးစံနစ်၏ ဖိနှိပ်ခြင်းဒဏ်ကို မခံနိုင်သူ များ၏ အဖြစ်သနစ်သရုပ်ကို ဖော်ပြသည်ဟု ယူဆကြပြီးလျှင် သူ၏ရယ်ရွှင်ဖွယ်ဇာတ်ကားထဲမှ ဘဝအမှန်ကို ဖော်ယူကြသည်။

ချာလီချက်ပလင်သည် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် လက်ဝဲဂိုဏ်းသားတို့အား အထောက်အပံ့ ပြုသည်ဟူ၍ စွပ်စွဲ ခြင်း ခံရပြီးလျှင် အမေရိကန်လွှတ်တော်က ဖွဲ့စည်းထားသည့် အမေရိကန်အကျိုး ဆန့်ကျင်မှုများ စုံစမ်းသောကော်မီတီက ချာလီချက်ပလင်အား ဥရောပတိုက်သို့ အလည်အပတ်သွား နေစဉ် အမေရိကန်ပြည်သို့ ပြန်လာ၍ အစစ်အဆေးခံရန် ဆင့်ခေါ်ရာ၊ ချာလီချက်ပလင်သည် တရားနည်းလမ်းမကျဟု ငြင်းဆန်၍ အမေရိကန်သို့ မပြန်ဘဲ နေလိုက်လေသည်။ ချာလီချက်ပလင်သည် အမေရိကန်ပြည်ထောင်စု သား အဖြစ်မှ စွန့်လွှတ်၍၊ ဥရောပတိုက် ဆွစ်ဇာလန်ပြည်တွင် နေထိုင်လျက်ရှိလေသည်။

သူ၏ ရုပ်ရှင်ကားများတွင် ရယ်ရသည့်ကြားထဲမှ မျက်ရည်လည်အောင် သနားစိတ်ပေါ်စေသည့် အကွက်များ ပါရှိသည်။ သူ၏ ဇာတ်ကားများကို လေးနက်စွာ သုံးသပ်သူ တို့ကမူ ချာလီချက်ပလင်သည် လောကကြီး၌ ကံမွဲသူများ၊ စီးပွားရေးစနစ်၏ ဖိနှိပ်ခြင်းဒဏ်ကို မခံနိုင်သူများ၏အဖြစ်ကို ဖော်ပြသည်ဟု ယူဆကြပြီး သူ၏ရယ်ရွှင်ဖွယ် ဇာတ်ကားထဲမှ ဘဝအမှန်ကို ဖော်ယူကြသည်။

ချာလီချက်ပလင်သည် ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ သူ၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ချက်ပလင်သည် မကွယ် လွန်မီ တစ်နှစ်ကျော်ခန့်ကပင် ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာနေထိုင်ခဲ့ရသည်။ ကွယ်လွန်ချိန်တွင် သူ၏အသက်မှာ ၈၈ နှစ်ရှိပြီးဖြစ်၏။

မှတ်မှတ်သားသား ချာလီချက်ပလင်ရဲ့ စကားများ

Via; Myanmar Wikipedia

 

Tags: world people
Next Post
အဆိပ်ပြင်းတဲ့ ပဒူကောင်အကြောင်း နဲ့ သတိထားသင့်တဲ့အချက်များ

အဆိပ်ပြင်းတဲ့ ပဒူကောင်အကြောင်း နဲ့ သတိထားသင့်တဲ့အချက်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!